သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္းမႈေၾကာင့္ စိတ္ပိုင္းမထိခိုက္ေအာင္


ၿဗိတိန္ႏိုင္ငံက စိတ္ေရာဂါ အထူးကဆရာဝန္ႀကီး ေဒါက္တာေမာင္ဥကၠာ
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ေနတဲ့ အေျခအေနေတြေၾကာင့္ စိတ္က်န္းမာေရး မထိခိုက္ေအာင္ တေယာက္နဲ႔တေယာက္ အားေပးေနဖို႔နဲ႔ အေရးႀကီးတယ္လို႔ ၿဗိတိန္ႏိုင္ငံက စိတ္ေရာဂါ အထူးကဆရာဝန္ႀကီး ေဒါက္တာေမာင္ဥကၠာက အႀကံေပးပါတယ္။ စိတ္ပူပန္တဲ့ေရာဂါ၊ စိတ္ဖိစည္းတဲ့ေရာဂါေတြ မျဖစ္ေအာင္ ဘယ္လိုကာကြယ္ႏိုင္မလဲဆိုတာကို မစုျမတ္မြန္က အထူးကုဆရာဝန္ႀကီး ေဒါက္တာေမာင္ဥကၠာကို ေမးျမန္းထားပါတယ္။

ေမး ။ ။ မဂၤလာပါ ေဒါက္တာေမာင္ဥကၠာ။ အခု ျမန္မာျပည္မွာ အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းမွာ လူေတြက ေတာ္ေတာ္ေလး စိတ္ထဲမွာ မေက်နပ္မႈေတြ မခံမရပ္ျဖစ္တာေတြ ေတာ္ေတာ္ေလး ခံစားရတယ္ဆိုတာ ျမန္မာနုိင္ငံအႏံွမွာ ျဖစ္ေနတဲ့ ဆႏၵျပပြဲေတြကို ၾကည့္လိုက္ရင္ သိႏုိင္ပါတယ္။ အဲဒီစိတ္ခံစားမႈေတြက ဘယ္လိုအေျခအေနမ်ဳိးမွာ ေရာက္တဲ့အခါမ်ဳိးမွာ ကိုယ့္ရဲ ႔က်န္းမာေရးကို ထိခိုက္တယ္လို႔ ဆရာတို႔လို စိတ္ပညာရွင္ေတြအေနနဲ႔ သတ္မွတ္ပါလဲ။ အဲဒါကို အရင္ဆံုးေျဖေပးပါ။

ေျဖ ။ ။ မဂၤလာပါ မစုျမတ္မြန္။ ေက်းဇူးပါ။ ဒီေမးခြန္းကို မေျဖခင္ က်ေနာ္ အေနာက္ကေလးကို နည္းနည္းေလး ျပန္ၿပီးေတာ့ သြားလိုက္ခ်င္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီဟာက တႏုိင္ငံလံုးနဲ႔ ႏိုင္ငံတဝွမ္း ျပည္လံုးကၽြတ္အေထြေထြသပိတ္နဲ႔ ေခတ္ေျပာင္းေတာ္လွန္ေရး လုပ္ေနတယ္ဆိုရင္လဲ မမွားပါဘူး။ ဒီ စိတ္က်န္းမာေရးကို ထိခိုက္လားဆိုေတာ့ က်ေနာ္လည္း စိတ္ေရာဂါဆရာဝန္ျဖစ္တဲ့အတြက္ ေလ့လာၾကည့္လိုက္တဲ့အခါ ကမာၻေပၚမွာ ႏုိင္ငံေတာ္ေတာ္မ်ားမ်ားနဲ႔ ႏုိင္ငံေပါင္း (၂၅၀) ေလာက္က ဒီလိုမ်ဳိး Protest, Demonstration, Revolution, Campaign တစ္ခုမဟုတ္ တစ္ခု အၿမဲတမ္း လုပ္ၾကတယ္။ ကမာၻ႔လူဦးေရ ၉၉% ကလည္း ဒီလိုမ်ဳိးေတြ လုပ္ဖူးတယ္ဆိုတဲ့ အေတြ႔အႀကံဳ ရိွတယ္ဆိုတာကို မွတ္တမ္းေတြ ရိွတယ္။

ဒီလိုလုပ္တဲ့လူေတြရဲ ႔ စိတ္ေရာဂါအေျခအေနေပၚမွာ Impact ဘယ္လိုမ်ဳိး ရိွသလဲဆိုတဲ့ဟာကို ေလ့လာထားတဲ့ဟာက ေတာ္ေတာ္ေလးနည္းတယ္။ အားနည္းတာကို ေတြ႔ရတယ္။ နည္းေပမယ့္ တခ်ဳိ ႔စာတမ္းေတြမွာ အဓိကေတာ့ စိတ္က်န္းမာေရးကို ထိခိုက္ႏိုင္တယ္။ ေမးတဲ့ ေမးခြန္းကို ေရာက္လာတယ္။ ဘာကိုထိခိုက္ႏုိင္သလသဲဆိုေတာ့ (၁) စိတ္က်ေရာဂါ - depression (၂) စိတ္ပူပန္တတ္တဲ့ေရာဂါ - anxiety (၃) ဒဏ္ရာေဟာင္းကို ျပန္ၿပီးေတာ့ သတိရတတ္ၿပီး ျဖစ္တတ္တဲ့ စိတ္ဖိစီးမႈေရာဂါ - Post-traumatic stress disorder (PTSD). အဲဒါမ်ဳိးေတြ ခံစားၾကရတာကို ေလ့လာေတြ႔ရိွရတယ္။

အဲဒီေတာ့ စိတ္က်ေရာဂါ၊ စိတ္ပူပန္တဲ့ေရာဂါ၊ PTSD တို႔ ဒါေတြက အခုျဖစ္လာဆုိေတာ့ အခု မျဖစ္ပါဘူး။ အခုလူေတြ ႀကံဳေတြ႔ေနရတဲ့ အခုအခ်ိန္မွာ ျမန္မာျပည္သူလူထု ႀကံဳေတြ႔ေနရတဲ့ဟာက စိတ္ဖိစီးမႈကေတာ့ တကယ့္ကို ႀကံဳေတြ႔ေနရတယ္။ ေနာက္ emotional roller-coaster စိတ္ကအနိမ့္အျမင့္ေတြ အမ်ားႀကီးျဖစ္တယ္။ ဝမ္းသာတာေတြ ျဖစ္တယ္။ ဝမ္းနည္းတာေတြ ျဖစ္တယ္။ ေဒါသထြက္တာေတြ ျဖစ္တယ္။ ယူက်ဳံးမရတာေတြ ျဖစ္တယ္။ ခံျပင္းတာေတြ ျဖစ္တယ္။ ၿပီးေတာ့ မေက်နပ္တာေတြ ျဖစ္တယ္။ ဒီဟာေတြက တေန႔တည္းမွာပဲ ရရိွတဲ့ သတင္းအခ်က္အလက္ေပၚမွာ မူတည္ၿပီးေတာ့ ျပည္သူလူထုရဲ ႔ စိတ္ခံစားမႈေတြက ေျပာင္းလဲေနတယ္။ အဲဒီေတာ့ ဒါကို စိတ္ေရာဂါလို႔ ေျပာမလားဆိုေတာ့ က်ေနာ္တို႔က မေျပာပါဘူး။ ဒါက ပံုမွန္ျဖစ္တဲ့၊ Normal Stress Reaction ပံုမွန္ပတ္ဝန္းက်င္မွာ ႀကံဳေတြ႔ေနရတဲ့ အခက္အခဲေတြေၾကာင့္ ျဖစ္လာတဲ့ စိတ္ရဲ ႔ ပံုမွန္တံု႔ျပန္မႈပါ။ ဒါက စိတ္ေရာဂါ မဟုတ္ပါဘူး။
ေမး ။ ။ ဒါေပမဲ့ အဲဒါက က်န္းမာေရးကို ဘယ္လို အေျခအေနမ်ဳိးမွာ ေရာက္တဲ့အခါမွာ ကိုယ့္ရဲ ႔က်န္းမာေရး - ကိုယ္က်န္းမာေရး၊ စိတ္က်န္းမာေရးကို ထိခိုက္တယ္လို႔ ဆရာတို႔ ေျပာလို႔ရပါသလဲရွင့္။

ေျဖ ။ ။ လူေတြက စိတ္ဓါတ္က်သြားမယ္။ ဘာမွ လုပ္ခ်င္ကိုင္ခ်င္စိတ္ မရိွေတာ့ဘူး။ အရႈံးေပးလိုက္မယ္ဆိုရင္ေတာ့ စိတ္က်န္းမာေရးကို ထိခိုက္ဖို႔ အခ်က္က ပိုၿပီးေတာ့ မ်ားသြားမယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ တတိုင္းျပည္လံုးနဲ႔အဝွမ္း အခုလိုမ်ဳိး ဆႏၵျပပြဲ၊ ဆႏၵထုတ္ေဖာ္ပြဲေတြ ၿငိမ္းခ်မ္းစြာ လုပ္ေနတဲ့အခ်ိန္မွာ တဘက္က မတရားဖိႏိွပ္လို႔ အရႈံးေပးလိုက္ၿပီးေတာ့ ငါတုိ႔ေတာ့ သြားပါၿပီဆိုၿပီးေတာ့ စိတ္ေလွ်ာ့လိုက္လို႔ရိွရင္ အဲဒီအခ်ိန္မွာ ျဖစ္မယ့္ စိတ္ေရာဂါေတြကေတာ့ ပိုၿပီးေတာ့ အခုန က်ေနာ္ေျပာတဲ့ စိတ္က်ေရာဂါ၊ စိတ္ပူပန္တတ္တဲ့ေရာဂါေတြ ျဖစ္လာႏိုင္တယ္။ ဒါေပမဲ့ အဲဒါေတြကို ကာကြယ္ဖို႔ဆိုရင္ေတာ့ စိတ္ဓါတ္မက်ဖို႔ ပိုအေရးႀကီးတယ္။ အဲဒီအတြက္ဆိုရင္ေတာ့ က်ေနာ္က အခ်က္ (၃) ခ်က္ ေျပာခ်င္တယ္။ အခုန က်ေနာ္ေလ့လာၾကည့္တဲ့ စာတမ္းေတြမွာ သူက Mental Health ကို Impact မျဖစ္ေအာင္ စိတ္ေရာဂါျဖစ္တဲ့ အခုနေျပာတဲ့ ေရာဂါမ်ဳိးေတြ မျဖစ္ေအာင္ အေကာင္းဆံုး ကုထံုးက United ျဖစ္ရမယ္။ Connected ျဖစ္ရမယ္။ အားလံုးစည္းစည္းလံုးလံုးနဲ႔ Cause တစ္ခုကို တုိက္တဲ့အခ်ိန္မွာ ဘယ္ေတာ့မွ စိတ္ေရာဂါ ျဖစ္တဲ့၊ စိတ္ေဝဒနာနဲ႔ဆိုင္တဲ့ ေရာဂါေတြ မရႏိုင္ပါဘူး။ အဲဒီေတာ့ အဓိက ကုထံုးက ဆက္လက္ၿပီးေတာ့ စည္းလံုးရမယ္။ စည္းလံုးတဲ့အျပင္ ေနာက္တစ္ခု စာတမ္းမွာ ေတြ႔ထားတာက Connected ျဖစ္ရမယ္။ အားလံုးသည္ တစ္ေယာက္နဲ႔တစ္ေယာက္ အၿမဲတမ္း ဆက္သြယ္ၿပီးေတာ့ အားေပးေနရမယ္။ အဲဒီေတာ့ က်ေနာ့္ရဲ ႔ သံုးသပ္ခ်က္အရဆုိရင္ လက္ရိွဆိုရင္ ျမန္မာျပည္မွာ Gen Z ေတြရိွတယ္။ လမ္းေပၚထြက္ၿပီး ဆႏၵျပေနတဲ့ ရဲေဘာ္ေတြ ရိွတယ္။ ေနာက္ၿပီးေတာ့ CDM လုပ္ေနတဲ့ ရဲေဘာ္ေတြ ရိွတယ္။ ေနာက္ ျပည္သူလူထုေတြ ရိွတယ္။ သူတုိ႔ေတြအားလံုးက (၁) United ျဖစ္ေနရင္ စိတ္ေရာဂါကို ကာကြယ္ႏိုင္တယ္။ (၂) တစ္ေယာက္နဲ႔တစ္ေယာက္ အခ်င္းခ်င္း Connected လုပ္ၿပီးေတာ့ အားေပးေနရမယ္။ သူတို႔ေတြ Network အမ်ုိးမ်ဳိး ရိွပါတယ္။ သူတုိ႔ဟာသူတို႔ လုပ္ေနတာေတြ။ အဲဒါမ်ဳိးေလးေတြနဲ႔ဆိုရင္ သူတုိ႔ ဒါကိုလဲ ကာကြယ္ႏုိင္တယ္။

ေနာက္ၿပီးေတာ့ Motivated ျဖစ္ရမယ္။ ဘာလဲဆိုေတာ့ ပန္းတိုင္တစ္ခုကို သြားတဲ့အခါမွာ ငါတုိ႔ ေအာင္ျမင္ရင္ ဘာေတြလုပ္မယ္ဆိုတဲ့ စိတ္ကေလးနဲ႔ ကိုယ္က ငယ္ငယ္တုန္းက က်ဳိက္ထီးရိုး တက္သလိုေပါ့။ တစ္ေကြ႔ေရာက္ရင္ ေရာက္ေတာ့မယ္၊ ေနာက္တစ္ေကြ႔ေရာက္ရင္ ေရာက္ေတာ့မယ္ - ေရာက္ခ်င္မွာေတာ့ ေရာက္အံုးမယ္၊ ဒါေပမဲ့ အဲဒီလိုမ်ဳိး အားေပးရင္နဲ႔ ေနာက္ဆံုးေတာ့ က်ဳိက္ထီးရိုးဘုရားႀကီးလည္း ဖူးလိုက္ရေအာင္ဆိုၿပီး က်န္တဲ့ Stress ေတြ ပင္းပန္တာေတြ ေပ်ာက္သြားတယ္။ အဲဒီလိုမ်ဳိး စိတ္ကေလးနဲ႔ တစ္ေယာက္နဲ႔တစ္ေယာက္ Motivate ျဖစ္ေအာင္၊ အားေပးေနရမယ္။ ငါတုိ႔ေတြ ေအာင္သြားရင္ ဘာေတြလုပ္ၾကမလဲ။ က်န္းမာေရးအတြက္ ဘာလုပ္မလဲ။ လူမႈေရးအတြက္ ဘာလုပ္မလဲ၊ ပညာေရးအတြက္ ဘာလုပ္မလဲ။ အမ်ဳိးသားအားလံုးအတြက္ ဘာလုပ္မလဲ။ ဒီဟာမ်ဳိးေတြ စဥ္းစားုထားရင္ ဒါက Motivated ျဖစ္မယ္။ အဲဒီလို Motivated ျဖစ္ေနရင္ ဆက္ၿပီးေတာ့ လမ္းဆက္ေလွ်ာက္ႏိုင္မယ္။ ျပည္သူလူထုတရပ္လံုး အတြက္ကို ေျပာတာပါ။ ျပည္သူလူထုက ဒီလိုသာ လုပ္လို႔ရိွရင္ အခုနေျပာတဲ့ စိတ္ေရာဂါနဲ႔ ပတ္သက္တဲ့ စိတ္သက္တဲ့ဟာေတြလည္း မျဖစ္လာႏုိင္ေတာ့ပါဘူး။ ဒါကိုလဲ ကာကြယ္ၿပီသား ျဖစ္သြားမွာပါ။

ေမး ။ ။ အခု ျမန္မာႏိုင္ငံမွာ ႏုိင္ငံတဝွမ္းမွာ ဆႏၵျပေနၾကတာကို ၾကည့္လို႔ရိွရင္ မ်ားေသာအားျဖင့္က လူငယ္ေတြပါ။ ေျပာမယ္ဆိုရင္ေတာ့ အသက္ (၂၀) ဝန္းက်င္ လူငယ္ေတြလို႔ အမ်ားစုေတာင္ ေျပာလို႔ရပါတယ္။ ဆုိေတာ့ အဲဒီလူငယ္ေတြက ေန႔တုိင္း လမ္းမေပၚထြက္ၿပီးေတာ့ ဆႏၵျပေနတယ္။ ၿပီးေတာ့ သူတုိ႔မ်က္စိေရွ ႔မွာပဲ အခုဆိုရင္ အင္အားသံုးၿပီးေတာ့ ၿဖိဳခြဲခံရတာေတြ ေတြ႔ေနရတယ္ဆိုေတာ့ အဲဒီလို လူငယ္ေတြရဲ ႔ စိတ္ထဲမွာ ဒီလိုမ်ဳိး ျမင္ေနေတြ႔ေနရတဲ့ အတြက္ေၾကာင့္မို႔ သူတို႔အေနနဲ႔ သူတုိ႔စိတ္ထဲမွာ ဘယ္လိုမ်ဳိး စိတ္ဒဏ္ရာေတြ ျဖစ္သြားႏိုင္တယ္လို႔ ဆရာေျပာလို႔ရလဲ။

ေျဖ ။ ။ အဲဒါလဲ အလြန္ေကာင္းတဲံ ေမးခြန္းပါ။ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီ riot ကို ႏိွမ္းနင္းတယ္၊ revolution ေတြကို ႏိွမ္းနင္းတယ္ဆိုတာ အရင္တုန္းကလဲ ေတြ႔မွာပါ။ ထိုင္ဝမ္၊ ေဟာင္ေကာင္နဲ႔ တျခားႏိုင္ငံေတြမွာလဲ ဒီလိုမ်ဳိး ႏိွမ္နင္းခဲ့တာေတြ က်ေနာ္တို႔အားလံုး ေတြ႔ဖူးၾကပါတယ္။ ဒီမွာဆိုလဲ က်ေနာ္တို႔ကို ျပည္သူလူထုထဲကို Fear Factor ေၾကာက္စိတ္ဝင္သြားေအာင္လို႔ လုပ္ေဆာင္ေနတဲ့ အခ်က္ေတြ အမ်ားႀကီးရိွတယ္။ ေၾကာက္စိတ္ဝင္သြားေအာင္လို႔ ေသနတ္ေတြေဖာက္တယ္။ ေခါင္းတည့္တည့္ကို ပစ္တယ္။ ဘာမွျပန္လည္မခုခံတဲ့ လူငယ္ေလးေတြကို မတရားုရိုက္ႏွက္တယ္။ အိမ္ေတြကို မတရားဝင္ဖ်က္တယ္။ မင္းမဲ့စရိုက္ေတြ လုပ္ေနတဲ့ဟာေတြက လူေတြကို ေၾကာက္စိတ္ဝင္ေအာင္ လုပ္ေနတာ။ အဲဒီေတာ့ သူတုိ႔ေတြက က်ေနာ္ေျပာသလိုမ်ဳိးပဲ အခုန (၃) ခ်က္ကိုပဲ ျပန္သြားမယ္။ United, Connected, Motivated ျဖစ္ေနရင္ ဒီဟာေတြကို ေက်ာ္ျဖတ္ႏိုင္တယ္။

အခုနေျပာတဲ့ လူငယ္ေတြက က်ေနာ္တို႔ထက္ သာတဲ့အခ်က္ေတြ အမ်ားႀကီးရိွတယ္။ Creative ပိုင္းေလးေတြ အရမ္းေတာ္တယ္။ ခ်ီိးက်ဴးတယ္၊ ေလးစားတယ္။ သူတုိ႔ေတြက အဲဒါမ်ုိးေလးေတြနဲ႔ creative start လုပ္ပါ။ ဆက္ၿပီးေတာ့ ကိုမင္းကိုႏုိင္ ေျပာသြားသလိုမ်ဳိး လူတုိင္းက ရထားေခါင္းတြဲဆိုေတာ့ ဒါက psychologically သူတို႔ကို အားေပးေနတာပဲ။ အဲဒီစကားမ်ဳိးေလးေတြနဲ႔ သူတုိ႔ဆက္ၿပီးေတာ့ လုပ္သြားခဲ့ရင္ အခုနေျပာတဲ့ အနိ႒ာရံုေတြ၊ ေၾကာက္စိတ္ေတြကို ေျဖရွင္းႏိုင္မွာပါ။ ဒါေပမဲ့ စိတ္ထဲမွာ တစ္ခုခု တင္းၾကပ္ေနတယ္။ ငိုခ်င္စိတ္ေတြ ေပၚလာမယ္။ ညဘက္အိပ္မရဘူး။ မနက္ျဖန္က်ရင္ ဘယ္လိုျဖစ္မွာလဲ။ ဘယ္တေယာက္က က်ဳိးမလဲ၊ ဘယ္တေယာက္ကို ရိုက္မလဲ။ ဒီလိုမ်ဳိး စိတ္ေလးေတြ ေပၚလာရင္ အခ်င္းခ်င္း စကားေျပာပါ။ အခ်င္းခ်င္းအားေပးစကားေျပာပါ။ ဒါက လမ္းေပၚထြက္ၿပီး ဆႏၵျပတဲ့ လူငယ္ေတြ။

ေနာက္ CDM လုပ္ေနတဲ့ လူေတြမွာလဲ သူတုိ႔လည္း စိတ္ဖိစီးမႈ ရိွတယ္လို႔ က်ေနာ္ထင္တယ္။ သူတို႔မွာၾကေတာ့ ငါတုိ႔ကို ဘယ္ေတာ့ လာဖမ္းမလဲ။ ဘယ္ေန႔ဘယ္အမိန္႔ ထုတ္မလဲ။ ဘယ္ေတာ့ လခမေပးဘူးလဲ။ စားဝတ္ေနေရးက ဘယ္လိုလဲ။ ဒါမ်ဳိးေတြ သူတုိ႔မွာလဲ ဒီလိုစိတ္ဖိစီးမႈေတြ ရိွၾကတယ္။ ရိွရင္ အခ်င္းခ်င္း Connect လုပ္ၿပီးေတာ့ အားေပးပါ။ စကားေျပာပါ။ အခုန က်ေနာ္ေျပာတဲ့ က်ဳိက္ထီးရိုး နမူနာ - ေနာက္တစ္ေကြ႔ေရာက္ရင္ ေရာက္ေတာ့မယ္ဆိုတဲ့ဟာေလးက အဲဒါေလးမ်ဳိးနဲ႔ အားေပးပါ။။ က်ေနာ္တို႔အားလံုးမွာ ေလာေလာဆယ္ေတာ့ အေျဖဘယ္ေတာ့ ရမလဲဆိုတာကို ဘယ္သူမွ မသိပါဘူး။ ဒါေပမဲ့လဲ ဒီလိုမ်ဳိး အားေပးေနရင္နဲ႔ အားတတ္ေနရင္ Motivated ျဖစ္ေနရင္ ငါတို႔ ေအာင္သြားရင္ ဘာလုပ္မယ္ဆိိုတဲ့ ေအာင္စိတ္ေလးနဲ႔ သူတုိ႔ ရွာေဖြၿပီးေတာ့ ဖတ္မယ္၊ ျပဳမယ္ဆိုရင္ ဒီအေၾကာင္းေတြ ေခါင္းထဲမွာ တခ်ိန္လံုး ေရာက္မေနေတာ့ဘူး။ ေနာင္ ငါတုိ႔ရရင္ ဘာလုပ္မယ္ဆိုတဲ့ဟာ အေတြးက ေခါင္းထဲမွာ ဝင္ေနရင္ အဲဒီအေတြးေလးနဲ႔ အဲဒီမွာ occupy ျဖစ္ေနရင္ စိတ္ကိုေျပာင္းလဲသြားတယ္။ ျဖစ္ပ်က္ေနတဲ့ အနိ႒ာရံုေတြကိုပဲ အၿမဲတမ္း ေတြးမေနဘဲနဲ႔ ငါတုိ႔ၿပီးသြားရင္ ဘာလုပ္မယ္ဆိုတဲ့ဟာနဲ႔ နည္းနည္းေလး switch လုပ္ရမယ္။ အဲဒါမ်ဳိးလုပ္ရင္ သူတို႔က ပိုၿပီးေတာ့ resilient စိတ္ခြန္အား ပိုၿပီးေတာ့ ေကာင္းလာမယ္။ စိတ္က်န္းမာေရးက ပိုၿပီးအားျပည့္လာမယ္။ အဲဒါ အေရးႀကီးပါတယ္။

ေမး ။ ။ အခုျမန္မာႏိုင္ငံမွာ ျဖစ္ေနတဲ့ အေျခအေနေတြကို ျပည္တြင္းမွာတင္ မဟုတ္ဘူး။ ႏုိင္ငံတကာမွာ ရိွေနၾကတဲ့ ျမန္မာေတြကလည္း တခ်ိန္လံုး ေစာင့္ၾကည့္ၿပီးေတာ့ စိတ္ပူပန္ၾကတယ္။ စိတ္ေသာက ေရာက္ၾကတယ္။ အဲဒီလိုမ်ဳိး စိုုးရိမ္မႈေတြ၊ စိတ္ဖိစီးမႈေတြကို ေျပေပ်ာက္သြားေအာင္၊ ေလ်ာ့က်သြားေအာင္ ဆရာအေနနဲ႔ ဘယ္လိုမ်ဳိး အႀကံျပဳခ်င္ပါလဲရွင့္။

ေျဖ ။ ။ အဲဒါက another good question ပါ။ အဲဒါက ဗမာျပည္တြင္းေကာ ျပည္ပပါ ျပည္တြင္းမွာလည္း လူတိုင္းက အၿမဲတမ္း အျပင္မထြက္ႏိုင္တဲ့ လူေတြရိွတယ္။ အထူးသျဖင့္ လူႀကီးေတြ။ သက္ႀကီးရြယ္အိုေတြ wheel chair နဲ႔ ထြက္ခ်င္တဲ့ လူႀကီးေတြေတာင္ က်ေနာ္ၾကားပါတယ္။ ဒါေပမဲ့ သူတို႔ေတြကပဲ အၿမဲျပန္နားစြင့္ေနတယ္။ ျပည္ပက လူေတြလည္း အတူတူပဲ။ အၿမဲမျပတ္ ၾကည့္ေနတယ္။ ၾကည့္ေနေတာ့ ဘာနဲ႔သြားတူသလဲဆိုေတာ့ အခုဟာက နည္းနည္းေလး Limitation ထားရမယ္။ တခ်ဳိ ႔ untrusted source ေတြ၊ တခ်ဳိ ႔ေျပာၾကတဲ့ Psywar လာတဲ့ဟာေတြ၊ အဲဒါမ်ဳိးေတြက ကိုယ့္ကိုယ္ စိတ္ေျခာက္ျခားေအာင္၊ စိတ္ဓါတ္ပ်က္ျပားေအာင္ ဟိုဘက္က လုပ္ေနတာ။ လုပ္ေနတဲ့ဟာေတြကို မၾကည့္နဲ႔။ အခုနေျပာတဲ့ Fear Factor ဝင္တဲ့ဟာေတြကို ျဖစ္သြားရင္ လူေတြက မလိုလားအပ္တဲ့ စိုးရိမ္ပူပန္မႈေတြ၊ စိတ္ဖိစီးမႈေတြ ပိုမ်ားလာမယ္။ အဲဒါက နံပတ္တစ္။ နံပတ္ႏွစ္ကေတာ့ ျပည္ပမွာဆိုရင္ ျမန္မာႏိုင္ငံရဲ ႔ အခ်ိန္နဲ႔ ျပည္ပအခ်ိန္က Time Differences က အဲဒါက အဓိကလို႔ က်ေနာ္ထင္တယ္။ အထူးသျဖင့္ အေနာက္ႏိုင္ငံေတြမွာ ညဆိုရင္ ဗမာျပည္မွာက မနက္။ အကုန္လံုးက သိခ်င္ေတာ့ ညမအိပ္ဘဲ ၾကည့္ၾကတယ္။ အားေပးၾကတာ ျပည္သူလူထုကို ျပင္ပကေန။ အားေပးၾကေတာ့ ေန႔နဲ႔ညေတြ အကုန္မွားကုန္တယ္။ အဲဒါက တစ္ခ်က္။

ေနာက္ အစားအေသာက္ ပ်က္ေနၾကတယ္။ က်ေနာ္တို႔ကိုယ္တိုင္လည္း ခံစားေနရတယ္။ စားသာစားေနရတယ္ အရသာက မရိွဘူး။ မေပ်ာ္တဲ့စိတ္နဲ႔ တာဝန္အရသာ ခႏၶာကိုယ္ႀကီးကို လုပ္ေပးေနရတာ ျဖစ္ေနေတာ့ ဒါေပမဲ့ အဲဒီစိတ္နဲ႔ လုပ္ေနရတာ တာဝန္တစ္ခုအေနနဲ႔ လုပ္ပါ။ အဲဒီလိုမလုပ္ဘူးဆိုရင္ ကိုယ္ေထာင္စိတ္ေၾက ျဖစ္သြားလိမ့္မယ္။ အဲဒီေတာ့ အခ်ိန္မွန္မွန္အိပ္ဖို႔ ႀကိဳးစားပါ။ တတ္ႏိုင္သေလာက္ မျဖစ္ႏုိင္မွန္းသိပါတယ္။ ႀကိဳးစားပါ။ ၿပီးေတာ့ အစားအေသာက္ကိုလည္း အခ်ိန္မွန္မွန္ေလး စားပါ။ ၿပီးေတာ့ Connected လုပ္ၿပီးေတာ့ မယံုရတဲ့ source ေတြ၊ Psywar လုပ္ေနတဲ့ ပို႔စ္ေတြကို မဖတ္ပါနဲ႔။ မလုပ္ပါနဲ႔။ ဒါဆိုလုိ႔ရိွရင္ေတာ့ ပိုၿပီးေတာ့ စိတ္က်န္းမာေရးကို ပိုၿပီးေတာ့ ႀကံ့ခိုင္ေအာင္ လုပ္ႏုိင္ပါလိမ့္မယ္။

ေမး ။ ။ အခုလက္ရိွမွာ ဆရာလည္း ေစာေစာက ေျပာပါတယ္။ စိုးရိမ္စိတ္ေတြ၊ ေသာကေရာက္မႈေတြက အခုအေျခအေနမွာေတာ့ စိတ္ေရာဂါျဖစ္တဲ့အဆင့္ကို မေရာက္ေသးဘူး။ ဒါေပမဲ့ ဒီအဆင့္ ဒီအေျခအေနေတြက ပိုၿပီးေတာ့ ၾကာရွည္သြားမယ္။ ကိုယ့္ရဲ ႔စိတ္ပိုင္းဆိုင္ရာကိုလည္း ထိခိုက္လာၿပီဆိုရင္ ကၽြမ္းက်င္သူေတြနဲ႔ တုိင္ပင္ေဆြးေႏြးဖို႔ လိုအပ္တဲ့ ကုသမႈ ယူဖို႔အတြက္က ဘယ္ေလာက္အထိ အေရးႀကီးလဲ။ ဒါကို ဘယ္ေလာက္အထိ ဂရုစိုက္လုပ္သင့္သလဲဆိုတာကို ဆရာအေနနဲ႔ ေျပာခ်င္ပါလဲရွင့္။

ေျဖ ။ ။ အဲဒါကေတာ့ အေရးႀကီးတယ္။ အဓိကျဖစ္မွာေတာ့ စိတ္က်ေရာဂါနဲ႔ စိတ္ပူပန္မႈေရာဂါ။ တခ်ိန္လံုး ပူပန္ေနၿပီးေတာ့ တစ္ခုခု မလုပ္ႏုိင္ မကိုင္ႏုိင္တာေတြ ျဖစ္မယ္။ ဘာမွ အဓိက concentration ဘယ္အရာကိုမွ အာရံုစူးစိုက္လို႔ မရဘူး။ ဘာလုပ္လုပ္ မေပ်ာ္ဘူး။ ေပ်ာ္တဲ့စိတ္လည္း မရိွေတာ့ဘူး။ ဘာမွလဲ လုပ္ခ်င္ကိုင္ခ်င္စိတ္လည္း မရိွေတာ့ဘူး။ စားခ်င္စိတ္လည္း မရိွ၊ အိပ္ခ်င္စိတ္လည္း မရိွ။ အိပ္လည္းမေပ်ာ္ေတာ့ဘူး ဆိုရင္ေတာ့ ဒါက စိတ္က်န္းမားေရးအတြက္ တိုင္ပင္သင့္ၿပီ။ ကၽြမ္းက်င္သူေတြ၊ ပညာရွင္ေတြနဲ႔ စကားေျပာသင့္တယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ စိတ္က်န္းမာေရးဆိုတာက ရွက္စရာ မဟုတ္ပါဘူး။ က်ေနာ္တုိ႔လူမွာ ႏွစ္ခုပဲ ရိွတယ္။ ကိုယ္နဲ႔စိတ္။ ကိုယ္မက်န္းမာရင္ မက်န္းမာတာပဲ ျဖစ္မယ္။ စိတ္မက်န္းမာရင္ မက်န္းမာတာပဲ ျဖစ္မယ္။ ေရွးရိုးအယူအဆက လူေတာမတုိးမွာကို စိုးးရိမ္တယ္။ လူေတာမတိုးတာက ငါက စိတ္ေဝဒနာ ခံစားေနရလို႔ ငါေတာ့ လူေတာ့မတိုးေတာ့ဘူး - အဲဒါမ်ဳိး မရိွပါဘူး။ က်ေနာ္တို႔ ကမာၻေဒတာေတြ စာရင္းမွတ္တမ္းေတြအရဆုိရင္ လူေလးေယာက္မွာ တစ္ေယာက္သည္ စိတ္က်ေရာဂါျဖစ္ဖို႔ ျဖစ္ဖူးတယ္။ ေနာက္ၿပီးေတာ့ လူသံုးေယာက္မွာ တစ္ေယာက္က စိတ္ပူပန္တတ္သည့္ေရာဂါ ျဖစ္ဖူးတယ္။ က်ေနာ္တို႔ စာေမးပြဲေျဖခါနီး၊ အင္တာဗ်ဴး သြားခါနီးမွာ စိတ္ပူပန္မႈေတြ ျဖစ္ၾကတယ္။ အဲဒီေတာ့ ကိုယ္နဲ႔စိတ္နဲ႔ ႏွစ္ခုပဲ ရိွတယ္။ ကိုယ္က်န္းမာေရးကို ဂရုစိုက္တယ္။ ေနမေကာင္းရင္ ဆရာဝန္ျပတယ္။ စိတ္က်န္းမာေရးလည္း ဒီအတိုင္းပဲ အခုန က်ေနာ္ေျပာတဲ့ လကၡဏာေလးေတြ ရိွလာရင္ ဆရာဝန္ကို ျပပါ။ ေျပာပါ။ ဒါက ရွက္စရာ မဟုတ္ပါဘူး။ စိတ္ေရာဂါျဖစ္ရင္လဲ ငါေတာ့ စိတ္ဒီလိုေလး ျဖစ္ေနတယ္။ ေဘးနားက ပတ္ဝန္းက်င္ ပိုၿပီးေတာ့ ပံ့ပိုးေပးလို႔ရမယ္။ စကားေတြ ေျပာေပးလို႔ရတယ္။ ဂရုစိုက္ေပးလို႔ရတယ္။ ဒါဆိုရင္ စိတ္ေရာဂါက ျပန္ၿပီးေတာ့ ေကာင္းလာမယ္။ စိတ္ေရာဂါက ေဆးတစ္ခုတည္းေသာက္လို႔ ေပ်ာက္တဲ့ေရာဂါ မဟုတ္ဘူး။ သူက ေဆးလည္းေသာက္ရမယ္။ စိတ္ဓါတ္ဆိုင္ရာ ႀကံ့ခိုင္ဖို႔လည္း လုပ္ရမယ္။ ၿပီးေတာ့ ပတ္ဝန္းက်င္ Social ကလည္း Support လည္း လိုတယ္။ ဒီသံုးခုေပါင္းမွ သံုးေၾကာင္းေထာက္လိုက္မွ စိတ္ေရာဂါက ျပန္ၿပီးေတာ့ ေထာင္တက္သြားမယ္။ အဲဒီေတာ့ မရွက္ပါနဲ႔။ ျဖစ္လာရင္ တစ္ေယာက္ထဲ ႀကိတ္ၿပီးေတာ့ မခံပါနဲ႔။ ကူညီမႈကို ရယူပါ။ ေဘးမွာ ကိုယ့္ရဲ ႔မိသားစု။ သူငယ္ခ်င္း အသိုင္းအဝိုင္းကို ေျပာၿပီးေတာ့ ပ့ံပိုးမႈကို ရယူပါ။ မိသားစု၊ သူငယ္ခ်င္း အသိုင္းအဝိုင္းကလည္း အဲဒီလိုမ်ဳိးဆိုရင္ မေနာက္ပါနဲ႔။ မေျပာင္ပါနဲ႔။ ဒါေတြက ေနာက္စရာ ေျပာင္စရာ မဟုတ္ဘူး။ သူတုိ႔က တကယ့္ခံစားေနရတာဆုိေတာ့ အားေပးပါ။ Support လုပ္ေပးပါ။ ဒီလိုမ်ဳိး လုပ္ေပးလိုက္လို႔ရိွရင္ အခုန စိတ္ေရာဂါကလည္း ျပန္ၿပီးေတာ့ ေနာက္တဆင့္ ျပန္ေကာင္းသြားၿပီးေတာ့ ပံုမွန္ျပည္သူလူထုထဲမွာ တတပ္တအား ျပန္ျဖစ္သြားမယ့္ဟာ ျဖစ္သြားမယ္။ က်ေနာ္ကေတာ့ အဲဒီလိုမ်ဳိးပဲ အႀကံျပဳခ်င္ပါတယ္။

မစုျမတ္မြန္ ။ ။ အခုလိုမ်ဳိး အခ်ိန္ေပးၿပီးေတာ့ ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္။

ေျဖ ။ ။ အခုလိုမ်ုိး ေျပာခြင့္ရတဲ့အတြက္လည္း ေက်းဇူးတင္ပါတယ္။

==Unicode==

စစ်အာဏာသိမ်းမှုကြောင့် စိတ်ပိုင်းမထိခိုက်အောင်

မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ အခြေအနေတွေကြောင့် စိတ်ကျန်းမာရေး မထိခိုက်အောင် တယောက်နဲ့တယောက် အားပေးနေဖို့နဲ့ အရေးကြီးတယ်လို့ ဗြိတိန်နိုင်ငံက စိတ်ရောဂါ အထူးကဆရာဝန်ကြီး ဒေါက်တာမောင်ဥက္ကာက အကြံပေးပါတယ်။ စိတ်ပူပန်တဲ့ရောဂါ၊ စိတ်ဖိစည်းတဲ့ရောဂါတွေ မဖြစ်အောင် ဘယ်လိုကာကွယ်နိုင်မလဲဆိုတာကို မစုမြတ်မွန်က အထူးကုဆရာဝန်ကြီး ဒေါက်တာမောင်ဥက္ကာကို မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဒေါက်တာမောင်ဥက္ကာ။ အခု မြန်မာပြည်မှာ အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ လူတွေက တော်တော်လေး စိတ်ထဲမှာ မကျေနပ်မှုတွေ မခံမရပ်ဖြစ်တာတွေ တော်တော်လေး ခံစားရတယ်ဆိုတာ မြန်မာနိုင်ငံအနံှမှာ ဖြစ်နေတဲ့ ဆန္ဒပြပွဲတွေကို ကြည့်လိုက်ရင် သိနိုင်ပါတယ်။ အဲဒီစိတ်ခံစားမှုတွေက ဘယ်လိုအခြေအနေမျိုးမှာ ရောက်တဲ့အခါမျိုးမှာ ကိုယ့်ရဲ့ကျန်းမာရေးကို ထိခိုက်တယ်လို့ ဆရာတို့လို စိတ်ပညာရှင်တွေအနေနဲ့ သတ်မှတ်ပါလဲ။ အဲဒါကို အရင်ဆုံးဖြေပေးပါ။

ဖြေ ။ ။ မင်္ဂလာပါ မစုမြတ်မွန်။ ကျေးဇူးပါ။ ဒီမေးခွန်းကို မဖြေခင် ကျနော် အနောက်ကလေးကို နည်းနည်းလေး ပြန်ပြီးတော့ သွားလိုက်ချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီဟာက တနိုင်ငံလုံးနဲ့ နိုင်ငံတဝှမ်း ပြည်လုံးကျွတ်အထွေထွေသပိတ်နဲ့ ခေတ်ပြောင်းတော်လှန်ရေး လုပ်နေတယ်ဆိုရင်လဲ မမှားပါဘူး။ ဒီ စိတ်ကျန်းမာရေးကို ထိခိုက်လားဆိုတော့ ကျနော်လည်း စိတ်ရောဂါဆရာဝန်ဖြစ်တဲ့အတွက် လေ့လာကြည့်လိုက်တဲ့အခါ ကမ္ဘာပေါ်မှာ နိုင်ငံတော်တော်များများနဲ့ နိုင်ငံပေါင်း (၂၅၀) လောက်က ဒီလိုမျိုး Protest, Demonstration, Revolution, Campaign တစ်ခုမဟုတ် တစ်ခု အမြဲတမ်း လုပ်ကြတယ်။ ကမ္ဘာ့လူဦးရေ ၉၉% ကလည်း ဒီလိုမျိုးတွေ လုပ်ဖူးတယ်ဆိုတဲ့ အတွေ့အကြုံ ရှိတယ်ဆိုတာကို မှတ်တမ်းတွေ ရှိတယ်။

ဒီလိုလုပ်တဲ့လူတွေရဲ့ စိတ်ရောဂါအခြေအနေပေါ်မှာ Impact ဘယ်လိုမျိုး ရှိသလဲဆိုတဲ့ဟာကို လေ့လာထားတဲ့ဟာက တော်တော်လေးနည်းတယ်။ အားနည်းတာကို တွေ့ရတယ်။ နည်းပေမယ့် တချို့စာတမ်းတွေမှာ အဓိကတော့ စိတ်ကျန်းမာရေးကို ထိခိုက်နိုင်တယ်။ မေးတဲ့ မေးခွန်းကို ရောက်လာတယ်။ ဘာကိုထိခိုက်နိုင်သလသဲဆိုတော့ (၁) စိတ်ကျရောဂါ - depression (၂) စိတ်ပူပန်တတ်တဲ့ရောဂါ - anxiety (၃) ဒဏ်ရာဟောင်းကို ပြန်ပြီးတော့ သတိရတတ်ပြီး ဖြစ်တတ်တဲ့ စိတ်ဖိစီးမှုရောဂါ - Post-traumatic stress disorder (PTSD). အဲဒါမျိုးတွေ ခံစားကြရတာကို လေ့လာတွေ့ရှိရတယ်။

အဲဒီတော့ စိတ်ကျရောဂါ၊ စိတ်ပူပန်တဲ့ရောဂါ၊ PTSD တို့ ဒါတွေက အခုဖြစ်လာဆိုတော့ အခု မဖြစ်ပါဘူး။ အခုလူတွေ ကြုံတွေ့နေရတဲ့ အခုအချိန်မှာ မြန်မာပြည်သူလူထု ကြုံတွေ့နေရတဲ့ဟာက စိတ်ဖိစီးမှုကတော့ တကယ့်ကို ကြုံတွေ့နေရတယ်။ နောက် emotional roller-coaster စိတ်ကအနိမ့်အမြင့်တွေ အများကြီးဖြစ်တယ်။ ဝမ်းသာတာတွေ ဖြစ်တယ်။ ဝမ်းနည်းတာတွေ ဖြစ်တယ်။ ဒေါသထွက်တာတွေ ဖြစ်တယ်။ ယူကျုံးမရတာတွေ ဖြစ်တယ်။ ခံပြင်းတာတွေ ဖြစ်တယ်။ ပြီးတော့ မကျေနပ်တာတွေ ဖြစ်တယ်။ ဒီဟာတွေက တနေ့တည်းမှာပဲ ရရှိတဲ့ သတင်းအချက်အလက်ပေါ်မှာ မူတည်ပြီးတော့ ပြည်သူလူထုရဲ့ စိတ်ခံစားမှုတွေက ပြောင်းလဲနေတယ်။ အဲဒီတော့ ဒါကို စိတ်ရောဂါလို့ ပြောမလားဆိုတော့ ကျနော်တို့က မပြောပါဘူး။ ဒါက ပုံမှန်ဖြစ်တဲ့၊ Normal Stress Reaction ပုံမှန်ပတ်ဝန်းကျင်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် ဖြစ်လာတဲ့ စိတ်ရဲ့ ပုံမှန်တုံ့ပြန်မှုပါ။ ဒါက စိတ်ရောဂါ မဟုတ်ပါဘူး။
မေး ။ ။ ဒါပေမဲ့ အဲဒါက ကျန်းမာရေးကို ဘယ်လို အခြေအနေမျိုးမှာ ရောက်တဲ့အခါမှာ ကိုယ့်ရဲ့ကျန်းမာရေး - ကိုယ်ကျန်းမာရေး၊ စိတ်ကျန်းမာရေးကို ထိခိုက်တယ်လို့ ဆရာတို့ ပြောလို့ရပါသလဲရှင့်။

ဖြေ ။ ။ လူတွေက စိတ်ဓါတ်ကျသွားမယ်။ ဘာမှ လုပ်ချင်ကိုင်ချင်စိတ် မရှိတော့ဘူး။ အရှုံးပေးလိုက်မယ်ဆိုရင်တော့ စိတ်ကျန်းမာရေးကို ထိခိုက်ဖို့ အချက်က ပိုပြီးတော့ များသွားမယ်။ ဘာဖြစ်လို့လဲဆိုတော့ တတိုင်းပြည်လုံးနဲ့အဝှမ်း အခုလိုမျိုး ဆန္ဒပြပွဲ၊ ဆန္ဒထုတ်ဖော်ပွဲတွေ ငြိမ်းချမ်းစွာ လုပ်နေတဲ့အချိန်မှာ တဘက်က မတရားဖိနှိပ်လို့ အရှုံးပေးလိုက်ပြီးတော့ ငါတို့တော့ သွားပါပြီဆိုပြီးတော့ စိတ်လျှော့လိုက်လို့ရှိရင် အဲဒီအချိန်မှာ ဖြစ်မယ့် စိတ်ရောဂါတွေကတော့ ပိုပြီးတော့ အခုန ကျနော်ပြောတဲ့ စိတ်ကျရောဂါ၊ စိတ်ပူပန်တတ်တဲ့ရောဂါတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အဲဒါတွေကို ကာကွယ်ဖို့ဆိုရင်တော့ စိတ်ဓါတ်မကျဖို့ ပိုအရေးကြီးတယ်။ အဲဒီအတွက်ဆိုရင်တော့ ကျနော်က အချက် (၃) ချက် ပြောချင်တယ်။ အခုန ကျနော်လေ့လာကြည့်တဲ့ စာတမ်းတွေမှာ သူက Mental Health ကို Impact မဖြစ်အောင် စိတ်ရောဂါဖြစ်တဲ့ အခုနပြောတဲ့ ရောဂါမျိုးတွေ မဖြစ်အောင် အကောင်းဆုံး ကုထုံးက United ဖြစ်ရမယ်။ Connected ဖြစ်ရမယ်။ အားလုံးစည်းစည်းလုံးလုံးနဲ့ Cause တစ်ခုကို တိုက်တဲ့အချိန်မှာ ဘယ်တော့မှ စိတ်ရောဂါ ဖြစ်တဲ့၊ စိတ်ဝေဒနာနဲ့ဆိုင်တဲ့ ရောဂါတွေ မရနိုင်ပါဘူး။ အဲဒီတော့ အဓိက ကုထုံးက ဆက်လက်ပြီးတော့ စည်းလုံးရမယ်။ စည်းလုံးတဲ့အပြင် နောက်တစ်ခု စာတမ်းမှာ တွေ့ထားတာက Connected ဖြစ်ရမယ်။ အားလုံးသည် တစ်ယောက်နဲ့တစ်ယောက် အမြဲတမ်း ဆက်သွယ်ပြီးတော့ အားပေးနေရမယ်။ အဲဒီတော့ ကျနော့်ရဲ့ သုံးသပ်ချက်အရဆိုရင် လက်ရှိဆိုရင် မြန်မာပြည်မှာ Gen Z တွေရှိတယ်။ လမ်းပေါ်ထွက်ပြီး ဆန္ဒပြနေတဲ့ ရဲဘော်တွေ ရှိတယ်။ နောက်ပြီးတော့ CDM လုပ်နေတဲ့ ရဲဘော်တွေ ရှိတယ်။ နောက် ပြည်သူလူထုတွေ ရှိတယ်။ သူတို့တွေအားလုံးက (၁) United ဖြစ်နေရင် စိတ်ရောဂါကို ကာကွယ်နိုင်တယ်။ (၂) တစ်ယောက်နဲ့တစ်ယောက် အချင်းချင်း Connected လုပ်ပြီးတော့ အားပေးနေရမယ်။ သူတို့တွေ Network အမျိုးမျိုး ရှိပါတယ်။ သူတို့ဟာသူတို့ လုပ်နေတာတွေ။ အဲဒါမျိုးလေးတွေနဲ့ဆိုရင် သူတို့ ဒါကိုလဲ ကာကွယ်နိုင်တယ်။

နောက်ပြီးတော့ Motivated ဖြစ်ရမယ်။ ဘာလဲဆိုတော့ ပန်းတိုင်တစ်ခုကို သွားတဲ့အခါမှာ ငါတို့ အောင်မြင်ရင် ဘာတွေလုပ်မယ်ဆိုတဲ့ စိတ်ကလေးနဲ့ ကိုယ်က ငယ်ငယ်တုန်းက ကျိုက်ထီးရိုး တက်သလိုပေါ့။ တစ်ကွေ့ရောက်ရင် ရောက်တော့မယ်၊ နောက်တစ်ကွေ့ရောက်ရင် ရောက်တော့မယ် - ရောက်ချင်မှာတော့ ရောက်အုံးမယ်၊ ဒါပေမဲ့ အဲဒီလိုမျိုး အားပေးရင်နဲ့ နောက်ဆုံးတော့ ကျိုက်ထီးရိုးဘုရားကြီးလည်း ဖူးလိုက်ရအောင်ဆိုပြီး ကျန်တဲ့ Stress တွေ ပင်းပန်တာတွေ ပျောက်သွားတယ်။ အဲဒီလိုမျိုး စိတ်ကလေးနဲ့ တစ်ယောက်နဲ့တစ်ယောက် Motivate ဖြစ်အောင်၊ အားပေးနေရမယ်။ ငါတို့တွေ အောင်သွားရင် ဘာတွေလုပ်ကြမလဲ။ ကျန်းမာရေးအတွက် ဘာလုပ်မလဲ။ လူမှုရေးအတွက် ဘာလုပ်မလဲ၊ ပညာရေးအတွက် ဘာလုပ်မလဲ။ အမျိုးသားအားလုံးအတွက် ဘာလုပ်မလဲ။ ဒီဟာမျိုးတွေ စဉ်းစားုထားရင် ဒါက Motivated ဖြစ်မယ်။ အဲဒီလို Motivated ဖြစ်နေရင် ဆက်ပြီးတော့ လမ်းဆက်လျှောက်နိုင်မယ်။ ပြည်သူလူထုတရပ်လုံး အတွက်ကို ပြောတာပါ။ ပြည်သူလူထုက ဒီလိုသာ လုပ်လို့ရှိရင် အခုနပြောတဲ့ စိတ်ရောဂါနဲ့ ပတ်သက်တဲ့ စိတ်သက်တဲ့ဟာတွေလည်း မဖြစ်လာနိုင်တော့ပါဘူး။ ဒါကိုလဲ ကာကွယ်ပြီသား ဖြစ်သွားမှာပါ။

မေး ။ ။ အခု မြန်မာနိုင်ငံမှာ နိုင်ငံတဝှမ်းမှာ ဆန္ဒပြနေကြတာကို ကြည့်လို့ရှိရင် များသောအားဖြင့်က လူငယ်တွေပါ။ ပြောမယ်ဆိုရင်တော့ အသက် (၂၀) ဝန်းကျင် လူငယ်တွေလို့ အများစုတောင် ပြောလို့ရပါတယ်။ ဆိုတော့ အဲဒီလူငယ်တွေက နေ့တိုင်း လမ်းမပေါ်ထွက်ပြီးတော့ ဆန္ဒပြနေတယ်။ ပြီးတော့ သူတို့မျက်စိရှေ့မှာပဲ အခုဆိုရင် အင်အားသုံးပြီးတော့ ဖြိုခွဲခံရတာတွေ တွေ့နေရတယ်ဆိုတော့ အဲဒီလို လူငယ်တွေရဲ့ စိတ်ထဲမှာ ဒီလိုမျိုး မြင်နေတွေ့နေရတဲ့ အတွက်ကြောင့်မို့ သူတို့အနေနဲ့ သူတို့စိတ်ထဲမှာ ဘယ်လိုမျိုး စိတ်ဒဏ်ရာတွေ ဖြစ်သွားနိုင်တယ်လို့ ဆရာပြောလို့ရလဲ။

ဖြေ ။ ။ အဲဒါလဲ အလွန်ကောင်းတဲံ မေးခွန်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီ riot ကို နှိမ်းနင်းတယ်၊ revolution တွေကို နှိမ်းနင်းတယ်ဆိုတာ အရင်တုန်းကလဲ တွေ့မှာပါ။ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ တခြားနိုင်ငံတွေမှာလဲ ဒီလိုမျိုး နှိမ်နင်းခဲ့တာတွေ ကျနော်တို့အားလုံး တွေ့ဖူးကြပါတယ်။ ဒီမှာဆိုလဲ ကျနော်တို့ကို ပြည်သူလူထုထဲကို Fear Factor ကြောက်စိတ်ဝင်သွားအောင်လို့ လုပ်ဆောင်နေတဲ့ အချက်တွေ အများကြီးရှိတယ်။ ကြောက်စိတ်ဝင်သွားအောင်လို့ သေနတ်တွေဖောက်တယ်။ ခေါင်းတည့်တည့်ကို ပစ်တယ်။ ဘာမှပြန်လည်မခုခံတဲ့ လူငယ်လေးတွေကို မတရားုရိုက်နှက်တယ်။ အိမ်တွေကို မတရားဝင်ဖျက်တယ်။ မင်းမဲ့စရိုက်တွေ လုပ်နေတဲ့ဟာတွေက လူတွေကို ကြောက်စိတ်ဝင်အောင် လုပ်နေတာ။ အဲဒီတော့ သူတို့တွေက ကျနော်ပြောသလိုမျိုးပဲ အခုန (၃) ချက်ကိုပဲ ပြန်သွားမယ်။ United, Connected, Motivated ဖြစ်နေရင် ဒီဟာတွေကို ကျော်ဖြတ်နိုင်တယ်။

အခုနပြောတဲ့ လူငယ်တွေက ကျနော်တို့ထက် သာတဲ့အချက်တွေ အများကြီးရှိတယ်။ Creative ပိုင်းလေးတွေ အရမ်းတော်တယ်။ ချီးကျူးတယ်၊ လေးစားတယ်။ သူတို့တွေက အဲဒါမျိုးလေးတွေနဲ့ creative start လုပ်ပါ။ ဆက်ပြီးတော့ ကိုမင်းကိုနိုင် ပြောသွားသလိုမျိုး လူတိုင်းက ရထားခေါင်းတွဲဆိုတော့ ဒါက psychologically သူတို့ကို အားပေးနေတာပဲ။ အဲဒီစကားမျိုးလေးတွေနဲ့ သူတို့ဆက်ပြီးတော့ လုပ်သွားခဲ့ရင် အခုနပြောတဲ့ အနိဋ္ဌာရုံတွေ၊ ကြောက်စိတ်တွေကို ဖြေရှင်းနိုင်မှာပါ။ ဒါပေမဲ့ စိတ်ထဲမှာ တစ်ခုခု တင်းကြပ်နေတယ်။ ငိုချင်စိတ်တွေ ပေါ်လာမယ်။ ညဘက်အိပ်မရဘူး။ မနက်ဖြန်ကျရင် ဘယ်လိုဖြစ်မှာလဲ။ ဘယ်တယောက်က ကျိုးမလဲ၊ ဘယ်တယောက်ကို ရိုက်မလဲ။ ဒီလိုမျိုး စိတ်လေးတွေ ပေါ်လာရင် အချင်းချင်း စကားပြောပါ။ အချင်းချင်းအားပေးစကားပြောပါ။ ဒါက လမ်းပေါ်ထွက်ပြီး ဆန္ဒပြတဲ့ လူငယ်တွေ။

နောက် CDM လုပ်နေတဲ့ လူတွေမှာလဲ သူတို့လည်း စိတ်ဖိစီးမှု ရှိတယ်လို့ ကျနော်ထင်တယ်။ သူတို့မှာကြတော့ ငါတို့ကို ဘယ်တော့ လာဖမ်းမလဲ။ ဘယ်နေ့ဘယ်အမိန့် ထုတ်မလဲ။ ဘယ်တော့ လခမပေးဘူးလဲ။ စားဝတ်နေရေးက ဘယ်လိုလဲ။ ဒါမျိုးတွေ သူတို့မှာလဲ ဒီလိုစိတ်ဖိစီးမှုတွေ ရှိကြတယ်။ ရှိရင် အချင်းချင်း Connect လုပ်ပြီးတော့ အားပေးပါ။ စကားပြောပါ။ အခုန ကျနော်ပြောတဲ့ ကျိုက်ထီးရိုး နမူနာ - နောက်တစ်ကွေ့ရောက်ရင် ရောက်တော့မယ်ဆိုတဲ့ဟာလေးက အဲဒါလေးမျိုးနဲ့ အားပေးပါ။။ ကျနော်တို့အားလုံးမှာ လောလောဆယ်တော့ အဖြေဘယ်တော့ ရမလဲဆိုတာကို ဘယ်သူမှ မသိပါဘူး။ ဒါပေမဲ့လဲ ဒီလိုမျိုး အားပေးနေရင်နဲ့ အားတတ်နေရင် Motivated ဖြစ်နေရင် ငါတို့ အောင်သွားရင် ဘာလုပ်မယ်ဆိုတဲ့ အောင်စိတ်လေးနဲ့ သူတို့ ရှာဖွေပြီးတော့ ဖတ်မယ်၊ ပြုမယ်ဆိုရင် ဒီအကြောင်းတွေ ခေါင်းထဲမှာ တချိန်လုံး ရောက်မနေတော့ဘူး။ နောင် ငါတို့ရရင် ဘာလုပ်မယ်ဆိုတဲ့ဟာ အတွေးက ခေါင်းထဲမှာ ဝင်နေရင် အဲဒီအတွေးလေးနဲ့ အဲဒီမှာ occupy ဖြစ်နေရင် စိတ်ကိုပြောင်းလဲသွားတယ်။ ဖြစ်ပျက်နေတဲ့ အနိဋ္ဌာရုံတွေကိုပဲ အမြဲတမ်း တွေးမနေဘဲနဲ့ ငါတို့ပြီးသွားရင် ဘာလုပ်မယ်ဆိုတဲ့ဟာနဲ့ နည်းနည်းလေး switch လုပ်ရမယ်။ အဲဒါမျိုးလုပ်ရင် သူတို့က ပိုပြီးတော့ resilient စိတ်ခွန်အား ပိုပြီးတော့ ကောင်းလာမယ်။ စိတ်ကျန်းမာရေးက ပိုပြီးအားပြည့်လာမယ်။ အဲဒါ အရေးကြီးပါတယ်။

မေး ။ ။ အခုမြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အခြေအနေတွေကို ပြည်တွင်းမှာတင် မဟုတ်ဘူး။ နိုင်ငံတကာမှာ ရှိနေကြတဲ့ မြန်မာတွေကလည်း တချိန်လုံး စောင့်ကြည့်ပြီးတော့ စိတ်ပူပန်ကြတယ်။ စိတ်သောက ရောက်ကြတယ်။ အဲဒီလိုမျိုး စိုးရိမ်မှုတွေ၊ စိတ်ဖိစီးမှုတွေကို ပြေပျောက်သွားအောင်၊ လျော့ကျသွားအောင် ဆရာအနေနဲ့ ဘယ်လိုမျိုး အကြံပြုချင်ပါလဲရှင့်။

ဖြေ ။ ။ အဲဒါက another good question ပါ။ အဲဒါက ဗမာပြည်တွင်းကော ပြည်ပပါ ပြည်တွင်းမှာလည်း လူတိုင်းက အမြဲတမ်း အပြင်မထွက်နိုင်တဲ့ လူတွေရှိတယ်။ အထူးသဖြင့် လူကြီးတွေ။ သက်ကြီးရွယ်အိုတွေ wheel chair နဲ့ ထွက်ချင်တဲ့ လူကြီးတွေတောင် ကျနော်ကြားပါတယ်။ ဒါပေမဲ့ သူတို့တွေကပဲ အမြဲပြန်နားစွင့်နေတယ်။ ပြည်ပက လူတွေလည်း အတူတူပဲ။ အမြဲမပြတ် ကြည့်နေတယ်။ ကြည့်နေတော့ ဘာနဲ့သွားတူသလဲဆိုတော့ အခုဟာက နည်းနည်းလေး Limitation ထားရမယ်။ တချို့ untrusted source တွေ၊ တချို့ပြောကြတဲ့ Psywar လာတဲ့ဟာတွေ၊ အဲဒါမျိုးတွေက ကိုယ့်ကိုယ် စိတ်ခြောက်ခြားအောင်၊ စိတ်ဓါတ်ပျက်ပြားအောင် ဟိုဘက်က လုပ်နေတာ။ လုပ်နေတဲ့ဟာတွေကို မကြည့်နဲ့။ အခုနပြောတဲ့ Fear Factor ဝင်တဲ့ဟာတွေကို ဖြစ်သွားရင် လူတွေက မလိုလားအပ်တဲ့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေ ပိုများလာမယ်။ အဲဒါက နံပတ်တစ်။ နံပတ်နှစ်ကတော့ ပြည်ပမှာဆိုရင် မြန်မာနိုင်ငံရဲ့ အချိန်နဲ့ ပြည်ပအချိန်က Time Differences က အဲဒါက အဓိကလို့ ကျနော်ထင်တယ်။ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ ညဆိုရင် ဗမာပြည်မှာက မနက်။ အကုန်လုံးက သိချင်တော့ ညမအိပ်ဘဲ ကြည့်ကြတယ်။ အားပေးကြတာ ပြည်သူလူထုကို ပြင်ပကနေ။ အားပေးကြတော့ နေ့နဲ့ညတွေ အကုန်မှားကုန်တယ်။ အဲဒါက တစ်ချက်။

နောက် အစားအသောက် ပျက်နေကြတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ခံစားနေရတယ်။ စားသာစားနေရတယ် အရသာက မရှိဘူး။ မပျော်တဲ့စိတ်နဲ့ တာဝန်အရသာ ခန္ဓာကိုယ်ကြီးကို လုပ်ပေးနေရတာ ဖြစ်နေတော့ ဒါပေမဲ့ အဲဒီစိတ်နဲ့ လုပ်နေရတာ တာဝန်တစ်ခုအနေနဲ့ လုပ်ပါ။ အဲဒီလိုမလုပ်ဘူးဆိုရင် ကိုယ်ထောင်စိတ်ကြေ ဖြစ်သွားလိမ့်မယ်။ အဲဒီတော့ အချိန်မှန်မှန်အိပ်ဖို့ ကြိုးစားပါ။ တတ်နိုင်သလောက် မဖြစ်နိုင်မှန်းသိပါတယ်။ ကြိုးစားပါ။ ပြီးတော့ အစားအသောက်ကိုလည်း အချိန်မှန်မှန်လေး စားပါ။ ပြီးတော့ Connected လုပ်ပြီးတော့ မယုံရတဲ့ source တွေ၊ Psywar လုပ်နေတဲ့ ပို့စ်တွေကို မဖတ်ပါနဲ့။ မလုပ်ပါနဲ့။ ဒါဆိုလို့ရှိရင်တော့ ပိုပြီးတော့ စိတ်ကျန်းမာရေးကို ပိုပြီးတော့ ကြံ့ခိုင်အောင် လုပ်နိုင်ပါလိမ့်မယ်။

မေး ။ ။ အခုလက်ရှိမှာ ဆရာလည်း စောစောက ပြောပါတယ်။ စိုးရိမ်စိတ်တွေ၊ သောကရောက်မှုတွေက အခုအခြေအနေမှာတော့ စိတ်ရောဂါဖြစ်တဲ့အဆင့်ကို မရောက်သေးဘူး။ ဒါပေမဲ့ ဒီအဆင့် ဒီအခြေအနေတွေက ပိုပြီးတော့ ကြာရှည်သွားမယ်။ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကိုလည်း ထိခိုက်လာပြီဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးဖို့ လိုအပ်တဲ့ ကုသမှု ယူဖို့အတွက်က ဘယ်လောက်အထိ အရေးကြီးလဲ။ ဒါကို ဘယ်လောက်အထိ ဂရုစိုက်လုပ်သင့်သလဲဆိုတာကို ဆရာအနေနဲ့ ပြောချင်ပါလဲရှင့်။

ဖြေ ။ ။ အဲဒါကတော့ အရေးကြီးတယ်။ အဓိကဖြစ်မှာတော့ စိတ်ကျရောဂါနဲ့ စိတ်ပူပန်မှုရောဂါ။ တချိန်လုံး ပူပန်နေပြီးတော့ တစ်ခုခု မလုပ်နိုင် မကိုင်နိုင်တာတွေ ဖြစ်မယ်။ ဘာမှ အဓိက concentration ဘယ်အရာကိုမှ အာရုံစူးစိုက်လို့ မရဘူး။ ဘာလုပ်လုပ် မပျော်ဘူး။ ပျော်တဲ့စိတ်လည်း မရှိတော့ဘူး။ ဘာမှလဲ လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိတော့ဘူး။ စားချင်စိတ်လည်း မရှိ၊ အိပ်ချင်စိတ်လည်း မရှိ။ အိပ်လည်းမပျော်တော့ဘူး ဆိုရင်တော့ ဒါက စိတ်ကျန်းမားရေးအတွက် တိုင်ပင်သင့်ပြီ။ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေနဲ့ စကားပြောသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ကျန်းမာရေးဆိုတာက ရှက်စရာ မဟုတ်ပါဘူး။ ကျနော်တို့လူမှာ နှစ်ခုပဲ ရှိတယ်။ ကိုယ်နဲ့စိတ်။ ကိုယ်မကျန်းမာရင် မကျန်းမာတာပဲ ဖြစ်မယ်။ စိတ်မကျန်းမာရင် မကျန်းမာတာပဲ ဖြစ်မယ်။ ရှေးရိုးအယူအဆက လူတောမတိုးမှာကို စိုးးရိမ်တယ်။ လူတောမတိုးတာက ငါက စိတ်ဝေဒနာ ခံစားနေရလို့ ငါတော့ လူတော့မတိုးတော့ဘူး - အဲဒါမျိုး မရှိပါဘူး။ ကျနော်တို့ ကမ္ဘာဒေတာတွေ စာရင်းမှတ်တမ်းတွေအရဆိုရင် လူလေးယောက်မှာ တစ်ယောက်သည် စိတ်ကျရောဂါဖြစ်ဖို့ ဖြစ်ဖူးတယ်။ နောက်ပြီးတော့ လူသုံးယောက်မှာ တစ်ယောက်က စိတ်ပူပန်တတ်သည့်ရောဂါ ဖြစ်ဖူးတယ်။ ကျနော်တို့ စာမေးပွဲဖြေခါနီး၊ အင်တာဗျူး သွားခါနီးမှာ စိတ်ပူပန်မှုတွေ ဖြစ်ကြတယ်။ အဲဒီတော့ ကိုယ်နဲ့စိတ်နဲ့ နှစ်ခုပဲ ရှိတယ်။ ကိုယ်ကျန်းမာရေးကို ဂရုစိုက်တယ်။ နေမကောင်းရင် ဆရာဝန်ပြတယ်။ စိတ်ကျန်းမာရေးလည်း ဒီအတိုင်းပဲ အခုန ကျနော်ပြောတဲ့ လက္ခဏာလေးတွေ ရှိလာရင် ဆရာဝန်ကို ပြပါ။ ပြောပါ။ ဒါက ရှက်စရာ မဟုတ်ပါဘူး။ စိတ်ရောဂါဖြစ်ရင်လဲ ငါတော့ စိတ်ဒီလိုလေး ဖြစ်နေတယ်။ ဘေးနားက ပတ်ဝန်းကျင် ပိုပြီးတော့ ပံ့ပိုးပေးလို့ရမယ်။ စကားတွေ ပြောပေးလို့ရတယ်။ ဂရုစိုက်ပေးလို့ရတယ်။ ဒါဆိုရင် စိတ်ရောဂါက ပြန်ပြီးတော့ ကောင်းလာမယ်။ စိတ်ရောဂါက ဆေးတစ်ခုတည်းသောက်လို့ ပျောက်တဲ့ရောဂါ မဟုတ်ဘူး။ သူက ဆေးလည်းသောက်ရမယ်။ စိတ်ဓါတ်ဆိုင်ရာ ကြံ့ခိုင်ဖို့လည်း လုပ်ရမယ်။ ပြီးတော့ ပတ်ဝန်းကျင် Social ကလည်း Support လည်း လိုတယ်။ ဒီသုံးခုပေါင်းမှ သုံးကြောင်းထောက်လိုက်မှ စိတ်ရောဂါက ပြန်ပြီးတော့ ထောင်တက်သွားမယ်။ အဲဒီတော့ မရှက်ပါနဲ့။ ဖြစ်လာရင် တစ်ယောက်ထဲ ကြိတ်ပြီးတော့ မခံပါနဲ့။ ကူညီမှုကို ရယူပါ။ ဘေးမှာ ကိုယ့်ရဲ့မိသားစု။ သူငယ်ချင်း အသိုင်းအဝိုင်းကို ပြောပြီးတော့ ပံ့ပိုးမှုကို ရယူပါ။ မိသားစု၊ သူငယ်ချင်း အသိုင်းအဝိုင်းကလည်း အဲဒီလိုမျိုးဆိုရင် မနောက်ပါနဲ့။ မပြောင်ပါနဲ့။ ဒါတွေက နောက်စရာ ပြောင်စရာ မဟုတ်ဘူး။ သူတို့က တကယ့်ခံစားနေရတာဆိုတော့ အားပေးပါ။ Support လုပ်ပေးပါ။ ဒီလိုမျိုး လုပ်ပေးလိုက်လို့ရှိရင် အခုန စိတ်ရောဂါကလည်း ပြန်ပြီးတော့ နောက်တဆင့် ပြန်ကောင်းသွားပြီးတော့ ပုံမှန်ပြည်သူလူထုထဲမှာ တတပ်တအား ပြန်ဖြစ်သွားမယ့်ဟာ ဖြစ်သွားမယ်။ ကျနော်ကတော့ အဲဒီလိုမျိုးပဲ အကြံပြုချင်ပါတယ်။

မစုမြတ်မွန် ။ ။ အခုလိုမျိုး အချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဖြေ ။ ။ အခုလိုမျိုး ပြောခွင့်ရတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG