သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု သတင်းအချက်အလက်စီးဆင်းမှု စစ်ကောင်စီ ထိန်းချုပ်လို့မရ (Myanmar Now ကိုဆွေဝင်း)


၂၁ ရာစု နည်းပညာတိုးတက်မှုနဲ့အတူ သတင်းအချက်အလက် အကန့်အသတ်မရှိစီးဆင်းမှုကို ကန့်သတ်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ထိရောက်မှုမရှိဘူးလို့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ပြောပါတယ်။

၂၁ ရာစု နည်းပညာတိုးတက်မှုနဲ့အတူ သတင်းအချက်အလက် အကန့်အသတ်မရှိစီးဆင်းမှုကို ကန့်သတ်ထိန်းချုပ်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့လုပ်ရပ်ဟာ ထိရောက်မှုမရှိဘူးလို့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းက ပြောပါတယ်။

စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ သားသမီးတွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို Myanmar Now အနေနဲ့၂၀၁၉ ခုနှစ်မှာ စုံစမ်းဖေါ်ထုတ်ရေးသားခဲ့ပြီး နောက် မကြာခင်မှာပဲ ရခိုင်ပြည်နယ်ခရီးစဉ်အတွင်း ကိုဆွေဝင်းဟာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရပေမဲ့ အသက်ဘေးလွတ်မြောက်ခဲ့ပါတယ်။

စုံးစမ်းဖော်ထုတ် သတင်းရေးသားသူနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူအဖြစ် လူသိများတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို အမေရိကန် ပြည်ထောင်စု Stanford တက္ကသိုလ်၊ Shorenstein Asia-Pacific သုတေသန ဌာနက ၂၀၂၁ ခုနှစ် အတွက် Shorenstein Journalism Award ဆုချီးမြှင့်လိုက်ကြောင်း ဒီသီတင်းပတ်အစောပိုင်းက ကြေညာခဲ့ပါတယ်။

တရားမဝင်သတင်းဌာနအဖြစ် သတ်မှတ်ခံထားရပြီး စစ်ကောင်စီရဲ့ ဖိနှိပ်မှုကို ရင်ဆိုင်နေရတဲ့ Myanmar Now အနေနဲ့ အာဏာသိမ်းဆန့်ကျင်တဲ့ လှုပ်ရှားမှုသတင်းတွေနဲ့ ကို ဆက်စဉ်မပြတ်အောင် ဖေါ်ထုတ်တင်ဆက်နိုင်အောင် ဘယ်လိုရုန်းကန်ဆောင်ရွက်နေသလဲ။ လက်ရှိ ပြည်ပကို ရောက်ရှိနေတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။
-------------------------------





XS
SM
MD
LG