သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ေရာက္ ခ်င္းတုိင္းရင္းသားေတြနဲ႔ CRPH ကုလကုိယ္စားလွယ္ ေဒါက္တာဆာဆာ ျမန္မာ့အေရးေဆြးေႏြး


ေဒါက္တာဆာဆာ ႏွင့္ အေမရိကန္ျပည္ေထာင္စုေရာက္ ခ်င္းတုိင္းရင္းသား ေခါင္ေဆာင္မ်ား အြန္လိုင္းမွာ စည္းေဝးပဲြက်င္းပ။

[ ZAWGYI/ UNICODE ]

ျမန္မာႏိုင္ငံမွာ စစ္တပ္က အာဏာသိမ္းထားတဲ့ အၾကပ္အတည္းကို ေက်ာ္လႊားလြန္ေျမာက္ႏိုင္ဖို႔ ဘာေတြ ကူညီလုပ္ေဆာင္သင့္သလဲ ဆိုတာကို CRPH ရဲ႕ကုလသမဂၢဆိုင္ရာ အထူးကိုယ္စားလွယ္ ေဒါက္တာ ဆာဆာနဲ႔ အေမရိကန္ျပည္ေထာင္စုေရာက္ ခ်င္းတိုင္းရင္းသား လူမႈအဖြဲ႔အစည္း ေခါင္းေဆာင္ေတြ မတ္လ(၆)ရက္ေန႔က အြန္လိုင္းကတဆင့္ ေဆြးေႏြးခဲ့ၾကတဲ့အေၾကာင္း ကိုဉာဏ္ဝင္းေအာင္ ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

ေန႔စဥ္နဲ႔အမွ် လမ္းမေပၚထြက္ၿပီး ၿငိမ္းခ်မ္းစြာ ဆႏၵျပေနတဲ့ ျပည္သူေတြကို စစ္တပ္နဲ႔ရဲ တပ္ဖြဲ႔ဝင္ေတြက ပစ္ခတ္ႏွိမ္နင္းၿဖဳိခဲြမႈ ဆက္လုပ္ေနတာေၾကာင့္ ဒီအႀကပ္အတည္း အျမန္ အဆုံးသတ္ေစေရးနဲ႔ အနာဂတ္မွာ ၿငိမ္းခ်မ္းတဲ့ ဖယ္ဒရယ္ျပည္ေထာင္စုတရပ္ ေပၚေပါက္လာေစေရးအတြက္ ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ CRPH ရဲ႕ ကုလသမဂၢဆိုင္ရာ အထူးကိုယ္စားလွယ္ ေဒါက္တာ ဆာဆာနဲ႔ အေမရိကန္ေရာက္ ခ်င္းတိုင္းရင္းသား ေခါင္းေဆာင္ေတြၾကား စေနေန႔မနက္ ၉ နာရီဝန္းက်င္မွာ အြန္လိုင္းကတဆင့္ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။

ျမန္မာႏိုင္ငံရဲ႕ လက္ရွိ ႏုိင္ငံေရးအၾကပ္အတည္းမွာ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႔ EAOs ေတြ ၊ CRPH နဲ႔ ႏိုင္ငံေရးပါတီေတြၾကား ဟန္ခ်က္ညီညီ ဘယ္လို ေဆာင္ရြက္သင့္တယ္ ဆိုတာကို ဝိုင္းဝန္း ေဆြးေႏြး ခဲ့ၾကတယ္လို႔ ေဆြးေႏြးပဲြမွာ ပါဝင္သူတဦးျဖစ္တဲ့ အင္ဒီယားနားျပည္နယ္ ျမန္မာ-အေမရိကန္ လူမႈကူညီေရးအသင္း BACI ရဲ႕ အမႈေဆာင္ ဒါရိုက္တာ ကိုအီလိုင္းဇာဘာနီးက ေျပာပါတယ္။

" စစ္အာဏာ သိမ္းထားတဲ့အခ်ိန္မွာ CRPH နဲ႔ EAOs ေပါ့ တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႔အစည္းေတြရယ္ ၊ ႏိုင္ငံေရးပါတီေတြရယ္ ၊ အရပ္ဖြဲ႔ လူမႈအဖြဲ႔အစည္းေတြရယ္ ဒီဟာေတြ အားလုံးက စည္းလုံးညီညြတ္စြာနဲ႔ ႏိုင္ငံေရး ရည္မွန္းခ်က္ေရာက္ေအာင္ ဘယ္ကိစၥေတြမွာ က်ေနာ္တို႔ ပူးတဲြလုပ္ေဆာင္ၾကမလဲ ဆိုတာေတြကို က်ေနာ္တို႔ ေဆြးေႏြးၾကပါတယ္။ ဒီ အခ်ိန္ဟာ အေရးႀကီးတဲ့ အခ်ိန္လည္းျဖစ္တယ္ ဆိုေတာ့ ျမန္မာျပည္သူလူထု အားလုံး အပါအဝင္ က်ေနာ္တို႔ ဒီအျပင္မွာ ေရာက္ေနတဲ့ ႏိုင္ငံတကာ အသိုင္းအဝိုင္းက ေနၿပီးေတာ့မွ ဒီ Key Stakeholders အဓိကက်တဲ့ ဦးေဆာင္သူေတြၾကားမွာ ဘာလုပ္ ႏုိင္မလဲ ဘာလုပ္သင့္သလဲ ဆိုတဲ့ဟာေတြကို က်ေနာ္တုိ႔ ေဆြးေႏြးၾကတာျဖစ္တယ္။ "

ျမန္မာျပည္သူေတြ ေန႔စဥ္ရင္ဆုိင္ေနရတဲ့ အၾကမ္းဖက္ သတ္ျဖတ္ ခံေနရတဲ့ကိစၥ ေက်ာ္လႊားႏိုင္ဖို႔ ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ ဘာေတြလုပ္ေဆာင္ေနသလဲ ဆိုတာကို ေဒါက္တာ ဆာဆာက ရွင္းျပတဲ့အေၾကာင္း အြန္လိုင္းေဆြးေႏြးပဲြ တက္ေရာက္ခဲ့သူ ေမရီလန္းျပည္နယ္ ခ်င္းတုိင္းရင္းသားမ်ားအဖြဲ႔ ေခါင္းေဆာင္ ဦးဇိုသုန္းမႈန္က ေျပာပါတယ္။

" သူက လက္ရွိမွာ ကုလသမဂၢ လုံၿခဳံေရးေကာင္စီမွာ သူ တင္ျပတဲ့အခ်က္ေတြကို က်ေနာ္တို႔ေတြကို ျပန္ရွင္းျပတယ္။ ဒီ လုံၿခဳံေရးေကာင္စီ နည္းလမ္းတခုထဲ မဟုတ္ပဲနဲ႔ အျခားနည္းလမ္းေတြနဲ႔လည္း သူတို႔ ႀကဳိးစားေနပါတယ္ ဆိုတာကိုလည္း သူေျပာျပပါတယ္။ အခုလို က်ေနာ္တုိ႔ ေတြ႔ဆုံေဆြးေႏြးၾကတာက ပထမအႀကိမ္ဆိုေတာ့ ေနာက္တခါ ထပ္ေတြ႔မယ္လို႔ သူေျပာပါတယ္။ ၿပီးေတာ့ က်ေနာ္တုိ႔ဘက္ကလည္း အတတ္ႏိုင္ဆုံး ကူညီပါ့မယ္ က်ေနာ္တို႔ အားေပးေနပါတယ္လို႔ ေျပာၾကပါတယ္။ က်ေနာ္တို႔ကလည္း ေဒါက္တာဆာဆာ အေနနဲ႔ CRPH ကုိယ္စားလွယ္အေနနဲ႔ အခုလို အလုပ္လုပ္တာကို အားေပးေနတယ္ ဆုလည္း ဆုေတာင္းေပးပါတယ္လို႔ သူ႔ကို ေျပာပါတယ္။ "

အေမရိကန္ျပည္ေထာင္စုမွာ အေျခခ်ေနထုိင္ေနၾကတဲ့ ေသာင္းဂဏန္းရွိတဲ့ ခ်င္းတုိင္းရင္းသားေတြ အေနနဲ႔ ျမန္မာႏုိင္ငံအေရး ႀကိဳးပမ္းမႈေတြမွာ အားေပးကူညီခ်ဖုိ႔ ကိုယ္တုိင္ကလည္း ခ်င္းတုိင္းရင္းသားတဦးျဖစ္တဲ့ ေဒါက္တာဆာဆာက စေနေန႔ ေဆြးေႏြးရာမွာ တုိက္တြန္းခဲ့ပါတယ္ခင္ဗ်ာ။

တိုက္႐ိုက္ လင့္ခ္


= = = = = = =

[ UNICODE ]

အမေရိကန်ရောက် ချင်းတိုင်းရင်းသားတွေနဲ့ CRPH ကုလကိုယ်စားလှယ် ဒေါက်တာဆာဆာ မြန်မာ့အရေးဆွေးနွေး

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းထားတဲ့ အကြပ်အတည်းကို ကျော်လွှားလွန်မြောက်နိုင်ဖို့ ဘာတွေ ကူညီလုပ်ဆောင်သင့်သလဲ ဆိုတာကို CRPH ရဲ့ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ ဆာဆာနဲ့ အမေရိကန်ပြည်ထောင်စုရောက် ချင်းတိုင်းရင်းသား လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေ မတ်လ(၆)ရက်နေ့က အွန်လိုင်းကတဆင့် ဆွေးနွေးခဲ့ကြတဲ့အကြောင်း ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

နေ့စဉ်နဲ့အမျှ လမ်းမပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေကို စစ်တပ်နဲ့ရဲ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်နှိမ်နင်းဖြိုခွဲမှု ဆက်လုပ်နေတာကြောင့် ဒီအကြပ်အတည်း အမြန် အဆုံးသတ်စေရေးနဲ့ အနာဂတ်မှာ ငြိမ်းချမ်းတဲ့ ဖယ်ဒရယ်ပြည်ထောင်စုတရပ် ပေါ်ပေါက်လာစေရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ရဲ့ ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ ဆာဆာနဲ့ အမေရိကန်ရောက် ချင်းတိုင်းရင်းသား ခေါင်းဆောင်တွေကြား စနေနေ့မနက် ၉ နာရီဝန်းကျင်မှာ အွန်လိုင်းကတဆင့် ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေးအကြပ်အတည်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ EAOs တွေ ၊ CRPH နဲ့ နိုင်ငံရေးပါတီတွေကြား ဟန်ချက်ညီညီ ဘယ်လို ဆောင်ရွက်သင့်တယ် ဆိုတာကို ဝိုင်းဝန်း ဆွေးနွေး ခဲ့ကြတယ်လို့ ဆွေးနွေးပွဲမှာ ပါဝင်သူတဦးဖြစ်တဲ့ အင်ဒီယားနားပြည်နယ် မြန်မာ-အမေရိကန် လူမှုကူညီရေးအသင်း BACI ရဲ့ အမှုဆောင် ဒါရိုက်တာ ကိုအီလိုင်းဇာဘာနီးက ပြောပါတယ်။

" စစ်အာဏာ သိမ်းထားတဲ့အချိန်မှာ CRPH နဲ့ EAOs ပေါ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရယ် ၊ နိုင်ငံရေးပါတီတွေရယ် ၊ အရပ်ဖွဲ့ လူမှုအဖွဲ့အစည်းတွေရယ် ဒီဟာတွေ အားလုံးက စည်းလုံးညီညွတ်စွာနဲ့ နိုင်ငံရေး ရည်မှန်းချက်ရောက်အောင် ဘယ်ကိစ္စတွေမှာ ကျနော်တို့ ပူးတွဲလုပ်ဆောင်ကြမလဲ ဆိုတာတွေကို ကျနော်တို့ ဆွေးနွေးကြပါတယ်။ ဒီအချိန်ဟာ အရေးကြီးတဲ့ အချိန်လည်းဖြစ်တယ် ဆိုတော့ မြန်မာပြည်သူလူထု အားလုံး အပါအဝင် ကျနော်တို့ ဒီအပြင်မှာ ရောက်နေတဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက နေပြီးတော့မှ ဒီ Key Stakeholders အဓိကကျတဲ့ ဦးဆောင်သူတွေကြားမှာ ဘာလုပ်နိုင်မလဲ ဘာလုပ်သင့်သလဲ ဆိုတဲ့ဟာတွေကို ကျနော်တို့ ဆွေးနွေးကြတာဖြစ်တယ်။ "


မြန်မာပြည်သူတွေ နေ့စဉ်ရင်ဆိုင်နေရတဲ့ အကြမ်းဖက် သတ်ဖြတ် ခံနေရတဲ့ကိစ္စ ကျော်လွှားနိုင်ဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဘာတွေလုပ်ဆောင်နေသလဲ ဆိုတာကို ဒေါက်တာ ဆာဆာက ရှင်းပြတဲ့အကြောင်း အွန်လိုင်းဆွေးနွေးပွဲ တက်ရောက်ခဲ့သူ မေရီလန်းပြည်နယ် ချင်းတိုင်းရင်းသားများအဖွဲ့ ခေါင်းဆောင် ဦးဇိုသုန်းမှုန်က ပြောပါတယ်။

" သူက လက်ရှိမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သူ တင်ပြတဲ့အချက်တွေကို ကျနော်တို့တွေကို ပြန်ရှင်းပြတယ်။ ဒီ လုံခြုံရေးကောင်စီ နည်းလမ်းတခုထဲ မဟုတ်ပဲနဲ့ အခြားနည်းလမ်းတွေနဲ့လည်း သူတို့ ကြိုးစားနေပါတယ် ဆိုတာကိုလည်း သူပြောပြပါတယ်။ အခုလို ကျနော်တို့ တွေ့ဆုံဆွေးနွေးကြတာက ပထမအကြိမ်ဆိုတော့ နောက်တခါ ထပ်တွေ့မယ်လို့ သူပြောပါတယ်။ ပြီးတော့ ကျနော်တို့ဘက်ကလည်း အတတ်နိုင်ဆုံး ကူညီပါ့မယ် ကျနော်တို့ အားပေးနေပါတယ်လို့ ပြောကြပါတယ်။ ကျနော်တို့ကလည်း ဒေါက်တာဆာဆာ အနေနဲ့ CRPH ကိုယ်စားလှယ်အနေနဲ့ အခုလို အလုပ်လုပ်တာကို အားပေးနေတယ် ဆုလည်း ဆုတောင်းပေးပါတယ်လို့ သူ့ကို ပြောပါတယ်။ "

အမေရိကန်ပြည်ထောင်စုမှာ အခြေချနေထိုင်နေကြတဲ့ သောင်းဂဏန်းရှိတဲ့ ချင်းတိုင်းရင်းသားတွေ အနေနဲ့ မြန်မာနိုင်ငံအရေး ကြိုးပမ်းမှုတွေမှာ အားပေးကူညီချဖို့ ကိုယ်တိုင်ကလည်း ချင်းတိုင်းရင်းသားတဦးဖြစ်တဲ့ ဒေါက်တာဆာဆာက စနေနေ့ ဆွေးနွေးရာမှာ တိုက်တွန်းခဲ့ပါတယ်ခင်ဗျာ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG