သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အခက္မ်ိဳးစုံၾကားက ပရဟိတကူညီေနသူ


နာေရးပရဟိတ အကူအညီေပးေနတဲ့ ကိုပူတူး ႏွင့္ မစုျမတ္မြန္ (VOA)

ရန္ကုန္ၿမိဳ႕မွာ ေသဆုံးသြားသူေတြရဲ႕ အေလာင္းေတြ အခ်ိန္မီ မီးသၿဂိဳလ္ႏိုင္ေအာင္ ႀကိဳးစားသယ္ယူေပးေနရတယ္လို႔ နာေရးပရဟိတ အကူအညီေပးေနတဲ့ ကိုပူတူးက ေျပာပါတယ္။ ကပ္ေရာဂါ ကူးစက္ႏိုင္တဲ့ အေျခအေန၊ အခက္အခဲေတြၾကားက ပရဟိတသမားေတြ အကူအညီေပးေနၾကရတဲ့ အေျခအေနကို မစုျမတ္မြန္က ဆက္သြယ္ေမးထားပါတယ္။

ေမး ။ ။ မဂၤလာပါ ကိုပူတူးရွင့္။ ကိုပူတူးက ျမန္မာႏုိင္ငံမွာ ပရဟိတေစတနာရွင္တစ္ေယာက္ ျဖစ္ပါတယ္။ အခုလက္ရိွမွာေတာ့ ကိုဗစ္လူနာေတြအတြက္ ေအာက္ဆီဂ်င္ ရႏိုင္ေအာင္ ႀကိဳးစားေပးေနသူတစ္ေယာက္ ျဖစ္တယ္။ ေနာက္ၿပီးေတာ့ ေသဆံုးသြားသူေတြအတြက္လည္း နာေရးကူညီေပးေနသူတစ္ေယာက္လည္း ျဖစ္ပါတယ္ဆုိေတာ့ အခုလက္ရိွ ဒီရက္ပိုင္းအတြင္းမွာ တေန႔တေန႔ ျဖတ္သန္းေနရာတာ ဘာေတြလုပ္ေပးေနရလဲ။ ဘယ္လိုျဖတ္သန္းေနရသလဲဆိုတာကို အရင္ဦးဆံုး ေျပာျပေပးပါရွင့္။

ေျဖ ။ ။ မဂၤလာပါ အမ။ က်ေနာ္ ဒီရက္ပိုင္းေတြမွာဆိုရင္ အရင္ ကိုဗစ္ အရမ္းႀကီးမဆိုးခင္ကဆိုရင္ေတာ့ အဖိုးအဖြားေတြကို ကူညီေပးျဖစ္္တယ္။ ႏြမ္းပါးတဲ့ အဖိုးအဖြားေတြကို သြားၿပီးေတာ့ လွဴဒါန္းတာ၊ ကူညီေပးတာတုိ႔၊ အိမ္ေစာင့္ေပးတာတို႔ကို လုပ္ခဲ့ၿပီး၊ အခုဒီတေခါက္မွာေတာ့ ကိုဗစ္ေတြျဖစ္ေတာ့ အရင္တုန္းကလဲ ကူညီမႈေတြ လုပ္ခဲ့တယ္။ First wave, second wave မွာလည္း က်ေနာ္တုိ႔ အေကာင္းဆံုးကူညီေပးခဲ့တယ္။ အခု third wave မွာေတာ့ ထိန္းခ်ဳပ္လူနာထက္၊ dead body ေတြကို အမ်ားဆံုး က်ေနာ္တုိ႔ ပို႔ေဆာင္ေပးေနရတယ္။ ဒီရက္ပိုင္းမွာေတာ့ dead body ေတြ အရမ္းမ်ားျပားလာခဲ့တယ္။ ကြယ္လြန္သြားၾကတဲ့ တေယာက္ခ်င္းဆီရဲ ႔ မိသားစုဝင္ေတြကို ဒီေနရာကေန စိတ္မေကာင္းပါဘူးလို႔ ေျပာလိုပါတယ္။

ေမး ။ ။ အခုလိုမ်ဳိး ကိုပူတူးတုိ႔လို သူမ်ားကို ကူညီေပးေနၾကတဲ့ ေတာ္ေတာ္မ်ားမ်ားက အခုရက္ပိုင္းအတြင္း ေျပာေနတာကို ၾကားေနရတာက သူတုိ႔ေတြ ေတာ္ေတာ္ေလး စိတ္ညစ္ၾကတယ္။ အဆင္မေျပမႈေတြမ်ားလို႔။ ကိုပူတူးကိုယ္တိုင္ေကာ ကူညီေနရတဲ့ အေျခအေနမွာ ကိုယ့္အတြက္ စိတ္ပ်က္လက္ပ်က္စရာ ဘာေတြေတြ႔ႀကံဳေနရသလဲဆိုတာကို ေျပာျပလို႔ရမလားရွင့္။

ေျဖ ။ ။ ပြင့္ပြင့္လင္းလင္း ေျပာရမယ္ဆိုရင္ေတာ့ ပထမဦးဆံုးအေနနဲ႔ေတာ့ ဒီလို dead body ေတြ အေျမာက္အျမားကို ဘယ္သူမွ မသယ္ေဆာင္ခ်င္ၾကဘူူး။ က်ေနာ္တို႔ေတြက လူသားေတြပဲ။ လူသားတုိင္းဟာ က်ေနာ္တုိ႔ရဲ ႔ အမ်ဳိးအေဆြေတြပဲ - က်ေနာ့္အမ်ဳိးေတြ၊ မိတ္ေဆြေတြပဲ။ တေယာက္ခ်င္းဆီ ဘယ္သူပဲျဖစ္ျဖစ္ သိတဲ့လူျဖစ္ျဖစ္၊ မသိတဲ့လူျဖစ္ျဖစ္ ေသဆံုးသြားတာဟာ က်ေနာ္တုိ႔ ေဆြမ်ဳိးေတြ ေသဆံုးသြားသလို အတူတူပါပဲ။ အဲဒီအတြက္ကို အရမ္းဝမ္းနည္းရတယ္။ ၿပီးေတာ့ အရင္နဲ႔မတူတာက က်ေနာ္တိုိ႔ ဒီလိုမ်ဳိး သုႆန္ေတြမွာ ျပည့္ႏွက္သြားတဲ့အထိ dead body ေတြ မရိွခဲ့ပါဘူး။ က်ေနာ္တို႔ volunteer လုပ္ခဲ့တဲ့ dead body သယ္ေဆာင္ခဲ့တဲ့ သက္တမ္းေတာက္ေလွ်ာက္မွာ ဒီေလာက္အထိ မ်ားျပားတယ္ဆိုတာကို မေတြ႔ခဲ့ပါဘူး။ ဒါက ပထမဦးဆံုးႀကံဳျခင္းပါ။ က်ေနာ့္အေနနဲ႔ ေျပာတာပါ - ပထမဦးဆံုးႀကံဳျခင္းပါ။ အရမ္းကို စိတ္ထိခိုက္ရတယ္။ ၿပီးေတာ့ ကိုယ္သယ္ေဆာင္ရတဲ့ တစ္ေလာင္ခ်င္းဆီမွာလဲ မိသားစုဝင္ေတြ ရိွၾကတယ္။ သူတုိ႔မိသားစုဝင္ေတြရဲ ႔ ေသာကေတြ၊ မိသားစုဝင္ေတြရဲ ႔ ပူေဆြးဝမ္းနည္းမႈေတြက က်ေနာ္တုိ႔အေပၚပါ လႊမ္းမိုးတာေၾကာင့္ က်ေနာ္တုိ႔လည္း ထပ္တူခံစားရတယ္။ အဲဒီအတြက္ စိတ္ထိခိုက္ၾကရတယ္။

ေမး ။ ။ အခုျဖစ္ေနတဲ့ လက္ရိွျပႆနာတစ္ခုက အေလာင္းေတြကို အလ်င္မီေအာင္လိုိ႔ မီးရိွဳ ႔မေပးႏုိင္တဲ့ ျပႆနာ။ သုႆန္ေတြမွာ အခုနေျပာသလိုပဲ အေလာင္းေတြကို အလ်င္မီေအာင္ မီးမရိွဳ ႔ေပးႏိုင္တဲ့အတြက္ တန္းစီးေစာင့္ေနရတာမ်ဳိး၊ အခက္အခဲေတြ အမ်ားႀကီးျဖစ္ေနတယ္။ ဒါက ကိုပူတူးတုိ႔လို နာေရအကူအညီေပးေနသူေတြအတြက္ ေတာ္ေတာ္ေလး အခက္အခဲ ျဖစ္မယ္လို႔ ထင္ပါတယ္ရွင့္။

ေျဖ ။ ။ သုႆန္ေတြကေတာ့ သူ႔ဟာနဲ႔သူေတာ့ ကူညီေပးေနတယ္။ သူတုိ႔လည္း မီးသၿဂိဳလ္ေပးတဲ့ဟာကို အရင္ရိွတဲ့စက္အတိုင္းပဲ လုပ္ေပးတယ္။ ဒါေပမဲ့ သူတုိ႔မႏုိင္ေတာ့ဘူးဆိုတာ အေနာက္မွာ မ်ားစြာေသာ အေလာင္းေတြက ေရာက္ေရာက္လာတာ ျဖစ္တဲ့အတြက္ သူတုိ႔မွာလဲ မႏုိင္ဝန္ေတြ တအားထမ္းရတယ္။ က်ေနာ္တို႔ ပရဟိတသမားေတြမွ မဟုတ္ဘူး၊ သုႆန္မွာရိွတဲ့ ဝန္ထမ္းေတြလည္း မ်ားစြာသနားဖို႔ေကာင္းတယ္။ မ်ားစြာစိတ္ထိခိုက္ေနၾကတယ္။ သူတုိ႔ ေန႔စဥ္နဲ႔အမွ် ဘာေရာဂါနဲ႔ ေသမွန္းမသိတဲ့ အေလာင္းေပါင္းမ်ားစြာကို မီးသၿဂိဳလ္ေပးရတယ္။ အဲဒီအတြက္ သူတို႔မွာလည္း မိသားစုဝင္ေတြ ရိွတယ္။ သူတို႔ကို ထိခိုက္ရင္ သူတုိ႔မိသားစုဝင္ေတြလည္း ထိခိုက္မွာပဲ။ ဘာပဲျဖစ္ျဖစ္ သူတုိ႔ဟာ က်ေနာ္တို႔ ပရဟိတသမားေတြလိုပဲ သူတို႔လည္း ပရဟိတသမားေတြပါပဲ။ အဲဒီေတာ့ သူတုိ႔လည္း မႏုိင္ဝန္ထမ္းၿပီးေတာ့ မ်ားစြာကူညီေပးေနၾကပါတယ္။ အေလာင္းေတြ ပံုသြားတယ္ဆိုတာကလဲ က်ေနာ္တို႔ လူေသတစ္ေလာင္းမီးရိွဳ ႔ရင္ အခ်ိန္ေပးရတယ္။ အေလာင္းေပါင္းမ်ားစြာ ျဖစ္သြားေတာ့ တစ္ေလာင္းၿပီးမွ တစ္ေလာင္းရိွဳ ႔ရေတာ့ အဲဒီမွာ အေလာင္းေတြက ပံုသြားတာေပါ့။

ေမး ။ ။ ဘာျဖစ္လို႔ အဲဒီလိုမ်ဳိး အေလာင္းေတြ ပံုေနရတဲ့ ျပႆနာကို ရွင္းသြားေအာင္လို႔ ဘယ္လိုမ်ဳိး လုပ္လို႔ရမယ္လို႔ ကိုပူတူးတုိ႔ အႀကံေပးခ်င္လဲရွင့္။

ေျဖ ။ ။ က်ေနာ္တို႔ အခုဆိုရင္ အေလာင္းေပါင္း ေျခာက္ဆယ္ သတ္မွတ္ထားတယ္။ ေျခာက္ဆယ္ထက္မကလဲ ဖုန္းေတြဝင္တယ္။ ေနာက္ေန႔အတြက္ကို booking စနစ္နဲ႔ မွတ္ရတယ္။ ဒီလုိမ်ဳိးဟာေတြ မမွတ္ခ်င္ဘူး။ ဒါေပမဲ့ booking ဆိုၿပီးေတာ့ မွတ္ရတယ္။ တေန႔ကို အေလာင္းေျခာက္ဆယ္္ အလ်င္မီေအာင္၊ အလ်င္သင့္ေအာင္ သၿဂိဳလ္ရတယ္။ မီးသၿဂိဳလ္ႏိုင္ေအာင္ လုပ္ရတယ္။ အရင္ရက္ပိုင္း စျဖစ္ျဖစ္ခ်င္း ရက္ေတြမွာေတာ့ အေလာင္းေတြကို သုႆန္ေရာက္တာနဲ႔ အဲဒီမွာခ်ၿပီး၊ ပံုၿပီးထားတယ္။ အဲဒီလိုပံုၿပီးထားေတာ့ တစ္ေလာင္ခ်င္းဆီ သယ္ေပးႏုိင္တယ္။ ကားတစ္စီးကို တစ္ေလာင္းႏႈန္း သယ္ၿပီးေတာ့ သုႆန္မွာ ခ်ေပးခဲ့တယ္။ ၿပီးေတာ့ token စနစ္နဲ႔ မီးသၿဂိဳလ္တယ္။ ကိုယ့္အလွည့္ေရာက္ရင္ မီးသၿဂိဳလ္လို႔ ရတယ္။ က်ေနာ္တို႔ လြန္ခဲ့တဲ့ ေလးရက္ေလာက္ကစၿပီးေတာ့ သူတုိ႔ရဲ ႔ သုႆန္စနစ္ ေျပာင္းသြားတယ္။ ကားေတြအကုန္လံုး တန္းစီးရတယ္။ ဝင္လာတဲ့ နိဗၺာန္ယာဥ္ေတြ တန္းစီးၿပီးေတာ့ တစ္စီးၿပီးမွတစ္စီး မီးသၿဂိဳလ္လို႔ ရတယ္။

အဲဒီအခ်ိန္မွာ ဘာျဖစ္သြားလဲဆိုေတာ့ ရန္ကုန္ၿမိဳ ႔က ပရဟိတအဖြဲ႔ေတြရဲ ႔ ကားေတြက သုႆန္မွာ ျပည့္သြားတယ္။ ျပည့္သြားၿပီး တစ္စီးၿပီးမွ တစ္စီးျဖစ္သြားေတာ့ က်ေနာ္တို႔ တင္လာတဲ့ အေလာင္းက ေနာက္ေရာက္ေလေလ၊ က်ေနာ္တုိ႔ ေစာင့္ရတဲ့အခ်ိန္က ေလးနာရီေလာက္ ၾကာတယ္။ သယ္တာနဲ႔ဆိုရင္ ငါးနာရီေလာက္ ၾကာတယ္။ အဲဒီေတာ့ တစ္ေလာင္းကို ေလးနာရီ၊ ငါးနာရီ ေစာင့္ရေတာ့ က်ေနာ္တုိ႔ ကားဆယ္စီးပဲရိွအံုး၊ တစ္ေန႔ကို ကားတစ္စီးကို ႏွစ္ေခါက္ပဲထားအံုး ႏွစ္ေလာင္း၊ ဆယ္စီးဆို အေလာင္းႏွစ္ဆယ္ပဲ သၿဂိဳလ္ႏိုင္တယ္။ က်ေနာ္တို႔ဆီမွာရိွတာ အေလာင္းေျခာက္ဆယ္ဆိုေတာ့ ပံုေနလိမ့္မယ္။ ၿပီးေတာ့ အိမ္ေတြမွာထားရင္ ေနျပင္းတာနဲ႔ အနံ႔အသက္မေကာင္းတာနဲ႔၊ ၿပီးေတာ့ တိုက္ခန္းေတြ ျဖစ္တဲ့အတြက္ ေလလံုေနတာနဲ႔ က်န္းမာေရးအတြက္ အျခားသူေတြ ထိခိုက္ၾကမယ္။ အဲဒါေၾကာင့္ ပုပ္ကုန္မွာေတြ ျဖစ္မွာစိုးလို႔ အခုေနာက္ပိုင္းမွာဆိုရင္ ရပ္ကြက္တူတယ္။

ဥပမာ သာေကတ၊ ထူပါရံုရပ္ကြက္ဆိုရင္ ထူပါရံုထဲမွာရိွတဲ့ က်ေနာ္တို႔ကို ဖုန္းဆက္ထားတဲ့ အေလာင္းေတြ ငါးေလာင္းရိွရင္ ငါးေလာင္းလံုးကို ေပါင္းၿပီးေတာ့ တင္သယ္ၾကတယ္။ ဒါမ်ဳိးေတြေတာ့ မတင္ခ်င္ပါဘူး။ ဒါေပမဲ့လဲ အလ်င္မီေအာင္လို႔ က်ေနာ္တုိ႔ တင္ၿပီးေတာ့ မီးသၿဂိဳလ္ေပးေနရတယ္။ အဲဒီေတာ့ နာေရးရွင္ေတြကလဲ က်ေနာ္တုိိ႔ကို နားလည္ေပးပါတယ္။ က်ေနာ္တို႔ကလဲ သူတုိ႔ေတြကို ပြင့္ပြင့္လင္းလင္း ေျပာျပတယ္။ က်ေနာ္တို႔ အေလာင္းေတြ ေပါင္းတင္မယ္။ က်ေနာ္တို႔ အေလာင္းေတြ ေပါင္းမတင္ဘဲနဲ႔ အခ်ိိန္မရနိုင္ဘူး။ ျမန္မာေတြမွာ အယူရိွတယ္ အေလာင္းေတြ ေရာက္မွ၊ သုႆန္ေတြမွာဆို တခ်ဳိ ႔ေတြ ရိွၾကတယ္။ ဒါေပမဲ့ သူတုိ႔လည္း နားလည္ေပးၾကတယ္။ အခုဟာက ေနဖို႔ထက္ ေသဖို႔က ပိုခက္ေနေတာ့ ဒီအေလာင္းႀကီးကို သုႆန္ကို ျမန္ျမန္ေရာက္ဖို႔အတြက္ကို သူတုိ႔အေနနဲ႔ နားလည္ေပးၿပီးေတာ့ ပရဟိတသမားေတြနဲ႔ နာေရးရွင္ေတြနဲ႔ နားလည္မႈယူၿပီးေတာ့ အေလာင္းေတြကို မ်ားစြာသၿဂိဳလ္ၾကရတယ္။ ဒါမွလဲ တစ္ေခါက္ကို ေလးနာရီေလာက္ ေစာင့္ရတဲ့အေျခအေနမွာ ေျခာက္ေလာင္းငါးေလာင္းေလာက္ ပါတယ္ဆိုရင္ပဲ ႏွစ္ေခါက္ဆိုရင္ ဆယ့္ႏွစ္ေလာင္း ဆယ္ေလာင္းဆိုေတာ့ ကားဆယ္စီးဆိုရင္ က်ေနာ္တုိ႔အေနနဲ႔ ေကာင္းေကာင္းႀကီးကို တေန႔ျပႆနာကို ကူညီေပးႏုိင္တယ္။ ဒီလိုမ်ဳိး မလုပ္ေတာ့ မလုပ္ခ်င္ပါဘူး။ ဒါေပမဲ့လဲ ဒီဘက္မွာလဲ ေစာင့္ဆိုင္းရတဲ့ အေျခအေန အခက္အခဲ ရိွတာေၾကာင့္ က်ေနာ္တို႔မွာ ဒီလိုလုပ္ရတယ္။ လူေတြအကုန္္လံုးလဲ ကပ္ေရာဂါႀကီးမွ ေက်ာ္လႊာႏိုင္ၾကပါေစ။ ၿပီးေတာ့ တာဝန္ရိွတဲ့လူေတြ အကုန္လံုးလည္း ဒီေရာဂါႀကီးကို အျမန္ဆံုး ထိန္းခ်ဳပ္ေပးႏိုင္ပါေစလို႔ ဆုေတာင္းပါတယ္။

ေမး ။ ။ ကိုဗစ္တတိယလိႈင္း ျဖစ္ေနတဲ့ ျမန္မာႏုိင္ငံမွာ ကိုပူတူးလည္း ေစာေစာကေျပာသြားပါတယ္။ ေသဆံုးသြားသူ အမ်ားစုက ကိုဗစ္ကပ္ေရာဂါေၾကာင့္လိုိေတာ့ ယူဆရတယ္။ ဒါေပမဲ့ သူတုိ႔အေနနဲ႔ ေဆးစစ္ႏိုင္ဖို႔ အေျခအေနမရိွသူေတြ အမ်ားႀကီးရိွပါတယ္။ ကိုပူတူးအေနနဲ႔ အခုလိုမ်ဳိး ေသဆံုးသြားသူေတြရဲ ႔ အေလာင္းေတြကို အခုလို နာေရးကူညီမႈေပးေနတဲ့ေနရာမွာ ကုိယ့္ကူညီေပးတဲ့သူက ဘယ္ႏွစ္ေယာက္က ကိုဗစ္ အတည္ျပဳလူနာေတြ ပါၿပီးေတာ့၊ ဘယ္ႏွစ္ေယာက္က သံသယလူနာျဖစ္တယ္လို႔ ေျပာလို႔ရပါသလဲရွင့္။

ေျဖ ။ ။ အခုသယ္ေဆာင္သမွ် dead body ေတြကေတာ့ ပြင့္ပြင့္လင္းလင္း ေျပာရရင္ ေအာက္ဆီဂ်င္ ျပတ္ၿပီးေတာ့ ေသဆံုးသြားၾကတာ။ ေအာက္ဆီဂ်င္မဝလို႔၊ ေအာက္ဆီဂ်င္ က်ၿပီးေတာ့ ေသဆံုးသြားတဲ့ dead body က အမ်ားဆံုးပဲ။ အခုလတ္တေလာ ဘန္းစကားနဲ႔ ေျပာရမယ္ဆိုရင္ ေရပန္းစားေနတဲ့ dead body က ဒီလိုမ်ဳိး ေအာက္ဆီဂ်င္ က်ၿပီးေတာ့ ေအာက္ဆီဂ်င္ျပတ္ၿပီးေတာ့ ေသဆံုးသြားတဲ့ dead body ေတြပဲ။ က်ေနာ္တို႔ဆီကို ေအာက္ဆီဂ်င္ အကူအညီေတာင္းတယ္။ ညဘက္ေတြ ဖုန္းဆက္တယ္။ က်ေနာ္တုိ႔မွာ ရိွတဲ့အိုးေတြလည္း မရိွေတာ့ဘူး။ အကုန္လံုး ငွားထားေပးတယ္။ က်ေနာ္တို႔ စိတ္မေကာင္းစြာနဲ႔ပဲ ျငင္းဆန္ခဲ့ရတယ္။ ၿပီးေတာ့ မနက္က်ေတာ့ က်ေနာ္တိုိ႔ကို ညဘက္ေခၚတဲ့ ဖုန္းနံပတ္္ေတြက ျပန္ဝင္လာတယ္။ က်မတို႔ရဲ ႔အေဖ၊ က်မတို႔ရဲ ႔အဖိုး၊ က်မတိုိ႔ရဲ ႔အေမ၊ က်မတို႔ရဲ ႔အဖြားကို လာၿပီးေတာ့ သယ္ေဆာင္ေပးပါ။ ဆံုးသြားပါၿပီ၊ ေအာက္ဆီဂ်င္ မလိုေတာ့ပါဘူးဆိုတဲ့ ဖုန္းေတြ ျပန္ဝင္လာခဲ့တယ္။ က်ေနာ္တို႔ မကူညီႏုိင္လိုက္ဘူး။ ဒါေပမဲ့ ေနာက္ဆံုး dead body ကို အေကာင္းဆံုး ကူညီေပးႏိုင္ေအာင္ စီစဥ္ေပးၾကတယ္။

ေမး ။ ။ ကိုပူတူး ေျပာျပသလို အခုလို အေျခအေနမွာ ကူညီေနရတယ္ဆုိတာ ကိုယ့္အတြက္လည္း စိတ္ေရာကိုယ္ပါ ေတာ္ေတာ္ေလး ပင္ပန္းတယ္ဆိုေတာ့ စိတ္လည္း ေတာ္ေတာ္ေလး စိတ္မခ်မ္းသာ ျဖစ္ရတယ္လို႔ ေျပာပါတယ္ဆိုေတာ့ ေရွ ႔ဆက္ၿပီး ေန႔တုိင္းကူညီႏုိင္ေအာင္လို႔ ကိုယ့္ကိုယ္ကို ဘယ္လိုမ်ဳိး အားေမြးၿပီးေတာ့၊ ဘယ္လိုမ်ဳိး စိတ္ခြန္အားထားၿပီးေတာ့ ကူညီေနတာလဲဆိုတာကို သိပါရေစရွင့္။

ေျဖ ။ ။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ က်ေနာ့္အေဖ ဆံုးတုန္းကဆိုရင္ ေကာင္းေကာင္း၊ က်ေနာ့္ဆရာသမားကိုယ္တိုင္ ဦးေဆာင္ၿပီးေတာ့ က်ေနာ့္အေဖ dead body ကို သယ္ေပးတယ္။ ၿပီးေတာ့ ခမ္းခမ္းနားနားနဲ႔ ခန္းမေတြမွာ လူစည္းစည္းကားကားနဲ႔ မီးသၿဂိဳလ္ေပးႏိုင္ခဲ့တယ္။ အခုဆိုရင္ ပိုက္ဆံခ်မ္းသာတယ္လူပဲျဖစ္ျဖစ္၊ ပိုက္ဆံမရိွဆင္းရဲသားပဲျဖစ္ျဖစ္ ဘယ္သူမွ ခန္းမနဲ႔ေတာင္ မသြားေတာ့ဘူး။ အခုဆိုရင္ ေရာက္တာနဲ႔ တန္းသၿဂိဳလ္ေပါ့။ ဒီလိုဆိုေတာ့ ကိုယ္ခ်င္စာတယ္။ ပြင့္ပြင့္လင္းလင္း ေျပာရရင္ သူတုိ႔လည္း အေဖအေမ - သူတုိ႔အေဖ၊ အေမဆံုးသြားတဲ့အခ်ိန္မွာ အေကာင္းဆံုးေတာ့ လုပ္ေပးခ်င္ၾကမွာပဲ။ ဒါေပမဲ့ အခုအခ်ိန္မွာ ျဖစ္ေပၚေနတဲ့ ကပ္ေရာဂါႀကီးေၾကာင့္ သူတုိ႔က မလုပ္ေပးႏိုင္ခဲ့ဘူး။ သူတို႔မ်ားစြာ ငိုေၾကြးရတယ္။ အဲဒါေတြကို က်ေနာ္တို႔ ေန႔တဓုဝမ်ားစြာ ခံစားေနရတယ္။ ရင္ထဲေတာ့ မေကာင္းဘူး။ ဒါေပမဲ့ စိတ္လည္းမေကာင္းဘူး။ ဒါေပမဲ့ သူတုိ႔ရဲ ႔ ေသာကေတြကို မွ်ေဝမယ္ဆိုတဲ့ ခံစားခ်က္နဲ႔ က်ေနာ္မွာလည္း မိသားစုရိွတယ္။ အေမလည္း ရိွတယ္။ အေမလည္း အသက္ႀကီးၿပီးဆိုေတာ့ က်ေနာ္တုိ႔ကိုယ္တုိင္လည္း ေရာဂါကူးႏိုင္တယ္။ ဒါေပမဲ့ ငါတုိ႔ မျဖစ္ေသးသေရြ ႔ ကူညီေပးေနမယ္။ တျခားလူေတြလဲ ငါတုိ႔ မိသားစုဝင္ေတြပဲ - သူတုိ႔ေတြရဲ ႔ ေသာကေတြကို ငါတို႔ တပူမင္းနဲ႔တပူ ငါတုိ႔ ကူညီႏိုင္ေအာင္ ႀကိဳးစားၾကမယ္ဆိုတဲ့စိတ္နဲ႔ က်ေနာ္တို႔ မနက္ဆိုရင္သြားတယ္။ သုႆန္သြားတယ္။ ကားထုတ္တယ္။ လမ္းေၾကာင္းေတြမ်ားစြာကို ဆြဲတယ္။ ညေနဆိုရင္ သုႆန္ပိတ္တဲ့အခ်ိန္ဆိုရင္ ကားေတြထားၿပီးေတာ့ အိမ္ျပန္ၾကတယ္။ အိမ္ျပန္ေရာက္တဲ့အခါ ငါတို႔ဘာလုပ္ခဲ့တယ္ဆိုတာကို ျပန္စဥ္းစားၾကည့္တဲ့အခါ တအားစိတ္မေကာင္းျဖစ္ရတယ္။

ေမး ။ ။ ကိုပူတူး ေစာေစာကေျပာခဲ့သလိုပဲ ကိုဗစ္ကပ္ေရာဂါေၾကာင့္ ဆံုးသြားတဲ့ လူနာေတြကို ကိုယ္က အနီးကပ္ကိုင္တြယ္ေနရတဲ့အတြက္ ကိုယ့္အတြက္လဲ အႏၱရာယ္မ်ားပါတယ္။ ဒီေရာဂါကူးႏိုင္တယ္။ အရမ္းသိပ္အႏၱရာယ္မ်ားတယ္။ ေနာက္ ပရဟိတ အကူအညီေပးေနတဲ့အတြက္ တျခားအႏၱရာယ္ေတြလည္း အမ်ားႀကီးရိွေနပါတယ္ဆိုေတာ့ ဒီလိုအေျခအေနၾကားမွာ အႏၱရာယ္ေတြၾကားမွာ အခုလိုမ်ဳိးကို စိတ္ေရာလူေရာ အပင္ပန္းခံၿပီးေတာ့ ကူညီေပးေနတာ ဘာေၾကာင့္ပါလဲရွင့္။

ေျဖ ။ ။ က်ေနာ္ေျပာေနၾကစကားအတိုင္း ေျပာရရင္ ကိုယ္ခ်င္စာတယ္။ က်ေနာ့္မိသားစုဝင္ထဲမွာ ဒီလိုအခ်ိန္မွာ တစ္ခုခု တစ္ေယာက္ေယာက္ ျဖစ္သြားခဲ့ရင္လဲ တအားခက္ခဲေနမယ္ဆိုတာလဲ က်ေနာ္ သေဘာေပါက္တယ္။ အခုအခ်ိန္မွာ ဆင္းရဲတဲ့လူပဲျဖစ္ျဖစ္၊ ခ်မ္းသာတဲ့လူပဲျဖစ္ျဖစ္ ပိုက္ဆံရိွတိုင္းလဲ လုပ္လို႔မရတဲ့အရာေတြ အခုအခ်ိန္မွာ အမ်ားႀကီးေတြ႔ရတယ္။ တကယ့္လက္ေတြ႔ ဘုရားကျပတဲ့ တရားေတြပဲ။ အဲဒီေတာ့ အခုအခ်ိန္မွာ အားလံုးဟာ က်ေနာ္တို႔ေျပာခ်င္တာ လူမွာ ဆင္းရဲတာပဲျဖစ္ျဖစ္၊ ခ်မ္းသာတာပဲျဖစ္ျဖစ္ လူဟာလူပဲ အဲဒီေတာ့ အေကာင္းဆံုး ကိုယ့္ပတ္ဝန္းက်င္ကို ကူညီၾကမယ္။ အေကာင္းဆံုး ေဖးမၾကမယ္။ ၿပီးေတာ့ ဒီေရာဂါႀကီးကို အတူတူတိုက္္ထုတ္ၾကမယ္။ ဒီလိုပဲ ေျပာခ်င္ပါတယ္။

မစုျမတ္မြန္ ။ ။ အခုလိုမ်ဳိး အခ်ိန္ေပးၿပီးေတာ့ ေျဖၾကားေပးတဲ့အတြက္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္။

ကိုပူတူး ။ ။ ေက်းဇူးပါ။

== Unicode ==

ရန်ကုန်မြို့မှာ သေဆုံးသွားသူတွေရဲ့ အလောင်းတွေ အချိန်မီ မီးသဂြိုလ်နိုင်အောင် ကြိုးစားသယ်ယူပေးနေရတယ်လို့ နာရေးပရဟိတ အကူအညီပေးနေတဲ့ ကိုပူတူးက ပြောပါတယ်။ ကပ်ရောဂါ ကူးစက်နိုင်တဲ့ အခြေအနေ၊ အခက်အခဲတွေကြားက ပရဟိတသမားတွေ အကူအညီပေးနေကြရတဲ့ အခြေအနေကို မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ကိုပူတူးရှင့်။ ကိုပူတူးက မြန်မာနိုင်ငံမှာ ပရဟိတစေတနာရှင်တစ်ယောက် ဖြစ်ပါတယ်။ အခုလက်ရှိမှာတော့ ကိုဗစ်လူနာတွေအတွက် အောက်ဆီဂျင် ရနိုင်အောင် ကြိုးစားပေးနေသူတစ်ယောက် ဖြစ်တယ်။ နောက်ပြီးတော့ သေဆုံးသွားသူတွေအတွက်လည်း နာရေးကူညီပေးနေသူတစ်ယောက်လည်း ဖြစ်ပါတယ်ဆိုတော့ အခုလက်ရှိ ဒီရက်ပိုင်းအတွင်းမှာ တနေ့တနေ့ ဖြတ်သန်းနေရာတာ ဘာတွေလုပ်ပေးနေရလဲ။ ဘယ်လိုဖြတ်သန်းနေရသလဲဆိုတာကို အရင်ဦးဆုံး ပြောပြပေးပါရှင့်။

ဖြေ ။ ။ မင်္ဂလာပါ အမ။ ကျနော် ဒီရက်ပိုင်းတွေမှာဆိုရင် အရင် ကိုဗစ် အရမ်းကြီးမဆိုးခင်ကဆိုရင်တော့ အဖိုးအဖွားတွေကို ကူညီပေးဖြစ်တယ်။ နွမ်းပါးတဲ့ အဖိုးအဖွားတွေကို သွားပြီးတော့ လှူဒါန်းတာ၊ ကူညီပေးတာတို့၊ အိမ်စောင့်ပေးတာတို့ကို လုပ်ခဲ့ပြီး၊ အခုဒီတခေါက်မှာတော့ ကိုဗစ်တွေဖြစ်တော့ အရင်တုန်းကလဲ ကူညီမှုတွေ လုပ်ခဲ့တယ်။ First wave, second wave မှာလည်း ကျနော်တို့ အကောင်းဆုံးကူညီပေးခဲ့တယ်။ အခု third wave မှာတော့ ထိန်းချုပ်လူနာထက်၊ dead body တွေကို အများဆုံး ကျနော်တို့ ပို့ဆောင်ပေးနေရတယ်။ ဒီရက်ပိုင်းမှာတော့ dead body တွေ အရမ်းများပြားလာခဲ့တယ်။ ကွယ်လွန်သွားကြတဲ့ တယောက်ချင်းဆီရဲ့ မိသားစုဝင်တွေကို ဒီနေရာကနေ စိတ်မကောင်းပါဘူးလို့ ပြောလိုပါတယ်။

မေး ။ ။ အခုလိုမျိုး ကိုပူတူးတို့လို သူများကို ကူညီပေးနေကြတဲ့ တော်တော်များများက အခုရက်ပိုင်းအတွင်း ပြောနေတာကို ကြားနေရတာက သူတို့တွေ တော်တော်လေး စိတ်ညစ်ကြတယ်။ အဆင်မပြေမှုတွေများလို့။ ကိုပူတူးကိုယ်တိုင်ကော ကူညီနေရတဲ့ အခြေအနေမှာ ကိုယ့်အတွက် စိတ်ပျက်လက်ပျက်စရာ ဘာတွေတွေ့ကြုံနေရသလဲဆိုတာကို ပြောပြလို့ရမလားရှင့်။

ဖြေ ။ ။ ပွင့်ပွင့်လင်းလင်း ပြောရမယ်ဆိုရင်တော့ ပထမဦးဆုံးအနေနဲ့တော့ ဒီလို dead body တွေ အမြောက်အမြားကို ဘယ်သူမှ မသယ်ဆောင်ချင်ကြဘူူး။ ကျနော်တို့တွေက လူသားတွေပဲ။ လူသားတိုင်းဟာ ကျနော်တို့ရဲ့ အမျိုးအဆွေတွေပဲ - ကျနော့်အမျိုးတွေ၊ မိတ်ဆွေတွေပဲ။ တယောက်ချင်းဆီ ဘယ်သူပဲဖြစ်ဖြစ် သိတဲ့လူဖြစ်ဖြစ်၊ မသိတဲ့လူဖြစ်ဖြစ် သေဆုံးသွားတာဟာ ကျနော်တို့ ဆွေမျိုးတွေ သေဆုံးသွားသလို အတူတူပါပဲ။ အဲဒီအတွက်ကို အရမ်းဝမ်းနည်းရတယ်။ ပြီးတော့ အရင်နဲ့မတူတာက ကျနော်တို့ ဒီလိုမျိုး သုဿန်တွေမှာ ပြည့်နှက်သွားတဲ့အထိ dead body တွေ မရှိခဲ့ပါဘူး။ ကျနော်တို့ volunteer လုပ်ခဲ့တဲ့ dead body သယ်ဆောင်ခဲ့တဲ့ သက်တမ်းတောက်လျှောက်မှာ ဒီလောက်အထိ များပြားတယ်ဆိုတာကို မတွေ့ခဲ့ပါဘူး။ ဒါက ပထမဦးဆုံးကြုံခြင်းပါ။ ကျနော့်အနေနဲ့ ပြောတာပါ - ပထမဦးဆုံးကြုံခြင်းပါ။ အရမ်းကို စိတ်ထိခိုက်ရတယ်။ ပြီးတော့ ကိုယ်သယ်ဆောင်ရတဲ့ တစ်လောင်ချင်းဆီမှာလဲ မိသားစုဝင်တွေ ရှိကြတယ်။ သူတို့မိသားစုဝင်တွေရဲ့ သောကတွေ၊ မိသားစုဝင်တွေရဲ့ ပူဆွေးဝမ်းနည်းမှုတွေက ကျနော်တို့အပေါ်ပါ လွှမ်းမိုးတာကြောင့် ကျနော်တို့လည်း ထပ်တူခံစားရတယ်။ အဲဒီအတွက် စိတ်ထိခိုက်ကြရတယ်။

မေး ။ ။ အခုဖြစ်နေတဲ့ လက်ရှိပြဿနာတစ်ခုက အလောင်းတွေကို အလျင်မီအောင်လို့ မီးရှို့မပေးနိုင်တဲ့ ပြဿနာ။ သုဿန်တွေမှာ အခုနပြောသလိုပဲ အလောင်းတွေကို အလျင်မီအောင် မီးမရှို့ပေးနိုင်တဲ့အတွက် တန်းစီးစောင့်နေရတာမျိုး၊ အခက်အခဲတွေ အများကြီးဖြစ်နေတယ်။ ဒါက ကိုပူတူးတို့လို နာရေအကူအညီပေးနေသူတွေအတွက် တော်တော်လေး အခက်အခဲ ဖြစ်မယ်လို့ ထင်ပါတယ်ရှင့်။

ဖြေ ။ ။ သုဿန်တွေကတော့ သူ့ဟာနဲ့သူတော့ ကူညီပေးနေတယ်။ သူတို့လည်း မီးသဂြိုလ်ပေးတဲ့ဟာကို အရင်ရှိတဲ့စက်အတိုင်းပဲ လုပ်ပေးတယ်။ ဒါပေမဲ့ သူတို့မနိုင်တော့ဘူးဆိုတာ အနောက်မှာ များစွာသော အလောင်းတွေက ရောက်ရောက်လာတာ ဖြစ်တဲ့အတွက် သူတို့မှာလဲ မနိုင်ဝန်တွေ တအားထမ်းရတယ်။ ကျနော်တို့ ပရဟိတသမားတွေမှ မဟုတ်ဘူး၊ သုဿန်မှာရှိတဲ့ ဝန်ထမ်းတွေလည်း များစွာသနားဖို့ကောင်းတယ်။ များစွာစိတ်ထိခိုက်နေကြတယ်။ သူတို့ နေ့စဉ်နဲ့အမျှ ဘာရောဂါနဲ့ သေမှန်းမသိတဲ့ အလောင်းပေါင်းများစွာကို မီးသဂြိုလ်ပေးရတယ်။ အဲဒီအတွက် သူတို့မှာလည်း မိသားစုဝင်တွေ ရှိတယ်။ သူတို့ကို ထိခိုက်ရင် သူတို့မိသားစုဝင်တွေလည်း ထိခိုက်မှာပဲ။ ဘာပဲဖြစ်ဖြစ် သူတို့ဟာ ကျနော်တို့ ပရဟိတသမားတွေလိုပဲ သူတို့လည်း ပရဟိတသမားတွေပါပဲ။ အဲဒီတော့ သူတို့လည်း မနိုင်ဝန်ထမ်းပြီးတော့ များစွာကူညီပေးနေကြပါတယ်။ အလောင်းတွေ ပုံသွားတယ်ဆိုတာကလဲ ကျနော်တို့ လူသေတစ်လောင်းမီးရှို့ရင် အချိန်ပေးရတယ်။ အလောင်းပေါင်းများစွာ ဖြစ်သွားတော့ တစ်လောင်းပြီးမှ တစ်လောင်းရှို့ရတော့ အဲဒီမှာ အလောင်းတွေက ပုံသွားတာပေါ့။

မေး ။ ။ ဘာဖြစ်လို့ အဲဒီလိုမျိုး အလောင်းတွေ ပုံနေရတဲ့ ပြဿနာကို ရှင်းသွားအောင်လို့ ဘယ်လိုမျိုး လုပ်လို့ရမယ်လို့ ကိုပူတူးတို့ အကြံပေးချင်လဲရှင့်။

ဖြေ ။ ။ ကျနော်တို့ အခုဆိုရင် အလောင်းပေါင်း ခြောက်ဆယ် သတ်မှတ်ထားတယ်။ ခြောက်ဆယ်ထက်မကလဲ ဖုန်းတွေဝင်တယ်။ နောက်နေ့အတွက်ကို booking စနစ်နဲ့ မှတ်ရတယ်။ ဒီလိုမျိုးဟာတွေ မမှတ်ချင်ဘူး။ ဒါပေမဲ့ booking ဆိုပြီးတော့ မှတ်ရတယ်။ တနေ့ကို အလောင်းခြောက်ဆယ် အလျင်မီအောင်၊ အလျင်သင့်အောင် သဂြိုလ်ရတယ်။ မီးသဂြိုလ်နိုင်အောင် လုပ်ရတယ်။ အရင်ရက်ပိုင်း စဖြစ်ဖြစ်ချင်း ရက်တွေမှာတော့ အလောင်းတွေကို သုဿန်ရောက်တာနဲ့ အဲဒီမှာချပြီး၊ ပုံပြီးထားတယ်။ အဲဒီလိုပုံပြီးထားတော့ တစ်လောင်ချင်းဆီ သယ်ပေးနိုင်တယ်။ ကားတစ်စီးကို တစ်လောင်းနှုန်း သယ်ပြီးတော့ သုဿန်မှာ ချပေးခဲ့တယ်။ ပြီးတော့ token စနစ်နဲ့ မီးသဂြိုလ်တယ်။ ကိုယ့်အလှည့်ရောက်ရင် မီးသဂြိုလ်လို့ ရတယ်။ ကျနော်တို့ လွန်ခဲ့တဲ့ လေးရက်လောက်ကစပြီးတော့ သူတို့ရဲ့ သုဿန်စနစ် ပြောင်းသွားတယ်။ ကားတွေအကုန်လုံး တန်းစီးရတယ်။ ဝင်လာတဲ့ နိဗ္ဗာန်ယာဉ်တွေ တန်းစီးပြီးတော့ တစ်စီးပြီးမှတစ်စီး မီးသဂြိုလ်လို့ ရတယ်။

အဲဒီအချိန်မှာ ဘာဖြစ်သွားလဲဆိုတော့ ရန်ကုန်မြို့က ပရဟိတအဖွဲ့တွေရဲ့ ကားတွေက သုဿန်မှာ ပြည့်သွားတယ်။ ပြည့်သွားပြီး တစ်စီးပြီးမှ တစ်စီးဖြစ်သွားတော့ ကျနော်တို့ တင်လာတဲ့ အလောင်းက နောက်ရောက်လေလေ၊ ကျနော်တို့ စောင့်ရတဲ့အချိန်က လေးနာရီလောက် ကြာတယ်။ သယ်တာနဲ့ဆိုရင် ငါးနာရီလောက် ကြာတယ်။ အဲဒီတော့ တစ်လောင်းကို လေးနာရီ၊ ငါးနာရီ စောင့်ရတော့ ကျနော်တို့ ကားဆယ်စီးပဲရှိအုံး၊ တစ်နေ့ကို ကားတစ်စီးကို နှစ်ခေါက်ပဲထားအုံး နှစ်လောင်း၊ ဆယ်စီးဆို အလောင်းနှစ်ဆယ်ပဲ သဂြိုလ်နိုင်တယ်။ ကျနော်တို့ဆီမှာရှိတာ အလောင်းခြောက်ဆယ်ဆိုတော့ ပုံနေလိမ့်မယ်။ ပြီးတော့ အိမ်တွေမှာထားရင် နေပြင်းတာနဲ့ အနံ့အသက်မကောင်းတာနဲ့၊ ပြီးတော့ တိုက်ခန်းတွေ ဖြစ်တဲ့အတွက် လေလုံနေတာနဲ့ ကျန်းမာရေးအတွက် အခြားသူတွေ ထိခိုက်ကြမယ်။ အဲဒါကြောင့် ပုပ်ကုန်မှာတွေ ဖြစ်မှာစိုးလို့ အခုနောက်ပိုင်းမှာဆိုရင် ရပ်ကွက်တူတယ်။

ဥပမာ သာကေတ၊ ထူပါရုံရပ်ကွက်ဆိုရင် ထူပါရုံထဲမှာရှိတဲ့ ကျနော်တို့ကို ဖုန်းဆက်ထားတဲ့ အလောင်းတွေ ငါးလောင်းရှိရင် ငါးလောင်းလုံးကို ပေါင်းပြီးတော့ တင်သယ်ကြတယ်။ ဒါမျိုးတွေတော့ မတင်ချင်ပါဘူး။ ဒါပေမဲ့လဲ အလျင်မီအောင်လို့ ကျနော်တို့ တင်ပြီးတော့ မီးသဂြိုလ်ပေးနေရတယ်။ အဲဒီတော့ နာရေးရှင်တွေကလဲ ကျနော်တို့ကို နားလည်ပေးပါတယ်။ ကျနော်တို့ကလဲ သူတို့တွေကို ပွင့်ပွင့်လင်းလင်း ပြောပြတယ်။ ကျနော်တို့ အလောင်းတွေ ပေါင်းတင်မယ်။ ကျနော်တို့ အလောင်းတွေ ပေါင်းမတင်ဘဲနဲ့ အချိန်မရနိုင်ဘူး။ မြန်မာတွေမှာ အယူရှိတယ် အလောင်းတွေ ရောက်မှ၊ သုဿန်တွေမှာဆို တချို့တွေ ရှိကြတယ်။ ဒါပေမဲ့ သူတို့လည်း နားလည်ပေးကြတယ်။ အခုဟာက နေဖို့ထက် သေဖို့က ပိုခက်နေတော့ ဒီအလောင်းကြီးကို သုဿန်ကို မြန်မြန်ရောက်ဖို့အတွက်ကို သူတို့အနေနဲ့ နားလည်ပေးပြီးတော့ ပရဟိတသမားတွေနဲ့ နာရေးရှင်တွေနဲ့ နားလည်မှုယူပြီးတော့ အလောင်းတွေကို များစွာသဂြိုလ်ကြရတယ်။ ဒါမှလဲ တစ်ခေါက်ကို လေးနာရီလောက် စောင့်ရတဲ့အခြေအနေမှာ ခြောက်လောင်းငါးလောင်းလောက် ပါတယ်ဆိုရင်ပဲ နှစ်ခေါက်ဆိုရင် ဆယ့်နှစ်လောင်း ဆယ်လောင်းဆိုတော့ ကားဆယ်စီးဆိုရင် ကျနော်တို့အနေနဲ့ ကောင်းကောင်းကြီးကို တနေ့ပြဿနာကို ကူညီပေးနိုင်တယ်။ ဒီလိုမျိုး မလုပ်တော့ မလုပ်ချင်ပါဘူး။ ဒါပေမဲ့လဲ ဒီဘက်မှာလဲ စောင့်ဆိုင်းရတဲ့ အခြေအနေ အခက်အခဲ ရှိတာကြောင့် ကျနော်တို့မှာ ဒီလိုလုပ်ရတယ်။ လူတွေအကုန်လုံးလဲ ကပ်ရောဂါကြီးမှ ကျော်လွှာနိုင်ကြပါစေ။ ပြီးတော့ တာဝန်ရှိတဲ့လူတွေ အကုန်လုံးလည်း ဒီရောဂါကြီးကို အမြန်ဆုံး ထိန်းချုပ်ပေးနိုင်ပါစေလို့ ဆုတောင်းပါတယ်။

မေး ။ ။ ကိုဗစ်တတိယလှိုင်း ဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ကိုပူတူးလည်း စောစောကပြောသွားပါတယ်။ သေဆုံးသွားသူ အများစုက ကိုဗစ်ကပ်ရောဂါကြောင့်လိုတော့ ယူဆရတယ်။ ဒါပေမဲ့ သူတို့အနေနဲ့ ဆေးစစ်နိုင်ဖို့ အခြေအနေမရှိသူတွေ အများကြီးရှိပါတယ်။ ကိုပူတူးအနေနဲ့ အခုလိုမျိုး သေဆုံးသွားသူတွေရဲ့ အလောင်းတွေကို အခုလို နာရေးကူညီမှုပေးနေတဲ့နေရာမှာ ကိုယ့်ကူညီပေးတဲ့သူက ဘယ်နှစ်ယောက်က ကိုဗစ် အတည်ပြုလူနာတွေ ပါပြီးတော့၊ ဘယ်နှစ်ယောက်က သံသယလူနာဖြစ်တယ်လို့ ပြောလို့ရပါသလဲရှင့်။

ဖြေ ။ ။ အခုသယ်ဆောင်သမျှ dead body တွေကတော့ ပွင့်ပွင့်လင်းလင်း ပြောရရင် အောက်ဆီဂျင် ပြတ်ပြီးတော့ သေဆုံးသွားကြတာ။ အောက်ဆီဂျင်မဝလို့၊ အောက်ဆီဂျင် ကျပြီးတော့ သေဆုံးသွားတဲ့ dead body က အများဆုံးပဲ။ အခုလတ်တလော ဘန်းစကားနဲ့ ပြောရမယ်ဆိုရင် ရေပန်းစားနေတဲ့ dead body က ဒီလိုမျိုး အောက်ဆီဂျင် ကျပြီးတော့ အောက်ဆီဂျင်ပြတ်ပြီးတော့ သေဆုံးသွားတဲ့ dead body တွေပဲ။ ကျနော်တို့ဆီကို အောက်ဆီဂျင် အကူအညီတောင်းတယ်။ ညဘက်တွေ ဖုန်းဆက်တယ်။ ကျနော်တို့မှာ ရှိတဲ့အိုးတွေလည်း မရှိတော့ဘူး။ အကုန်လုံး ငှားထားပေးတယ်။ ကျနော်တို့ စိတ်မကောင်းစွာနဲ့ပဲ ငြင်းဆန်ခဲ့ရတယ်။ ပြီးတော့ မနက်ကျတော့ ကျနော်တို့ကို ညဘက်ခေါ်တဲ့ ဖုန်းနံပတ်တွေက ပြန်ဝင်လာတယ်။ ကျမတို့ရဲ့အဖေ၊ ကျမတို့ရဲ့အဖိုး၊ ကျမတို့ရဲ့အမေ၊ ကျမတို့ရဲ့အဖွားကို လာပြီးတော့ သယ်ဆောင်ပေးပါ။ ဆုံးသွားပါပြီ၊ အောက်ဆီဂျင် မလိုတော့ပါဘူးဆိုတဲ့ ဖုန်းတွေ ပြန်ဝင်လာခဲ့တယ်။ ကျနော်တို့ မကူညီနိုင်လိုက်ဘူး။ ဒါပေမဲ့ နောက်ဆုံး dead body ကို အကောင်းဆုံး ကူညီပေးနိုင်အောင် စီစဉ်ပေးကြတယ်။

မေး ။ ။ ကိုပူတူး ပြောပြသလို အခုလို အခြေအနေမှာ ကူညီနေရတယ်ဆိုတာ ကိုယ့်အတွက်လည်း စိတ်ရောကိုယ်ပါ တော်တော်လေး ပင်ပန်းတယ်ဆိုတော့ စိတ်လည်း တော်တော်လေး စိတ်မချမ်းသာ ဖြစ်ရတယ်လို့ ပြောပါတယ်ဆိုတော့ ရှေ့ဆက်ပြီး နေ့တိုင်းကူညီနိုင်အောင်လို့ ကိုယ့်ကိုယ်ကို ဘယ်လိုမျိုး အားမွေးပြီးတော့၊ ဘယ်လိုမျိုး စိတ်ခွန်အားထားပြီးတော့ ကူညီနေတာလဲဆိုတာကို သိပါရစေရှင့်။

ဖြေ ။ ။ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျနော့်အဖေ ဆုံးတုန်းကဆိုရင် ကောင်းကောင်း၊ ကျနော့်ဆရာသမားကိုယ်တိုင် ဦးဆောင်ပြီးတော့ ကျနော့်အဖေ dead body ကို သယ်ပေးတယ်။ ပြီးတော့ ခမ်းခမ်းနားနားနဲ့ ခန်းမတွေမှာ လူစည်းစည်းကားကားနဲ့ မီးသဂြိုလ်ပေးနိုင်ခဲ့တယ်။ အခုဆိုရင် ပိုက်ဆံချမ်းသာတယ်လူပဲဖြစ်ဖြစ်၊ ပိုက်ဆံမရှိဆင်းရဲသားပဲဖြစ်ဖြစ် ဘယ်သူမှ ခန်းမနဲ့တောင် မသွားတော့ဘူး။ အခုဆိုရင် ရောက်တာနဲ့ တန်းသဂြိုလ်ပေါ့။ ဒီလိုဆိုတော့ ကိုယ်ချင်စာတယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် သူတို့လည်း အဖေအမေ - သူတို့အဖေ၊ အမေဆုံးသွားတဲ့အချိန်မှာ အကောင်းဆုံးတော့ လုပ်ပေးချင်ကြမှာပဲ။ ဒါပေမဲ့ အခုအချိန်မှာ ဖြစ်ပေါ်နေတဲ့ ကပ်ရောဂါကြီးကြောင့် သူတို့က မလုပ်ပေးနိုင်ခဲ့ဘူး။ သူတို့များစွာ ငိုကြွေးရတယ်။ အဲဒါတွေကို ကျနော်တို့ နေ့တဓုဝများစွာ ခံစားနေရတယ်။ ရင်ထဲတော့ မကောင်းဘူး။ ဒါပေမဲ့ စိတ်လည်းမကောင်းဘူး။ ဒါပေမဲ့ သူတို့ရဲ့ သောကတွေကို မျှဝေမယ်ဆိုတဲ့ ခံစားချက်နဲ့ ကျနော်မှာလည်း မိသားစုရှိတယ်။ အမေလည်း ရှိတယ်။ အမေလည်း အသက်ကြီးပြီးဆိုတော့ ကျနော်တို့ကိုယ်တိုင်လည်း ရောဂါကူးနိုင်တယ်။ ဒါပေမဲ့ ငါတို့ မဖြစ်သေးသရွေ့ ကူညီပေးနေမယ်။ တခြားလူတွေလဲ ငါတို့ မိသားစုဝင်တွေပဲ - သူတို့တွေရဲ့ သောကတွေကို ငါတို့ တပူမင်းနဲ့တပူ ငါတို့ ကူညီနိုင်အောင် ကြိုးစားကြမယ်ဆိုတဲ့စိတ်နဲ့ ကျနော်တို့ မနက်ဆိုရင်သွားတယ်။ သုဿန်သွားတယ်။ ကားထုတ်တယ်။ လမ်းကြောင်းတွေများစွာကို ဆွဲတယ်။ ညနေဆိုရင် သုဿန်ပိတ်တဲ့အချိန်ဆိုရင် ကားတွေထားပြီးတော့ အိမ်ပြန်ကြတယ်။ အိမ်ပြန်ရောက်တဲ့အခါ ငါတို့ဘာလုပ်ခဲ့တယ်ဆိုတာကို ပြန်စဉ်းစားကြည့်တဲ့အခါ တအားစိတ်မကောင်းဖြစ်ရတယ်။

မေး ။ ။ ကိုပူတူး စောစောကပြောခဲ့သလိုပဲ ကိုဗစ်ကပ်ရောဂါကြောင့် ဆုံးသွားတဲ့ လူနာတွေကို ကိုယ်က အနီးကပ်ကိုင်တွယ်နေရတဲ့အတွက် ကိုယ့်အတွက်လဲ အန္တရာယ်များပါတယ်။ ဒီရောဂါကူးနိုင်တယ်။ အရမ်းသိပ်အန္တရာယ်များတယ်။ နောက် ပရဟိတ အကူအညီပေးနေတဲ့အတွက် တခြားအန္တရာယ်တွေလည်း အများကြီးရှိနေပါတယ်ဆိုတော့ ဒီလိုအခြေအနေကြားမှာ အန္တရာယ်တွေကြားမှာ အခုလိုမျိုးကို စိတ်ရောလူရော အပင်ပန်းခံပြီးတော့ ကူညီပေးနေတာ ဘာကြောင့်ပါလဲရှင့်။

ဖြေ ။ ။ ကျနော်ပြောနေကြစကားအတိုင်း ပြောရရင် ကိုယ်ချင်စာတယ်။ ကျနော့်မိသားစုဝင်ထဲမှာ ဒီလိုအချိန်မှာ တစ်ခုခု တစ်ယောက်ယောက် ဖြစ်သွားခဲ့ရင်လဲ တအားခက်ခဲနေမယ်ဆိုတာလဲ ကျနော် သဘောပေါက်တယ်။ အခုအချိန်မှာ ဆင်းရဲတဲ့လူပဲဖြစ်ဖြစ်၊ ချမ်းသာတဲ့လူပဲဖြစ်ဖြစ် ပိုက်ဆံရှိတိုင်းလဲ လုပ်လို့မရတဲ့အရာတွေ အခုအချိန်မှာ အများကြီးတွေ့ရတယ်။ တကယ့်လက်တွေ့ ဘုရားကပြတဲ့ တရားတွေပဲ။ အဲဒီတော့ အခုအချိန်မှာ အားလုံးဟာ ကျနော်တို့ပြောချင်တာ လူမှာ ဆင်းရဲတာပဲဖြစ်ဖြစ်၊ ချမ်းသာတာပဲဖြစ်ဖြစ် လူဟာလူပဲ အဲဒီတော့ အကောင်းဆုံး ကိုယ့်ပတ်ဝန်းကျင်ကို ကူညီကြမယ်။ အကောင်းဆုံး ဖေးမကြမယ်။ ပြီးတော့ ဒီရောဂါကြီးကို အတူတူတိုက်ထုတ်ကြမယ်။ ဒီလိုပဲ ပြောချင်ပါတယ်။

မစုမြတ်မွန် ။ ။ အခုလိုမျိုး အချိန်ပေးပြီးတော့ ဖြေကြားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်။

ကိုပူတူး ။ ။ ကျေးဇူးပါ။

XS
SM
MD
LG