သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏွိမ္နင္းမႈေတြၾကား ရန္ကုန္ဆႏၵျပမႈေတြ အားေကာင္းေနဆဲ


ရန္ကုန္ၿမိဳ႕ ဆႏၵျပပဲြ ျမင္ကြင္း။ (မတ္ ၈၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္တပ္က အာဏာသိမ္းၿပီး ရက္ေပါင္း ၄၀ နီးပါး ရွိလာၿပီျဖစ္ေပမဲ့ စစ္အာဏာဆန႔္က်င္ေရး ဆႏၵျပမႈေတြ အားေကာင္းေနရွိေနဆဲပါ။ ၿဖိဳခြင္းမႈေတြ ပိတ္ဆို႔တားဆီးမႈေတြရွိေပမဲ့ ရန္ကုန္ေျမသပိတ္ကေတာ့ ဆက္အားေကာင္းေနဆဲ ရွိေနေသးတဲ့အေၾကာင္း ဗီြအိုေအသတင္းေထာက္ မေမခက တင္ျပေပးမွာပါ။

ဒီကေန႔ မနက္အေစာပိုင္း သပိတ္ေတြမစခင္ ေျမာက္ဥကၠလာ၊ ေျမာက္ဒဂုံ၊ အင္းစိန္ေပါက္ေတာဝ၊ ႐ြာမေက်ာင္းလမ္း၊ စမ္းေခ်ာင္း၊ သာေကတနဲ႔ ၿမိဳ႕ထဲဘက္မွာ သပိတ္မစခင္ၿဖိဳခြဲတာရွိခဲ့ပါတယ္။

စမ္းေခ်ာင္းဘက္က ဆႏၵျပသူေတြကို လက္နက္ကိုင္ေတြဘက္က ၿဖိဳခြင္းၿပီးတဲ့ေနာက္ ဗဟိုလမ္း၊ ကြၽန္းေတာေတာက္ေလွ်ာက္ဆင္းလာၿပီး အသံဗုံးသုံး ၿဖိဳခြဲတာေတြလည္း ရွိခဲ့ပါတယ္။ ဗဟိုလမ္းဘက္နဲ႔ ကြၽန္းေတာလမ္းဘက္မွာ ပစ္ေဖာက္လို႔ လူတစ္ေယာက္ရာဘာက်ည္ထိမွန္တာ အဖမ္းခံရတာေတြ ရွိတယ္။ လူေတြ လမ္းမထြက္ႏိုင္ေအာင္ မစုႏိုင္ေအာင္ လမ္းၾကားလမ္းထိပ္တိုင္းမွာ စစ္အုပ္ခ်ဳပ္ေရးေကာင္စီ လက္နက္ကိုင္ေတြ ေစာင့္ေနၾကလို႔ ျပည္သူေတြက ထိတ္လန႔္မႈေတြျဖစ္ေနရတယ္လို႔ အဲဒီေနရာမွာေရာက္ေနတဲ့ ဗြီအိုေအ သတင္းေထာက္ကေျပာပါတယ္။

"ဗဟိုလမ္းနဲ႔ ကြၽန္းေတာလမ္းထိပ္ေတြမွာေရာ ေန႔ခင္း ၁၂ ခြဲေက်ာ္ေက်ာ္ေလာက္ကတည္းက အခုညေန ေလးနာရီေက်ာ္ေက်ာ္ေလာက္မွာထိ အခုထိေစာင့္ေနတုန္းဆႏၵျပတဲ့ လူေတြကလည္း အိမ္ထဲေတြမွာ ပုန္းေနရတယ္။ ျပန္ထြက္လို႔မရေသးဘူး။ ဒီလိုရဲေတြ၊ စစ္တပ္ေတြ လွည့္ေနတာရွိတယ္။ လမ္းသြယ္၊ လမ္းထိပ္တိုင္းေစာင့္ဆိုင္းေနတာ ရွိတယ္။ ဆိုေတာ့ဒီမွာေနတဲ့ ျပည္သူေတြက ေစ်းေတာင္ထြက္ မဝယ္ရဲဘူး၊ အျပင္မထြက္ရဲဘူး။ အကုန္လုံး တိတ္ဆိတ္ေနတယ္။ လုံးဝအျပင္မထြက္ရဲဘူး။ အဖမ္းခံရမွာေၾကာက္တယ္။ ေနာက္ၿပီးေတာ့ လမ္းသြားလမ္းလာေတြကို ဖုန္းစစ္တာေတြ၊ ေနာက္ကားေတြ၊ ဆိုက္ကားေတြ တားၿပီးေတာ့ စစ္ေဆးတာေတြ လုပ္ေနတယ္။ ျပည္သူေတြက လံုးဝမထြက္ရဲဘူး။ ထိတ္လန႔္ၿပီးေတာ့ ေၾကာက္လန္႔ေနတဲ့အေနအထားမွာ ေတြ႕ရတယ္။ လုံၿခဳံမႈ မရွိတဲ့အေနအထားမွာ ေတြ႕ရတယ္။"

ဗိုလ္ခ်ဳပ္ေအာင္ဆန္း လမ္း ၄၆ လမ္းထိပ္၊ ORIENT လၻက္ရည္ဆိုင္ကို ဆႏၵျပသူေတြကို လက္ခံအားေပးလို႔ဆိုၿပီး ဆိုင္ရွိပစၥည္းေတြကို ႐ိုက္ခြဲဖ်က္ဆီးၿပီး စားေသာက္ေနသူေတြအပါအဝင္ ဝန္ထမ္းတခ်ိဳ႕ကို ဖမ္းေခၚတာေတြ လုပ္ခဲ့ပါတယ္။ ၿဖိဳခြဲခံရသူေတြ ရွိခဲ့တဲ့ေနရာေတြမွာ ၿဖိဳခြဲခ်ိန္ေရွာင္ၿပီး လူငယ္ေတြက ဆႏၵျပသပိတ္ကို ေန႔လယ္ပိုင္းမွာ ထပ္ၿပီး ဆင္ႏႊဲေနဆဲပါ။ ရန္ကုန္ၿမိဳ႕မွာ ဆႏၵျပသူေတြ အမ်ားအျပားပစ္ခတ္ခံရလို႔ ေသဆုံးသူ မ်ားခဲ့တဲ့ ေျမာက္ဥကၠလာမွာလည္း ဒီကေန႔အထိ ဆႏၵျပမႈေတြဆက္ရွိေနဆဲ ျဖစ္ၿပီး အားေကာင္းေနဆဲရွိတယ္လို႔ အဲဒီေနရာကေဒသခံတဦးကေျပာပါတယ္။

"ကန္သာယာမွာဆိုရင္ ျပည္သူ႔ အတားအဆီး ၃ ခု ေလာက္ထားတယ္။ ေနာက္ဆုံးက သဲအိတ္ေတြနဲ႔ေပါ့ေနာ္။ ခိုင္ခိုင္မာမာ လုပ္ထားတာမ်ိဳးရွိတယ္။ ေနာက္တခုက ေနပူခံလုပ္ထားတဲ့ အစိမ္းကာေတြ အမိုးေတြေပါ့ေနာ္... သူတို႔ေရာက္လာတဲ့အခ်ိန္မွာ ဒီအမိုးေတြ ျဖဳတ္သြားတယ္။ ျပည္သူေတြတြက္ထားထားတဲ့၊ လွဴထားတဲ့ ထမင္းဘူးတို႔၊ အေအးဗူးတို႔ ယူသြားတယ္။ ေနာက္တခုက ကန္သာယာမီးပိြဳင့္လမ္းဆံုမွာထားတဲ့ ျပည္သူ႔ ထဘီေတြေပါ့ေနာ္... ထဘီေတြကို မီးရႈိ႕သြားတယ္။"

စက္႐ုံအလုပ္သမားေတြ အမ်ားစုေနတဲ့ လႈိင္သာယာဘက္မွာေတာ့ ထိုင္သပိတ္ေတြ ဆက္ရွိေနဆဲရွိတယ္လို႔ ေဒသခံတဦးက ေျပာပါတယ္။

"လႈိင္သာယာမွာေတာ့ ထိုင္သပိတ္က မ်ားတယ္။ ကိုယ့္ရပ္ကြက္ထဲမွာ ရွိသလို မီးခြက္ေစ်း ေအာက္ထိပ္တို႔၊ ၁ ထိပ္တို႔မွာ ထိုင္သပိတ္ ဆြဲၾကတာေပါ့ေနာ္။ တက္ႂကြလူငယ္ေတြပါမယ္၊ ေနာက္ ဆရာ၊ ဆရာမေတြလည္း ပါတာေပါ့ အဲဒီမွာထိုင္ၾကတာ။ လုံၿခဳံေရးကေတာ့ ထားတယ္။ ေနာက္သတင္းေပး အခ်က္အလက္နဲ႔ သြားေနတာရွိတယ္။ ဒါေပမဲ့ လႈိင္သာယာမွာ စစ္ကားေတြက ေန႔ဘက္မွာ အလုံးအရင္းနဲ႔ မဝင္ေပမဲ့ ညဘက္က်ရင္ စစ္ကားအစီး ၂၀ ေက်ာ္ေလာက္ပတ္ေနတာ သိရတယ္။"

သပိတ္စစ္ေၾကာင္း အင္အားေကာင္းခဲ့တဲ့ အလုံၿမိဳ႕နယ္ဘက္မွာလည္း ျပည္သူဘက္က ျပင္ဆင္ထားတဲ့ အကာအရံေတြ ဖ်က္ဆီးခံရတာ ရွိေပမဲ့ ျပည္သူေတြက ျပင္ဆင္ၿပီး ျပန္ဆႏၵျပၾကပါတယ္။

ရန္ကုန္ၿမိဳ႕အတြင္း မေန႔ တနဂၤေႏြညက ေနရာအေတာ္မ်ားမ်ားကို လုံၿခဳံေရးေတြက ေဆး႐ုံ၊ ေက်ာင္းေတြမွာ တပ္စြဲလို႔ ရပ္ကြက္က ႏွင္ထုတ္ရတာေတြ ရွိၿပီး ပစ္ခတ္ႏွိမ္နင္းတာေတြ အေတာ္ေလးျဖစ္ပြားခဲ့ပါတယ္။ ရန္ကုန္ၿမိဳ႕ဟာ စစ္ေျမျပင္တခုလိုျဖစ္ေနတယ္လို႔ ျပည္သူေတြက ေျပာပါတယ္။ ျပည္သူေတြဟာ ေန႔ေန႔ညည ထိတ္လန႔္ေနရတယ္လို႔ သပိတ္မွာ ပါဝင္ေနသူတဦးက ေျပာပါတယ္။

"မေန႔ညက က်ေနာ္တို႔ အလံုျမိဳ႕နယ္က အေနာက္ပိုင္းေဆး႐ုံမွာ လာဆြဲတုန္းက ေနရာခ်မယ္.. ခြင့္ျပဳမလား။ အဲဒီ ေဆး႐ုံအုပ္က ညႇိလို႔မရဘူး။ ညိွမရေတာ့ သူတို႔ ခဏ ျပန္သြားတယ္။ ၁၀ ခြဲေလာက္မွာ လာတယ္ ညိွမရလို႔ဆိုၿပီး အခ်က္ေပါင္းအမ်ားၾကီး ေသနတ္ေတြ ပစ္တယ္။ အသံဗုံးေတြ ေဖာက္တယ္၊ ေသနတ္ေတြ ပစ္တယ္။ ေဆး႐ုံထဲ စစ္ကား ၆ စီးေလာက္နဲ႔ ေဆးရံုထဲကို အတင္းဝင္သြားတယ္။ သူတို႔လက္နက္ျပေတာ့ က်ေနာ္တို႔လည္း မတတ္ႏိုင္ဘူးေလ... ေပးရမွာပဲ။ အဲဒီလိုအခ်ိန္မွာေပါ့ေလ အထိတ္အလန႔္ေတြ အမ်ားၾကီး ရွိတယ္။ တညလုံးလည္း ေကာင္းေကာင္းမအိပ္ရဘူး။ လူငယ္ေတြက အေၾကာင္း မဟုတ္ေပမဲ့ လူႀကီးေတြက်ေတာ့ အိပ္ပါဆိုလည္း လူၾကီးဆိုတာက အရမ္း စိတ္ပူတတ္ေတာ့ သူတို႔လည္း မအိပ္ႏိုင္ဘူး။ အဲဒီေတာ့ တခ်ိဳ႕ေတြလည္း က်န္းမာေရးထိတာေပါ့။ မလုံၿခဳံဘူးဗ်။ သူတို႔က ဒီအခ်ိန္မွာ လုပ္ခ်င္တိုင္း လုပ္ေနၾကတာ စိတ္ထဲမွာ မလုံၿခဳံဘူး။ အရဲစြန္႔ၿပီးေတာ့ ကိုယ့္ေနရာကိုယ္ရသလို ကာကြယ္ေနရတယ္။"

ရပ္ကြက္ေနျပည္သူေတြ အနီးဆုံး လမ္းမႀကီးေတြေပၚမွာ အကာအရံေတြ ျပဳလုပ္ၿပီး ဆႏၵေဖာ္ထုတ္ေနဆဲ ျဖစ္သလို၊ လက္နက္ကိုင္ေတြဘက္ကလည္း အၾကမ္းဖက္ၿဖိဳခြဲတာေတြ ဆက္လုပ္ေနတုန္းပါ။ ဒါေပမဲ့လည္း ျပည္သူေတြဘက္က ဆႏၵျပမႈေတြ ဆက္ျပဳလုပ္ၿပီး သူတို႔ရဲ႕ အာဏာရွင္ျဖဳတ္ခ်ေရးေတြကို ဆက္လက္လုပ္ေဆာင္ေနၾကဆဲ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နှိမ်နင်းမှုတွေကြား ရန်ကုန်ဆန္ဒပြမှုတွေ အားကောင်းနေဆဲ

စစ်တပ်က အာဏာသိမ်းပြီး ရက်ပေါင်း ၄၀ နီးပါး ရှိလာပြီဖြစ်ပေမဲ့ စစ်အာဏာဆန့်ကျင်ရေး ဆန္ဒပြမှုတွေ အားကောင်းနေရှိနေဆဲပါ။ ဖြိုခွင်းမှုတွေ ပိတ်ဆို့တားဆီးမှုတွေရှိပေမဲ့ ရန်ကုန်မြေသပိတ်ကတော့ ဆက်အားကောင်းနေဆဲ ရှိနေသေးတဲ့အကြောင်း ဗွီအိုအေသတင်းထောက် မမေခက တင်ပြပေးမှာပါ။

ဒီကနေ့ မနက်အစောပိုင်း သပိတ်တွေမစခင် မြောက်ဥက္ကလာ၊ မြောက်ဒဂုံ၊ အင်းစိန်ပေါက်တောဝ၊ ရွာမကျောင်းလမ်း၊ စမ်းချောင်း၊ သာကေတနဲ့ မြို့ထဲဘက်မှာ သပိတ်မစခင်ဖြိုခွဲတာရှိခဲ့ပါတယ်။

စမ်းချောင်းဘက်က ဆန္ဒပြသူတွေကို လက်နက်ကိုင်တွေဘက်က ဖြိုခွင်းပြီးတဲ့နောက် ဗဟိုလမ်း၊ ကျွန်းတောတောက်လျှောက်ဆင်းလာပြီး အသံဗုံးသုံး ဖြိုခွဲတာတွေလည်း ရှိခဲ့ပါတယ်။ ဗဟိုလမ်းဘက်နဲ့ ကျွန်းတောလမ်းဘက်မှာ ပစ်ဖောက်လို့ လူတစ်ယောက်ရာဘာကျည်ထိမှန်တာ အဖမ်းခံရတာတွေ ရှိတယ်။ လူတွေ လမ်းမထွက်နိုင်အောင် မစုနိုင်အောင် လမ်းကြားလမ်းထိပ်တိုင်းမှာ စစ်အုပ်ချုပ်ရေးကောင်စီ လက်နက်ကိုင်တွေ စောင့်နေကြလို့ ပြည်သူတွေက ထိတ်လန့်မှုတွေဖြစ်နေရတယ်လို့ အဲဒီနေရာမှာရောက်နေတဲ့ ဗွီအိုအေ သတင်းထောက်ကပြောပါတယ်။

"ဗဟိုလမ်းနဲ့ ကျွန်းတောလမ်းထိပ်တွေမှာရော နေ့ခင်း ၁၂ ခွဲကျော်ကျော်လောက်ကတည်းက အခုညနေ လေးနာရီကျော်ကျော်လောက်မှာထိ အခုထိစောင့်နေတုန်းဆန္ဒပြတဲ့ လူတွေကလည်း အိမ်ထဲတွေမှာ ပုန်းနေရတယ်။ ပြန်ထွက်လို့မရသေးဘူး။ ဒီလိုရဲတွေ၊ စစ်တပ်တွေ လှည့်နေတာရှိတယ်။ လမ်းသွယ်၊ လမ်းထိပ်တိုင်းစောင့်ဆိုင်းနေတာ ရှိတယ်။ ဆိုတော့ဒီမှာနေတဲ့ ပြည်သူတွေက ဈေးတောင်ထွက် မဝယ်ရဲဘူး၊ အပြင်မထွက်ရဲဘူး။ အကုန်လုံး တိတ်ဆိတ်နေတယ်။ လုံးဝအပြင်မထွက်ရဲဘူး။ အဖမ်းခံရမှာကြောက်တယ်။ နောက်ပြီးတော့ လမ်းသွားလမ်းလာတွေကို ဖုန်းစစ်တာတွေ၊ နောက်ကားတွေ၊ ဆိုက်ကားတွေ တားပြီးတော့ စစ်ဆေးတာတွေ လုပ်နေတယ်။ ပြည်သူတွေက လုံးဝမထွက်ရဲဘူး။ ထိတ်လန့်ပြီးတော့ ကြောက်လန့်နေတဲ့အနေအထားမှာ တွေ့ရတယ်။ လုံခြုံမှု မရှိတဲ့အနေအထားမှာ တွေ့ရတယ်။"

ဗိုလ်ချုပ်အောင်ဆန်း လမ်း ၄၆ လမ်းထိပ်၊ ORIENT လ္ဘက်ရည်ဆိုင်ကို ဆန္ဒပြသူတွေကို လက်ခံအားပေးလို့ဆိုပြီး ဆိုင်ရှိပစ္စည်းတွေကို ရိုက်ခွဲဖျက်ဆီးပြီး စားသောက်နေသူတွေအပါအဝင် ဝန်ထမ်းတချို့ကို ဖမ်းခေါ်တာတွေ လုပ်ခဲ့ပါတယ်။ ဖြိုခွဲခံရသူတွေ ရှိခဲ့တဲ့နေရာတွေမှာ ဖြိုခွဲချိန်ရှောင်ပြီး လူငယ်တွေက ဆန္ဒပြသပိတ်ကို နေ့လယ်ပိုင်းမှာ ထပ်ပြီး ဆင်နွှဲနေဆဲပါ။ ရန်ကုန်မြို့မှာ ဆန္ဒပြသူတွေ အများအပြားပစ်ခတ်ခံရလို့ သေဆုံးသူ များခဲ့တဲ့ မြောက်ဥက္ကလာမှာလည်း ဒီကနေ့အထိ ဆန္ဒပြမှုတွေဆက်ရှိနေဆဲ ဖြစ်ပြီး အားကောင်းနေဆဲရှိတယ်လို့ အဲဒီနေရာကဒေသခံတဦးကပြောပါတယ်။

"ကန်သာယာမှာဆိုရင် ပြည်သူ့ အတားအဆီး ၃ ခု လောက်ထားတယ်။ နောက်ဆုံးက သဲအိတ်တွေနဲ့ပေါ့နော်။ ခိုင်ခိုင်မာမာ လုပ်ထားတာမျိုးရှိတယ်။ နောက်တခုက နေပူခံလုပ်ထားတဲ့ အစိမ်းကာတွေ အမိုးတွေပေါ့နော်... သူတို့ရောက်လာတဲ့အချိန်မှာ ဒီအမိုးတွေ ဖြုတ်သွားတယ်။ ပြည်သူတွေတွက်ထားထားတဲ့၊ လှူထားတဲ့ ထမင်းဘူးတို့၊ အအေးဗူးတို့ ယူသွားတယ်။ နောက်တခုက ကန်သာယာမီးပွိုင့်လမ်းဆုံမှာထားတဲ့ ပြည်သူ့ ထဘီတွေပေါ့နော်... ထဘီတွေကို မီးရှို့သွားတယ်။"

စက်ရုံအလုပ်သမားတွေ အများစုနေတဲ့ လှိုင်သာယာဘက်မှာတော့ ထိုင်သပိတ်တွေ ဆက်ရှိနေဆဲရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"လှိုင်သာယာမှာတော့ ထိုင်သပိတ်က များတယ်။ ကိုယ့်ရပ်ကွက်ထဲမှာ ရှိသလို မီးခွက်ဈေး အောက်ထိပ်တို့၊ ၁ ထိပ်တို့မှာ ထိုင်သပိတ် ဆွဲကြတာပေါ့နော်။ တက်ကြွလူငယ်တွေပါမယ်၊ နောက် ဆရာ၊ ဆရာမတွေလည်း ပါတာပေါ့ အဲဒီမှာထိုင်ကြတာ။ လုံခြုံရေးကတော့ ထားတယ်။ နောက်သတင်းပေး အချက်အလက်နဲ့ သွားနေတာရှိတယ်။ ဒါပေမဲ့ လှိုင်သာယာမှာ စစ်ကားတွေက နေ့ဘက်မှာ အလုံးအရင်းနဲ့ မဝင်ပေမဲ့ ညဘက်ကျရင် စစ်ကားအစီး ၂၀ ကျော်လောက်ပတ်နေတာ သိရတယ်။"

သပိတ်စစ်ကြောင်း အင်အားကောင်းခဲ့တဲ့ အလုံမြို့နယ်ဘက်မှာလည်း ပြည်သူဘက်က ပြင်ဆင်ထားတဲ့ အကာအရံတွေ ဖျက်ဆီးခံရတာ ရှိပေမဲ့ ပြည်သူတွေက ပြင်ဆင်ပြီး ပြန်ဆန္ဒပြကြပါတယ်။

ရန်ကုန်မြို့အတွင်း မနေ့ တနင်္ဂနွေညက နေရာအတော်များများကို လုံခြုံရေးတွေက ဆေးရုံ၊ ကျောင်းတွေမှာ တပ်စွဲလို့ ရပ်ကွက်က နှင်ထုတ်ရတာတွေ ရှိပြီး ပစ်ခတ်နှိမ်နင်းတာတွေ အတော်လေးဖြစ်ပွားခဲ့ပါတယ်။ ရန်ကုန်မြို့ဟာ စစ်မြေပြင်တခုလိုဖြစ်နေတယ်လို့ ပြည်သူတွေက ပြောပါတယ်။ ပြည်သူတွေဟာ နေ့နေ့ညည ထိတ်လန့်နေရတယ်လို့ သပိတ်မှာ ပါဝင်နေသူတဦးက ပြောပါတယ်။

"မနေ့ညက ကျနော်တို့ အလုံမြို့နယ်က အနောက်ပိုင်းဆေးရုံမှာ လာဆွဲတုန်းက နေရာချမယ်.. ခွင့်ပြုမလား။ အဲဒီ ဆေးရုံအုပ်က ညှိလို့မရဘူး။ ညှိမရတော့ သူတို့ ခဏ ပြန်သွားတယ်။ ၁၀ ခွဲလောက်မှာ လာတယ် ညှိမရလို့ဆိုပြီး အချက်ပေါင်းအများကြီး သေနတ်တွေ ပစ်တယ်။ အသံဗုံးတွေ ဖောက်တယ်၊ သေနတ်တွေ ပစ်တယ်။ ဆေးရုံထဲ စစ်ကား ၆ စီးလောက်နဲ့ ဆေးရုံထဲကို အတင်းဝင်သွားတယ်။ သူတို့လက်နက်ပြတော့ ကျနော်တို့လည်း မတတ်နိုင်ဘူးလေ... ပေးရမှာပဲ။ အဲဒီလိုအချိန်မှာပေါ့လေ အထိတ်အလန့်တွေ အများကြီး ရှိတယ်။ တညလုံးလည်း ကောင်းကောင်းမအိပ်ရဘူး။ လူငယ်တွေက အကြောင်း မဟုတ်ပေမဲ့ လူကြီးတွေကျတော့ အိပ်ပါဆိုလည်း လူကြီးဆိုတာက အရမ်း စိတ်ပူတတ်တော့ သူတို့လည်း မအိပ်နိုင်ဘူး။ အဲဒီတော့ တချို့တွေလည်း ကျန်းမာရေးထိတာပေါ့။ မလုံခြုံဘူးဗျ။ သူတို့က ဒီအချိန်မှာ လုပ်ချင်တိုင်း လုပ်နေကြတာ စိတ်ထဲမှာ မလုံခြုံဘူး။ အရဲစွန့်ပြီးတော့ ကိုယ့်နေရာကိုယ်ရသလို ကာကွယ်နေရတယ်။"

ရပ်ကွက်နေပြည်သူတွေ အနီးဆုံး လမ်းမကြီးတွေပေါ်မှာ အကာအရံတွေ ပြုလုပ်ပြီး ဆန္ဒဖော်ထုတ်နေဆဲ ဖြစ်သလို၊ လက်နက်ကိုင်တွေဘက်ကလည်း အကြမ်းဖက်ဖြိုခွဲတာတွေ ဆက်လုပ်နေတုန်းပါ။ ဒါပေမဲ့လည်း ပြည်သူတွေဘက်က ဆန္ဒပြမှုတွေ ဆက်ပြုလုပ်ပြီး သူတို့ရဲ့ အာဏာရှင်ဖြုတ်ချရေးတွေကို ဆက်လက်လုပ်ဆောင်နေကြဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG