သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အိႏၵိယႏုိင္ငံဘက္ တိမ္းေရွာင္သူ ျမန္မာ ၅၀ ခန္႔နဲ႔ ၀င္ခြင့္ရဖုိ႔ ေစာင့္ဆုိင္းသူေတြရွိ


အိႏၵိယ-ျမန္မာ နယ္စပ္ တေနရာ။

[ Zawgyi / Unicode ]


စစ္အာဏာသိမ္းမႈေၾကာင့္ မတည္မၿငိမ္ ျဖစ္ေနတဲ႔ ျမန္မာႏုိင္ငံကေန အိႏၵိယဘက္ကို ထြက္ေျပးလာသူ ၅၀ နီးပါး ရွိေနၿပီး အိႏၵိယႏုိင္ငံထဲ ၀င္ေရာက္ႏုိင္ေရး နယ္စပ္မွာ ေစာင့္ဆိုင္းေနသူေတြလည္း ရွိေနေၾကာင္း အိႏၵိယ အစိုးရ တာ၀န္ရွိသူေတြက စေနေန႔မွာ ေျပာပါတယ္။

ဒီသီတင္းပတ္အတြင္း အိႏၵိယကို ထြက္ေျပးခဲ႔တဲ႔ ျမန္မာ ရဲတပ္ဖြဲ႔၀င္ ၈ ဦးကို ျပန္လႊဲေပးဖို႔ ျမန္မာအာဏာပိုင္ေတြက အိႏၵိယကို ေတာင္းဆိုထားပါတယ္။ အိႏၵိယရဲ႕ အေရွ႕ေျမာက္ပိုင္း မီဇိုရမ္ ျပည္နယ္တြင္းကို ၀င္ေရာက္လာတဲ႔ ျမန္မာ ၄၈ ဦးထဲမွာ ရဲတပ္ဖြဲ႔၀င္ ၈ ဦးပါ၀င္ေၾကာင္း အိႏၵိယအရန္တပ္ဖြဲ႔ရဲ႕ အႀကီးတန္းတာ၀န္ရွိသူ တဦးက AFP ကုိ ေျပာပါတယ္။

အိႏၵိယႏုိင္ငံကို ၀င္ေရာက္ဖို႔ နယ္စပ္မွာ ေစာင့္ဆိုင္းေနတဲ႔ ျမန္မာဘက္က လူ အနည္းဆံုး ၈၅ ဦး ရွိတယ္လို႔လည္း အမည္မေဖာ္တဲ႔ တာ၀န္ရွိသူက ေျပာပါတယ္။



ျမန္မာႏုိင္ငံမွာ ေဖေဖာ္၀ါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း ဆန္႔က်င္ ဆႏၵျပပြဲေတြမွာ လံုၿခံဳေရး တပ္ဖြဲ႔ေတြဘက္က ပိုၿပီး ၿဖိဳခြင္း ႏွိမ္နင္းမႈေတြ အတြင္း ေသဆံုးရသူ ၅၀ ေက်ာ္ ရွိေနပါတယ္။ အိႏၵိယဘက္ကို ထြက္ေျပးတဲ႔ ျမန္မာ ရဲတပ္ဖြဲ႔၀င္ ၈ ဦးကို ျပန္လႊဲေပးဖို႔ ျမန္မာဘက္က အိႏၵိယ မီဇိုရမ္ အာဏာပိုင္ေတြထံ စာေပးပို႔ ေတာင္းဆိုထားေၾကာင္း AFP သတင္းက ေရးပါတယ္။ နယ္စပ္ ျဖတ္ေက်ာ္ ၀င္ေရာက္လာသူေတြရဲ႕ အခ်က္အလက္ေတြ၊ ေနာက္ ျမန္မာဘက္က ေပးပို႔လာတဲ႔ စာတို႔ကို ဆန္စစ္ သံုးသပ္ေနေၾကာင္း အိႏၵိယ အစိုးရ တာ၀န္ရွိသူေတြဘက္က ေျပာဆိုထားပါတယ္။

= = = = = = =

[ Unicode ]

အိန္ဒိယနိုင်ငံဘက် တိမ်းရှောင်သူ မြန်မာ ၅၀ ခန့်နဲ့ ဝင်ခွင့်ရဖို့ စောင့်ဆိုင်းသူတွေရှိ

စစ်အာဏာသိမ်းမှုကြောင့် မတည်မငြိမ် ဖြစ်နေတဲ့ မြန်မာနိုင်ငံကနေ အိန္ဒိယဘက်ကို ထွက်ပြေးလာသူ ၅၀ နီးပါး ရှိနေပြီး အိန္ဒိယနိုင်ငံထဲ ဝင်ရောက်နိုင်ရေး နယ်စပ်မှာ စောင့်ဆိုင်းနေသူတွေလည်း ရှိနေကြောင်း အိန္ဒိယ အစိုးရ တာဝန်ရှိသူတွေက စနေနေ့မှာ ပြောပါတယ်။

ဒီသီတင်းပတ်အတွင်း အိန္ဒိယကို ထွက်ပြေးခဲ့တဲ့ မြန်မာ ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ပြန်လွှဲပေးဖို့ မြန်မာအာဏာပိုင်တွေက အိန္ဒိယကို တောင်းဆိုထားပါတယ်။ အိန္ဒိယရဲ့ အရှေ့မြောက်ပိုင်း မီဇိုရမ် ပြည်နယ်တွင်းကို ဝင်ရောက်လာတဲ့ မြန်မာ ၄၈ ဦးထဲမှာ ရဲတပ်ဖွဲ့ဝင် ၈ ဦးပါဝင်ကြောင်း အိန္ဒိယအရန်တပ်ဖွဲ့ရဲ့ အကြီးတန်းတာဝန်ရှိသူ တဦးက AFP ကို ပြောပါတယ်။

အိန္ဒိယနိုင်ငံကို ဝင်ရောက်ဖို့ နယ်စပ်မှာ စောင့်ဆိုင်းနေတဲ့ မြန်မာဘက်က လူ အနည်းဆုံး ၈၅ ဦး ရှိတယ်လို့လည်း အမည်မဖော်တဲ့ တာဝန်ရှိသူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း ဆန့်ကျင် ဆန္ဒပြပွဲတွေမှာ လုံခြုံရေး တပ်ဖွဲ့တွေဘက်က ပိုပြီး ဖြိုခွင်း နှိမ်နင်းမှုတွေ အတွင်း သေဆုံးရသူ ၅၀ ကျော် ရှိနေပါတယ်။ အိန္ဒိယဘက်ကို ထွက်ပြေးတဲ့ မြန်မာ ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ပြန်လွှဲပေးဖို့ မြန်မာဘက်က အိန္ဒိယ မီဇိုရမ် အာဏာပိုင်တွေထံ စာပေးပို့ တောင်းဆိုထားကြောင်း AFP သတင်းက ရေးပါတယ်။ နယ်စပ် ဖြတ်ကျော် ဝင်ရောက်လာသူတွေရဲ့ အချက်အလက်တွေ၊ နောက် မြန်မာဘက်က ပေးပို့လာတဲ့ စာတို့ကို ဆန်စစ် သုံးသပ်နေကြောင်း အိန္ဒိယ အစိုးရ တာဝန်ရှိသူတွေဘက်က ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG