[Zawgyi/Unicode]
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ ဆႏၵျပကန္႔ကြက္မႈေတြကို အၾကမ္းဖက္ႏွိမ္နင္းေနရာမွာ၊ သတင္းလိုက္ယူေနတဲ့ သတင္းမီဒီယာေတြလည္း အၾကမ္းဖက္ႏွိမ္နင္းခံေနရပါတယ္။ ဒီကေန႔ ေန႔လယ္ပိုင္းမွာ ရန္ကုန္မွာရွိတဲ့ Myanmar Now သတင္းဌာနကို လက္နက္ကိုင္ေတြ ဝင္ေရာက္စီးနင္းခဲ့သလို၊ သတင္းရယူေနခ်ိန္ ဖမ္းဆီးခံရတဲ့ သတင္းေထာက္ေတြလည္း ရွိခဲ့ပါတယ္။ အျပည့္အစုံကိုေတာ့ ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မစုစုက ေျပာျပမွာပါ။
ရန္ကုန္ၿမိဳ႕မွာရွိတဲ့ Myanmar Now သတင္းဌာနကို ဒီကေန႔ ေန႔လယ္ပိုင္းတုန္းက စစ္ကား ၅ စီးနဲ႔ လက္နက္ကိုင္ေတြ ဝင္ေရာက္စီးနင္းၿပီး စာ႐ြက္စာတမ္း တခ်ိဳ႕ယူသြားတယ္လို႔ သိရပါတယ္။ ကပ္ေရာဂါကာလကတည္းက ႐ုံးပိတ္ထားတာျဖစ္လို႔ ဖမ္းဆီးေခၚေဆာင္ခံရသူ မရွိခဲ့ေပမဲ့ သိမ္းဆည္းသြားတဲ့ ပစၥည္းစာရင္းေတြကိုေတာ့ အတိအက်မသိရေသးဘူးလို႔ Myanmar Now အဖြဲ႕ဝင္တဦးက ေျပာပါတယ္။
"ဘယ္သူမွ မရွိတဲ့အခ်ိန္ ႐ုံးကိုဝင္စီးၿပီး ပစၥည္းေတြ သိမ္းသြားတယ္ပဲ သိရေသးတယ္။ ႐ုံးမေရာက္ေသးလို႔ အေျခအေနအေသးစိတ္ကိုေတာ့ မသိရေသးဘူး။ လူကို ဖမ္းခ်င္တာလား၊ ၿခိမ္းေျခာက္ခ်င္တာလား၊ သူတို႔ရဲ႕ ရည္႐ြယ္ခ်က္က ဘာလဲဆိုတာေတာ့မသိဘူး။ ႐ုံးအဖြဲ႕အကုန္လုံးက ကိုဗစ္ကာလကတည္းက အိမ္ကေနပဲ အလုပ္လုပ္ၾကတာဆိုေတာ့ ႐ုံးပိတ္ထားတာၾကာၿပီ။"
ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ ၂၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕၊ ေျမနီကုန္းမွာ သတင္းရယူေနခ်ိန္ Myanmar Now သတင္းေထာက္ မေကဇြန္ေႏြးကိုလည္း ရဲဝတ္စုံဝတ္ လက္နက္ကိုင္ေတြဘက္က ဖမ္းဆီးခဲ့ပါတယ္။ ရာဇသတ္ႀကီး ပုဒ္မ ၅၀၅ (က) နဲ႔ အမႈဖြင့္ထားၿပီး၊ အင္းစိန္အက်ဥ္းေထာင္မွာ ဖမ္းဆီးထားတယ္လို႔ သိရပါတယ္။
ဒီကေန႔ ေတာင္ႀကီးၿမိဳ႕မွာ သတင္းရယူေနခ်ိန္ အဖမ္းခံခဲ့ရတဲ့ Eastern Review သတင္းဌာနက တာဝန္ခံအယ္ဒီတာ စိုင္းဇင္ဒီဒီဇုံကိုေတာ့ ဖမ္းဆီးၿပီး သိပ္မၾကာခင္မွာ ျပန္လႊတ္ေပးခဲ့ပါတယ္။ ဖမ္းဆီးထားခ်ိန္မွာ လက္ထိပ္ခတ္ ခ်ဳပ္ေႏွာင္ထားၿပီး၊ ဖုန္းနဲ႔ ကင္မရာကိုသိမ္းတာ၊ အၾကမ္းဖက္ ၿဖိဳခြင္းစဥ္ေတာက္ေလွ်ာက္ ကားေပၚမွာတင္ေဆာင္ထားတယ္လို႔ ကာကယံရွင္ျဖစ္သူ စိုင္းဇင္ဒီဒီဇုံက ေျပာပါတယ္။
"အဲဒီ သူတို႔ကားေပၚမွာ ၿဖိဳခြဲေရးလုပ္ေနခ်ိန္မွာ က်ေနာ္လည္း ပါသြားတာေပါ့ဗ်ာ။ သူတို႔လည္း ၿဖိဳခြဲေရးလုပ္ၿပီးၿပီဆိုတဲ့အခ်ိန္မွ က်ေနာ့္ကို လက္မွတ္ထိုးခိုင္းၿပီးမွ ျပန္လႊတ္ေပးတာေပါ့ေနာ္။ လက္မွတ္ထိုးတယ္ဆိုတာကလည္း သူတို႔သိမ္းလိုက္တဲ့ပစၥည္းေတြ ေကာင္းေကာင္းမြန္မြန္ျပန္ရတယ္ဆိုတဲ့အေၾကာင္း၊ က်ေနာ့္ကို ဘာမွမလုပ္ဘူးဆိုတဲ့ အေၾကာင္းေပါ့ဗ်ာ ... ဒဏ္ရာရေအာင္ ဘာမွမလုပ္ပါဆိုတဲ့အေၾကာင္း အဲဒီလိုမ်ိဳး လက္မွတ္ထိုးခိုင္းတယ္။ ပစၥည္းျပန္ရရခ်င္းေတာ့ က်ေနာ္လည္း တခ်က္လိုသြားတယ္၊ ျပန္မစစ္လိုက္မိဘူး။ အျပင္ေရာက္ေတာ့မွပဲ Memory Card ျပန္ပါမလာေတာ့ဘူးဆိုတာ သိလိုက္ရတယ္။"
ဒီကေန႔ ေျမာက္ဥကၠလာမွာ သတင္းသြားယူေနတဲ့ Red News Agency ရဲ႕ အယ္ဒီတာျဖစ္သူ ကိုဝင္းေဇာ္ႏိုင္ကိုလည္း လက္နက္ကိုင္ေတြက ဒီကေန႔ ညေနပိုင္းမွာ ဖမ္းဆီးေခၚေဆာင္သြားတယ္လို႔ သိရပါတယ္။
စစ္တပ္က အာဏာသိမ္းၿပီးေနာက္ အၾကမ္းဖက္ႏွိမ္နင္းခံရတဲ့အထဲမွာ သတင္းရယူေနခ်ိန္ ဖမ္းဆီးခံရတဲ့ သတင္းေထာက္ ၃၀ ေက်ာ္ ရွိခဲ့ၿပီး၊ ျပန္လြတ္လာသူ တခ်ိဳ႕လည္း ရွိခဲ့ပါတယ္။ ဒီကေန႔ မတ္လ ၈ ရက္ အထိ ဖမ္းဆီးခံထားရသူ သတင္းသမား ၈ ဦးထက္မနည္း ရွိေနၿပီး၊ အမႈဖြင့္ခံထားရသူေတြ ရွိသလို၊ ဖမ္းဆီးခံရၿပီးခ်ိန္ကစ မိသားစုနဲ႔ ေတြ႕ခြင့္မရေတာ့ဘဲ ခ်ဳပ္ေႏွာင္ခံထားရသူေတြလည္း ရွိပါတယ္။
ဆႏၵျပသူေတြကို အင္အားသုံးအၾကမ္းဖက္ ၿဖိဳခြဲရာမွာ သတင္းသမားေတြကိုပါ ပစ္မွတ္ထား ဖမ္းဆီးအေရးယူတာေတြ ရွိေနတဲ့အေပၚ ကုလသမဂၢနဲ႔ ႏိုင္ငံတကာအသိုင္းအဝန္းကလည္း ေဝဖန္သတိေပးေနပါတယ္။ အေမရိကန္လႊတ္ေတာ္ သတင္းလြတ္လပ္ခြင့္အဖြဲ႕ကေတာ့ ဖမ္းဆီးထားတဲ့ သတင္းေထာက္ေတြကို ျပန္လႊတ္ေပးဖို႔ ေၾကညာခ်က္ထုတ္ျပန္ထားပါတယ္။
[Unicode Version]
Myanmar Now သတင်းဌာန စီးနင်းရှာဖွေခံရ
စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြကန့်ကွက်မှုတွေကို အကြမ်းဖက်နှိမ်နင်းနေရာမှာ၊ သတင်းလိုက်ယူနေတဲ့ သတင်းမီဒီယာတွေလည်း အကြမ်းဖက်နှိမ်နင်းခံနေရပါတယ်။ ဒီကနေ့ နေ့လယ်ပိုင်းမှာ ရန်ကုန်မှာရှိတဲ့ Myanmar Now သတင်းဌာနကို လက်နက်ကိုင်တွေ ဝင်ရောက်စီးနင်းခဲ့သလို၊ သတင်းရယူနေချိန် ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေလည်း ရှိခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မစုစုက ပြောပြမှာပါ။
ရန်ကုန်မြို့မှာရှိတဲ့ Myanmar Now သတင်းဌာနကို ဒီကနေ့ နေ့လယ်ပိုင်းတုန်းက စစ်ကား ၅ စီးနဲ့ လက်နက်ကိုင်တွေ ဝင်ရောက်စီးနင်းပြီး စာရွက်စာတမ်း တချို့ယူသွားတယ်လို့ သိရပါတယ်။ ကပ်ရောဂါကာလကတည်းက ရုံးပိတ်ထားတာဖြစ်လို့ ဖမ်းဆီးခေါ်ဆောင်ခံရသူ မရှိခဲ့ပေမဲ့ သိမ်းဆည်းသွားတဲ့ ပစ္စည်းစာရင်းတွေကိုတော့ အတိအကျမသိရသေးဘူးလို့ Myanmar Now အဖွဲ့ဝင်တဦးက ပြောပါတယ်။
"ဘယ်သူမှ မရှိတဲ့အချိန် ရုံးကိုဝင်စီးပြီး ပစ္စည်းတွေ သိမ်းသွားတယ်ပဲ သိရသေးတယ်။ ရုံးမရောက်သေးလို့ အခြေအနေအသေးစိတ်ကိုတော့ မသိရသေးဘူး။ လူကို ဖမ်းချင်တာလား၊ ခြိမ်းခြောက်ချင်တာလား၊ သူတို့ရဲ့ ရည်ရွယ်ချက်က ဘာလဲဆိုတာတော့မသိဘူး။ ရုံးအဖွဲ့အကုန်လုံးက ကိုဗစ်ကာလကတည်းက အိမ်ကနေပဲ အလုပ်လုပ်ကြတာဆိုတော့ ရုံးပိတ်ထားတာကြာပြီ။"
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ရန်ကုန်မြို့၊ မြေနီကုန်းမှာ သတင်းရယူနေချိန် Myanmar Now သတင်းထောက် မကေဇွန်နွေးကိုလည်း ရဲဝတ်စုံဝတ် လက်နက်ကိုင်တွေဘက်က ဖမ်းဆီးခဲ့ပါတယ်။ ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) နဲ့ အမှုဖွင့်ထားပြီး၊ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
ဒီကနေ့ တောင်ကြီးမြို့မှာ သတင်းရယူနေချိန် အဖမ်းခံခဲ့ရတဲ့ Eastern Review သတင်းဌာနက တာဝန်ခံအယ်ဒီတာ စိုင်းဇင်ဒီဒီဇုံကိုတော့ ဖမ်းဆီးပြီး သိပ်မကြာခင်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ ဖမ်းဆီးထားချိန်မှာ လက်ထိပ်ခတ် ချုပ်နှောင်ထားပြီး၊ ဖုန်းနဲ့ ကင်မရာကိုသိမ်းတာ၊ အကြမ်းဖက် ဖြိုခွင်းစဉ်တောက်လျှောက် ကားပေါ်မှာတင်ဆောင်ထားတယ်လို့ ကာကယံရှင်ဖြစ်သူ စိုင်းဇင်ဒီဒီဇုံက ပြောပါတယ်။
"အဲဒီ သူတို့ကားပေါ်မှာ ဖြိုခွဲရေးလုပ်နေချိန်မှာ ကျနော်လည်း ပါသွားတာပေါ့ဗျာ။ သူတို့လည်း ဖြိုခွဲရေးလုပ်ပြီးပြီဆိုတဲ့အချိန်မှ ကျနော့်ကို လက်မှတ်ထိုးခိုင်းပြီးမှ ပြန်လွှတ်ပေးတာပေါ့နော်။ လက်မှတ်ထိုးတယ်ဆိုတာကလည်း သူတို့သိမ်းလိုက်တဲ့ပစ္စည်းတွေ ကောင်းကောင်းမွန်မွန်ပြန်ရတယ်ဆိုတဲ့အကြောင်း၊ ကျနော့်ကို ဘာမှမလုပ်ဘူးဆိုတဲ့ အကြောင်းပေါ့ဗျာ ... ဒဏ်ရာရအောင် ဘာမှမလုပ်ပါဆိုတဲ့အကြောင်း အဲဒီလိုမျိုး လက်မှတ်ထိုးခိုင်းတယ်။ ပစ္စည်းပြန်ရရချင်းတော့ ကျနော်လည်း တချက်လိုသွားတယ်၊ ပြန်မစစ်လိုက်မိဘူး။ အပြင်ရောက်တော့မှပဲ Memory Card ပြန်ပါမလာတော့ဘူးဆိုတာ သိလိုက်ရတယ်။"
ဒီကနေ့ မြောက်ဥက္ကလာမှာ သတင်းသွားယူနေတဲ့ Red News Agency ရဲ့ အယ်ဒီတာဖြစ်သူ ကိုဝင်းဇော်နိုင်ကိုလည်း လက်နက်ကိုင်တွေက ဒီကနေ့ ညနေပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အကြမ်းဖက်နှိမ်နင်းခံရတဲ့အထဲမှာ သတင်းရယူနေချိန် ဖမ်းဆီးခံရတဲ့ သတင်းထောက် ၃၀ ကျော် ရှိခဲ့ပြီး၊ ပြန်လွတ်လာသူ တချို့လည်း ရှိခဲ့ပါတယ်။ ဒီကနေ့ မတ်လ ၈ ရက် အထိ ဖမ်းဆီးခံထားရသူ သတင်းသမား ၈ ဦးထက်မနည်း ရှိနေပြီး၊ အမှုဖွင့်ခံထားရသူတွေ ရှိသလို၊ ဖမ်းဆီးခံရပြီးချိန်ကစ မိသားစုနဲ့ တွေ့ခွင့်မရတော့ဘဲ ချုပ်နှောင်ခံထားရသူတွေလည်း ရှိပါတယ်။
ဆန္ဒပြသူတွေကို အင်အားသုံးအကြမ်းဖက် ဖြိုခွဲရာမှာ သတင်းသမားတွေကိုပါ ပစ်မှတ်ထား ဖမ်းဆီးအရေးယူတာတွေ ရှိနေတဲ့အပေါ် ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုင်းအဝန်းကလည်း ဝေဖန်သတိပေးနေပါတယ်။ အမေရိကန်လွှတ်တော် သတင်းလွတ်လပ်ခွင့်အဖွဲ့ကတော့ ဖမ်းဆီးထားတဲ့ သတင်းထောက်တွေကို ပြန်လွှတ်ပေးဖို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။