သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NUG လူ႔အခြင့္အေရးဝန္ႀကီးရဲ ႔ ရပ္တည္ယံုၾကည္ခ်က္


NUG လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္မ်ဳိးမင္း (mohr.nugmyanmar.org)
ျမန္မာ့လူ႔အခြင့္အေရး
please wait

No media source currently available

0:00 0:12:48 0:00
တိုက္႐ိုက္ လင့္ခ္

စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ေနတဲ့အထဲမွာ လက္နက္ကိုင္ၿပီးေတာ့ ခုခံတိုက္ခိုက္တဲ့အခါမွာ လုပ္နည္းကိုင္နည္း လြဲမွားလို႔ရိွရင္ လက္နက္ကိုင္တိုက္ပြဲကေန အၾကမ္းဖက္လုပ္ရပ္ဘက္ကို ေရာက္သြားႏုိင္တာမို႔ သတိျပဳထိန္းသိမ္းလုပ္ေဆာင္ဖို႔အတြက္ ၾကားကာလညီညႊတ္ေရးအစိုးရ NUG ရဲ ႔ လူ႔အခြင့္အေရးဆိုင္ရာဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးေအာင္မ်ဳိးမင္းက တိုက္တြန္းပါတယ္။ ကိုေက်ာ္ေက်ာ္သိန္းက ဦးေအာင္မ်ဳိးမင္းကို ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ ဦးေအာင္မ်ဳိးမင္း VOA နဲ႔ ေတြ႔ဆံုေမးျမန္းခြင့္ျပဳတဲ့အတြက္ ေက်းဇူးတင္ပါတယ္။ ျမန္မာႏုိင္ငံမွာ တခါမွာ မရိွဘူးေသးတဲ့ လူ႔အခြင့္အေရးဆိုင္ရာ ဝန္ႀကီးဌာန ဒီဝန္ႀကီးဌာနကို တာဝန္ယူလုပ္ေဆာင္ေနရတဲ့ ၾကားကာလအမ်ဳိးသားညီညႊတ္ေရးအစိုးရရဲ ႔ ျပည္ေထာင္စုဝန္ႀကီးဆိုေတာ့ ကိုေအာင္မ်ဳိးမင္းတိုိ႔ လူ႔အခြင့္အေရးဆိုင္ရာ ဝန္ႀကီးဌာနအေနနဲ႔ လက္ရိွမွာ ဘာကိုဦးစားေပးၿပီးေတာ့ လုပ္ေနပါသလဲ။

ေျဖ ။ ။ ၾကားကာလဝန္ႀကီးဌာန ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ ပထမဦးဆံုးအေနနဲ႔ အခုစစ္အာဏာရွင္ အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္းမွာ ျဖစ္ပ်က္ခဲ့တဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈမ်ဳိးစံုကို မေမ့မေလ်ာ့ မွတ္တမ္းတင္ဖုိ႔ အေရးႀကီးပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီကိစၥေတြက ႏုိင္ငံနဲ႔တဝွမ္းမွာ ျဖစ္ေနတယ္။ ရိုးရိုးသာမန္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈလို႔ ေျပာလို႔မရဘူး။ စနစ္တက် အမိန္႔ေပးၿပီးေတာ့ အမိန္႔စီးဆင္းမႈ တစံုတရာနဲ႔ အရပ္သားျပည္သူေတြကို ထိခိုက္နစ္နာေအာင္ ရည္ရြယ္တာျဖစ္တဲ့အတြက္ အနည္းဆံုးကေတာ့ Crimes against humanity ေခၚတဲ့ လူသားမ်ဳိးႏြယ္တခုလံုးကို က်ဴးလြန္တဲ့ ျပစ္မႈ ျဖစ္သြားပါၿပီ။ ဒီအခ်က္ေတြကို က်ေနာ္တုိ႔ ဝန္ႀကီးဌာနကို တုိက္ရိုက္ေပးႏိုင္ဖို႔အတြက္ လမ္းေၾကာင္းေတြကို ေဖာ္ေဆာင္ေနတယ္။ ဒီလိုမ်ဳိး ရရိွတဲ့အခ်က္ေတြကို တခ်ိန္ခ်ိန္က်လို႔ရိွရင္ နည္းလမ္းႏွစ္ခုရေအာင္ ေဖာ္ေဆာင္ဖုိ႔အတြက္ လုပ္ေဆာင္ပါမယ္။ ေနာက္တခုကေတာ့ ဒီလိုမ်ဳိးျဖစ္ေနတဲ့ အျပစ္ရိွသူကေန အျပစ္ေပးခံကေန လြတ္ေျမာက္ေနတဲ့ Culture of Impunity ကို လံုးဝရပ္တန္႔ဖို႔အတြက္ က်ဴးလြန္ေနတဲ့ လူေတြကို က်ဴးလြန္မႈအဆင့္အတိုင္း ထိေရာက္စြာ အေရးယူႏုိင္ဖို႔အတြက္ ေနာက္ထပ္ႏုိင္ငံတကာမွာ တရားဥပေဒနဲ႔ ေဖာ္ေဆာင္သြားဖို႔ ျဖစ္ပါတယ္။ ဒါက ႏွစ္ဆင့္ပါ။

ေနာက္ထပ္တခုကေတာ့ အစိုးရတာဝန္ျဖစ္တဲ့ လူ႔အခြင့္အေရးကို ေလးစားျခင္း။ လူ႔အခြင့္အေရးကို ကာကြယ္ေပးျခင္းနဲ႔ ျပည္သူျပည္သားေတြအားလံုး လူ႔အခြင့္အေရးကို ရရိွဖို႔အတြက္ ျဖည့္ဆည္းေပးျခင္းဆိုတဲ့ တာဝန္ (၃) ရပ္ကို က်ေနာ္တို႔ လုပ္ေဆာင္ဖို႔ လုိအပ္ပါတယ္။ ဒါေၾကာင့္ ဝန္ႀကီးဌာနအေနနဲ႔ ဒီတာဝန္ေတြကို ထမ္းေဆာင္မယ္။ တခ်ိန္ထဲမွာ NUG က ခ်မွတ္ထားတဲ့ ေပၚလစီ၊ တျခားဝန္ႀကီးဌာနေတြက ခ်မွတ္မယ့္ လုပ္ငန္းစဥ္ေတြမွာ လူ႔အခြင့္အေရးကို အေျခခံၿပီးေတာ့ ႏုိင္ငံတကာ စံခ်ိန္စံညႊန္းနဲ႔အညီ လုပ္ေဆာင္ႏုိ္င္ဖို႔အတြက္ ဒါေတြကို က်ေနာ္တို႔ တျခားဝန္ႀကီးဌာနအားလံုးနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ ပူးေပါင္းေဆာင္ရြက္သြားဖို႔ အဓိကလမ္းေၾကာင္း (၃) ခုကို ျပင္ဆင္ထားပါတယ္။

ေမး ။ ။ ႏွစ္ေပါင္းမ်ားစြာ ျဖစ္ပ်က္ခဲ့တဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြကို မွတ္တမ္းတင္မယ္။ ဒါေတြအတြက္ တခ်ိန္မွာ တာဝန္ယူမႈ၊ တာဝန္ခံမႈရိွေအာင္လုပ္မယ္။ အျပစ္ေပးခံရတာကေန လြတ္ေနတဲ့ အျပစ္ေပးမခံရတဲ့ အေျခအေနကို ေပ်ာက္သြားေအာင္ လုပ္မယ္ေပါ့။ အဲဒီလိုလုပ္တဲ့ေနရာမွာ ကိုေအာင္မ်ဳိးမင္းတုိ႔ ဘယ္လိုအခက္အခဲေတြ ႀကံဳရတာရိွလဲ။

ေျဖ ။ ။ ဒီလိုအခ်က္အလက္ စုေဆာင္းတဲ့အခါမွာ က်ေနာ္တို႔ Online Social Media က အခ်က္ေတြကို ရရိွပါတယ္။ ဒါကေတာ့ အဲဒီလိုအခ်က္အလက္ေတြ အမ်ားႀကီး ရရိွတယ္။ ဒါေပမဲ့ အခုေနာက္ပိုင္းမွာ မတရားရက္ရက္စက္စက္နဲ႔ ဖိႏိွပ္မႈေတြ ျဖစ္လာတယ္။ တယ္လီဖုန္းေတြကအစ စစ္ေဆးၿပီးေတာ့ ဖမ္းဆီးမႈေတြ ျဖစ္လာတယ္။ လူေတြမွာ ကိုယ့္ဖုန္းထဲက Data ေတြကို လမ္းသြားရင္ မယူရဲတဲ့ကိစၥ ျဖစ္လာတယ္။ သတင္းေတြကို အေၾကာက္တရားနဲ႔ မယူေအာင္လုပ္တာတင္မကဘူး၊ သတင္းေတြကို စုေဆာင္းထားတဲ့ လူေတြကို ေနာက္ထပ္အေၾကာက္တရားနဲ႔ ဖမ္းဆီးမႈေတြ တယ္လီဖုန္းေတြ စစ္ေဆးတာေတြ၊ အခ်က္အလက္ေတြ စုေဆာင္းတာေတြ။ ဓါတ္ပံုတပံု ေတြ႔တာေတာင္မွ အေရးယူမႈ ျဖစ္လာတဲ့အတြက္ ဒီလိုမ်ဳိး အခ်က္အလက္ေတြကို လံုၿခံဳစိတ္ခ်စြာနဲ႔ ေပးပို႔ဖို႔အတြက္ အခက္အခဲေတြ အမ်ားႀကီးရိွလာပါတယ္။ ေနာက္တခုကေတာ့ ဒီလိုမ်ဳိး လုပ္ေဆာင္တဲ့အႀကိမ္က အရမ္းကိုမ်ားပါတယ္။ အခု က်ေနာ္တို႔ဆီမွာဆိုရင္ ဒါနဲ႔ပတ္သက္တဲ့ တင္ျပမႈေတြ အားလံုးေပါင္း သံုးေသာင္းေက်ာ္ ရိွပါတယ္။ ဒါေတြက က်ေနာ္တို႔က အခ်က္အလက္ေတြ စုေဆာင္းထားတယ္။ ဒါေပမဲ့ အခ်က္အလက္ေတြတင္ မရေသးဘူး၊ တကယ္လို႔ က်ေနာ္တို႔က တရားဥပေဒ မွ်တေအာင္ လုပ္ေဆာင္မယ္ဆိုရင္ ပိုမိုၿပီးေတာ့ ခုိင္လံုတဲ့ သက္ေသအေထာက္အထား။ ဒါေတြက က်ေနာ္တုိ႔ Deep Fake လို႔ေခၚတဲ့ အတုလုပ္ထားတာ မဟုတ္ဘူး။ တကယ္ျဖစ္ပ်က္တယ္ဆိုတဲ့ အခ်က္ေတြကို ျပန္လည္စံုစမ္းဖို႔အတြက္ အဲဒီေနရာမွာေတာ့ အခက္အခဲ အမ်ားႀကီးရိွေနတုန္းပဲ။ ဘာျဖစ္လို႔လဲဆိုေတာ့ လူတိုင္းက တင္ျပေနတယ္။ လူတိုင္းကလာတယ္။ အဲဒါေတြက က်ေနာ္တို႔က မွန္ကန္တဲ့ သတင္းေတြျဖစ္ဖို႔၊ သက္ေသအေထာက္အထား ခုိင္လံုဖို႔အတြက္ လုပ္ေဆာင္တဲ့အခါမွာ အရင္လိုျပည္တြင္းမွာ က်ေနာ္တို႔က လွည့္လည္သြားလာႏုိင္တဲ့ အေနအထားမ်ဳိး မဟုတ္တဲ့အတြက္ အခ်က္အလက္ကို စုေဆာင္းတဲ့အခါမွာ အမ်ားႀကီးစိန္ေခၚမႈေတြ ရိွပါတယ္။

ေနာက္တခုကေတာ့ ႏုိင္ငံတကာနဲ႔ ပူးေပါင္းေဆာင္ရြက္မႈအပိုင္း။ ဒါကလဲ ဘာလဲဆိုရင္ အရင္တုန္းကဆိုရင္ေတာ့ တရားဝင္ဆက္သြယ္တဲ့ လမ္းေၾကာင္းေတြ ရိွတယ္။ အခုၾကေတာ့ က်ေနာ္တို႔အေနနဲ႔ ဆက္သြယ္တဲ့အခါမွာ က်ေနာ္တုိ႔ ပံုစံကိုယ္တုိင္က ၾကားကာလလုပ္ေဆာင္ေနရတဲ့အတြက္ အရင္လိုမ်ဳိး ရံုးေသခ်ာမစိုက္ႏိုင္တဲ့ ကိစၥတခုကလဲ ႀကံဳေနရတဲ့ အခက္အခဲတခုပါ။

ေမး ။ ။ ဒီဟာေတြကို စုေဆာင္းထားတယ္ - အခ်က္အလက္ေတြရၿပီ၊ ဒီအခ်က္အလက္ေတြကတဆင့္ ဒါေတြကို တကယ္တမ္း Action တကယ္တမ္း အေရးယူလုပ္ေဆာင္ႏိုင္တဲ့အဆင့္ကို ဘယ္ေတာ့ေလာက္ ေရာက္ႏိုင္မလဲ။ လက္ရိွကလဲ ေျပာရရင္ ၾကားကာလ အမ်ဳိးသားညီညႊတ္ေရးအစိုးရဆိုတာ က်ေနာ္နားလည္သေလာက္ ဝန္ႀကီးဌာန၊ တာဝန္ရိွသူေတြက သီးျခားေနရာအသီးသီးကေန လႈပ္ရွားေနရေတာ့ အခုနေျပာသလို ရံုးဘာညာလဲ ခုိင္ခိုင္မာမာ မရိွတဲ့အခါၾကေတာ့ တကယ္တမ္း အေရးယူလုပ္ေဆာင္ႏိုင္ဖို႔ အခြင့္အေရး ရိွပါအံုးမလား။

ေျဖ ။ ။ ရိွပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔ေတြက ဒီလိုမ်ဳိး အမွန္တရားကို ေဖာ္ေဆာင္မယ္ဆိုလို႔ရိွရင္ အမ်ားဆံုးျမင္ၾကတာက တရားရံုးကိုတင္မယ္၊ ျပစ္ဒဏ္ေတြ ခ်မွတ္မယ္ဆိုတဲ့အပိုင္းမွာ။ ဒါက ေရရွည္သြားရမွာ။ ကာလလည္း အမ်ားႀကီးၾကာမယ္။ ဒါေပမဲ့ က်ေနာ္တုိ႔ စလုပ္ႏိုင္တဲ့ ကိစၥတခုကိုက စစ္အစိုးရနဲ႔ ပတ္သက္ေနတဲ့။ စစ္အုပ္စုနဲ႔ ပတ္သက္ေနတဲ့ စီးပြားေရးေတြ၊ သူတုိ႔လက္နက္နဲ႔ ပတ္သက္ၿပီး လုပ္ေဆာင္ေနတဲ့ အခ်က္ေတြကို ႏုိင္ငံအလိုက္ ပထမဦးဆံုး ရပ္တန္႔ေအာင္ လုပ္ေဆာင္ႏိုင္ဖို႔ ကုလသမဂၢတခုလံုးမွာလဲ ေတာ္ေတာ္ႀကီးကို ေနရာတိုင္းနီးပါး ျမန္္မာ့ႏိုင္ငံအေရးကို ေဆြးေႏြးေနၾကၿပီ။ ေနာက္တခါ ဒီထပ္ပိုမိုၿပီးေတာ့ ျပင္းထန္တဲ့ အေရးယူမႈေတြ ျဖစ္လာတယ္။ ဒါကလဲ အမွန္တရားကို သြားဖို႔အတြက္ လမ္းေၾကာင္းျဖစ္ပါတယ္။ ပထမဦးဆံုး စစ္အုပ္စုအေနနဲ႔ ဘယ္လိုမွ အာဏာကို ဆက္ထိန္းထားမႏုိင္ဖို႔အတြက္ ျပည္တြင္းက အင္အားေတြကိုလည္း ယူရသလို၊ ျပည္ပရဲ ႔ ဖိအားေတြလည္း က်ေနာ္တို႔ လိုအပ္ပါတယ္။ အဲဒီလိုမ်ဳိးျဖစ္ေအာင္ လုပ္ေဆာင္တဲ့အခါမွာေတာ့ အခုကာလမွာ အတုိင္းအတာတခုအရေတာ့ ေအာင္ျမင္ၿပီလို႔ ေျပာလို႔ရတယ္။ ဒါကေတာ့ လက္ရိွအေျခအေနပါ။

ေနာက္ပိုင္းမွာ တရားဥပေဒအရ အေရးယူႏုိင္တဲ့ ကိစၥမ်ဳိး။ ခုံရံုးတင္ၿပီးေတာ့ အျပစ္ေပးအေရးယူႏုိင္တဲ့ ကိစၥမ်ဳိးက ဒီေပၚမွာ အေျခခံၿပီးေတာ့ ေနာက္ထပ္ေရရွည္သြားရမယ့္ ကိစၥမ်ဳိး ျဖစ္ပါတယ္။ ေရရွည္မွာ သြားရမယ့္ကိစၥတရပ္ကို သြားဖို႔အတြက္ အားမလို၊ အားမရ ျဖစ္ၿပီးေတာ့ေနမယ့္အစား၊ ဒီလိုမ်ဳိးလမ္းေၾကာင္းကို သြားေနတဲ့အခါမွာ တဆင့္ၿပီးတဆင့္ တိုးတက္လာတဲ့ဟာကို အားယူၿပီးေတာ့ ေျပာမယ္ဆိုရင္ေတာ့ ေအာင္ျမင္တယ္။ ေတာ္ေတာ္ႀကီးကို အဆင္ေျပတယ္လို႔ ေျပာလို႔ရပါတယ္။

ေမး ။ ။ ဆိုေတာ့ ၾကာကာလညီညႊတ္ေရး အစိုးရရဲ ႔ မူဝါဒေတြ ရပ္တည္ခ်က္ေတြနဲ႔ ပတ္သက္ရင္ ျပည္တြင္းျပည္ပ ႏိုင္ငံတကာက စိတ္ဝင္စားေနတာက ဘာလဲဆိုေတာ့ ရခို္င္ျပည္နယ္ကေန ထြက္ေျပးသြားၾကတဲ့ ရိုဟင္ဂ်ာလူနည္းစုေတြနဲ႔ ပတ္သက္တဲ့ ရပ္တည္ခ်က္သေဘာထား။ ျပည္တြင္းမွာရိွေနတဲ့ ရိုဟင္ဂ်ာလူနည္းစုေတြေကာ၊ ဘဂၤလားေဒ့ရွ္ကို ထြက္ေျပးသြားတဲ့ ရိုဟင္ဂ်ာလူနည္းစုေတြေကာ သူတုိ႔ေတြ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈကို အႀကီးအက်ယ္ ခံစားခဲ့ၾကတဲ့လူေတြ ျဖစ္တယ္။ ဆိုေတာ့ ဒီရိုဟင္ဂ်ာ လူနည္းစုေတြနဲ႔ ပတ္သက္ၿပီးေတာ့ NUG မွာ NUG ဆီကေန တိက်ျပတ္သားတဲ့ မူဝါဒသေဘာထားမ်ဳိး မၾကားရေသးဘူးလို႔ ေျပာၾကားတာေတြရိွတယ္။ က်ေနာ္လည္း မေတြ႔မိေသးဘူး။ ဆိုေတာ့ ရိုဟင္ဂ်ာအေရးနဲ႔ ပတ္သက္လို႔ NUG ရဲ ႔ မူဝါဒရပ္တည္ခ်က္ သေဘာထားက ဘာမ်ားပါလဲ။

ေျဖ ။ ။ NUG ရဲ ႔ ရပ္တည္ခ်က္ မေျပာခင္မွာ လူ႔အခြင့္အေရးကို လုပ္ေဆာင္ခဲ့တဲ့ က်ေနာ့္ရဲ ႔ရပ္တည္ခ်က္ကေတာ့ လူ႔အခြင့္အေရးဆိုတာ လူသားအားလံုးနဲ႔ သက္ဆိုင္ပါတယ္။ ဘယ္သူကပဲျဖစ္ျဖစ္ အျခားလူသားတေယာက္အေပၚမွာ မတရားလုပ္ေဆာင္ျခင္းက လူ႔အခြင့္အေရး ခ်ဳိးေဖာက္ျခင္းျဖစ္တယ္။ ဆိုေတာ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈမွာ ဘယ္သူက ဘယ္သူလုပ္လို႔ဆိုတဲ့အရာမ်ဳိး မရိွဘူး။ ဘယ္သူကပဲ ဘယ္သူကိုလုပ္လုပ္ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈကို လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈမ်ဳိး ရိွတယ္။ ဒါေၾကာင့္မို႔ ဒီလိုမ်ဳိး ဒီအစိုးရမွာ တာဝန္ယူတဲ့အပိုင္းမွာ က်ေနာ့္အေနနဲ႔ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈကို ကိုင္တြယ္ဖို႔လိုတယ္။ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီးေတာ့ ရပ္တည္မႈေတြ လုပ္ေဆာင္ဖို႔ လိုအပ္တယ္ဆိုၿပီးေတာ့ က်ေနာ္စတင္ၿပီးေတာ့ ေျပာပါတယ္။ ေျပာတဲ့အခါမွာ ပထမဦးဆံုး က်ေနာ္ ႀကံဳေတြ႔ရတဲ့ အေၾကာင္းအရာကေတာ့ ရိုဟင္ဂ်ာအေရးပါ။ ရိုဟင္ဂ်ာေတြအေပၚမွာ အရင္တုန္းက ဖိႏိွပ္မႈေတြ ရိွခဲ့တယ္။ ဒါနဲ႔ ပတ္သက္ၿပီးေတာ့ ႏုိင္ငံတကာကလဲ အာရံုစိုက္ေနတယ္။ ဒါေၾကာင့္မို႔ NUG အေနနဲ႔ ရိုဟင္ဂ်ာနဲ႔ ပတ္သက္တဲ့ မူဝါဒတခု ရပ္တည္ခ်က္တခုကို ခ်မွတ္ေပးဖို႔အတြက္ က်ေနာ္ကို ဝိုင္းဝန္းၿပီးေတာ့ အႀကံျပဳၾကပါတယ္။

အဲဒီေတာ့ က်ေနာ့္အေနနဲ႔ ေျပာရရင္ႏွစ္ခ်က္ရိွပါတယ္။ ဟုတ္ကဲ့ လူ႔အခြင့္အေရးကို အေျခခံဖို႔အတြက္ လိုအပ္တယ္။ ဒါေပမဲ့ ႏို္င္ငံတကာ ေျပာဖို႔အတြက္ စကၠဴေပၚမွာ ခ်ေရးတဲ့ ေပၚလစီေတာ့ က်ေနာ္မလုပ္ခ်င္ဘူး။ အမွန္တကယ္ လူသားရဲ ႔ ရွဳေထာင့္အရ လူ႔အခြင့္အေရးကို အေျခခံတဲ့ ရပ္တည္ခ်က္ျဖစ္ဖို႔အတြက္ က်ေနာ္ကို လုပ္ေဆာင္ခြင့္ေပးပါ။ ေနာက္တခုက ဒါမ်ဳိးေရးမယ္ဆိုရင္ေတာ့ ပါဝင္ပတ္သက္ေသာ သူမ်ားနဲ႔ ေတြ႔ဆံုၿပီးေတာ့ သူတုိ႔ရဲ ႔အသံ၊ သူတုိ႔ရဲ ႔ခံစားခ်က္၊ သူတို႔ရဲ ႔ အယူအဆေတြကို ထည့္သြင္းဖို႔ လိုအပ္တယ္ဆိုတဲ့အရာကို ေတာင္းတဲ့ေနရာမွာ ဒီအစိုးရအေနနဲ႔ တာဝန္ေပးတဲ့အတြက္ ဒါမ်ဳိးေတြ႔ေနရပါတယ္။ အဲဒီေတာ့ က်ေနာ္တို႔ ေတြ႔ဆံုတဲ့အခါမွာ သူတို႔ကိုလဲ အသံေတြနားေထာင္ရေအာင္၊ က်ေနာ္တုိ႔ စိတ္ထဲမွာ ေတြးထားတဲ့အခ်က္ကိုလဲ သူတို႔အေနနဲ႔ ဘယ္လိုလက္ခံတယ္ဆိုတာကို သိဖို႔အတြက္ က်ေနာ္တုိ႔ ႏွစ္ပတ္ေလာက္ အခ်ိန္ယူရပါတယ္။ အဲဒီေတာ့ မၾကာမီမွာ ဒီလိုမ်ဳိး NUG ကေန ရပ္တည္တဲ့ ရိုဟင္ဂ်ာမ်ားအေပၚမွာ ရပ္တည္ခ်က္ position paper ေရွ ႔အပတ္ထဲမွာ ထြက္ပါမယ္။ အဲဒီအထဲမွာေတာ့ အၾကမ္းအားျဖင့္ ေျပာခ်င္တဲ့ကိစၥတခုကေတာ့ ရိုဟင္ဂ်ာေတြကို ရိုဟင္ဂ်ာအျဖစ္ ေခၚတဲ့အခ်က္ကို က်ေနာ္တို႔ လက္ခံပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူ႔ရဲ ႔ ရပ္တည္ခ်က္ျဖစ္တယ္။ ေနာက္တခုက ရုိဟင္ဂ်ာေတြ ျမန္မာႏိုင္ငံအတြင္းမွာ တျခားႏုိင္ငံသားေတြနဲ႔ တန္းတူ၊ သူတို႔အေပၚမွာ လူ႔အခြင့္အေရး ခ်ဳိးေဖာက္တာကို ဘယ္လိုမွ က်ေနာ္တို႔ လက္မခံဘူး။ ဘယ္သူအေပၚမွာ ခြဲျခားျခင္း မရိွေစရဘူး။ လူတဦးတေယာက္ရဲ ႔ တဦးခ်င္းအခြင့္အေရးကို က်ေနာ္တို႔ လက္ခံတယ္။ အသိအမွတ္ျပဳတယ္။ ကာကြယ္ေပးမယ္။ ေနာက္တခါ က်ေနာ္တို႔ ၁၉၈၂ ဥပေဒ - ႏုိင္ငံသားဥပေဒမွာ အားနည္းခ်က္ေတြ အမ်ားႀကီးရိွတယ္။ ၁၃၅ ဆိုတဲ့ နံပတ္ကို အေျခခံၿပီးေတာ့ ႏုိင္ငံသားသတ္မွတ္တာက ရိုဟင္ဂ်ာတင္မကဘူး၊ အျခားလူမ်ဳိးေတြပါ အမ်ားႀကီးထိခိုက္တဲ့ဟာမ်ဳိး ျဖစ္တယ္။ ဒါေၾကာင့္မလို႔ ၈၂ ဥပေဒကို ဖိႏိွပ္တဲ့ ဥပေဒအျဖစ္ သတ္မွတ္တယ္။ ဒီဥပေဒကို ပယ္ဖ်က္ၿပီးေတာ့ တကယ့္ႏုိင္ငံသားအျဖစ္ကို ရရိွရထိုက္သူမ်ားအားလံုး ေမြးဖြားမႈမွာ အေျခခံၿပီးေတာ့ လက္ခံတဲ့ ႏုိ္င္ငံသားဥပေဒကို ေရွ ႔ဆက္လက္တြဲ လုပ္ေဆာင္သြားဖို႔အတြက္ ေရးဆြဲသြားဖို႔အတြက္ ေရွ ႔လုပ္ငန္းစဥ္မွာ ခ်မွတ္ထားပါတယ္။ ဒါေလးကေတာ့ ပါတဲ့အခ်က္ထဲက တခ်ဳိ ႔အခ်က္ေတြကို ေကာက္ႏုတ္ၿပီးေတာ့ ေျပာျပတာပါ။

ေမး ။ ။ သိပ္မၾကာခင္ ရက္ပိုင္းအတြင္းမွာ အျပည့္အစံု ထြက္လာမွာေပါ့။

ေျဖ ။ ။ ဟုတ္ပါတယ္။ က်ေနာ္တို႔ ေနာက္ဆံုးအဆင့္အထိ ေရာက္ေနပါၿပီ။

ေမး ။ ။ ဟုတ္ကဲ့ပါ။ က်ေနာ္တို႔ ေစာင့္ေမွ်ာ္ေနပါမယ္။ ဆိုေတာ့ ဒီေမးခြန္းကေတာ့ လူ႔အခြင့္အေရးနဲ႔ေတာ့ တိုက္ရိုက္မသက္ဆိုင္ပါဘူး။ ဒါေပမဲ့ ကိုေအာင္မ်ဳိးမင္းကိုယ္တုိင္က စစ္အာဏာသိမ္း မတိုင္မီကလဲ လူ႔အခြင့္အေရးနဲ႔ ပတ္သက္ၿပီး ေတာက္ေလွ်ာက္လုပ္လာတယ္။ စစ္အာဏာသိမ္းေနာက္ပိုင္းမွာလဲ စစ္အာဏာသိမ္းတာကို အခိုင္အမာ ဆန္႔က်င္ၿပီးေတာ့ အခုအခါမွာ အစိုးရအဖြဲ႔ထဲမွာ တာဝန္ယူၿပီးေတာ့ ဝင္လုပ္တဲ့အဆင့္ကို ရိွလာၿပီ။ က်ေနာ္ ကိုေအာင္မ်ဳိးမင္းရဲ ႔ အျမင္သေဘာထားကို သိခ်င္တာက အၾကမ္းမဖက္ CDM လႈပ္ရွားမႈ။ ေနာက္တခါ ေႏြဦးေတာ္လွန္ေရး။ ေနာက္တခါ Generation Z မ်ဳိးဆက္သစ္လူငယ္ေတြ၊ သူတုိ႔လုပ္ေဆာင္ေနတာ၊ သူတုိ႔ရဲ ႔ ရပ္တည္ခ်က္ေတြ စသည္အားျဖင့္ ဒါေတြကို အခိုင္အမာ ေထာက္ခံေနၾကတဲ့ လူေတြရိွတယ္ဆိုတာကိုလဲ က်ေနာ္တို႔အားလံုး သိပါတယ္။ တဘက္မွာလဲ ဒါေတြနဲ႔ ပတ္သက္ၿပီးေတာ့ က်ေနာ္ သံုးခ်င္တဲ့ ေဝါဟာရကေတာ့ Non-believer ဒါေတြ ေအာင္ျမင္ဖို႔ မလြယ္ဘူး။ ေအာင္ျမင္မႈရဖို႔ ခက္တယ္။ ဒီလုပ္ရပ္ေတြကေတာ့ သိပ္ေတာ့ မဟုတ္ဘူး စသည္ျဖင့္ CDM ကိုလည္း မယံုၾကည္ဘူး။ ေႏြဦးေတာ္လွန္ေရးကိုလည္း မေထာက္ခံဘူး။ Generation Z က လုပ္ေနတာကိုလည္း ခပ္အန္အန္ လုပ္ေနသူေတြ ရိွပါတယ္။ အခိုင္အမာကိုရိွတယ္။ အဲဒီလိုမ်ဳိး Non-believer ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ကိုေအာင္မ်ဳိးမင္း ဘာမ်ားေျပာခ်င္ပါလဲ။

ေျဖ ။ ။ ယံုၾကည္ခြင့္ မတူကြဲျပားခြင့္က လူသားရဲ ႔ အခြင့္အေရး။ ဒါေပမဲ့ မယံုၾကည္တာေၾကာင့္မို႔ အေႏွာင့္အယွက္ေပးတာ၊ ေနာက္တခါ မဟုတ္မမွန္ သတင္းေတြအေနနဲ႔ ေျပာဆိုၾကတာ။ ေနာက္တခါ ဒါနဲ႔ပတ္သက္ၿပီးေတာ့ မွားယြင္းတဲ့သတင္းေတြျဖန္႔တာ။ ဒါေတြကေတာ့ မျဖစ္သင့္တဲ့ အေၾကာင္းအရာလုိ႔ပဲ ေျပာခ်င္ပါတယ္။ အဲဒီေတာ့ မ်ဳိးဆက္သစ္ေတြ ပါဝင္ေနတဲ့ ဒီတုိက္ပြဲမွာ ျပည္တြင္းရဲ ႔အင္အားေတြ မေလ်ာ့ဖို႔ပဲ လိုအပ္တယ္။ တခ်ိန္တည္းမွာ ျပည္ပရဲ ႔ စာနာနားလည္မႈနဲ႔ ပူးေပါင္းမႈ လုိအပ္ပါတယ္။ အဲဒီေတာ့ တခါတေလ က်ေနာ္တို႔ တုိက္ပြဲၾကာလာေလေလ အားမလိုအားမရ ျဖစ္တာေတြ ရိွပါလိမ့္မယ္။ ဒါေပမဲ့ က်ေနာ္တုိ႔က ေခတ္ေပါင္းစနစ္ေပါင္း မ်ားစြာတည္ရိွေနတဲ့ အရာကို ထူေထာင္ေနရတာ ျဖစ္တယ္။ အခက္အခဲ အမ်ားႀကီး ျဖစ္ေနတာ ျဖစ္တဲ့အတြက္ စိတ္ဓါတ္ေလ်ာ့မယ္လုိ႔ ခံစားတုိင္း ခံစားတိုင္း ေအာင္ကို ေအာင္ျမင္ရမယ္ဆိုတဲ့ စိတ္ထားမ်ဳိး။ လက္ရိွလုပ္ေဆာင္ေနတဲ့ လုပ္ငန္းထဲမွာ ေအာင္ျမင္မႈေတြကို ဆက္လက္ၿပီးေတာ့ အားယူၿပီးေတာ့ ေရွ ႔ကိဆက္လက္တုိးၾကပါလို႔ တိုက္တြန္းလုိပါတယ္။ အားလံုးကိုလည္း ေလးးစားပါတယ္။

ေမး ။ ။ မအားလပ္တဲ့ၾကားက အခ်ိန္ေပးၿပီးေတာ့ ေျဖဆုိေပးတဲ့အတြက္ အထူးပဲေက်းဇူးတင္ပါတယ္ ကိုေအာင္မ်ဳိးမင္း။

ေျဖ ။ ။ ဟုတ္ကဲ့ ေက်းဇူးတင္ပါတယ္။

ကိုေက်ာ္ေက်ာ္သိန္း ။ ။ က်န္းမာစြာနဲ႔ ေဘးရန္ကင္းစြာနဲ႔ သြားခ်င္တဲ့ ပန္းတုိင္းကို ေရာက္ႏိုင္ပါေစလို႔ ဆုေတာင္းေပးပါတယ္။

ေျဖ ။ ။ ယံုၾကည္စြာနဲ႔ ဆက္လက္ေလွ်ာက္လွမ္းေနပါတယ္။


==Unicode ==

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေတဲ့အထဲမှာ လက်နက်ကိုင်ပြီးတော့ ခုခံတိုက်ခိုက်တဲ့အခါမှာ လုပ်နည်းကိုင်နည်း လွဲမှားလို့ရှိရင် လက်နက်ကိုင်တိုက်ပွဲကနေ အကြမ်းဖက်လုပ်ရပ်ဘက်ကို ရောက်သွားနိုင်တာမို့ သတိပြုထိန်းသိမ်းလုပ်ဆောင်ဖို့အတွက် ကြားကာလညီညွှတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းပါတယ်။ ကိုကျော်ကျော်သိန်းက ဦးအောင်မျိုးမင်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ ဦးအောင်မျိုးမင်း VOA နဲ့ တွေ့ဆုံမေးမြန်းခွင့်ပြုတဲ့အတွက် ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံမှာ တခါမှာ မရှိဘူးသေးတဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာန ဒီဝန်ကြီးဌာနကို တာဝန်ယူလုပ်ဆောင်နေရတဲ့ ကြားကာလအမျိုးသားညီညွှတ်ရေးအစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးဆိုတော့ ကိုအောင်မျိုးမင်းတို့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေနဲ့ လက်ရှိမှာ ဘာကိုဦးစားပေးပြီးတော့ လုပ်နေပါသလဲ။

ဖြေ ။ ။ ကြားကာလဝန်ကြီးဌာန ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ပထမဦးဆုံးအနေနဲ့ အခုစစ်အာဏာရှင် အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမျိုးစုံကို မမေ့မလျော့ မှတ်တမ်းတင်ဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီကိစ္စတွေက နိုင်ငံနဲ့တဝှမ်းမှာ ဖြစ်နေတယ်။ ရိုးရိုးသာမန် လူ့အခွင့်အရေး ချိုးဖောက်မှုလို့ ပြောလို့မရဘူး။ စနစ်တကျ အမိန့်ပေးပြီးတော့ အမိန့်စီးဆင်းမှု တစုံတရာနဲ့ အရပ်သားပြည်သူတွေကို ထိခိုက်နစ်နာအောင် ရည်ရွယ်တာဖြစ်တဲ့အတွက် အနည်းဆုံးကတော့ Crimes against humanity ခေါ်တဲ့ လူသားမျိုးနွယ်တခုလုံးကို ကျူးလွန်တဲ့ ပြစ်မှု ဖြစ်သွားပါပြီ။ ဒီအချက်တွေကို ကျနော်တို့ ဝန်ကြီးဌာနကို တိုက်ရိုက်ပေးနိုင်ဖို့အတွက် လမ်းကြောင်းတွေကို ဖော်ဆောင်နေတယ်။ ဒီလိုမျိုး ရရှိတဲ့အချက်တွေကို တချိန်ချိန်ကျလို့ရှိရင် နည်းလမ်းနှစ်ခုရအောင် ဖော်ဆောင်ဖို့အတွက် လုပ်ဆောင်ပါမယ်။ နောက်တခုကတော့ ဒီလိုမျိုးဖြစ်နေတဲ့ အပြစ်ရှိသူကနေ အပြစ်ပေးခံကနေ လွတ်မြောက်နေတဲ့ Culture of Impunity ကို လုံးဝရပ်တန့်ဖို့အတွက် ကျူးလွန်နေတဲ့ လူတွေကို ကျူးလွန်မှုအဆင့်အတိုင်း ထိရောက်စွာ အရေးယူနိုင်ဖို့အတွက် နောက်ထပ်နိုင်ငံတကာမှာ တရားဥပဒေနဲ့ ဖော်ဆောင်သွားဖို့ ဖြစ်ပါတယ်။ ဒါက နှစ်ဆင့်ပါ။

နောက်ထပ်တခုကတော့ အစိုးရတာဝန်ဖြစ်တဲ့ လူ့အခွင့်အရေးကို လေးစားခြင်း။ လူ့အခွင့်အရေးကို ကာကွယ်ပေးခြင်းနဲ့ ပြည်သူပြည်သားတွေအားလုံး လူ့အခွင့်အရေးကို ရရှိဖို့အတွက် ဖြည့်ဆည်းပေးခြင်းဆိုတဲ့ တာဝန် (၃) ရပ်ကို ကျနော်တို့ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဝန်ကြီးဌာနအနေနဲ့ ဒီတာဝန်တွေကို ထမ်းဆောင်မယ်။ တချိန်ထဲမှာ NUG က ချမှတ်ထားတဲ့ ပေါ်လစီ၊ တခြားဝန်ကြီးဌာနတွေက ချမှတ်မယ့် လုပ်ငန်းစဉ်တွေမှာ လူ့အခွင့်အရေးကို အခြေခံပြီးတော့ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့အညီ လုပ်ဆောင်နိုင်ဖို့အတွက် ဒါတွေကို ကျနော်တို့ တခြားဝန်ကြီးဌာနအားလုံးနဲ့ ချိတ်ဆက်ပြီးတော့ ပူးပေါင်းဆောင်ရွက်သွားဖို့ အဓိကလမ်းကြောင်း (၃) ခုကို ပြင်ဆင်ထားပါတယ်။

မေး ။ ။ နှစ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို မှတ်တမ်းတင်မယ်။ ဒါတွေအတွက် တချိန်မှာ တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင်လုပ်မယ်။ အပြစ်ပေးခံရတာကနေ လွတ်နေတဲ့ အပြစ်ပေးမခံရတဲ့ အခြေအနေကို ပျောက်သွားအောင် လုပ်မယ်ပေါ့။ အဲဒီလိုလုပ်တဲ့နေရာမှာ ကိုအောင်မျိုးမင်းတို့ ဘယ်လိုအခက်အခဲတွေ ကြုံရတာရှိလဲ။

ဖြေ ။ ။ ဒီလိုအချက်အလက် စုဆောင်းတဲ့အခါမှာ ကျနော်တို့ Online Social Media က အချက်တွေကို ရရှိပါတယ်။ ဒါကတော့ အဲဒီလိုအချက်အလက်တွေ အများကြီး ရရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာ မတရားရက်ရက်စက်စက်နဲ့ ဖိနှိပ်မှုတွေ ဖြစ်လာတယ်။ တယ်လီဖုန်းတွေကအစ စစ်ဆေးပြီးတော့ ဖမ်းဆီးမှုတွေ ဖြစ်လာတယ်။ လူတွေမှာ ကိုယ့်ဖုန်းထဲက Data တွေကို လမ်းသွားရင် မယူရဲတဲ့ကိစ္စ ဖြစ်လာတယ်။ သတင်းတွေကို အကြောက်တရားနဲ့ မယူအောင်လုပ်တာတင်မကဘူး၊ သတင်းတွေကို စုဆောင်းထားတဲ့ လူတွေကို နောက်ထပ်အကြောက်တရားနဲ့ ဖမ်းဆီးမှုတွေ တယ်လီဖုန်းတွေ စစ်ဆေးတာတွေ၊ အချက်အလက်တွေ စုဆောင်းတာတွေ။ ဓါတ်ပုံတပုံ တွေ့တာတောင်မှ အရေးယူမှု ဖြစ်လာတဲ့အတွက် ဒီလိုမျိုး အချက်အလက်တွေကို လုံခြုံစိတ်ချစွာနဲ့ ပေးပို့ဖို့အတွက် အခက်အခဲတွေ အများကြီးရှိလာပါတယ်။ နောက်တခုကတော့ ဒီလိုမျိုး လုပ်ဆောင်တဲ့အကြိမ်က အရမ်းကိုများပါတယ်။ အခု ကျနော်တို့ဆီမှာဆိုရင် ဒါနဲ့ပတ်သက်တဲ့ တင်ပြမှုတွေ အားလုံးပေါင်း သုံးသောင်းကျော် ရှိပါတယ်။ ဒါတွေက ကျနော်တို့က အချက်အလက်တွေ စုဆောင်းထားတယ်။ ဒါပေမဲ့ အချက်အလက်တွေတင် မရသေးဘူး၊ တကယ်လို့ ကျနော်တို့က တရားဥပဒေ မျှတအောင် လုပ်ဆောင်မယ်ဆိုရင် ပိုမိုပြီးတော့ ခိုင်လုံတဲ့ သက်သေအထောက်အထား။ ဒါတွေက ကျနော်တို့ Deep Fake လို့ခေါ်တဲ့ အတုလုပ်ထားတာ မဟုတ်ဘူး။ တကယ်ဖြစ်ပျက်တယ်ဆိုတဲ့ အချက်တွေကို ပြန်လည်စုံစမ်းဖို့အတွက် အဲဒီနေရာမှာတော့ အခက်အခဲ အများကြီးရှိနေတုန်းပဲ။ ဘာဖြစ်လို့လဲဆိုတော့ လူတိုင်းက တင်ပြနေတယ်။ လူတိုင်းကလာတယ်။ အဲဒါတွေက ကျနော်တို့က မှန်ကန်တဲ့ သတင်းတွေဖြစ်ဖို့၊ သက်သေအထောက်အထား ခိုင်လုံဖို့အတွက် လုပ်ဆောင်တဲ့အခါမှာ အရင်လိုပြည်တွင်းမှာ ကျနော်တို့က လှည့်လည်သွားလာနိုင်တဲ့ အနေအထားမျိုး မဟုတ်တဲ့အတွက် အချက်အလက်ကို စုဆောင်းတဲ့အခါမှာ အများကြီးစိန်ခေါ်မှုတွေ ရှိပါတယ်။

နောက်တခုကတော့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုအပိုင်း။ ဒါကလဲ ဘာလဲဆိုရင် အရင်တုန်းကဆိုရင်တော့ တရားဝင်ဆက်သွယ်တဲ့ လမ်းကြောင်းတွေ ရှိတယ်။ အခုကြတော့ ကျနော်တို့အနေနဲ့ ဆက်သွယ်တဲ့အခါမှာ ကျနော်တို့ ပုံစံကိုယ်တိုင်က ကြားကာလလုပ်ဆောင်နေရတဲ့အတွက် အရင်လိုမျိုး ရုံးသေချာမစိုက်နိုင်တဲ့ ကိစ္စတခုကလဲ ကြုံနေရတဲ့ အခက်အခဲတခုပါ။

မေး ။ ။ ဒီဟာတွေကို စုဆောင်းထားတယ် - အချက်အလက်တွေရပြီ၊ ဒီအချက်အလက်တွေကတဆင့် ဒါတွေကို တကယ်တမ်း Action တကယ်တမ်း အရေးယူလုပ်ဆောင်နိုင်တဲ့အဆင့်ကို ဘယ်တော့လောက် ရောက်နိုင်မလဲ။ လက်ရှိကလဲ ပြောရရင် ကြားကာလ အမျိုးသားညီညွှတ်ရေးအစိုးရဆိုတာ ကျနော်နားလည်သလောက် ဝန်ကြီးဌာန၊ တာဝန်ရှိသူတွေက သီးခြားနေရာအသီးသီးကနေ လှုပ်ရှားနေရတော့ အခုနပြောသလို ရုံးဘာညာလဲ ခိုင်ခိုင်မာမာ မရှိတဲ့အခါကြတော့ တကယ်တမ်း အရေးယူလုပ်ဆောင်နိုင်ဖို့ အခွင့်အရေး ရှိပါအုံးမလား။

ဖြေ ။ ။ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့တွေက ဒီလိုမျိုး အမှန်တရားကို ဖော်ဆောင်မယ်ဆိုလို့ရှိရင် အများဆုံးမြင်ကြတာက တရားရုံးကိုတင်မယ်၊ ပြစ်ဒဏ်တွေ ချမှတ်မယ်ဆိုတဲ့အပိုင်းမှာ။ ဒါက ရေရှည်သွားရမှာ။ ကာလလည်း အများကြီးကြာမယ်။ ဒါပေမဲ့ ကျနော်တို့ စလုပ်နိုင်တဲ့ ကိစ္စတခုကိုက စစ်အစိုးရနဲ့ ပတ်သက်နေတဲ့။ စစ်အုပ်စုနဲ့ ပတ်သက်နေတဲ့ စီးပွားရေးတွေ၊ သူတို့လက်နက်နဲ့ ပတ်သက်ပြီး လုပ်ဆောင်နေတဲ့ အချက်တွေကို နိုင်ငံအလိုက် ပထမဦးဆုံး ရပ်တန့်အောင် လုပ်ဆောင်နိုင်ဖို့ ကုလသမဂ္ဂတခုလုံးမှာလဲ တော်တော်ကြီးကို နေရာတိုင်းနီးပါး မြန်မာ့နိုင်ငံအရေးကို ဆွေးနွေးနေကြပြီ။ နောက်တခါ ဒီထပ်ပိုမိုပြီးတော့ ပြင်းထန်တဲ့ အရေးယူမှုတွေ ဖြစ်လာတယ်။ ဒါကလဲ အမှန်တရားကို သွားဖို့အတွက် လမ်းကြောင်းဖြစ်ပါတယ်။ ပထမဦးဆုံး စစ်အုပ်စုအနေနဲ့ ဘယ်လိုမှ အာဏာကို ဆက်ထိန်းထားမနိုင်ဖို့အတွက် ပြည်တွင်းက အင်အားတွေကိုလည်း ယူရသလို၊ ပြည်ပရဲ့ ဖိအားတွေလည်း ကျနော်တို့ လိုအပ်ပါတယ်။ အဲဒီလိုမျိုးဖြစ်အောင် လုပ်ဆောင်တဲ့အခါမှာတော့ အခုကာလမှာ အတိုင်းအတာတခုအရတော့ အောင်မြင်ပြီလို့ ပြောလို့ရတယ်။ ဒါကတော့ လက်ရှိအခြေအနေပါ။

နောက်ပိုင်းမှာ တရားဥပဒေအရ အရေးယူနိုင်တဲ့ ကိစ္စမျိုး။ ခုံရုံးတင်ပြီးတော့ အပြစ်ပေးအရေးယူနိုင်တဲ့ ကိစ္စမျိုးက ဒီပေါ်မှာ အခြေခံပြီးတော့ နောက်ထပ်ရေရှည်သွားရမယ့် ကိစ္စမျိုး ဖြစ်ပါတယ်။ ရေရှည်မှာ သွားရမယ့်ကိစ္စတရပ်ကို သွားဖို့အတွက် အားမလို၊ အားမရ ဖြစ်ပြီးတော့နေမယ့်အစား၊ ဒီလိုမျိုးလမ်းကြောင်းကို သွားနေတဲ့အခါမှာ တဆင့်ပြီးတဆင့် တိုးတက်လာတဲ့ဟာကို အားယူပြီးတော့ ပြောမယ်ဆိုရင်တော့ အောင်မြင်တယ်။ တော်တော်ကြီးကို အဆင်ပြေတယ်လို့ ပြောလို့ရပါတယ်။

မေး ။ ။ ဆိုတော့ ကြာကာလညီညွှတ်ရေး အစိုးရရဲ့ မူဝါဒတွေ ရပ်တည်ချက်တွေနဲ့ ပတ်သက်ရင် ပြည်တွင်းပြည်ပ နိုင်ငံတကာက စိတ်ဝင်စားနေတာက ဘာလဲဆိုတော့ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာလူနည်းစုတွေနဲ့ ပတ်သက်တဲ့ ရပ်တည်ချက်သဘောထား။ ပြည်တွင်းမှာရှိနေတဲ့ ရိုဟင်ဂျာလူနည်းစုတွေကော၊ ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာလူနည်းစုတွေကော သူတို့တွေ လူ့အခွင့်အရေး ချိုးဖောက်မှုကို အကြီးအကျယ် ခံစားခဲ့ကြတဲ့လူတွေ ဖြစ်တယ်။ ဆိုတော့ ဒီရိုဟင်ဂျာ လူနည်းစုတွေနဲ့ ပတ်သက်ပြီးတော့ NUG မှာ NUG ဆီကနေ တိကျပြတ်သားတဲ့ မူဝါဒသဘောထားမျိုး မကြားရသေးဘူးလို့ ပြောကြားတာတွေရှိတယ်။ ကျနော်လည်း မတွေ့မိသေးဘူး။ ဆိုတော့ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ NUG ရဲ့ မူဝါဒရပ်တည်ချက် သဘောထားက ဘာများပါလဲ။

ဖြေ ။ ။ NUG ရဲ့ ရပ်တည်ချက် မပြောခင်မှာ လူ့အခွင့်အရေးကို လုပ်ဆောင်ခဲ့တဲ့ ကျနော့်ရဲ့ရပ်တည်ချက်ကတော့ လူ့အခွင့်အရေးဆိုတာ လူသားအားလုံးနဲ့ သက်ဆိုင်ပါတယ်။ ဘယ်သူကပဲဖြစ်ဖြစ် အခြားလူသားတယောက်အပေါ်မှာ မတရားလုပ်ဆောင်ခြင်းက လူ့အခွင့်အရေး ချိုးဖောက်ခြင်းဖြစ်တယ်။ ဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်မှုမှာ ဘယ်သူက ဘယ်သူလုပ်လို့ဆိုတဲ့အရာမျိုး မရှိဘူး။ ဘယ်သူကပဲ ဘယ်သူကိုလုပ်လုပ် လူ့အခွင့်အရေး ချိုးဖောက်မှုကို လူ့အခွင့်အရေး ချိုးဖောက်မှုမျိုး ရှိတယ်။ ဒါကြောင့်မို့ ဒီလိုမျိုး ဒီအစိုးရမှာ တာဝန်ယူတဲ့အပိုင်းမှာ ကျနော့်အနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုကို ကိုင်တွယ်ဖို့လိုတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ရပ်တည်မှုတွေ လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုပြီးတော့ ကျနော်စတင်ပြီးတော့ ပြောပါတယ်။ ပြောတဲ့အခါမှာ ပထမဦးဆုံး ကျနော် ကြုံတွေ့ရတဲ့ အကြောင်းအရာကတော့ ရိုဟင်ဂျာအရေးပါ။ ရိုဟင်ဂျာတွေအပေါ်မှာ အရင်တုန်းက ဖိနှိပ်မှုတွေ ရှိခဲ့တယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာကလဲ အာရုံစိုက်နေတယ်။ ဒါကြောင့်မို့ NUG အနေနဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ မူဝါဒတခု ရပ်တည်ချက်တခုကို ချမှတ်ပေးဖို့အတွက် ကျနော်ကို ဝိုင်းဝန်းပြီးတော့ အကြံပြုကြပါတယ်။

အဲဒီတော့ ကျနော့်အနေနဲ့ ပြောရရင်နှစ်ချက်ရှိပါတယ်။ ဟုတ်ကဲ့ လူ့အခွင့်အရေးကို အခြေခံဖို့အတွက် လိုအပ်တယ်။ ဒါပေမဲ့ နိုင်ငံတကာ ပြောဖို့အတွက် စက္ကူပေါ်မှာ ချရေးတဲ့ ပေါ်လစီတော့ ကျနော်မလုပ်ချင်ဘူး။ အမှန်တကယ် လူသားရဲ့ ရှုထောင့်အရ လူ့အခွင့်အရေးကို အခြေခံတဲ့ ရပ်တည်ချက်ဖြစ်ဖို့အတွက် ကျနော်ကို လုပ်ဆောင်ခွင့်ပေးပါ။ နောက်တခုက ဒါမျိုးရေးမယ်ဆိုရင်တော့ ပါဝင်ပတ်သက်သော သူများနဲ့ တွေ့ဆုံပြီးတော့ သူတို့ရဲ့အသံ၊ သူတို့ရဲ့ခံစားချက်၊ သူတို့ရဲ့ အယူအဆတွေကို ထည့်သွင်းဖို့ လိုအပ်တယ်ဆိုတဲ့အရာကို တောင်းတဲ့နေရာမှာ ဒီအစိုးရအနေနဲ့ တာဝန်ပေးတဲ့အတွက် ဒါမျိုးတွေ့နေရပါတယ်။ အဲဒီတော့ ကျနော်တို့ တွေ့ဆုံတဲ့အခါမှာ သူတို့ကိုလဲ အသံတွေနားထောင်ရအောင်၊ ကျနော်တို့ စိတ်ထဲမှာ တွေးထားတဲ့အချက်ကိုလဲ သူတို့အနေနဲ့ ဘယ်လိုလက်ခံတယ်ဆိုတာကို သိဖို့အတွက် ကျနော်တို့ နှစ်ပတ်လောက် အချိန်ယူရပါတယ်။ အဲဒီတော့ မကြာမီမှာ ဒီလိုမျိုး NUG ကနေ ရပ်တည်တဲ့ ရိုဟင်ဂျာများအပေါ်မှာ ရပ်တည်ချက် position paper ရှေ့အပတ်ထဲမှာ ထွက်ပါမယ်။ အဲဒီအထဲမှာတော့ အကြမ်းအားဖြင့် ပြောချင်တဲ့ကိစ္စတခုကတော့ ရိုဟင်ဂျာတွေကို ရိုဟင်ဂျာအဖြစ် ခေါ်တဲ့အချက်ကို ကျနော်တို့ လက်ခံပါတယ်။ ဘာကြောင့်လဲဆိုတော့ သူ့ရဲ့ ရပ်တည်ချက်ဖြစ်တယ်။ နောက်တခုက ရိုဟင်ဂျာတွေ မြန်မာနိုင်ငံအတွင်းမှာ တခြားနိုင်ငံသားတွေနဲ့ တန်းတူ၊ သူတို့အပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာကို ဘယ်လိုမှ ကျနော်တို့ လက်မခံဘူး။ ဘယ်သူအပေါ်မှာ ခွဲခြားခြင်း မရှိစေရဘူး။ လူတဦးတယောက်ရဲ့ တဦးချင်းအခွင့်အရေးကို ကျနော်တို့ လက်ခံတယ်။ အသိအမှတ်ပြုတယ်။ ကာကွယ်ပေးမယ်။ နောက်တခါ ကျနော်တို့ ၁၉၈၂ ဥပဒေ - နိုင်ငံသားဥပဒေမှာ အားနည်းချက်တွေ အများကြီးရှိတယ်။ ၁၃၅ ဆိုတဲ့ နံပတ်ကို အခြေခံပြီးတော့ နိုင်ငံသားသတ်မှတ်တာက ရိုဟင်ဂျာတင်မကဘူး၊ အခြားလူမျိုးတွေပါ အများကြီးထိခိုက်တဲ့ဟာမျိုး ဖြစ်တယ်။ ဒါကြောင့်မလို့ ၈၂ ဥပဒေကို ဖိနှိပ်တဲ့ ဥပဒေအဖြစ် သတ်မှတ်တယ်။ ဒီဥပဒေကို ပယ်ဖျက်ပြီးတော့ တကယ့်နိုင်ငံသားအဖြစ်ကို ရရှိရထိုက်သူများအားလုံး မွေးဖွားမှုမှာ အခြေခံပြီးတော့ လက်ခံတဲ့ နိုင်ငံသားဥပဒေကို ရှေ့ဆက်လက်တွဲ လုပ်ဆောင်သွားဖို့အတွက် ရေးဆွဲသွားဖို့အတွက် ရှေ့လုပ်ငန်းစဉ်မှာ ချမှတ်ထားပါတယ်။ ဒါလေးကတော့ ပါတဲ့အချက်ထဲက တချို့အချက်တွေကို ကောက်နုတ်ပြီးတော့ ပြောပြတာပါ။

မေး ။ ။ သိပ်မကြာခင် ရက်ပိုင်းအတွင်းမှာ အပြည့်အစုံ ထွက်လာမှာပေါ့။

ဖြေ ။ ။ ဟုတ်ပါတယ်။ ကျနော်တို့ နောက်ဆုံးအဆင့်အထိ ရောက်နေပါပြီ။

မေး ။ ။ ဟုတ်ကဲ့ပါ။ ကျနော်တို့ စောင့်မျှော်နေပါမယ်။ ဆိုတော့ ဒီမေးခွန်းကတော့ လူ့အခွင့်အရေးနဲ့တော့ တိုက်ရိုက်မသက်ဆိုင်ပါဘူး။ ဒါပေမဲ့ ကိုအောင်မျိုးမင်းကိုယ်တိုင်က စစ်အာဏာသိမ်း မတိုင်မီကလဲ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး တောက်လျှောက်လုပ်လာတယ်။ စစ်အာဏာသိမ်းနောက်ပိုင်းမှာလဲ စစ်အာဏာသိမ်းတာကို အခိုင်အမာ ဆန့်ကျင်ပြီးတော့ အခုအခါမှာ အစိုးရအဖွဲ့ထဲမှာ တာဝန်ယူပြီးတော့ ဝင်လုပ်တဲ့အဆင့်ကို ရှိလာပြီ။ ကျနော် ကိုအောင်မျိုးမင်းရဲ့ အမြင်သဘောထားကို သိချင်တာက အကြမ်းမဖက် CDM လှုပ်ရှားမှု။ နောက်တခါ နွေဦးတော်လှန်ရေး။ နောက်တခါ Generation Z မျိုးဆက်သစ်လူငယ်တွေ၊ သူတို့လုပ်ဆောင်နေတာ၊ သူတို့ရဲ့ ရပ်တည်ချက်တွေ စသည်အားဖြင့် ဒါတွေကို အခိုင်အမာ ထောက်ခံနေကြတဲ့ လူတွေရှိတယ်ဆိုတာကိုလဲ ကျနော်တို့အားလုံး သိပါတယ်။ တဘက်မှာလဲ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျနော် သုံးချင်တဲ့ ဝေါဟာရကတော့ Non-believer ဒါတွေ အောင်မြင်ဖို့ မလွယ်ဘူး။ အောင်မြင်မှုရဖို့ ခက်တယ်။ ဒီလုပ်ရပ်တွေကတော့ သိပ်တော့ မဟုတ်ဘူး စသည်ဖြင့် CDM ကိုလည်း မယုံကြည်ဘူး။ နွေဦးတော်လှန်ရေးကိုလည်း မထောက်ခံဘူး။ Generation Z က လုပ်နေတာကိုလည်း ခပ်အန်အန် လုပ်နေသူတွေ ရှိပါတယ်။ အခိုင်အမာကိုရှိတယ်။ အဲဒီလိုမျိုး Non-believer တွေနဲ့ ပတ်သက်ပြီးတော့ ကိုအောင်မျိုးမင်း ဘာများပြောချင်ပါလဲ။

ဖြေ ။ ။ ယုံကြည်ခွင့် မတူကွဲပြားခွင့်က လူသားရဲ့ အခွင့်အရေး။ ဒါပေမဲ့ မယုံကြည်တာကြောင့်မို့ အနှောင့်အယှက်ပေးတာ၊ နောက်တခါ မဟုတ်မမှန် သတင်းတွေအနေနဲ့ ပြောဆိုကြတာ။ နောက်တခါ ဒါနဲ့ပတ်သက်ပြီးတော့ မှားယွင်းတဲ့သတင်းတွေဖြန့်တာ။ ဒါတွေကတော့ မဖြစ်သင့်တဲ့ အကြောင်းအရာလို့ပဲ ပြောချင်ပါတယ်။ အဲဒီတော့ မျိုးဆက်သစ်တွေ ပါဝင်နေတဲ့ ဒီတိုက်ပွဲမှာ ပြည်တွင်းရဲ့အင်အားတွေ မလျော့ဖို့ပဲ လိုအပ်တယ်။ တချိန်တည်းမှာ ပြည်ပရဲ့ စာနာနားလည်မှုနဲ့ ပူးပေါင်းမှု လိုအပ်ပါတယ်။ အဲဒီတော့ တခါတလေ ကျနော်တို့ တိုက်ပွဲကြာလာလေလေ အားမလိုအားမရ ဖြစ်တာတွေ ရှိပါလိမ့်မယ်။ ဒါပေမဲ့ ကျနော်တို့က ခေတ်ပေါင်းစနစ်ပေါင်း များစွာတည်ရှိနေတဲ့ အရာကို ထူထောင်နေရတာ ဖြစ်တယ်။ အခက်အခဲ အများကြီး ဖြစ်နေတာ ဖြစ်တဲ့အတွက် စိတ်ဓါတ်လျော့မယ်လို့ ခံစားတိုင်း ခံစားတိုင်း အောင်ကို အောင်မြင်ရမယ်ဆိုတဲ့ စိတ်ထားမျိုး။ လက်ရှိလုပ်ဆောင်နေတဲ့ လုပ်ငန်းထဲမှာ အောင်မြင်မှုတွေကို ဆက်လက်ပြီးတော့ အားယူပြီးတော့ ရှေ့ကိဆက်လက်တိုးကြပါလို့ တိုက်တွန်းလိုပါတယ်။ အားလုံးကိုလည်း လေးးစားပါတယ်။

မေး ။ ။ မအားလပ်တဲ့ကြားက အချိန်ပေးပြီးတော့ ဖြေဆိုပေးတဲ့အတွက် အထူးပဲကျေးဇူးတင်ပါတယ် ကိုအောင်မျိုးမင်း။

ဖြေ ။ ။ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

ကိုကျော်ကျော်သိန်း ။ ။ ကျန်းမာစွာနဲ့ ဘေးရန်ကင်းစွာနဲ့ သွားချင်တဲ့ ပန်းတိုင်းကို ရောက်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။

ဖြေ ။ ။ ယုံကြည်စွာနဲ့ ဆက်လက်လျှောက်လှမ်းနေပါတယ်။

XS
SM
MD
LG