သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ဖမ်းဆီးခံရ


Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း

Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးဆွေဝင်းကို ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးလိုက်ပါတယ်။

ဆက်သွယ်ရေး ဥပဒေ ပုဒ်မ (၆၆/ဃ) နဲ့ တရားစွဲဆိုခံထားရတဲ့ Myanmar Now သတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးဆွေဝင်းက ဘန်ကောက် ရုံးခွဲကို ရုံးလုပ်ငန်းတွေ လွှဲပြောင်းပေးစရာတွေ ရှိတာကြောင့် တညအိပ် ခရီး အနေနဲ့ သွားဖို့ ရန်ကုန်လေဆိပ်ကြီးကို အရောက်မှာ မင်္ဂလာဒုံ ရဲစခန်းက ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ Myanmar Now သတင်းဌာနရဲ့ သတင်းထောက်ချုပ် ကိုထက်ခေါင်လင်းက ပြောပါတယ်။

မဘသ ဆရာတော် ဦးဝီရသူနဲ့ ပတ်သက်ပြီး ရေးသားထားချက်ကို ဦးဆွေဝင်းက သူ့ရဲ့ လူမှုကွန်ယက်မှာ မ ျှဝေတာကို မကျေနပ်တဲ့ ကိုကျော်မျိုးရွှေက ဆက်သွယ်ရေး ဥပဒေ ပုဒ်မနဲ့ အမှုဖွင့်ထားတာပါ။

ဒီအမှုနဲ့ ပတ်သက်လို့ လာရောက် အဖမ်းခံဖို့ ရဲစခန်းက ဦးဆွေဝင်းကို လာရောက် အဖမ်းခံဖို့ အကြောင်းကြားခဲ့ပြီ ဦးဆွေဝင်းဘက်က လာမယ့် သြဂုတ်လ ၃ ရက်နေ့မှာ လာရောက် အဖမ်းခံပါမယ်လို့ အကြောင်းကြားခဲ့ပြီးနောက် ဒီကနေ့ အဖမ်းခံရတာ ဖြစ်တယ်လို့ Myanmar Now သတင်းထောက်ချုပ် ကိုထက်ခေါင်လင်းက ပြောပါတယ်။

Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်း ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:00:57 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG