သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့အေရးအတြက္ CSO အဖြဲ႕ေတြ လုံၿခဳံေရးေကာင္စီကို ေတာင္းဆို


မစုျမတ္မြန္ (VOA) ႏွင့္ လူ႔အခြင့္အေရးလႈပ္ရွားသူ မေဝေဝႏု
တိုက္႐ိုက္ လင့္ခ္

ကုလသမဂၢ လုံၿခဳံေရးေကာင္စီက ျမန္မာႏိုင္ငံအတြက္ ထိထိေရာက္ေရာက္ ေဆာင္႐ြက္ေပးတာ မရွိေသးတဲ့အတြက္ အေျခအေနေတြဟာ စိုးရိမ္ ထိတ္လန႔္စရာ အေျခအေနေတြ ေရာက္ခဲ့တယ္လို႔ ျမန္မာႏိုင္ငံထဲက လူထုအေျချပဳအဖြဲ႕ ၅၀၀ နီးပါးက ေျပာၾကားလိုက္ပါတယ္။ စစ္ေခါင္းေဆာင္ေတြရဲ႕ လုပ္ရပ္အတြက္ ႏိုင္ငံတကာ ရာဇဝတ္တရား႐ုံး ICC ကိုတင္ျပဖို ႔ေတာင္းဆိုခ်က္အပါအဝင္၊ ေတာင္းဆိုခ်က္ေတြကိုလည္း ေၾကျငာခ်က္ထဲမွာ လုံၿခဳံေရးေကာင္စီကို ေတာင္းဆိုထားပါတယ္။ ျဖစ္လာဖို႔ မလြယ္တာမွန္ေပမယ့္ ျဖစ္လာႏိုင္တဲ့ အေျခအေနေတြ ရွိတယ္လို႔ ေတာင္းဆိုသူေတြထဲမွာပါတဲ့ လူ႔အခြင့္အေရးလႈပ္ရွားသူ မေဝေဝႏု က ေျပာပါတယ္။ မစုျမတ္မြန္ က မေဝေဝႏုကို ဆက္သြယ္ေမးထားပါတယ္။

ေမး ။ ။ မဂၤလာပါ မေဝေဝႏုရွင့္။ VOA ျမန္မာပိုင္းအစီအစဥ္က ႀကိဳဆိုပါတယ္။ အခု မေဝေဝႏုတို႔ရဲ ႔ လူထုအေျချပဳအဖြဲ႔ ၅၀၀ နီးပါး၊ ၄၈၈ ဖြဲ႔ကေန ေၾကျငာထုတ္ၿပီးေတာ့ ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းထားတဲ့သူေတြရဲ ႔ လူမဆန္တဲ့ လုပ္ရပ္ေတြကို ရပ္သြားေအာင္လို႔ ေတာင္းဆိုတယ္။ အဲဒီထဲမွာ ဘာပါလဲဆိုေတာ့ ကုလသမဂၢလံုၿခံဳေရးေကာင္စီကေန ျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ အေျခအေနေတြကို ေလ့လာေစာင့္ၾကည့္ဖို႔နဲ႔ ၾကားဝင္ေျဖရွင္းေပးဖိုိ႔အတြက္ အထူးအဖြဲ႔ကို အျမန္ဆံုး ေစလႊတ္ပါဆိုၿပီးေတာ့ ေတာင္းဆိုထားတာပါပါတယ္။ ဆိုေတာ့ ဘယ္လိုမ်ဳိး အဲဒီအဖြဲ႔ကို သြားေစခ်င္ၿပီးေတာ့၊ ဘယ္လိုမ်ဳိး ေလ့လာေစာင့္ၾကည့္မႈေတြကို လုပ္ေစခ်င္တာလဲဆိုတာကို သိပါေရစရွင့္။

ေျဖ ။ ။ မဂၤလာပါ အမ။ က်မတုိ႔ လူမႈအဖြဲ႔အစည္းေတြက အရင္တုန္းကလဲ ေဖေဖၚဝါရီလတုန္းကလဲ ကုလသမဂၢ လံုၿခံဳေရးေကာင္စီကုိ စာေတြေပးပို႔ခဲ့ပါတယ္။ သို႔ေပမယ့္ ကုလသမဂၢ လံုၿခံဳေရးေကာင္စီကေန ဆံုးျဖတ္ခ်က္ထြက္လာတာ မဟုတ္ဘဲနဲ႔ ထုတ္ျပန္ခ်က္ ထြက္လာတာမ်ဳိးေတြ ထြက္လာခဲ့ပါတယ္။ ထုတ္ျပန္ခ်က္က အတိုင္းအတာတခုအထိ ထိေရာက္တယ္။ ေနာက္ၿပီးေတာ့ ျပင္းထန္တယ္ဆိုေပမယ့္လဲ ထိေရာက္တဲ့ အေရးယူေဆာင္ရြက္မႈေတြ မပါဝင္လာဘူး။ အဲဒီလို ထိေရာက္တဲ့ အေရးယူေဆာင္ရြက္မႈေတြအတြက္ဆို က်မတုိ႔က ကုလသမဂၢ လံုၿခံဳေရးေကာင္စီမွာ ဆံုးျဖတ္ခ်က္ resolution ဆိုတဲ့ဟာေတြ ထုတ္ရတာ ျဖစ္ပါတယ္။ ဆိုေတာ့ ဒါေတြျဖစ္လာဖို႔အတြက္ အခုတခါ ထပ္ၿပီးေတာ့ statement ထုတ္ၿပီးေတာ့ ေၾကျငာခ်က္လို႔ ထုတ္ၿပီးေတာ့ ထပ္မံၿပီးေတာ့ ေတာင္းဆိုတဲ့သေဘာမ်ဳိး ျဖစ္ပါတယ္။

အဲဒီအထဲမွာမွ အမ ေျပာသလိုမ်ဳိးပဲ လံုၿခံဳေရးေကာင္စီကေန ျမန္မာျပည္မွာ လက္ရိွျဖစ္ေပၚေနတဲ့ အေျခအေနေတြ၊ အထူးသျဖင့္ သတ္ျဖတ္မႈေတြ၊ မတရားဖမ္းဆီးမႈေတြ၊ ညွဥ္းပမ္းႏိွပ္စက္မႈေတြ၊ အျပစ္မဲ့တဲ့ ျပည္သူေတြကို ဒီလိုမ်ဳိး ညွဥ္းပမ္းႏိွပ္စက္မႈေတြကို ေလ့လာေစာင့္ၾကည့္ဖို႔နဲ႔ ႏုိင္ငံေရးျပႆနာေတြကို ၾကားဝင္ညိွႏိႈင္ေစ့စပ္ေပးဖို႔ ကိုယ္စားလွယ္အဖြဲ႔ကိုလည္း ေတာင္းဆိုထားတာ ျဖစ္ပါတယ္။ အဲဒါကေတာ့ ေလာေလာဆယ္ ေတာင္းဆိုေနပါတယ္။

ေမး ။ ။ လံုၿခံေရးေကာင္စီက သူ႔ရဲ ႔ တံု႔ျပန္မႈက ျမန္မာႏုိင္ငံအေရးနဲ႔ ပတ္သက္္ၿပီး လက္ေတြ႔ထိထိေရာက္ေရာက္ မရိွေသးတဲ့အတြက္ေၾကာင့္ အခုျမန္မာႏုိင္ငံမွာ ျဖစ္ေနတဲ့ အေျခအေနေတြက ပိုၿပီးေတာ့ ဆိုးေနတယ္လို႔ မေဝႏုတို႔ ထုတ္ျပန္ခ်က္ထဲမွာလည္း ေရးထားပါတယ္။ ဆိုေတာ့ အခုတေခါက္ေတာင္းဆိုတဲ့ မေဝႏုတို႔ ေတာင္းဆိုေနသလိုမ်ဳိး သူတုိ႔ဘက္က တံု႔ျပန္မယ္လို႔ ေမွ်ာ္လင့္သလား။ ဘာျဖစ္လို႔လဲဆိုေတာ့ အထူးသျဖင့္ လံုၿခံဳေရးေကာင္စီ အၿမဲတမ္းအဖြဲ႔ဝင္ထဲမွာဆို တရုတ္၊ ရုရွားတုိ႔ ပါဝင္ေနတယ္ဆိုေတာ့ ကိုယ့္ဘက္က ျဖစ္ေစခ်င္သလို၊ ေတာင္းဆိုမႈေတြ ျဖစ္လာႏုိင္ဖို႔အတြက္က လြယ္ႏို္င္ပါ့မလား။

ေျဖ ။ ။ ေျပာမယ္ဆိုရင္ေတာ့ ႏုိင္ငံတခုရဲ ႔ ႏုိင္ငံေရးအေျခအေနေတြမွာ ဆံုးျဖတ္ခ်က္တခု ကုလသမဂၢကေန ထြက္လာဖိုိ႔ဆိုတာ မလြယ္ကူပါဘူး။ ျမန္မာျပည္အေရးကိစၥမွာမွ မဟုတ္ဘူး။ ဘယ္အေရးကိစၥမွာမွ မလြယ္ကူပါဘူး။ ျမန္မာျပည္အေရးမွာဆုိလဲ အခုနလို တရုတ္၊ ရုရွားတို႔ကေန ျမန္မာအစိုးရေတြဘက္က၊ ဒါမွမဟုတ္ စစ္တပ္ဘက္ကေန ကာကြယ္ေပးေနေလ့ ရိွတယ္။ သို႔ေပမဲ့ က်မတို႔က ကုလသမဂၢ လံုၿခံဳေရးေကာင္စီ ကုလသမဂၢရဲ ႔ ဖြဲ႔စည္းပံု။ လံုၿခံဳေရးေကာင္စီရဲ ႔ ျဖစ္တည္ပံု အႏွစ္သာရေတြကို ျပန္ၾကည့္မယ္ဆိုရင္ လံုၿခံဳေရးေကာင္စီအေနနဲ႔ ေလးစားလုိက္နာရမယ့္ သူတို႔ရဲ ႔တာဝန္နဲ႔ ဝတၱရားေတြ ရိွပါတယ္။ အဲဒီတာဝန္နဲ႔ ဝတၱရားေတြအရ က်မတို႔က ဒီအခ်က္အလက္ေတြကို ေတာင္းဆိုေနတာ ျဖစ္ပါတယ္။ ဒီလုိကိစၥရပ္ေတြက မလြယ္ကူပါဘူး။ ၾကန္႔ၾကာတတ္ပါတယ္။

သို႔ေပမယ့္ က်မတုိ႔ဟာ က်မတို႔ျပည္သူေတြအေနနဲ႔ လုပ္ရမယ့္တာဝန္ရိွတယ္။ က်မတုိ႔ ရသင့္ရထိုက္တဲ့ ကာကြယ္မႈ၊ လံုၿခံဳမႈေပးဖို႔ ေတာင္းဆိုခြင့္ကို က်မတုိ႔က ေတာင္းဆိုဖို႔ရိွတယ္။ အဲဒီအခါၾကေတာ့ တျဖည္းျဖည္းခ်င္း တြန္းသြားရမွာ ျဖစ္တယ္။ ဒါေပမဲ့ လံုးဝမျဖစ္လာႏုိင္ဘူးဆိုတာေတာ့ မဟုတ္ပါဘူး။ လက္ေတြ႔မွာ ျဖစ္လာႏို္င္တဲ့ အေနအထားေတြလည္း အမ်ားႀကီးရိွပါတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စစ္အုပ္စုအေနနဲ႔ ႏွစ္ေပါင္းေျမာက္ျမားစြာ ျပည္သူေတြအေပၚ က်ဴးလြန္ထားတဲ့ ျပစ္မႈေတြက အမ်ားႀကီး ျဖစ္ပါတယ္။ ကုလသမဂၢကိုယ္တိုင္ စနစ္တက် မွတ္တမ္းတင္ထားတဲ့ မွတ္တမ္းေတြ၊ Fact Finding Mission က ျပဳစုထားတဲ့ မွတ္တမ္းေတြအရ သူတို႔ရဲ ႔ က်ဴးလြန္မႈေတြက အင္မတန္ ႀကီးမားပါတယ္။ အဲဒီအတြက္ေၾကာင့္မို႔ အခုထပ္ထပ္ၿပီး က်ဴးလြန္လာတဲ့ က်ဴးလြန္မႈေတြနဲ႔ ေပါင္းစပ္လာၿပီးဆိုေတာ့ ကုလသမဂၢအေနနဲ႔ ျငင္းပယ္လို႔ ပစ္ပယ္ထားလို႔ ျမန္မာျပည္ရဲ ႔အေရးကို ပစ္ပယ္ထားလို႔ မရတဲ့ အေနအထားကို ေရာက္သြားၿပီးေတာ့ တံု႔ျပန္ရမွာ ျဖစ္ပါတယ္။ အဲဒီအခါၾကေတာ့ ေနာက္ဆံုး တြန္းရင္းတြန္းရင္းနဲ႔ တခ်ိန္က်ရင္ေတာ့ ရုရွား၊ တရုတ္တို႔ လက္ခံလာရမွာ ျဖစ္ပါတယ္။

ေမး ။ ။ မေဝႏုတို႔ ေတာင္းဆိုတဲ့ ေတာင္းဆိုခ်က္ထဲမွာ ေနာက္တခ်က္ပါတာက စစ္အာဏာသိမ္းထားသူေတြရဲ ႔ လုပ္ရပ္ကို ICC ႏုိင္ငံတကာရာဇဝတ္တရားရံုးအထိ တင္ေပးပါဆိုၿပီးေတာ ေတာင္းဆိုတာလည္း ပါပါတယ္။ အဲဒါကေရာ တကယ္လက္ေတြ႔ျဖစ္လာဖို႔ လြယ္ပါသလား။

ေျဖ ။ ။ ကုလသမဂၢ လံုၿခံဳေရးေကာင္စီကို ေတာင္းဆိုတဲ့ ေတာင္းဆိုခ်က္ေတြဟာ ျဖစ္လာဖို႔ဟာ မလြယ္ကူပါဘူး။ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီလို ျဖစ္လာဖုိ႔ အဆင့္ေတြ အမ်ားႀကီးရိွတယ္။ အရင္ဆံုး သူတုိ႔ အစည္းအေဝးေတြ လုပ္ရမယ္။ အစည္းအေဝးလုပ္ၿပီးေတာ့ ဆံုးျဖတ္ခ်က္ေတြ ေရးရမယ္။ ဆံုးျဖတ္ခ်က္ေတြ အကုန္္လံုး သေဘာတူမွ ဒါမ်ဳိးေတြ ျဖစ္လာမွာ ျဖစ္ပါတယ္။ အခုန ICC ကို Refer လုပ္တယ္။ ICC ကို ျမန္မာျပည္ရဲ ႔ အေျခအေနကို ပို႔တယ္ဆိုတဲ့ဟာကလဲ။ မလြယ္ကူပါဘူး။ သို႔ေပမဲ့ ျဖစ္လာႏိုင္တဲ့ အေနအထားက ရိွပါတယ္။ မလြယ္ကူေပမယ့္ ျဖစ္လာဖို႔ လိုအပ္ပါတယ္။ ျဖစ္လာႏိုင္တဲ့ အေနအထားေတြလည္း ရိွပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ေစာေစာက ေျပာခဲ့သလိုမ်ဳိး စစ္တပ္ကေန အျပစ္မဲ့တဲ့ ျပည္သူေတြအေပၚမွာ၊ လူနည္းစုေတြအေပၚ၊ လူမ်ဳိးစုေတြအေပၚမွာ က်ဴးလြန္ထားတဲ့ ျပစ္မႈေတြဟာ ႏိုင္ငံတကာရာဇဝတ္မႈေတြ ျဖစ္ပါတယ္။ အခုဆက္လက္ၿပီးေတာ့ က်ဴးလြန္ေနတဲ့ ျပစ္မႈေတြဟာလည္း ႏိုင္ငံတကာရာဇဝတ္မႈ ျဖစ္ပါတယ္။

အခုဆိုလို႔ရိွရင္ လူ႔အခြင့္အေရး အဖြဲ႔အစည္းေတြနဲ႔ ကုလသမဂၢ လူ႔အခြင့္အေရးဆိုင္ရာ ကိုယ္စားလွယ္ကအစ ဒီမွာလက္ရိွျဖစ္ေပၚေနတဲ့ ရာဇဝတ္မႈေတြဟာဆုိရင္ ဒါက လူသားမ်ဳိးႏြယ္စုအေပၚ က်ဴးလြန္တဲ့အမႈေတြ ျဖစ္တယ္လို႔ ေျပာေနၾကၿပီျဖစ္တယ္။ ဒါေတြကို ႏုိင္ငံတကာအေနနဲ႔ စံုစမ္းစစ္ေဆးၿပီးေတာ့ အေရးယူဖို႔ လိုေနတယ္လို႔ ေျပာေနၾကၿပီ။ ဆိုေတာ့ က်မတုိ႔က ဒီလိုရာဇဝတ္မႈေတြ ျဖစ္လာၿပီဆုိရင္ ကုလသမဂၢ လံုၿခံဳေရးေကာင္စီကေန တာဝန္ယူၿပီးေတာ့ ေျဖရွင္းေပးရတယ္။ အဆံုးသတ္ေပးရတယ္။ တာဝန္ယူမႈ တာဝန္ခံမႈေတြကို ရိွေအာင္လုပ္ေပးရတယ္။ က်ဴးလြန္သူေတြအေပၚမွာ။ ဒါက သူတို႔ရဲ ႔ တာဝန္ျဖစ္တယ္။ အဲဒီေတာ့ သူတုိ႔တာဝန္ကို သူတုိ႔က အေကာင္အထည္ေဖာ္ဖို႔ ေႏွာင့္ေႏွးေနတဲ့အတြက္ေၾကာင့္မို႔ က်မတို႔က တုိက္တြန္းရတာ ျဖစ္တယ္။

ေနာက္တခ်က္က ဒီေနရာမွာ က်မတို႔ စဥ္းစားရမွာက ICC ႏုိင္ငံတကာရာဇဝတ္ခံုရံုးကေန ျမန္မာႏုိင္ငံနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာျပည္အေပၚမွာ စံုစမ္းစစ္ေဆးမႈကို ျမန္မာစစ္တပ္ရဲ ႔ က်ဴးလြန္မႈေတြကို စံုစမ္းစစ္ေဆးမႈေတြကို စတင္စစ္ေဆးေနၿပီ ျဖစ္တယ္။ ရိုဟင္ဂ်ာေတြကို အတင္းအဓမၼ တိုင္းျပည္ကေန ႏွင္ထုတ္ခဲ့တဲ့ကိစၥရပ္ကို လူသားမ်ဳိးႏြယ္စုအေပၚမွာ က်ဴးလြန္တဲ့ ရာဇဝတ္မႈအေနနဲ႔ ICC ကေန သူ႔အစီအမံနဲ႔သူ စံုစမ္းစစ္ေဆးမႈေတြ ျပဳလုပ္ေနတာ ရိွပါတယ္။ အဲဒီအခါၾကေတာ့ ကုလသမဂၢအေနနဲ႔ က်မတို႔ ေတာင္းဆိုခ်က္ေတြနဲ႔ ထည့္သြင္းစဥ္းစားၿပီးေတာ့ လက္ရိွစံုစမ္းစစ္ေဆးေနတဲ့ Process ျဖစ္စဥ္မွာ ထည့္သြင္းၿပီးေတာ့ ျမန္မာျပည္အေရးကို Refer လုပ္တယ္ဆိုရင္ေတာ့ က်မတို႔ က်ယ္က်ယ္ျပန္႔ျပန္႔ စံုစမ္းစစ္ေဆးၿပီးေတာ့ က်ဴးလြန္တဲ့လူေတြကို အျပစ္ေပးအေရးယူလို႔ ရမွာျဖစ္ပါတယ္။ ဆိုလိုခ်င္တာက လက္ရိွရိွေနၿပီသား Process ရိွတယ္။ ေနာက္ၿပီးေတာ့ ICJ မွာလည္း Genocide က်ဴးလြန္ထားတဲ့ဆုိတဲ့ အမႈျဖစ္စဥ္ရိွတယ္။ ဒီေတာ့ အေျခခံအေၾကာင္းရင္းေတြ ရိွေနၿပီသား ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ က်မတို႔ ဒီဘက္က ကုလသမဂၢ လံုၿခံဳေရးေကာင္စီကုိ ICC ကို ပို႔ဖို႔အတြက္ တြန္းအားေပးတယ္ဆိုလို႔ရိွရင္ ျဖစ္လာႏိုင္စရာ အလားအလာရိွတယ္။ ျဖစ္လာႏုိင္ေခ်ရိွတယ္။ က်ဴးလြန္မႈေတြကလည္း ရိွေနတယ္ဆိုေတာ့ က်မေတာ့ အဲဒီလိုမ်ဳိး ျမင္ပါတယ္။ ဒါေၾကာင့္ လိုလည္းလိုအပ္တယ္။ ဒါေၾကာင့္မို႔ က်မတို႔က ေတာင္းဆိုရတာ ျဖစ္တယ္။

ေမး ။ ။ တကယ္လို႔ ကုလသမဂၢ လံုၿခံဳေရးေကာင္စီကေန မေဝႏုတို႔ ေတာင္းဆိုထားတဲ့ ေတာင္းဆိုခ်က္ေတြအတိုင္း လုပ္မေပးဘူးဆိုရင္ ကုလသမဂၢ ပဋိညာဥ္အရ အေထြေထြညီလာခံကန ဆံုးျဖတ္ၿပီးေတာ့ လုပ္ေပးပါဆိုၿပီးေတာ့ ေျပာထားတာလည္း ပါပါတယ္ဆုိေတာ့ အဲဒါက ျပည္သူအမ်ား ေမွ်ာ္လင့္ေနၾကတဲ့ R2P ကိစၥလို႔ ထင္ပါတယ္။ အဲဒါ ဟုတ္ပါလားရွင့္။

ေျဖ ။ ။ အေထြေထြညီလာခံကေန ကုလသမဂၢ လံုၿခံဳေရးေကာင္စီကို က်မတို႔ တုိက္တြန္းလို႔ရတာ ရိွပါတယ္။ က်မတို႔ R2P လို႔ ေျပာတဲ့အခါမွာ ျမန္မာျပည္မွာ အမ်ားနားလည္တာကေတာ့ ကုလသမဂၢကေန စစ္တပ္ႀကီး ႏိုင္ငံတကာစစ္တပ္ႀကီး ပို႔ၿပီးေတာ့ စစ္တိုက္ခိုင္းတယ္ဆိုတဲ့သေဘာမ်ဳိးကို နားလည္ထားတယ္လို႔ က်မ ယူဆပါတယ္။ ဆိုေတာ့ အမွန္တကယ္က Peace Keeping Force ပဲျဖစ္ျဖစ္၊ ႏိုင္ငံတကာစစ္တပ္ေစလႊတ္ၿပီးေတာ့ ၿငိမ္းခ်မ္းေရးထိန္းသိမ္းတယ္ဆိုတာက R2P ရဲ ႔ ေနာက္ဆံုးအဆင့္ ျဖစ္ပါတယ္။

ဒါကို က်မတို႔က ေသေသခ်ာခ်ာ ေက်ေက်လည္လည္ ေဆြးေႏြးၿပီးမွ ေတာင္းဆိုရမယ့္ ကိစၥရပ္ ျဖစ္ပါတယ္။ သို႔ေပမဲ့ R2P မွာ အျခားေသာ Process ေတြ အမ်ားႀကီး ရိွပါတယ္။ အဲဒီမွာမွ သတိေပးေစာင့္ၾကည့္ရာက၊ အေရးယူတဲ့အဆင့္ေတြ အမ်ားႀကီး ရိွပါတယ္။ အဲဒီအေရးယူမႈေတြထဲမွာ အခုနေျပာတဲ့ စီးပြားေရးပိတ္စို႔အေရးယူတာေတြ။ ေနာက္တခါ လက္နက္ေရာင္းဝယ္မႈေတြ ပိတ္ပင္တာေတြ။ ေနာက္တခါၾကေတာ့ ICC ပို႔တာေတြအထိ ဒါေတြက R2P Process ေတြထဲမွာ ပါပါတယ္။ အေရးယူေဆာင္ရြက္မႈေတြထဲမွာ ပါဝင္ၿပီသား ျဖစ္ပါတယ္။ ဒါက Imply ျဖစ္တယ္။ အထူးတလည္ မေျပာဘဲနဲ႔ ဒါေတြက ပါဝင္ၿပီးသာကိစၥရပ္ေတြ ျဖစ္တယ္။ ဒါ့အျပင္ အခုနလိုမ်ဳိး ကုလသမဂၢ လံုၿခံဳေရးေကာင္စီကေန ျမန္မာႏိုင္ငံအတြက္ကို အေျခအေနေတြ ေလ့လာေစာင့္ၾကည့္ၿပီးေတာ့ ၾကားျဖတ္ညိွႏိႈင္းေဆြးေႏြးေပးမယ့္ ကိုယ္စားလွယ္အဖြဲ႔ Body တခုကို လႊတ္ဖုိ႔ဆိုတဲ့ဟာကလဲ R2P ရဲ ႔ Framework ထဲမွာ ပါဝင္တဲ့ကိစၥရပ္ ျဖစ္ပါတယ္။

ေျပာမယ္ဆိုရင္ က်မတို႔ ေတာင္းဆိုေနတာေတြဟာ Responsible to Framework ေအာက္ထဲမွာ ပါဝင္တဲ့ အခ်က္ေတြ ျဖစ္ပါတယ္။ ဒါေပမဲ့ က်မတို႔ စစ္တိုက္ဖို႔ ေခၚေနတဲ့ဟာမ်ဳိးေတာ့ ခ်က္ခ်င္းလက္ငင္း မဟုတ္ေသးပါဘူး။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ဒီလုိကိစၥရပ္က အခုနကေျပာသလို ေသေသခ်ာခ်ာ ဘက္ေပါင္းစံုနဲ႔ ေဆြးေႏြးၿပီးေတာ့ ေသခ်ာအေျခအေန အတိုင္းအတာတခုအထိ ေရာက္တဲ့အခါမွာ ေျပာဆိုေဆြးေႏြးရမယ့္ ကိစၥရပ္ ျဖစ္တယ္။

ေမး ။ ။ ဆိုေတာ့ ကုလသမဂၢက သူ႔ရဲ ႔အဖြဲ႔ဝင္ႏိုင္ငံေတြကို R2P နဲ႔ အကာအကြယ္ေပးဖို႔ဆုိရင္ Condition ေတြ ရိွတယ္ေပါ့။ အဲဒီအေျခအေန လိုအပ္ခ်က္ေတြက ဘာလဲဆိုေတာ့ အဲဒီႏိုင္ငံမွာ လူမ်ဳိးတုန္းသတ္ျဖတ္မႈေတြ ျဖစ္ေနသလား။ ေနာက္ စစ္ရာဇဝတ္မႈ က်ဴးလြန္မႈေတြ ျဖစ္ေနသလား။ မ်ဳိးႏြယ္စုေတြကို ရွင္းလင္းသုတ္သင္မႈေတြ ျဖစ္ေနသလား။ ဒါမွမဟုတ္ လူသားထုအေပၚမွာ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ ျဖစ္ေနၿပီလား။ အဲဒီလိုမ်ဳိး အခ်က္ (၄) ခ်က္ ျဖစ္ၿပီဆိုရင္ေတာ့ သူတုိ႔က R2P လုပ္ငန္းစဥ္ကို စပါတယ္ဆိုေတာ့ ျမန္မာႏုိင္ငံမွာ လက္ရိွ စစ္အာဏာသိမ္းထားသူေတြ လုပ္ေနတဲ့ လုပ္ရပ္ေတြက ဒါမ်ဳိးက်ဴးလြန္တဲ့ အေျခအေနေတြကို ေရာက္ေနၿပီဆိုၿပီးေတာ့ ကုလသမဂၢက တရားဝင္ေျပာတာမ်ဳိးေတြ ရိွပါၿပီလားရွင့္။

ေျဖ ။ ။ ဟုတ္ပါတယ္။ Responsibility to Protect ဆိုတဲ့ Framework က ဆိုရင္ အခုနေျပာတဲ့ ဆိုးဝါးဆံုးေသာ ႏုိင္ငံတကာရာဇဝတ္မႈေတြကို က်ဴးလြန္တယ္ဆိုလို႔ရိွရင္ ဒါကို အသံုးျပဳလို႔ရတာ ျဖစ္ပါတယ္။ ဆိုေတာ့ ကုလသမဂၢ ေျပာေနၿပီလား၊ ရိွေနၿပီလို႔ က်မတို႔ဆီမွာ ရာဇဝတ္မႈေတြ က်ဴးလြန္ၿပီလားလို႔ ေျပာေနၿပီလားဆုိေတာ့ သိပ္မၾကာေသးခင္ကပဲ လြန္ခဲ့တဲ့ (၂) ႏွစ္ (၃) ႏွစ္ ကာလအတြင္းမွာ ကုလသမဂၢရဲ ႔ လြတ္လပ္တဲ့ စံုစမ္းစစ္ေဆးေရးေကာ္မရွင္ကေန စနစ္တက် အေသးစိတ္ျပဳစုထားတဲ့ အစီရင္ခံစာ ထြက္ရိွခဲ့တာ ရိွပါတယ္။

အဲဒီအစီရင္ခံစာထဲမွာဆိုရင္ ျမန္မာစစ္တပ္ကေန ရိုဟင္ဂ်ာေတြကို လူမ်ဳိးတုန္းသတ္ျဖတ္မႈေတြ လုပ္ခဲ့တယ္။ တျခားလူနည္းစု တိုင္းရင္းသားေတြကို စစ္ရာဇဝတ္မႈေတြေသာ္လည္းေကာင္း ဒါမွမဟုတ္ လူသားမ်ဳိးႏြယ္စုေတြ က်ဴးလြန္တဲ့ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြကိုေသာ္လည္းေကာင္း က်ဴးလြန္ခဲ့ပါတယ္ဆိုၿပီးေတာ့ အေသးစိတ္ေဖာ္ျပခဲ့တာ ျဖစ္ပါတယ္။ အဲဒီအစီရင္ခံစာ ထြက္ရိွခဲ့ၿပီး (၂) ႏွစ္ကာလမွာ အခု စစ္အာဏာသိမ္းမႈ ျဖစ္ၿပီးေတာ့ ေနာက္ထပ္က်ဴးလြန္မႈေတြ ထပ္ထပ္ၿပီးေတာ့ ျဖစ္လာခဲ့တာ ျဖစ္ပါတယ္။ အခုေလာေလာဆယ္မွာေတာ့ စစ္တပ္ကေန အရပ္သားျပည္သူေတြရဲ ႔ ၿငိမ္းခ်မ္းစြာဆႏၵေဖာ္ထုတ္ေနတဲ့ ျပည္သူေတြနဲ႔ ေနာက္ၿပီးေတာ့ CDM မွာ ပါဝင္ေနတဲ့ လူေတြကို ႏိွမ္နင္းတာေတြ။ အထူးသျဖင့္ သတ္ျဖတ္မႈေတြ၊ မတရားဖမ္းဆီးခ်ဳပ္ေႏွာင္မႈေတြ၊ ညွဥ္းပမ္းႏိွပ္စက္မႈေတြ ဒါေတြဟာ စနစ္တက်နဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္ေနၿပီ။ ဒါေၾကာင့္မို႔ ဒီလိုစနစ္တက်နဲ႔ က်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္တယ္ဆိုလို႔ရိွရင္ ဒါဟာ လူသားမ်ဳိးႏြယ္စုအေပၚမွာ က်ဴးလြန္တဲ့ ရာဇဝတ္မႈလို႔ သတ္မွတ္လို႔ ရပါတယ္။ ဒါေၾကာင့္မို႔လို႔လဲ လူ႔အခြင့္အေရး ေစာင့္ၾကည္တဲ့အဖြဲ႔အစည္းေတြ၊ ႏိုင္ငံတကာအဖြဲ႔အစည္းေတြ၊ ဥပေဒေရးရာအဖြဲ႔ေတြနဲ႔ အဖြဲ႔ေတြအပါအဝင္ ကုလသမဂၢရဲ ႔ ျမန္မာႏိုင္ငံဆိုင္ရာ လူ႔အခြင့္အေရး အထူးကိုယ္စားလွယ္ကပါ ျမန္မာႏိုင္ငံမွာ လက္ရိွျဖစ္ေနတဲ့ အေနအထားဟာ လူသားမ်ဳိးႏြယ္စုေတြအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈေတြ ျဖစ္တယ္ဆိုၿပီးေတာ့ စတင္ေျပာဆိုေနတာေတြကို ေတြ႔ရပါတယ္။

မစုျမတ္မြန္ ။ ။ အခုလိုမ်ဳိး အခ်ိန္ေပးၿပီး ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္ရွင့္။

မေဝေဝႏု ။ ။ ဟုတ္ကဲ့ပါ။ ေက်းဇူးတင္ပါတယ္ အမ။

==Unicode==

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံအတွက် ထိထိရောက်ရောက် ဆောင်ရွက်ပေးတာ မရှိသေးတဲ့အတွက် အခြေအနေတွေဟာ စိုးရိမ် ထိတ်လန့်စရာ အခြေအနေတွေ ရောက်ခဲ့တယ်လို့ မြန်မာနိုင်ငံထဲက လူထုအခြေပြုအဖွဲ့ ၅၀၀ နီးပါးက ပြောကြားလိုက်ပါတယ်။ စစ်ခေါင်းဆောင်တွေရဲ့ လုပ်ရပ်အတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC ကိုတင်ပြဖို့တောင်းဆိုချက်အပါအဝင်၊ တောင်းဆိုချက်တွေကိုလည်း ကြေငြာချက်ထဲမှာ လုံခြုံရေးကောင်စီကို တောင်းဆိုထားပါတယ်။ ဖြစ်လာဖို့ မလွယ်တာမှန်ပေမယ့် ဖြစ်လာနိုင်တဲ့ အခြေအနေတွေ ရှိတယ်လို့ တောင်းဆိုသူတွေထဲမှာပါတဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနု က ပြောပါတယ်။ မစုမြတ်မွန် က မဝေဝေနုကို ဆက်သွယ်မေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ မဝေဝေနုရှင့်။ VOA မြန်မာပိုင်းအစီအစဉ်က ကြိုဆိုပါတယ်။ အခု မဝေဝေနုတို့ရဲ့ လူထုအခြေပြုအဖွဲ့ ၅၀၀ နီးပါး၊ ၄၈၈ ဖွဲ့ကနေ ကြေငြာထုတ်ပြီးတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းထားတဲ့သူတွေရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို ရပ်သွားအောင်လို့ တောင်းဆိုတယ်။ အဲဒီထဲမှာ ဘာပါလဲဆိုတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို လေ့လာစောင့်ကြည့်ဖို့နဲ့ ကြားဝင်ဖြေရှင်းပေးဖို့အတွက် အထူးအဖွဲ့ကို အမြန်ဆုံး စေလွှတ်ပါဆိုပြီးတော့ တောင်းဆိုထားတာပါပါတယ်။ ဆိုတော့ ဘယ်လိုမျိုး အဲဒီအဖွဲ့ကို သွားစေချင်ပြီးတော့၊ ဘယ်လိုမျိုး လေ့လာစောင့်ကြည့်မှုတွေကို လုပ်စေချင်တာလဲဆိုတာကို သိပါရေစရှင့်။

ဖြေ ။ ။ မင်္ဂလာပါ အမ။ ကျမတို့ လူမှုအဖွဲ့အစည်းတွေက အရင်တုန်းကလဲ ဖေဖေါ်ဝါရီလတုန်းကလဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို စာတွေပေးပို့ခဲ့ပါတယ်။ သို့ပေမယ့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ ဆုံးဖြတ်ချက်ထွက်လာတာ မဟုတ်ဘဲနဲ့ ထုတ်ပြန်ချက် ထွက်လာတာမျိုးတွေ ထွက်လာခဲ့ပါတယ်။ ထုတ်ပြန်ချက်က အတိုင်းအတာတခုအထိ ထိရောက်တယ်။ နောက်ပြီးတော့ ပြင်းထန်တယ်ဆိုပေမယ့်လဲ ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ မပါဝင်လာဘူး။ အဲဒီလို ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေအတွက်ဆို ကျမတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက် resolution ဆိုတဲ့ဟာတွေ ထုတ်ရတာ ဖြစ်ပါတယ်။ ဆိုတော့ ဒါတွေဖြစ်လာဖို့အတွက် အခုတခါ ထပ်ပြီးတော့ statement ထုတ်ပြီးတော့ ကြေငြာချက်လို့ ထုတ်ပြီးတော့ ထပ်မံပြီးတော့ တောင်းဆိုတဲ့သဘောမျိုး ဖြစ်ပါတယ်။

အဲဒီအထဲမှာမှ အမ ပြောသလိုမျိုးပဲ လုံခြုံရေးကောင်စီကနေ မြန်မာပြည်မှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ၊ အထူးသဖြင့် သတ်ဖြတ်မှုတွေ၊ မတရားဖမ်းဆီးမှုတွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေ၊ အပြစ်မဲ့တဲ့ ပြည်သူတွေကို ဒီလိုမျိုး ညှဉ်းပမ်းနှိပ်စက်မှုတွေကို လေ့လာစောင့်ကြည့်ဖို့နဲ့ နိုင်ငံရေးပြဿနာတွေကို ကြားဝင်ညှိနှိုင်စေ့စပ်ပေးဖို့ ကိုယ်စားလှယ်အဖွဲ့ကိုလည်း တောင်းဆိုထားတာ ဖြစ်ပါတယ်။ အဲဒါကတော့ လောလောဆယ် တောင်းဆိုနေပါတယ်။

မေး ။ ။ လုံခြံရေးကောင်စီက သူ့ရဲ့ တုံ့ပြန်မှုက မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး လက်တွေ့ထိထိရောက်ရောက် မရှိသေးတဲ့အတွက်ကြောင့် အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေက ပိုပြီးတော့ ဆိုးနေတယ်လို့ မဝေနုတို့ ထုတ်ပြန်ချက်ထဲမှာလည်း ရေးထားပါတယ်။ ဆိုတော့ အခုတခေါက်တောင်းဆိုတဲ့ မဝေနုတို့ တောင်းဆိုနေသလိုမျိုး သူတို့ဘက်က တုံ့ပြန်မယ်လို့ မျှော်လင့်သလား။ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်ထဲမှာဆို တရုတ်၊ ရုရှားတို့ ပါဝင်နေတယ်ဆိုတော့ ကိုယ့်ဘက်က ဖြစ်စေချင်သလို၊ တောင်းဆိုမှုတွေ ဖြစ်လာနိုင်ဖို့အတွက်က လွယ်နိုင်ပါ့မလား။

ဖြေ ။ ။ ပြောမယ်ဆိုရင်တော့ နိုင်ငံတခုရဲ့ နိုင်ငံရေးအခြေအနေတွေမှာ ဆုံးဖြတ်ချက်တခု ကုလသမဂ္ဂကနေ ထွက်လာဖို့ဆိုတာ မလွယ်ကူပါဘူး။ မြန်မာပြည်အရေးကိစ္စမှာမှ မဟုတ်ဘူး။ ဘယ်အရေးကိစ္စမှာမှ မလွယ်ကူပါဘူး။ မြန်မာပြည်အရေးမှာဆိုလဲ အခုနလို တရုတ်၊ ရုရှားတို့ကနေ မြန်မာအစိုးရတွေဘက်က၊ ဒါမှမဟုတ် စစ်တပ်ဘက်ကနေ ကာကွယ်ပေးနေလေ့ ရှိတယ်။ သို့ပေမဲ့ ကျမတို့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကုလသမဂ္ဂရဲ့ ဖွဲ့စည်းပုံ။ လုံခြုံရေးကောင်စီရဲ့ ဖြစ်တည်ပုံ အနှစ်သာရတွေကို ပြန်ကြည့်မယ်ဆိုရင် လုံခြုံရေးကောင်စီအနေနဲ့ လေးစားလိုက်နာရမယ့် သူတို့ရဲ့တာဝန်နဲ့ ဝတ္တရားတွေ ရှိပါတယ်။ အဲဒီတာဝန်နဲ့ ဝတ္တရားတွေအရ ကျမတို့က ဒီအချက်အလက်တွေကို တောင်းဆိုနေတာ ဖြစ်ပါတယ်။

ဒီလိုကိစ္စရပ်တွေက မလွယ်ကူပါဘူး။ ကြန့်ကြာတတ်ပါတယ်။ သို့ပေမယ့် ကျမတို့ဟာ ကျမတို့ပြည်သူတွေအနေနဲ့ လုပ်ရမယ့်တာဝန်ရှိတယ်။ ကျမတို့ ရသင့်ရထိုက်တဲ့ ကာကွယ်မှု၊ လုံခြုံမှုပေးဖို့ တောင်းဆိုခွင့်ကို ကျမတို့က တောင်းဆိုဖို့ရှိတယ်။ အဲဒီအခါကြတော့ တဖြည်းဖြည်းချင်း တွန်းသွားရမှာ ဖြစ်တယ်။ ဒါပေမဲ့ လုံးဝမဖြစ်လာနိုင်ဘူးဆိုတာတော့ မဟုတ်ပါဘူး။ လက်တွေ့မှာ ဖြစ်လာနိုင်တဲ့ အနေအထားတွေလည်း အများကြီးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စစ်အုပ်စုအနေနဲ့ နှစ်ပေါင်းမြောက်မြားစွာ ပြည်သူတွေအပေါ် ကျူးလွန်ထားတဲ့ ပြစ်မှုတွေက အများကြီး ဖြစ်ပါတယ်။ ကုလသမဂ္ဂကိုယ်တိုင် စနစ်တကျ မှတ်တမ်းတင်ထားတဲ့ မှတ်တမ်းတွေ၊ Fact Finding Mission က ပြုစုထားတဲ့ မှတ်တမ်းတွေအရ သူတို့ရဲ့ ကျူးလွန်မှုတွေက အင်မတန် ကြီးမားပါတယ်။ အဲဒီအတွက်ကြောင့်မို့ အခုထပ်ထပ်ပြီး ကျူးလွန်လာတဲ့ ကျူးလွန်မှုတွေနဲ့ ပေါင်းစပ်လာပြီးဆိုတော့ ကုလသမဂ္ဂအနေနဲ့ ငြင်းပယ်လို့ ပစ်ပယ်ထားလို့ မြန်မာပြည်ရဲ့အရေးကို ပစ်ပယ်ထားလို့ မရတဲ့ အနေအထားကို ရောက်သွားပြီးတော့ တုံ့ပြန်ရမှာ ဖြစ်ပါတယ်။ အဲဒီအခါကြတော့ နောက်ဆုံး တွန်းရင်းတွန်းရင်းနဲ့ တချိန်ကျရင်တော့ ရုရှား၊ တရုတ်တို့ လက်ခံလာရမှာ ဖြစ်ပါတယ်။

မေး ။ ။ မဝေနုတို့ တောင်းဆိုတဲ့ တောင်းဆိုချက်ထဲမှာ နောက်တချက်ပါတာက စစ်အာဏာသိမ်းထားသူတွေရဲ့ လုပ်ရပ်ကို ICC နိုင်ငံတကာရာဇဝတ်တရားရုံးအထိ တင်ပေးပါဆိုပြီးတော တောင်းဆိုတာလည်း ပါပါတယ်။ အဲဒါကရော တကယ်လက်တွေ့ဖြစ်လာဖို့ လွယ်ပါသလား။

ဖြေ ။ ။ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တောင်းဆိုတဲ့ တောင်းဆိုချက်တွေဟာ ဖြစ်လာဖို့ဟာ မလွယ်ကူပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီလို ဖြစ်လာဖို့ အဆင့်တွေ အများကြီးရှိတယ်။ အရင်ဆုံး သူတို့ အစည်းအဝေးတွေ လုပ်ရမယ်။ အစည်းအဝေးလုပ်ပြီးတော့ ဆုံးဖြတ်ချက်တွေ ရေးရမယ်။ ဆုံးဖြတ်ချက်တွေ အကုန်လုံး သဘောတူမှ ဒါမျိုးတွေ ဖြစ်လာမှာ ဖြစ်ပါတယ်။ အခုန ICC ကို Refer လုပ်တယ်။ ICC ကို မြန်မာပြည်ရဲ့ အခြေအနေကို ပို့တယ်ဆိုတဲ့ဟာကလဲ။ မလွယ်ကူပါဘူး။ သို့ပေမဲ့ ဖြစ်လာနိုင်တဲ့ အနေအထားက ရှိပါတယ်။ မလွယ်ကူပေမယ့် ဖြစ်လာဖို့ လိုအပ်ပါတယ်။ ဖြစ်လာနိုင်တဲ့ အနေအထားတွေလည်း ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ စောစောက ပြောခဲ့သလိုမျိုး စစ်တပ်ကနေ အပြစ်မဲ့တဲ့ ပြည်သူတွေအပေါ်မှာ၊ လူနည်းစုတွေအပေါ်၊ လူမျိုးစုတွေအပေါ်မှာ ကျူးလွန်ထားတဲ့ ပြစ်မှုတွေဟာ နိုင်ငံတကာရာဇဝတ်မှုတွေ ဖြစ်ပါတယ်။ အခုဆက်လက်ပြီးတော့ ကျူးလွန်နေတဲ့ ပြစ်မှုတွေဟာလည်း နိုင်ငံတကာရာဇဝတ်မှု ဖြစ်ပါတယ်။ အခုဆိုလို့ရှိရင် လူ့အခွင့်အရေး အဖွဲ့အစည်းတွေနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကိုယ်စားလှယ်ကအစ ဒီမှာလက်ရှိဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုတွေဟာဆိုရင် ဒါက လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့အမှုတွေ ဖြစ်တယ်လို့ ပြောနေကြပြီဖြစ်တယ်။ ဒါတွေကို နိုင်ငံတကာအနေနဲ့ စုံစမ်းစစ်ဆေးပြီးတော့ အရေးယူဖို့ လိုနေတယ်လို့ ပြောနေကြပြီ။ ဆိုတော့ ကျမတို့က ဒီလိုရာဇဝတ်မှုတွေ ဖြစ်လာပြီဆိုရင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ တာဝန်ယူပြီးတော့ ဖြေရှင်းပေးရတယ်။ အဆုံးသတ်ပေးရတယ်။ တာဝန်ယူမှု တာဝန်ခံမှုတွေကို ရှိအောင်လုပ်ပေးရတယ်။ ကျူးလွန်သူတွေအပေါ်မှာ။ ဒါက သူတို့ရဲ့ တာဝန်ဖြစ်တယ်။ အဲဒီတော့ သူတို့တာဝန်ကို သူတို့က အကောင်အထည်ဖော်ဖို့ နှောင့်နှေးနေတဲ့အတွက်ကြောင့်မို့ ကျမတို့က တိုက်တွန်းရတာ ဖြစ်တယ်။

နောက်တချက်က ဒီနေရာမှာ ကျမတို့ စဉ်းစားရမှာက ICC နိုင်ငံတကာရာဇဝတ်ခုံရုံးကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ မြန်မာပြည်အပေါ်မှာ စုံစမ်းစစ်ဆေးမှုကို မြန်မာစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို စုံစမ်းစစ်ဆေးမှုတွေကို စတင်စစ်ဆေးနေပြီ ဖြစ်တယ်။ ရိုဟင်ဂျာတွေကို အတင်းအဓမ္မ တိုင်းပြည်ကနေ နှင်ထုတ်ခဲ့တဲ့ကိစ္စရပ်ကို လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုအနေနဲ့ ICC ကနေ သူ့အစီအမံနဲ့သူ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတာ ရှိပါတယ်။ အဲဒီအခါကြတော့ ကုလသမဂ္ဂအနေနဲ့ ကျမတို့ တောင်းဆိုချက်တွေနဲ့ ထည့်သွင်းစဉ်းစားပြီးတော့ လက်ရှိစုံစမ်းစစ်ဆေးနေတဲ့ Process ဖြစ်စဉ်မှာ ထည့်သွင်းပြီးတော့ မြန်မာပြည်အရေးကို Refer လုပ်တယ်ဆိုရင်တော့ ကျမတို့ ကျယ်ကျယ်ပြန့်ပြန့် စုံစမ်းစစ်ဆေးပြီးတော့ ကျူးလွန်တဲ့လူတွေကို အပြစ်ပေးအရေးယူလို့ ရမှာဖြစ်ပါတယ်။ ဆိုလိုချင်တာက လက်ရှိရှိနေပြီသား Process ရှိတယ်။ နောက်ပြီးတော့ ICJ မှာလည်း Genocide ကျူးလွန်ထားတဲ့ဆိုတဲ့ အမှုဖြစ်စဉ်ရှိတယ်။ ဒီတော့ အခြေခံအကြောင်းရင်းတွေ ရှိနေပြီသား ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ကျမတို့ ဒီဘက်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ICC ကို ပို့ဖို့အတွက် တွန်းအားပေးတယ်ဆိုလို့ရှိရင် ဖြစ်လာနိုင်စရာ အလားအလာရှိတယ်။ ဖြစ်လာနိုင်ချေရှိတယ်။ ကျူးလွန်မှုတွေကလည်း ရှိနေတယ်ဆိုတော့ ကျမတော့ အဲဒီလိုမျိုး မြင်ပါတယ်။ ဒါကြောင့် လိုလည်းလိုအပ်တယ်။ ဒါကြောင့်မို့ ကျမတို့က တောင်းဆိုရတာ ဖြစ်တယ်။

မေး ။ ။ တကယ်လို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ မဝေနုတို့ တောင်းဆိုထားတဲ့ တောင်းဆိုချက်တွေအတိုင်း လုပ်မပေးဘူးဆိုရင် ကုလသမဂ္ဂ ပဋိညာဉ်အရ အထွေထွေညီလာခံကန ဆုံးဖြတ်ပြီးတော့ လုပ်ပေးပါဆိုပြီးတော့ ပြောထားတာလည်း ပါပါတယ်ဆိုတော့ အဲဒါက ပြည်သူအများ မျှော်လင့်နေကြတဲ့ R2P ကိစ္စလို့ ထင်ပါတယ်။ အဲဒါ ဟုတ်ပါလားရှင့်။

ဖြေ ။ ။ အထွေထွေညီလာခံကနေ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို ကျမတို့ တိုက်တွန်းလို့ရတာ ရှိပါတယ်။ ကျမတို့ R2P လို့ ပြောတဲ့အခါမှာ မြန်မာပြည်မှာ အများနားလည်တာကတော့ ကုလသမဂ္ဂကနေ စစ်တပ်ကြီး နိုင်ငံတကာစစ်တပ်ကြီး ပို့ပြီးတော့ စစ်တိုက်ခိုင်းတယ်ဆိုတဲ့သဘောမျိုးကို နားလည်ထားတယ်လို့ ကျမ ယူဆပါတယ်။ ဆိုတော့ အမှန်တကယ်က Peace Keeping Force ပဲဖြစ်ဖြစ်၊ နိုင်ငံတကာစစ်တပ်စေလွှတ်ပြီးတော့ ငြိမ်းချမ်းရေးထိန်းသိမ်းတယ်ဆိုတာက R2P ရဲ့ နောက်ဆုံးအဆင့် ဖြစ်ပါတယ်။ ဒါကို ကျမတို့က သေသေချာချာ ကျေကျေလည်လည် ဆွေးနွေးပြီးမှ တောင်းဆိုရမယ့် ကိစ္စရပ် ဖြစ်ပါတယ်။ သို့ပေမဲ့ R2P မှာ အခြားသော Process တွေ အများကြီး ရှိပါတယ်။ အဲဒီမှာမှ သတိပေးစောင့်ကြည့်ရာက၊ အရေးယူတဲ့အဆင့်တွေ အများကြီး ရှိပါတယ်။ အဲဒီအရေးယူမှုတွေထဲမှာ အခုနပြောတဲ့ စီးပွားရေးပိတ်စို့အရေးယူတာတွေ။ နောက်တခါ လက်နက်ရောင်းဝယ်မှုတွေ ပိတ်ပင်တာတွေ။ နောက်တခါကြတော့ ICC ပို့တာတွေအထိ ဒါတွေက R2P Process တွေထဲမှာ ပါပါတယ်။ အရေးယူဆောင်ရွက်မှုတွေထဲမှာ ပါဝင်ပြီသား ဖြစ်ပါတယ်။ ဒါက Imply ဖြစ်တယ်။ အထူးတလည် မပြောဘဲနဲ့ ဒါတွေက ပါဝင်ပြီးသာကိစ္စရပ်တွေ ဖြစ်တယ်။ ဒါ့အပြင် အခုနလိုမျိုး ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ မြန်မာနိုင်ငံအတွက်ကို အခြေအနေတွေ လေ့လာစောင့်ကြည့်ပြီးတော့ ကြားဖြတ်ညှိနှိုင်းဆွေးနွေးပေးမယ့် ကိုယ်စားလှယ်အဖွဲ့ Body တခုကို လွှတ်ဖို့ဆိုတဲ့ဟာကလဲ R2P ရဲ့ Framework ထဲမှာ ပါဝင်တဲ့ကိစ္စရပ် ဖြစ်ပါတယ်။

ပြောမယ်ဆိုရင် ကျမတို့ တောင်းဆိုနေတာတွေဟာ Responsible to Framework အောက်ထဲမှာ ပါဝင်တဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ ကျမတို့ စစ်တိုက်ဖို့ ခေါ်နေတဲ့ဟာမျိုးတော့ ချက်ချင်းလက်ငင်း မဟုတ်သေးပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုကိစ္စရပ်က အခုနကပြောသလို သေသေချာချာ ဘက်ပေါင်းစုံနဲ့ ဆွေးနွေးပြီးတော့ သေချာအခြေအနေ အတိုင်းအတာတခုအထိ ရောက်တဲ့အခါမှာ ပြောဆိုဆွေးနွေးရမယ့် ကိစ္စရပ် ဖြစ်တယ်။

မေး ။ ။ ဆိုတော့ ကုလသမဂ္ဂက သူ့ရဲ့အဖွဲ့ဝင်နိုင်ငံတွေကို R2P နဲ့ အကာအကွယ်ပေးဖို့ဆိုရင် Condition တွေ ရှိတယ်ပေါ့။ အဲဒီအခြေအနေ လိုအပ်ချက်တွေက ဘာလဲဆိုတော့ အဲဒီနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဖြစ်နေသလား။ နောက် စစ်ရာဇဝတ်မှု ကျူးလွန်မှုတွေ ဖြစ်နေသလား။ မျိုးနွယ်စုတွေကို ရှင်းလင်းသုတ်သင်မှုတွေ ဖြစ်နေသလား။ ဒါမှမဟုတ် လူသားထုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်နေပြီလား။ အဲဒီလိုမျိုး အချက် (၄) ချက် ဖြစ်ပြီဆိုရင်တော့ သူတို့က R2P လုပ်ငန်းစဉ်ကို စပါတယ်ဆိုတော့ မြန်မာနိုင်ငံမှာ လက်ရှိ စစ်အာဏာသိမ်းထားသူတွေ လုပ်နေတဲ့ လုပ်ရပ်တွေက ဒါမျိုးကျူးလွန်တဲ့ အခြေအနေတွေကို ရောက်နေပြီဆိုပြီးတော့ ကုလသမဂ္ဂက တရားဝင်ပြောတာမျိုးတွေ ရှိပါပြီလားရှင့်။

ဖြေ ။ ။ ဟုတ်ပါတယ်။ Responsibility to Protect ဆိုတဲ့ Framework က ဆိုရင် အခုနပြောတဲ့ ဆိုးဝါးဆုံးသော နိုင်ငံတကာရာဇဝတ်မှုတွေကို ကျူးလွန်တယ်ဆိုလို့ရှိရင် ဒါကို အသုံးပြုလို့ရတာ ဖြစ်ပါတယ်။ ဆိုတော့ ကုလသမဂ္ဂ ပြောနေပြီလား၊ ရှိနေပြီလို့ ကျမတို့ဆီမှာ ရာဇဝတ်မှုတွေ ကျူးလွန်ပြီလားလို့ ပြောနေပြီလားဆိုတော့ သိပ်မကြာသေးခင်ကပဲ လွန်ခဲ့တဲ့ (၂) နှစ် (၃) နှစ် ကာလအတွင်းမှာ ကုလသမဂ္ဂရဲ့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ကနေ စနစ်တကျ အသေးစိတ်ပြုစုထားတဲ့ အစီရင်ခံစာ ထွက်ရှိခဲ့တာ ရှိပါတယ်။ အဲဒီအစီရင်ခံစာထဲမှာဆိုရင် မြန်မာစစ်တပ်ကနေ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်။ တခြားလူနည်းစု တိုင်းရင်းသားတွေကို စစ်ရာဇဝတ်မှုတွေသော်လည်းကောင်း ဒါမှမဟုတ် လူသားမျိုးနွယ်စုတွေ ကျူးလွန်တဲ့ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကိုသော်လည်းကောင်း ကျူးလွန်ခဲ့ပါတယ်ဆိုပြီးတော့ အသေးစိတ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီအစီရင်ခံစာ ထွက်ရှိခဲ့ပြီး (၂) နှစ်ကာလမှာ အခု စစ်အာဏာသိမ်းမှု ဖြစ်ပြီးတော့ နောက်ထပ်ကျူးလွန်မှုတွေ ထပ်ထပ်ပြီးတော့ ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ စစ်တပ်ကနေ အရပ်သားပြည်သူတွေရဲ့ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေနဲ့ နောက်ပြီးတော့ CDM မှာ ပါဝင်နေတဲ့ လူတွေကို နှိမ်နင်းတာတွေ။ အထူးသဖြင့် သတ်ဖြတ်မှုတွေ၊ မတရားဖမ်းဆီးချုပ်နှောင်မှုတွေ၊ ညှဉ်းပမ်းနှိပ်စက်မှုတွေ ဒါတွေဟာ စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေပြီ။ ဒါကြောင့်မို့ ဒီလိုစနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်တယ်ဆိုလို့ရှိရင် ဒါဟာ လူသားမျိုးနွယ်စုအပေါ်မှာ ကျူးလွန်တဲ့ ရာဇဝတ်မှုလို့ သတ်မှတ်လို့ ရပါတယ်။ ဒါကြောင့်မို့လို့လဲ လူ့အခွင့်အရေး စောင့်ကြည်တဲ့အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဥပဒေရေးရာအဖွဲ့တွေနဲ့ အဖွဲ့တွေအပါအဝင် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကပါ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အနေအထားဟာ လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ ဖြစ်တယ်ဆိုပြီးတော့ စတင်ပြောဆိုနေတာတွေကို တွေ့ရပါတယ်။

မစုမြတ်မွန် ။ ။ အခုလိုမျိုး အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

မဝေဝေနု ။ ။ ဟုတ်ကဲ့ပါ။ ကျေးဇူးတင်ပါတယ် အမ။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG