သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး လႈပ္ရွားေနတဲ့ Indianapolis ၿမိဳ႕က ခ်င္းလူငယ္မ်ား


ျမန္မာ့အေရး ဦးေဆာင္လႈပ္ရွားေနတဲ့ Indianapolis ၿမိဳ ႔က ခ်င္းလူငယ္ေခါင္းေဆာင္ Justin Thang
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းတဲ့ကိစၥအေပၚ အေမရိကန္ျပည္ေထာင္စု Indianapolis ၿမိဳ႕မွာေနထိုင္ေနတဲ့ ခ်င္းတိုင္းရင္းသား လူငယ္ေတြ သိပ္ကို စိတ္ဝင္တစားရွိၾကၿပီး၊ ဒီအေၾကာင္း သူတို႔ရဲ႕ ေက်ာင္းေတြမွာသာမက သက္ဆိုင္ရာ လႊတ္ေတာ္အမတ္ေတြအထိ သိရွိစိတ္ဝင္စားေအာင္ လုပ္ေနၾကတယ္လို႔ ခ်င္းတိုင္းရင္းသားေခါင္းေဆာင္ Justin Thang (ထန္) က ေျပာပါတယ္။ Hope For Tomorrow ဆိုတဲ့ ပရဟိတလုပ္ငန္းကို ဦးေဆာင္ေနတဲ့ Justin Thang (ထန္) ကိုယ္တိုင္လည္း စစ္အာဏာသိမ္းတဲ့ကိစၥကို လူငယ္ေတြနဲ႔ အၿမဲမျပတ္ ေဆြးေႏြးေျပာျပေနပါတယ္။ ျမန္မာႏိုင္ငံနဲ႔ ေဝးေနတဲ့ ဆယ္ေက်ာ္သက္လူငယ္ေတြ ျဖစ္ၾကေပမယ့္ ဘာေၾကာင့္ အခုလို ျမန္မာ့အေရးကို တက္တက္ႂကြႂကြလုပ္ေနၾကသလဲဆိုတာ Justin Thang (ထန္) ကို မစုျမတ္မြန္က ဆက္သြယ္ေမးထားပါတယ္။

ေမး ။ ။ မဂၤလာပါ Justin Thang ရွင့္။ VOA ျမန္မာပိုင္းအစီအစဥ္က ႀကိဳဆိုပါတယ္ရွင့္။ အခု Justin ကို ေမးခ်င္တာက ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈနဲ႔ ပတ္သက္ၿပီးေတာ့ အေမရိကန္မွာ ရိွၾကတဲ့ ျမန္မာျပည္ကလူေတြ ေတာ္ေတာ္မ်ားမ်ားက သိပ္ၿပီးေတာ့ စိတ္ဝင္တစား ရိွေနၾကတယ္။ စစ္အာဏာရွင္ ဆန္႔က်င္လႈပ္ရွားမႈေတြကိုလည္း တက္တက္ၾကြၾကြ လုပ္ေနၾကတယ္ဆိုေတာ့ Justin က Indianapolis မွာရိွတဲ့ ခ်င္းလူမ်ဳိး အသိုင္းအဝိုင္းရဲ ႔ လူငယ္ေခါင္းေဆာင္တဦး ျဖစ္ပါတယ္ဆိုေတာ့ အဲဒီမွာ Justin အပါအဝင္ ခ်င္းလူငယ္ေတြၾကားမွာ ဒီအေပၚမွာ ဘယ္လိုမ်ဳိး စိတ္ဝင္တစား ရိွေနၾကသလဲဆိုတာကို အရင္ဆံုး သိပါရေစရွင့္။

ေျဖ ။ ။ ဟုတ္ကဲ့ မဂၤလာပါ။ ေတြ႔ရတာ ဝမ္းသာပါတယ္ အမ။ ပထမဦးဆံုးအေနနဲ႔ စိတ္ဝင္တစား ရိွတယ္ဆိုတာကို ေျပာခ်င္တယ္။ ဒါေပမဲ့ စိတ္ဝင္စားတာထက္ နာက်င္ခံစားရတယ္။ အရမ္းကို ခံစားရတယ္ဆိုတာကို ထည့္ေျပာခ်င္ပါတယ္။ က်ေနာ္တုိ႔ Indianapolis ၿမိဳ ႔မွာ ဆႏၵ ပထမဆံုးျပေတာ့မယ္လို႔ စည္းရံုးတဲ့အခ်ိန္မွာ နံပတ္တစ္က လူငယ္ေခါင္းေဆာင္ေတြ ျဖစ္တယ္။ အကုန္လံုးက အသက္ ႏွစ္ဆယ္၊ ႏွစ္ဆယ့္ငါး၊ သံုးဆယ္ေအာက္ေတြေပါ့ က်ေနာ္တို႔အပါအဝင္။ ဆိုတဲ့အခါၾကေတာ့ လူငယ္ေတြ အရမ္းစိတ္ဝင္စားတယ္။ ေခါင္းေဆာင္မႈပိုင္းကို တာဝန္ယူတဲ့ဟာကို ေတြ႔ရတယ္။ အဲဒီေတာ့ လူငယ္ေတြရဲ ႔ အခန္းက႑ကို အရမ္းေက်နပ္မိတယ္။ အဓိက ဒီၿမိဳ ႔မွာဆုိရင္ ဆႏၵျပတာေတြ အႀကိမ္ေပါင္းမနည္းေတာ့ဘူး။ မ်ားေသာအားျဖင့္ လူငယ္ေတြ ဦးေဆာင္တယ္။ ၿပီးေတာ့ က်ေနာ္တုိ႔ ရံုးေတြမွာ အလုပ္လုပ္တဲ့ရံုးေတြ၊ ေက်ာင္းတက္တဲ့ေက်ာင္းေတြမွာ ထိုင္သပိတ္ေတြ စလုပ္တယ္။ ၿပီးေတာ့ က်ေနာ္တို႔ ေက်ာင္းအုပ္ဆရာႀကီးေတြ Principals, Professors ေတြကို စာေတြေရးၾကတယ္။ ၿပီးေတာ့ Senators, Congressmen ေတြကို စာေတြေရးတယ္။ ၿပီးေတာ့ ကိုယ္နဲ႔သက္ဆိုင္ရာ သက္ဆိုင္ေၾကာင္း ဗမာျပည္မွာ ျဖစ္ပ်က္ေနတဲ့ အေၾကာင္းေတြကို မွ်ေဝၿပီးေတာ့ တက္တက္ၾကြၾကြနဲ႔ လႈပ္ရွားၾကတာကို ေတြ႔ရတယ္။ က်ေနာ္လည္း အဲဒီအထဲက တေယာက္အပါအဝင္ေပါ့။

ေမး ။ ။ Justin ေျပာခဲ့သလို ျမန္မာ့အေရးကို အေမရိကန္ႏိုင္ငံ Indianapolis မွာ ရိွေနတဲ့ လူေတြပိုၿပီးေတာ့ သိလာေအာင္၊ နားလည္လာေအာင္လို႔ ေက်ာင္းေတြမွာ လုပ္ၾကတယ္ဆိုေတာ့ အဲဒါ ဆယ္ေက်ာ္သက္လူငယ္ေတြ ျဖစ္မယ္လို႔ ထင္ပါတယ္။ အဲဒီလိုမ်ဳိး လုပ္ေနတဲ့ ဆယ္ေက်ာ္သက္ ေက်ာင္းတက္ေနတဲ့ လူငယ္ေတြက ဘယ္ေလာက္မ်ားလဲ။ ဒီလိုလႈပ္ရွားမႈ လုပ္ေနတဲ့ လူေတြက ဘယ္ေလာက္မ်ားပါသလဲရွင့္။

ေျဖ ။ ။ အမေျပာသလို ဦးေဆာင္တဲ့လူေတြက ဆယ္ေက်ာ္သက္ေတြ ျဖစ္တယ္။ ဒါေပမဲ့ က်ေနာ္အတြက္ေတာ့ လူဦးေရ ဘယ္ႏွစ္ေယာက္ဆိုတာေတာ့ အတိအက်ေတာ့ ေျပာဖုိ႔ခက္တယ္။ ဒါေပမဲ့ မ်ားတယ္ က်ေနာ္တို႔ Indianapolis မွာဆိုရင္ Perry township ဆုိတာရိွတယ္။ အဲဒီၿမိဳ ႔နယ္မွာ အထက္တန္းေက်ာင္း ႏွစ္ေက်ာင္း ရိွတယ္။ ၿပီးေတာ့ မူလတန္း၊ အလယ္တန္းေက်ာင္းေတြ အမ်ားႀကီးရိွတယ္။ အဲဒီမွာ ခ်င္းေတြက အေယာက္ (၆) ေထာင္ (၇) ေထာင္ေလာက္ ေက်ာင္းတက္တယ္။ အဲဒီလူငယ္ေတြက အရမ္းကို တက္တက္ၾကြၾကြနဲ႔ ပါဝင္လာၾကတယ္။

ေမး ။ ။ Justin ေစာေစာကေျပာသလို အေမရိကန္ႏုိင္ငံမွာေနေနတဲ့ ခ်င္းလူငယ္အမ်ားစုက အေမရိကမွာ ဟိုးငယ္ငယ္ကတည္းက သူတုိ႔မိဘေတြနဲ႔ ေရာက္လာၾကတယ္။ အမ်ားစုကေတာ့ တတိယႏိုင္ငံမွာ အေျခခ်တဲ့ ဒုကၡသည္အျဖစ္ ေရာက္လာၾကသူေတြ။ တခ်ဳိ ႔ကလဲ ဒီမွာေမြးၾကတာေပါ့။ ဆိုေတာ့ အဲဒီလိုမ်ဳိး ျမန္မာႏုိင္ငံနဲ႔ အဆက္အစပ္ အလွမ္းေဝးတဲ့ လူငယ္ေတြက အခုေလာက္အထိ ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းတဲ့ကိစၥအေပၚမွာ စိတ္ဝင္တစား ရိွေနၾကတာ ဘာေၾကာင့္လဲ ထင္ပါသလဲ။

ေျဖ ။ ။ I really love the question. အရမ္းႀကိဳက္တယ္ အဲဒီေမးခြန္းကို။ ဘာျဖစ္လို႔လဲဆိုေတာ့ အေရးႀကီးတယ္လို႔လည္း က်ေနာ္ထင္တယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ မ်ားေသာအားျဖင့္ က်ေနာ္ကိုယ္တုိင္ တကယ္ဆိုလို႔ရိွရင္ Status အရ အေမရိကန္ႏုိင္ငံသား ျဖစ္ေနၿပီ။ ဒါေပမဲ့ က်ေနာ္ အရမ္း encouragement ျဖစ္တာတခုက ဘာလဲဆိုေတာ့ ဒီကိစၥျဖစ္ေပၚလာတဲ့အခ်ိန္မွာ က်ေနာ္တို႔ ဒီႏိုင္ငံမွာ ႀကီးျပင္းလာတဲ့ ကေလးေတြ၊ လူငယ္ေတြရဲ ႔ လႈပ္ရွားမႈက အရမ္းကို ခြန္အားရစရာေကာင္းတယ္။ က်ေနာ္ဆိုလို႔ရိွရင္ အခုနေျပာသလို (၁၆) နွစ္အထိပဲ ဗမာျပည္မွာ ေနခဲ့တယ္။ က်ေနာ္ အခု Indianapolis မွာ အရမ္းကို လႈပ္ရွားေနတဲ့ လူငယ္ေတြကေတာ့ (၂) ႏွစ္ (၃) ႏွစ္ (၄) ႏွစ္ကတည္းက စေရာက္ၾကတဲ့ လူေတြျဖစ္တယ္။ တခ်ဳိ ႔ဆိုရင္ ဒီမွာေမြးတဲ့လူေတြ ရိွတယ္။ (၁၅) နွစ္ (၁၆) ႏွစ္ အထက္တန္းေက်ာင္းသားေတြဆိုရင္။ သူတုိ႔ေတြဆို အရမ္းကိုတက္ၾကြေနၾကတယ္။ ဒါေပမဲ့ ဘာလို႔ အဲဒီေလာက္အထိ သူတုိ႔နဲ႔ အဆက္အသြယ္မရိွေတာ့တဲ့ ႏိုင္ငံကို ဒီေလာက္အထိ ခ်စ္ခင္တြယ္တာေနသလဲဆိုရင္ က်ေနာ္ ပထမဦးဆံုး ေတြ႔တဲ့ဟာကေတာ့ They still love Burma. ဗမာႏုိင္ငံ ျမန္မာႏုိင္ငံကို သူတုိ႔ခ်စ္ေနဆဲကို က်ေနာ္ ေတြ႔ရတယ္။ ၿပီးလို႔ရိွရင္ ဒုတိယကေတာ့ They know where they come from. They know who they are. က်ေနာ္အပါအဝင္ က်ေနာ္အေမရိကန္ႏုိင္ငံသား ျဖစ္တယ္။ ဒါေပမဲ့ လူငယ္တေယာက္အေနနဲ႔ က်ေနာ္ဘယ္သူလဲ။ က်ေနာ္ ဘယ္ႏုိင္ငံကလာလဲ။ က်ေနာ္ ဘယ္ကလာသလဲဆိုတာကို ေကာင္းေကာင္းသိတယ္။ ဒီႏိုင္ငံမွာပဲ ႀကီးျပင္းပါေစ၊ ဘယ္လိုအလုပ္အကိုင္ပဲ လုပ္ပါေစ။ ဆုိတဲ့အခါၾကေတာ့ အဲဒီစိတ္ထား က်ေနာ္တို႔ လူငယ္ေတြ ခ်င္းလူငယ္ေတြထဲမွာ ရိွေနတယ္ဆုိတာကို က်ေနာ္ ေတြ႔ရတယ္။

တတိယအခ်က္ကေတာ့ က်ေနာ္တို႔ ဒီႏိုင္ငံကို အမေျပာသလို ေရာက္လာတဲ့ အေၾကာင္းရင္းက လူမဆန္တဲ့ Dictatorship Government အာဏာရွင္အစိုးရေတြေၾကာင့္ ျဖစ္တယ္။ လူမဆန္တဲ့ စစ္အုပ္ခ်ဳပ္မႈေၾကာင့္ က်ေနာ္တို႔ ဒီႏိုင္ငံကို ေရာက္ရိွလာတာ ျဖစ္တယ္။ အဲဒီအခါၾကေတာ့ က်ေနာ္တို႔ (၂) ႏွစ္သားပဲ ျဖစ္ပါေစ၊ (၃) ႏွစ္သားကတည္းက ဒီႏိုင္ငံကို ေရာက္ပါေစ၊ ဒီႏိုင္ငံမွာပဲ ေမြးေနပါေစ။ က်ေနာ္တို႔ရဲ ႔ မိဘေတြက အဲဒီႏို္င္ငံ၊ အဲဒီအုပ္ခ်ဳပ္မႈ ဆိုးဝါးတဲ့အုပ္ခ်ဳပ္မႈစနစ္ေအာက္ကေန ထြက္လာၾကၿပီး ရုန္းကန္ၿပီး အခက္အခဲေပါင္းမ်ားစြာ - အမ သိတာပဲ ဒီႏုိင္ငံမွာဆိုတာ ဘုရင္လုိ လာေနတာ မဟုတ္ဘူးေလ - အခက္အခဲေပါင္းမ်ားစြာနဲ႔ မိဘေတြလည္း ရုန္းကန္ၿပီးေတာ့ လာေနၾကတယ္။ အဲဒါကို ၾကည့္ရင္နဲ႔ ဒီလိုမ်ဳိးဘဝ က်ေနာ္တို႔ ကိုယ့္ႏုိင္ငံမွာ မဟုတ္ဘဲနဲ႔ သူမ်ားႏုိင္ငံမွာ မိဘေတြ ဒီလိုခက္ခက္ခဲခဲနဲ႔ လာေနၾကတယ္ဆိုတာကို သူတုိ႔ၾကည့္တဲ့အခါမွာ ဒီစစ္အုပ္ဆိုးမႈ Dictatorship Military Coup ဆိုတာ လံုးဝလက္မခံႏိုင္ဘူး။ အဲဒီအတြက္ေၾကာင့္မို႔ သူတုိ႔ပိုၿပီးေတာ့ ဒီကိစၥမွာ ထဲထဲဝင္ဝင္ ပါဝင္လာၾကတာ ျဖစ္တယ္လို႔ က်ေနာ္ျမင္တယ္။ ေနာက္ဆံုး ဘာျဖစ္လို႔ ခ်င္းလူငယ္ေတြ အသားကုန္ ဒီႏိုင္ငံမွာ သူတုိ႔ရတဲ့ အခြင့္အေရး၊ အခြင့္အလမ္းေပၚမွာ Platform ရိွသမွ်ကို အသံုးျပဳၿပီးေတာ့ လႈပ္ရွားေနသလဲဆိုရင္ ေနာက္ဆံုး က်ေနာ္ျမင္တာကေတာ့ ခ်င္းမိုလို႔၊ ခရစ္ယာန္မိုလို႔၊ ျမန္မာႏုိင္ငံကလာတဲ့ လူမိုလို႔ မဟုတ္ဘူး။ သူတုိ႔ႏုိင္ငံ ႀကီးျပင္းလာတဲ့ ႏုိင္ငံက Freedom ကို ဦးစားေပးသူေတြျဖစ္ၿပီး၊ လူ႔အခြင့္အေရး၊ လူ႔အေရး လူသားခ်င္းစာနာမႈ အျပည့္အဝရိွတဲ့ ႏိုင္ငံမွာ ႀကီးျပင္းလာတဲ့ လူျဖစ္တဲ့အတြက္ေၾကာင့္ သူတုိ႔လာတဲ့ႏုိင္ငံ၊ သူတို႔ ေမြးဖြားတဲ့ႏုိင္ငံမွာ ဒီလိုမ်ဳိး လူမဆန္တဲ့ ျဖစ္ရပ္ေတြ ျဖစ္ေနတာကို လူသားတေယာက္အေနနဲ႔ လက္မခံလို႔။ က်ေနာ္ကိုယ္တိုင္ လက္မခံႏိုင္လို႔ ရိွတဲ့ Platform ေတြကို သံုးၿပီးေတာ့ တတ္ႏိုင္သေလာက္ ပါဝင္ၾကတာထင္တယ္။ အဲဒါေၾကာင့္ က်ေနာ္တို႔ ငယ္ငယ္ကတည္းက ေရာက္လာၾကတဲ့ လူေတြပဲျဖစ္ျဖစ္၊ ဒီမွာ (၁၅-၁၆) ႏွစ္မွာ ေရာက္လာၾကသူေတြပဲျဖစ္ျဖစ္ ပထမဆံုးကေတာ့ ကိုယ့္ႏိုင္ငံကို ခ်စ္တဲ့စိတ္ ရိွၿပီးတဲ့အတြက္ေၾကာင့္၊ ၿပီးေတာ့ လူမဆန္တဲ့ လုပ္ရပ္ေတြကို လက္မခံတဲ့အတြက္ေၾကာင့္ ဒီလိုမ်ဳိး ထဲထဲဝင္ဝင္ ပါဝင္ၾကတယ္လို႔ က်ေနာ္ ထင္ပါတယ္။

ေမး ။ ။ Justin အေနနဲ႔ လူငယ္ေတြကို ပိုၿပီးေတာ့ ျမန္မာႏိုင္ငံအေရး ပိုၿပီးေတာ့ နားလည္ေအာင္၊ သေဘာေပါက္ေအာင္ ဘယ္လိုမ်ဳိးေတြ ႀကိဳးစားၿပီးေတာ့ လုပ္ေပးေနတယ္ဆိုတာကိုလည္း သိပါရေစရွင့္။

ေျဖ ။ ။ က်ေနာ္ကလည္း ဘုရားေက်ာင္းက လူငယ္ေခါင္းေဆာင္တေယာက္ေပါ့။ ဒီလိုမ်ဳိး ျပႆနာ စျဖစ္တဲ့အခ်ိန္မွာ က်ေနာ္တို႔ ဘုရားေက်ာင္းမွာရိွတဲ့ လူငယ္ေတြကို ဆက္သြယ္တယ္။ က်ေနာ္တို႔ႏိုင္ငံအတြက္ ဆုေတာင္းရေအာင္၊ ဘာလုပ္ေပးႏိုင္မလဲဆုိတာေတြ စဥ္းစားရေအာင္ဆိုၿပီး က်ေနာ္တို႔ Zoom Meeting ေခၚတယ္။ အစည္းအေဝးေခၚတဲ့အခ်ိန္မွာ တခ်ဳိ ႔ဆိုရင္ (၁၃) ႏွစ္ (၁၄) ႏွစ္သားအရြယ္ပဲ ရိွေသးတယ္ - တခ်ဳိ ႔လူငယ္ေတြက။ အဲဒီအခ်ိန္မွာ က်ေနာ္က နည္းနည္းသတိထားတာက အသက္ (၁၃-၁၄) လူငယ္ကေလးေလးေတြက ဒီဗမာျပည္အေၾကာင္းကို How can I explain to them? နားလည္ေအာင္ ဘယ္လိုေျပာျပရမလဲ။ အဲဒီလို က်ေနာ္ နည္းနည္းတြန္႔ဆုတ္မိတယ္။ က်ေနာ္က သူတုိ႔ကို စေျပာခိုင္းတယ္။ Whatever you feel inside tell me အခု ျမန္မာျပည္မွာ ျဖစ္ေပၚေနတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္ကို ေျပာပါဆုိၿပီး စေျပာလိုက္တယ္။ (၁၃-၁၄-၁၅) ႏွစ္ ကေလးေတြ - ဒီႏိုင္ငံကို (၁) နွစ္ကတည္းက ေရာက္ခဲ့တဲ့ ကေလးေတြက စငိုတယ္။ ဒီလိုမ်ဳိး ဒီကိစၥကို ၾကားတဲ့အခ်ိန္မွာ။ ဆိုေတာ့ ဘန္းစကားနဲ႔ ေျပာမယ္ဆိုရင္ က်ေနာ္ Heart ထိသြားတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္က သူတုိ႔ေတြ ဒီကိစၥေတြ မသိဘူး။ ဒီမွာပဲ ႀကီးျပင္းလာၾကတာဆိုေတာ့ ဒီအေၾကာင္းကို ဟိုးအစကေန ၁၉၆၀ ေလာက္ကေန ျပန္ရွင္းရမယ္လို႔ လိုမယ္ထင္တာ။ ဒါေပမဲ့ ဒီ (၁၃-၁၄) ႏွစ္ ကေလးေတြက Instragram, Facebook စသံုးလာၿပီးဆိုေတာ့ ဒီဗမာျပည္ကိစၥ ဟိုးစစ္ေကာင္စီ - လြတ္လပ္ေရးရၿပီးကေန အခုျဖစ္ပ်က္ေနတာေတြကို သူတုိ႔ေတြ ဖုန္းထဲမွာ စျမင္ စၾကည့္လို႔ရၿပီ။ သတင္းစာလို စာဖတ္ေနၿပီ။ အဲဒီအခါၾကေတာ့ ဒီကိစၥကို ခံစားၿပီးေတာ့ စငိုၾကတယ္။ ဆုမေတာင္းခင္မွာ။ ေျပာခ်င္တာက လူငယ္ေတြကို အထူးသျဖင့္ ဒီႏို္င္ငံမွာ ႀကီးျပင္းလာတဲ့ လူငယ္ေတြကို အထူးတလည္ ဒီကိစၥေတြကို ရွင္းျပစရာေတာင္ မလိုေတာ့ဘူး။

သူတုိ႔ေတြ ဒီလိုမ်ဳိး အျဖစ္အပ်က္ဆိုးႀကီးကို သူတို႔ဘာသာ သိလာတယ္။ VOA ရယ္ ပရိသတ္ေတြကိုလည္း ေျပာျပခ်င္တယ္။ ႏို္င္ငံျခားေရာက္ လူငယ္ေတြလည္း ေခတ္မေနာက္က်ေတာ့ဘူး။ ဗမာ့အေၾကာင္း၊ ျမန္မာ့အေၾကာင္းကို အမ်ားႀကီးသိရိွနားလည္လာၿပီဆိုတာကို ေျပာခ်င္တယ္။ လူငယ္ပိုင္းကိုေတာ့ အဓိကအားျဖင့္ေတာ့ တတ္ႏုိင္သေလာက္ ခြန္းအားေပးၾကတယ္။ Each other encouragement လုပ္ၾကတယ္။ သူတုိ႔နဲ႔ သက္ဆိုင္ရာ သက္ဆုိင္ေက်ာင္းမွာ ဒီကိစၥကို ပံုမွန္ Normal ျပန္မျဖစ္သြားေအာင္ လူေတြရဲ ႔ စိတ္ဝင္စားမႈ ပိုႀကီးမားလာေအာင္ နည္းလမ္းမ်ဳိးစံု သံုးၿပီးေတာ့ ခြန္းအားေပးေနၾကတယ္။ က်ေနာ္ဆိုရင္ အစိုးရေတြနဲ႔ အဆက္အသြယ္ရိွတယ္ဆိုေတာ့ ၿမိဳ ႔နယ္အုပ္ခ်ဳပ္ေရးေတြ၊ ကြန္ဂရက္ရံုးေတြ၊ ဆီနိတ္ရံုးေတြကိုလည္း အဆက္မျပတ္ တပတ္တခါေလာက္ က်ေနာ္တုိ႔ သူတုိ႔ကို ဗမာျပည္မွာ ျဖစ္ပ်က္ေနတဲ့ အေၾကာင္းအရာေတြကို အသိေပးတယ္။ ဆက္သြယ္လုပ္ေပးတယ္။

ေမး ။ ။ ေနာက္ဆံုးတခု ေမးခ်င္တာက Justin တို႔အေနနဲ႔ အေမရိကန္ျပည္ေထာင္စုထဲမွာရိွတဲ့ ခ်င္းတုိင္းရင္းသားေတြအျပင္ တျခားတိုင္းရင္းသားလူမ်ဳိးေတြ ကရင္၊ ကခ်င္၊ တျခားတုိင္းရင္းသားေတြနဲ႔ ဆက္စပ္ၿပီး၊ စုေပါင္းၿပီးေတာ့ ဒီအာဏာသိမ္းမႈကိစၥနဲ႔ ပတ္သက္လို႔ လႈပ္ရွားေနတာမ်ဳိး ရိွပါသလားရွင့္။

ေျဖ ။ ။ ဟုတ္ကဲ့ ရိွပါတယ္။ က်ေနာ္ တခု ဥပမာေျပာမယ္ဆိုရင္ ဝါရွင္တန္ဒီစီ - အမတို႔ေနတဲ့ ဝါရွင္တန္ဒီစီမွာဆိုရင္ အပတ္တုိင္းလိုလို Every Weekend မွာ ဆႏၵျပမႈ၊ ဆႏၵထုတ္ေဖာ္မႈေတြ လုပ္ေနၾကတယ္။ အဲဒီဟာေတြကေတာ့ Multiethnic groups ျမန္မာျပည္ကလာၾကတဲ့ တိုင္းရင္းသားေပါင္းစံု လႈပ္ရွားေနၾကတာကို ေတြ႔ရတယ္။ အဲဒီအထဲမွာလဲ ပါဝင္ၾကတဲ့ ခ်င္းလူငယ္ေတြ အမ်ားစု။ ခ်င္းလူငယ္အဖြဲ႔အစည္း အမ်ားစုလည္း အဲဒီအထဲမွာ ပါဝင္ၾကတယ္ဆိုေတာ့ ကိုယ္ေနတဲ့ေနရာ၊ ကိုယ္ေတြရဲ ႔ ၿမိဳ ႔ေပၚမူတည္ၿပီးေတာ့ လႈပ္ရွားတာေတြ ရိွတယ္။ ေနာက္ Indianapolis မွာ အခုနေျပာသလို (၉၀) ရာခိုင္ႏႈန္းေသာ ေခါင္းေဆာင္ေတြက ခ်င္းေတြျဖစ္တယ္။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ခ်င္းလူမ်ဳိး ႏွစ္ေသာင္းငါးေထာင္ေလာက္ ဒီမွာရိွတယ္ဆိုေတာ့ ခ်င္းလူငယ္ေတြႀကီးပဲ မဟုတ္ဘူး။ ဗမာေတြ ရိွတယ္။ ကရင္၊ ရခိုင္ေတြ ရိွတယ္။ မြန္၊ ရွမ္းေတြလည္း ရိွတယ္။ ဆိုေတာ့ တုိင္းရင္းသားေပါင္းစံု လူႀကီးေတြ ေပါင္းစပ္ၿပီးေတာ့ လႈပ္ရွားတာေတြ ရိွတယ္။ ဆုိေတာ့ ဒီစစ္အာဏာသိမ္းမႈကေတာ့ လူမ်ဳိးတမ်ဳိးအေရး မဟုတ္ဘူး။ ဘာသာတဘာသာအေရး မဟုတ္ေတာ့ဘူး။ ဒီဟာက ျမန္မာႏိုင္ငံဖြား လူတိုင္း တုိင္းရင္းသားေပါင္းစံုရဲ ႔ အေရးကိစၥ ျဖစ္တယ္။ ၿပီးေတာ့ ျမန္မာႏိုင္ငံက လူေတြရဲ ႔ အေရးပဲ မဟုတ္ဘူး၊ ကမာၻ႔အေရး ျဖစ္တယ္ဆုိတာကိုလည္း က်ေနာ္တို႔ အသိုင္းအဝိုင္း၊ က်ေနာ္တို႔ Community၊ က်ေနာ္တို႔ ႏုိင္ငံတကာ အသိုင္းအဝိုင္းကိုလည္း သိေစခ်င္တယ္။ ဗမာျပည္မွာ ျဖစ္ပ်က္ေနတဲ့ကိစၥက ဗမာျပည္ရဲ ႔ ကိစၥ မဟုတ္ဘူး။ This is not Burma issue. This is the world issue ဆိုတာကို လူေတြကို သိခိုင္းဖို႔ သိေစဖုိ႔က အရမ္းအေရးႀကီးတယ္။ အဲဒီအခါၾကေတာ့ က်ေနာ္တို႔ တုိင္းရင္းသားေတြရဲ ႔ လႈပ္ရွားမႈ။ ျမန္မာႏုိင္ငံမွာ ေမြးဖြားတဲ့လူေတြ၊ ျမန္မာႏုိင္ငံမွာ ႀကီးျပင္းတဲလူေတြရဲ ႔ လႈပ္ရွားမႈ အရမ္းအေရးႀကီးတယ္။ ဒါေပမဲ့ International issue ျဖစ္တဲ့အထိ လုပ္ေဆာင္ဖို႔လည္း က်ေနာ္တုိ႔ဆီမွာ တာဝန္ရိွတယ္လို႔ ထင္တယ္။ အဲဒီအတြက္ေၾကာင့္ တိုင္းရင္းသားေတြပဲ မဟုတ္ဘဲနဲ႔ ႏိုင္ငံတကာ ကိုယ္နဲ႔ဆက္သြယ္ရာ ကိုယ္နဲ႔ပတ္သက္ရာ Connection ေတြမွာ ဒီအေၾကာင္းကို အၿမဲတမ္း သူတို႔ကို နားလည္ေအာင္၊ ကူညီႏိုင္ေအာင္ လုပ္ေဆာင္ဖို႔၊ အကူအညီေတာင္းဖို႔လည္း တာဝန္ရိွတယ္လို႔ က်ေနာ္ထင္ပါတယ္။

မစုျမတ္မြန္ ။ ။ Justin Thang ေက်းဇူးအမ်ားႀကီး တင္ပါတယ္ရွင့္။ အခုလိုမ်ဳိး အခ်ိန္ေပးၿပီး ေျဖၾကားေပးတဲ့အတြက္။

ေျဖ ။ ။ ဟုတ္ကဲ့ ေက်းဇူးအမ်ားႀကီး တင္ပါတယ္။

==Unicode==

မြန်မာ့အရေး လှုပ်ရှားနေတဲ့ Indianapolis မြို့ကချင်းလူငယ်များ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ကိစ္စအပေါ် အမေရိကန်ပြည်ထောင်စု Indianapolis မြို့မှာနေထိုင်နေတဲ့ ချင်းတိုင်းရင်းသား လူငယ်တွေ သိပ်ကို စိတ်ဝင်တစားရှိကြပြီး၊ ဒီအကြောင်း သူတို့ရဲ့ ကျောင်းတွေမှာသာမက သက်ဆိုင်ရာ လွှတ်တော်အမတ်တွေအထိ သိရှိစိတ်ဝင်စားအောင် လုပ်နေကြတယ်လို့ ချင်းတိုင်းရင်းသားခေါင်းဆောင် Justin Thang (ထန်) က ပြောပါတယ်။ Hope For Tomorrow ဆိုတဲ့ ပရဟိတလုပ်ငန်းကို ဦးဆောင်နေတဲ့ Justin Thang (ထန်) ကိုယ်တိုင်လည်း စစ်အာဏာသိမ်းတဲ့ကိစ္စကို လူငယ်တွေနဲ့ အမြဲမပြတ် ဆွေးနွေးပြောပြနေပါတယ်။ မြန်မာနိုင်ငံနဲ့ ဝေးနေတဲ့ ဆယ်ကျော်သက်လူငယ်တွေ ဖြစ်ကြပေမယ့် ဘာကြောင့် အခုလို မြန်မာ့အရေးကို တက်တက်ကြွကြွလုပ်နေကြသလဲဆိုတာ Justin Thang (ထန်) ကို မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ Justin Thang ရှင့်။ VOA မြန်မာပိုင်းအစီအစဉ်က ကြိုဆိုပါတယ်ရှင့်။ အခု Justin ကို မေးချင်တာက မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီးတော့ အမေရိကန်မှာ ရှိကြတဲ့ မြန်မာပြည်ကလူတွေ တော်တော်များများက သိပ်ပြီးတော့ စိတ်ဝင်တစား ရှိနေကြတယ်။ စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုတွေကိုလည်း တက်တက်ကြွကြွ လုပ်နေကြတယ်ဆိုတော့ Justin က Indianapolis မှာရှိတဲ့ ချင်းလူမျိုး အသိုင်းအဝိုင်းရဲ့ လူငယ်ခေါင်းဆောင်တဦး ဖြစ်ပါတယ်ဆိုတော့ အဲဒီမှာ Justin အပါအဝင် ချင်းလူငယ်တွေကြားမှာ ဒီအပေါ်မှာ ဘယ်လိုမျိုး စိတ်ဝင်တစား ရှိနေကြသလဲဆိုတာကို အရင်ဆုံး သိပါရစေရှင့်။

ဖြေ ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ။ တွေ့ရတာ ဝမ်းသာပါတယ် အမ။ ပထမဦးဆုံးအနေနဲ့ စိတ်ဝင်တစား ရှိတယ်ဆိုတာကို ပြောချင်တယ်။ ဒါပေမဲ့ စိတ်ဝင်စားတာထက် နာကျင်ခံစားရတယ်။ အရမ်းကို ခံစားရတယ်ဆိုတာကို ထည့်ပြောချင်ပါတယ်။ ကျနော်တို့ Indianapolis မြို့မှာ ဆန္ဒ ပထမဆုံးပြတော့မယ်လို့ စည်းရုံးတဲ့အချိန်မှာ နံပတ်တစ်က လူငယ်ခေါင်းဆောင်တွေ ဖြစ်တယ်။ အကုန်လုံးက အသက် နှစ်ဆယ်၊ နှစ်ဆယ့်ငါး၊ သုံးဆယ်အောက်တွေပေါ့ ကျနော်တို့အပါအဝင်။ ဆိုတဲ့အခါကြတော့ လူငယ်တွေ အရမ်းစိတ်ဝင်စားတယ်။ ခေါင်းဆောင်မှုပိုင်းကို တာဝန်ယူတဲ့ဟာကို တွေ့ရတယ်။ အဲဒီတော့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အရမ်းကျေနပ်မိတယ်။ အဓိက ဒီမြို့မှာဆိုရင် ဆန္ဒပြတာတွေ အကြိမ်ပေါင်းမနည်းတော့ဘူး။ များသောအားဖြင့် လူငယ်တွေ ဦးဆောင်တယ်။ ပြီးတော့ ကျနော်တို့ ရုံးတွေမှာ အလုပ်လုပ်တဲ့ရုံးတွေ၊ ကျောင်းတက်တဲ့ကျောင်းတွေမှာ ထိုင်သပိတ်တွေ စလုပ်တယ်။ ပြီးတော့ ကျနော်တို့ ကျောင်းအုပ်ဆရာကြီးတွေ Principals, Professors တွေကို စာတွေရေးကြတယ်။ ပြီးတော့ Senators, Congressmen တွေကို စာတွေရေးတယ်။ ပြီးတော့ ကိုယ်နဲ့သက်ဆိုင်ရာ သက်ဆိုင်ကြောင်း ဗမာပြည်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းတွေကို မျှဝေပြီးတော့ တက်တက်ကြွကြွနဲ့ လှုပ်ရှားကြတာကို တွေ့ရတယ်။ ကျနော်လည်း အဲဒီအထဲက တယောက်အပါအဝင်ပေါ့။

မေး ။ ။ Justin ပြောခဲ့သလို မြန်မာ့အရေးကို အမေရိကန်နိုင်ငံ Indianapolis မှာ ရှိနေတဲ့ လူတွေပိုပြီးတော့ သိလာအောင်၊ နားလည်လာအောင်လို့ ကျောင်းတွေမှာ လုပ်ကြတယ်ဆိုတော့ အဲဒါ ဆယ်ကျော်သက်လူငယ်တွေ ဖြစ်မယ်လို့ ထင်ပါတယ်။ အဲဒီလိုမျိုး လုပ်နေတဲ့ ဆယ်ကျော်သက် ကျောင်းတက်နေတဲ့ လူငယ်တွေက ဘယ်လောက်များလဲ။ ဒီလိုလှုပ်ရှားမှု လုပ်နေတဲ့ လူတွေက ဘယ်လောက်များပါသလဲရှင့်။

ဖြေ ။ ။ အမပြောသလို ဦးဆောင်တဲ့လူတွေက ဆယ်ကျော်သက်တွေ ဖြစ်တယ်။ ဒါပေမဲ့ ကျနော်အတွက်တော့ လူဦးရေ ဘယ်နှစ်ယောက်ဆိုတာတော့ အတိအကျတော့ ပြောဖို့ခက်တယ်။ ဒါပေမဲ့ များတယ် ကျနော်တို့ Indianapolis မှာဆိုရင် Perry township ဆိုတာရှိတယ်။ အဲဒီမြို့နယ်မှာ အထက်တန်းကျောင်း နှစ်ကျောင်း ရှိတယ်။ ပြီးတော့ မူလတန်း၊ အလယ်တန်းကျောင်းတွေ အများကြီးရှိတယ်။ အဲဒီမှာ ချင်းတွေက အယောက် (၆) ထောင် (၇) ထောင်လောက် ကျောင်းတက်တယ်။ အဲဒီလူငယ်တွေက အရမ်းကို တက်တက်ကြွကြွနဲ့ ပါဝင်လာကြတယ်။

မေး ။ ။ Justin စောစောကပြောသလို အမေရိကန်နိုင်ငံမှာနေနေတဲ့ ချင်းလူငယ်အများစုက အမေရိကမှာ ဟိုးငယ်ငယ်ကတည်းက သူတို့မိဘတွေနဲ့ ရောက်လာကြတယ်။ အများစုကတော့ တတိယနိုင်ငံမှာ အခြေချတဲ့ ဒုက္ခသည်အဖြစ် ရောက်လာကြသူတွေ။ တချို့ကလဲ ဒီမှာမွေးကြတာပေါ့။ ဆိုတော့ အဲဒီလိုမျိုး မြန်မာနိုင်ငံနဲ့ အဆက်အစပ် အလှမ်းဝေးတဲ့ လူငယ်တွေက အခုလောက်အထိ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတဲ့ကိစ္စအပေါ်မှာ စိတ်ဝင်တစား ရှိနေကြတာ ဘာကြောင့်လဲ ထင်ပါသလဲ။

ဖြေ ။ ။ I really love the question. အရမ်းကြိုက်တယ် အဲဒီမေးခွန်းကို။ ဘာဖြစ်လို့လဲဆိုတော့ အရေးကြီးတယ်လို့လည်း ကျနော်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ များသောအားဖြင့် ကျနော်ကိုယ်တိုင် တကယ်ဆိုလို့ရှိရင် Status အရ အမေရိကန်နိုင်ငံသား ဖြစ်နေပြီ။ ဒါပေမဲ့ ကျနော် အရမ်း encouragement ဖြစ်တာတခုက ဘာလဲဆိုတော့ ဒီကိစ္စဖြစ်ပေါ်လာတဲ့အချိန်မှာ ကျနော်တို့ ဒီနိုင်ငံမှာ ကြီးပြင်းလာတဲ့ ကလေးတွေ၊ လူငယ်တွေရဲ့ လှုပ်ရှားမှုက အရမ်းကို ခွန်အားရစရာကောင်းတယ်။ ကျနော်ဆိုလို့ရှိရင် အခုနပြောသလို (၁၆) နှစ်အထိပဲ ဗမာပြည်မှာ နေခဲ့တယ်။ ကျနော် အခု Indianapolis မှာ အရမ်းကို လှုပ်ရှားနေတဲ့ လူငယ်တွေကတော့ (၂) နှစ် (၃) နှစ် (၄) နှစ်ကတည်းက စရောက်ကြတဲ့ လူတွေဖြစ်တယ်။ တချို့ဆိုရင် ဒီမှာမွေးတဲ့လူတွေ ရှိတယ်။ (၁၅) နှစ် (၁၆) နှစ် အထက်တန်းကျောင်းသားတွေဆိုရင်။ သူတို့တွေဆို အရမ်းကိုတက်ကြွနေကြတယ်။ ဒါပေမဲ့ ဘာလို့ အဲဒီလောက်အထိ သူတို့နဲ့ အဆက်အသွယ်မရှိတော့တဲ့ နိုင်ငံကို ဒီလောက်အထိ ချစ်ခင်တွယ်တာနေသလဲဆိုရင် ကျနော် ပထမဦးဆုံး တွေ့တဲ့ဟာကတော့ They still love Burma. ဗမာနိုင်ငံ မြန်မာနိုင်ငံကို သူတို့ချစ်နေဆဲကို ကျနော် တွေ့ရတယ်။ ပြီးလို့ရှိရင် ဒုတိယကတော့ They know where they come from. They know who they are. ကျနော်အပါအဝင် ကျနော်အမေရိကန်နိုင်ငံသား ဖြစ်တယ်။ ဒါပေမဲ့ လူငယ်တယောက်အနေနဲ့ ကျနော်ဘယ်သူလဲ။ ကျနော် ဘယ်နိုင်ငံကလာလဲ။ ကျနော် ဘယ်ကလာသလဲဆိုတာကို ကောင်းကောင်းသိတယ်။ ဒီနိုင်ငံမှာပဲ ကြီးပြင်းပါစေ၊ ဘယ်လိုအလုပ်အကိုင်ပဲ လုပ်ပါစေ။ ဆိုတဲ့အခါကြတော့ အဲဒီစိတ်ထား ကျနော်တို့ လူငယ်တွေ ချင်းလူငယ်တွေထဲမှာ ရှိနေတယ်ဆိုတာကို ကျနော် တွေ့ရတယ်။

တတိယအချက်ကတော့ ကျနော်တို့ ဒီနိုင်ငံကို အမပြောသလို ရောက်လာတဲ့ အကြောင်းရင်းက လူမဆန်တဲ့ Dictatorship Government အာဏာရှင်အစိုးရတွေကြောင့် ဖြစ်တယ်။ လူမဆန်တဲ့ စစ်အုပ်ချုပ်မှုကြောင့် ကျနော်တို့ ဒီနိုင်ငံကို ရောက်ရှိလာတာ ဖြစ်တယ်။ အဲဒီအခါကြတော့ ကျနော်တို့ (၂) နှစ်သားပဲ ဖြစ်ပါစေ၊ (၃) နှစ်သားကတည်းက ဒီနိုင်ငံကို ရောက်ပါစေ၊ ဒီနိုင်ငံမှာပဲ မွေးနေပါစေ။ ကျနော်တို့ရဲ့ မိဘတွေက အဲဒီနိုင်ငံ၊ အဲဒီအုပ်ချုပ်မှု ဆိုးဝါးတဲ့အုပ်ချုပ်မှုစနစ်အောက်ကနေ ထွက်လာကြပြီး ရုန်းကန်ပြီး အခက်အခဲပေါင်းများစွာ - အမ သိတာပဲ ဒီနိုင်ငံမှာဆိုတာ ဘုရင်လို လာနေတာ မဟုတ်ဘူးလေ - အခက်အခဲပေါင်းများစွာနဲ့ မိဘတွေလည်း ရုန်းကန်ပြီးတော့ လာနေကြတယ်။ အဲဒါကို ကြည့်ရင်နဲ့ ဒီလိုမျိုးဘဝ ကျနော်တို့ ကိုယ့်နိုင်ငံမှာ မဟုတ်ဘဲနဲ့ သူများနိုင်ငံမှာ မိဘတွေ ဒီလိုခက်ခက်ခဲခဲနဲ့ လာနေကြတယ်ဆိုတာကို သူတို့ကြည့်တဲ့အခါမှာ ဒီစစ်အုပ်ဆိုးမှု Dictatorship Military Coup ဆိုတာ လုံးဝလက်မခံနိုင်ဘူး။ အဲဒီအတွက်ကြောင့်မို့ သူတို့ပိုပြီးတော့ ဒီကိစ္စမှာ ထဲထဲဝင်ဝင် ပါဝင်လာကြတာ ဖြစ်တယ်လို့ ကျနော်မြင်တယ်။ နောက်ဆုံး ဘာဖြစ်လို့ ချင်းလူငယ်တွေ အသားကုန် ဒီနိုင်ငံမှာ သူတို့ရတဲ့ အခွင့်အရေး၊ အခွင့်အလမ်းပေါ်မှာ Platform ရှိသမျှကို အသုံးပြုပြီးတော့ လှုပ်ရှားနေသလဲဆိုရင် နောက်ဆုံး ကျနော်မြင်တာကတော့ ချင်းမိုလို့၊ ခရစ်ယာန်မိုလို့၊ မြန်မာနိုင်ငံကလာတဲ့ လူမိုလို့ မဟုတ်ဘူး။ သူတို့နိုင်ငံ ကြီးပြင်းလာတဲ့ နိုင်ငံက Freedom ကို ဦးစားပေးသူတွေဖြစ်ပြီး၊ လူ့အခွင့်အရေး၊ လူ့အရေး လူသားချင်းစာနာမှု အပြည့်အဝရှိတဲ့ နိုင်ငံမှာ ကြီးပြင်းလာတဲ့ လူဖြစ်တဲ့အတွက်ကြောင့် သူတို့လာတဲ့နိုင်ငံ၊ သူတို့ မွေးဖွားတဲ့နိုင်ငံမှာ ဒီလိုမျိုး လူမဆန်တဲ့ ဖြစ်ရပ်တွေ ဖြစ်နေတာကို လူသားတယောက်အနေနဲ့ လက်မခံလို့။ ကျနော်ကိုယ်တိုင် လက်မခံနိုင်လို့ ရှိတဲ့ Platform တွေကို သုံးပြီးတော့ တတ်နိုင်သလောက် ပါဝင်ကြတာထင်တယ်။ အဲဒါကြောင့် ကျနော်တို့ ငယ်ငယ်ကတည်းက ရောက်လာကြတဲ့ လူတွေပဲဖြစ်ဖြစ်၊ ဒီမှာ (၁၅-၁၆) နှစ်မှာ ရောက်လာကြသူတွေပဲဖြစ်ဖြစ် ပထမဆုံးကတော့ ကိုယ့်နိုင်ငံကို ချစ်တဲ့စိတ် ရှိပြီးတဲ့အတွက်ကြောင့်၊ ပြီးတော့ လူမဆန်တဲ့ လုပ်ရပ်တွေကို လက်မခံတဲ့အတွက်ကြောင့် ဒီလိုမျိုး ထဲထဲဝင်ဝင် ပါဝင်ကြတယ်လို့ ကျနော် ထင်ပါတယ်။

မေး ။ ။ Justin အနေနဲ့ လူငယ်တွေကို ပိုပြီးတော့ မြန်မာနိုင်ငံအရေး ပိုပြီးတော့ နားလည်အောင်၊ သဘောပေါက်အောင် ဘယ်လိုမျိုးတွေ ကြိုးစားပြီးတော့ လုပ်ပေးနေတယ်ဆိုတာကိုလည်း သိပါရစေရှင့်။

ဖြေ ။ ။ ကျနော်ကလည်း ဘုရားကျောင်းက လူငယ်ခေါင်းဆောင်တယောက်ပေါ့။ ဒီလိုမျိုး ပြဿနာ စဖြစ်တဲ့အချိန်မှာ ကျနော်တို့ ဘုရားကျောင်းမှာရှိတဲ့ လူငယ်တွေကို ဆက်သွယ်တယ်။ ကျနော်တို့နိုင်ငံအတွက် ဆုတောင်းရအောင်၊ ဘာလုပ်ပေးနိုင်မလဲဆိုတာတွေ စဉ်းစားရအောင်ဆိုပြီး ကျနော်တို့ Zoom Meeting ခေါ်တယ်။ အစည်းအဝေးခေါ်တဲ့အချိန်မှာ တချို့ဆိုရင် (၁၃) နှစ် (၁၄) နှစ်သားအရွယ်ပဲ ရှိသေးတယ် - တချို့လူငယ်တွေက။ အဲဒီအချိန်မှာ ကျနော်က နည်းနည်းသတိထားတာက အသက် (၁၃-၁၄) လူငယ်ကလေးလေးတွေက ဒီဗမာပြည်အကြောင်းကို How can I explain to them? နားလည်အောင် ဘယ်လိုပြောပြရမလဲ။ အဲဒီလို ကျနော် နည်းနည်းတွန့်ဆုတ်မိတယ်။ ကျနော်က သူတို့ကို စပြောခိုင်းတယ်။ Whatever you feel inside tell me အခု မြန်မာပြည်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်ကို ပြောပါဆိုပြီး စပြောလိုက်တယ်။ (၁၃-၁၄-၁၅) နှစ် ကလေးတွေ - ဒီနိုင်ငံကို (၁) နှစ်ကတည်းက ရောက်ခဲ့တဲ့ ကလေးတွေက စငိုတယ်။ ဒီလိုမျိုး ဒီကိစ္စကို ကြားတဲ့အချိန်မှာ။ ဆိုတော့ ဘန်းစကားနဲ့ ပြောမယ်ဆိုရင် ကျနော် Heart ထိသွားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က သူတို့တွေ ဒီကိစ္စတွေ မသိဘူး။ ဒီမှာပဲ ကြီးပြင်းလာကြတာဆိုတော့ ဒီအကြောင်းကို ဟိုးအစကနေ ၁၉၆၀ လောက်ကနေ ပြန်ရှင်းရမယ်လို့ လိုမယ်ထင်တာ။ ဒါပေမဲ့ ဒီ (၁၃-၁၄) နှစ် ကလေးတွေက Instragram, Facebook စသုံးလာပြီးဆိုတော့ ဒီဗမာပြည်ကိစ္စ ဟိုးစစ်ကောင်စီ - လွတ်လပ်ရေးရပြီးကနေ အခုဖြစ်ပျက်နေတာတွေကို သူတို့တွေ ဖုန်းထဲမှာ စမြင် စကြည့်လို့ရပြီ။ သတင်းစာလို စာဖတ်နေပြီ။ အဲဒီအခါကြတော့ ဒီကိစ္စကို ခံစားပြီးတော့ စငိုကြတယ်။ ဆုမတောင်းခင်မှာ။ ပြောချင်တာက လူငယ်တွေကို အထူးသဖြင့် ဒီနိုင်ငံမှာ ကြီးပြင်းလာတဲ့ လူငယ်တွေကို အထူးတလည် ဒီကိစ္စတွေကို ရှင်းပြစရာတောင် မလိုတော့ဘူး။

သူတို့တွေ ဒီလိုမျိုး အဖြစ်အပျက်ဆိုးကြီးကို သူတို့ဘာသာ သိလာတယ်။ VOA ရယ် ပရိသတ်တွေကိုလည်း ပြောပြချင်တယ်။ နိုင်ငံခြားရောက် လူငယ်တွေလည်း ခေတ်မနောက်ကျတော့ဘူး။ ဗမာ့အကြောင်း၊ မြန်မာ့အကြောင်းကို အများကြီးသိရှိနားလည်လာပြီဆိုတာကို ပြောချင်တယ်။ လူငယ်ပိုင်းကိုတော့ အဓိကအားဖြင့်တော့ တတ်နိုင်သလောက် ခွန်းအားပေးကြတယ်။ Each other encouragement လုပ်ကြတယ်။ သူတို့နဲ့ သက်ဆိုင်ရာ သက်ဆိုင်ကျောင်းမှာ ဒီကိစ္စကို ပုံမှန် Normal ပြန်မဖြစ်သွားအောင် လူတွေရဲ့ စိတ်ဝင်စားမှု ပိုကြီးမားလာအောင် နည်းလမ်းမျိုးစုံ သုံးပြီးတော့ ခွန်းအားပေးနေကြတယ်။ ကျနော်ဆိုရင် အစိုးရတွေနဲ့ အဆက်အသွယ်ရှိတယ်ဆိုတော့ မြို့နယ်အုပ်ချုပ်ရေးတွေ၊ ကွန်ဂရက်ရုံးတွေ၊ ဆီနိတ်ရုံးတွေကိုလည်း အဆက်မပြတ် တပတ်တခါလောက် ကျနော်တို့ သူတို့ကို ဗမာပြည်မှာ ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေကို အသိပေးတယ်။ ဆက်သွယ်လုပ်ပေးတယ်။

မေး ။ ။ နောက်ဆုံးတခု မေးချင်တာက Justin တို့အနေနဲ့ အမေရိကန်ပြည်ထောင်စုထဲမှာရှိတဲ့ ချင်းတိုင်းရင်းသားတွေအပြင် တခြားတိုင်းရင်းသားလူမျိုးတွေ ကရင်၊ ကချင်၊ တခြားတိုင်းရင်းသားတွေနဲ့ ဆက်စပ်ပြီး၊ စုပေါင်းပြီးတော့ ဒီအာဏာသိမ်းမှုကိစ္စနဲ့ ပတ်သက်လို့ လှုပ်ရှားနေတာမျိုး ရှိပါသလားရှင့်။

ဖြေ ။ ။ ဟုတ်ကဲ့ ရှိပါတယ်။ ကျနော် တခု ဥပမာပြောမယ်ဆိုရင် ဝါရှင်တန်ဒီစီ - အမတို့နေတဲ့ ဝါရှင်တန်ဒီစီမှာဆိုရင် အပတ်တိုင်းလိုလို Every Weekend မှာ ဆန္ဒပြမှု၊ ဆန္ဒထုတ်ဖော်မှုတွေ လုပ်နေကြတယ်။ အဲဒီဟာတွေကတော့ Multiethnic groups မြန်မာပြည်ကလာကြတဲ့ တိုင်းရင်းသားပေါင်းစုံ လှုပ်ရှားနေကြတာကို တွေ့ရတယ်။ အဲဒီအထဲမှာလဲ ပါဝင်ကြတဲ့ ချင်းလူငယ်တွေ အများစု။ ချင်းလူငယ်အဖွဲ့အစည်း အများစုလည်း အဲဒီအထဲမှာ ပါဝင်ကြတယ်ဆိုတော့ ကိုယ်နေတဲ့နေရာ၊ ကိုယ်တွေရဲ့ မြို့ပေါ်မူတည်ပြီးတော့ လှုပ်ရှားတာတွေ ရှိတယ်။ နောက် Indianapolis မှာ အခုနပြောသလို (၉၀) ရာခိုင်နှုန်းသော ခေါင်းဆောင်တွေက ချင်းတွေဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ချင်းလူမျိုး နှစ်သောင်းငါးထောင်လောက် ဒီမှာရှိတယ်ဆိုတော့ ချင်းလူငယ်တွေကြီးပဲ မဟုတ်ဘူး။ ဗမာတွေ ရှိတယ်။ ကရင်၊ ရခိုင်တွေ ရှိတယ်။ မွန်၊ ရှမ်းတွေလည်း ရှိတယ်။ ဆိုတော့ တိုင်းရင်းသားပေါင်းစုံ လူကြီးတွေ ပေါင်းစပ်ပြီးတော့ လှုပ်ရှားတာတွေ ရှိတယ်။ ဆိုတော့ ဒီစစ်အာဏာသိမ်းမှုကတော့ လူမျိုးတမျိုးအရေး မဟုတ်ဘူး။ ဘာသာတဘာသာအရေး မဟုတ်တော့ဘူး။ ဒီဟာက မြန်မာနိုင်ငံဖွား လူတိုင်း တိုင်းရင်းသားပေါင်းစုံရဲ့ အရေးကိစ္စ ဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံက လူတွေရဲ့ အရေးပဲ မဟုတ်ဘူး၊ ကမ္ဘာ့အရေး ဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ အသိုင်းအဝိုင်း၊ ကျနော်တို့ Community၊ ကျနော်တို့ နိုင်ငံတကာ အသိုင်းအဝိုင်းကိုလည်း သိစေချင်တယ်။ ဗမာပြည်မှာ ဖြစ်ပျက်နေတဲ့ကိစ္စက ဗမာပြည်ရဲ့ ကိစ္စ မဟုတ်ဘူး။ This is not Burma issue. This is the world issue ဆိုတာကို လူတွေကို သိခိုင်းဖို့ သိစေဖို့က အရမ်းအရေးကြီးတယ်။ အဲဒီအခါကြတော့ ကျနော်တို့ တိုင်းရင်းသားတွေရဲ့ လှုပ်ရှားမှု။ မြန်မာနိုင်ငံမှာ မွေးဖွားတဲ့လူတွေ၊ မြန်မာနိုင်ငံမှာ ကြီးပြင်းတဲလူတွေရဲ့ လှုပ်ရှားမှု အရမ်းအရေးကြီးတယ်။ ဒါပေမဲ့ International issue ဖြစ်တဲ့အထိ လုပ်ဆောင်ဖို့လည်း ကျနော်တို့ဆီမှာ တာဝန်ရှိတယ်လို့ ထင်တယ်။ အဲဒီအတွက်ကြောင့် တိုင်းရင်းသားတွေပဲ မဟုတ်ဘဲနဲ့ နိုင်ငံတကာ ကိုယ်နဲ့ဆက်သွယ်ရာ ကိုယ်နဲ့ပတ်သက်ရာ Connection တွေမှာ ဒီအကြောင်းကို အမြဲတမ်း သူတို့ကို နားလည်အောင်၊ ကူညီနိုင်အောင် လုပ်ဆောင်ဖို့၊ အကူအညီတောင်းဖို့လည်း တာဝန်ရှိတယ်လို့ ကျနော်ထင်ပါတယ်။

မစုမြတ်မွန် ။ ။ Justin Thang ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။ အခုလိုမျိုး အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက်။

ဖြေ ။ ။ ဟုတ်ကဲ့ ကျေးဇူးအများကြီး တင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG