သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Myanmar Now ကိုေဆြ၀င္း Shorenstein Journalism ဆုခ်ီးျမွင့္ခံရ


Myanmar Now ကိုေဆြ၀င္း Shorenstein Journalism ဆုခ်ီးျမွင့္ခံရ

(Zawgyi/Unicode)

အေမရိကန္ ျပည္ေထာင္စု Stanford တကၠသိုလ္၊ Shorenstein Asia-Pacific သုေတသန ဌာနက ၂၀၂၁ ခုႏွစ္ အတြက္ Shorenstein Journalism Award ကို သတင္းသမား ဦးေဆြ၀င္းကို ခ်ီးျမွင့္ေၾကာင္း အဂၤါေန႔မွာ ေၾကညာပါတယ္။

စံုးစမ္းေဖာ္ထုတ္ သတင္းေရးသားသူနဲ႔ လူ႔အခြင့္အေရး ကာကြယ္ျမွင့္တင္သူ အျဖစ္ လူသိမ်ားတဲ႔ ဦးေဆြ၀င္းဟာ Myanmar Now သတင္းဌာနကို တြဲဖက္တည္ေထာင္သူနဲ႔ အယ္ဒီတာခ်ဳပ္ အျဖစ္ တာ၀န္ယူထားၿပီး ျမန္မာႏုိင္ငံတြင္းက လူမႈဘ၀ အေျခအေနေတြကို စံုစမ္းေဖာ္ထုတ္ ေရးသားၿပီး ျမန္မာ၊ အဂၤလိပ္ ႏွစ္ဘာသာနဲ႔ ေဖာ္ျပေနတာ ျဖစ္ပါတယ္။

၂၀၀၂ ခုႏွစ္က စလို႔ ႏွစ္စဥ္ ေပးအပ္လာတဲ႔ Shorenstein Journalism Award ကေတာ့ ဆုေၾကးေငြက ေဒၚလာ ၁၀,၀၀၀ ျဖစ္ၿပီး အာရွ ေဒသတြင္း ရိုက္ခတ္တဲ႔ အတိမ္းအေစာင္း မခံတဲ႔ ကိစၥေတြ အေရးေတြမွာ ထူးခြ်န္ေျပာင္ေျမာက္စြာ ေဖာ္ထုတ္ တင္ျပႏုိင္တဲ႔ သတင္းေထာက္ကို ေရြးခ်ယ္ ခ်ီးျမွင့္တာ ျဖစ္ပါတယ္။

Myanmar Now ကိုေဆြ၀င္း Shorenstein Journalism ဆုခ်ီးျမွင့္ခံရ
please wait

No media source currently available

0:00 0:00:52 0:00
တိုက္႐ိုက္ လင့္ခ္


............

Myanmar Now ကိုဆွေဝင်း Shorenstein Journalism ဆုချီးမြှင့်ခံရ

(Unicode)

အမေရိကန် ပြည်ထောင်စု Stanford တက္ကသိုလ်၊ Shorenstein Asia-Pacific သုတေသန ဌာနက ၂၀၂၁ ခုနှစ် အတွက် Shorenstein Journalism Award ကို သတင်းသမား ဦးဆွေဝင်းကို ချီးမြှင့်ကြောင်း အင်္ဂါနေ့မှာ ကြေညာပါတယ်။

စုံးစမ်းဖော်ထုတ် သတင်းရေးသားသူနဲ့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ အဖြစ် လူသိများတဲ့ ဦးဆွေဝင်းဟာ Myanmar Now သတင်းဌာနကို တွဲဖက်တည်ထောင်သူနဲ့ အယ်ဒီတာချုပ် အဖြစ် တာဝန်ယူထားပြီး မြန်မာနိုင်ငံတွင်းက လူမှုဘ၀ အခြေအနေတွေကို စုံစမ်းဖော်ထုတ် ရေးသားပြီး မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာနဲ့ ဖော်ပြနေတာ ဖြစ်ပါတယ်။

၂၀၀၂ ခုနှစ်က စလို့ နှစ်စဉ် ပေးအပ်လာတဲ့ Shorenstein Journalism Award ကတော့ ဆုကြေးငွေက ဒေါ်လာ ၁၀,၀၀၀ ဖြစ်ပြီး အာရှ ဒေသတွင်း ရိုက်ခတ်တဲ့ အတိမ်းအစောင်း မခံတဲ့ ကိစ္စတွေ အရေးတွေမှာ ထူးချွန်ပြောင်မြောက်စွာ ဖော်ထုတ် တင်ပြနိုင်တဲ့ သတင်းထောက်ကို ရွေးချယ် ချီးမြှင့်တာ ဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG