သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာနယ္စပ္ စစ္ေရးလႈပ္ရွားမႈ ဘဂၤလားေဒ့ရွ္ကန္႔ကြက္သတိေပး


ျမန္မာ-ဘဂၤလားေဒ့ရွ္ ႏွစ္ႏိုင္ငံနယ္စပ္အၾကားရွိ "no man's land" ကိုကာရံထားသည့္ ၿခံစည္း႐ိုးနားတြင္ လုံၿခဳံေရးတာဝန္ယူထားသည့္ ျမန္မာ နယ္ျခားေစာင့္ တပ္ဖြဲ႕ဝင္မ်ား။ (ေတာင္ၿပိဳလက္ယာေက်း႐ြာအနီး၊ ေမာင္ေတာၿမိဳ႕) (ဇြန္ ၂၉၊ ၂၀၁၈)

[Zawgyi/Unicode]

ဒီရက္ပုိင္းအတြင္း ျမန္မာလုံၿခံဳေရးတပ္ဖဲြ႔ေတြ နယ္စပ္ေဒသမွာ လုံၿခံဳေရးအတြက္ တုိးျမွင့္လႈပ္ရွားလာေနတဲ့အတြက္ ဘဂၤလားေဒ့ရွ္ဘက္က ကန္႔ကြက္ေျပာဆုိထားတယ္ဆုိတဲ့ သတင္းနဲ႔ ပတ္သက္လုိ႔ တင္ျပေပးပါမယ္။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြမ္းအိန္က ရခိုင္ကေန သတင္းေပးပို႔ထားပါတယ္။

ျမန္မာစစ္တပ္က ၂ ႏုိင္ငံ နယ္စပ္မွာ အင္အားေတြ တုိးျမွင့္လႈပ္ရွားေနတယ္ဆုိၿပီး ဘဂၤလားေဒ့ရွ္အစုိးရ တာ၀န္ရွိသူေတြက ေျပာဆုိခဲ့တဲ့အေၾကာင္း ဘဂၤလားေဒ့ရွ္ အေျခစုိက္ သတင္းေတြက ေဖာ္ျပခဲ့ၾကတာပါ။ တပ္မေတာ္ေျပာခြင့္ရ ဗုိလ္ခ်ဳပ္ေဇာ္မင္းထြန္းကေတာ့ နယ္စပ္ေဒသမွာ လုံၿခံဳေရးအေျခအေနအရ တုိးျမွင့္လႈပ္ရွားေနတာ ျဖစ္ေၾကာင္းေျပာပါတယ္။

“က်ေနာ္တို႔ အေနနဲ႔ကေတာ့ ဘဂၤလားေဒ့ရွ္နယ္စပ္တေလွ်ာက္မွာေတာ့ ျမန္မာနယ္ျခားေစာင့္ရဲတပ္ဖြဲ႔တို႔ ျမန္မာလုံျခံဳေရးတပ္ဖြဲ႕၀င္ေတြတို႔ ဘဂၤလားေဒ့ရွ္နယ္ျခားေစာင့္တပ္ဖြဲ႕ေတြနဲ႔ က်ေနာ္တို႔ အျမဲတမ္း ပူးတြဲကင္းလွည့္တဲ့ဟာမ်ိဳးေတြ ရွိတယ္။ အခုရက္ပိုင္းအတြင္းမွာေတာ့ အဲဒီဘက္မွာ AA နဲ႔ ARSA ေတြရဲ႕ လႈပ္ရွားမႈေတြ သတင္းရရွိတာ ပိုမ်ားလာတယ္။ ပိုမ်ားလာတဲ့အတြက္ေၾကာင့္မို႔လို႔ က်ေနာ္တို႔ သာမန္ထက္ လုံျခံဳေရးေဆာင္ရြက္လွ်က္ရွိ တယ္။ ကင္းလွည့္တာေတြ ေဆာင္ရြက္လ်က္ ရွိတယ္။”

အထူးသျဖင့္ ေမာင္ေတာနယ္စပ္တေလွ်ာက္မွာ AA ရခိုင္လက္နက္ကိုင္အဖြဲ႕နဲ႔ ARSA ႐ုိဟင္ဂ်ာအစြန္းေရာက္ အဖြဲ႔တို႔ လႈပ္ရွားမႈေတြ မ်ားလာလို တပ္အင္အားနဲ႕ ပိုမိုလုံျခံဳေရးလွဳပ္ရွားမွဳမ်ားလာတယ္လို႕ဆိုပါတယ္။

၂ ႏုိင္ငံ နယ္စပ္မွာ ျမန္မာစစ္တပ္က အင္အားတုိးျမွင့္ လႈပ္ရွားေနတဲ့အတြက္ ဘဂၤလားေဒ့ရ္ွနိုင္ငံက ျမန္မာသံအမတ္ကို ဆင့္ေခၚၿပီး ကန္႔ကြက္ခဲ့ေၾကာင္းလည္း ဘဂၤလားေဒ့ရွ္အေျခစိုက္ The Daily Star သတင္းက ေဖၚျပခဲ့ပါတယ္။ ဒီသတင္းအေပၚ တပ္မေတာ္ ေျပာခြင့္ရ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက အခုလိုတုံ႔ျပန္ခဲ့ပါတယ္။

“သံအမတ္ၾကီးကို သူတို႔ေခၚေျပာတယ္ဆိုတာေတာ့ ဟုတ္တယ္လို႔ သိရတယ္။ သူတို႕ေျပာတာေတာ့ ဒီသူတို႔ နယ္စပ္ဘက္မွာေတာ့ တပ္လႈပ္ရွားမႈေတြ မ်ားလာတဲ့ဆိုတဲ့ဟာေပါ့။ ဆင့္ေခၚျပီးေျပာတဲ့ပုံစံမ်ိဳး မဟုတ္ဘူး။ အဲဒီအေၾကာင္းအရာနဲ႔ ပတ္သက္ျပီးမွ ေတြ႕ဆုံေျပာၾကားတဲ့အခါမွာ ေျပာၾကားျခင္းျဖစ္တယ္။”

ဘဂၤလားေဒ့ရွ္အေျခစိုက္ ကုလားတန္သတင္းဌာနကလည္း စက္တင္ဘာ ၁၁ ရက္ေန႕မွာ ျမန္မာစစ္တပ္အင္အား ၁,၀၀၀ ခန္႔ ေမာင္ေတာျမိဳ႕နယ္ ေျမာက္ပိုင္း အင္ဒင္းေက်းရြာဘက္ကို စက္ေလွေတြနဲ႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ေဒသခံစက္ေလွသမားေတြကုိ ကိုးကားျပီးေဖၚျပခဲ့ပါတယ္။

အင္ဒင္းေက်းရြာေဒသခံလည္းျဖစ္ လူထုအေျချပဳအဖြဲ႕အစည္းေခါင္းေဆာင္တဦးလည္း ျဖစ္တဲ့ ကိုထြန္းျမင့္ဦးကေတာ့ နယ္စပ္ဘက္မွာ တာ၀န္က်တပ္အင္အား အေျပာင္းအလဲ လုပ္တာလို႔ဆိုပါတယ္။

“က်ေနာ္တို႔ဘက္မွာ တပ္ရင္းႏွစ္ရင္း ခ်ိန္းလိုက္တာေပါ့ေနာ္။ ႏွစ္ရင္းအထြက္ ႏွစ္ရင္းအ၀င္ေပါ့။ အဲဒီအေပၚမွာမွ တပ္အင္အားတိုးခ်ဲ႕တယ္။ ဘာညာ အဲဒီလိုမ်ိဳး သုံးသပ္တာျဖစ္ပါလိမ့္မယ္။”

ေမာင္ေတာျမိဳ႕နယ္ ငါခူရနဲ႔ ဦးရွဥ့္က် ရြာအုပ္ခ်ဳပ္ေရးမွဴးေတြကေတာ့ ၄င္းတို႕နယ္ေျမဘက္မွာတပ္အင္အား တိုးခ်ဲ႕တာ မေတြ႔ရေၾကာင္းေျပာပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ရခိုင္ျပည္နယ္ေျမာက္ပုိင္းမွာ လုံၿခံဳေရးကင္းစခန္းေတြကုိ စီးနင္းတုိက္ခုိက္ခဲ့တဲ့ ARSA အဖဲြ႔ကုိ တပ္မေတာ္က လုိက္လံရွင္းလင္းရာက သိန္းနဲ႔ခ်ီတဲ့ ရိုဟင္ဂ်ာမူဆလင္ေတြ ဘဂၤလားနိုင္ငံဘက္ကို တိမ္းေရွာင္ခဲ့ရပါတယ္။ ႐ုိဟင္ဂ်ာဆုိတဲ့ အမည္ကုိ တရား၀င္ အသိအမွတ္မျပဳတဲ့ ျမန္မာအစုိးရကေတာ့ ထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြကုိ ျပန္လည္စိစစ္လက္ခံဖုိ႔ ကတိျပဳထားေပမဲ့ အခုအခ်ိန္အထိေတာ့ လက္ေတြ႔ အေကာင္အထည္ မေဖာ္ႏုိင္ေသးတဲ့အတြက္လည္း ႏုိင္ငံတကာက ေ၀ဖန္မႈေတြနဲ႔ ရင္ဆုိင္ေနရပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မြန်မာနယ်စပ် စစ်ရေးလှုပ်ရှားမှု ဘင်္ဂလားဒေ့ရှ်ကန့်ကွက်သတိပေး

ဒီရက်ပိုင်းအတွင်း မြန်မာလုံခြုံရေးတပ်ဖွဲ့တွေ နယ်စပ်ဒေသမှာ လုံခြုံရေးအတွက် တိုးမြှင့်လှုပ်ရှားလာနေတဲ့အတွက် ဘင်္ဂလားဒေ့ရှ်ဘက်က ကန့်ကွက်ပြောဆိုထားတယ်ဆိုတဲ့ သတင်းနဲ့ ပတ်သက်လို့ တင်ပြပေးပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွမ်းအိန်က ရခိုင်ကနေ သတင်းပေးပို့ထားပါတယ်။

မြန်မာစစ်တပ်က ၂ နိုင်ငံ နယ်စပ်မှာ အင်အားတွေ တိုးမြှင့်လှုပ်ရှားနေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေက ပြောဆိုခဲ့တဲ့အကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် သတင်းတွေက ဖော်ပြခဲ့ကြတာပါ။ တပ်မတော်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ နယ်စပ်ဒေသမှာ လုံခြုံရေးအခြေအနေအရ တိုးမြှင့်လှုပ်ရှားနေတာ ဖြစ်ကြောင်းပြောပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်မှာတော့ မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်တွေတို့ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့ ကျနော်တို့ အမြဲတမ်း ပူးတွဲကင်းလှည့်တဲ့ဟာမျိုးတွေ ရှိတယ်။ အခုရက်ပိုင်းအတွင်းမှာတော့ အဲဒီဘက်မှာ AA နဲ့ ARSA တွေရဲ့ လှုပ်ရှားမှုတွေ သတင်းရရှိတာ ပိုများလာတယ်။ ပိုများလာတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့ သာမန်ထက် လုံခြုံရေးဆောင်ရွက်လျှက်ရှိ တယ်။ ကင်းလှည့်တာတွေ ဆောင်ရွက်လျက် ရှိတယ်။”

အထူးသဖြင့် မောင်တောနယ်စပ်တလျှောက်မှာ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ ARSA ရိုဟင်ဂျာအစွန်းရောက် အဖွဲ့တို့ လှုပ်ရှားမှုတွေ များလာလို တပ်အင်အားနဲ့ ပိုမိုလုံခြုံရေးလှုပ်ရှားမှုများလာတယ်လို့ဆိုပါတယ်။

၂ နိုင်ငံ နယ်စပ်မှာ မြန်မာစစ်တပ်က အင်အားတိုးမြှင့် လှုပ်ရှားနေတဲ့အတွက် ဘင်္ဂလားဒေ့ရ်ှနိုင်ငံက မြန်မာသံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ကြောင်းလည်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် The Daily Star သတင်းက ဖေါ်ပြခဲ့ပါတယ်။ ဒီသတင်းအပေါ် တပ်မတော် ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလိုတုံ့ပြန်ခဲ့ပါတယ်။

“သံအမတ်ကြီးကို သူတို့ခေါ်ပြောတယ်ဆိုတာတော့ ဟုတ်တယ်လို့ သိရတယ်။ သူတို့ပြောတာတော့ ဒီသူတို့ နယ်စပ်ဘက်မှာတော့ တပ်လှုပ်ရှားမှုတွေ များလာတဲ့ဆိုတဲ့ဟာပေါ့။ ဆင့်ခေါ်ပြီးပြောတဲ့ပုံစံမျိုး မဟုတ်ဘူး။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်ပြီးမှ တွေ့ဆုံပြောကြားတဲ့အခါမှာ ပြောကြားခြင်းဖြစ်တယ်။”

ဘင်္ဂလားဒေ့ရှ်အခြေစိုက် ကုလားတန်သတင်းဌာနကလည်း စက်တင်ဘာ ၁၁ ရက်နေ့မှာ မြန်မာစစ်တပ်အင်အား ၁,၀၀၀ ခန့် မောင်တောမြို့နယ် မြောက်ပိုင်း အင်ဒင်းကျေးရွာဘက်ကို စက်လှေတွေနဲ့ ပို့ဆောင်ပေးခဲ့ကြောင်း ဒေသခံစက်လှေသမားတွေကို ကိုးကားပြီးဖေါ်ပြခဲ့ပါတယ်။

အင်ဒင်းကျေးရွာဒေသခံလည်းဖြစ် လူထုအခြေပြုအဖွဲ့အစည်းခေါင်းဆောင်တဦးလည်း ဖြစ်တဲ့ ကိုထွန်းမြင့်ဦးကတော့ နယ်စပ်ဘက်မှာ တာဝန်ကျတပ်အင်အား အပြောင်းအလဲ လုပ်တာလို့ဆိုပါတယ်။

“ကျနော်တို့ဘက်မှာ တပ်ရင်းနှစ်ရင်း ချိန်းလိုက်တာပေါ့နော်။ နှစ်ရင်းအထွက် နှစ်ရင်းအဝင်ပေါ့။ အဲဒီအပေါ်မှာမှ တပ်အင်အားတိုးချဲ့တယ်။ ဘာညာ အဲဒီလိုမျိုး သုံးသပ်တာဖြစ်ပါလိမ့်မယ်။”

မောင်တောမြို့နယ် ငါခူရနဲ့ ဦးရှဉ့်ကျ ရွာအုပ်ချုပ်ရေးမှူးတွေကတော့ ၎င်းတို့နယ်မြေဘက်မှာတပ်အင်အား တိုးချဲ့တာ မတွေ့ရကြောင်းပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးကင်းစခန်းတွေကို စီးနင်းတိုက်ခိုက်ခဲ့တဲ့ ARSA အဖွဲ့ကို တပ်မတော်က လိုက်လံရှင်းလင်းရာက သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာမူဆလင်တွေ ဘင်္ဂလားနိုင်ငံဘက်ကို တိမ်းရှောင်ခဲ့ရပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အမည်ကို တရားဝင် အသိအမှတ်မပြုတဲ့ မြန်မာအစိုးရကတော့ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လည်စိစစ်လက်ခံဖို့ ကတိပြုထားပေမဲ့ အခုအချိန်အထိတော့ လက်တွေ့ အကောင်အထည် မဖော်နိုင်သေးတဲ့အတွက်လည်း နိုင်ငံတကာက ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

XS
SM
MD
LG