သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၇ Raymon Magsaysay လူ့အခွင့်အရေးဆုရှင်များ


၂၀၁၇ ခုနှစ် အတွက် Ramon Magsaysay ဆုရှင် တဦး ဖြစ်တဲ့ Abdon Nababan, (Courtesy: Ramon Magsaysay).
၂၀၁၇ ခုနှစ် အတွက် Ramon Magsaysay ဆုရှင် တဦး ဖြစ်တဲ့ Abdon Nababan, (Courtesy: Ramon Magsaysay).

အာရှတိုက်ရဲ့ နိုဘဲလ် ငြိမ်းချမ်းရေးဆုလို့ နှိုင်းယှဉ် ခေါ်ဆိုကြတဲ့ Ramon Magsaysay ဆုကို ဒီနှစ် အတွက် သီရိလကာၤနိုင်ငံက စိတ်ဓာတ်မြှင့်တင်ရေး ကုသပေးသူ တဦး၊ စကာၤပူ စီးပွားရေး သမား တဦးနဲ့ ဖိလစ်ပိုင်နိုင်ငံ အစိုးရ အရာရှိဟောင်း တဦးတို့ စုစုပေါင်း ၇ ဦး ပူးတွဲ ရရှိသွားပါတယ်။

သီရိလကာၤ နိုင်ငံသူ အသက် ၈၃ နှစ် အရွယ် ကက်ဆီ ရှန်မူဂန်းဟာ နိုင်ငံတွင်းက စစ်ဘေး ဒုက္ခသည်တွေကို ဘ၀ တလေ ျှာက်လုံး လိုလို အားပေးကူညီခဲ့ရင်း စစ်ပွဲတွေ ရပ်ဆိုင်းရေး အတွက်လည်း ပါဝင် ဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။

စကာၤပူ နိုင်ငံသား တိုနီတေး ကတော့ ထောင်နဲ့ချီတဲ့ ဆင်းရဲသား မိသားစုတွေကို အစားအသောက်တွေ ပေးကမ်း ကူညီနေသူ တဦး ဖြစ်ပြီး ဖိလစ်ပိုင် နိုင်ငံသူ လိုင်လီယာ ဒလဲမား ကတော့ သူမရဲ့ ဒေသ အစိုးရ အတွင်း အဂတိ လိုက်စားမှု လာဘ်ပေးလာဘ်ယူမှု ပပျောက်ရေး အတွက် နှစ်ပေါင်း ၂၀ ကျော် ကြိုးပမ်း လုပ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။

ဒီကနေ့ သြဂုတ်လ ၃၁ ရက်နေ့မှာ ဆုချီးမြှင့်မှာ ဖြစ်ပါတယ်။ ဒီဆုကို မြန်မာနိုင်ငံက ရရှိခဲ့ဖူးသူတွေကတော့ ဒေါ်တီတီလုစ်၊ ဦးလောရုံ၊ လဖိုင်ဆိုင်းရော်၊ စင်သီယာမောင်၊ ကစောဝါးနဲ့ ဦးကျော်သူတို့ စုစုပေါင်း ၆ ဦး ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG