သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာ့ခ်န္ပီယံ အိပ္မက္ အေကာင္အထည္ေဖၚေနသူ MMA ခ်င္းလက္ေ၀ွ႔သမား ထီရယ္ထန္း (the Dragon Leg)


၂၀၁၉ ခုနွစ္ မွာ စတင္ ယွဥ္ၿပိဳင္ ထိုးသတ္ခဲ့တဲ့ One Championship ၿပိဳင္ပဲြ ႏွစ္ခုလံုးမွာ ၿပိဳင္ဘက္ေတြကို အလဲထိုး အႏိုင္ရခဲ့သူျဖစ္ပါတယ္။

Zawgyi/ Unicode
အသက္ ၂၇ ႏွစ္အရြယ္ နပန္းသမား ခ်န္ပီယံ ထီရယ္ထန္းဟာ အခုဆိုရင္ One Championship Bantamweight မွာ ကမၻာ့ခ်န္ပီယံ ျဖစ္ဖို႔ အျပင္းအထန္ႀကိဳးစားေလ့က်င့္ေနပါတယ္။ ၂၀၁၉ ခုနွစ္ မွာ စတင္ ယွဥ္ၿပိဳင္ ထိုးသတ္ခဲ့တဲ့ One Championship ၿပိဳင္ပဲြ ႏွစ္ခုလံုးမွာ ၿပိဳင္ဘက္ေတြကို အလဲထိုး အႏိုင္ရခဲ့သူျဖစ္ပါတယ္။

ထီရယ္ထန္းကို MMA မစ္ဒယ္၀ိတ္တန္း ကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္က ႏွစ္အတန္ၾကာကတည္းက အတူ ေလ့က်င့္ သင္ၾကားေပးေနတာပါ။ လက္ရွိ ဖေလာ္ရီဒါျပည္နယ္မွာ COVID-19 ကပ္ေရာဂါ ကူးစက္မႈအေျခအေန ဆိုးရြားေနတဲ့ၾကားက ေအာင္လအန္ဆန္နဲ႔ အတူ အျပင္းအထန္ေလ့က်င့္ေနတာေတြနဲ႔ ပတ္သက္လို႔ မအင္ၾကင္းႏိုင္က ထီရယ္ထန္းကို Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

ခ်င္းတိုင္းရင္းသား ထီရယ္ထန္း တေယာက္ ငယ္ရြယ္စဥ္အခ်ိန္ မိသားစုနဲ႔အတူ အေမရိကန္ျပည္ေထာင္စုကို ဒုကၡသည္အျဖစ္ ၂၀၀၇ခုႏွစ္မွာ ေရာက္ရွိအေျခခ်ၿပီးေနာက္ အထက္တန္းေက်ာင္းသားဘ၀ နယူးေရာက္ျပည္နယ္ရဲ႕ နပန္းသမားခ်န္ပီယံ ျဖစ္လာပံု၊ အဲဒီေနာက္ ကိုယ္ခံပညာစံုသံုးၿပီး ထိုးသတ္တဲ့ MMA အားကစားေလာကထဲ ၀င္ေရာက္ခဲ့တာ၊ အခက္အခဲေတြၾကားက One Championship ႏိုင္ငံတကာ လက္ေ၀ွ႔ပဲြေတြမွာ စိန္ေခၚထိုးသတ္ အႏိုင္ရခဲ့တာ၊ ျမန္မာနဲ႔ မေလးရွားမွာ ျပဳလုပ္တဲ့ One Championship– Catchweight ၿပိဳင္ပဲြႏွစ္ခုလံုးမွာ ဗိုလ္စဲြခဲ့တဲ့ အေတြ႕အႀကံဳ စတာေတြကို ၾကားၾကရမွာပါ။
----------------------
ကမ္ဘာ့ချန်ပီယံ အိပ်မက် အကောင်အထည်ဖေါ်နေသူ MMA ချင်းလက်ဝှေ့သမား ထီရယ်ထန်း (the Dragon Leg)

အသက် ၂၇ နှစ်အရွယ် နပန်းသမား ချန်ပီယံ ထီရယ်ထန်းဟာ အခုဆိုရင် One Championship Bantamweight မှာ ကမ္ဘာ့ချန်ပီယံ ဖြစ်ဖို့ အပြင်းအထန်ကြိုးစားလေ့ကျင့်နေပါတယ်။ ၂၀၁၉ ခုနှစ် မှာ စတင် ယှဉ်ပြိုင် ထိုးသတ်ခဲ့တဲ့ One Championship ပြိုင်ပွဲ နှစ်ခုလုံးမှာ ပြိုင်ဘက်တွေကို အလဲထိုး အနိုင်ရခဲ့သူဖြစ်ပါတယ်။

ထီရယ်ထန်းကို MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က နှစ်အတန်ကြာကတည်းက အတူ လေ့ကျင့် သင်ကြားပေးနေတာပါ။ လက်ရှိ ဖလော်ရီဒါပြည်နယ်မှာ COVID-19 ကပ်ရောဂါ ကူးစက်မှုအခြေအနေ ဆိုးရွားနေတဲ့ကြားက အောင်လအန်ဆန်နဲ့ အတူ အပြင်းအထန်လေ့ကျင့်နေတာတွေနဲ့ ပတ်သက်လို့ မအင်ကြင်းနိုင်က ထီရယ်ထန်းကို Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

ချင်းတိုင်းရင်းသား ထီရယ်ထန်း တယောက် ငယ်ရွယ်စဉ်အချိန် မိသားစုနဲ့အတူ အမေရိကန်ပြည်ထောင်စုကို ဒုက္ခသည်အဖြစ် ၂၀၀၇ခုနှစ်မှာ ရောက်ရှိအခြေချပြီးနောက် အထက်တန်းကျောင်းသားဘ၀ နယူးရောက်ပြည်နယ်ရဲ့ နပန်းသမားချန်ပီယံ ဖြစ်လာပုံ၊ အဲဒီနောက် ကိုယ်ခံပညာစုံသုံးပြီး ထိုးသတ်တဲ့ MMA အားကစားလောကထဲ ဝင်ရောက်ခဲ့တာ၊ အခက်အခဲတွေကြားက One Championship နိုင်ငံတကာ လက်ဝှေ့ပွဲတွေမှာ စိန်ခေါ်ထိုးသတ် အနိုင်ရခဲ့တာ၊ မြန်မာနဲ့ မလေးရှားမှာ ပြုလုပ်တဲ့ One Championship– Catchweight ပြိုင်ပွဲနှစ်ခုလုံးမှာ ဗိုလ်စွဲခဲ့တဲ့ အတွေ့အကြုံ စတာတွေကို ကြားကြရမှာပါ။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG