သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရ ဘာကြောင့် မီဒီယာတခု အပေါ် သည်းမခံနိုင် ဖြစ်ရတာလဲ


Eleven Media Group အမှုဆောင်အရာရှိ ချုပ် ဒေါက်တာ သန်း ထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို တာမွေ ရဲစခန်းမှာ ဆက် သွယ်ရေး ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ခံရစဉ်
Eleven Media Group အမှုဆောင်အရာရှိ ချုပ် ဒေါက်တာ သန်း ထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ကို တာမွေ ရဲစခန်းမှာ ဆက် သွယ်ရေး ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ခံရစဉ်
တိုက်ရိုက် လင့်ခ်

အခုရက်ပိုင်းအတွင်း ပြည်သူတွေ စိတ်အဝင်စားဆုံး သတင်းကတော့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ကနေ Eleven Media Group အမှုဆောင်အရာရှိ ချုပ် ဒေါက်တာ သန်း ထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးတို့ နှစ်ယောက်ကို တာမွေ ရဲစခန်းမှာ ဆက် သွယ်ရေး ပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်လိုက်တဲ့ သတင်းပါ။ အခုလို ဥပဒေကြောင်း အရ ဆောင်ရွက်ရတာဟာ ဒေါက်တာသန်းထွဋ်အောင် ရေးသားပြီး အလဲဗင်းနေ့စဉ် သတင်းစာ၊ အလဲဗင်း အပတ်စဉ်ထုတ် ဂျာနယ်၊ ဒေါက်တာသန်းထွဋ်အောင်ရဲ့ facebook လူမှုကွန်ယက် စာမျက်နှာ၊ အလဲဗင်း မီဒီယာရဲ့ ဝက်ဘ်ဆိုက်နဲ့ facebook စာမျက်နှာတွေတင်မက စင်ကာပူ The Straits Times နဲ့ ANN အာရှသ တင်းကွန်ယက် ၂၁ နိုင်ငံက သတင်းစာ ၂၂စောင်နဲ့ ဝက်ဘ်ဆိုက်တွေ မှာ ဖော်ပြခဲ့တဲ့ “ ရွေးကောက်ပွဲ တနှစ်ကြာသော်” ဆိုတဲ့ အယ်ဒီတာ့ အာဘော် ဆောင်းပါးကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ အစိုးရတာဝန်ယူပြီး ၇ လ ကျော်အကြာမှာ ခုလို သတင်းမီဒီယာတစ်ခုကို အရေးယူရတဲ့ ဖြစ်စဉ် ဘယ်လို ပေါ်ပေါက်လာသလဲ၊ အင်န်အယ်လ်ဒီ အစိုးရဟာ သတင်းမီဒီယာ အပေါ် သည်းခံမှုနည်းနေသလား၊ ဒီအရေးယူမှု ဘယ်လို အဓိပ္ပါယ် ဆောင်သလဲ ဆိုတာ လေ့လာဆွေးနွေး တင်ပြသွားပါ့မယ်။

အင်္ဂလိပ်ဘာသာနဲ့ နိုင်ငံပေါင်းများစွာမှာ ပုံနှိပ်ထုတ်ေ ၀ ဖော်ပြခဲ့ြ ပီး မြန်မာဘာ သာနဲ့ ပြည်တွင်းမှာ ထုတ်ဝေခဲ့တဲ့ အဲဒီ အယ်ဒီတာ့ အာဘော် မှာ ဒေါက်တာ သန်းထွဋ်အောင်က အင်န်အယ်လ်ဒီ အစိုးရ အနိုင်ရတဲ့ ရွေးကောက်ပွဲ အပြီး တ နှစ်ကျော်အကြာ ကာလ တိုင်းပြည်မှာ တိုက်ပွဲတွေ ပြန်ဖြစ်လာတာ၊ ရခိုင်ပြည် နယ်မှာ အကြမ်းဖက်မှုတွေ ဖြစ်လာတာ၊ ကုန်ဈေးနှုန်းတွေ မြင့်တက် လာ တာ၊ ငွေကြေးဖေါင်းပွမှု မြင့်တက်လာတာ၊ ဆန္ဒပြပွဲတွေ နေရာ အနှံ့ ဖြစ်လာ တာ စတဲ့ အခြေအနေတွေ ဖြစ်ပေ ါ်စေပြီး ပြည် သူလူထုအတွက် စိတ်ပျက်ဖွယ် အခြေအနေ ဖြစ်ပေါ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရန်ကုန်တိုင်း အစိုးရက တရားစွဲဖို့အထိ ဖြစ်လာစေတဲ့ စာပုဒ်မှာတော့ ခုလို ဖော်ပြထား ပါတယ်။ “ ယခင်အစိုးရလက်ထက်က အရှိန်ရနေသော Corruption and Cronyism က ပိုပြီး အရှိန်ရလာသည်။ တိုင်းပြည်၏ ကြွယ်၀ ချမ်းသာမှု အများစုကို ထိန်းချုပ်ထားသော ခရိုနီလူတန်းစားနှင့် မနေ့တစ်နေ့က အာဏာရလာသော NLD အစိုးရသစ်တို့အကြား ဆက်နွှယ်မှုက လူတွေကို စိတ် ပျက်စေသည်။ ယခင်ခြစားပြီးသော ဗျူရိုကရေစီ ယန္တယားနှင့် လက်ရှိ သက်တမ်း ခုနှစ်လသား အစိုးရ ထိပ်ပိုင်းတို့ ဆက်နွှယ်မှုကလည်း လူတွေအဖို့ စိတ်ပျက်စရာ၊။ လူမှုကွန်ယက်စာမျက်နှာတွင် ပျံ့နှံ့ခဲ့သော သက်တမ်း ခုနှစ်လသာ ရှိသေးပြီး လစာ ဒေါ်လာ ၂၅၀၀ခန့်သာရှိသည့် ဝန်ကြီးချုပ်တစ်ဦး ဒေါ်လာ တစ်သိန်းခန့် တန် သည့် Patek Phillipe နာရီ ဝတ်ဆင်သည်ဆိုသော သတင်းက တစ်နေ့ အနည်းဆုံး လုပ်ခ နှစ်ဒေါ်လာခွဲသာရသည့် နိုင်ငံသား အတော်များများကို မကျေမနပ် ဖြစ်စေ ခဲ့သည်။ ယင်းလက်ဆောင်ကို ပေးသူမှာ မကြာသေးမီက မူးယစ်ဆေးဝါး အမှုဖြင့် ထောင်က လွတ်လာခဲ့သော သူဌေးကြီးတစ်ဦးဖြစ်ပြီး အစိုးရ အကူး အပြောင်းမှာ မြို့သစ် စီမံကိန်းကို တင်ဒါအောင်မြင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရ သည်။ မိမိနှင့် ခင်မင်သည့် Patek Phillipe နာရီကို စွဲစွဲမြဲမြဲ ဝတ်ဆင်သည့် စီး ပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦးကမူ ယင်းနာရီကို မည်သူက ပေးသည် အတည်ပြုလို့ မရသော်လည်း သူနှင့် ဝန်ကြီးချုပ်တို့ တွေ့ချိန် နှစ်ကြိမ်စလုံး ယင်းနာရီကို ဝန်ကြီးချုပ် ဝတ်ဆင်ထားသည်ဟု ဆိုသည် ” ဆိုပြီး ဖော်ပြထားပါတယ်။

အယ်ဒီတာ့အာဘော်မှာ ဝန်ကြီးချုပ် တစ်ယောက်လို့ပဲ ဖော်ပြထားပေမယ့် ကျန်တဲ့ အချက်အလက်တွေနဲ့ ဆက်စပ်ကြည့်ရင် ဒီ ဖော်ပြချက်ဟာ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို ရည်ညွှန်းတယ်ဆိုတာ လွယ်လွယ်ကူကူ သိနိုင်ပါတယ်။ ဒါ့အပြင် နာရီလက်ဆောင်ပေးသူဟာ မူးယစ်ဆေးဝါးအမှုနဲ့ မကြာမီက ထောင်က လွတ်လာ တဲ့ သူဌေးတစ်ဦး၊ မြို့သစ် စီမံကိန်း တင်ဒါအောင်မြင်သူ စသဖြင့် ရေးသား ထားတော့ ဒီအချက်အလက်တွေနဲ့ ပြည့်စုံသူကလည်း ဦးမောင်ဝိတ် တစ်ယောက်ပဲ ရှိနေပြန်ပါတယ်။ အာဘော်ကို ခြုံငုံသုံးသပ်လိုက်ရင် အင်န်အယ်လ်ဒီ အစိုးရ အဖွဲ့အတွင်း ခရိုနီတွေနဲ့ ပေါင်းပြီး အကျင့်ပျက် လာဘ်စားမှုတွေ ရှိနေတယ်၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ ဒေါ်လာတစ်သိန်းတန် နာရီ လက်ဆောင် လက်ခံရယူမှု က နမူနာပဲ၊ ဒါကြောင့် အင်န်အယ်လ်ဒီ အစိုးရကို ပြည်သူတွေ စိတ်ပျက်လက် ပျက် ဖြစ်စေတယ်လို့ အဓိပ္ပါယ် ထွက်စေပါတယ်။

ဒီလို ကြီးမားတဲ့ စွပ်စွဲမှုတွေ ဖြစ်နေတာ၊ ဒီရေးသားချက်ကိုလည်း နိုင်ငံတကာ မီဒီယာတွေ၊ ဝက်ဘ်ဆိုက်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့တာကြောင့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဟာ မလွဲမရှောင်သာပဲ သတင်းစာရှင်းလင်းပွဲ လုပ်၊ ရှင်းပြရတဲ့ကိန်း ဆိုက်သွားပါတော့တယ်။ အဲဒီလို မရှင်းပြခဲ့ရင် သူဟာ ကြီးမားတဲ့ အဂတိလိုက်စားသူ အဖြစ် ထင်မြင်တာ ခံရနိုင်သလို၊ အစိုးရအဖွဲ့ရဲ့ အရေးယူစစ်ဆေးခြင်း၊ ဥပဒေကြောင်းအရ အရေးယူခြင်းတောင် ခံရနိုင်လို့ပါပဲ။

တကယ်တော့ ဒေါက်တာသန်းထွဋ်အောင်ကနေ အင်န်အယ်လ်ဒီ လွှတ်တော်နဲ့ အစိုးရအဖွဲ့ကို ရေးသားတာ အခုတစ်ခေါက်မှ မဟုတ်ပါဘူး။ အခုနှစ်ဆန်း လွှတ်တော်သစ်တွေ စပြီး ဖွဲ့စည်းချိန် အင်န်အယ်လ်ဒီက ပြည်သူ့လွှတ်တော် ဒုဥက္ကဌ အဖြစ် ဦးတီခွန်မြတ်ကို တင်မြှောက်လိုက်တဲ့အခါ အလဲဗင်းမီဒီယာကနေ ဦးတီခွန်မြတ်ဟာ မူးယစ်ဆေး လုပ်ငန်းတွေနဲ့ ဆက်စပ်နေသလား ဆိုပြီး အကျယ်တဝင့် ဖော်ပြခဲ့သလို၊ ဒေါက်တာဖေမြင့်ကို ပြန်ကြားရေးဝန်ကြီးအဖြစ် ခန့်အပ်မယ်လို့ သတင်းထွက်ပေါ်ခဲ့တော့လည်း ဒေါက်တာဖေမြင့်ဟာ အရင် သမ္မတ ဦးသိန်းစိန် လက်ထက် စာနယ်ဇင်း ကောင်စီမှာ လုပ်ခဲ့ဖူးသူဖြစ်တယ်၊ အခွန်ရော ဆောင်ထားသလား စသဖြင့် ဖော်ပြခဲ့ဖူးပါတယ်။ အလဲဗင်းမီဒီယာဟာ အလားတူ ရေးသားချက်မျိုး အများအပြား ဖော်ပြခဲ့ပြီး အခုနောက် ဆုံး ပြသနာ မှာလည်း အယ်ဒီတာချုပ် ဦးဝေဖြိုးက သူတို့ဖော်ပြချက်မှန်တယ်၊ ဒီကိစ္စ အကြောင်းပြောတဲ့ ဦးဝင်းထိန်ကိုလည်း တရားဥပဒေအရ ဆောင်ရွက်သွားမယ် ဆိုပြီးတောင် တုန့်ပြန်ခဲ့ကြပါသေးတယ်။

ဒါ့အပြင် ဒေါက်တာသန်းထွဋ်အောင်ရဲ့ အလဲဗင်းမီဒီယာဟာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်တုန်းကလည်း “နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံး သူများ ၏ နိုင်ငံခြား ဘဏ်စာရင်းများလော၊ ဒေါ်လာ ၁၁ ဘီလျံ အထိ ရှိသော မြန်မာ အကောင့်န် ၅ ခုကို အစိုးရအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန် လိုလာ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးရေးပြီး အဲဒီအချိန်က သမ္မတရုံးဝန်ကြီး ဦးစိုးသိမ်းကို ခင်ဗျားမှာ နိုင်ငံခြားဘဏ် အကောင့်န်စာရင်းရှိသလား စသဖြင့် မေးမြန်းရေး သားတာမျိုး လုပ်ခဲ့ဖူးပါတယ်။ လွှတ်တော်တွင်း ဗဟိုဘဏ်တာဝန်ရှိသူရဲ့ ရှင်းလင်း ချက်အရ အကောင့်န် ၅ ခုဆိုတာ မမှန်သလို ဒေါ်လာ ၁၁ ဘီလျံလည်း တကယ် မရှိပါဘူး။ အလားတူ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်ကိုလည်း ကားပါမစ် ပြသနာသာသာ ဖော်ပြခံခဲ့ရပါသေးတယ်။ အဲဒီအချိန်က အလဲဗင်း နဲ့ ပြည်တွင်းမီဒီယာ တစ်ချို့ရဲ့ ဖော်ပြချက်တွေကြောင့် သမ္မတ ဦးသိန်းစိန် အစိုးရ အဖွဲ့ လုပ်ရပ်တွေဟာ ပြည်သူတွင်းမှာ ပိုဆိုးတဲ့ အဆိုးမြင် ဖြစ်ပေါ်စေပြီး အခြား အကြောင်းအရာတွေနဲ့ ပေါင်းစပ်ကာ ရွေးကောက်ပွဲတောင် အရှုံးကြီးရှုံးခဲ့ရပါတယ်။

အခု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ အင်န်အယ်လ်ဒီ အစိုးရ အဖွဲ့ ဟာ ရှေ့က သမ္မတ ဦးသိန်းစိန် အစိုးရ ကြုံခဲ့ရတာတွေ၊ အစိုးရသက် တမ်း ကာလ တလျောက် အလဲဗင်းက သူတို့အပေါ် ရေးသားဖော်ပြခဲ့တာတွေအားလုံးကို သင်ခန်းစာယူပြီး ဒေါက်တာသန်းထွဋ်အောင်နဲ့ အလဲဗင်း မီဒီယာကို ဥပဒေကြောင်း အရ အရေးယူတာ ဖြစ်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

XS
SM
MD
LG