[Zawgyi/Unicode]
မန္းဝင္းခုိင္သန္းကို ေခတၱ ဒုတိယသမၼတအျဖစ္ ခန္႔အပ္လုိက္္တဲ့အေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ (CRPH) က ဒီကေန႔ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ပါတယ္။
မန္းဝင္းခိုင္သန္းဟာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းခ်ိန္အထိ အမ်ဳိးသားလႊတ္ေတာ္ဥကၠ႒အျဖစ္ ရွိခဲ့သူပါ။
"ျပည္သူ႔အစိုးရကို စစ္အုပ္စုက အဓမၼနည္းနဲ႔ ဖယ္ရွားၿပီး အာဏာသိမ္းယူထားတဲ့အတြက္" ႏုိင္ငံေတာ္ကို ကိုယ္စားျပဳဖို႔၊ ႏုိင္ငံေတာ္အစိုးရရဲ႕ လုပ္ငန္းတာဝန္ေတြကို ထမ္းေဆာင္ဖို႔ အခုလို ခန္႔အပ္တာဝန္ေပးလိုက္တဲ့အေၾကာင္း CRPH ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ အာဏာသိမ္းယူထားတဲ့အတြက္ ႏုိင္ငံေတာ္သမၼတဟာ တာဝန္ဝတၱရားေတြကို ထမ္းေဆာင္ႏုိင္တဲ့ အေျခအေနမရွိတဲ့ကာလမွာ သမၼတတာဝန္ေတြကိုပါ ထမ္းေဆာင္ဖို႔ ေခတၱဒုတိယသမၼတကို တာဝန္အပ္ႏွင္းလိုက္တယ္လို႔လည္း CRPH ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။
မတ္လ ၂ ရက္ေန႔မွာ ေခတၱ ျပည္ေထာင္စုဝန္ႀကီး ၄ ဦးကို CRPH က ခန္႔အပ္ တာဝန္ေပးၿပီးတဲ့ေနာက္ ဒီကေန႔မွာ ေခတၱဒုတိယသမၼတအျဖစ္ မန္းဝင္းခိုင္သန္းကို ခန္႔အပ္တာဝန္ေပးတာပါ။
ႏိုင္ငံျခားေရးဝန္ႀကီးဌာနအတြက္ ေဒၚဇင္မာေအာင္၊ သမၼတ႐ံုးဝန္ႀကီးဌာနနဲ႔ ျပည္ေထာင္စုအစိုးရအဖြဲ႔႐ံုး ဝန္ႀကီးဌာနတို႔အတြက္ ဦးလြင္ကိုလတ္၊ စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာန၊ ရင္းႏွီးျမွဳပ္ႏွံမႈနဲ႔ ႏုိင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန၊ စီးပြားေရးနဲ႔ ကူးသန္းေရာင္းဝယ္ေရးဝန္ႀကီးဌာနတို႔အတြက္ ဦးတင္ထြန္းႏုိင္၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ ပညာေရးဝန္ႀကီးဌာန၊ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနတို႔အတြက္ ေဒါက္တာေဇာ္ေဝစိုးတို႔ကို ခန္႔အပ္တာဝန္ေပးထားပါတယ္။
[Unicode Version]
မန်းဝင်းခိုင်သန်း ခေတ္တဒုသမ္မတအဖြစ် CRPH ခန့်အပ်
မန်းဝင်းခိုင်သန်းကို ခေတ္တ ဒုတိယသမ္မတအဖြစ် ခန့်အပ်လိုက်တဲ့အကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ဒီကနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပါတယ်။
မန်းဝင်းခိုင်သန်းဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းချိန်အထိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌအဖြစ် ရှိခဲ့သူပါ။
"ပြည်သူ့အစိုးရကို စစ်အုပ်စုက အဓမ္မနည်းနဲ့ ဖယ်ရှားပြီး အာဏာသိမ်းယူထားတဲ့အတွက်" နိုင်ငံတော်ကို ကိုယ်စားပြုဖို့၊ နိုင်ငံတော်အစိုးရရဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ဖို့ အခုလို ခန့်အပ်တာဝန်ပေးလိုက်တဲ့အကြောင်း CRPH ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အာဏာသိမ်းယူထားတဲ့အတွက် နိုင်ငံတော်သမ္မတဟာ တာဝန်ဝတ္တရားတွေကို ထမ်းဆောင်နိုင်တဲ့ အခြေအနေမရှိတဲ့ကာလမှာ သမ္မတတာဝန်တွေကိုပါ ထမ်းဆောင်ဖို့ ခေတ္တဒုတိယသမ္မတကို တာဝန်အပ်နှင်းလိုက်တယ်လို့လည်း CRPH ကြေညာချက်မှာ ဖော်ပြထားပါတယ်။
မတ်လ ၂ ရက်နေ့မှာ ခေတ္တ ပြည်ထောင်စုဝန်ကြီး ၄ ဦးကို CRPH က ခန့်အပ် တာဝန်ပေးပြီးတဲ့နောက် ဒီကနေ့မှာ ခေတ္တဒုတိယသမ္မတအဖြစ် မန်းဝင်းခိုင်သန်းကို ခန့်အပ်တာဝန်ပေးတာပါ။
နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် ဒေါ်ဇင်မာအောင်၊ သမ္မတရုံးဝန်ကြီးဌာနနဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနတို့အတွက် ဦးလွင်ကိုလတ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတို့အတွက် ဦးတင်ထွန်းနိုင်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့အတွက် ဒေါက်တာဇော်ဝေစိုးတို့ကို ခန့်အပ်တာဝန်ပေးထားပါတယ်။