သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရး Australia အစိုးရ ထိထိေရာက္ေရာက္လုပ္လာဖို႔


မစုျမတ္မြန္ (VOA) ႏွင့္ ေဒါက္တာထြန္းေအာင္ေ႐ႊ (Australia)
တိုက္႐ိုက္ လင့္ခ္

ႏိုင္ငံျခားေရးရာနဲ႔ဆိုင္တဲ့ Australia လႊတ္ေတာ္ႏွစ္ရပ္ေပါင္း အၿမဲတမ္းေကာ္မတီရဲ႕ ႏိုင္ငံျခားေရးနဲ႔ ေထာက္ပံ့ကူညီေရးဆိုင္ရာ ေကာ္မတီခြဲမွာ ဧၿပီလ (၁၃) ရက္ေန႔က ျမန္မာႏိုင္ငံအေျခအေနကို ၾကားနာခဲ့ပါတယ္။ ဒီၾကားနာပြဲကေန ျမန္မာႏိုင္ငံအေပၚ ထိေရာက္တဲ့ အေရးယူမႈေတြ၊ တုံ႔ျပန္မႈေတြ ျဖစ္လာႏိုင္တယ္လို႔ ၾကားနာပြဲမွာ ျမန္မာႏိုင္ငံအေၾကာင္း တင္ျပခဲ့သူတေယာက္ျဖစ္တဲ့ ေဒါက္တာထြန္းေအာင္ေ႐ႊ က ေျပာပါတယ္။ ျမန္မာႏိုင္ငံက အေျခအေနေတြအေပၚ Australia ႏိုင္ငံရဲ႕ ကိုင္တြယ္ပုံနဲ႔ ပတ္သက္လို႔ မစုျမတ္မြန္ က ေဒါက္တာထြန္းေအာင္ေ႐ႊကို ဆက္သြယ္ေမးထားပါတယ္။

ေမး ။ ။ မဂၤလာပါ ေဒါက္တာထြန္းေအာင္ေရႊရွင့္။ VOA ျမန္မာပိုင္းအစီအစဥ္ကို ႀကိဳဆိုပါတယ္။ ဧၿပီလ (၁၃) ရက္ေန႔တုန္းက ၾသစေတးလ်ႏိုင္ငံရဲ ႔ လႊတ္ေတာ္ႏွစ္ရပ္ေပါင္းရဲ ႔ ႏုိင္ငံျခားေရးရာေကာ္မတီတစ္ခုမွာ ျမန္မာ့အေရးနဲ႔ ပတ္သက္ၿပီးေတာ့ ၾကားနာပြဲလုပ္တယ္။ အဓိကေတာ့ ျမန္မာႏုိင္ငံမွာ ျဖစ္ေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္လို႔ ၾသစေတးလ်မွာရိွတဲ့ ျမန္မာအသိုင္းအဝိုင္းေတြရဲ ႔ အျမင္သေဘာထားေတြကို သိခ်င္လို႔ ၾကားနာပြဲလုပ္တယ္ဆိုေတာ့ အဲဒီၾကားနာပြဲမွာ ေဒါက္တာထြန္းေအာင္ေရႊအပါအဝင္ ျမန္မာႏုိင္ငံကိစၥနဲ႔ေျပာတဲ့ တင္ျပေဆြးေႏြးၾကတဲ့ လူေတြအကုန္လံုးက ဘာေျပာတာေတြ႔ရသလဲဆိုေတာ့ ၾသစေတးလ်ႏုိင္ငံအေနနဲ႔ ျမန္မာႏုိင္ငံေပၚမ်ာ သံခင္းတမန္ခင္းအရ တိုးတိုးတိတ္တိတ္ နားခ်တာမ်ဳိး မလုပ္ပါနဲ႔ Quite Diplomacy လုပ္မေနနဲ႔။ အခုအခ်ိန္က ျပတ္ျပတ္သားသားလုပ္ဖို႔ လိုၿပီဆိုၿပီးေတာ့ အားလံုးက ေျပာသြားတာကို ေတြ႔ရပါတယ္။ ဆိုေတာ့ လက္ရိွ ၾသစေတးလ်ႏုိင္ငံရဲ ႔ ျမန္မာႏုိင္ငံေပၚ ကိုင္တြယ္မႈအေပၚ ဘယ္ေလာက္အထိ အားမလိုအားမရ ျဖစ္ေနၾကလို႔ အဲဒီလိုမ်ဳိး ေျပာရတာလဲ။ အဲဒါကို အရင္ဦးဆံုး သိပါရေစ။

ေျဖ ။ ။ ဒီၾကားနာပြဲ ျဖစ္လာရတာကိုက ၾသစေတးလ်အစိုးရရဲ ႔ လက္ရိွကိုင္တြယ္ပံုကို ေက်နပ္အားရမႈ မရိွလို႔ ျဖစ္လာရတာပါ။ အဲဒီေတာ့ လႊတ္ေတာ္ကိုယ္တုိင္ကလဲ အားရမႈမရိွဘူး။ လႊတ္ေတာ္အမတ္ေတြ၊ အတိုက္အခံ ကိုယ္စားလွယ္ေတြအျပင္ အာဏာရပါတီရဲ ႔ အမတ္ေတြကအစ လက္ရိွႏုိင္ငံျခားေရးဝန္ႀကီးနဲ႔ အစိုးရရပ္တည္ခ်က္ကို အမ်ားႀကီးေဝဖန္လာၾကတယ္။ ကြန္ျမဴနီတီကလည္း ေဝဖန္တယ္။ သုေတသီေတြနဲ႔ ေထာင့္ေပါင္းစံုကေန ေဝဖန္ခံေနရတဲ့အခါၾကေတာ့ လႊတ္ေတာ္က ဒို႔ဒီအသံကို တရားဝင္ၾကားနာပြဲလုပ္မယ္။ လုပ္ၿပီးေတာ့ ဒီၾကားနာပြဲကေန ရရိွလာတဲ့ ေတြ႔ရိွခ်က္ကို အစိုးရကို report တခုအေနနဲ႔ေပးၿပီးေတာ့ မူဝါဒေျပာင္းေအာင္ ႀကိဳးစားဖို႔ ပါလီမန္ရဲ ႔ ႀကိဳးစားခ်က္လို႔ ယူဆပါတယ္။

ေမး ။ ။ ေနာက္တခုက ပိတ္စို႔ဒဏ္ခတ္မႈေပၚ တုိက္တြန္းေနတဲ့ ေဒါက္တာထြန္းေအာင္ေရႊတို႔ တိုက္တြန္းခ်က္ေတြမွာ ေျပာသြားတာ ဘာေတြ႔ရသလဲဆိုေတာ့ ၁၉၉၀ ျပည့္ႏွစ္ပိုင္းေတြ၊ သကၠရာဇ္ ၂၀၀၀ ျပည့္ႏွစ္ပိုင္းေတြမွာ ဒဏ္ခတ္အေရးယူမႈေတြနဲ႔ မတူေတာ့ဘူး။ အခုအခ်ိန္မွာ ဒဏ္ခတ္အေရးယူတဲ့အခါမွာ ပစ္မွတ္ထား ဒဏ္ခတ္အေရးယူမယ္ဆိုရင္ ထိေရာက္တယ္ဆိုၿပီးေတာ့ တင္ျပသြားၾကတာကို ေတြ႔ရပါတယ္။ တကယ္ပဲ အဲဒီလို ဘာေၾကာင့္ေျပာႏိုင္ပါလဲရွင့္။

ေျဖ ။ ။ တခ်ဳိ ႔ေျပာၾကတာေတြကေတာ့ အရင္တုန္းက စစ္အစိုးရက စီးပြားေရးပိတ္စို႔မႈေတြကို ႀကံ့ႀကံ့ခံႏိုင္ခဲ့တယ္။ အခုလုပ္လဲ အလကားပါပဲ။ ျပည္သူေတြက ခံရတာပါလို႔၊ ျပည္သူေတြပဲ ခံစားရမယ္လို႔ ေျပာၾကတယ္။ ဒါကို opposite side ကေပါ့။ က်ေနာ္တုိ႔က မတူဘူး။ လုပ္ပါ ဘာျဖစ္လို႔လဲဆိုေတာ့ အားလံုးသိတဲ့အတိုင္း စစ္အုပ္စုက ျမန္မာႏိုင္ငံရဲ ႔ စီးပြားေရးကို ခ်ဳပ္ထားတာက လြန္ခဲ့တဲ့ ႏွစ္ (၂၀) နဲ႔ မတူေတာ့ဘူး။ အကုန္္ခ်ဳပ္သြားတာ။ သူတုိ႔လက္ထဲမွာ အကုန္ရေနတာ။ စီးပြားေရးဦးပိုင္နဲ႔ ျမန္မာ့စီးပြားေရးေကာ္ပိုေရးရွင္ေအာက္မွာ အမ်ားႀကီးေရာက္သြားၿပီ။ သူတုိ႔လည္ပတ္ေနတဲ့ ေငြေရးေၾကးေရး အတိုင္းအတာက အစိုးရတရပ္ထက္ ႀကီးေနတဲ့ ေနရာေတြ ရိွေနတယ္။ အဲဒီေတာ့ ဒီအခ်ိန္မွာ သူတုိ႔ကို စီးပြားေရးအရ Targeted Sanction ပိတ္စို႔ဒဏ္ခတ္မယ္ဆိုရင္ သူတုိ႔အတြက္ အမ်ားႀကီးဒုကၡေရာက္ႏိုင္တယ္။ သူတုိ႔ကို က်ေနာ္တုိ႔ ေကာင္းေကာင္းဒုကၡေပးႏုိင္တယ္။ သူတုိ႔ေတြရဲ ႔ ရပ္တည္ခ်က္ကို ၿခိမ္းေျခာက္လို႔ရတယ္။ ဒီလိုၿခိမ္းေျခာက္ျခင္းက သူတို႔ရပ္တည္ခ်က္တင္မကဘူး၊ အခု သူတုိိ႔ဖိႏိွပ္ခ်ဳပ္ခ်ယ္ေနတဲ့ဟာေတြကို ပံုစံေျပာင္းသြားဖို႔။ ေနာက္ဆံုး က်ေနာ္တုိ႔ ၾသစေတးလ်အစိုးရကိုေတာင္ ေျပာခဲ့ေသးတယ္။ လုပ္ၾကည့္ပါ။ ဒီလိုလုပ္လိုက္ရင္ သူတို႔က Professor Sean Turnell လြတ္ေျမာက္လာဖို႔ကို ႀကိဳးစားေနတယ္။ သံတမန္ေရးနဲ႔လည္း ႀကိဳးစားေနတယ္။ စစ္တပ္က ဘာမွမတံု႔ျပန္ဘူး။ အခုထက္ထိလဲ မလြတ္ဘူး။ က်ေနာ္တုိ႔ကေျပာတာ ဒီအစိုးရ နားလည္တဲ့စကားက တခြန္းပဲရိွတယ္ ‘Pressure’ အဲဒီစကားကိုပဲ သူတို႔နားလည္တယ္။ Pressure ေပးပါ။ စနစ္တက် ဒဏ္ခတ္အေရးယူပါ။ ဒီေကာင္ေတြ ေျပာင္းလာပါလိမ့္မယ္။ ဒီနည္းသည္ Professor Sean Turnell လြတ္ဖို႔အတြက္လည္း အက်ဳိးရိွပါလိမ့္မယ္လို႔ က်ေနာ္တို႔ ေျပာပါတယ္။

ေမး ။ ။ ေနာက္တခုက ဒီၾကားနာပြဲကိုၾကည့္ရင္ သူတုိ႔စိတ္ဝင္စားတဲ့ ၾသစေတးလ် လႊတ္ေတာ္အမတ္ေတြ စိတ္ဝင္စားတဲ့ ေနာက္တခ်က္က တရုတ္ႏုိင္ငံရဲ ႔ အခန္းက႑။ ဆုိေတာ့ ျမန္မာႏုိင္ငံအေပၚ တရုတ္ရဲ ႔ ကာကြယ္ေနမႈနဲ႔ ပတ္သက္လို႔လဲ သူတုိ႔ေမးတာေတြကို ေတြ႔ရတယ္ဆုိေတာ့ ေဒါက္တာထြန္းေအာင္ေရႊကိုယ္တိုင္ကလဲ ေျပာခဲ့ပါတယ္ ၾသစေတးလ်အစိုးရအေနနဲ႔ စစ္အာဏာသိမ္းထားတဲ့ စစ္ေခါင္းေဆာင္ေတြကို တရုတ္ကို အကာအကြယ္မေပးဖုိ႔ ၾသစေတးလ်ႏုိင္ငံအေနနဲ႔ နားခ်ႏုိင္ပါတယ္ဆိုၿပီး ေျပာခဲ့တာကို ေတြ႔ရပါတယ္။ တကယ္ပဲ ၾသစေတးလ်ႏုိင္ငံအေနနဲ႔ တရုတ္ကို အဲဒီလိုမ်ဳိး ကိုယ္ဘက္ပါလာေအာင္လို႔ ဆြဲေဆာင္စည္းရံုးႏုိင္မယ့္ အေျခအေန တကယ္ရိွလို႔လားရွင့္။

ေျဖ ။ ။ က်ေနာ္ကေတာ့ ရိွတယ္လို႔ ယံုၾကည္ပါတယ္။ ေနာက္တခုကလဲ ၾသစေတးလ်မွာ ပိုၿပီးေတာ့ ၾသဇာရိွတာက အာဆီယံအသိုင္းအဝိုင္း။ အဲဒီအေပၚ ၾသစေတးလ် ၾသဇာက ပိုရိွပါတယ္။ ရိွေတာ့ တရုတ္ႏိုင္ငံအေနနဲ႔ တရုတ္အစိုးရအေနနဲ႔ ျမန္မာ့အေရးမွာ သူတုိ႔ဝင္ပါတယ္။ ဝင္ပါတဲ့အေၾကာင္းရင္းက စစ္အုပ္စုသည္ သူတုိ႔အတြက္ အက်ဳိးရိွမယ္လို႔ ယူဆတယ္။ NLD အစိုးရ၊ အရပ္သားအစိုးရထက္စာရင္ စစ္အုပ္စုက သူတုိ႔ရဲ ႔ အက်ဳိးစီးပြားကို ပိုၿပီးေတာ့ ေဆာင္က်ဥ္ေပးမယ္။ ဒါကလဲ သမုိင္းသာဓကေတြ ရိွတာေၾကာင့္ သူတုိ႔က အဲဒီဘက္ ရပ္တာေပါ့။ သို႔ေသာ္ ျမန္မာျပည္သူေတြရဲ ႔ သူတို႔အေပၚ နာနာက်ည္းက်ည္း မုန္းတီးမႈေတြ သူတုိ႔ရင္ဆိုင္ေနရၿပီ။ ေနာက္တခုက သူတုိ႔ရဲ ႔ အႀကီးမားဆံုး အက်ဳိးစီးပြား - ေရနံပိုက္လိုင္းေတြ၊ ဂတ္စ္ပိုက္လိုင္းေတြက ၿခိမ္းေျခာက္ခံေနရတယ္။ အဲဒီေတာ့ အခုဆိုရင္ သူတုိ႔တျဖည္းျဖည္း ျမင္လာၿပီ။ ဒါေၾကာင့္လဲ သူတုိ႔ CRPH ကို Approach ခ်ဥ္းကပ္တယ္။ သူတုိ႔ရဲ ႔ အက်ဳိးစီးပြားေတြ၊ ရင္းႏီွးျမဳပ္ႏံွမႈေတြကို ကာကြယ္ေပးဖို႔ဆုိၿပီး ေမတၱာရပ္ခံတယ္။ ေတာင္းဆိုတယ္။ ဒါက သူတုိ႔မွားတဲ့ဘက္ကို ေရာက္ေနၿပီ အတိုိင္းအတာတခုအထိ ျမင္လာၿပီေပါ့။ အဲဒီေတာ့ သူတို႔စစ္အစိုးရကို ေထာက္ပံ့ေနသေရြ ႔၊ သူတုိ႔ရဲ ႔ interest က အၿမဲတမ္းၿခိမ္းေျခာက္ခံေနရမွာ။ ဒါကို သူတုိ႔ျမင္လာတယ္။ ျမင္လာေတာ့ က်ေနာ္တုိ႔က ၾသစေတးလ်အစိုးရကို ဒီေပၚမွာ နင္းေပးပါ။ ဒီေပၚမွာ နင္းေပးပါ။ ဒီေပၚမွာ နင္းၿပီးမွ တရုတ္အစိုးရကို သူတုိ႔နားလည္ေအာင္ သူတို႔ရဲ ႔ ျမန္မာျပည္ထဲမွာရိွတဲ့ အက်ဳိးစီးပြားေတြကို တကယ္တမ္း အကာအကြယ္ေပးႏုိင္တာ၊ တကယ္တမ္း လံုၿခံဳမႈေပးႏိုင္တာ ေရြးေကာက္ပြဲနည္းလမ္းနဲ႔ ဒီမိုကေရစီနည္းလမ္းနဲ႔ တက္လာတဲ့ အရပ္သားအစိုးရသာ ျဖစ္တယ္ဆိုတာကို သူတို႔ပိုၿပီး ခုိင္ခိုင္မာမာ ယံုၾကည္လာေအာင္ အစိုးရက တြန္းေပးပါ။ တဘက္ကလဲ အာဆီယံႏုိင္ငံေတြလည္း သူတုိ႔တြန္းေပးပါ။ ဒီလို တြန္းေပးျခင္းအားျဖင့္ တရုတ္က ဒီေပၚ နားလည္သြားရင္ ၾသစေတးလ်နဲ႔ တရုတ္တို႔ရဲ ႔ အခုရိွတဲ့ ဆက္ဆံေရးေတာင္မွ ပိုၿပီးေတာ့ အျပဳသေဘာေဆာင္လာတဲ့ ဆက္ဆံေရးမ်ဳိး ျဖစ္လာႏုိင္ပါတယ္။ တရုတ္ျပည္အေနနဲ႔လည္း ေက်းဇူးတင္မယ္ေပါ့။ ဒါက လမ္းၾကာင္းတခု။ ဒီလမ္းေၾကာင္းကလဲ Crisis ႀကီးကို ေက်ာ္လႊာသြားဖို႔ လိုအပ္တဲ့ အေျခအေနတခုလို႔လဲ က်ေနာ္တို႔က တြန္းခဲ့ပါတယ္။

ေမး ။ ။ ဒီၾသစေတးလ် ၾကားနာပြဲမွာ ေဒါက္တာထြန္းေအာင္ေရႊအပါအဝင္ ၾသစေတးလ်မွာ ရိွေနတဲ့ တုိင္းရင္းသားေခါင္းေဆာင္တခ်ဳိ ႔လဲ တက္ၿပီးေတာ့ တင္ျပေဆြးေႏြးခဲ့ပါတယ္ဆိုေတာ့ အားလံုးကေျပာတဲ့ထဲမွာ CRPH ကို ေထာက္ခံပါ။ တရားဝင္အသိအမွတ္ျပဳပါ။ သူတုိ႔နဲ႔ ဆက္သြယ္ပါဆိုတာကို အားလံုးတုိက္တြန္းတာကို ေတြ႔ရတယ္။ ေဒါက္တာထြန္းေအာင္ေရႊဆုိရင္ CRPH နဲ႔ ဆက္သြယ္ႏိုင္ဖို႔အတြက္ကို ကိုယ္တိုင္ၾကားကေန ဆက္သြယ္မယ္ဆိုရင္ ဆက္သြယ္ေပးပါမယ္ဆိုတာမ်ဳိးကို ေျပာခဲ့ပါတယ္ဆုိေတာ့ အဲဒီလိုမ်ဳိး ကိုယ္တိုက္တြန္းသလိုမ်ဳိး တကယ္လက္ေတြ႔ျဖစ္လာဖို႔ အလားအလာ ဘယ္ေလာက္ရိွပါသလဲရွင့္။

ေျဖ ။ ။ အလားအလာက အမ်ားႀကီး ရိွပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔ အခုၾကားနာပြဲမွာ တင္ျပခဲ့တဲ့ ျမန္မာကြန္ျမဴနီတီထဲမွာလည္း က်ေနာ္တို႔ လုပ္ေဖာ္ကိုင္ဖက္ေတြကလဲ CRPH က တာဝန္ရိွသူေတြနဲ႔ ထိေတြ႔မႈေတြ ရိွပါတယ္။ ေနာက္ၿပီးေတာ့ ၾသစေတးလ်ပါလီမန္ထဲမွာ အခု Parliament Friends of Myanmar ဆိုၿပီး Senator Dean Smith က ဦးေဆာင္ဖြဲ႔ထားတဲ့ ပါလီမန္အစုအဖြဲ႔ကလည္း CRPH ကိုယ္စားလွယ္ေတြနဲ႔ ထိေတြ႔မႈေတြ ရိွပါတယ္။ အဲဒါေၾကာင့္မို႔ က်ေနာ္တုိ႔ေတြက လိုအပ္ရင္လဲ Liaison လုပ္ေပးဖို႔ ready ပါပဲ။ သူတုိ႔ဘက္ကလဲ တိုက္ရိုက္ခ်ိတ္ဆက္ႏုိင္တဲ့ လမ္းေၾကာင္းေတြလည္း ရိွပါတယ္။ ဒါေၾကာင့္မို႔ ပါလီမန္အဆင့္ထက္ ေက်ာ္ၿပီးေတာ့ အစိုးရကလည္း ထိေတြ႔ဆက္ဆံပါ။ အခုက အစိုးရက မလႈပ္ေသးဘူး။ ပါလီမန္က very active. ဒါေၾကာင့္ အစိုးရလည္းလုပ္ပါ။ က်ေနာ္တုိ႔ဘက္မွာလဲ ကူညီေပးႏိုင္တဲ့ အေနအထားေတြ ရိွတယ္ဆိုတာကို သူတုိ႔သိေအာင္ ဒီေရးရာေကာ္မတီကေန အသိေပးခဲ့တာ ျဖစ္ပါတယ္။

ေမး ။ ။ ေျပာရမယ္ဆိုရင္ ဒီၾကားနာပြဲလုပ္တဲ့ လႊတ္ေတာ္ေကာ္မတီထဲမွာပါတဲ့ ၾသစေတးလ်လႊတ္ေတာ္အမတ္ေတြ တခ်ဳိ ႔ကိုယ္တိုင္က ေျပာတယ္ ၾသစေတးလ်အစိုးရ လုပ္ေနတာေတြကို အားမလိုအားမရ ျဖစ္ေနတဲ့ပံုစံမ်ဳိးေျပာတာကို ၾကားရပါတယ္။ ဆုိေတာ့ အခုလိုမ်ဳိး ၾသစေတးလ်မွာ ေရာက္ေနတဲ့ ျမန္မာအသိုင္းအဝိုင္းရဲ ႔ သေဘာထားအျမင္ေတြ၊ တိုက္တြန္းမႈေတြကို ၾကားရတဲ့အခါမွာ လႊတ္ေတာ္အမတ္ေတြကေန ၾသစေတးလ်အစိုးရကို အခုထက္ပိုၿပီးေတာ့ တြန္းတြန္းတိုက္္တိုက္ ဘယ္ေလာက္အထိ လုပ္ႏိုင္မယ္လို႔ တြန္းအားေပးႏုိင္မယ္လို႔ ေမွ်ာ္လင့္ထားသလဲရွင့္။

ေျဖ ။ ။ က်ေနာ္တို႔ကေတာ့ ေတာ္ေတာ္ေလး ေမွ်ာ္လင့္ပါတယ္။ အထူးသျဖင့္ ဒီလို Public Hearing ျဖစ္လာတဲ့အတြက္ေၾကာင့္မို႔ ပိုေမွ်ာ္လင့္တာေပါ့။ ပထမေတာ့ သူတုိ႔ရဲ ႔ ပါလီမန္ထဲမွာ ေဆြးေႏြးမႈေတြထဲမွာ motion ျမန္မာျပည္ကို ပိုၿပီးေတာ့ ထိေရာက္တဲ့ အကူအညီေတြ၊ ထိေရာက္တဲ့ တံု႔ျပန္မႈေတြ လုပ္ဖို႔ဆိုတာမ်ဳိးကို လႊတ္ေတာ္အမတ္ေတြက တိုက္တြန္းလာတယ္။ ဒါက ပထမအဆင့္။ ဒီ motion ေၾကာင့္မို႔ သူတုိ႔ပါလီမန္ထဲမွာ ေဆြးေႏြးမႈေတြ ေပၚလာတယ္။ အတိုက္အခံေခါင္းေဆာင္ေတြကလည္း ေမးခြန္းေတြ အမ်ားႀကီးထုတ္လာတယ္။ ေဝဖန္မႈေတြ အမ်ားႀကီးလုပ္လာတယ္။ လက္ရိွအစိုးရရဲ ႔ လုပ္ေဆာင္ခ်က္ေတြအေပၚမွာ။ အခု ၾကားနာပြဲကေတာ့ ပါလီမန္ရဲ ႔ မူဝါဒေရးရာပိုင္းကို ဆံုးျဖတ္ေနတဲ့ အဖြဲ႔အစည္း။ ႏိုင္ငံျခားေရးရာနဲ႔ ျပည္ပဖြံ႔ၿဖိဳးေရး အေထာက္အကူျပဳမႈေတြနဲ႔ ပတ္သက္တဲ့ ေရးရာေကာ္မတီက ၾကားနာတာ။ သူတုို႔က ပံုမွန္လႊတ္ေတာ္ထဲမွာ အစည္းအေဝးလုပ္သလိုမ်ဳိး မဟုတ္ေတာ့ဘူး။ ဒီၾကားနာပြဲကေန အစီရင္ခံစာတခု ထြက္လာမယ္။ အစိုးရက ဘယ္လိုရပ္တည္ပါဆိုတာ။ ဒီၾကားနာတဲ့ ေကာ္မတီမွာ ပါတီေပါင္းစံုက ပါတယ္။ ဒီ Affair Committee ဥကၠ႒က Mr. Dave Sharma က အာဏာရပါတီရဲ ႔ လႊတ္ေတာ္ကိုယ္စားလွယ္။ ေနာက္ ႏိုင္ငံျခားေရးနဲ႔ ပတ္သက္လို႔ ေတာ့္ေတာ္ကို ၾသဇာႀကီးတဲ့လူ။ အခု ၾသစေတးလ်အစိုးရ ႏုိင္ငံျခားေရးဝန္ႀကီး Senator Marise Payne ကို ေတာ္ေတာ္ေလးၾသဇာရိွတယ္လို႔ က်ေနာ္တို႔ သိထားတယ္။ အဲဒီေတာ့ ဒီၾကားနာပြဲကတဆင့္ ၾသစေတးလ်အစိုးရရဲ ႔ မူဝါဒပိုင္းဆုိင္ရာ၊ လုပ္ေဆာင္ခ်က္ပိုင္းဆုိင္ရာ အေျပာင္းအလဲေတြ ျဖစ္ဖို႔အတြက္ အလြန္ႀကီးတဲ့တြန္းအားတခု ျဖစ္မယ္လို႔ က်ေနာ္ ယံုၾကည္ပါတယ္။

ေမး ။ ။ ေနာက္ ျမန္မာႏုိင္ငံေရး ၾကားနာပြဲမွာ ေျပာတဲ့ေနာက္တခုကၾကေတာ့ ျပည္တြင္းမွာ မၿငိမ္မသက္ျဖစ္ေနတဲ့ အေျခအေနေတြေၾကာင့္ နယ္စပ္ဘက္ေတြကို တိမ္ေရွာင္ထြက္ေျပးၾကတဲ့ အေျခအေန။ အဲဒီလို တိမ္ေရွာင္ထြက္ေျပးတဲ့လူေတြ မ်ားလာမယ့္ ထုိင္း၊ အိႏိၵယ နယ္စပ္ေဒသေတြမွာ ထြက္ေျပးလာမယ့္သူေတြ မ်ားလာမယ္ဆိုရင္ ေဒသတြင္း မတည္မၿငိမ္ ျဖစ္မႈကိုပါ ထိခိုက္ႏုိင္တဲ့ အခ်က္ကိုပါ ေထာက္ျပၾကတာ ေတြ႔ပါတယ္။ ၾသစေတးလ်ႏိုင္ငံအေနနဲ႔ အခုလို ျမန္မာႏိုင္ငံမွာျဖစ္ေနတဲ့ မတည္ၿငိမ္မႈေတြကေန ေဒသတြင္းမွာ တည္ၿငိမ္မႈပ်က္ျပားလာမယ့္ ဂယက္ကို ဘယ္ေလာက္အထိ ဒီအေပၚမွာ စိုးရိမ္မႈရိွသလဲဆိုတာကို ေျပာျပပါလားရွင့္။

ေျဖ ။ ။ သူတုိ႔ အဲဒါကို ေတာ္ေတာ္ေလး စိုးရိမ္မႈရိွတယ္။ ဒါေၾကာင့္မို႔လို႔ ၾကားနာပြဲကို တက္ေရာက္ေျပာၾကားမယ့္ လူေတြကို ေမးခြန္းေတြ (၄) ခု ေမးထားတယ္။ Emphasize လုပ္တာေပါ့။ အဲဒီအထဲမွာ ေမးခြန္းတခုက ဘာလဲဆိုေတာ့ ဒီစစ္အစိုးရက ဘယ္ေလာက္ထိၾကာၾကာ အုပ္ခ်ဳပ္သြားႏုိင္သလဲ။ ဒါက သူတို႔ စိုးရိမ္တာ။ အဲဒီေမးခြန္းနဲပ ပတ္သက္လို႔ က်ေနာ္ေျဖခဲ့တာက ဒီစစ္အာဏာသိမ္းတယ္ဆိုတာ ျမန္မာႏုိင္ငံရဲ ႔သမိုင္းမွာ စစ္အာဏာရွင္စနစ္ တတိယအႀကိမ္လည္တာ။ သံသရာစက္ဝိုင္း Vicious Circle - ဒီစစ္အာဏာရွင္စနစ္သာ ဒီႏုိင္ငံမွာ တည္ၿမဲေနသေရြ ႔ ဒီလိုသံသရာစက္ဝိုင္းႀကီးက ဆက္လည္ေနမွာ၊ အဖန္တလဲလဲ ျဖစ္ေနအံုးမွာ။ ဘယ္ေတာ့မွ ၿပီဆံုးသြားမွာ မဟုတ္ဘူး။ ဒီစစ္အာဏာရွင္စနစ္ ရိွေနသေရြ ႔ ဒီဒုကၡသည္ျပႆနာေတြ ရိွေနမယ္။ မူးယစ္ေဆးဝါး ျပႆနာေတြလည္း ရိွမယ္။ မူးယစ္ေဆးဝါးဆိုရင္ ၾသစေတးလ်က အႀကီးအက်ယ္ ခံေနရတာ။ တႏွစ္ကို ၾသစေတးလ်အစိုးရက ၁.၇ ဘီလီယံ သံုးရတယ္။ မူးယစ္ေဆးဝါးမွာလည္း အမ်ားဆံုး ျပႆနာက ဘာလဲဆိုေတာ့ Methamphetamine စိတ္ၾကြေဆး ျဖစ္တယ္။ အဲဒီေဆးက အမ်ားဆံုး ျမန္မာျပည္ကလာတာ။ ျမန္မာျပည္မွာ ဘယ္မွာထုတ္သလဲဆိုရင္ ျမန္မာနဲ႔ တရုတ္၊ လားအိုနယ္စပ္ေတြမွာ ထုတ္ေနတာ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ Raw Materials ေတြက တရုတ္ကလာတာ။ အဲဒီေတာ့ အစိုးရက ဒီဟာေတြ ရင္ဆိုင္ေနရၿပီ၊ ခံစားေနရၿပီ။ က်ေနာ္က ေျပာခဲ့တယ္ It’s enough ၾသစေတးလ်အစိုးရအေနနဲ႔ ခံစားေနရတာ လံုေလာက္ၿပီ။ အဲဒီေတာ့ ၾသစေတးလ်အစိုးရရဲ ႔ National Interest က ဘာလဲဆိုရင္ စစ္အာဏာရွင္စနစ္ကို ခ်ဳပ္ၿငိမ္းေအာင္လုပ္ဖို႔ National Interest လို႔ က်ေနာ္ ေျပာခဲ့ပါတယ္။

ေမး ။ ။ ေနာက္ဆံုး ေမးခ်င္တာက ဧၿပီလ (၁၃) ရက္ေန႔တုန္းက ၾသစေတးလ်လႊတ္ေတာ္ ၾကားနာပြဲမွာ လုပ္ခဲ့တဲ့ ျမန္မာ့အေရး ၾကားနာပြဲကေန ေနာက္ဆံုး ဘယ္လိုရလဒ္ေတြ ထြက္လာႏိုင္သလဲ။ ေနာက္ဆံုး ဥပမာ လႊတ္ေတာ္ကေန ျမန္မာ့အေရးနဲ႔ ပတ္သက္လို႔ ဆံုးျဖတ္ခ်က္ခ်တာမ်ဳိး ဘယ္ေလာက္အထိ ရလဒ္ေတြ ထြက္လာမယ္လို႔ ခန္႔မွန္းလို႔ ရသလဲရွင့္။

ေျဖ ။ ။ က်ေနာ္ကေတာ့ ေတာ္ေတာ္ေလးကို Positively အျပဳသေဘာေဆာင္မယ့္ ရလဒ္ေတြ အမ်ားႀကီးရမယ္လို႔ ထင္ပါတယ္။ ဘာေၾကာင့္လဲဆုိေတာ့ က်ေနာ္တုိ႔ ေျပာလိုက္တဲ့ စကားမွာ ဒီၾကားနာပြဲၿပီးရင္ က်ေနာ္တို႔ ေျပာခဲ့တဲ့ ေဆြးေႏြးခဲ့တဲ့အခ်က္ေတြကို ျပန္ပို႔မယ္။ သူတုိ႔သိခ်င္တာေတြကိုလည္း ထပ္ေမးမယ္။ က်ေနာ္တို႔ကလည္း ေျဖခဲ့ရတဲ့ အေျဖေပၚမွာ၊ ပိုၿပီးျပည့္ျပည့္စံုစံုျဖစ္ေအာင္ ထပ္ျဖည့္ေပးမယ္။ သူတုိ႔ဆိုလိုတာက Very comprehensive responses ေတြကို ယူမယ္။ က်ေနာ္တို႔ ႏႈတ္နဲ႔ေျပာတာတင္မကဘူး၊ ျပန္စဥ္းစားၿပီး ေျဖေပးတာကိုယူမယ္။ ဒါေတြကို အေျခခံၿပီး သူတုိ႔က ေသခ်ာေပါက္ Report တခု ထြက္မွာပဲ။ ၾကားနာပြဲကေန ဘာေတြရတယ္ဆိုတဲ့အေပၚမွာ အေျခခံၿပီးေတာ့ ၾသစေတးလ်အစိုးရနဲ႔ လႊတ္ေတာ္ကို သူတုိ႔က ၾသစေတးလ်အစိုးရအေနနဲ႔ ဒီအေနအထားမွာ ဘယ္လိုတံု႔ျပန္ေဆာင္ရြက္သင့္တယ္။ လက္ရိွ မူေတြနဲ႔ ကိုက္ညီျခင္း ရိွမရိွဆိုတာေတြကို သံုးသပ္တယ္။ ေနာက္ တုိက္တြန္းမႈေတြပါတဲ့ အစီရင္ခံစာ ထြက္လာမယ္လို႔ ယူဆတယ္။ ဒါက နံပတ္ (၁)။ နံပတ္ (၂) က ဒီၾကားနာပြဲေလးတခုနဲ႔ မၿပီဘူး။ က်ေနာ္တို႔ကလဲ က်ေနာ္တုိ႔ ေျပာခဲ့တဲ့ စကားေတြအတြက္ ဒီေကာ္မတီနဲ႔ က်ေနာ္တို႔ ဆက္ၿပီးေတာ့ Follow up လုပ္ေနမယ္။ တိုက္တြန္းေနမယ္။ ခ်ိတ္ဆက္မႈေတြ ရိွေနမယ္ဆိုေတာ့ One of activities မဟုတ္ပါဘူး။ တခ်ိန္တည္း ၿပီးသြားမွာ မဟုတ္ပါဘူး။ က်ေနာ္တို႔ ဆက္လုပ္ေနမွာပါ။

မစုျမတ္မြန္ ။ ။ ေဒါက္တာထြန္းေအာင္ေရႊ အခုလို အခ်ိန္ေပးၿပီး ေျဖေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီး တင္ပါတယ္ရွင့္။

ေဒါက္တာထြန္းေအာင္ေရႊ ။ ။ က်ေနာ္ကလည္း ေက်းဇူးအမ်ားႀကီး တင္ပါတယ္။


==Unicode==

နိုင်ငံခြားရေးရာနဲ့ဆိုင်တဲ့ Australia လွှတ်တော်နှစ်ရပ်ပေါင်း အမြဲတမ်းကော်မတီရဲ့ နိုင်ငံခြားရေးနဲ့ ထောက်ပံ့ကူညီရေးဆိုင်ရာ ကော်မတီခွဲမှာ ဧပြီလ (၁၃) ရက်နေ့က မြန်မာနိုင်ငံအခြေအနေကို ကြားနာခဲ့ပါတယ်။ ဒီကြားနာပွဲကနေ မြန်မာနိုင်ငံအပေါ် ထိရောက်တဲ့ အရေးယူမှုတွေ၊ တုံ့ပြန်မှုတွေ ဖြစ်လာနိုင်တယ်လို့ ကြားနာပွဲမှာ မြန်မာနိုင်ငံအကြောင်း တင်ပြခဲ့သူတယောက်ဖြစ်တဲ့ ဒေါက်တာထွန်းအောင်ရွှေ က ပြောပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေအပေါ် Australia နိုင်ငံရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ မစုမြတ်မွန် က ဒေါက်တာထွန်းအောင်ရွှေကို ဆက်သွယ်မေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဒေါက်တာထွန်းအောင်ရွှေရှင့်။ VOA မြန်မာပိုင်းအစီအစဉ်ကို ကြိုဆိုပါတယ်။ ဧပြီလ (၁၃) ရက်နေ့တုန်းက သြစတေးလျနိုင်ငံရဲ့ လွှတ်တော်နှစ်ရပ်ပေါင်းရဲ့ နိုင်ငံခြားရေးရာကော်မတီတစ်ခုမှာ မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ ကြားနာပွဲလုပ်တယ်။ အဓိကတော့ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ သြစတေးလျမှာရှိတဲ့ မြန်မာအသိုင်းအဝိုင်းတွေရဲ့ အမြင်သဘောထားတွေကို သိချင်လို့ ကြားနာပွဲလုပ်တယ်ဆိုတော့ အဲဒီကြားနာပွဲမှာ ဒေါက်တာထွန်းအောင်ရွှေအပါအဝင် မြန်မာနိုင်ငံကိစ္စနဲ့ပြောတဲ့ တင်ပြဆွေးနွေးကြတဲ့ လူတွေအကုန်လုံးက ဘာပြောတာတွေ့ရသလဲဆိုတော့ သြစတေးလျနိုင်ငံအနေနဲ့ မြန်မာနိုင်ငံပေါ်မျာ သံခင်းတမန်ခင်းအရ တိုးတိုးတိတ်တိတ် နားချတာမျိုး မလုပ်ပါနဲ့ Quite Diplomacy လုပ်မနေနဲ့။ အခုအချိန်က ပြတ်ပြတ်သားသားလုပ်ဖို့ လိုပြီဆိုပြီးတော့ အားလုံးက ပြောသွားတာကို တွေ့ရပါတယ်။ ဆိုတော့ လက်ရှိ သြစတေးလျနိုင်ငံရဲ့ မြန်မာနိုင်ငံပေါ် ကိုင်တွယ်မှုအပေါ် ဘယ်လောက်အထိ အားမလိုအားမရ ဖြစ်နေကြလို့ အဲဒီလိုမျိုး ပြောရတာလဲ။ အဲဒါကို အရင်ဦးဆုံး သိပါရစေ။

ဖြေ ။ ။ ဒီကြားနာပွဲ ဖြစ်လာရတာကိုက သြစတေးလျအစိုးရရဲ့ လက်ရှိကိုင်တွယ်ပုံကို ကျေနပ်အားရမှု မရှိလို့ ဖြစ်လာရတာပါ။ အဲဒီတော့ လွှတ်တော်ကိုယ်တိုင်ကလဲ အားရမှုမရှိဘူး။ လွှတ်တော်အမတ်တွေ၊ အတိုက်အခံ ကိုယ်စားလှယ်တွေအပြင် အာဏာရပါတီရဲ့ အမတ်တွေကအစ လက်ရှိနိုင်ငံခြားရေးဝန်ကြီးနဲ့ အစိုးရရပ်တည်ချက်ကို အများကြီးဝေဖန်လာကြတယ်။ ကွန်မြူနီတီကလည်း ဝေဖန်တယ်။ သုတေသီတွေနဲ့ ထောင့်ပေါင်းစုံကနေ ဝေဖန်ခံနေရတဲ့အခါကြတော့ လွှတ်တော်က ဒို့ဒီအသံကို တရားဝင်ကြားနာပွဲလုပ်မယ်။ လုပ်ပြီးတော့ ဒီကြားနာပွဲကနေ ရရှိလာတဲ့ တွေ့ရှိချက်ကို အစိုးရကို report တခုအနေနဲ့ပေးပြီးတော့ မူဝါဒပြောင်းအောင် ကြိုးစားဖို့ ပါလီမန်ရဲ့ ကြိုးစားချက်လို့ ယူဆပါတယ်။

မေး ။ ။ နောက်တခုက ပိတ်စို့ဒဏ်ခတ်မှုပေါ် တိုက်တွန်းနေတဲ့ ဒေါက်တာထွန်းအောင်ရွှေတို့ တိုက်တွန်းချက်တွေမှာ ပြောသွားတာ ဘာတွေ့ရသလဲဆိုတော့ ၁၉၉၀ ပြည့်နှစ်ပိုင်းတွေ၊ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်ပိုင်းတွေမှာ ဒဏ်ခတ်အရေးယူမှုတွေနဲ့ မတူတော့ဘူး။ အခုအချိန်မှာ ဒဏ်ခတ်အရေးယူတဲ့အခါမှာ ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမယ်ဆိုရင် ထိရောက်တယ်ဆိုပြီးတော့ တင်ပြသွားကြတာကို တွေ့ရပါတယ်။ တကယ်ပဲ အဲဒီလို ဘာကြောင့်ပြောနိုင်ပါလဲရှင့်။

ဖြေ ။ ။ တချို့ပြောကြတာတွေကတော့ အရင်တုန်းက စစ်အစိုးရက စီးပွားရေးပိတ်စို့မှုတွေကို ကြံ့ကြံ့ခံနိုင်ခဲ့တယ်။ အခုလုပ်လဲ အလကားပါပဲ။ ပြည်သူတွေက ခံရတာပါလို့၊ ပြည်သူတွေပဲ ခံစားရမယ်လို့ ပြောကြတယ်။ ဒါကို opposite side ကပေါ့။ ကျနော်တို့က မတူဘူး။ လုပ်ပါ ဘာဖြစ်လို့လဲဆိုတော့ အားလုံးသိတဲ့အတိုင်း စစ်အုပ်စုက မြန်မာနိုင်ငံရဲ့ စီးပွားရေးကို ချုပ်ထားတာက လွန်ခဲ့တဲ့ နှစ် (၂၀) နဲ့ မတူတော့ဘူး။ အကုန်ချုပ်သွားတာ။ သူတို့လက်ထဲမှာ အကုန်ရနေတာ။ စီးပွားရေးဦးပိုင်နဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်အောက်မှာ အများကြီးရောက်သွားပြီ။ သူတို့လည်ပတ်နေတဲ့ ငွေရေးကြေးရေး အတိုင်းအတာက အစိုးရတရပ်ထက် ကြီးနေတဲ့ နေရာတွေ ရှိနေတယ်။ အဲဒီတော့ ဒီအချိန်မှာ သူတို့ကို စီးပွားရေးအရ Targeted Sanction ပိတ်စို့ဒဏ်ခတ်မယ်ဆိုရင် သူတို့အတွက် အများကြီးဒုက္ခရောက်နိုင်တယ်။ သူတို့ကို ကျနော်တို့ ကောင်းကောင်းဒုက္ခပေးနိုင်တယ်။ သူတို့တွေရဲ့ ရပ်တည်ချက်ကို ခြိမ်းခြောက်လို့ရတယ်။ ဒီလိုခြိမ်းခြောက်ခြင်းက သူတို့ရပ်တည်ချက်တင်မကဘူး၊ အခု သူတို့ဖိနှိပ်ချုပ်ချယ်နေတဲ့ဟာတွေကို ပုံစံပြောင်းသွားဖို့။ နောက်ဆုံး ကျနော်တို့ သြစတေးလျအစိုးရကိုတောင် ပြောခဲ့သေးတယ်။ လုပ်ကြည့်ပါ။ ဒီလိုလုပ်လိုက်ရင် သူတို့က Professor Sean Turnell လွတ်မြောက်လာဖို့ကို ကြိုးစားနေတယ်။ သံတမန်ရေးနဲ့လည်း ကြိုးစားနေတယ်။ စစ်တပ်က ဘာမှမတုံ့ပြန်ဘူး။ အခုထက်ထိလဲ မလွတ်ဘူး။ ကျနော်တို့ကပြောတာ ဒီအစိုးရ နားလည်တဲ့စကားက တခွန်းပဲရှိတယ် ‘Pressure’ အဲဒီစကားကိုပဲ သူတို့နားလည်တယ်။ Pressure ပေးပါ။ စနစ်တကျ ဒဏ်ခတ်အရေးယူပါ။ ဒီကောင်တွေ ပြောင်းလာပါလိမ့်မယ်။ ဒီနည်းသည် Professor Sean Turnell လွတ်ဖို့အတွက်လည်း အကျိုးရှိပါလိမ့်မယ်လို့ ကျနော်တို့ ပြောပါတယ်။

မေး ။ ။ နောက်တခုက ဒီကြားနာပွဲကိုကြည့်ရင် သူတို့စိတ်ဝင်စားတဲ့ သြစတေးလျ လွှတ်တော်အမတ်တွေ စိတ်ဝင်စားတဲ့ နောက်တချက်က တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍ။ ဆိုတော့ မြန်မာနိုင်ငံအပေါ် တရုတ်ရဲ့ ကာကွယ်နေမှုနဲ့ ပတ်သက်လို့လဲ သူတို့မေးတာတွေကို တွေ့ရတယ်ဆိုတော့ ဒေါက်တာထွန်းအောင်ရွှေကိုယ်တိုင်ကလဲ ပြောခဲ့ပါတယ် သြစတေးလျအစိုးရအနေနဲ့ စစ်အာဏာသိမ်းထားတဲ့ စစ်ခေါင်းဆောင်တွေကို တရုတ်ကို အကာအကွယ်မပေးဖို့ သြစတေးလျနိုင်ငံအနေနဲ့ နားချနိုင်ပါတယ်ဆိုပြီး ပြောခဲ့တာကို တွေ့ရပါတယ်။ တကယ်ပဲ သြစတေးလျနိုင်ငံအနေနဲ့ တရုတ်ကို အဲဒီလိုမျိုး ကိုယ်ဘက်ပါလာအောင်လို့ ဆွဲဆောင်စည်းရုံးနိုင်မယ့် အခြေအနေ တကယ်ရှိလို့လားရှင့်။

ဖြေ ။ ။ ကျနော်ကတော့ ရှိတယ်လို့ ယုံကြည်ပါတယ်။ နောက်တခုကလဲ သြစတေးလျမှာ ပိုပြီးတော့ သြဇာရှိတာက အာဆီယံအသိုင်းအဝိုင်း။ အဲဒီအပေါ် သြစတေးလျ သြဇာက ပိုရှိပါတယ်။ ရှိတော့ တရုတ်နိုင်ငံအနေနဲ့ တရုတ်အစိုးရအနေနဲ့ မြန်မာ့အရေးမှာ သူတို့ဝင်ပါတယ်။ ဝင်ပါတဲ့အကြောင်းရင်းက စစ်အုပ်စုသည် သူတို့အတွက် အကျိုးရှိမယ်လို့ ယူဆတယ်။ NLD အစိုးရ၊ အရပ်သားအစိုးရထက်စာရင် စစ်အုပ်စုက သူတို့ရဲ့ အကျိုးစီးပွားကို ပိုပြီးတော့ ဆောင်ကျဉ်ပေးမယ်။ ဒါကလဲ သမိုင်းသာဓကတွေ ရှိတာကြောင့် သူတို့က အဲဒီဘက် ရပ်တာပေါ့။ သို့သော် မြန်မာပြည်သူတွေရဲ့ သူတို့အပေါ် နာနာကျည်းကျည်း မုန်းတီးမှုတွေ သူတို့ရင်ဆိုင်နေရပြီ။ နောက်တခုက သူတို့ရဲ့ အကြီးမားဆုံး အကျိုးစီးပွား - ရေနံပိုက်လိုင်းတွေ၊ ဂတ်စ်ပိုက်လိုင်းတွေက ခြိမ်းခြောက်ခံနေရတယ်။ အဲဒီတော့ အခုဆိုရင် သူတို့တဖြည်းဖြည်း မြင်လာပြီ။ ဒါကြောင့်လဲ သူတို့ CRPH ကို Approach ချဉ်းကပ်တယ်။ သူတို့ရဲ့ အကျိုးစီးပွားတွေ၊ ရင်းနှီးမြုပ်နံှမှုတွေကို ကာကွယ်ပေးဖို့ဆိုပြီး မေတ္တာရပ်ခံတယ်။ တောင်းဆိုတယ်။ ဒါက သူတို့မှားတဲ့ဘက်ကို ရောက်နေပြီ အတိုင်းအတာတခုအထိ မြင်လာပြီပေါ့။ အဲဒီတော့ သူတို့စစ်အစိုးရကို ထောက်ပံ့နေသရွေ့၊ သူတို့ရဲ့ interest က အမြဲတမ်းခြိမ်းခြောက်ခံနေရမှာ။ ဒါကို သူတို့မြင်လာတယ်။ မြင်လာတော့ ကျနော်တို့က သြစတေးလျအစိုးရကို ဒီပေါ်မှာ နင်းပေးပါ။ ဒီပေါ်မှာ နင်းပေးပါ။ ဒီပေါ်မှာ နင်းပြီးမှ တရုတ်အစိုးရကို သူတို့နားလည်အောင် သူတို့ရဲ့ မြန်မာပြည်ထဲမှာရှိတဲ့ အကျိုးစီးပွားတွေကို တကယ်တမ်း အကာအကွယ်ပေးနိုင်တာ၊ တကယ်တမ်း လုံခြုံမှုပေးနိုင်တာ ရွေးကောက်ပွဲနည်းလမ်းနဲ့ ဒီမိုကရေစီနည်းလမ်းနဲ့ တက်လာတဲ့ အရပ်သားအစိုးရသာ ဖြစ်တယ်ဆိုတာကို သူတို့ပိုပြီး ခိုင်ခိုင်မာမာ ယုံကြည်လာအောင် အစိုးရက တွန်းပေးပါ။ တဘက်ကလဲ အာဆီယံနိုင်ငံတွေလည်း သူတို့တွန်းပေးပါ။ ဒီလို တွန်းပေးခြင်းအားဖြင့် တရုတ်က ဒီပေါ် နားလည်သွားရင် သြစတေးလျနဲ့ တရုတ်တို့ရဲ့ အခုရှိတဲ့ ဆက်ဆံရေးတောင်မှ ပိုပြီးတော့ အပြုသဘောဆောင်လာတဲ့ ဆက်ဆံရေးမျိုး ဖြစ်လာနိုင်ပါတယ်။ တရုတ်ပြည်အနေနဲ့လည်း ကျေးဇူးတင်မယ်ပေါ့။ ဒါက လမ်းကြာင်းတခု။ ဒီလမ်းကြောင်းကလဲ Crisis ကြီးကို ကျော်လွှာသွားဖို့ လိုအပ်တဲ့ အခြေအနေတခုလို့လဲ ကျနော်တို့က တွန်းခဲ့ပါတယ်။

မေး ။ ။ ဒီသြစတေးလျ ကြားနာပွဲမှာ ဒေါက်တာထွန်းအောင်ရွှေအပါအဝင် သြစတေးလျမှာ ရှိနေတဲ့ တိုင်းရင်းသားခေါင်းဆောင်တချို့လဲ တက်ပြီးတော့ တင်ပြဆွေးနွေးခဲ့ပါတယ်ဆိုတော့ အားလုံးကပြောတဲ့ထဲမှာ CRPH ကို ထောက်ခံပါ။ တရားဝင်အသိအမှတ်ပြုပါ။ သူတို့နဲ့ ဆက်သွယ်ပါဆိုတာကို အားလုံးတိုက်တွန်းတာကို တွေ့ရတယ်။ ဒေါက်တာထွန်းအောင်ရွှေဆိုရင် CRPH နဲ့ ဆက်သွယ်နိုင်ဖို့အတွက်ကို ကိုယ်တိုင်ကြားကနေ ဆက်သွယ်မယ်ဆိုရင် ဆက်သွယ်ပေးပါမယ်ဆိုတာမျိုးကို ပြောခဲ့ပါတယ်ဆိုတော့ အဲဒီလိုမျိုး ကိုယ်တိုက်တွန်းသလိုမျိုး တကယ်လက်တွေ့ဖြစ်လာဖို့ အလားအလာ ဘယ်လောက်ရှိပါသလဲရှင့်။

ဖြေ ။ ။ အလားအလာက အများကြီး ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အခုကြားနာပွဲမှာ တင်ပြခဲ့တဲ့ မြန်မာကွန်မြူနီတီထဲမှာလည်း ကျနော်တို့ လုပ်ဖော်ကိုင်ဖက်တွေကလဲ CRPH က တာဝန်ရှိသူတွေနဲ့ ထိတွေ့မှုတွေ ရှိပါတယ်။ နောက်ပြီးတော့ သြစတေးလျပါလီမန်ထဲမှာ အခု Parliament Friends of Myanmar ဆိုပြီး Senator Dean Smith က ဦးဆောင်ဖွဲ့ထားတဲ့ ပါလီမန်အစုအဖွဲ့ကလည်း CRPH ကိုယ်စားလှယ်တွေနဲ့ ထိတွေ့မှုတွေ ရှိပါတယ်။ အဲဒါကြောင့်မို့ ကျနော်တို့တွေက လိုအပ်ရင်လဲ Liaison လုပ်ပေးဖို့ ready ပါပဲ။ သူတို့ဘက်ကလဲ တိုက်ရိုက်ချိတ်ဆက်နိုင်တဲ့ လမ်းကြောင်းတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့ ပါလီမန်အဆင့်ထက် ကျော်ပြီးတော့ အစိုးရကလည်း ထိတွေ့ဆက်ဆံပါ။ အခုက အစိုးရက မလှုပ်သေးဘူး။ ပါလီမန်က very active. ဒါကြောင့် အစိုးရလည်းလုပ်ပါ။ ကျနော်တို့ဘက်မှာလဲ ကူညီပေးနိုင်တဲ့ အနေအထားတွေ ရှိတယ်ဆိုတာကို သူတို့သိအောင် ဒီရေးရာကော်မတီကနေ အသိပေးခဲ့တာ ဖြစ်ပါတယ်။

မေး ။ ။ ပြောရမယ်ဆိုရင် ဒီကြားနာပွဲလုပ်တဲ့ လွှတ်တော်ကော်မတီထဲမှာပါတဲ့ သြစတေးလျလွှတ်တော်အမတ်တွေ တချို့ကိုယ်တိုင်က ပြောတယ် သြစတေးလျအစိုးရ လုပ်နေတာတွေကို အားမလိုအားမရ ဖြစ်နေတဲ့ပုံစံမျိုးပြောတာကို ကြားရပါတယ်။ ဆိုတော့ အခုလိုမျိုး သြစတေးလျမှာ ရောက်နေတဲ့ မြန်မာအသိုင်းအဝိုင်းရဲ့ သဘောထားအမြင်တွေ၊ တိုက်တွန်းမှုတွေကို ကြားရတဲ့အခါမှာ လွှတ်တော်အမတ်တွေကနေ သြစတေးလျအစိုးရကို အခုထက်ပိုပြီးတော့ တွန်းတွန်းတိုက်တိုက် ဘယ်လောက်အထိ လုပ်နိုင်မယ်လို့ တွန်းအားပေးနိုင်မယ်လို့ မျှော်လင့်ထားသလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ကတော့ တော်တော်လေး မျှော်လင့်ပါတယ်။ အထူးသဖြင့် ဒီလို Public Hearing ဖြစ်လာတဲ့အတွက်ကြောင့်မို့ ပိုမျှော်လင့်တာပေါ့။ ပထမတော့ သူတို့ရဲ့ ပါလီမန်ထဲမှာ ဆွေးနွေးမှုတွေထဲမှာ motion မြန်မာပြည်ကို ပိုပြီးတော့ ထိရောက်တဲ့ အကူအညီတွေ၊ ထိရောက်တဲ့ တုံ့ပြန်မှုတွေ လုပ်ဖို့ဆိုတာမျိုးကို လွှတ်တော်အမတ်တွေက တိုက်တွန်းလာတယ်။ ဒါက ပထမအဆင့်။ ဒီ motion ကြောင့်မို့ သူတို့ပါလီမန်ထဲမှာ ဆွေးနွေးမှုတွေ ပေါ်လာတယ်။ အတိုက်အခံခေါင်းဆောင်တွေကလည်း မေးခွန်းတွေ အများကြီးထုတ်လာတယ်။ ဝေဖန်မှုတွေ အများကြီးလုပ်လာတယ်။ လက်ရှိအစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာ။ အခု ကြားနာပွဲကတော့ ပါလီမန်ရဲ့ မူဝါဒရေးရာပိုင်းကို ဆုံးဖြတ်နေတဲ့ အဖွဲ့အစည်း။ နိုင်ငံခြားရေးရာနဲ့ ပြည်ပဖွံ့ဖြိုးရေး အထောက်အကူပြုမှုတွေနဲ့ ပတ်သက်တဲ့ ရေးရာကော်မတီက ကြားနာတာ။ သူတို့က ပုံမှန်လွှတ်တော်ထဲမှာ အစည်းအဝေးလုပ်သလိုမျိုး မဟုတ်တော့ဘူး။ ဒီကြားနာပွဲကနေ အစီရင်ခံစာတခု ထွက်လာမယ်။ အစိုးရက ဘယ်လိုရပ်တည်ပါဆိုတာ။ ဒီကြားနာတဲ့ ကော်မတီမှာ ပါတီပေါင်းစုံက ပါတယ်။ ဒီ Affair Committee ဥက္ကဋ္ဌက Mr. Dave Sharma က အာဏာရပါတီရဲ့ လွှတ်တော်ကိုယ်စားလှယ်။ နောက် နိုင်ငံခြားရေးနဲ့ ပတ်သက်လို့ တော့်တော်ကို သြဇာကြီးတဲ့လူ။ အခု သြစတေးလျအစိုးရ နိုင်ငံခြားရေးဝန်ကြီး Senator Marise Payne ကို တော်တော်လေးသြဇာရှိတယ်လို့ ကျနော်တို့ သိထားတယ်။ အဲဒီတော့ ဒီကြားနာပွဲကတဆင့် သြစတေးလျအစိုးရရဲ့ မူဝါဒပိုင်းဆိုင်ရာ၊ လုပ်ဆောင်ချက်ပိုင်းဆိုင်ရာ အပြောင်းအလဲတွေ ဖြစ်ဖို့အတွက် အလွန်ကြီးတဲ့တွန်းအားတခု ဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

မေး ။ ။ နောက် မြန်မာနိုင်ငံရေး ကြားနာပွဲမှာ ပြောတဲ့နောက်တခုကကြတော့ ပြည်တွင်းမှာ မငြိမ်မသက်ဖြစ်နေတဲ့ အခြေအနေတွေကြောင့် နယ်စပ်ဘက်တွေကို တိမ်ရှောင်ထွက်ပြေးကြတဲ့ အခြေအနေ။ အဲဒီလို တိမ်ရှောင်ထွက်ပြေးတဲ့လူတွေ များလာမယ့် ထိုင်း၊ အိန္ဒိယ နယ်စပ်ဒေသတွေမှာ ထွက်ပြေးလာမယ့်သူတွေ များလာမယ်ဆိုရင် ဒေသတွင်း မတည်မငြိမ် ဖြစ်မှုကိုပါ ထိခိုက်နိုင်တဲ့ အချက်ကိုပါ ထောက်ပြကြတာ တွေ့ပါတယ်။ သြစတေးလျနိုင်ငံအနေနဲ့ အခုလို မြန်မာနိုင်ငံမှာဖြစ်နေတဲ့ မတည်ငြိမ်မှုတွေကနေ ဒေသတွင်းမှာ တည်ငြိမ်မှုပျက်ပြားလာမယ့် ဂယက်ကို ဘယ်လောက်အထိ ဒီအပေါ်မှာ စိုးရိမ်မှုရှိသလဲဆိုတာကို ပြောပြပါလားရှင့်။

ဖြေ ။ ။ သူတို့ အဲဒါကို တော်တော်လေး စိုးရိမ်မှုရှိတယ်။ ဒါကြောင့်မို့လို့ ကြားနာပွဲကို တက်ရောက်ပြောကြားမယ့် လူတွေကို မေးခွန်းတွေ (၄) ခု မေးထားတယ်။ Emphasize လုပ်တာပေါ့။ အဲဒီအထဲမှာ မေးခွန်းတခုက ဘာလဲဆိုတော့ ဒီစစ်အစိုးရက ဘယ်လောက်ထိကြာကြာ အုပ်ချုပ်သွားနိုင်သလဲ။ ဒါက သူတို့ စိုးရိမ်တာ။ အဲဒီမေးခွန်းနဲပ ပတ်သက်လို့ ကျနော်ဖြေခဲ့တာက ဒီစစ်အာဏာသိမ်းတယ်ဆိုတာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ စစ်အာဏာရှင်စနစ် တတိယအကြိမ်လည်တာ။ သံသရာစက်ဝိုင်း Vicious Circle - ဒီစစ်အာဏာရှင်စနစ်သာ ဒီနိုင်ငံမှာ တည်မြဲနေသရွေ့ ဒီလိုသံသရာစက်ဝိုင်းကြီးက ဆက်လည်နေမှာ၊ အဖန်တလဲလဲ ဖြစ်နေအုံးမှာ။ ဘယ်တော့မှ ပြီဆုံးသွားမှာ မဟုတ်ဘူး။ ဒီစစ်အာဏာရှင်စနစ် ရှိနေသရွေ့ ဒီဒုက္ခသည်ပြဿနာတွေ ရှိနေမယ်။ မူးယစ်ဆေးဝါး ပြဿနာတွေလည်း ရှိမယ်။ မူးယစ်ဆေးဝါးဆိုရင် သြစတေးလျက အကြီးအကျယ် ခံနေရတာ။ တနှစ်ကို သြစတေးလျအစိုးရက ၁.၇ ဘီလီယံ သုံးရတယ်။ မူးယစ်ဆေးဝါးမှာလည်း အများဆုံး ပြဿနာက ဘာလဲဆိုတော့ Methamphetamine စိတ်ကြွဆေး ဖြစ်တယ်။ အဲဒီဆေးက အများဆုံး မြန်မာပြည်ကလာတာ။ မြန်မာပြည်မှာ ဘယ်မှာထုတ်သလဲဆိုရင် မြန်မာနဲ့ တရုတ်၊ လားအိုနယ်စပ်တွေမှာ ထုတ်နေတာ။ ဘာဖြစ်လို့လဲဆိုတော့ Raw Materials တွေက တရုတ်ကလာတာ။ အဲဒီတော့ အစိုးရက ဒီဟာတွေ ရင်ဆိုင်နေရပြီ၊ ခံစားနေရပြီ။ ကျနော်က ပြောခဲ့တယ် It’s enough သြစတေးလျအစိုးရအနေနဲ့ ခံစားနေရတာ လုံလောက်ပြီ။ အဲဒီတော့ သြစတေးလျအစိုးရရဲ့ National Interest က ဘာလဲဆိုရင် စစ်အာဏာရှင်စနစ်ကို ချုပ်ငြိမ်းအောင်လုပ်ဖို့ National Interest လို့ ကျနော် ပြောခဲ့ပါတယ်။

မေး ။ ။ နောက်ဆုံး မေးချင်တာက ဧပြီလ (၁၃) ရက်နေ့တုန်းက သြစတေးလျလွှတ်တော် ကြားနာပွဲမှာ လုပ်ခဲ့တဲ့ မြန်မာ့အရေး ကြားနာပွဲကနေ နောက်ဆုံး ဘယ်လိုရလဒ်တွေ ထွက်လာနိုင်သလဲ။ နောက်ဆုံး ဥပမာ လွှတ်တော်ကနေ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချတာမျိုး ဘယ်လောက်အထိ ရလဒ်တွေ ထွက်လာမယ်လို့ ခန့်မှန်းလို့ ရသလဲရှင့်။

ဖြေ ။ ။ ကျနော်ကတော့ တော်တော်လေးကို Positively အပြုသဘောဆောင်မယ့် ရလဒ်တွေ အများကြီးရမယ်လို့ ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့ ပြောလိုက်တဲ့ စကားမှာ ဒီကြားနာပွဲပြီးရင် ကျနော်တို့ ပြောခဲ့တဲ့ ဆွေးနွေးခဲ့တဲ့အချက်တွေကို ပြန်ပို့မယ်။ သူတို့သိချင်တာတွေကိုလည်း ထပ်မေးမယ်။ ကျနော်တို့ကလည်း ဖြေခဲ့ရတဲ့ အဖြေပေါ်မှာ၊ ပိုပြီးပြည့်ပြည့်စုံစုံဖြစ်အောင် ထပ်ဖြည့်ပေးမယ်။ သူတို့ဆိုလိုတာက Very comprehensive responses တွေကို ယူမယ်။ ကျနော်တို့ နှုတ်နဲ့ပြောတာတင်မကဘူး၊ ပြန်စဉ်းစားပြီး ဖြေပေးတာကိုယူမယ်။ ဒါတွေကို အခြေခံပြီး သူတို့က သေချာပေါက် Report တခု ထွက်မှာပဲ။ ကြားနာပွဲကနေ ဘာတွေရတယ်ဆိုတဲ့အပေါ်မှာ အခြေခံပြီးတော့ သြစတေးလျအစိုးရနဲ့ လွှတ်တော်ကို သူတို့က သြစတေးလျအစိုးရအနေနဲ့ ဒီအနေအထားမှာ ဘယ်လိုတုံ့ပြန်ဆောင်ရွက်သင့်တယ်။ လက်ရှိ မူတွေနဲ့ ကိုက်ညီခြင်း ရှိမရှိဆိုတာတွေကို သုံးသပ်တယ်။ နောက် တိုက်တွန်းမှုတွေပါတဲ့ အစီရင်ခံစာ ထွက်လာမယ်လို့ ယူဆတယ်။ ဒါက နံပတ် (၁)။ နံပတ် (၂) က ဒီကြားနာပွဲလေးတခုနဲ့ မပြီဘူး။ ကျနော်တို့ကလဲ ကျနော်တို့ ပြောခဲ့တဲ့ စကားတွေအတွက် ဒီကော်မတီနဲ့ ကျနော်တို့ ဆက်ပြီးတော့ Follow up လုပ်နေမယ်။ တိုက်တွန်းနေမယ်။ ချိတ်ဆက်မှုတွေ ရှိနေမယ်ဆိုတော့ One of activities မဟုတ်ပါဘူး။ တချိန်တည်း ပြီးသွားမှာ မဟုတ်ပါဘူး။ ကျနော်တို့ ဆက်လုပ်နေမှာပါ။

မစုမြတ်မွန် ။ ။ ဒေါက်တာထွန်းအောင်ရွှေ အခုလို အချိန်ပေးပြီး ဖြေပေးတဲ့အတွက် ကျေးဇူးအများကြီး တင်ပါတယ်ရှင့်။

ဒေါက်တာထွန်းအောင်ရွှေ ။ ။ ကျနော်ကလည်း ကျေးဇူးအများကြီး တင်ပါတယ်။

XS
SM
MD
LG