သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦး၀င္းျမင္႔ကို လႊတ္ေပးဖို႔ လန္ဒန္ျမန္မာသံအမတ္ႀကီး ေမတၱာရပ္ခံ


ၿဗိတိန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္စြာမင္း

(Zawgyi/Unicode)

ျပည္သူလူထုေရြးေကာက္တင္ေျမွာက္ထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္ အစိုးရကပဲ သူ႔ကို ခန္႔အပ္ထားတဲ့အတြက္ ေဒၚေအာင္ဆန္းစုၾကည္ ရဲ႕ညြန္ၾကားခ်က္အတိုင္းပဲ အလုပ္လုပ္မွာျဖစ္သလို၊ ဖမ္းဆီးခံထားရတဲ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦး၀င္းျမင့္တို႔ကို လႊတ္ေပးဖို႔ ၿဗိတိန္ႏိုင္ငံဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္စြာမင္းက တနလၤာေန႔က ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ဒီေၾကညာခ်က္နဲ႔ ပတ္သက္လို႔ ၿဗိတိန္ႏိုင္ငံ ျမန္မာအသိုင္းအ၀ိုင္းက CDM လႈပ္ရွားမႈကို တက္တက္ၾကြၾကြအကူအညီေပးေနသူလည္းျဖစ္၊ သံရံုးနဲ႔ ညွဳိႏႈိင္းေဆာင္ရြက္ေနသူလည္းျဖစ္တဲ့ ျမန္မာဆရာ၀န္ ေဒါက္တာသက္ကိုကို ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းႏိုင္။ ။ လန္ဒန္က ျမန္မာသံအမတ္ႀကီး ဦးေက်ာ္စြာမင္းကေနၿပီးေတာ့ NLD အစိုးရသာ သူ႔အစိုးရျဖစ္ေၾကာင္းဆိုတဲ့ ထုတ္ျပန္ေၾကညာခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ NLD ကို သူက သစၥာခံမယ့္သေဘာလား ဘယ္လိုနားလည္ထားလဲရွင့္။

ေဒါက္တာ သက္ကိုကို။ ။ ဘယ္လိုနားလည္ထားလဲဆိုေတာ့ ဦးေက်ာ္စြာမင္းက ျပည္သူလူထု ေရြးေကာက္တင္ေျမာက္ထားတဲ့ ေဒၚေအာင္ဆန္းစုၾကည္အစိုးရက သူ႔ကို ခန္႔ထားတာပါတဲ့ ။ ေဒၚေအာင္ဆန္းစုၾကည္အစိုးရက လက္ေအာက္မွာပဲ အလုပ္လုပ္ပါတယ္ဆိုတဲ့ ေၾကညာခ်က္ကို ဒီေန႔ထုတ္ပါတယ္။ ၿပီးေတာ့ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦး၀င္းျမင္႔ကိုလည္း အျမန္ဆံုး လႊတ္ေပးဖို႔ သတင္းထုတ္တဲ့အထဲမွာ ပါပါတယ္။

မအင္ၾကင္းႏိုင္။ ။ အဲဒီေတာ့ သံအမတ္ႀကီးကိုယ္တိုင္ေပါ့ေနာ္ သူတို႔ လန္ဒန္က ျမန္မာသံရံုး website မွာ တင္လိုက္တဲ့ေၾကညာခ်က္နဲ႔ ပတ္သက္လို႔ CDM အမိန္႔မနာခံေရး အၾကမ္းမဖက္လႈပ္ရွားမႈေပါ့ေနာ္ ၊ စစ္အာဏာသိမ္း ဆန္႔က်င္တဲ့ လႈပ္ရွားမႈထဲမွာ ပါ၀င္လာတယ္လို႔ ေျပာလို႔ရသလား။

ေဒါက္တာ သက္ကိုကို။ ။ အဲဒါကေတာ့ indirectly လို႔ ေျပာလို႔ရမယ္။ ဒါေပမယ့္ သံအမတ္ၾကီးကိုယ္တိုင္က အဲဒီကိစၥကို ဘာမွ announce မလုပ္ပါဘူးခင္ဗ်။ မနက္ျဖန္က်ရင္ေတာ့ သူ သတင္းထုတ္ျပန္ခ်က္ေတြ လုပ္ပါလိမ့္မယ္လို ႔ က်ေနာ္ထင္ပါတယ္။ အဲဒီက်ရင္ေတာ့ အေသးစိတ္ ပိုသိရမွာေပါ့ေနာ္။

မအင္ၾကင္းႏိုင္။ ။ အဲဒီေတာ့ ျမန္မာသံရံုးအေနနဲ႔ တကယ္လို႔ လက္ရွိ အခု ျမန္မာႏိုင္ငံထဲမွာက်ေတာ့ စစ္တပ္က ဖြဲ႔စည္းထားတဲ့အုပ္ခ်ဳပ္ေရးေကာင္စီက ရွိေနတယ္ တဖက္မွာလည္း NLD အစိုးရကိုလည္း သူတို႔အစိုးရအျဖစ္ ခံယူထားတဲ့အခါက်ေတာ့ သံရံုးလုပ္ငန္းစဥ္ေတြက်ေတာ့ ဘယ္လို ဆက္လုပ္ႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားသလဲရွင့္။

ေဒါက္တာ သက္ကိုကို။ ။ က်ေနာ္အဲဒါေတာ့ အတိအက် မသိရပါဘူးခင္ဗ်။ က်ေနာ့္အေနနဲ႔ ယူဆၾကည့္တာပါ အခုမွ လုပ္တာေတာ့ မျဖစ္ေလာက္ဘူး ဘာျဖစ္လို႔လဲဆိုေတာ့ သူသည္ ၿဗိတိသွ် ႏိုင္ငံျခားေရး၀န္ႀကီးနဲ႔ေရာ ၊ အာရွေရးရာလက္ေထာက္ ႏိုင္ငံျခားေရး၀န္ႀကီးနဲ႔ေရာ သူ ေသခ်ာေတြ႔ထားတယ္ဆိုေတာ့ ဒါေတြအကုန္လံုးက သူတို႔ေတြအကုန္လံုး ႀကိဳတင္ၿပီးေတာ့ စီမံမႈေတြရွိလိမ့္မယ္လို႔ ယူဆပါတယ္ခင္ဗ်။ ဒါေပမယ့္ေပါ့ေနာ္ တခု သူအဲဒီထဲမွာ ေရးထားတာက သံရံုးမပိတ္ဘူးလို႔ ေရးထားပါတယ္ဆိုေတာ့ သူက ဒီဟာေပါ့ေနာ္ သံတမန္ေရးရာအရ သူ႔ဘက္က တတ္ႏိုင္သေလာက္ ႀကိဳးစားၿပီးေတာ့ အေမစုနဲ႔ သမၼတႀကီး ဦး၀င္းျမင့္ လႊတ္ေျမာက္ဖို႔အေရး ကို လုပ္ပါမယ္လို႔ သူေရးထားပါတယ္ခင္ဗ်။

မအင္ၾကင္းႏိုင္။ ။ ဆိုေတာ့ ဒီလိုမ်ိဳး ေၾကညာခ်က္ထုတ္ဖို႔လည္း ၿဗိတိန္အစိုးရနဲ႔ ညိွႏိႈင္းေဆာင္ရြက္တာေတြ ေဆြးေႏြးတာေတြလည္း ရွိတယ္လို႔ သိရတဲ့အခါက်ေတာ့ ဒီလို သံအမတ္ႀကီးရဲ႕ အခုလို ေၾကညာခ်က္နဲ႔ ပတ္သက္ၿပီးေတာ့ ၿဗိတိန္အစိုးရဘက္က ဘယ္လို တံု႔ျပန္မယ္လို႔ ျမင္သလဲရွင့္။

ေဒါက္တာ သက္ကိုကို။ ။ အခုက သူတရား၀င္ေရးထားတယ္ေလ ေသာၾကာေန႔ကတခါေတြ႔တယ္၊ ဒီေန႔တခါေတြ႔တယ္လို႔ သူေရးထားတယ္။ အဲဒါကိုၾကည့္ျခင္းအားျဖင့္ သူတို႔က သေဘာတူညီမႈ တခုခု ရထားတယ္လို႔ က်ေနာ္ယူဆပါတယ္ခင္ဗ်။ က်ေနာ္အတိအက်ေတာ့ မသိဘူးေပါ့ေနာ္ မနက္ျဖန္က်ရင္ေတာ့ ဘာေၾကညာမလဲဆိုတာ က်ေနာ္တို႔ ေစာင့္ၾကည့္ရပါလိမ့္မယ္။ အဂၤလိပ္အစိုးရ ၿဗိတိသွ်အစိုးရကလည္း ဘာေၾကညာမလဲဆိုတာ က်ေနာ္တို႔ ေစာင့္ၾကည့္ရမယ္ေပါ့ေနာ္။ မနက္ျဖန္က်ရင္ ျမန္မာသံရံုးက ေၾကညာခ်က္လည္း ထုတ္ႏိုင္ပါတယ္။ UK အစိုးရကလည္း ေၾကညာခ်က္လည္း ထုတ္ႏိုင္ပါတယ္ က်ေနာ္တို႔ ေစာင့္ၾကည့္ရမယ္။ အခု DominicRaab ကေတာ့ သူ႔ twitter မွာ tweet လုပ္လုိက္ၿပီ သူသံအမတ္ႀကီးကို ခ်ီးက်ဴးေၾကာင္း သံအမတ္ႀကီးရဲ႕ courage ကို ဂုဏ္ယူေၾကာင္း သူေရးထားတယ္။

မအင္ၾကင္းႏိုင္။ ။ အဲဒီေတာ့ သံအမတ္ႀကီးရဲ႕ ေၾကညာခ်က္ အေပၚမွာ အဂၤလန္မွာ ရွိတဲ့ ျမန္မာအသိုင္းအ၀ိုင္းေပါ့ေနာ္ ေဒါက္တာ သက္ကိုကိုတို႔ရဲ႕ တံု႔ျပန္ခ်က္က ဘယ္လိုရွိပါသလဲ။

ေဒါက္တာ သက္ကိုကို။ ။ က်ေနာ္တို႔ကေတာ့ အရမ္း၀မ္းသာတာေပါ့ေနာ္ သံအမတ္ အဆက္ဆက္မွာ က်ေနာ္တို႔ ဘယ္သူနဲ႔မွ မခင္ခဲ့ၾကဘူးေပါ့ေနာ္ အခုမွ ျမန္မာသံအမတ္ႀကီး ဦးေက်ာ္စြာမင္းက က်ေန္ာတို႔ ျမန္မာ Community နဲ႔ အေမစု လက္ထက္မွာ က်ေနာ္တို႔ကို အရမ္း ဂရုစိုက္တယ္ေပါ့ေနာ္။ ဒါေပမယ့္ နည္းနည္း စိတ္၀မ္းကြဲစရာေလးေတြလည္း ပထမပိုင္းမွာ ျဖစ္တယ္ေပါ့ေနာ္ ဘာလို႔လဲဆိုေတာ့ အာဏာသိမ္းၿပီးတဲ့အခါမွာ ျပည္သူလူထုကေတာ့ သူ႔ဆီကေန ေမွ်ာ္လင့္တာ ခ်က္ခ်င္း ျပည္သူဘက္က ရပ္တယ္ေပါ့ေနာ္ ခ်က္ခ်င္းေျပာတာကို က်ေနာ္တို႔ ေမွ်ာ္လင့္ခဲ့တယ္။ ဒါေပမယ့္ အဲဒီမွာ တခ်ိဳ႕ေတြလည္း ေဒါသထြက္တာေတြ ၊ upset ျဖစ္တာေတြ ၊ မယံုမၾကည္ေတြ ျဖစ္တယ္ေပါ့ေနာ္။ ဒါေပမယ့္လည္း ဘာပဲေျပာေျပာ က်ေနာ္တို႔ကေတာ့ တိုက္ပြဲ၀င္တဲ့အခါမွာ ကိုယ့္ဘက္က လူမ်ားသင့္သေလာက္မ်ားၿပီးေတာ့ အေရးပါတဲ့လူေတြ ပါလာဖို႔အေရးက က်ေနာ္တို႔အတြက္ အေရးႀကီးပါတယ္။ အဲဒီေတာ့ ၿပီးခဲ့တဲ့ ျဖစ္ခဲ့တာေတြကို ေမ့လိုက္ပါ။ ေရြးေကာက္ပြဲ မတိုင္ခင္အဆက္ဆက္ ေဒၚေအာင္ဆန္းစုၾကည္ အစိုးရလက္ထက္ အဆက္ဆက္မွာ UK ေရာက္ျမန္မာျပည္သူလူထုနဲ႔ ျမန္မာသံရံုးက ေတာ္ေတာ္ကို နီးကပ္ခဲ့ပါတယ္။ ဆိုေတာ့ အဲဒီ သမိုင္းေၾကာင္းေလးေတြ အတိတ္ကို ျပန္သြားၿပီးေတာ့ ၾကားထဲက နားလည္မႈလြဲခဲ့တဲ့ အတိတ္ကို ေမ့လိုက္ၿပီးေတာ့ ေရွ႕ေရွာက္အတူလက္တြဲၿပီးေတာ့ ေဆာင္ရြက္ၾကဖို႔ က်ေနာ္အားလံုးကို အၾကံေပးခ်င္ပါတယ္။

ၿဗိတိန္ႏိုင္ငံ ျမန္မာအသိုင္းအ၀ိုင္းက CDM လႈပ္ရွားမႈကို တက္တက္ၾကြၾကြအကူအညီေပးေနသူလည္းျဖစ္၊ သံရံုးနဲ႔ ညွဳိႏႈိင္းေဆာင္ရြက္ေနသူလည္းျဖစ္တဲ့ ျမန္မာဆရာ၀န္ ေဒါက္တာသက္ကိုကို ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းခဲ့တာပါ။

တိုက္႐ိုက္ လင့္ခ္


............

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကို လွှတ်ပေးဖို့ လန်ဒန်မြန်မာသံအမတ်ကြီး မေတ္တာရပ်ခံ

(Unicode)

ပြည်သူလူထုရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရကပဲ သူ့ကို ခန့်အပ်ထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ရဲ့ညွန်ကြားချက်အတိုင်းပဲ အလုပ်လုပ်မှာဖြစ်သလို၊ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကို လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းက တနင်္လာနေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်နဲ့ ပတ်သက်လို့ ဗြိတိန်နိုင်ငံ မြန်မာအသိုင်းအဝိုင်းက CDM လှုပ်ရှားမှုကို တက်တက်ကြွကြွအကူအညီပေးနေသူလည်းဖြစ်၊ သံရုံးနဲ့ ညှိုနှိုင်းဆောင်ရွက်နေသူလည်းဖြစ်တဲ့ မြန်မာဆရာဝန် ဒေါက်တာသက်ကိုကို ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ လန်ဒန်က မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းကနေပြီးတော့ NLD အစိုးရသာ သူ့အစိုးရဖြစ်ကြောင်းဆိုတဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီးတော့ NLD ကို သူက သစ္စာခံမယ့်သဘောလား ဘယ်လိုနားလည်ထားလဲရှင့်။

ဒေါက်တာ သက်ကိုကို။ ။ ဘယ်လိုနားလည်ထားလဲဆိုတော့ ဦးကျော်စွာမင်းက ပြည်သူလူထု ရွေးကောက်တင်မြောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရက သူ့ကို ခန့်ထားတာပါတဲ့ ။ ဒေါ်အောင်ဆန်းစုကြည်အစိုးရက လက်အောက်မှာပဲ အလုပ်လုပ်ပါတယ်ဆိုတဲ့ ကြေညာချက်ကို ဒီနေ့ထုတ်ပါတယ်။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်ကိုလည်း အမြန်ဆုံး လွှတ်ပေးဖို့ သတင်းထုတ်တဲ့အထဲမှာ ပါပါတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ သံအမတ်ကြီးကိုယ်တိုင်ပေါ့နော် သူတို့ လန်ဒန်က မြန်မာသံရုံး website မှာ တင်လိုက်တဲ့ကြေညာချက်နဲ့ ပတ်သက်လို့ CDM အမိန့်မနာခံရေး အကြမ်းမဖက်လှုပ်ရှားမှုပေါ့နော် ၊ စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ လှုပ်ရှားမှုထဲမှာ ပါဝင်လာတယ်လို့ ပြောလို့ရသလား။

ဒေါက်တာ သက်ကိုကို။ ။ အဲဒါကတော့ indirectly လို့ ပြောလို့ရမယ်။ ဒါပေမယ့် သံအမတ်ကြီးကိုယ်တိုင်က အဲဒီကိစ္စကို ဘာမှ announce မလုပ်ပါဘူးခင်ဗျ။ မနက်ဖြန်ကျရင်တော့ သူ သတင်းထုတ်ပြန်ချက်တွေ လုပ်ပါလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။ အဲဒီကျရင်တော့ အသေးစိတ် ပိုသိရမှာပေါ့နော်။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ မြန်မာသံရုံးအနေနဲ့ တကယ်လို့ လက်ရှိ အခု မြန်မာနိုင်ငံထဲမှာကျတော့ စစ်တပ်က ဖွဲ့စည်းထားတဲ့အုပ်ချုပ်ရေးကောင်စီက ရှိနေတယ် တဖက်မှာလည်း NLD အစိုးရကိုလည်း သူတို့အစိုးရအဖြစ် ခံယူထားတဲ့အခါကျတော့ သံရုံးလုပ်ငန်းစဉ်တွေကျတော့ ဘယ်လို ဆက်လုပ်နိုင်မယ်လို့ မျှော်လင့်ထားသလဲရှင့်။

ဒေါက်တာ သက်ကိုကို။ ။ ကျနော်အဲဒါတော့ အတိအကျ မသိရပါဘူးခင်ဗျ။ ကျနော့်အနေနဲ့ ယူဆကြည့်တာပါ အခုမှ လုပ်တာတော့ မဖြစ်လောက်ဘူး ဘာဖြစ်လို့လဲဆိုတော့ သူသည် ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးနဲ့ရော ၊ အာရှရေးရာလက်ထောက် နိုင်ငံခြားရေးဝန်ကြီးနဲ့ရော သူ သေချာတွေ့ထားတယ်ဆိုတော့ ဒါတွေအကုန်လုံးက သူတို့တွေအကုန်လုံး ကြိုတင်ပြီးတော့ စီမံမှုတွေရှိလိမ့်မယ်လို့ ယူဆပါတယ်ခင်ဗျ။ ဒါပေမယ့်ပေါ့နော် တခု သူအဲဒီထဲမှာ ရေးထားတာက သံရုံးမပိတ်ဘူးလို့ ရေးထားပါတယ်ဆိုတော့ သူက ဒီဟာပေါ့နော် သံတမန်ရေးရာအရ သူ့ဘက်က တတ်နိုင်သလောက် ကြိုးစားပြီးတော့ အမေစုနဲ့ သမ္မတကြီး ဦးဝင်းမြင့် လွှတ်မြောက်ဖို့အရေး ကို လုပ်ပါမယ်လို့ သူရေးထားပါတယ်ခင်ဗျ။

မအင်ကြင်းနိုင်။ ။ ဆိုတော့ ဒီလိုမျိုး ကြေညာချက်ထုတ်ဖို့လည်း ဗြိတိန်အစိုးရနဲ့ ညှိနှိုင်းဆောင်ရွက်တာတွေ ဆွေးနွေးတာတွေလည်း ရှိတယ်လို့ သိရတဲ့အခါကျတော့ ဒီလို သံအမတ်ကြီးရဲ့ အခုလို ကြေညာချက်နဲ့ ပတ်သက်ပြီးတော့ ဗြိတိန်အစိုးရဘက်က ဘယ်လို တုံ့ပြန်မယ်လို့ မြင်သလဲရှင့်။

ဒေါက်တာ သက်ကိုကို။ ။ အခုက သူတရားဝင်ရေးထားတယ်လေ သောကြာနေ့ကတခါတွေ့တယ်၊ ဒီနေ့တခါတွေ့တယ်လို့ သူရေးထားတယ်။ အဲဒါကိုကြည့်ခြင်းအားဖြင့် သူတို့က သဘောတူညီမှု တခုခု ရထားတယ်လို့ ကျနော်ယူဆပါတယ်ခင်ဗျ။ ကျနော်အတိအကျတော့ မသိဘူးပေါ့နော် မနက်ဖြန်ကျရင်တော့ ဘာကြေညာမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရပါလိမ့်မယ်။ အင်္ဂလိပ်အစိုးရ ဗြိတိသျှအစိုးရကလည်း ဘာကြေညာမလဲဆိုတာ ကျနော်တို့ စောင့်ကြည့်ရမယ်ပေါ့နော်။ မနက်ဖြန်ကျရင် မြန်မာသံရုံးက ကြေညာချက်လည်း ထုတ်နိုင်ပါတယ်။ UK အစိုးရကလည်း ကြေညာချက်လည်း ထုတ်နိုင်ပါတယ် ကျနော်တို့ စောင့်ကြည့်ရမယ်။ အခု DominicRaab ကတော့ သူ့ twitter မှာ tweet လုပ်လိုက်ပြီ သူသံအမတ်ကြီးကို ချီးကျူးကြောင်း သံအမတ်ကြီးရဲ့ courage ကို ဂုဏ်ယူကြောင်း သူရေးထားတယ်။

မအင်ကြင်းနိုင်။ ။ အဲဒီတော့ သံအမတ်ကြီးရဲ့ ကြေညာချက် အပေါ်မှာ အင်္ဂလန်မှာ ရှိတဲ့ မြန်မာအသိုင်းအဝိုင်းပေါ့နော် ဒေါက်တာ သက်ကိုကိုတို့ရဲ့ တုံ့ပြန်ချက်က ဘယ်လိုရှိပါသလဲ။

ဒေါက်တာ သက်ကိုကို။ ။ ကျနော်တို့ကတော့ အရမ်းဝမ်းသာတာပေါ့နော် သံအမတ် အဆက်ဆက်မှာ ကျနော်တို့ ဘယ်သူနဲ့မှ မခင်ခဲ့ကြဘူးပေါ့နော် အခုမှ မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းက ကျနေ်ာတို့ မြန်မာ Community နဲ့ အမေစု လက်ထက်မှာ ကျနော်တို့ကို အရမ်း ဂရုစိုက်တယ်ပေါ့နော်။ ဒါပေမယ့် နည်းနည်း စိတ်ဝမ်းကွဲစရာလေးတွေလည်း ပထမပိုင်းမှာ ဖြစ်တယ်ပေါ့နော် ဘာလို့လဲဆိုတော့ အာဏာသိမ်းပြီးတဲ့အခါမှာ ပြည်သူလူထုကတော့ သူ့ဆီကနေ မျှော်လင့်တာ ချက်ချင်း ပြည်သူဘက်က ရပ်တယ်ပေါ့နော် ချက်ချင်းပြောတာကို ကျနော်တို့ မျှော်လင့်ခဲ့တယ်။ ဒါပေမယ့် အဲဒီမှာ တချို့တွေလည်း ဒေါသထွက်တာတွေ ၊ upset ဖြစ်တာတွေ ၊ မယုံမကြည်တွေ ဖြစ်တယ်ပေါ့နော်။ ဒါပေမယ့်လည်း ဘာပဲပြောပြော ကျနော်တို့ကတော့ တိုက်ပွဲဝင်တဲ့အခါမှာ ကိုယ့်ဘက်က လူများသင့်သလောက်များပြီးတော့ အရေးပါတဲ့လူတွေ ပါလာဖို့အရေးက ကျနော်တို့အတွက် အရေးကြီးပါတယ်။ အဲဒီတော့ ပြီးခဲ့တဲ့ ဖြစ်ခဲ့တာတွေကို မေ့လိုက်ပါ။ ရွေးကောက်ပွဲ မတိုင်ခင်အဆက်ဆက် ဒေါ်အောင်ဆန်းစုကြည် အစိုးရလက်ထက် အဆက်ဆက်မှာ UK ရောက်မြန်မာပြည်သူလူထုနဲ့ မြန်မာသံရုံးက တော်တော်ကို နီးကပ်ခဲ့ပါတယ်။ ဆိုတော့ အဲဒီ သမိုင်းကြောင်းလေးတွေ အတိတ်ကို ပြန်သွားပြီးတော့ ကြားထဲက နားလည်မှုလွဲခဲ့တဲ့ အတိတ်ကို မေ့လိုက်ပြီးတော့ ရှေ့ရှောက်အတူလက်တွဲပြီးတော့ ဆောင်ရွက်ကြဖို့ ကျနော်အားလုံးကို အကြံပေးချင်ပါတယ်။

ဗြိတိန်နိုင်ငံ မြန်မာအသိုင်းအဝိုင်းက CDM လှုပ်ရှားမှုကို တက်တက်ကြွကြွအကူအညီပေးနေသူလည်းဖြစ်၊ သံရုံးနဲ့ ညှိုနှိုင်းဆောင်ရွက်နေသူလည်းဖြစ်တဲ့ မြန်မာဆရာဝန် ဒေါက်တာသက်ကိုကို ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG