[Zawgyi/Unicode]
ျမန္မာႏုိင္ငံမွာ အာဏာသိမ္းယူထားတဲ့ စစ္ဘက္အုပ္ခ်ဳပ္ေရးေကာင္စီအေနနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြအားလံုးကုိ ခ်က္ျခင္းရပ္ဖို႔၊ ဆႏၵျပပြဲေတြကို ကိုင္တြယ္ရာမွာ ေနာက္ထပ္ ေသြးထြက္သံယိုျဖစ္မႈေတြကို ေရွာင္ရွားၿပီး ႏုိင္ငံတကာဥပေဒကို ေလးစားလုိက္နာၿပီးေတာ့ အစြမ္းကုန္ ထိန္းသိမ္းလုပ္ေဆာင္ဖို႔ ဥေရာပသမဂၢ (EU) ရဲ႕ လံုျခံဳေရးနဲ႔ကာကြယ္ေရးဆိုင္ရာ ထိပ္တန္းတာဝန္ရွိသူတစ္ဦးက ဒီကေန႔ တိုက္တြန္းလိုက္ပါတယ္။
EU စစ္ဘက္ဦးစီးဌာန (EUMS) ရဲ႕ ၫႊန္ၾကားေရးမွဴးခ်ဳပ္၊ ဒုတိယ ေရတပ္ဗိုလ္ခ်ဳပ္ႀကီး Hervé Bléjean က စစ္ဘက္ အုပ္ခ်ဳပ္ေရးေကာင္စီ ဒုတိယအႀကီးအကဲ၊ ဒုတိယဗုိလ္ခ်ဳပ္မွဴးႀကီးစိုးဝင္းကို တယ္လီဖုန္းကတဆင့္ ဆက္သြယ္ၿပီး လက္ရွိ ျမန္မာႏုိင္ငံအေျခအေနနဲ႔ပတ္သက္လို႔ ေဆြးေႏြးေျပာဆိုခ်ိန္အတြင္း အဲဒီလို တိုက္တြန္းခဲ့တာပါ။
ျမန္မာႏုိင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးခ်ိန္ကတည္းကဆိုရင္ ဒါဟာ ပထမဆံုး ဆက္သြယ္ ေျပာဆိုမႈျဖစ္တယ္လို႔ EEAS လို႔ေခၚတဲ့ ဥေရာပ ျပည္ပေရးရာ လႈပ္ရွားေဆာင္ရြက္မႈဌာနရဲ႕ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။ ဒါ့အျပင္ ဘယ္ႏုိင္ငံက စစ္တပ္မဆိုရဲ႕ အခန္းက႑ဟာ လူထုကို အကာအကြယ္ေပးဖို႔ျဖစ္တယ္ ဆိုတာကိုလည္း ဒုဗိုလ္ခ်ဳပ္ႀကီး Bléjean အထူးအေလးထား ေျပာဆိုခဲ့ပါတယ္။ ျမန္မာ့အာဏာသိမ္းမႈကို EU က အျပင္းထန္ဆံုးေျပာဆိုၿပီး ျပစ္တင္ ႐ႈတ္ခ်ထားတာပါ။
EUMS ဟာ EEAS ရဲ႕ဖြဲ႔စည္းပံုအတြင္းမွာပါရွိၿပီး စစ္ဘက္ေရးရာ ကၽြမ္းက်င္သူေတြနဲ႔ ဖြဲ႔စည္းထားတာပါ။ EUMS ရဲ႕ အခန္းက႑က တင္ႀကိုသတိေပးခ်က္ ထုတ္ျပန္တာ၊ အေျခအေနကို ဆန္းစစ္သံုးသပ္တာ၊ မဟာဗ်ဴဟာစီမံကိန္းေရးဆြဲတာ၊ ဆက္သြယ္ေရးနဲ႔ သတင္းနည္းပညာစနစ္ပိုင္း၊ အျမင္သေဘာထား ျပဳစုတာ၊ ေလ့က်င့္ေရးနဲ႔ ပညာေပးေရး၊ မိတ္ဘက္ပူးေပါင္းေဆာင္ရြက္မႈ အေထာက္အကူျပဳတာတို႔ျဖစ္တယ္လို႔ EEAS ရဲ႕ အင္တာနက္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။
ျမန္မာႏုိင္ငံမွာ တရားဝင္ ေရြးေကာက္တင္ေျမွာက္ခံထားရတဲ့ အရပ္ဘက္အုပ္ခ်ဳပ္ေရးနဲ႔အတူ တည္ၿငိမ္မႈနဲ႔ ဒီမုိကေရစီကို ျပန္လည္ထူေထာင္ဖို႔ အေရးႀကီးတယ္ဆုိတာကိုလည္း ဒုဗိုလ္ခ်ဳပ္ႀကီး Bléjean က အခိုင္အမာေျပာပါတယ္။
ဒီထဲမွာ နဂိုကတည္းက အၾကပ္အတည္းဆိုက္ၿပီးသား ျမန္မာ့လူမႈစီးပြားအေျခအေန ေနာက္ထပ္ ယိုယြင္းပ်က္စီးမွာကို ေရွာင္ရွားဖို႔လည္း ပါဝင္ပါတယ္။
ဒီအတြက္ သက္ဆိုင္သူအားလံုးနဲ႔အတူ ႏုိင္ငံေရးအရ ေဆြးေႏြးဖို႔ဆိုတဲ့အျမင္ကုိ ေရွး႐ႈၿပီး ဒီမိုကေရစီနည္းက် ေရြးေကာက္တင္ေျမွာက္ခံထားရတဲ့ ေခါင္းေဆာင္ေတြျဖစ္ၾကတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ဦးဝင္းျမင့္အပါအဝင္ ႏုိင္ငံေရးအရ တျခားထိန္းသိမ္းထားသူအားလံုးကို ျပန္လႊတ္ေပးဖို႔ ဒုဗုိလ္ခ်ဳပ္ႀကီး Bléjean က ျမန္မာစစ္အာဏာပိုင္ေတြကို တိုက္တြန္းပါတယ္။
ကုလသမဂၢအထူးကိုယ္စားလွယ္ Schraner Burgener ကို ျဖစ္ႏိုင္သမ ွ်အေစာဆံုး ျမန္မာႏုိင္ငံလာခြင့္ျပဳၿပီး သက္ဆိုင္သူအားလံုးနဲ႔ ညွိႏိႈင္းခြင့္ေပးၿပီးေတာ့ ေဆြးေႏြးပြဲျဖစ္ေျမာက္ေရး ၾကားဝင္လုပ္ေဆာင္ခြင့္ေပးဖို႔ အထူးသျဖင့္ အေရးႀကီးတယ္ဆိုတာ ဒုဗုိလ္ခ်ဳပ္ႀကီး Bléjean က အေလးထားေျပာဆိုခဲ့ပါတယ္။
[Unicode Version]
အကြမ်းဖက်မှုတွေ ရပ်ဖို့ EU စစ်ဘက်အကြီးအကဲ မြန်မာဒုကာချုပ်ကို ဖုန်းနဲ့ ပြောဆို
မြန်မာနိုင်ငံမှာ အာဏာသိမ်းယူထားတဲ့ စစ်ဘက်အုပ်ချုပ်ရေးကောင်စီအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေအားလုံးကို ချက်ခြင်းရပ်ဖို့၊ ဆန္ဒပြပွဲတွေကို ကိုင်တွယ်ရာမှာ နောက်ထပ် သွေးထွက်သံယိုဖြစ်မှုတွေကို ရှောင်ရှားပြီး နိုင်ငံတကာဥပဒေကို လေးစားလိုက်နာပြီးတော့ အစွမ်းကုန် ထိန်းသိမ်းလုပ်ဆောင်ဖို့ ဥရောပသမဂ္ဂ (EU) ရဲ့ လုံခြုံရေးနဲ့ကာကွယ်ရေးဆိုင်ရာ ထိပ်တန်းတာဝန်ရှိသူတစ်ဦးက ဒီကနေ့ တိုက်တွန်းလိုက်ပါတယ်။
EU စစ်ဘက်ဦးစီးဌာန (EUMS) ရဲ့ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယ ရေတပ်ဗိုလ်ချုပ်ကြီး Hervé Bléjean က စစ်ဘက် အုပ်ချုပ်ရေးကောင်စီ ဒုတိယအကြီးအကဲ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကို တယ်လီဖုန်းကတဆင့် ဆက်သွယ်ပြီး လက်ရှိ မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးပြောဆိုချိန်အတွင်း အဲဒီလို တိုက်တွန်းခဲ့တာပါ။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးချိန်ကတည်းကဆိုရင် ဒါဟာ ပထမဆုံး ဆက်သွယ် ပြောဆိုမှုဖြစ်တယ်လို့ EEAS လို့ခေါ်တဲ့ ဥရောပ ပြည်ပရေးရာ လှုပ်ရှားဆောင်ရွက်မှုဌာနရဲ့ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဘယ်နိုင်ငံက စစ်တပ်မဆိုရဲ့ အခန်းကဏ္ဍဟာ လူထုကို အကာအကွယ်ပေးဖို့ဖြစ်တယ် ဆိုတာကိုလည်း ဒုဗိုလ်ချုပ်ကြီး Bléjean အထူးအလေးထား ပြောဆိုခဲ့ပါတယ်။ မြန်မာ့အာဏာသိမ်းမှုကို EU က အပြင်းထန်ဆုံးပြောဆိုပြီး ပြစ်တင် ရှုတ်ချထားတာပါ။
EUMS ဟာ EEAS ရဲ့ဖွဲ့စည်းပုံအတွင်းမှာပါရှိပြီး စစ်ဘက်ရေးရာ ကျွမ်းကျင်သူတွေနဲ့ ဖွဲ့စည်းထားတာပါ။ EUMS ရဲ့ အခန်းကဏ္ဍက တင်ကြိုသတိပေးချက် ထုတ်ပြန်တာ၊ အခြေအနေကို ဆန်းစစ်သုံးသပ်တာ၊ မဟာဗျူဟာစီမံကိန်းရေးဆွဲတာ၊ ဆက်သွယ်ရေးနဲ့ သတင်းနည်းပညာစနစ်ပိုင်း၊ အမြင်သဘောထား ပြုစုတာ၊ လေ့ကျင့်ရေးနဲ့ ပညာပေးရေး၊ မိတ်ဘက်ပူးပေါင်းဆောင်ရွက်မှု အထောက်အကူပြုတာတို့ဖြစ်တယ်လို့ EEAS ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ တရားဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ အရပ်ဘက်အုပ်ချုပ်ရေးနဲ့အတူ တည်ငြိမ်မှုနဲ့ ဒီမိုကရေစီကို ပြန်လည်ထူထောင်ဖို့ အရေးကြီးတယ်ဆိုတာကိုလည်း ဒုဗိုလ်ချုပ်ကြီး Bléjean က အခိုင်အမာပြောပါတယ်။
ဒီထဲမှာ နဂိုကတည်းက အကြပ်အတည်းဆိုက်ပြီးသား မြန်မာ့လူမှုစီးပွားအခြေအနေ နောက်ထပ် ယိုယွင်းပျက်စီးမှာကို ရှောင်ရှားဖို့လည်း ပါဝင်ပါတယ်။
ဒီအတွက် သက်ဆိုင်သူအားလုံးနဲ့အတူ နိုင်ငံရေးအရ ဆွေးနွေးဖို့ဆိုတဲ့အမြင်ကို ရှေးရှုပြီး ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံထားရတဲ့ ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအရ တခြားထိန်းသိမ်းထားသူအားလုံးကို ပြန်လွှတ်ပေးဖို့ ဒုဗိုလ်ချုပ်ကြီး Bléjean က မြန်မာစစ်အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။
ကုလသမဂ္ဂအထူးကိုယ်စားလှယ် Schraner Burgener ကို ဖြစ်နိုင်သမ ျှအစောဆုံး မြန်မာနိုင်ငံလာခွင့်ပြုပြီး သက်ဆိုင်သူအားလုံးနဲ့ ညှိနှိုင်းခွင့်ပေးပြီးတော့ ဆွေးနွေးပွဲဖြစ်မြောက်ရေး ကြားဝင်လုပ်ဆောင်ခွင့်ပေးဖို့ အထူးသဖြင့် အရေးကြီးတယ်ဆိုတာ ဒုဗိုလ်ချုပ်ကြီး Bléjean က အလေးထားပြောဆိုခဲ့ပါတယ်။