သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ကြာသပတေးနေ့မှာ ဆက်လက် အကြမ်းဖက်ဖြိုခွင်း


ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ် ဗဟိုလမ်းက ထိုင်သပိတ်စခန်းတခုအား ကြာသပတေးနေ့မှာ တွေ့ရစဉ်။

(Zawgyi/Unicode)

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို ဒီကနေ့ ရန်ကုန်မြို့အပါအဝင် အနယ်နယ် အရပ်ရပ်မှာ ဆက်လက် ပြုလုပ်နေတာမှာ လက်နက်ကိုင်တပ်ဖွဲ့တွေကလည်း အကြမ်းဖက် ဖြိုခွင်းနေပါတယ်။

ဒီကနေ့မနက်စောစောပိုင်း ရရှိတဲ့သတင်းတွေအရ ရန်ကုန်၊ စမ်းချောင်းမြို့နယ်အပါအဝင် မြောက်ဒဂုံနဲ့ အလုံမြို့နယ်တွေမှာ ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ရှိနေပါတယ်။

တောင်ကြီးမြို့မှာတော့ အခုမနက်ပိုင်း ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းမှုတွေ ရှိနေကြောင်း သိရပေမယ့် အသေအပျောက်စာရင်းတော့ မသိရသေးပါဘူး။

မန္တလေးမှာတော့ မနက် ၉ နာရီမထိုးခင်ကတည်းက ဝေဟင်မှာ တိုက်လေယာဉ်တွေ ပျံသန်းတွေနေကြောင်း ဗွီအိုအေ မြန်မာပိုင်းသတင်းထောက်က အတည်ပြု ပြောဆိုပါတယ်။

.........

အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူတွေကို ကြာသပတေးနေ့မှာ ဆက်လက် အကြမ်းဖက်ဖြိုခွင်း

(Zawgyi)





၂၀၂၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲ ပြည်နယ်အသီးသီးအလိုက်ရလဒ်များ

XS
SM
MD
LG