သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Jammu နဲ႔ Kashmir မွာ ဖမ္းမိတဲ့ ႐ုိဟင္ဂ်ာ (၁၅၀)ေက်ာ္ ျမန္မာႏိုင္ငံဘက္ ျပန္ပို႔မည္


အိႏိၵယႏိုင္ငံတြင္းမွာ ဖမ္းမိသည့္ တရားမဝင္ ရုိဟင္ဂ်ာဒုကၡသည္မ်ား ( ပုံေဟာင္း - ၂၀၁၉ )

[ Zawgyi / Unicode ]

အိႏၵိယႏိုင္ငံေျမာက္ပိုင္း Jammu နဲ႔ Kashmir ေဒသမွာ ဖမ္းမိခဲ့တဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ (၁၅၀)ေက်ာ္ကို ျမန္မာႏိုင္ငံဘက္ ျပန္ပို႔ဖို႔ စီစဥ္ေနတယ္လို႔ တာဝန္ရွိသူေတြက တနဂၤေႏြေန႔မွ ေျပာပါတယ္။

ဒီ ဒုကၡသည္ေတြဟာ အဲဒီေဒသမွာ တရားမဝင္ ေနထိုင္သူေတြျဖစ္ၿပီး အိႏၵိယရဲေတြက ဖမ္းမိခဲ့တာပါ။ Jammu ေဒသမွာ တရားဝင္ စာရြက္စာတမ္းမရွိပဲ ေနထိုင္ေနတဲ့ ႏိုင္ငံျခားသားေတြကို လိုက္လံရွာေဖြရာက ဒီ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ဖမ္းမိခဲ့တာ ျဖစ္တယ္လို႔ အမည္မေဖၚလိုတဲ့ ေဒသဆိုင္ရာ အရာရွိ(၂)ဦးက ေျပာပါတယ္။ ဒုကၡသည္ေတြရဲ႕ ကိုယ္ေရးအခ်က္အလက္ေတြ စစ္ေဆး ရယူထားၿပီးေနာက္ ေလာေလာဆယ္ ယာယီအခ်ဳပ္ေထာင္မွာ ဖမ္းဆီးထားပါတယ္။

ဝန္ႀကီးခ်ဳပ္ မိုဒီ အစိုးရက Jammu နဲ႔ Kashmir ေဒသကို ၂၀၁၉ ၾသဂုတ္လမွာ အထူးလြတ္လပ္ခြင့္ရ ေဒသအျဖစ္ကေန ပယ္ဖ်က္ခဲ့ၿပီး ၊ အိႏၵိယ ဗဟုိအစိုးရကေန တိုက္ရိုက္ အုပ္ခ်ဳပ္ေနတာ ျဖစ္ပါတယ္။

႐ုိဟင္ဂ်ာေတြဟာ မူဆလင္ေတြျဖစ္ၿပီး ၊ တရားမဝင္ ႏိုင္ငံျခားသားေတြျဖစ္သလို ၊ ႏိုင္ငံ့လုံၿခဳံေရးအတြက္ အႏၱရာယ္ရွိတယ္ဆိုၿပီး ဟိႏၵဴအမ်ဳိးသားေရးဝါဒီ အိႏၵိယအစိုးရက ဖမ္းဆီး ျပန္ပို႔ဖို႔ အမိန္႔ထုတ္ထားပါတယ္။

၂၀၁၇ ခုႏွစ္ ရခုိင္ေျမာက္ပိုင္းကို ARSA အၾကမ္းဖက္အဖြဲ႔ေတ ြ ဝင္ေရာက္တုိက္ခုိက္ခဲ့ၿပီး ေနာက္ပိုင္း ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးျဖစ္စဥ္အတြင္း သိန္းနဲ႔ခ်ီတဲ့ ရိုဟင္ဂ်ာေတြ ဘဂၤလားေဒ့ရွ္ နယ္စပ္ဖက္ ထြက္သြားၾကတာပါ။ ျမန္မာအစိုးရကေရာ စစ္တပ္ကပါ ရုိဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံ ပယ္ခ်ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


[ Unicode ]

Jammu နဲ့ Kashmir မှာ ဖမ်းမိတဲ့ ရိုဟင်ဂျာ (၁၅၀)ကျော် မြန်မာနိုင်ငံဘက် ပြန်ပို့မည်

အိန္ဒိယနိုင်ငံမြောက်ပိုင်း Jammu နဲ့ Kashmir ဒေသမှာ ဖမ်းမိခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည် (၁၅၀)ကျော်ကို မြန်မာနိုင်ငံဘက် ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက တနင်္ဂနွေနေ့မှ ပြောပါတယ်။

ဒီ ဒုက္ခသည်တွေဟာ အဲဒီဒေသမှာ တရားမဝင် နေထိုင်သူတွေဖြစ်ပြီး အိန္ဒိယရဲတွေက ဖမ်းမိခဲ့တာပါ။ Jammu ဒေသမှာ တရားဝင် စာရွက်စာတမ်းမရှိပဲ နေထိုင်နေတဲ့ နိုင်ငံခြားသားတွေကို လိုက်လံရှာဖွေရာက ဒီရိုဟင်ဂျာ ဒုက္ခသည်တွေကို ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ ဒေသဆိုင်ရာ အရာရှိ(၂)ဦးက ပြောပါတယ်။ ဒုက္ခသည်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေ စစ်ဆေး ရယူထားပြီးနောက် လောလောဆယ် ယာယီအချုပ်ထောင်မှာ ဖမ်းဆီးထားပါတယ်။

ဝန်ကြီးချုပ် မိုဒီ အစိုးရက Jammu နဲ့ Kashmir ဒေသကို ၂၀၁၉ သြဂုတ်လမှာ အထူးလွတ်လပ်ခွင့်ရ ဒေသအဖြစ်ကနေ ပယ်ဖျက်ခဲ့ပြီး ၊ အိန္ဒိယ ဗဟိုအစိုးရကနေ တိုက်ရိုက် အုပ်ချုပ်နေတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေဟာ မူဆလင်တွေဖြစ်ပြီး ၊ တရားမဝင် နိုင်ငံခြားသားတွေဖြစ်သလို ၊ နိုင်ငံ့လုံခြုံရေးအတွက် အန္တရာယ်ရှိတယ်ဆိုပြီး ဟိန္ဒူအမျိုးသားရေးဝါဒီ အိန္ဒိယအစိုးရက ဖမ်းဆီး ပြန်ပို့ဖို့ အမိန့်ထုတ်ထားပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်မြောက်ပိုင်းကို ARSA အကြမ်းဖက်အဖွဲ့တေ ွ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နောက်ပိုင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖက် ထွက်သွားကြတာပါ။ မြန်မာအစိုးရကရော စစ်တပ်ကပါ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံ ပယ်ချထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG