[Zawgyi/Unicode]
တနိုင္ငံလုံးအတိုင္းတာနဲ႔ စစ္အာဏာရွင္ဆန္႔က်င္ေရး သပိတ္ေမွာက္ဆႏၵျပမႈေတြ ေန႔စဥ္ရွိေနခ်ိန္မွာပဲ ရွမ္းျပည္နယ္နဲ႔ ပဲခူးတိုင္းမွာလည္း ဆႏၵျပမႈေတြ ရွိေနသလို တခ်ိဳ႕ျမိဳ႕နယ္မွာ လုံျခံဳေရးရဲတပ္ဖြဲ႕ကေန သပိတ္ျဖိဳခြင္းမႈ၊ ဖမ္းဆီးမႈေတြ ရွိေနတာပါ။ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုနိုင္ကြန္အိန္က ေျပာျပေပးမွာပါ။
ရွမ္းျပည္နယ္ေျမာက္ပိုင္း မူဆယ္ၿမိဳ႕မွာ ဒီကေန႔ ဆႏၵျပပြဲမွာ သပိတ္စစ္ေၾကာင္း ၿဖိဳခြဲခံရလို႔ ထိခိုက္မႈ ရွိသလို အဖမ္းအဆီး ရွိေနတယ္လို႔ မူဆယ္သပိတ္ေခါင္းေဆာင္တဦးက ဆိုပါတယ္။
“သပိတ္စစ္ေၾကာင္းနဲ႔ သူတို႔ ေနာက္က ရဲစစ္တပ္အင္အားနဲ႔ ဆုံတဲ့အခါက်ေတာ့ က်ေနာ္တို႔ လူငယ္ေလးေတြက ေရွ႕မွာကာၾကတယ္ေပါ့ေနာ္။ ရဲက ဘာေအာ္လဲဆိုေတာ့... လူစုခြဲဖို႔ ေအာ္ေနတယ္။ အဲဒီေတာ့ က်ေနာ္တို႔ လူငယ္ေတြကေျပာတာေပါ့။ က်ေနာ္တို႔ လူစုခြဲေပးမယ္။ က်ေနာ္တို႔ကို ဘယ္ႏွစ္မိနစ္၊ အခ်ိန္ဘယ္ေလာက္ေပးမလဲ။ က်ေနာ္တို႔ လူစုခြဲေပးမယ္ အဲဒါေျပာတယ္။ ဒါေပမဲ့ ရဲဘက္က အဲဒီလိုေျပာတာကို သူတို႔ နားမေထာင္ဘူး။ ေနာက္ဆုံး မ်က္ရည္ယိုဗံုးနဲ႔ သူတို႔ စၿပီးေတာ့ ပစ္တယ္ဗ်။ မ်က္ရည္ယိုဗံုးနဲ႔ စပစ္တဲ့အခ်ိန္မွာ က်ေနာ္တို႔ စီတန္းျပတဲ့အဖြဲ႕ေတြ ေရဗူးေတြ၊ ဘာေတြနဲ႔ နည္းနည္း ျပန္ၿပီးေတာ့ျပတဲ့သေဘာမ်ိဳးရွိတယ္ဗ်။ အဲဒီအခ်ိန္မွာ ရဲကေနၿပီးေတာ့ ရာဘာက်ည္နဲ႔ စပစ္တယ္။ ၿပီးရင္ေနာက္ က်ည္အစစ္ေတြနဲ႔ လိုက္ပစ္တယ္။ အထိခိုက္က ေလာေလာဆယ္မွာ တေယာက္ကေတာ့ က်ည္မွန္သြားတယ္ဗ်။ ေယက်္ားေလး ၅ ေယာက္၊ မိန္းကေလး ၁ ေယာက္ေပါ့ေနာ္... အကုန္လုံး လူငယ္ေလးေတြခ်ည္းပဲ။ သူတို႔အခု ရဲစခန္းမွာဗ်။ သူတို႔ ဖမ္းထားတယ္။”
အဖမ္းဆီးခံထားရတဲ့ ဆႏၵျပသူ ၆ ေယာက္ကေတာ့ မူဆယ္ရဲစခန္းမွာ ထိန္းသိမ္းခံထားရတာပါ။
မူဆယ္မွာေတာ့ စစ္အဏာရွင္ဆန္႔က်င္ေရး သပိတ္ေမွာက္ဆႏၵျပမႈေတြ ေန႔စဥ္ရွိေနခ်ိန္မွာပဲ CDM လုပ္တဲ့ ၀န္ထမ္းတခ်ိဳ႕ ၿခိမ္းေျခာက္မႈေတြ ၾကံဳေနရပါတယ္။
ရွမ္းျပည္နယ္လြိဳင္လင္ၿမိဳ႕မွာလည္း ဆႏၵျပသူေတြ အဖမ္းဆီးခံရတယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန တဦးကေျပာပါတယ္။
“အဖမ္းခံရတာကေလ ကေလးေတြေရာ၊ လူႀကီးေရာေပါ့... ၁၃ ေယာက္ဖမ္းထားတယ္လို႕ သိရတယ္။ သူတို႔ကို စစ္ေဆးေနတုန္းလို႔ သိရတယ္။ လြိဳင္လင္ဘက္ကိုေလ။”
လားရွိုးမွာ ဆႏၵျပသူေတြကိုပစ္ခတ္ၿဖိဳခြင္းခံရသလို လူ ၇ ဦး အဖမ္းခံရတယ္လို႔ CDM လုပ္ေနတဲ့ ဝန္ထမ္းတဦးက ဆိုပါတယ္။
“ဆႏၵျပ ၂ ေနရာျဖိဳခြင္းတယ္။ မႏၱေလးလမ္းဆုံရယ္၊ ေနာက္တခုက သုခလမ္းရယ္ရွင္။ အဲဒါ မ်က္ရည္ယိုဗံုးေတြနဲ႔ ျဖိဳခြင္းတယ္။ စုစုေပါင္း ၇ ေယာက္ အဖမ္းခံရတယ္လို႔ ေျပာတယ္ရွင့္။”
၇ ဦးထဲက ေနာက္ထပ္မိန္းကေလးတစ္ဦးကို လႊတ္ေပးလိုက္ေပမဲ့ အမ်ိဳးသားေျခာက္ေယာက္ အဖမ္းခံလိုက္ရပါတယ္။
ပဲခူးတိုင္း ပဲခူးၿမိဳ႕ဘက္မွာလည္း သပိတ္စစ္ေၾကာင္း ၿဖိဳခြင္းခံရတယ္လို႕ သပိတ္ေခါင္းေဆာင္တဦးကဆိုပါတယ္။
“CDM နဲ႔ ဗကသေတြ စထြက္တဲ့အခ်ိန္မွာ ရဲနဲ႕စစ္တပ္ေတြအလုံးအရင္းနဲ႔ ေရာက္လာၿပီးေတာ့ ဗုံးပုံစံမ်ိဳး တခ်က္၊ ႏွစ္ခ်က္ ပစ္တယ္။ ဒီဘက္က ရပ္ကြက္က လူေတြထြက္လာေတာ့ မ်က္ရည္ယိုဗံုးနဲ႔ တခါထပ္ပစ္တယ္။ ထိခိုက္မႈေတာ့ေလာေလာဆယ္ဆယ္ေတာ့ ရာဘာက်ည္ေသနတ္ တေယာက္ထိတယ္ေပါ့.. ေပါင္မွာ။ မီးခိုးမိႈင္းေတာ့ ထိၾကတာေပါ့ေနာ္... လူငယ္ေတြ။”
ပဲခူးၿမိဳ႕သပိတ္မွာေတာ့ ၿမိဳ႕အေနာက္ဘက္ျခမ္းမွာ ရွိတဲ့ CDM အလႊာစုံသပိတ္ရယ္၊ ျမိဳ႕ဘက္ျခမ္းမွာ ေက်ာင္းသားသမဂၢ ဦးေဆာင္သပိတ္စစ္ေၾကာင္း ေတြ႔ဆုံရာ ပဲခူးတံတားမွာ ဆုံေတြ႕ၾကျပီး မနက္ ၉ နာရီေက်ာ္မွာ သပိတ္ျဖိဳခြင္းခံရတာပါ။
ပဲခူးၿမိဳ႕ဘက္ျခမ္း သပိတ္စစ္ေၾကာင္းကေတာ့ ဒီေန႔လယ္ပိုင္းအထိ ဆႏၵျပေနသလို လုံျခံဳေရးအဖြဲ႕ေတြကေန လိုက္လံ ပစ္ခတ္တားဆီးမႈေတြ ရွိေနတယ္လို႔ ျမိဳ႕ခံတဦးကဆိုပါတယ္။
“ေန႔ခင္း ၁၂ ပိုင္းေလာက္က ပဲခူးလိပ္ျပာကန္ေရွ႕မွာ ရပ္ၾကည့္ေနတဲ့လူေတြ ျပန္ၿပီးေတာ့ၾကည့္ေနတဲ့လူေတြကို စစ္ကားေတြ၊ ရဲကားေတြကေန လွန္းပစ္ေနတာ ရွိတယ္။ လွည့္ေနတုန္းေပါ့။ ရမ္းသန္းၿပီး ပစ္တာမ်ိဳးေတြ။ ျပီးေတာ့ ဆိုင္ကယ္ေတြ... ကားနဲ႔ လိုက္တိုက္တာမ်ိဳးရွိတယ္။”
ေဖေဖာ္၀ါရီလ ၁ ရက္ေန႕မွာ တပ္မေတာ္ကေန နိုင္ငံေတာ္အာဏာအရပ္ရပ္ကို ထိန္းသိမ္းလိုက္ၿပီးေနာက္မွာ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္၊ နိုင္ငံေတာ္သမၼတအပါအ၀င္ အစိုးရအဖြဲ႕၀င္၀န္ၾကီးေတြ၊ လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ တက္ၾကြလႈပ္ရွားသူေတြ ဖမ္းဆီးထိန္းသိမ္းခံေနရပါတယ္။
တပ္မေတာ္ကေန အာဏာထိန္းသိမ္းလိုက္တဲ့ လုပ္ေဆာင္ခ်က္အေပၚ တိုင္းနဲ႔ ျပည္နယ္ အားလုံးမွာ ကန္႔ကြက္ဆႏၵျပမႈေတြ ရွိလာျပီး ဖမ္းဆီးမႈေတြကလည္း တိုးလာေနပါတယ္။
[Unicode Version]
ရှမ်းနဲ့ ပဲခူးသပိတ်စစ်ကြောင်းများ ဖြိုခွင်းခံရမှု ထိခိုက်၊ ဖမ်းဆီးခံရမှု ရှိ
တနိုင်ငံလုံးအတိုင်းတာနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြမှုတွေ နေ့စဉ်ရှိနေချိန်မှာပဲ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်းမှာလည်း ဆန္ဒပြမှုတွေ ရှိနေသလို တချို့မြို့နယ်မှာ လုံခြုံရေးရဲတပ်ဖွဲ့ကနေ သပိတ်ဖြိုခွင်းမှု၊ ဖမ်းဆီးမှုတွေ ရှိနေတာပါ။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်အိန်က ပြောပြပေးမှာပါ။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာ ဒီကနေ့ ဆန္ဒပြပွဲမှာ သပိတ်စစ်ကြောင်း ဖြိုခွဲခံရလို့ ထိခိုက်မှု ရှိသလို အဖမ်းအဆီး ရှိနေတယ်လို့ မူဆယ်သပိတ်ခေါင်းဆောင်တဦးက ဆိုပါတယ်။
“သပိတ်စစ်ကြောင်းနဲ့ သူတို့ နောက်က ရဲစစ်တပ်အင်အားနဲ့ ဆုံတဲ့အခါကျတော့ ကျနော်တို့ လူငယ်လေးတွေက ရှေ့မှာကာကြတယ်ပေါ့နော်။ ရဲက ဘာအော်လဲဆိုတော့... လူစုခွဲဖို့ အော်နေတယ်။ အဲဒီတော့ ကျနော်တို့ လူငယ်တွေကပြောတာပေါ့။ ကျနော်တို့ လူစုခွဲပေးမယ်။ ကျနော်တို့ကို ဘယ်နှစ်မိနစ်၊ အချိန်ဘယ်လောက်ပေးမလဲ။ ကျနော်တို့ လူစုခွဲပေးမယ် အဲဒါပြောတယ်။ ဒါပေမဲ့ ရဲဘက်က အဲဒီလိုပြောတာကို သူတို့ နားမထောင်ဘူး။ နောက်ဆုံး မျက်ရည်ယိုဗုံးနဲ့ သူတို့ စပြီးတော့ ပစ်တယ်ဗျ။ မျက်ရည်ယိုဗုံးနဲ့ စပစ်တဲ့အချိန်မှာ ကျနော်တို့ စီတန်းပြတဲ့အဖွဲ့တွေ ရေဗူးတွေ၊ ဘာတွေနဲ့ နည်းနည်း ပြန်ပြီးတော့ပြတဲ့သဘောမျိုးရှိတယ်ဗျ။ အဲဒီအချိန်မှာ ရဲကနေပြီးတော့ ရာဘာကျည်နဲ့ စပစ်တယ်။ ပြီးရင်နောက် ကျည်အစစ်တွေနဲ့ လိုက်ပစ်တယ်။ အထိခိုက်က လောလောဆယ်မှာ တယောက်ကတော့ ကျည်မှန်သွားတယ်ဗျ။ ယေကျ်ားလေး ၅ ယောက်၊ မိန်းကလေး ၁ ယောက်ပေါ့နော်... အကုန်လုံး လူငယ်လေးတွေချည်းပဲ။ သူတို့အခု ရဲစခန်းမှာဗျ။ သူတို့ ဖမ်းထားတယ်။”
အဖမ်းဆီးခံထားရတဲ့ ဆန္ဒပြသူ ၆ ယောက်ကတော့ မူဆယ်ရဲစခန်းမှာ ထိန်းသိမ်းခံထားရတာပါ။
မူဆယ်မှာတော့ စစ်အဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်ဆန္ဒပြမှုတွေ နေ့စဉ်ရှိနေချိန်မှာပဲ CDM လုပ်တဲ့ ဝန်ထမ်းတချို့ ခြိမ်းခြောက်မှုတွေ ကြုံနေရပါတယ်။
ရှမ်းပြည်နယ်လွိုင်လင်မြို့မှာလည်း ဆန္ဒပြသူတွေ အဖမ်းဆီးခံရတယ်လို့ တရားလွှတ်တော်ရှေ့နေ တဦးကပြောပါတယ်။
“အဖမ်းခံရတာကလေ ကလေးတွေရော၊ လူကြီးရောပေါ့... ၁၃ ယောက်ဖမ်းထားတယ်လို့ သိရတယ်။ သူတို့ကို စစ်ဆေးနေတုန်းလို့ သိရတယ်။ လွိုင်လင်ဘက်ကိုလေ။”
လားရှိုးမှာ ဆန္ဒပြသူတွေကိုပစ်ခတ်ဖြိုခွင်းခံရသလို လူ ၇ ဦး အဖမ်းခံရတယ်လို့ CDM လုပ်နေတဲ့ ဝန်ထမ်းတဦးက ဆိုပါတယ်။
“ဆန္ဒပြ ၂ နေရာဖြိုခွင်းတယ်။ မန္တလေးလမ်းဆုံရယ်၊ နောက်တခုက သုခလမ်းရယ်ရှင်။ အဲဒါ မျက်ရည်ယိုဗုံးတွေနဲ့ ဖြိုခွင်းတယ်။ စုစုပေါင်း ၇ ယောက် အဖမ်းခံရတယ်လို့ ပြောတယ်ရှင့်။”
၇ ဦးထဲက နောက်ထပ်မိန်းကလေးတစ်ဦးကို လွှတ်ပေးလိုက်ပေမဲ့ အမျိုးသားခြောက်ယောက် အဖမ်းခံလိုက်ရပါတယ်။
ပဲခူးတိုင်း ပဲခူးမြို့ဘက်မှာလည်း သပိတ်စစ်ကြောင်း ဖြိုခွင်းခံရတယ်လို့ သပိတ်ခေါင်းဆောင်တဦးကဆိုပါတယ်။
“CDM နဲ့ ဗကသတွေ စထွက်တဲ့အချိန်မှာ ရဲနဲ့စစ်တပ်တွေအလုံးအရင်းနဲ့ ရောက်လာပြီးတော့ ဗုံးပုံစံမျိုး တချက်၊ နှစ်ချက် ပစ်တယ်။ ဒီဘက်က ရပ်ကွက်က လူတွေထွက်လာတော့ မျက်ရည်ယိုဗုံးနဲ့ တခါထပ်ပစ်တယ်။ ထိခိုက်မှုတော့လောလောဆယ်ဆယ်တော့ ရာဘာကျည်သေနတ် တယောက်ထိတယ်ပေါ့.. ပေါင်မှာ။ မီးခိုးမှိုင်းတော့ ထိကြတာပေါ့နော်... လူငယ်တွေ။”
ပဲခူးမြို့သပိတ်မှာတော့ မြို့အနောက်ဘက်ခြမ်းမှာ ရှိတဲ့ CDM အလွှာစုံသပိတ်ရယ်၊ မြို့ဘက်ခြမ်းမှာ ကျောင်းသားသမဂ္ဂ ဦးဆောင်သပိတ်စစ်ကြောင်း တွေ့ဆုံရာ ပဲခူးတံတားမှာ ဆုံတွေ့ကြပြီး မနက် ၉ နာရီကျော်မှာ သပိတ်ဖြိုခွင်းခံရတာပါ။
ပဲခူးမြို့ဘက်ခြမ်း သပိတ်စစ်ကြောင်းကတော့ ဒီနေ့လယ်ပိုင်းအထိ ဆန္ဒပြနေသလို လုံခြုံရေးအဖွဲ့တွေကနေ လိုက်လံ ပစ်ခတ်တားဆီးမှုတွေ ရှိနေတယ်လို့ မြို့ခံတဦးကဆိုပါတယ်။
“နေ့ခင်း ၁၂ ပိုင်းလောက်က ပဲခူးလိပ်ပြာကန်ရှေ့မှာ ရပ်ကြည့်နေတဲ့လူတွေ ပြန်ပြီးတော့ကြည့်နေတဲ့လူတွေကို စစ်ကားတွေ၊ ရဲကားတွေကနေ လှန်းပစ်နေတာ ရှိတယ်။ လှည့်နေတုန်းပေါ့။ ရမ်းသန်းပြီး ပစ်တာမျိုးတွေ။ ပြီးတော့ ဆိုင်ကယ်တွေ... ကားနဲ့ လိုက်တိုက်တာမျိုးရှိတယ်။”
ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ တပ်မတော်ကနေ နိုင်ငံတော်အာဏာအရပ်ရပ်ကို ထိန်းသိမ်းလိုက်ပြီးနောက်မှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတအပါအဝင် အစိုးရအဖွဲ့ဝင်ဝန်ကြီးတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးထိန်းသိမ်းခံနေရပါတယ်။
တပ်မတော်ကနေ အာဏာထိန်းသိမ်းလိုက်တဲ့ လုပ်ဆောင်ချက်အပေါ် တိုင်းနဲ့ ပြည်နယ် အားလုံးမှာ ကန့်ကွက်ဆန္ဒပြမှုတွေ ရှိလာပြီး ဖမ်းဆီးမှုတွေကလည်း တိုးလာနေပါတယ်။