သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္လံုးကၽြတ္ အာဏာဖီဆန္ေရးအတြက္ မဟာမိတ္ အလုပ္သမားအဖဲြ႔အစည္းမ်ား ႏိႈးေဆာ္


အၾကမ္းဖက္ ၿဖိဳခဲြမႈေတြၾကားက စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ဆႏၵျပေနသူမ်ား (မတ္လ ၇ ရက္၊ ၂၀၂၁) Myanmar Labour News

အာဏာသိမ္းထားတဲ့ စစ္တပ္က ဆႏၵျပျပည္သူေတြကို အၾကမ္းဖက္ၿဖိဳခြင္းတာေတြနဲ႔ တကၠသိုလ္ေတြ၊ ေဆးရံုေတြမွာပဲ ဝင္ေရာက္ စီးနင္း စခန္းခ် တာေတြ လုပ္ခဲ့တဲ့ေနာက္မွာ ျမန္မာႏိုင္ငံက ၾသဇာႀကီးတဲ့ မဟာမိတ္ အလုပ္သမားအဖြဲ႔အစည္းမ်ားက မတ္လ ၈ ရက္ တနလၤာေန႔ကစၿပီးး တႏိုင္ငံလံုး အတိုင္းအတာနဲ႔ အေထြေထြသပိတ္ႀကီး ေမွာက္ဖို႔ ေၾကညာခ်က္ ထုတ္ျပန္ ေဆာ္ၾသလိုက္ပါတယ္။

ျမန္မာႏိုင္ငံမွာ စစ္တပ္အာဏာသိမ္းမႈ ရပ္ဆိုင္းေအာင္ ႀကိဳးစားတဲ့အေနနဲ႔ တႏိုင္ငံလံုး “အလုပ္မဆင္း၊ အလုပ္ရပ္ လႈပ္ရွားမႈ လုပ္ေဆာင္ ၾကဖို႔ ျမန္မာႏိုင္ငံက အလုပ္သမားသမဂၢနဲ႔ အဖြဲ႔အစည္းေပါင္း ၁၈ ခုက ေၾကညာခ်က္ ထုတ္ျပန္ေတာင္းဆိုလိုက္တာပါ။

စီးပြါးေရး လုပ္ငန္းေဆာင္တာေတြကို ပံုမွန္လုပ္ၿပီး အေထြေထြ အလုပ္ရပ္ လႈပ္ရွားမႈ လုပ္ဖို႔ ၾကန္႔ၾကာေနမယ္ဆိုရင္ အာဏာကို ခ်ဳပ္ကိုင္ထားတဲ့ စစ္တပ္မတြက္ပဲ အက်ိဳးရွိမွာ ျဖစ္ၿပီး အခုအခ်ိန္ဟာ ဒီမိုကေရစီကို ခုခံကာကြယ္ရမယ့္ အခ်ိန္ျဖစ္တဲ့ အတြက္ အလုပ္ရပ္လႈပ္ရွားမႈကို လုပ္ေဆာင္ဖို႔ ပန္ၾကားထားတာ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံ အထည္ခ်ဳပ္လုပ္ငန္း အလုပ္သမားသမဂၢ ဥကၠဌ မမိုးစႏၵာျမင့္ကေတာ့ အလုပ္သမား အမ်ားစုပါဝင္ပူးေပါင္းလာမယ္လို႔ သူယံုၾကည္ေၾကာင္းနဲ႔ စစ္အာဏာရွင္ ျပဳတ္က်တဲ့အထိ ဒီအေထြေထြ သပိတ္ကို ဆက္လုပ္သြားၾကဖို႔ တိုက္တြန္းပါတယ္။

အခုလို ျမန္မာအလုပ္သမားအဖြဲ႔အစည္း ေတြက အေထြေထြ သပိတ္ေမွာက္ဖို႔ လုပ္ေဆာင္ေနတာနဲ႔ ပတ္သက္ၿပီး အာဏာသိမ္းထားတဲ့ စစ္တပ္ရဲ့ သေဘာထားကို သိရဖို႔ ဆက္သြယ္ေပမယ့္ ဖံုးလက္ခံ ေျဖၾကားတာ မရွိေၾကာင္း ရိုက္တာ သတင္းမွာ ေရးပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------------

ပြည်လုံးကျွတ် အာဏာဖီဆန်ရေးအတွက် မဟာမိတ် အလုပ်သမားအဖွဲ့အစည်းများ နှိုးဆော်

အာဏာသိမ်းထားတဲ့ စစ်တပ်က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းတာတွေနဲ့ တက္ကသိုလ်တွေ၊ ဆေးရုံတွေမှာပဲ ဝင်ရောက် စီးနင်း စခန်းချ တာတွေ လုပ်ခဲ့တဲ့နောက်မှာ မြန်မာနိုင်ငံက သြဇာကြီးတဲ့ မဟာမိတ် အလုပ်သမားအဖွဲ့အစည်းများက မတ်လ ၈ ရက် တနင်္လာနေ့ကစပြီးး တနိုင်ငံလုံး အတိုင်းအတာနဲ့ အထွေထွေသပိတ်ကြီး မှောက်ဖို့ ကြေညာချက် ထုတ်ပြန် ဆော်သြလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ရပ်ဆိုင်းအောင် ကြိုးစားတဲ့အနေနဲ့ တနိုင်ငံလုံး “အလုပ်မဆင်း၊ အလုပ်ရပ် လှုပ်ရှားမှု လုပ်ဆောင် ကြဖို့ မြန်မာနိုင်ငံက အလုပ်သမားသမဂ္ဂနဲ့ အဖွဲ့အစည်းပေါင်း ၁၈ ခုက ကြေညာချက် ထုတ်ပြန်တောင်းဆိုလိုက်တာပါ။

စီးပွါးရေး လုပ်ငန်းဆောင်တာတွေကို ပုံမှန်လုပ်ပြီး အထွေထွေ အလုပ်ရပ် လှုပ်ရှားမှု လုပ်ဖို့ ကြန့်ကြာနေမယ်ဆိုရင် အာဏာကို ချုပ်ကိုင်ထားတဲ့ စစ်တပ်မတွက်ပဲ အကျိုးရှိမှာ ဖြစ်ပြီး အခုအချိန်ဟာ ဒီမိုကရေစီကို ခုခံကာကွယ်ရမယ့် အချိန်ဖြစ်တဲ့ အတွက် အလုပ်ရပ်လှုပ်ရှားမှုကို လုပ်ဆောင်ဖို့ ပန်ကြားထားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အထည်ချုပ်လုပ်ငန်း အလုပ်သမားသမဂ္ဂ ဥက္ကဌ မမိုးစန္ဒာမြင့်ကတော့ အလုပ်သမား အများစုပါဝင်ပူးပေါင်းလာမယ်လို့ သူယုံကြည်ကြောင်းနဲ့ စစ်အာဏာရှင် ပြုတ်ကျတဲ့အထိ ဒီအထွေထွေ သပိတ်ကို ဆက်လုပ်သွားကြဖို့ တိုက်တွန်းပါတယ်။

အခုလို မြန်မာအလုပ်သမားအဖွဲ့အစည်း တွေက အထွေထွေ သပိတ်မှောက်ဖို့ လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး အာဏာသိမ်းထားတဲ့ စစ်တပ်ရဲ့ သဘောထားကို သိရဖို့ ဆက်သွယ်ပေမယ့် ဖုံးလက်ခံ ဖြေကြားတာ မရှိကြောင်း ရိုက်တာ သတင်းမှာ ရေးပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG