သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကုလနဲ႔ ႏိုင္ငံတကာဖိအား ထိေရာက္ေအာင္ လုပ္ေဆာင္ေရး


ဥေရာပအေျခစိုက္ ျမန္မာ့အေရးႀကိဳးပမ္းသူ မေဝႏွင္းပြင့္သုန္
တိုက္႐ိုက္ လင့္ခ္

ျမန္မာႏိုင္ငံမွာ အၾကမ္းဖက္ႏွိမ္နင္းမႈေတြ ရပ္တန႔္ေရးနဲ႔ ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ဖို႔ ကုလနဲ႔ ႏိုင္ငံတကာက ထိေရာက္တဲ့ ဖိအားေပးမႈေတြ ေပၚထြက္ေအာင္ အေလးထား လုပ္ေဆာင္ရမယ္လို႔ ဥေရာပအေျခစိုက္ ျမန္မာ့အေရးႀကိဳးပမ္းသူ မေဝႏွင္းပြင့္သုန္က ေျပာပါတယ္။ မအင္ၾကင္းႏိုင္ ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မဂၤလာပါညီမ။ ကုလသမဂၢမွာ ျမန္မာႏုိင္ငံအတြက္ အေရးႀကီးဆံုး ျပႆနာက စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ျဖစ္လာတာက ဘယ္ကုိယ္စားလွယ္ဆိုတာပါပဲ။ ျမန္မာႏုိင္ငံအတြက္ ကိုယ္စားလွယ္က သူတုိ႔အတြက္ မျဖစ္မေန လက္ခံရေတာ့မယ္ဆိုေတာ့ ပထမဦးဆံုး ILO, WHO, ကုလသမဂၢ အျခားအဖြဲ႔အစည္းေတြမွာ ျမန္မာႏုိ္င္ငံနဲ႔ ပတ္သက္တဲ့ တရားဝင္ကိုယ္စားလွယ္ကို ဘယ္သူ႔ကိုလက္ခံမလဲ။ ဒီျပႆနာကို ကုလသမဂၢရဲ ႔ အေထြေထြညီလာခံမွာ ဆံုးျဖတ္မယ္ဆိုေတာ့ အခု အဲဒီအဆင့္ကိုေတာ့ သတ္မွတ္ထားတယ္။ လက္ရိွ Geneva မွာ က်င္းပေနတဲ့ လူ႔အခြင့္အေရးေကာင္စီ ညီလာခံမွာ ျမန္မာႏုိင္ငံရဲ ႔ ကိုယ္စားလွယ္ကိစၥ။ ေနာက္ ျမန္မာႏိုင္ငံကိစၥကို ေဆြးေႏြးတဲ့ အေနအထား ေနာက္ဆံုးအေျခအေနက ဘယ္လိုရိွသလဲ။

ေျဖ ။ ။ မဂၤလာပါ အမေရ။ အခု Geneva မွာရိွတဲ့ Human Rights Council မွာဆိုရင္ သူတို႔က ပထမဦးဆံုး သူတို႔ရဲ ႔ Agenda အရ ဆံုးျဖတ္တာက ဘာလဲဆိုေတာ့ ျမန္မာႏိုင္ငံအေရးကို ဆံုးျဖတ္ဖို႔ ျမန္မာႏုိင္ငံ Mission က လူေတြကို ထည့္ၿပီးေတာ့ ဆံုးျဖတ္သြားမလား။ ေဆြးေႏြးသြားမလား။ ဒါမွမဟုတ္ရင္ စစ္တပ္က ခန္႔ထားတဲ့ Myanmar Mission က အရာရိွေတြ၊ သံအမတ္ေတြကို ခ်န္ခဲ့ၿပီးေတာ့ သူတုိ႔ဟာနဲ႔သူတုိ႔ပဲ ေဆြးေႏြးသြားမလားဆိုတာကို သူတုိ႔ေတြ မဲေပးလုပ္ၾကတယ္။ အဲဒီအခါၾကေတာ့ ႏိုင္ငံေတာ္ေတာ္မ်ားမ်ားက သေဘာတူတာကေတာ့ ျမန္မာအေရးကို ေဆြးေႏြးမယ္ဆိုရင္ စစ္တပ္က ခန္႔ထားတဲ့ သံအမတ္ေတြနဲ႔ ေဆြးေႏြးဖို႔ မသင့္ေတာ္ဘူးဆိုတဲ့အေၾကာင္း၊ သူတို႔ကို ခ်န္ထားခဲ့မယ္။ အၿမဲတမ္းေတာ့ မဟုတ္ဘူးေပါ့။ အခုေလာေလာဆယ္ July Session တစ္ခုတည္းမွာပဲ ခ်န္ထားခဲ့မယ္ဆိုၿပီးေတာ့ သူတုိ႔ဆံုးျဖတ္ခဲ့တယ္။

ဒါေပမဲ့ အဲဒီကိစၥကေတာ့ ေတာ္ေတာ္အေရးႀကီးတယ္လို႔ ေျပာလို႔ရတယ္။ ေလာေလာဆယ္ NUG အစိုးရကို သူတုိ႔က အသိအမွတ္မျပဳေသးေပမယ့္လဲ စစ္တပ္က ခန္႔ထားတဲ့လူေတြကိုလည္း အသိအမွတ္ မျပဳဘူးဆိုတဲ့ သေဘာမ်ဳိးေတာ့ ေရာက္တာေပါ့။

ေမး ။ ။ မၾကာေသးခင္ကပဲ ျမန္မာႏိုင္ငံဆိုင္ရာ ကုလသမဂၢ အထူးစံုစမ္းစစ္ေဆးေရးမွဴး Thomas Andrews ကေန ျမန္မာစစ္တပ္ကေန ထိန္းခ်ဳပ္ထားတဲ့ ေရနံနဲ႔သဘာဝလုပ္ငန္းကို ႏိုင္ငံတကာအေနနဲ႔ တကယ့္ကို ပစ္မွတ္ထားၿပီးေတာ့ ပိတ္စို႔ဖို႔ ေျပာတယ္။ သူ႔အျမင္အရဆုိရင္ အခုအခ်ိန္အထိ ျမန္မာစစ္တပ္အတြက္ အဓိကဝင္ေငြျဖစ္ေနတဲ့ ေရနံနဲ႔ သဘာဝဓါတ္ေငြ႔လုပ္ငန္းကို ႏုိင္ငံတကာဘက္က ပိတ္စို႔အေရးယူျခင္း မရိွေသးတဲ့အတြက္ ဒီဟာကို တကယ့္ကို target ထားၿပီးေတာ့ ထိထိေရာက္ေရာက္ အေရးယူဖို႔ဆိုၿပီးေတာ့ သူက တိုက္တြန္းသြားတာ ရိွပါတယ္။ ဒီအေပၚ မေဝႏွင္းပြင့္သုန္ ဘယ္လိုျမင္ပါသလဲရွင့္။

ေျဖ ။ ။ က်မအျမင္ကို ေျပာရမယ္ဆိုရင္ ဒါ အရမ္းအေရးႀကီးပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ေရနံနဲ႔ သဘာဝဓါတ္ေငြ႔လုပ္ငန္းဆိုတဲ့ဟာက စစ္တပ္အတြက္က အရမ္းအေရးႀကီးတဲ့အရာ။ ၿပီးရင္ သူတုိ႔ရဲ ႔ အသက္လိုင္းလို ျဖစ္ေနတာ။ အဲဒါမ်ဳိးကို ႏိုင္ငံတကာက စီးပြားေရး ဆက္လုပ္ေနမယ္ဆိုရင္ စစ္တပ္ထဲကို သူတို႔ရဲ ႔ ပိုက္ဆံေတြ ထပ္ၿပီးေတာ့ သြင္းေပးေနတာ။ ဒီပိုက္ဆံေတြကို ဘယ္မွာသံုးမလဲဆိုရင္ ျပည္သူေတြကို ဖိႏိွပ္ခ်ဳပ္ခ်ယ္တဲ့ေနရာမွာ၊ ျပည္သူေတြကို သတ္ျပစ္တဲ့ေနရာမွာ သံုးေနတာ ျဖစ္ေနတဲ့အတြက္ေၾကာင့္ စစ္တပ္ကို ထိထိေရာက္ေရာက္ အေရးယူမယ္ဆိုရင္ ေရနံနဲ႔ သဘာဝဓါတ္ေငြ႔ Oil and Gas sector ကို ေသခ်ာပစ္မွတ္ Target လုပ္မွ ရမယ္ဆိုတဲ့အျမင္မ်ဳိးက က်မတို႔အားလံုးမွာ ရိွပါတယ္။ ၿပီးတဲ့အခါ ကုလသမဂၢကပဲေျပာေျပာ၊ ဥေရာပကပဲေျပာေျပာ သူတုိ႔မွာ စီးပြားေရးပိတ္စို႔မႈေတြက စလုပ္လာၿပီ။ ဒါေပမဲ့ ဒီအေရးႀကီးတဲ့အပိုင္းမွာေတာ့ မပါေသးဘူး။ သဘာဝဓါတ္ေငြ႔နဲ႔ ေက်ာက္မ်က္ရတနာပိုင္းေတြမွာ။ ၿပီးေတာ့ သစ္ထုတ္လုပ္ေရး လုပ္ငန္းေတြကို ပိတ္စို႔မႈေတြ ရိွေပမယ့္၊ ဒီ ေရနံနဲ႔ သဘာဝဓါတ္ေငြ႔တုိ႔နဲ႔ ပတ္သက္လာတယ္ဆိုရင္ေတာ့ ျပင္သစ္အစိုးရပိုင္တဲ့ Total ပဲျဖစ္ျဖစ္၊ US အစိုးရရဲ ႔ Chevron ပဲျဖစ္ျဖစ္၊ ဒါေတြက အခုထက္ထိ လုပ္ငန္းေတြ ရိွေနေသးတယ္။

ေမး ။ ။ အဲဒီေတာ့ ျမန္မာႏုိင္ငံမွာ ေဖေဖၚဝါရီလ အစပိုင္းက စစ္အာဏာသိမ္းလိုက္ကတည္းက ႏိုင္ငံတကာက ဖိအားေပးေနတယ္။ အထူးသျဖင့္ အေမရိကန္နဲ႔ အေနာက္ႏုိင္ငံေတြ ၿဗိတိန္အပါအဝင္၊ သူတိုိ႔ ျမန္မာစစ္တပ္အေပၚ ဒီေလာက္အထိ ျပင္းျပင္းထန္ထန္ ဖိအားေပးတယ္။ Sanction ေတြ တခုၿပီးတခု လုပ္လာတယ္။ အထူးသျဖင့္ Targeted Sanctions ပစ္မွတ္ထားၿပီးေတာ့ ျမန္မာစစ္ေခါင္းေဆာင္ေတြကို အေရးယူမႈေတြ၊ ျပစ္ဒဏ္ခတ္ ခ်မွတ္မႈေတြ ပိတ္စို႔မႈေတြက မထိေရာက္တဲ့ သေဘာလိုမ်ဳိး ျဖစ္ေနတာလားရွင့္။

ေျဖ ။ ။ ႏွစ္မ်ဳိးရိွတာေပါ့။ က်မတုိ႔ ဒါကိုၾကည့္မယ္ဆိုရင္ ထိေရာက္တယ္လို႔လဲ ေျပာလို႔ရတယ္။ မထိေရာက္တဲ့ဟာေတြလဲ အမ်ားႀကီးရိွတယ္။ ဥပမာ စစ္တပ္ပိုင္ လုပ္ငန္းေတြ၊ စစ္တပ္ပိုင္ ကုမၸဏီေတြ၊ ေက်ာက္မ်က္ရတနာ ကုမၸဏီေတြကို ပစ္မွတ္ထားၿပီးေတာ့ ပိတ္စို႔မႈ လုပ္လိုက္တယ္ဆိုတာက စစ္တပ္ရဲ ႔ ဝင္ေငြလမ္းေၾကာင္းတခုကို ပိတ္လိုက္တဲ့အတြက္ က်မတို႔က ထိေရာက္တယ္လို႔ ေျပာလို႔ရတယ္။ ဒါေပမဲ့ တဘက္ပိုင္းမွာလဲ စစ္တပ္က လူေတြကို ဥေရာပႏုိင္ငံကို မလာရဘူး။ ၿပီးေတာ့ အေမရိကန္ႏိုင္ငံကို မလာရဘူး။ ၿပီးေနာက္ အေမရိကန္ႏုိ္င္ငံမွာရိွတဲ့ စစ္အုပ္စုရဲ ႔ ပိုင္ဆိုင္မႈေတြ၊ ဥေရာပမွာရိွတဲ့ ပိုင္ဆိုင္မႈေတြကို ထိန္းခ်ဳပ္လိုက္တယ္ဆိုတာမ်ဳိးက မထိေရာက္ဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ က်မတုိ႔အျမင္နဲ႔ ၾကည့္မယ္ဆိုရင္ သုေတသန research အရ စစ္တပ္ပိုင္းက လူႀကီးေတြက ဥေရာပမွာ ရင္းႏီွးျမဳပ္ႏံွဖို႔ပဲျဖစ္ျဖစ္၊ ပိုင္ဆိုင္မႈပဲျဖစ္ျဖစ္ မရိွဘူးဆိုတာမ်ဳိးကို ေတြ႔ရတယ္။ အခ်ိန္တန္တဲ့အခါၾကေတာ့ ဒါက ‘မင္းတို႔ ငါတို႔ႏုိင္ငံကို Holiday မလာနဲ႔ဆိုရင္ visa ban ပံုစံမ်ဳိးပဲ ျဖစ္သြားတဲ့အတြက္ မထိေရာက္ဘူးလို႔ ေျပာရမယ္။

ေမး ။ ။ အထူးသျဖင့္ မေဝႏွင္းပြင့္သုန္တို႔လို ဥေရာပမွာ အေျခစိုက္ၿပီးေတာ့ ျမန္မာ့အေရး လႈပ္ရွားေနသူေတြက ဥေရာပသမဂၢကိုလည္း ပစ္မွတ္ထားပိတ္စို႔မႈေတြနဲ႔ ပတ္သက္ၿပီးေတာ့ ထိထိေရာက္ေရာက္ လုပ္ဖို႔ဆိုတဲ့အပိုင္းေတြ။ အခု မေဝႏွင္းပြင့္သုန္တုိ႔ ေတာင္းဆိုေနတဲ့ လက္နက္ေတြ ေရာင္းဝယ္မႈ၊ ပိတ္စို႔ေရးေတြအပိုင္းေတြ။ အဲဒီလိုမ်ဳိးေတြမွာ ဘယ္ေလာက္အထိ အခု ဥေရာပသမဂၢက ဆက္လုပ္လာႏုိင္ဖို႔ အေနအထား ရိွပါသလဲ။

ေျဖ ။ ။ က်မတို႔ ျပည္သူေတြ အကုန္လံုး ၾကည့္မယ္ဆိုရင္ ႏုိင္ငံတကာရဲ ႔ တံု႔ျပန္မႈ၊ ႏိုင္ငံတကာရဲ ႔ ဘာကိစၥမဆို အရမ္းေႏွးတာကို ေတြ႔ရတယ္။ က်မတို႔အေနနဲ႔ တေန႔တေန႔ ျပည္သူေတြရဲ ႔ ဘဝက ဆိုးဆိုးလာတယ္။ ျပည္သူေတြရဲ ႔ ခံစားခ်က္ေတြက ပိုမိုၿပီးေတာ့ ျပင္းထန္လာေပမယ့္လဲ ႏုိ္င္ငံတကာရဲ ႔ တံု႔ျပန္ခ်က္ေတြက အရမ္းေႏွးတယ္။ အခု လက္နက္ပိတ္စို႔မႈကို ၾကည့္မယ္ဆိုရင္ UN Security Council မွာ သူတုိ႔က စကားေလးကေတာ့ နည္းနည္းေျပာင္းသြားတာေပါ့။ လက္နက္ပိတ္စို႔မႈ မဟုတ္ဘူး။ ျပည္တြင္းထဲကို လက္နက္ဝင္မယ့္ဟာမ်ဳိးကို ဟန္႔တားဖို႔ဆိုတဲ့ စကားအသံုးအႏႈန္း ေျပာင္းသြားတာကို ေတြ႔ရတယ္။ ဒီဥစၥာကို ေထာက္ခံတဲ့ ႏိုင္ငံ (၇၀) ေက်ာ္ေလာက္က သူတုိ႔ကိုယ္တိုင္က သူတို႔ဆီမွာ လက္နက္မေရာင္းရဘူးဆိုတဲ့ ဥပေဒမရိွဘူး။ Arms embargo မရိွဘူးဆိုတဲ့ သေဘာမ်ဳိး။ က်မတို႔က အေမရိကန္အစိုးရလိုဟာမ်ဳိးနဲ႔ပဲျဖစ္ျဖစ္၊ UK အစိုးရလုိဟာမ်ဳိးနဲ႔ျဖစ္ျဖစ္ ေတြ႔ရင္ ေျပာျပရတာ၊ သူတုိ႔ကို တိုက္တြန္းရတာ ဘာလဲဆိုေတာ့ UK, US လို ႏိုင္ငံမ်ဳိးမွာက Arms embargo ရိွတယ္။ သူတုိ႔သာ ႏိုင္ငံ (၇၀) ကို စည္းရံုးၿပီးတဲ့အခါၾကရင္ မဟာမိတ္ပံုစံမ်ဳိး Global Arms Embargo ပံုစံမ်ဳိး ဖြဲ႔မယ္ဆိုရင္၊ လက္နက္ပိတ္စို႔မႈဆုိတာ တကယ္ျဖစ္ႏုိင္ပါတယ္။ အခ်ိန္တန္ရင္ UN Security Council က အခ်ိန္တန္ရင္ ငါတုိ႔က တရုတ္က Veto လုပ္မယ္၊ ရုရွားက Veto လုပ္မယ္ဆိုၿပီးေတာ့ ထိုင္ၿပီးေတာ့ ေဝဖန္ေနတာ၊ ထုိင္ၿပီးေတာ့ Argue လုပ္ေနတာထက္စာရင္ ႏိုင္ငံတႏုိင္ငံခ်င္းဆီမွာ သူတို႔ရဲ ႔ ဥပေဒအရ Arms embargo လုပ္မယ္ဆိုရင္ လုပ္ႏုိင္တဲ့ အေနအထားမွာ ရိွတယ္။ ေတာင္ကိုရီးယားအေနနဲ႔လဲ ေတြ႔ခဲ့ၿပီးၿပီ။ ဂ်ပန္အေနနဲ႔လဲ လုပ္ခဲ့ၿပီးၿပီ။ တျခားႏုိင္ငံေတြလဲ ဆက္ၿပီးေတာ့ လုပ္သြားႏိုင္တယ္။

ေမး ။ ။ အခုျမန္မာႏိုင္ငံမွာ ေဖေဖၚဝါရီလက စစ္အာဏာသိမ္းလိုက္ၿပီးေနာက္မွာ အခုလို ႏုိင္ငံတကာက တံု႔ျပန္ခ်က္။ အထူးသျဖင့္ အရင္က ျမန္မာႏိုင္ငံမွာ ရုိဟင္ဂ်ာေတြကို စစ္တပ္က ဖိႏိွပ္တုန္းက ႏို္င္ငံတကာရဲ ႔ တံု႔ျပန္ခ်က္ေတြနဲ႔ အခု စစ္အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ ႏိုင္ငံတကာရဲ ႔ တံု႔ျပန္ခ်က္ေတြဟာ ကြာျခားခ်က္ေတြ၊ တူညီခ်က္ေတြက ဘာေတြရိွသလဲရွင့္။

ေျဖ ။ ။ က်မအေနနဲ႔ ေျပာရမယ္ဆိုရင္ ၂၀၁၇ တုန္းက ရိုဟင္ဂ်ာေတြအေပၚ စစ္တပ္က က်ဴးလြန္ခဲ့တဲ့ဟာေတြကို UN Fact-finding အရ ေျပာမယ္ဆိုရင္ သူတုိ႔က Genocide လို႔ ေခၚတယ္။ Genocide လို႔ ေျပာထားေပမယ့္လဲ ဒီဟာကို Recommendation ေတြ၊ ေတာင္းဆိုခ်က္ေတြကို ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ လုပ္သြားရမယ္။ အဲဒီအခ်ိန္ကတည္းက UN Fact-finding က ေျပာလာတာက စစ္တပ္ကို အေရးယူရမယ္။ စစ္တပ္ကို စီးပြားေရးပိတ္စို႔မႈ လုပ္ရမယ္ဆိုတဲ့ဟာက အစကတည္းက ရိွတယ္။ ၿပီးရင္ လက္နက္ပိတ္စို႔မႈ စကားကလဲ ေျပာခဲ့တယ္။ ဒါေပမဲ့ ဘယ္သူမွ ဘယ္ႏိုင္ငံမွ ေသခ်ာထိထိေရာက္ေရာက္ လုပ္တာကို မေတြ႔ရဘူး။ ဒါေပမဲ့ အခုအခ်ိန္မွာက ဘာျဖစ္လဲဆိုေတာ့ အကုန္လံုးက တကမာၻလံုးက အံုၾကြလာတယ္လို႔ ေျပာလို႔ရတယ္။ အခု ေဖေဖၚဝါရီလ (၁) ရက္ေန႔ကတည္းက စစ္တပ္ရဲ ႔ က်ဴးလြန္တဲ့ဟာက တုိင္းရင္းသားေဒသေတြမွာတင္ မဟုတ္ေတာ့ဘူး။ ကခ်င္၊ ကရင္ေဒသတင္ မဟုတ္ေတာ့ဘဲနဲ႔ ၿမိဳ ႔ေပၚေဒသေတြကို ေရာက္ရိွလာၿပီ။ ၿပီးတဲ့အခါ တႏိုင္ငံလံုး ျပည္သူေတြ ခံစားေနရတယ္ဆိုတာက Social Media မွာ ေနတိုင္းလိုလုိ ေတြ႔ေနရတယ္။ အျဖစ္အပ်က္ေတြ ဆိုးလာတာကလဲ ေန႔တုိင္းလိုလို ေတြ႔ေနရတယ္ဆိုေတာ့ ႏို္င္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ သူတုိ႔က ျငင္းပယ္လုိ႔ မရေတာ့ဘူး။ သူတို႔အေနနဲ႔ အေရးယူဖို႔ လုပ္ရမယ္ဆိုတာကို သိတဲ့အတြက္ က်မတို႔ ဒီလိုမ်ဳိး Sanction ဟာမ်ဳိးကို ေတြ႔ရတယ္။ ေခါင္းေဆာင္ပိုင္းေတြကို Visa ban လုပ္တာတို႔၊ ေခါင္းေဆာင္ပိုင္းေတြကို ဒီႏုိင္ငံကို မလာရဘူး၊ ဝင္ခြင့္ပိတ္တာကို ေတြ႔ရတယ္။ က်မတို႔က လမ္းေၾကာင္းတခုကို တည့္ေပးရတာက ဒါေတြက မထိေရာက္ဘူး။ ဒါေပမဲ့ ထိေရာက္တဲ့ဟာမ်ဳိး လုပ္ခ်င္တယ္ဆိုရင္ က်မတို႔ေခၚတာ (၃) ပိုင္း။

ပထမတခုကေတာ့ စီးပြားေရးပိတ္စို႔မႈ။ စစ္တပ္ဆိုင္ရာ စီးပြားေရး။ ဒုတိယကေတာ့ လက္နက္ပိတ္စို႔မႈ။ တတိယ အေရးႀကီးဆံုးကေတာ့ Accountability ဒီလူေတြကို သူတုိ႔က်ဴးလြန္ခဲ့တဲ့ ျပစ္ဒဏ္ေတြအတြက္ကို ေပးဆပ္ရမယ္။ ၿပီးေနာက္ တရားဝင္ သူတုိ႔အတြက္ကို Accountability Issue ဆိုတာကို ရိွရမယ္။ အခု ေဖေဖၚဝါရီလ (၁) ရက္ေန႔ကတည္းက ျဖစ္ေနတဲ့ ျပစ္ဒဏ္ေတြ အကုန္လံုးကို ေျပာတာမဟုတ္ဘူး။ လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာ တုိင္းရင္းသားေဒသေတြမွာ က်ဴးလြန္ခဲ့တာေတြ။ ၿပီးေနာက္ ႏိုင္ငံေရးအက်ဥ္းသားကိစၥကို ၾကည့္မယ္ဆိုရင္လဲ ႏွစ္ေပါင္းမ်ားစြာ ျဖစ္ခဲ့တဲ့ကိစၥေတြကို သူတုိ႔ကို အေရးယူရမယ္ဆိုတဲ့ သေဘာမ်ဳိး။ အဲဒါမ်ဳိးေတြ ေတာင္းဆိုေနတာေတြ က်မတုိ႔ဘက္မွာ ရိွပါတယ္။

ေမး ။ ။ အခု မေဝႏွင္းပြင့္သုန္ရဲ ႔ ဖခင္ ၈၈ မ်ဳိးဆက္ ေခါင္းေဆာင္တဦးျဖစ္တဲ့ ဦးျမေအးဆိုရင္ ေထာင္ထဲမွာ ေဖေဖၚဝါရီလ (၁) ရက္ေန႔ စစ္အာဏာသိမ္းတဲ့ ေန႔ကတည္းကိုက သူက အဖမ္းခံထားရၿပီး မိသားစုနဲ႔ေတာင္ ေတြ႔ခြင့္မရဘူး။ သူကို ဖမ္းဆီးထိန္းသိမ္းထားတယ္။ ေနာက္ဆံုး ဦးျမေအးရဲ ႔ ဖမ္းဆီးထိန္းသိမ္းထားတဲ့ အေျခအေနကို မိသားစုက ဘယ္ေလာက္ထိ သိခြင့္ရသလဲရွင့္။

ေျဖ ။ ။ မိသားစုအေနနဲ႔ေတာ့ ေတာ္ေတာ္ေလး စိုးရိမ္တာေပါ့။ အထူးသျဖင့္ ကိုဗစ္ေရာဂါေတြကလဲ ပိုမ်ားလာတယ္။ ၿပီးေတာ့ အင္းစိန္ေထာင္ထဲမွာလဲ Case က ေတြ႔တယ္ဆိုေတာ့ စိုးရိမ္မႈကေတာ့ ရိွတယ္။ ဒါေပမဲ့ စိတ္ဓါတ္ပိုင္းရာအရဆိုရင္ေတာ့ အေဖက တတိယအႀကိမ္ ေထာင္ခ်ခံရတာ ျဖစ္တယ္။ သူက စိတ္ဓါတ္အရမ္းခိုင္မာတယ္။ အခု ဖမ္းသြားၿပီးေတာ့ ႏွစ္လအၾကာမွ မိသားစုကို ေျပာတာက အင္းစိန္ေထာင္မွာ ရိွေနၿပီ။ ၿပီးေတာ့ သူကို အမႈတပ္ထားတာကေတာ့ လူမ်ဳိးစုတစုနဲ႔ တစုကို ေသြးကြဲေအာင္ လံႈေဆာ္တယ္ဆိုတဲ့ Hate speech ဆိုတဲ့ပုဒ္မနဲ႔ ၅၀၅ (ဂ) အေဟာင္းနဲ႔ သူကိုစြဲဆိုထားတယ္လို႔ အေၾကာင္းၾကားတယ္။ ဒါေပမဲ့ အခု ဖမ္းသြားတဲ့အခ်ိန္ကတည္းကိုက အခုထိ လူခ်င္းေတြ႔ရတာလဲ မရိွဘူး။ အခု ကိုဗစ္ျဖစ္တဲ့အခါၾကေတာ့ ေထာင္မွာ ေရွ ႔ေနေတြ ဝင္ခြင့္ကိုေတာင္မွ ပိတ္လိုက္တယ္ဆိုေတာ့ က်မတို႔မွာ ဘာမွ အခ်က္အလက္ information မရိွေတာ့တဲ့ သေဘာမ်ဳိး။ အဆက္အသြယ္ ျပတ္သြားတဲ့ သေဘာမ်ဳိး ျဖစ္သြားေတာ့ စိုးရိမ္ပူပန္မႈကေတာ့ ပိုမ်ားလာတယ္။

မအင္ၾကင္းႏိုင္ ။ ။ အခုလို VOA ျမန္မာပိုင္းကို အခ်ိန္ေပးၿပီး ေျပာၾကားေပးတဲ့အတြက္ မေဝႏွင္းပြင့္သုန္ကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္။

ေျဖ ။ ။ ဟုတ္ကဲ့ ေက်းဇူးပါ။

==Unicode ===

မြန်မာနိုင်ငံမှာ အကြမ်းဖက်နှိမ်နင်းမှုတွေ ရပ်တန့်ရေးနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ဖို့ ကုလနဲ့ နိုင်ငံတကာက ထိရောက်တဲ့ ဖိအားပေးမှုတွေ ပေါ်ထွက်အောင် အလေးထား လုပ်ဆောင်ရမယ်လို့ ဥရောပအခြေစိုက် မြန်မာ့အရေးကြိုးပမ်းသူ မဝေနှင်းပွင့်သုန်က ပြောပါတယ်။ မအင်ကြင်းနိုင် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါညီမ။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံအတွက် အရေးကြီးဆုံး ပြဿနာက စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ဖြစ်လာတာက ဘယ်ကိုယ်စားလှယ်ဆိုတာပါပဲ။ မြန်မာနိုင်ငံအတွက် ကိုယ်စားလှယ်က သူတို့အတွက် မဖြစ်မနေ လက်ခံရတော့မယ်ဆိုတော့ ပထမဦးဆုံး ILO, WHO, ကုလသမဂ္ဂ အခြားအဖွဲ့အစည်းတွေမှာ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ တရားဝင်ကိုယ်စားလှယ်ကို ဘယ်သူ့ကိုလက်ခံမလဲ။ ဒီပြဿနာကို ကုလသမဂ္ဂရဲ့ အထွေထွေညီလာခံမှာ ဆုံးဖြတ်မယ်ဆိုတော့ အခု အဲဒီအဆင့်ကိုတော့ သတ်မှတ်ထားတယ်။ လက်ရှိ Geneva မှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီ ညီလာခံမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်ကိစ္စ။ နောက် မြန်မာနိုင်ငံကိစ္စကို ဆွေးနွေးတဲ့ အနေအထား နောက်ဆုံးအခြေအနေက ဘယ်လိုရှိသလဲ။

ဖြေ ။ ။ မင်္ဂလာပါ အမရေ။ အခု Geneva မှာရှိတဲ့ Human Rights Council မှာဆိုရင် သူတို့က ပထမဦးဆုံး သူတို့ရဲ့ Agenda အရ ဆုံးဖြတ်တာက ဘာလဲဆိုတော့ မြန်မာနိုင်ငံအရေးကို ဆုံးဖြတ်ဖို့ မြန်မာနိုင်ငံ Mission က လူတွေကို ထည့်ပြီးတော့ ဆုံးဖြတ်သွားမလား။ ဆွေးနွေးသွားမလား။ ဒါမှမဟုတ်ရင် စစ်တပ်က ခန့်ထားတဲ့ Myanmar Mission က အရာရှိတွေ၊ သံအမတ်တွေကို ချန်ခဲ့ပြီးတော့ သူတို့ဟာနဲ့သူတို့ပဲ ဆွေးနွေးသွားမလားဆိုတာကို သူတို့တွေ မဲပေးလုပ်ကြတယ်။ အဲဒီအခါကြတော့ နိုင်ငံတော်တော်များများက သဘောတူတာကတော့ မြန်မာအရေးကို ဆွေးနွေးမယ်ဆိုရင် စစ်တပ်က ခန့်ထားတဲ့ သံအမတ်တွေနဲ့ ဆွေးနွေးဖို့ မသင့်တော်ဘူးဆိုတဲ့အကြောင်း၊ သူတို့ကို ချန်ထားခဲ့မယ်။ အမြဲတမ်းတော့ မဟုတ်ဘူးပေါ့။ အခုလောလောဆယ် July Session တစ်ခုတည်းမှာပဲ ချန်ထားခဲ့မယ်ဆိုပြီးတော့ သူတို့ဆုံးဖြတ်ခဲ့တယ်။

ဒါပေမဲ့ အဲဒီကိစ္စကတော့ တော်တော်အရေးကြီးတယ်လို့ ပြောလို့ရတယ်။ လောလောဆယ် NUG အစိုးရကို သူတို့က အသိအမှတ်မပြုသေးပေမယ့်လဲ စစ်တပ်က ခန့်ထားတဲ့လူတွေကိုလည်း အသိအမှတ် မပြုဘူးဆိုတဲ့ သဘောမျိုးတော့ ရောက်တာပေါ့။

မေး ။ ။ မကြာသေးခင်ကပဲ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး Thomas Andrews ကနေ မြန်မာစစ်တပ်ကနေ ထိန်းချုပ်ထားတဲ့ ရေနံနဲ့သဘာဝလုပ်ငန်းကို နိုင်ငံတကာအနေနဲ့ တကယ့်ကို ပစ်မှတ်ထားပြီးတော့ ပိတ်စို့ဖို့ ပြောတယ်။ သူ့အမြင်အရဆိုရင် အခုအချိန်အထိ မြန်မာစစ်တပ်အတွက် အဓိကဝင်ငွေဖြစ်နေတဲ့ ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းကို နိုင်ငံတကာဘက်က ပိတ်စို့အရေးယူခြင်း မရှိသေးတဲ့အတွက် ဒီဟာကို တကယ့်ကို target ထားပြီးတော့ ထိထိရောက်ရောက် အရေးယူဖို့ဆိုပြီးတော့ သူက တိုက်တွန်းသွားတာ ရှိပါတယ်။ ဒီအပေါ် မဝေနှင်းပွင့်သုန် ဘယ်လိုမြင်ပါသလဲရှင့်။

ဖြေ ။ ။ ကျမအမြင်ကို ပြောရမယ်ဆိုရင် ဒါ အရမ်းအရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်းဆိုတဲ့ဟာက စစ်တပ်အတွက်က အရမ်းအရေးကြီးတဲ့အရာ။ ပြီးရင် သူတို့ရဲ့ အသက်လိုင်းလို ဖြစ်နေတာ။ အဲဒါမျိုးကို နိုင်ငံတကာက စီးပွားရေး ဆက်လုပ်နေမယ်ဆိုရင် စစ်တပ်ထဲကို သူတို့ရဲ့ ပိုက်ဆံတွေ ထပ်ပြီးတော့ သွင်းပေးနေတာ။ ဒီပိုက်ဆံတွေကို ဘယ်မှာသုံးမလဲဆိုရင် ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်တဲ့နေရာမှာ၊ ပြည်သူတွေကို သတ်ပြစ်တဲ့နေရာမှာ သုံးနေတာ ဖြစ်နေတဲ့အတွက်ကြောင့် စစ်တပ်ကို ထိထိရောက်ရောက် အရေးယူမယ်ဆိုရင် ရေနံနဲ့ သဘာဝဓါတ်ငွေ့ Oil and Gas sector ကို သေချာပစ်မှတ် Target လုပ်မှ ရမယ်ဆိုတဲ့အမြင်မျိုးက ကျမတို့အားလုံးမှာ ရှိပါတယ်။ ပြီးတဲ့အခါ ကုလသမဂ္ဂကပဲပြောပြော၊ ဥရောပကပဲပြောပြော သူတို့မှာ စီးပွားရေးပိတ်စို့မှုတွေက စလုပ်လာပြီ။ ဒါပေမဲ့ ဒီအရေးကြီးတဲ့အပိုင်းမှာတော့ မပါသေးဘူး။ သဘာဝဓါတ်ငွေ့နဲ့ ကျောက်မျက်ရတနာပိုင်းတွေမှာ။ ပြီးတော့ သစ်ထုတ်လုပ်ရေး လုပ်ငန်းတွေကို ပိတ်စို့မှုတွေ ရှိပေမယ့်၊ ဒီ ရေနံနဲ့ သဘာဝဓါတ်ငွေ့တို့နဲ့ ပတ်သက်လာတယ်ဆိုရင်တော့ ပြင်သစ်အစိုးရပိုင်တဲ့ Total ပဲဖြစ်ဖြစ်၊ US အစိုးရရဲ့ Chevron ပဲဖြစ်ဖြစ်၊ ဒါတွေက အခုထက်ထိ လုပ်ငန်းတွေ ရှိနေသေးတယ်။

မေး ။ ။ အဲဒီတော့ မြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလ အစပိုင်းက စစ်အာဏာသိမ်းလိုက်ကတည်းက နိုင်ငံတကာက ဖိအားပေးနေတယ်။ အထူးသဖြင့် အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ဗြိတိန်အပါအဝင်၊ သူတို့ မြန်မာစစ်တပ်အပေါ် ဒီလောက်အထိ ပြင်းပြင်းထန်ထန် ဖိအားပေးတယ်။ Sanction တွေ တခုပြီးတခု လုပ်လာတယ်။ အထူးသဖြင့် Targeted Sanctions ပစ်မှတ်ထားပြီးတော့ မြန်မာစစ်ခေါင်းဆောင်တွေကို အရေးယူမှုတွေ၊ ပြစ်ဒဏ်ခတ် ချမှတ်မှုတွေ ပိတ်စို့မှုတွေက မထိရောက်တဲ့ သဘောလိုမျိုး ဖြစ်နေတာလားရှင့်။

ဖြေ ။ ။ နှစ်မျိုးရှိတာပေါ့။ ကျမတို့ ဒါကိုကြည့်မယ်ဆိုရင် ထိရောက်တယ်လို့လဲ ပြောလို့ရတယ်။ မထိရောက်တဲ့ဟာတွေလဲ အများကြီးရှိတယ်။ ဥပမာ စစ်တပ်ပိုင် လုပ်ငန်းတွေ၊ စစ်တပ်ပိုင် ကုမ္ပဏီတွေ၊ ကျောက်မျက်ရတနာ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီးတော့ ပိတ်စို့မှု လုပ်လိုက်တယ်ဆိုတာက စစ်တပ်ရဲ့ ဝင်ငွေလမ်းကြောင်းတခုကို ပိတ်လိုက်တဲ့အတွက် ကျမတို့က ထိရောက်တယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ တဘက်ပိုင်းမှာလဲ စစ်တပ်က လူတွေကို ဥရောပနိုင်ငံကို မလာရဘူး။ ပြီးတော့ အမေရိကန်နိုင်ငံကို မလာရဘူး။ ပြီးနောက် အမေရိကန်နိုင်ငံမှာရှိတဲ့ စစ်အုပ်စုရဲ့ ပိုင်ဆိုင်မှုတွေ၊ ဥရောပမှာရှိတဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်လိုက်တယ်ဆိုတာမျိုးက မထိရောက်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့အမြင်နဲ့ ကြည့်မယ်ဆိုရင် သုတေသန research အရ စစ်တပ်ပိုင်းက လူကြီးတွေက ဥရောပမှာ ရင်းနှီးမြုပ်နံှဖို့ပဲဖြစ်ဖြစ်၊ ပိုင်ဆိုင်မှုပဲဖြစ်ဖြစ် မရှိဘူးဆိုတာမျိုးကို တွေ့ရတယ်။ အချိန်တန်တဲ့အခါကြတော့ ဒါက ‘မင်းတို့ ငါတို့နိုင်ငံကို Holiday မလာနဲ့ဆိုရင် visa ban ပုံစံမျိုးပဲ ဖြစ်သွားတဲ့အတွက် မထိရောက်ဘူးလို့ ပြောရမယ်။

မေး ။ ။ အထူးသဖြင့် မဝေနှင်းပွင့်သုန်တို့လို ဥရောပမှာ အခြေစိုက်ပြီးတော့ မြန်မာ့အရေး လှုပ်ရှားနေသူတွေက ဥရောပသမဂ္ဂကိုလည်း ပစ်မှတ်ထားပိတ်စို့မှုတွေနဲ့ ပတ်သက်ပြီးတော့ ထိထိရောက်ရောက် လုပ်ဖို့ဆိုတဲ့အပိုင်းတွေ။ အခု မဝေနှင်းပွင့်သုန်တို့ တောင်းဆိုနေတဲ့ လက်နက်တွေ ရောင်းဝယ်မှု၊ ပိတ်စို့ရေးတွေအပိုင်းတွေ။ အဲဒီလိုမျိုးတွေမှာ ဘယ်လောက်အထိ အခု ဥရောပသမဂ္ဂက ဆက်လုပ်လာနိုင်ဖို့ အနေအထား ရှိပါသလဲ။

ဖြေ ။ ။ ကျမတို့ ပြည်သူတွေ အကုန်လုံး ကြည့်မယ်ဆိုရင် နိုင်ငံတကာရဲ့ တုံ့ပြန်မှု၊ နိုင်ငံတကာရဲ့ ဘာကိစ္စမဆို အရမ်းနှေးတာကို တွေ့ရတယ်။ ကျမတို့အနေနဲ့ တနေ့တနေ့ ပြည်သူတွေရဲ့ ဘဝက ဆိုးဆိုးလာတယ်။ ပြည်သူတွေရဲ့ ခံစားချက်တွေက ပိုမိုပြီးတော့ ပြင်းထန်လာပေမယ့်လဲ နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေက အရမ်းနှေးတယ်။ အခု လက်နက်ပိတ်စို့မှုကို ကြည့်မယ်ဆိုရင် UN Security Council မှာ သူတို့က စကားလေးကတော့ နည်းနည်းပြောင်းသွားတာပေါ့။ လက်နက်ပိတ်စို့မှု မဟုတ်ဘူး။ ပြည်တွင်းထဲကို လက်နက်ဝင်မယ့်ဟာမျိုးကို ဟန့်တားဖို့ဆိုတဲ့ စကားအသုံးအနှုန်း ပြောင်းသွားတာကို တွေ့ရတယ်။ ဒီဥစ္စာကို ထောက်ခံတဲ့ နိုင်ငံ (၇၀) ကျော်လောက်က သူတို့ကိုယ်တိုင်က သူတို့ဆီမှာ လက်နက်မရောင်းရဘူးဆိုတဲ့ ဥပဒေမရှိဘူး။ Arms embargo မရှိဘူးဆိုတဲ့ သဘောမျိုး။ ကျမတို့က အမေရိကန်အစိုးရလိုဟာမျိုးနဲ့ပဲဖြစ်ဖြစ်၊ UK အစိုးရလိုဟာမျိုးနဲ့ဖြစ်ဖြစ် တွေ့ရင် ပြောပြရတာ၊ သူတို့ကို တိုက်တွန်းရတာ ဘာလဲဆိုတော့ UK, US လို နိုင်ငံမျိုးမှာက Arms embargo ရှိတယ်။ သူတို့သာ နိုင်ငံ (၇၀) ကို စည်းရုံးပြီးတဲ့အခါကြရင် မဟာမိတ်ပုံစံမျိုး Global Arms Embargo ပုံစံမျိုး ဖွဲ့မယ်ဆိုရင်၊ လက်နက်ပိတ်စို့မှုဆိုတာ တကယ်ဖြစ်နိုင်ပါတယ်။ အချိန်တန်ရင် UN Security Council က အချိန်တန်ရင် ငါတို့က တရုတ်က Veto လုပ်မယ်၊ ရုရှားက Veto လုပ်မယ်ဆိုပြီးတော့ ထိုင်ပြီးတော့ ဝေဖန်နေတာ၊ ထိုင်ပြီးတော့ Argue လုပ်နေတာထက်စာရင် နိုင်ငံတနိုင်ငံချင်းဆီမှာ သူတို့ရဲ့ ဥပဒေအရ Arms embargo လုပ်မယ်ဆိုရင် လုပ်နိုင်တဲ့ အနေအထားမှာ ရှိတယ်။ တောင်ကိုရီးယားအနေနဲ့လဲ တွေ့ခဲ့ပြီးပြီ။ ဂျပန်အနေနဲ့လဲ လုပ်ခဲ့ပြီးပြီ။ တခြားနိုင်ငံတွေလဲ ဆက်ပြီးတော့ လုပ်သွားနိုင်တယ်။

မေး ။ ။ အခုမြန်မာနိုင်ငံမှာ ဖေဖေါ်ဝါရီလက စစ်အာဏာသိမ်းလိုက်ပြီးနောက်မှာ အခုလို နိုင်ငံတကာက တုံ့ပြန်ချက်။ အထူးသဖြင့် အရင်က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာတွေကို စစ်တပ်က ဖိနှိပ်တုန်းက နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေနဲ့ အခု စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ နိုင်ငံတကာရဲ့ တုံ့ပြန်ချက်တွေဟာ ကွာခြားချက်တွေ၊ တူညီချက်တွေက ဘာတွေရှိသလဲရှင့်။

ဖြေ ။ ။ ကျမအနေနဲ့ ပြောရမယ်ဆိုရင် ၂၀၁၇ တုန်းက ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်ခဲ့တဲ့ဟာတွေကို UN Fact-finding အရ ပြောမယ်ဆိုရင် သူတို့က Genocide လို့ ခေါ်တယ်။ Genocide လို့ ပြောထားပေမယ့်လဲ ဒီဟာကို Recommendation တွေ၊ တောင်းဆိုချက်တွေကို နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ လုပ်သွားရမယ်။ အဲဒီအချိန်ကတည်းက UN Fact-finding က ပြောလာတာက စစ်တပ်ကို အရေးယူရမယ်။ စစ်တပ်ကို စီးပွားရေးပိတ်စို့မှု လုပ်ရမယ်ဆိုတဲ့ဟာက အစကတည်းက ရှိတယ်။ ပြီးရင် လက်နက်ပိတ်စို့မှု စကားကလဲ ပြောခဲ့တယ်။ ဒါပေမဲ့ ဘယ်သူမှ ဘယ်နိုင်ငံမှ သေချာထိထိရောက်ရောက် လုပ်တာကို မတွေ့ရဘူး။ ဒါပေမဲ့ အခုအချိန်မှာက ဘာဖြစ်လဲဆိုတော့ အကုန်လုံးက တကမ္ဘာလုံးက အုံကြွလာတယ်လို့ ပြောလို့ရတယ်။ အခု ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကတည်းက စစ်တပ်ရဲ့ ကျူးလွန်တဲ့ဟာက တိုင်းရင်းသားဒေသတွေမှာတင် မဟုတ်တော့ဘူး။ ကချင်၊ ကရင်ဒေသတင် မဟုတ်တော့ဘဲနဲ့ မြို့ပေါ်ဒေသတွေကို ရောက်ရှိလာပြီ။ ပြီးတဲ့အခါ တနိုင်ငံလုံး ပြည်သူတွေ ခံစားနေရတယ်ဆိုတာက Social Media မှာ နေတိုင်းလိုလို တွေ့နေရတယ်။ အဖြစ်အပျက်တွေ ဆိုးလာတာကလဲ နေ့တိုင်းလိုလို တွေ့နေရတယ်ဆိုတော့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ သူတို့က ငြင်းပယ်လို့ မရတော့ဘူး။ သူတို့အနေနဲ့ အရေးယူဖို့ လုပ်ရမယ်ဆိုတာကို သိတဲ့အတွက် ကျမတို့ ဒီလိုမျိုး Sanction ဟာမျိုးကို တွေ့ရတယ်။ ခေါင်းဆောင်ပိုင်းတွေကို Visa ban လုပ်တာတို့၊ ခေါင်းဆောင်ပိုင်းတွေကို ဒီနိုင်ငံကို မလာရဘူး၊ ဝင်ခွင့်ပိတ်တာကို တွေ့ရတယ်။ ကျမတို့က လမ်းကြောင်းတခုကို တည့်ပေးရတာက ဒါတွေက မထိရောက်ဘူး။ ဒါပေမဲ့ ထိရောက်တဲ့ဟာမျိုး လုပ်ချင်တယ်ဆိုရင် ကျမတို့ခေါ်တာ (၃) ပိုင်း။

ပထမတခုကတော့ စီးပွားရေးပိတ်စို့မှု။ စစ်တပ်ဆိုင်ရာ စီးပွားရေး။ ဒုတိယကတော့ လက်နက်ပိတ်စို့မှု။ တတိယ အရေးကြီးဆုံးကတော့ Accountability ဒီလူတွေကို သူတို့ကျူးလွန်ခဲ့တဲ့ ပြစ်ဒဏ်တွေအတွက်ကို ပေးဆပ်ရမယ်။ ပြီးနောက် တရားဝင် သူတို့အတွက်ကို Accountability Issue ဆိုတာကို ရှိရမယ်။ အခု ဖေဖေါ်ဝါရီလ (၁) ရက်နေ့ကတည်းက ဖြစ်နေတဲ့ ပြစ်ဒဏ်တွေ အကုန်လုံးကို ပြောတာမဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ တိုင်းရင်းသားဒေသတွေမှာ ကျူးလွန်ခဲ့တာတွေ။ ပြီးနောက် နိုင်ငံရေးအကျဉ်းသားကိစ္စကို ကြည့်မယ်ဆိုရင်လဲ နှစ်ပေါင်းများစွာ ဖြစ်ခဲ့တဲ့ကိစ္စတွေကို သူတို့ကို အရေးယူရမယ်ဆိုတဲ့ သဘောမျိုး။ အဲဒါမျိုးတွေ တောင်းဆိုနေတာတွေ ကျမတို့ဘက်မှာ ရှိပါတယ်။

မေး ။ ။ အခု မဝေနှင်းပွင့်သုန်ရဲ့ ဖခင် ၈၈ မျိုးဆက် ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးဆိုရင် ထောင်ထဲမှာ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်အာဏာသိမ်းတဲ့ နေ့ကတည်းကိုက သူက အဖမ်းခံထားရပြီး မိသားစုနဲ့တောင် တွေ့ခွင့်မရဘူး။ သူကို ဖမ်းဆီးထိန်းသိမ်းထားတယ်။ နောက်ဆုံး ဦးမြအေးရဲ့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အခြေအနေကို မိသားစုက ဘယ်လောက်ထိ သိခွင့်ရသလဲရှင့်။

ဖြေ ။ ။ မိသားစုအနေနဲ့တော့ တော်တော်လေး စိုးရိမ်တာပေါ့။ အထူးသဖြင့် ကိုဗစ်ရောဂါတွေကလဲ ပိုများလာတယ်။ ပြီးတော့ အင်းစိန်ထောင်ထဲမှာလဲ Case က တွေ့တယ်ဆိုတော့ စိုးရိမ်မှုကတော့ ရှိတယ်။ ဒါပေမဲ့ စိတ်ဓါတ်ပိုင်းရာအရဆိုရင်တော့ အဖေက တတိယအကြိမ် ထောင်ချခံရတာ ဖြစ်တယ်။ သူက စိတ်ဓါတ်အရမ်းခိုင်မာတယ်။ အခု ဖမ်းသွားပြီးတော့ နှစ်လအကြာမှ မိသားစုကို ပြောတာက အင်းစိန်ထောင်မှာ ရှိနေပြီ။ ပြီးတော့ သူကို အမှုတပ်ထားတာကတော့ လူမျိုးစုတစုနဲ့ တစုကို သွေးကွဲအောင် လှုံဆော်တယ်ဆိုတဲ့ Hate speech ဆိုတဲ့ပုဒ်မနဲ့ ၅၀၅ (ဂ) အဟောင်းနဲ့ သူကိုစွဲဆိုထားတယ်လို့ အကြောင်းကြားတယ်။ ဒါပေမဲ့ အခု ဖမ်းသွားတဲ့အချိန်ကတည်းကိုက အခုထိ လူချင်းတွေ့ရတာလဲ မရှိဘူး။ အခု ကိုဗစ်ဖြစ်တဲ့အခါကြတော့ ထောင်မှာ ရှေ့နေတွေ ဝင်ခွင့်ကိုတောင်မှ ပိတ်လိုက်တယ်ဆိုတော့ ကျမတို့မှာ ဘာမှ အချက်အလက် information မရှိတော့တဲ့ သဘောမျိုး။ အဆက်အသွယ် ပြတ်သွားတဲ့ သဘောမျိုး ဖြစ်သွားတော့ စိုးရိမ်ပူပန်မှုကတော့ ပိုများလာတယ်။

မအင်ကြင်းနိုင် ။ ။ အခုလို VOA မြန်မာပိုင်းကို အချိန်ပေးပြီး ပြောကြားပေးတဲ့အတွက် မဝေနှင်းပွင့်သုန်ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။

ဖြေ ။ ။ ဟုတ်ကဲ့ ကျေးဇူးပါ။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG