ချင်းပြည်နယ်ထဲက CDM ပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်တချို့ အိန္ဒိယ မီဇိုရမ်းပြည်နယ် ခုံလှုံ
ချင်းပြည်နယ်ကနေ အိန္ဒိယပိုင် မီဇိုရမ်းပြည်နယ်ကို ခိုလှုံလာတဲ့ ရဲတပ်ကြပ်တဦးက သူအပါအဝင် တိမ်ရှောင်လာသူ ရဲတပ်ဖွဲ့ဝင်တွေဟာ CDM လုပ်လာတာဖြစ်ပြီး အလုပ်ထွက်တာမဟုတ်ဘူးလို့ ပြောပါတယ်။ ဒီအကြောင်း ကိုခင်မောင်စိုးမင်း Facebook Messenger ကနေ မီဇိုရမ်းပြည်နယ်မှာ ရောက်ရှိနေတဲ့ အဆိုပါ ရဲတပ်ကြပ်ကို မေးမြန်းထားပါတယ်။