သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IPI သတင်းဆု Myanmar Now ကိုဆွေဝင်း ချီးမြှင့်ခံရ


Myanmar Now အယ်ဒီတာချုပ် ဆွေဝင်း။ (May 17, 2023. Crd: VOA)

နိုင်ငံတကာသတင်းအဖွဲ့တခုဖြစ်တဲ့ International Press Institute- IPI ရဲ့ နိုင်ငံတကာညီလာခံမှာ ဂုဏ်ပြုချီးမြှင့်မယ့်သတင်းဆုတွေထဲ မြန်မာနိုင်ငံက Myanmar Now သတင်းဌာနအယ်ဒီတာချုပ် ကိုဆွေဝင်းလည်း ပါဝင်ပါတယ်။ သူတို့သတင်းဌာနရဲ့ ဆောင်ရွက် ချက်အပေါ်မှာ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုလို့ ခံယူတဲ့အကြောင်း ကိုဆွေဝင်းက ဗွီအိုအေကို ပြောခဲ့ပါတယ်။

"အတိုင်းအတာတခုကတော့ ကျနော်တို့ရဲ့ လုပ်ဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့မှ ဒေသတွင်း နိုင်ငံတကာသတင်းစာအဖွဲ့အစည်းတွေရော၊ တချို့နိုင်ငံတကာအစိုးရတွေရော ပိုပြီးတော့မှ သူတို့ရဲ့အသိအမှတ်ပြုမှု ရရှိစေတယ်၊ နောက်ပြီးတော့ ကျနော်တို့သတင်းဌာနတွေကဆိုလို့ရှိရင် တတ်နိုင်သမျှ မှန်မှန်ကန်ကန် လုပ်ဆောင်နေတယ်ဆိုတဲ့ဟာမျိုးကို မီးမောင်းထိုးတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့မှာတော့ အတိုင်းအတာတခုအထိ အကျိုးကျေးဇူးတော့ ရှိနိုင်ပါတယ်။ ဒါပေမဲ့ အားလုံးသိတဲ့အတိုင်းပါပဲ၊ ကျနော်တို့တွေက ဘာအတွက်မှ ကျနော်တို့က celebrate လုပ်ဖို့အတွက် အချိန်ကာလလည်းမဟုတ်ဘူးပေါ့နော်၊ မသင့်တော်ဘူးလည်းဆိုတဲ့အခါကျတော့ ကျနော်တို့တွေက ဒါနဲ့ပတ်သက်ပြီးတော့ ဂုဏ်ယူပါတယ်၊ ဝမ်းသာပါတယ်-ဆိုတာလည်း ကျနော်တို့က ပြောဖို့က အခြေအနေမဟုတ်ပါဘူးခင်ဗျ။"

ကိုဆွေဝင်းကို Pioneer Award ဆုချီမြှင့်တာဖြစ်ပြီး သူနဲ့အတူ အခြားနိုင်ငံတကာသတင်းထောက်တွေကိုလည်း ဆုချီးမြှင့်ခဲ့ပါတယ်။ အဲဒိထဲမှာ မက္ကဆီကိုသတင်းထောက် Carmen Aristegui ကိုလည်း Acceptance of hero award ကို ချီးမြှင့်ခံရပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းထားပြီး သတင်းဌာနတွေနဲ့သတင်းသမားတွေကိုဖိနှိပ်တဲ့ ကမ္ဘာပေါ်ကအဆိုးဆုံးနိုင်ငံတွေထဲကတနိုင်ငံအဖြစ် နိုင်ငံတကာသတင်းသမားများနဲ့သတင်းသမားကာကွယ်ရေးအဖွဲ့တွေက ဖေါ်ပြထားပါတယ်။

နိုင်ငံတကာသတင်းသမားများအဖွဲ့ IPI ရဲ့ ကမ္ဘာလုံးဆိုင်ရာညီလာခံကို မေလ ၂၅ ရက်နေ့နဲ့ ၂၆ ရက်နေ့တွေမှာ သြစတီးရီးယားနိုင်ငံ ဗီယင်နာမြို့မှာကျင်းပမှာဖြစ်ပြီး ဆုပေးပွဲအခမ်းအနားလည်း ကျင်းပမှာဖြစ်ပါတယ်။ ဒီညီလာခံကို နိုင်ငံပေါင်း ၈၀ ကျော်က သတင်းသမားတွေ၊ အယ်ဒီတာတွေ၊ ထုတ်လုပ်သူဝေသတွေဟာ လူကိုယ်တိုင်ဖြစ်စေ၊ အွန်လိုင်းကဖြစ်စေ တက်ရောက်ကြမှာဖြစ်ပါတယ်။

IPI သတင်းဆု Myanmar Now ကိုဆွေဝင်း ချီးမြှင့်ခံရ
please wait

No media source currently available

0:00 0:02:00 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG