သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လြတ္လပ္တဲ့သတင္းမီဒီယာ ငါး ခု ထုတ္လုပ္ခြင့္႐ုပ္သိမ္းခံရ


DVB ဒီမိုကရက္တစ္ျမန္မာ့အသံ၊ မဇၥ်ိမသတင္းဌာန၊ Myanmar Now၊ 7 Days နဲ႔ ေခတ္သစ္မီဒီယာ သတင္းဌာနမ်ား။

[Zawgyi/Unicode]

ျမန္မာႏိ္ုင္ငံတြင္း သတင္းဌာနေတြျဖစ္တဲ့ DVB ဒီမိုကရက္တစ္ျမန္မာ့အသံ၊ မဇၥ်ိမသတင္းဌာန၊ Myanmar Now၊ 7 Day နဲ႔ ေခတ္သစ္မီဒီယာေတြရဲ႕ လုပ္ငန္းလိုင္စင္႐ုပ္သိမ္းလိုက္ၿပီလို႔ ျမန္မာစစ္တပ္ အုပ္ခ်ဳပ္ေရးေကာင္စီက ထုတ္ျပန္ပါတယ္။ သူတို႔ရဲ႕ မီဒီယာလုပ္ငန္းေတြကို ပိတ္ပင္ရံုသာမက၊ နည္းပညာသံုးၿပီးထုတ္လႊင့္မႈ မွန္သမွ်ကိုလည္း ခြင့္မျပဳဘူးလို႔ ေၾကညာထားပါတယ္။

အခု မေၾကညာခင္ေန႔ခင္းပိုင္းကေတာ့ Myanmar Now သတင္းဌာန ရံုးကို ရဲနဲ႔ စစ္တပ္က ၀င္ေရာက္စီးနင္းရွာေဖြတာေတြလုပ္ခဲ့ပါတယ္။ ရံုးပိတ္ထားတာမို႔ ဖမ္းဆီးခံရသူ မရွိခဲ့ပါဘူး။ DVB နဲ႔ Mizzima မီဒီယာဌာနေတြဟာ ႐ုပ္သံထုတ္လႊင့္မႈ လိုင္စင္ပါ ယူၿပီး မီဒီယာလုပ္ငန္းေတြလုပ္ကိုင္ေနတာျဖစ္ေပမဲ့ စစ္တပ္က အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကစလို႔ အဲဒီ ႐ုပ္သံထုတ္လႊင့္မႈေတြကို ပိတ္ပင္ခံခဲ့ရပါတယ္။ ဒါေပမဲ့လည္း အျခား ဆက္သြယ္ေရးၿဂိဳလ္တုေတြကို သံုးၿပီး Mizzima ေရာ၊ DVB ကပါ ႐ုပ္သံအစီအစဥ္ေတြ ဆက္လက္ထုတ္လြင့္ႏိုင္ခဲ့ပါတယ္။ 7 Day သတင္းဌာနကေတာ့ ေန႔စဥ္ထုတ္သတင္းစာေတြ ျဖန္႔ခ်ီေနတာပါ။

ဒီသတင္းမီဒီယာငါးခုလံုးဟာ ဆႏၵျပကန္႔ကြက္မႈေတြနဲ႔ အျခားထူးျခားျဖစ္စဥ္ေတြကို အင္တာနက္အြန္လိုင္းကေန Live တိုက္႐ိုက္ထုတ္လႊင့္ျပသေလ့လည္း ရွိပါတယ္။ အခုလို လုပ္ငန္းလိုင္စင္ပိတ္ပင္ခံရတဲ့အေပၚမွာေတာ့ မဇၥ်ိမသတင္းဌာနအေနနဲ႔ လြတ္လပ္ေသာ မီဒီယာအျဖစ္နဲ႔ သူတို႔ရွိၿပီးသား မီဒီယာပလက္ေဖာင္းအသီးသီးကေန ဆက္လက္ေရးသား ထုတ္လႊင့္သြားမယ္လို႔ Mizzima သတင္းဌာနက တုံ႔ျပန္ေၾကညာထားပါတယ္။

[Unicode Verion]

လွတ်လပ်တဲ့သတင်းမီဒီယာ ငါး ခု ထုတ်လုပ်ခွင့်ရုပ်သိမ်းခံရ

မြန်မာနိုင်ငံတွင်း သတင်းဌာနတွေဖြစ်တဲ့ DVB ဒီမိုကရက်တစ်မြန်မာ့အသံ၊ မဇ္ဈိမသတင်းဌာန၊ Myanmar Now၊ 7 Day နဲ့ ခေတ်သစ်မီဒီယာတွေရဲ့ လုပ်ငန်းလိုင်စင်ရုပ်သိမ်းလိုက်ပြီလို့ မြန်မာစစ်တပ် အုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ပါတယ်။ သူတို့ရဲ့ မီဒီယာလုပ်ငန်းတွေကို ပိတ်ပင်ရုံသာမက၊ နည်းပညာသုံးပြီးထုတ်လွှင့်မှု မှန်သမျှကိုလည်း ခွင့်မပြုဘူးလို့ ကြေညာထားပါတယ်။

အခု မကြေညာခင်နေ့ခင်းပိုင်းကတော့ Myanmar Now သတင်းဌာန ရုံးကို ရဲနဲ့ စစ်တပ်က ဝင်ရောက်စီးနင်းရှာဖွေတာတွေလုပ်ခဲ့ပါတယ်။ ရုံးပိတ်ထားတာမို့ ဖမ်းဆီးခံရသူ မရှိခဲ့ပါဘူး။ DVB နဲ့ Mizzima မီဒီယာဌာနတွေဟာ ရုပ်သံထုတ်လွှင့်မှု လိုင်စင်ပါ ယူပြီး မီဒီယာလုပ်ငန်းတွေလုပ်ကိုင်နေတာဖြစ်ပေမဲ့ စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ အဲဒီ ရုပ်သံထုတ်လွှင့်မှုတွေကို ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါပေမဲ့လည်း အခြား ဆက်သွယ်ရေးဂြိုလ်တုတွေကို သုံးပြီး Mizzima ရော၊ DVB ကပါ ရုပ်သံအစီအစဉ်တွေ ဆက်လက်ထုတ်လွင့်နိုင်ခဲ့ပါတယ်။ 7 Day သတင်းဌာနကတော့ နေ့စဉ်ထုတ်သတင်းစာတွေ ဖြန့်ချီနေတာပါ။

ဒီသတင်းမီဒီယာငါးခုလုံးဟာ ဆန္ဒပြကန့်ကွက်မှုတွေနဲ့ အခြားထူးခြားဖြစ်စဉ်တွေကို အင်တာနက်အွန်လိုင်းကနေ Live တိုက်ရိုက်ထုတ်လွှင့်ပြသလေ့လည်း ရှိပါတယ်။ အခုလို လုပ်ငန်းလိုင်စင်ပိတ်ပင်ခံရတဲ့အပေါ်မှာတော့ မဇ္ဈိမသတင်းဌာနအနေနဲ့ လွတ်လပ်သော မီဒီယာအဖြစ်နဲ့ သူတို့ရှိပြီးသား မီဒီယာပလက်ဖောင်းအသီးသီးကနေ ဆက်လက်ရေးသား ထုတ်လွှင့်သွားမယ်လို့ Mizzima သတင်းဌာနက တုံ့ပြန်ကြေညာထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG