သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Ramon Magsaysay ဆု မြန်မာသတင်းသမား ကိုဆွေဝင်း လက်ခံယူ


Ramon Magsaysay ဆု မြန်မာသတင်းသမား ကိုဆွေဝင်း လက်ခံယူ
Ramon Magsaysay ဆု မြန်မာသတင်းသမား ကိုဆွေဝင်း လက်ခံယူ

အာရှတိုက်ရဲ့ နိုဘယ်လ်ဆုလို့ တင်စားခေါ်ဝေါ်ကြတဲ့ Ramon Magsaysay ဆု ကို မြန်မာနိုင်ငံက Myanmar Now သတင်းအယ်ဒီတာချုပ် ကိုဆွေဝင်း ဒီကနေ့ လက်ခံရယူပါတယ်။ သတင်းသမား ကိုဆွေဝင်းဟာ သတင်းစာနယ်ဇင်းပညာကို လက်ကိုင်ပြုပြီး တရားမျှတမှုနဲ့ အမှန်တရားကို ရှာဖွေရာမှာ မဆုတ်မနစ် ကြိုးပမ်းခဲ့သူ အဖြစ် ရွေးချယ်ခံခဲ့ရတာပါ။ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ဒီကနေ့ကျင်းပတဲ့ Ramon Magsaysay ဆုရှင်တွေကို ဆု ချီးမြှင့်ပွဲအခမ်းအနားအကြောင်း မဆုမွန် စုစည်းတင်ပြထားပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၉)ရက်နေ့ တနင်္လာနေ့မှာတော့ ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ၂၀၁၉ ခုနှစ်အတွက် Ramon Magsaysay ဆု ဆု ချီးမြှင့်ပွဲ အခမ်းအနား ကျင်းပနေတာဖြစ်ပါတယ်။ Ramon Magsaysay ဆုကို မြန်မာနိုင်ငံက Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းနဲ့အတူ ဒီနှစ် ဆုချီးမြှင့်ခံရသူတွေကတော့ ဖိလစ်ပိုင်နိုင်ငံက ဂီတပညာရှင် Ryan Cayabyab၊ တောင်ကိုရီးယားနိုင်ငံ က အနိုင်ကျင့်မှု တိုက်ဖျက်ရေး လှုံ့ဆော်စည်းရုံးသူ Kim Jong-Ki ၊ အိန္ဒိယနိုင်ငံက ရုပ်သံသတင်းတင်ဆက်သူ Ravish Kumar ၊ ထိုင်းနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ Angkhana Neelapaijit တို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံက Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ဒီနှစ်၂၀၁၉ ခုနှစ်အတွက် Ramon Magsaysay ခေါင်းဆောင်မှုဆိုင်ရာ ဆုရှင်အဖြစ် ရွေးချယ် ချီးမြှင့်ကြောင်း အခုလိုကြေညာခဲ့ပါတယ်။

“၂၀၁၉ ခုနှစ်အတွက် Ramon Magsaysay ခေါင်းဆောင်မှုဆိုင်ရာဆုရှင်ကတော့ ကိုဆွေဝင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ သတင်း မီဒီယာတွေ သတင်းသမားတွေအတွက် အခက်အခဲစိန်ခေါ်မှုအများဆုံးနဲ့ရင်ဆိုင်နေရတဲ့ အာရှ နိုင်ငံတွေထဲက တနိုင်ငံဖြစ် ပါတယ်။ မြန်မာနိုင်ငံ ဟာ သမိုင်းကြောင်းအရဆိုရင် စစ်အုပ်ချုပ်ရေးအောက်မှာ အရပ်ဖက်အဖွဲ့အစည်းတွေ အားနည်းခဲ့တဲ့နိုင်ငံပါ။”

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ Ramon Magsaysay ဆု ချီးမြှင့်ခံရတဲ့ ခုနစ်ဦးမြောက် မြန်မာနိုင်ငံသား ဖြစ်ပါတယ်။ သူဟာ လွတ်လပ်ပြီး ကျင့်ဝတ်သိက္ခာနဲ့ ကိုက်ညီတဲ့ လူမှုဘဝတွေအကြောင်း ထဲထဲဝင်ဝင် ဖော်ထုတ် ရေးသားတဲ့ စာနယ်ဇင်းပညာကို လက်ကိုင်ပြုပြီး တရားမျှတမှုနဲ့ အမှန်တရားကို ရှာဖွေရာမှာ မဆုတ်မနစ် ကြိုးပမ်းခဲ့သူ ဖြစ်တာကြောင့် ဒီဆုကိုချီးမြှင့်တာလို့ Ramon Magsaysay ဆု ဖောင်ဒေးရှင်းကပြောခဲ့တာဖြစ်ပါတယ်။

Ramon Magsaysay ဆုကို ဆု ချီးမြှင့်ပွဲအခမ်းအနားမှာ ကိုဆွေဝင်းကိုယ်တိုင် ဆုတက်ရောက်ယူခဲ့တာဖြစ်ပါတယ်။ Ramon Magsaysay ဆုရှင်ကိုဆွေဝင်းက ဆုလက်ခံယူပြီးတဲ့နောက် မြန်မာနိုင်ငံရဲ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ဖွဲ့စည်းပုံအောက် သတင်းသမားတွေ ရင်ဆိုင်တွေ့ကြုံနေရတဲ့ လက်ရှိအခြေအနေတွေကို အခုလိုပြောဆိုသွားပါတယ်။

“မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်ဟာ နိုင်ငံအပေါ်မှာ အတော်လေးကို လွှမ်းမိုးထားပါတယ်။ လွှတ်တော်ရဲ့ လေးပုံတပုံနဲ့ အစိုးရရဲ့ အဓိကနေရာတွေကို စစ်တပ်က ယူထားပါတယ်။ အခုလို စစ်တပ်ကြီးစိုးပြီး တိုင်းရင်းသားဒေသတွေက တိုက်ပွဲတွေ အမျိုးသားရေးဝါဒ ခေါင်းထောင်လာတာတွေကြောင့် လွတ်လပ်တဲ့သတင်းမီဒီယာတွေအတွက် ခြိမ်းခြောက်မှုတွေဖြစ်နေပါတယ်။”

၂၀၁၉ ခုနှစ်အတွက် Ramon Magsaysay ဆုရှင်ကိုဆွေဝင်းက လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေ သတင်းမီဒီယာသမားတွေရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေကို ပြောဆိုခဲ့တာပါ။ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းဟာ Ramon Magsaysay ဆု ချီးမြှင့်ခံရတဲ့ ခုနစ်ဦးမြောက် မြန်မာနိုင်ငံသား ဖြစ်ပါတယ်။

အာရှတိုက်ရဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုလို့ နှိုင်းယှဉ် ခေါ်ဆိုကြတဲ့ Ramon Magsaysay ဆုကို ၁၉၅၇ နှစ်မှာ စတင်ခဲ့တာပါ။ ၁၉၅၉ ခုနှစ်မှာ မြန်မာနိုင်ငံက သတင်းစာဆရာ ဦးလောရုံနဲ့ ပရဟိတအလှူရှင် ဒေါ်တီတီလုစ်၊ ၂၀၀၂ ခုနှစ်မှာ ဒေါက်တာစင်သီယာမောင်၊ ၂၀၀၉ ခုနှစ်မှာ ကရင်တက်ကြွလှုပ်ရှားသူ ကစောဝါး၊ ၂၀၁၃ ခုနှစ်မှာ မေတ္တာဖွံ့ဖြိုး ရေးဖောင်ဒေးရှင်း တည်ထောင်သူ ကချင်အမျိုးသမီး လဖိုင်ဆိုင်းရော်၊ ၂၀၁၅ ခုနှစ်မှာ နာရေးကူညီမှုအသင်း တည်ထောင်သူ ဦးကျော်သူတို့ရရှိခဲ့ပြီး ၂၀၁၉ခုနှစ်အတွက်ကတော့ Myanamar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို ချီးမြှင့်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG