{{Zawgyi/Unicode}}
ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ ေဒသခံလံုၿခံဳေရးအဖဲြ႔ေတြနဲ႔ စစ္တပ္ၾကား ညႈိႏႈိင္းသေဘာတူညီမႈအရ စစ္တပ္ရဲ႕စစ္ေၾကာင္းေတြကို မင္းတပ္ၿမိဳ႕ကို ျဖတ္သြားဖုိ႔ ခြင့္ျပဳလိုက္ပါတယ္။ တပ္ေတြ ဆက္လက္ဖမ္းထားတဲ့ ေဒသကာကြယ္ေရးအဖဲ႔ြထဲက လူငယ္ ၆ ေယာက္ျပန္လြတ္ေရးကိုလည္း ဆက္လက္ ညွိႏႈိင္းေနၾကပါတယ္။ ခ်င္းျပည္နယ္ ဟားခါးၿမိဳ႕နယ္မွာေတာ့ ေမလ ၆ ရက္ ၾကာသပေတးေန႔က ဖမ္းဆီးခံခဲ့ရတဲ့ ႐ြာသား ၁၂ ေယာက္ထဲက ၁၀ ေယာက္ ျပန္လြတ္လာေပမဲ့ ၂ ေယာက္မလြတ္ေသးဘူးလို႔ ေဒသခံေတြက ေျပာပါတယ္။ ခုလို ခ်င္းျပည္နယ္ဖက္က အေျခအေနေတြကို ဗီြအိုေအသတင္းေထာက္နိုင္ကြန္းအိန္ကေန ေျပာျပေပးမွာပါ။
ခ်င္းျပည္နယ္မင္းတပ္ၿမိဳ႕ဖက္မွာ နစက စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသကာကြယ္ေရးဖဲြ႔ထားတဲ့ လက္နက္ကိုင္အဖဲြ႔ေတြၾကား ၿပီးခဲ့တဲ့ သီတင္းပါတ္ေတြက တိုက္ပြဲေတြျပင္းျပင္းထန္ထန္ ျဖစ္ခဲ့ၿပီးေနာက္ စစ္တပ္နဲ႔ ေဒသခံေတြ ေဆြးေႏြးညႈိႏိႈင္းမႈေတြ လုပ္ေနတာမွာ ဒီေန႔ေတာ့ စစ္တပ္ယာဥ္တန္းေတြကို ေဒသခံေတြက မင္းတပ္ၿမိဳ႕ကို ျဖတ္ေက်ာ္ခြင့္ ေပးလိုက္ပါတယ္။
တပ္က ဖမ္းဆီးထားတဲ့ ကာကြယ္ေရးအဖဲြ႔ဝင္ လူငယ္ေတြကို ျပန္လႊတ္ေပးေရးအပါအဝင္ ေဒသခံေတြရဲ႕ေတာင္းဆိုခ်က္ေတြကို ေဆြးေႏြးညွိႏႈိင္းေနၾကတာမွာ ခုလို တပ္ေတြျဖတ္သြားခြင့္ ျပဳဖုိ႔ သေဘာတူခဲ့တာျဖစ္တယ္လို႔ ကာကြယ္ေရးတပ္ဖြဲ႕၀င္တဦးကေျပာပါတယ္။
"ဒီေန႕တပ္ကားက မင္းတပ္ၿမိဳ႕ကိုျဖတ္သြားတယ္။ စမီးဘက္သြားတယ္လို႕ေျပာတာဘဲသူတို႕က။ အဲ မင္းတပ္ကိုေက်ာ္သြား ၿပီး။ ကြ်န္ေတာ္တို႕ကာကြယ္ေရးတပ္ေတြဘက္ကေစာင့္ၾကည့္တယ္ေပါ့။ သူတို႕ကိုသေဘာတူထားတဲ့ အခ်က္ေတြ နဲ႕ ညီမညီၾကည့္ေနတာ"
ဆက္လက္ဖမ္းဆီးခံထားရတဲ့ လူငယ္ေတြ ျပန္လြတ္လာေရး ခုလို ညႈိႏိုင္းခဲ့တာျဖစ္တယ္လို႔ ေျပာပါတယ္။ အဲဒီကိစၥကို ဆက္ၿပီး ေဆြးေႏြးသြားၾကမွာျဖစ္ပါတယ္။
" ျပန္မလြတ္လာေသးဘူး။ အားလုံးက (၆) ေယာက္။ သူတို႕ကို ေက်ာ္ျဖတ္သန္းခြင့္ျပဳၿပီးမွ ျပန္လႊတ္ေပးမယ္။ အခ်က္အလက္ ျပန္ညိွမယ္ဆိုၿပီးေတာ့ ျပန္ေဆြးေႏြးၾကမယ္အဲဒီလိုမ်ိဳး'"
ခ်င္းျပည္နယ္ထဲက မင္းတပ္၊ ဟားခါးနဲ႔ မတူပီၿမိဳ႕ေတြမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေနၾကတဲ့ ေဒသခံေတြက ကိုယ့္ေဒသ ခံုခံကာကြယ္ဖုိ႔ ကာကြယ္ေရးတပ္ဖဲြ႔ေတြဖဲြ႔ၿပီး စစ္တပ္နဲ႔ အျပန္အလွန္ပစ္ခတ္ တိုက္ခိုက္မႈေတြ ႐ွိခဲ့တာပါ။ တပ္ဖက္ကလည္း ႐ြာသားေတြကို ဖမ္းဆီးတာေတြ ႐ွိပါတယ္။ ေမလ ၆ ရက္ မေန႔က ဟားခါးၿမိဳ႕အနားက Hniar Hlawn ေက်းရြာမွာ စစ္တပ္က ရြာသား(၁၂) ေယာက္ကိုဖမ္းဆီးသြား သလို သူတို႕ပိုင္တဲ့ေငြေၾကးေတြပါ သိမ္းဆီးသြားတယ္လို႕ ဟားခါးၿမိဳ႕ခံတဦးကေျပာပါတယ္။
"မေန႕ကမနက္ကဗ်။ အဖမ္းခံရတဲ့အေၾကာင္းေတာ့မသိဘူး။ သူတို႕ေမးစရာရွိတယ္ဆိုၿပီးေတာ့မွ ဟားခါးၿမိဳ႕သစ္ဖက္က ရပ္ကြက္သားေတြကိုဖမ္းသြားတယ္ေပါ့ေနာ္။ အားလုံးေပါင္းက(၁၂)ေယာက္ေလာက္ရွိတယ္။ အားလုံးေပါင္း(၁၂) ေယာက္ အဖမ္းခံရၿပီးေတာ့ မေန႕ည(၁၀)ေယာက္ျပန္လြတ္တယ္ဗ်။ က်န္တဲ့သူ(၂)ေယာက္ကျပန္မလႊတ္ေသးဘူး ေပါ့ ေနာ္။ ေမးစရာက်န္ေသးတယ္ဆိုၿပီးမွ သူတို႕မလႊတ္ေပးေသးဘူးေပါ့။ ပိုက္ဆံ(၁၀)သိန္းရယ္ ၿပီးေတာ့ခ်င္းအ၀တ္စား ရိုးရာ၀တ္စုံထဲ့ထားတဲ့ေသတၱာ(၃)လုံးရယ္။ ပိုက္ဆံ(၁၀)သိန္းရယ္ပါသြားတယ္ဗ်"
လက္ရွိဟားခါးၿမိဳ႕မွာ ဖမ္းခံထားရသူ ၆၀ ေက်ာ္ရွိၿပီး တပ္မေတာ္ၿပိဳကဲြေအာင္ လႈ႔ံေဆာ္ လုပ္ေဆာင္မႈ ပုဒ္မ ၅၀၅ (က)နဲ႔ အမႈဖြင့္ခံထားရသူေတြ အမ်ားအျပား႐ွိပါတယ္။
ဒီအဖမ္းဆီးခံရသူေတြကို ေမလ(၂) ေန႕ ေနာက္ဆုံးထားျပန္လႊတ္ေပးဖို႕ ခ်င္းျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ေတြကေန စစ္ေကာင္စီကိုေတာင္းဆိုခဲ့ေပမဲ့ မလႊတ္ေပးတဲ့အတြက္ ေမလ(၂) ရက္ကေန (၄) ရက္အထိ ဟားခါးၿမိဳ႕အတြင္း ျမန္မာ စစ္တပ္ကင္းစခန္းေတြကို ေဒသခံကာကြယ္ေရးအဖဲြ႔ေတြက (၃) ရက္ ဆက္တိုက္ ပစ္ခတ္တိုက္ခိုက္ခဲ့တာပါ။ ဒီတိုက္ခိုက္မွဳမွာ စစ္ေကာင္စီတပ္ဘက္က (၉) ဦး က်ဆုံးၿပီးအမ်ားျပားဒဏ္ရာရရွ္ိခဲ့တယ္လို႔ ခ်င္းေဒသ ကာကြယ္ေရးတပ္ CDF ဘက္က ထုတ္ျပန္ခဲ့ေပမဲ့ ဗီြအိုေအ အေနနဲ႕သီးျခားအတည္မျပဳနိုင္ေသးပါဘူး။
အလားတူ မတူပီၿမိဳ႕မွာလဲ ဧၿပီလဆန္းကေန ေမလအထိ စစ္အာဏာရွင္ဆန္႕က်င္ေရးသပိတ္ေမွာက္ဆႏၵျပလို႕ ေက်ာင္းသား လူငယ္ေတြနဲ႕ ပရဟိတ၀န္ထမ္း (၅) ဖမ္းခံထားရပါတယ္။ သူတို႕တေတြကို ဒီေန႕(၇)ရက္ေန႕မွာ တရားရံုးတင္ဖို႕ရွိတယ္ဆိုေပမဲ့ မတင္ျဖစ္ေသးဘူးလို႕ၿမိဳ႕ခံတဦးကေျပာပါတယ္။
"အခုထိမလြတ္ေသးဘူး။ (၅) ေယာက္လား ဟိုဘာလဲေက်ာင္းသားေတြ။ ဒီေန႕ရံုးခ်ိန္းရွိတယ္။ အခုကမလုပ္ျဖစ္တာလား မသိဘူး။ တရားသူႀကီးကခရီးလြန္ေနတယ္လို႕ေျပာတယ္။ သူတို႕ေျပာတာက ၅၀၅ (က) လို႔ေျပာတယ္"
မတူပီၿမိဳ႕မိၿမိဳ႕ဖေတြနဲ႕ဘာသာေရးေခါင္းေဆာင္ေတြက ဖမ္းဆီးခံတကၠသိုလ္ေက်ာင္းသားေတြ ျပန္လည္လြတ္ေျမာက္ လာဖို႕အတြက္ ၿမိဳ႕နယ္အဆင့္အထိစာတင္ ေတာင္းဆိုမွဳေတြရွိေနေပမဲ့ လြတ္မလာၾကေသးပါဘူး။ စစ္တပ္က အရပ္သားအစိုးရလက္က အာဏာသိမ္းယူခဲ့တဲ့အေပၚ ခ်င္းျပည္နယ္ဘက္မွာ ျပင္းျပင္းထန္ထန္ကန္႔ကြက္ခဲ့ၿပီး အထူးသျဖင့္ မင္းတပ္နဲ႔ ဟားခါးၿမိဳ႕ေတြမွာ လက္နက္ကိုင္ ဆန္႕က်င္ခုခံေတာ္လွန္လာတဲ့အထိ ျဖစ္လာတာျဖစ္ပါတယ္။
.................................................
{{Unicode}}
ချင်းပြည်နယ် မင်းတပ်မြို့မှာ ဒေသခံလုံခြုံရေးအဖွဲ့တွေနဲ့ စစ်တပ်ကြား ညှိုနှိုင်းသဘောတူညီမှုအရ စစ်တပ်ရဲ့စစ်ကြောင်းတွေကို မင်းတပ်မြို့ကို ဖြတ်သွားဖို့ ခွင့်ပြုလိုက်ပါတယ်။ တပ်တွေ ဆက်လက်ဖမ်းထားတဲ့ ဒေသကာကွယ်ရေးအဖဲ့ွထဲက လူငယ် ၆ ယောက်ပြန်လွတ်ရေးကိုလည်း ဆက်လက် ညှိနှိုင်းနေကြပါတယ်။ ချင်းပြည်နယ် ဟားခါးမြို့နယ်မှာတော့ မေလ ၆ ရက် ကြာသပတေးနေ့က ဖမ်းဆီးခံခဲ့ရတဲ့ ရွာသား ၁၂ ယောက်ထဲက ၁၀ ယောက် ပြန်လွတ်လာပေမဲ့ ၂ ယောက်မလွတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ ခုလို ချင်းပြည်နယ်ဖက်က အခြေအနေတွေကို ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေ ပြောပြပေးမှာပါ။
ချင်းပြည်နယ်မင်းတပ်မြို့ဖက်မှာ နစက စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးဖွဲ့ထားတဲ့ လက်နက်ကိုင်အဖွဲ့တွေကြား ပြီးခဲ့တဲ့ သီတင်းပါတ်တွေက တိုက်ပွဲတွေပြင်းပြင်းထန်ထန် ဖြစ်ခဲ့ပြီးနောက် စစ်တပ်နဲ့ ဒေသခံတွေ ဆွေးနွေးညှိုနှိုင်းမှုတွေ လုပ်နေတာမှာ ဒီနေ့တော့ စစ်တပ်ယာဉ်တန်းတွေကို ဒေသခံတွေက မင်းတပ်မြို့ကို ဖြတ်ကျော်ခွင့် ပေးလိုက်ပါတယ်။
တပ်က ဖမ်းဆီးထားတဲ့ ကာကွယ်ရေးအဖွဲ့ဝင် လူငယ်တွေကို ပြန်လွှတ်ပေးရေးအပါအဝင် ဒေသခံတွေရဲ့တောင်းဆိုချက်တွေကို ဆွေးနွေးညှိနှိုင်းနေကြတာမှာ ခုလို တပ်တွေဖြတ်သွားခွင့် ပြုဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
"ဒီနေ့တပ်ကားက မင်းတပ်မြို့ကိုဖြတ်သွားတယ်။ စမီးဘက်သွားတယ်လို့ပြောတာဘဲသူတို့က။ အဲ မင်းတပ်ကိုကျော်သွား ပြီး။ ကျွန်တော်တို့ကာကွယ်ရေးတပ်တွေဘက်ကစောင့်ကြည့်တယ်ပေါ့။ သူတို့ကိုသဘောတူထားတဲ့ အချက်တွေ နဲ့ ညီမညီကြည့်နေတာ"
ဆက်လက်ဖမ်းဆီးခံထားရတဲ့ လူငယ်တွေ ပြန်လွတ်လာရေး ခုလို ညှိုနိုင်းခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။ အဲဒီကိစ္စကို ဆက်ပြီး ဆွေးနွေးသွားကြမှာဖြစ်ပါတယ်။
" ပြန်မလွတ်လာသေးဘူး။ အားလုံးက (၆) ယောက်။ သူတို့ကို ကျော်ဖြတ်သန်းခွင့်ပြုပြီးမှ ပြန်လွှတ်ပေးမယ်။ အချက်အလက် ပြန်ညှိမယ်ဆိုပြီးတော့ ပြန်ဆွေးနွေးကြမယ်အဲဒီလိုမျိုး'"
ချင်းပြည်နယ်ထဲက မင်းတပ်၊ ဟားခါးနဲ့ မတူပီမြို့တွေမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်နေကြတဲ့ ဒေသခံတွေက ကိုယ့်ဒေသ ခုံခံကာကွယ်ဖို့ ကာကွယ်ရေးတပ်ဖွဲ့တွေဖွဲ့ပြီး စစ်တပ်နဲ့ အပြန်အလှန်ပစ်ခတ် တိုက်ခိုက်မှုတွေ ရှိခဲ့တာပါ။ တပ်ဖက်ကလည်း ရွာသားတွေကို ဖမ်းဆီးတာတွေ ရှိပါတယ်။ မေလ ၆ ရက် မနေ့က ဟားခါးမြို့အနားက Hniar Hlawn ကျေးရွာမှာ စစ်တပ်က ရွာသား(၁၂) ယောက်ကိုဖမ်းဆီးသွား သလို သူတို့ပိုင်တဲ့ငွေကြေးတွေပါ သိမ်းဆီးသွားတယ်လို့ ဟားခါးမြို့ခံတဦးကပြောပါတယ်။
"မနေ့ကမနက်ကဗျ။ အဖမ်းခံရတဲ့အကြောင်းတော့မသိဘူး။ သူတို့မေးစရာရှိတယ်ဆိုပြီးတော့မှ ဟားခါးမြို့သစ်ဖက်က ရပ်ကွက်သားတွေကိုဖမ်းသွားတယ်ပေါ့နော်။ အားလုံးပေါင်းက(၁၂)ယောက်လောက်ရှိတယ်။ အားလုံးပေါင်း(၁၂) ယောက် အဖမ်းခံရပြီးတော့ မနေ့ည(၁၀)ယောက်ပြန်လွတ်တယ်ဗျ။ ကျန်တဲ့သူ(၂)ယောက်ကပြန်မလွှတ်သေးဘူး ပေါ့ နော်။ မေးစရာကျန်သေးတယ်ဆိုပြီးမှ သူတို့မလွှတ်ပေးသေးဘူးပေါ့။ ပိုက်ဆံ(၁၀)သိန်းရယ် ပြီးတော့ချင်းအဝတ်စား ရိုးရာဝတ်စုံထဲ့ထားတဲ့သေတ္တာ(၃)လုံးရယ်။ ပိုက်ဆံ(၁၀)သိန်းရယ်ပါသွားတယ်ဗျ"
လက်ရှိဟားခါးမြို့မှာ ဖမ်းခံထားရသူ ၆၀ ကျော်ရှိပြီး တပ်မတော်ပြိုကွဲအောင် လှုံ့ဆော် လုပ်ဆောင်မှု ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရသူတွေ အများအပြားရှိပါတယ်။
ဒီအဖမ်းဆီးခံရသူတွေကို မေလ(၂) နေ့ နောက်ဆုံးထားပြန်လွှတ်ပေးဖို့ ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကနေ စစ်ကောင်စီကိုတောင်းဆိုခဲ့ပေမဲ့ မလွှတ်ပေးတဲ့အတွက် မေလ(၂) ရက်ကနေ (၄) ရက်အထိ ဟားခါးမြို့အတွင်း မြန်မာ စစ်တပ်ကင်းစခန်းတွေကို ဒေသခံကာကွယ်ရေးအဖွဲ့တွေက (၃) ရက် ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဘက်က (၉) ဦး ကျဆုံးပြီးအများပြားဒဏ်ရာရရှိခဲ့တယ်လို့ ချင်းဒေသ ကာကွယ်ရေးတပ် CDF ဘက်က ထုတ်ပြန်ခဲ့ပေမဲ့ ဗွီအိုအေ အနေနဲ့သီးခြားအတည်မပြုနိုင်သေးပါဘူး။
အလားတူ မတူပီမြို့မှာလဲ ဧပြီလဆန်းကနေ မေလအထိ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်မှောက်ဆန္ဒပြလို့ ကျောင်းသား လူငယ်တွေနဲ့ ပရဟိတဝန်ထမ်း (၅) ဖမ်းခံထားရပါတယ်။ သူတို့တတွေကို ဒီနေ့(၇)ရက်နေ့မှာ တရားရုံးတင်ဖို့ရှိတယ်ဆိုပေမဲ့ မတင်ဖြစ်သေးဘူးလို့မြို့ခံတဦးကပြောပါတယ်။
"အခုထိမလွတ်သေးဘူး။ (၅) ယောက်လား ဟိုဘာလဲကျောင်းသားတွေ။ ဒီနေ့ရုံးချိန်းရှိတယ်။ အခုကမလုပ်ဖြစ်တာလား မသိဘူး။ တရားသူကြီးကခရီးလွန်နေတယ်လို့ပြောတယ်။ သူတို့ပြောတာက ၅၀၅ (က) လို့ပြောတယ်"
မတူပီမြို့မိမြို့ဖတွေနဲ့ဘာသာရေးခေါင်းဆောင်တွေက ဖမ်းဆီးခံတက္ကသိုလ်ကျောင်းသားတွေ ပြန်လည်လွတ်မြောက် လာဖို့အတွက် မြို့နယ်အဆင့်အထိစာတင် တောင်းဆိုမှုတွေရှိနေပေမဲ့ လွတ်မလာကြသေးပါဘူး။ စစ်တပ်က အရပ်သားအစိုးရလက်က အာဏာသိမ်းယူခဲ့တဲ့အပေါ် ချင်းပြည်နယ်ဘက်မှာ ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ပြီး အထူးသဖြင့် မင်းတပ်နဲ့ ဟားခါးမြို့တွေမှာ လက်နက်ကိုင် ဆန့်ကျင်ခုခံတော်လှန်လာတဲ့အထိ ဖြစ်လာတာဖြစ်ပါတယ်။