သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အခမဲ့ ဖယ္ဒရယ္တကၠသိုလ္


ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢရဲ႕ ဥကၠ႒ ကိုညီေဇာ္
အခမဲ့ ဖယ္ဒရယ္တကၠသိုလ္
please wait

No media source currently available

0:00 0:12:49 0:00
တိုက္႐ိုက္ လင့္ခ္

ေဝဖန္ပိုင္းျခား ေတြးေခၚႏိုင္မႈကို အေျခခံတဲ့ တကၠသိုလ္ပညာေရးစနစ္ ေပၚေပါက္လာေစဖို႔ ရည္႐ြယ္ၿပီး Virtual Federal University အခမဲ့ ဖယ္ဒရယ္တကၠသိုလ္ကို ျမန္မာႏိုင္ငံက ေက်ာင္းသူ၊ ေက်ာင္းသားေတြက တည္ေထာင္ထားပါတယ္။ Online ကေန ဘာသာရပ္ေတြကို သင္ယူႏိုင္မယ့္ Virtual Federal University မွာ အေမရိကန္ျပည္ေထာင္စု Princeton တကၠသိုလ္အပါအဝင္ ႏိုင္ငံတကာ တကၠသိုလ္ေတြက ဆရာ၊ ဆရာမေတြက သင္ၾကားေပးၾကမွာ ျဖစ္ပါတယ္။ ဘယ္ဘာသာေတြကို သင္ၾကားမွာလဲ၊ ဘယ္လို သင္ယူႏိုင္မလဲဆိုတာကို ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢရဲ႕ ဥကၠ႒ ကိုညီေဇာ္, ကို မစုျမတ္မြန္က ဆက္သြယ္ေမးထားပါတယ္။

ေမး ။ ။ ကိုညီေဇာ္ မဂၤလာပါရွင့္။ ကိုညီေဇာ္က ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢရဲ႕ ဥကၠ႒ ျဖစ္ပါတယ္။ တကၠသိုလ္ေက်ာင္းသူေက်ာင္းသားေတြကို Online ကေန ဘာသာရပ္ေတြ သင္ႏုိင္ဖို႔အတြက္ ကိုညီေဇာ္တို႔က လုပ္ထားတယ္။ ႏို္င္ငံတကာက တကၠသိုလ္ဆရာ၊ ဆရာမေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ သင္ၾကားေရးပိုင္းေတြ ေဆာင္ရြက္ေနတာ ရိွပါတယ္ဆုိေတာ့ ဒါေတြက တကၠသိုလ္ေက်ာင္းသားသမဂၢေတြ စုေပါင္းၿပီးေတာ့ ႀကိဳးစားထားတယ္လို႔ နားလည္ပါတယ္။ အဲဒီလို Virtual Federal University ဘယ္လိုျဖစ္လာတယ္ဆိုတာကို အရင္ဆံုး ရွင္းျပေပးပါရွင့္။

ေျဖ ။ ။ ဟုတ္ကဲ့ မဂၤလာပါ အမ။ အဓိကေတာ့ စစ္အာဏာသိမ္းမႈေၾကာင့္နဲ႔ ကိုဗစ္တုိ႔ေၾကာင့္ ေက်ာင္းသားေတြ စဥ္ဆက္မျပတ္ ပညာသင္ၾကားမႈဆိုတဲ့ ေနရာမွာ အဟန္႔အတား ျဖစ္ေနတယ္။ ဒီလိုအပ္ခ်က္ကို ျဖည့္ဆည္းဖို႔အတြက္ ေက်ာင္းသားေတြစုၿပီးေတာ့ စိတ္ကူးစိတ္သန္းကေန ကူညီေပးၾကမယ့္ ဆရာ၊ ဆရာမေတြနဲ႔ ေပါင္းစပ္ၿပီးေတာ့ Virtual Federal University ဆိုၿပီးေတာ့ စခဲ့ၾကတာပါ။ အဓိကေတာ့ ဖယ္ဒရယ္တကၠသိုလ္က ဖယ္ဒရယ္ဒီမိုကေရစီ ပညာေရးကို အေျခခံတယ္။ လြတ္လပ္စြာ ေဝဖန္ပိုင္းျခားမႈကို အေျခခံၿပီးေတာ့ အခမဲ့မွ်ေဝလို႔ရတဲ့ ပညာေရး။ အခမဲ့မွ်ေဝတဲ့ တကၠသိုလ္အျဖစ္ ရပ္တည္ဖုိ႔ရိွတယ္။ ေနာက္ထပ္ ေက်ာင္းသားေတြအေနနဲ႔လဲ အခုအခ်ိန္မွာ စစ္ေကာင္စီက ျပန္ဖြင့္တဲ့ တကၠသိုလ္ေတြ။ စစ္ေကာင္စီေက်ာင္းေတြကို သပိတ္ေမွာက္ထားတဲ့ အေျခအေနလည္း ျဖစ္တယ္။ ေနာက္ထပ္ ေတာ္လွန္ေရးကာလမွာ ႏုိ္င္ငံေရးေရခ်ိန္အရ ထိန္းႏို္င္ဖိုိ႔အတြက္ကို ဖယ္ဒရယ္တကၠသိုလ္ကို အေကာင္အထည္ေဖာ္တဲ့ သေဘာမ်ဳိး ရိွပါတယ္။

ေမး ။ ။ ကိုညီေဇာ္ ေျပာသြားသလုိဆိုရင္ ေဝဖန္ပိုင္းျခား ေတြးေခၚႏိုင္မယ့္ ပညာေရး ေပၚေပါက္လာဖို႔အတြက္ ကိုညီေဇာ္တုိ႔က ႀကိဳးစားၿပီးေတာ့ လုပ္ေနတာ ျဖစ္တယ္ဆိုေတာ့ ဖယ္ဒရယ္တကၠသိုလ္ကေန ဘယ္လိုမ်ဳိး ဘာသာရပ္ေတြကို သင္ၾကားေပးဖို႔ အစီအစဥ္ေတြ ရိွပါသလဲ။

ေျဖ ။ ။ သင္တန္းေတြကေတာ့ သမိုင္း၊ ႏုိင္ငံေရးသိပၸံ၊ လက္ရိွ ဒီမိုကေရစီလႈပ္ရွားမႈကို အေထာက္အကူျပဳႏိုင္မယ့္ ဘာသာရပ္ေတြ။ ေနာက္ၿပီးေတာ့ ဘိုင္အို၊ သခ်ၤာ၊ Critical reading လို စာဖတ္နည္းေတြ၊ လူမ်ဳိးစုအေၾကာင္းေတြ၊ အလုပ္သမားလႈပ္ရွားမႈအေၾကာင္းေတြ၊ သဘာဝပတ္ဝန္းက်င္ဆုိင္ရာ ဘာသာရပ္ေတြ။ ေနာက္ထပ္ စိတ္ပညာလို ဘာသာရပ္ေတြ၊ ဖယ္ဒရယ္ဒီမုိကေရစီနဲ႔ သက္ဆိုင္တဲ့ ဘာသာရပ္ေတြကို ဆက္ၿပီးေတာ့ ေပးသြားဖို႔ ရိွပါတယ္။

ေမး ။ ။ ေျပာသြားတဲ့ ဘာသာရပ္ေတြအားလံုးက Online ကေန သင္ၾကားေပးမွာပါလား။ တက္တဲ့လူေတြက ဘြဲ႔လက္မွတ္ေတြ ဘာေတြ ရမွာလားရွင့္။

ေျဖ ။ ။ က်ေနာ္တုိ႔ ေလာေလာဆယ္ ဘြဲ႔လက္မွတ္ဆိုတာမ်ဳိးထက္ Certificate လိုမ်ဳိး ေပးဖို႔ေတာ့ အစီအစဥ္ရိွတယ္။ ဒီပလိုမာ၊ ပါရဂူဘြဲ႔လို လက္မွတ္မ်ဳိး ေပးဖို႔ေတာ့ ေလာေလာဆယ္ အစီအစဥ္ မရိွေသးဘူး။ ေနာက္ထပ္ ဘယ္လိုသင္တန္းမ်ဳိးကို Certificate ေပးၿပီး၊ ဘယ္လိုသင္တန္းမ်ဳိးကို ဒီအတုိင္း တက္လို႔ရမလဲဆိုတဲ့ အေျခအေနမ်ဳိးေတြကိုလဲ ဆက္ၿပီးလာမယ့္ သင္ခန္းစာေတြ ေၾကညာတဲ့အခါမွာလဲ တခါတည္း ထည့္သြင္းၿပီးေတာ့ ေၾကညာသြားမွာပါ။ က်ေနာ္တို႔က ေလာေလာဆယ္ေတာ့ ဖယ္ဒရယ္တကၠသိုလ္က ေပးတဲ့သင္ခန္းစာက Website ရိွတယ္။ Website ကို ဝင္ၿပီးေတာ့ Uploaded ထားတဲ့ ဗီဒီယိုင္ဖိုင္ေတြ၊ စာဖိုင္ေတြ၊ Audio ဖိုင္ေတြကို Download ယူႏုိ္င္မယ့္ အေျခအေနမ်ဳိးကို ျပင္ဆင္ထားတာ ရိွတယ္။ ဒီဟာကို အေထာက္အကူျပဳဖို႔အတြက္ တဘက္က Telegram လို Channel ေတြ ဖြင့္ၿပီးေတာ့ Discussion လုပ္လိုိ႔ရတာေတြ ရိွတယ္။ အေမး-အေျဖေတြ လုပ္လို႔ရတာေတြ ရိွတယ္။ ဒီလို Activities ေတြပါမယ္။ ေနာက္ထပ္တခု က်ေနာ္တို႔ စီစဥ္ေနတာကေတာ့ အင္တာနက္ အခက္အခဲရိွတဲ့ေနရာေတြ ရိွတဲ့ေနရာေတြ ရိွမယ္။ အင္တာနက္ မရႏိုင္တဲ့ အေျခအေနမ်ဳိးေတြ၊ အခက္အခဲရိွမယ့္ အေျခအေနမ်ဳိးမွာ ဒါကို ဘယ္လို ျဖန္႔ေဝလို႔ရမလဲဆိုတာကို ေလာေလာဆယ္ေတာ့ စီစဥ္ေနတယ္။ မီဒီယာေတြကတဆင့္ အင္တာနက္မရတဲ့ ေနရာေတြကို ဗီဒီယို၊ တီဗီကတဆင့္ ျဖန္႔ေဝလို႔ ရႏိုင္ေအာင္၊ ဒါမွမဟုတ္ စာဖိုင္ေတြကို ဘယ္လိုမ်ဳိး ကူးၿပီးေတာ့ ျဖန္႔ေဝလို႔ရမလဲဆိုတာကို ထပ္ၿပီးေတာ့ စီစဥ္ေနပါတယ္။

ေမး ။ ။ ဖယ္ဒရယ္ဒီမိုကေရစီ ပညာေရး ေပၚေပါက္လာဖို႔အတြက္ကို ရည္ရြယ္ခ်က္နဲ႔ Virtual Federal University ကို တည္ေထာင္ထားတာဆုိေတာ့ ဒီတကၠသိုလ္က လူနည္းစု တုိင္းရင္းသား ေက်ာင္းသူေက်ာင္းသားေတြအတြက္ကို ဘယ္ေလာက္အထိ အေထာက္အကူ ျဖစ္မယ္လို႔ ေျပာႏိုင္ပါလဲရွင့္။

ေျဖ ။ ။ ေလာေလာဆယ္ တကၠသုိလ္မွာ ျပင္ဆင္ေနၾကတဲ့ သင္ခန္းစာေတြက မ်ားေသာအားျဖင့္ေတာ့ အဂၤလိပ္ကို အေျခခံတယ္။ ဒီဟာေတြကို က်ေနာ္တုိ႔က ျမန္မာလို ဘာသာျပန္တာ ရိွတယ္။ လက္လွမ္းမီသမွ် တုိင္းရင္းသား လူမ်ဳိးစုဘာသာစကားေတြအထိ လိုက္ၿပီးေတာ့၊ ဘာသာျပန္ၿပီးေတာ့ ျဖန္႔ေဝဖို႔ရိွတယ္။ အခု ကရင္လို ဘာသာျပန္ထားတာ ရိွတယ္။ ရခိုင္လို ဘာသာျပန္ထားတာေတြ ရိွတယ္။ ေနာက္ထပ္ ကခ်င္လို ဘာသာျပန္ထားတာေတြေတာ့ ရိွတယ္။ ဒီဟာေတြကိုလဲ ဆက္ၿပီးေတာ့ ေၾကညာၿပီးေတာ့ ထုတ္လႊင့္သြားဖို႔ေတာ့ ရိွပါတယ္။ ေနာက္ထပ္ အားလံုးလက္လွမ္းမီၿပီးေတာ့ ရယူႏိုင္တဲ့ အေျခအေနမ်ဳိးျဖစ္ေအာင္အထိ ဆက္ၿပီးေတာ့ သြားဖို႔ရိွေနပါတယ္။ ေလာေလာဆယ္ေတာ့ ျပင္ဆင္ေနတဲ့ အေျခအေနေပါ့။

ေမး ။ ။ Virtual Federal University ကို ႏိုင္ငံတကာက တကၠသိုလ္ဆရာ၊ ဆရာမေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ သင္ၾကားဖို႔လဲ လုပ္ေနတာဆိုိေတာ့ အခု ပထမဦးဆံုး ဇြန္္လ (၁၁) ရက္ေန႔မွာ အေမရိကန္ Princeton တကၠသိုလ္က အေမရိကန္ပါေမာကၡတေယာက္က ဦးေဆာင္ၿပီးေတာ့ အေမရိကန္နဲ႔ ျမန္မာတကၠသိုလ္ ဆရာ၊ ဆရာမေတြ ပူးေပါင္းၿပီးေတာ့ သမိုင္းဘာသာရပ္ေတြကို စတင္ၿပီးေတာ့ သင္ေပးဖို႔ အစီအစဥ္ရိွတယ္လို႔ ေၾကညာထားတာ ေတြ႔ပါတယ္။ အဲဒီအစီအစဥ္ကို ရွင္းျပေပးပါရွင့္။

ေျဖ ။ ။ သမုိင္းဘာသာရပ္သင္မယ့္ အစီအစဥ္ကေတာ့ အခုနေျပာခဲ့သလိုပဲ Princeton တကၠသိုလ္ကေန က်ေနာ္တို႔ Virtual Federal University ကို အကူအညီေပးတဲ့ အေနနဲ႔ ျမန္မာႏုိင္ငံ ဖယ္ဒရယ္ဒီမိုကေရစီ လႈပ္ရွားမႈနဲ႔ ထပ္တူရပ္တည္တယ္ဆုိတဲ့ သေဘာမ်ဳိးနဲ႔ ဒီဟာကို သင္ေပးတဲ့သေဘာမ်ဳိး ျဖစ္တယ္။ ေလာေလာဆယ္ေတာ့ စီစဥ္ထားတဲ့ပံုစံက က်ေနာ္တို႔ Website မွာ ဗီဒီယိုဖုိင္ေတြ၊ အသံဖိုင္ေတြ၊ စာဖိုင္ေတြ တင္ထားတာေတြ ရိွမယ္။ ေနာက္ၿပီး ႏွစ္ပတ္တစ္ခါ သင္ခန္းစာေတြနဲ႔ ပတ္သက္လို႔ Telegram Channel မွာ Discussion လုပ္တာေတြ၊ အေမးအေျဖ လုပ္တာေတြကို လုပ္သြားဖို႔ရိွတယ္။ ေလာေလာဆယ္ သင္ယူလုိ႔ ရႏုိင္တဲ့ ပံုစံက (၂) မ်ဳိး ရိွတယ္။ ပထမတစ္မ်ဳိးက Register လုပ္ၿပီးေတာ့ ဝင္ခြင့္စစ္ေဆးၿပီးေတာ့ ဒီသင္တန္းကို တက္ေရာက္မယ္။ ၿပီးေတာ့ ဒီကေန ရထားတဲ့ Certificate ကို ေအာင္ျမင္ေၾကာင္းေပးမယ္။ ဒီဟာကို ဘယ္လိုစစ္ေဆးၿပီးေတာ့ ေပးမလဲဆိုတာကို သင္ခန္းစာေပးမယ့္ ဆရာက ဆက္ၿပီးေတာ့ စီစဥ္မယ့္ အေျခအေနရိွတယ္။ ေနာက္တစ္ခုက သင္တန္း Register မလုပ္ဘဲနဲ႔လဲ ဒီသင္ခန္းစာေတြကို လြတ္လြတ္လပ္လပ္၊ Free, Open ရယူႏုိင္တဲ့ အေျခအေနမ်ဳိးတစ္ခုကိုလဲ ဖန္တီးထားပါတယ္။

ေမး ။ ။ အခုလိုမ်ဳိး အေမရိကန္ ဆရာ၊ ဆရာမေတြလည္းပါတယ္ဆိုေတာ့ အခုလိုမ်ဳိး ႏိုင္ငံျခားက ဆရာ၊ ဆရာမေတြက သင္ေပးတဲ့အခါမွာ ဘာသာစကား အခက္အခဲေတြ မရိွႏိုင္ဘူးလား။ သူတုိ႔ဘက္က ဘယ္လိုမ်ဳိး သင္ေပးမလဲဆိုတာကို ေျပာျပပါလားရွင့္။

ေျဖ ။ ။ ေလာေလာဆယ္ေတာ့ သင္တန္းကို တက္ဖို႔အတြက္ လိုအပ္တဲ့ အရည္အခ်င္းအေနနဲ႔ အဂၤလိပ္စာနဲ႔ ေရးထားတဲ့ စာေတြကို ဖတ္ႏိုင္ရမယ္ဆိုတဲ့ အရည္အခ်င္းကန္႔သတ္ထားတာမ်ဳိးေတာ့ ရိွတယ္။ ဒါေပမဲ့လဲ ဗီဒီယိုင္ဖုိင္ေတြ၊ ဗီဒီယိုင္ဖိုင္ေတြကို တင္ဆက္တဲ့အခါမွာ ျမန္မာစာတန္းထိုးအေနနဲ႔ ထည့္ၿပီးေတာ့ တင္ဆက္သြားဖို႔ေတာ့ ရိွတယ္။ ျဖန္႔ေဝသြားဖို႔ရိွတယ္။

ေမး ။ ။ ဒါကေတာ့ ပထမဦးဆံုး အေမရိကန္က Princeton တကၠသိုလ္နဲ႔ အခ်ိတ္အဆက္လုပ္တဲ့ အစီအစဥ္။ ေနာက္ေကာ အျခားႏုိင္ငံျခား တကၠသိုလ္နဲ႔ ဒါမ်ဳိး သင္တန္းေတြေပးဖို႔ ဘယ္လိုအစီအစဥ္ေတြ ရိွသလားဆိုတာကို ေျပာလို႔ရသလားရွင့္။

ေျဖ ။ ။ ေလာေလာဆယ္ကေတာ့ ခ်ိတ္ဆက္ထားတဲ့ဟာကေတာ့ Princeton က Course တစ္ခုကိုေတာ့ ေၾကညာၿပီးပါၿပီ။ ေနာက္ပိုင္းမွာ ထပ္ၿပီးေတာ့ ႏုိင္ငံျခားတကၠသိုလ္ေတြ၊ ႏုိင္ငံျခားတကၠသိုလ္မွာရိွတဲ့ ပညာရပ္အစုအဖြဲ႔ေတြနဲ႔ စုဖြဲ႔ၿပီး သြားဖို႔ရိွတယ္။ အဲဒါကိုလဲ လုပ္ငန္းအေကာင္အထည္ေပၚမယ့္ အေျခအေနမွေတာ့ ဆက္ၿပီးေတာ့ ေၾကညာသြားမယ္။

ေမး ။ ။ အခုလိုမ်ဳိး ႏို္င္ငံျခားတကၠသိုလ္ေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့ အခုဆိုရင္ Princeton နဲ႔ ခ်ိတ္ဆက္ၿပီးလုပ္တဲ့ အစီအစဥ္နဲ႔ ပတ္သက္ၿပီး ေက်ာင္းသူေက်ာင္းသားေတြဘက္က သူတုိ႔ရဲ ႔ စိတ္ဝင္စားမႈ၊ တံု႔ျပန္မႈက ဘယ္ေလာက္အထိ စိတ္ဝင္စားၾကသလဲ။ တံု႔ျပန္မႈ ဘယ္လိုရိွပါသလဲရွင့္။

ေျဖ ။ ။ အခု ပထမဦးဆံုးေပးတဲ့ သင္တန္း။ သမိုင္းသင္တန္းအတြက္ကို စိတ္ဝင္စားၾကတဲ့ ေက်ာင္းသားေတြ၊ Register လုပ္ၿပီးေတာ့ တက္ဖို႔ေက်ာင္းသားေတြ ေထာင္ဂဏန္းေလာက္ ရိွတယ္။ ေနာက္ထပ္ Register မလုပ္ဘဲ ေလ့လာၾကမယ့္လူေတြကလဲ အဲဒီထက္မနည္းဘူးလို႔ ျမင္တယ္။ သမိုင္းသင္ခန္းစာအတြက္ မဟုတ္ဘဲနဲ႔ အျခားဘယ္လိုသင္ခန္္းစာေတြ ယူလို႔ရမလဲ။ ဘယ္လုိမ်ဳိး ပူးေပါင္းေဆာင္ရြက္လုိ႔ ရမလဲဆိုၿပီးေတာ့ စိတ္ဝင္စားၾကတဲ့ ဆရာေတြ၊ ပညာရွင္ေတြ၊ ေက်ာင္းသားေတြလည္း တျခားမွာ ရိွေနေသးတယ္။

ေမး ။ ။ အခုလိုမ်ဳိး ကိုညီေဇာ္တုိ႔ ေက်ာင္းသားမ်ားသမဂၢေတြ ဦးစီးတည္ေထာင္တဲ့ Virtual Federal University ဖယ္ဒရယ္တကၠသိုလ္ကို တက္ခ်င္တယ္ဆိုရင္ ဘယ္လိုမ်ဳိး တက္လို႔ရႏုိင္မလဲ။

ေျဖ ။ ။ ဒီဟာကေတာ့ ဘယ္သူတက္ဖို႔၊ ဘယ္သူပဲ တက္လုိ႔ရမယ္၊ ဘယ္သူပဲ တက္လို႔မရဘူးဆိုၿပီးေတာ့ ကန္႔သတ္ထားတာမ်ဳိး မရိွဘူး။ အခုက အရည္အခ်င္း အကန္႔အသတ္မ်ဳိးကိုလဲ အမ်ားႀကီးမထားထားဘူး။ ဒီမွာတက္မယ္ဆိုရင္ တကၠသိုလ္ဝန္ထမ္း ေအာင္ျမင္ၿပီးတဲ့ ေက်ာင္းသားေတြအတြက္ကို သင္ေတာ္တယ္ဆိုတာမ်ဳိးေတာ့ ရိွတယ္။ ဒါေပမဲ့လဲ တကၠသိုလ္ဝန္ထမ္း မေအာင္ျမင္ေသးတဲ့ ေက်ာင္းသား။ ဒါမွမဟုတ္ တကၠသိုလ္ေက်ာင္းသား မဟုတ္ဘဲနဲ႔ သင္ယူလိုစိတ္ရိွတဲ့ ဘယ္သူမဆုိ သင္လုိ႔ရႏုိင္တယ္ဆုိတာမ်ဳိးေတာ့ ရိွတယ္။ ေနာက္ထပ္ အသက္အေနနဲ႔ Certificate အတန္းေတြ အတြက္ဆိုရင္ (၁၈) ႏွစ္ျပည့္မွ တက္လုိ႔ရတယ္လို႔ ကန္႔သတ္ထားေပမယ့္လဲ အရည္အခ်င္း စစ္ေဆးလႊာကို ေျဖတဲ့အခ်ိန္မွာ အသက္ (၁၈) ႏွစ္မျပည့္ေသးဘဲနဲ႔ အရည္အခ်င္း ျပည့္မီတယ္ဆုိရင္ ျခြင္းခ်က္အေနနဲ႔ အေျခအေနမ်ဳိးေတြလည္း က်ေနာ္တုိ႔ စီစဥ္ထားပါတယ္။

ေမး ။ ။ ျမန္မာႏုိင္ငံက ေက်ာင္းသူေက်ာင္းသားေတြအေနနဲ႔ အခုလို တကၠသိုလ္မွာ Virtual Learning, Online ကေန သင္ယူရတဲ့ သင္ၾကားမႈ၊ သင္ယူမႈအပိုင္းနဲ႔ ပတ္သက္ၿပီးေတာ့ အေတြ႔အႀကံဳက နည္းတယ္ဆိုေတာ့ အခုလိုမ်ဳိး ကိုညီေဇာ္တို႔ စၿပီးေတာ့ လုပ္တဲ့ Online ပညာသင္ၾကားမႈစနစ္နဲ႔ ပတ္သက္ၿပီးေတာ့ ေက်ာင္းသူေက်ာင္းသားေတြကို ဘယ္လိုမ်ဳိး ေျပာခ်င္လဲ။ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုမ်ဳိး အခက္အခဲေတြ ေတြ႔ႏို္င္တယ္လို႔ ေမွ်ာ္လင့္ထားလဲရွင့္။

ေျဖ ။ ။ ေလာေလာဆယ္ အလြယ္ကူဆံုး၊ အရွင္းလင္းဆံုး Platform ေတြကေန တင္ဆက္ဖိုိ႔၊ ျဖန္႔ေဝဖို႔ စီစဥ္ေနၾကတယ္။ ေလာေလာဆယ္ Website က ရိွမယ္။ ေနာက္ Telegram Channel ရိွမယ္။ ေနာက္ လိုအပ္ရင္ ထပ္ၿပီးျဖည့္လာမယ့္ Platform ေတြ ရိွမယ္။ ၿပီးေတာ့ ဒီဟာေတြကို အစိမ္းသက္သက္သံုးဖို႔ လုပ္မွာမဟုတ္ဘဲနဲ႔ ဒီအေပၚမွာ ရွင္းျပတာမ်ဳိး။ ေနာက္ထပ္ရွင္းျပတဲ့ ဗီဒီယိုပဲျဖစ္ျဖစ္၊ စာပဲျဖစ္ျဖစ္ အဲဒီလိုမ်ဳိးလဲ စီစဥ္သြားဖို႔ ရိွပါတယ္။

ေမး ။ ။ ဆိုေတာ့ ကိုညီေဇာ္တုိိ႔အပါအဝင္ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားမ်ားသမဂၢေတြက ျမန္မာႏုိင္ငံမွာ ဖယ္ဒရယ္ဒီမိုကေရစီ ပညာေရးစနစ္ ေပၚေပါက္လာဖို႔ ရည္ရြယ္ၿပီးေတာ့ လုပ္ေနတာဆုိေတာ့ တကယ္ပဲ ျမန္မာျပည္မွာ ဖယ္ဒရယ္ပညာေရးစနစ္ႀကီး လက္ေတြ႔ေပၚေပါက္လာဖို႔က ေမွ်ာ္လင့္ခ်က္ ဘယ္ေလာက္ရိွပါသလဲရွင့္။

ေျဖ ။ ။ အခုအခ်ိန္က ပညာေရးမွာ ဖယ္ဒရယ္ဒီမိုကေရစီ ပညာေရးတစ္ခုကို ထူေထာင္ၾကမယ္ဆိုတဲ့ ပထမေျခလွမ္းကို စမ္းလို႔ရႏုိင္တယ္။ အခုအခ်ိန္မွာ တည္ေဆာက္ၾကတဲ့ ပညာေရးက အနာဂတ္မွာ စစ္အာဏာရွင္စနစ္ ခ်ဳပ္ၿငိမ္းၿပီးေတာ့ ဖယ္ဒရယ္ဒီမိုကေရစီျပည္ေထာင္စု ထူေထာင္ၾကတဲ့အခ်ိန္မွာရိွမယ့္ ဖယ္ဒရယ္ဒီမိုကေရစီ ပညာေရးမ်ဳိးနဲ႔ ထပ္တူက်မွာေတာ့ မဟုတ္ဘူး။ ဘာျဖစ္လုိ႔လဲဆိုေတာ့ အခုအခ်ိန္က ေတာ္လွန္္ေရးကာလ ျဖစ္တယ္။ ၾကားကာလ ျဖစ္တယ္။ ဒါေၾကာင့္မို႔ အခုအခ်ိန္မွာ က်ေနာ္တုိ႔က ဖက္ဆစ္လကၡဏာမပါတဲ့ ပညာေရး။ ျပည္သူ႔ဒီမိုကေရစီ ပညာေရးဆိုတဲ့ ပံုစံမ်ဳိးနဲ႔ က်ေနာ္တုိ႔က လုပ္ေဆာင္ရမယ္လုိ႔ ျမင္တယ္။ ဒီတုိင္းျပည္ မလြတ္လပ္တဲ့အခ်ိန္မွာ ဖယ္ဒရယ္ဒီမိုကေရစီ ပညာေရးဆိုတဲ့အရာက ဘယ္လိုမွ ရႏုိင္စရာအေၾကာင္း မရိွဘူး။ ဘာျဖစ္လုိ႔လဲဆိုေတာ့ ပညာေရးက တုိင္းျပည္ရဲ ႔ စနစ္နဲ႔ တုိက္ရိုက္ေသာ္လည္းေကာင္း၊ သြယ္ဝိုက္ေရြ ႔လည္းေကာင္း သက္ေရာက္မႈ ရိွေနတယ္။ ဒါေၾကာင့္မုိ႔ ပညာေရးက႑ လြတ္ေျမာက္ဖုိ႔ဆုိရင္ ဒီမိုကေရစီပညာေရး ရဖို႔ဆိုရင္ တုိင္းျပည္မွာရိွေနတဲ့ စနစ္ႀကီးတစ္ခုလံုးကို ဖ်က္သိမ္းပစ္မွရမယ္။ အျမစ္ကေနလွန္ၿပီး တူးထုတ္ပစ္မွ ရမယ့္အေျခအေနမ်ဳိး ရိွတယ္။ သို႔ေပမဲ့လဲ ဒီၾကာကာလမွာ က်ေနာ္တို႔အေနနဲ႔ လုပ္လုိ႔ရတဲ့ ဖယ္ဒရယ္ဒီမိုကေရစီ ပညာေရးမူဝါဒေတြကို အေျခခံလို႔ရတဲ့ ျပည္သူ႔ပညာေရးမ်ဳိး ၊ ျပည္သူ႔ဒီမိုကေရစီပညာေရးမ်ဳိး စသျဖင့္ က်ေနာ္တို႔က ေျခလွမ္းလွမ္းထားလို႔ ရႏုိင္တယ္။ ေနာက္အနာဂတ္မွာ ရိွလာမယ့္ ဖယ္ဒရယ္ဒီမိုကေရစီတုိင္းျပည္ ေပၚေပါက္ဖို႔အတြက္ တုိက္ရမယ့္ တုိက္ပြဲနဲ႔အတူ ဖယ္ဒရယ္ဒီမိုကေရစီ ပညာေရးအတြက္ တၿပိဳင္တည္း တုိိက္ရမွာျဖစ္တယ္။

မစုျမတ္မြန္ ။ ။ ကိုညီေဇာ္ ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္။ အခုလိုမ်ဳိး အခ်ိန္ေပးၿပီး ေျဖၾကားေပးတဲ့အတြက္။

ကိုညီေဇာ္ ။ ။ ဟုတ္ .. ေက်းဇူးတင္ပါတယ္ အမ။


==Unicode ==

ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်မှုကို အခြေခံတဲ့ တက္ကသိုလ်ပညာရေးစနစ် ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး Virtual Federal University အခမဲ့ ဖယ်ဒရယ်တက္ကသိုလ်ကို မြန်မာနိုင်ငံက ကျောင်းသူ၊ ကျောင်းသားတွေက တည်ထောင်ထားပါတယ်။ Online ကနေ ဘာသာရပ်တွေကို သင်ယူနိုင်မယ့် Virtual Federal University မှာ အမေရိကန်ပြည်ထောင်စု Princeton တက္ကသိုလ်အပါအဝင် နိုင်ငံတကာ တက္ကသိုလ်တွေက ဆရာ၊ ဆရာမတွေက သင်ကြားပေးကြမှာ ဖြစ်ပါတယ်။ ဘယ်ဘာသာတွေကို သင်ကြားမှာလဲ၊ ဘယ်လို သင်ယူနိုင်မလဲဆိုတာကို ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌ ကိုညီဇော်, ကို မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။

မေး ။ ။ ကိုညီဇော် မင်္ဂလာပါရှင့်။ ကိုညီဇော်က ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌ ဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို Online ကနေ ဘာသာရပ်တွေ သင်နိုင်ဖို့အတွက် ကိုညီဇော်တို့က လုပ်ထားတယ်။ နိုင်ငံတကာက တက္ကသိုလ်ဆရာ၊ ဆရာမတွေနဲ့ ချိတ်ဆက်ပြီးတော့ သင်ကြားရေးပိုင်းတွေ ဆောင်ရွက်နေတာ ရှိပါတယ်ဆိုတော့ ဒါတွေက တက္ကသိုလ်ကျောင်းသားသမဂ္ဂတွေ စုပေါင်းပြီးတော့ ကြိုးစားထားတယ်လို့ နားလည်ပါတယ်။ အဲဒီလို Virtual Federal University ဘယ်လိုဖြစ်လာတယ်ဆိုတာကို အရင်ဆုံး ရှင်းပြပေးပါရှင့်။

ဖြေ ။ ။ ဟုတ်ကဲ့ မင်္ဂလာပါ အမ။ အဓိကတော့ စစ်အာဏာသိမ်းမှုကြောင့်နဲ့ ကိုဗစ်တို့ကြောင့် ကျောင်းသားတွေ စဉ်ဆက်မပြတ် ပညာသင်ကြားမှုဆိုတဲ့ နေရာမှာ အဟန့်အတား ဖြစ်နေတယ်။ ဒီလိုအပ်ချက်ကို ဖြည့်ဆည်းဖို့အတွက် ကျောင်းသားတွေစုပြီးတော့ စိတ်ကူးစိတ်သန်းကနေ ကူညီပေးကြမယ့် ဆရာ၊ ဆရာမတွေနဲ့ ပေါင်းစပ်ပြီးတော့ Virtual Federal University ဆိုပြီးတော့ စခဲ့ကြတာပါ။ အဓိကတော့ ဖယ်ဒရယ်တက္ကသိုလ်က ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးကို အခြေခံတယ်။ လွတ်လပ်စွာ ဝေဖန်ပိုင်းခြားမှုကို အခြေခံပြီးတော့ အခမဲ့မျှဝေလို့ရတဲ့ ပညာရေး။ အခမဲ့မျှဝေတဲ့ တက္ကသိုလ်အဖြစ် ရပ်တည်ဖို့ရှိတယ်။ နောက်ထပ် ကျောင်းသားတွေအနေနဲ့လဲ အခုအချိန်မှာ စစ်ကောင်စီက ပြန်ဖွင့်တဲ့ တက္ကသိုလ်တွေ။ စစ်ကောင်စီကျောင်းတွေကို သပိတ်မှောက်ထားတဲ့ အခြေအနေလည်း ဖြစ်တယ်။ နောက်ထပ် တော်လှန်ရေးကာလမှာ နိုင်ငံရေးရေချိန်အရ ထိန်းနိုင်ဖို့အတွက်ကို ဖယ်ဒရယ်တက္ကသိုလ်ကို အကောင်အထည်ဖော်တဲ့ သဘောမျိုး ရှိပါတယ်။

မေး ။ ။ ကိုညီဇော် ပြောသွားသလိုဆိုရင် ဝေဖန်ပိုင်းခြား တွေးခေါ်နိုင်မယ့် ပညာရေး ပေါ်ပေါက်လာဖို့အတွက် ကိုညီဇော်တို့က ကြိုးစားပြီးတော့ လုပ်နေတာ ဖြစ်တယ်ဆိုတော့ ဖယ်ဒရယ်တက္ကသိုလ်ကနေ ဘယ်လိုမျိုး ဘာသာရပ်တွေကို သင်ကြားပေးဖို့ အစီအစဉ်တွေ ရှိပါသလဲ။

ဖြေ ။ ။ သင်တန်းတွေကတော့ သမိုင်း၊ နိုင်ငံရေးသိပ္ပံ၊ လက်ရှိ ဒီမိုကရေစီလှုပ်ရှားမှုကို အထောက်အကူပြုနိုင်မယ့် ဘာသာရပ်တွေ။ နောက်ပြီးတော့ ဘိုင်အို၊ သင်္ချာ၊ Critical reading လို စာဖတ်နည်းတွေ၊ လူမျိုးစုအကြောင်းတွေ၊ အလုပ်သမားလှုပ်ရှားမှုအကြောင်းတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်တွေ။ နောက်ထပ် စိတ်ပညာလို ဘာသာရပ်တွေ၊ ဖယ်ဒရယ်ဒီမိုကရေစီနဲ့ သက်ဆိုင်တဲ့ ဘာသာရပ်တွေကို ဆက်ပြီးတော့ ပေးသွားဖို့ ရှိပါတယ်။

မေး ။ ။ ပြောသွားတဲ့ ဘာသာရပ်တွေအားလုံးက Online ကနေ သင်ကြားပေးမှာပါလား။ တက်တဲ့လူတွေက ဘွဲ့လက်မှတ်တွေ ဘာတွေ ရမှာလားရှင့်။

ဖြေ ။ ။ ကျနော်တို့ လောလောဆယ် ဘွဲ့လက်မှတ်ဆိုတာမျိုးထက် Certificate လိုမျိုး ပေးဖို့တော့ အစီအစဉ်ရှိတယ်။ ဒီပလိုမာ၊ ပါရဂူဘွဲ့လို လက်မှတ်မျိုး ပေးဖို့တော့ လောလောဆယ် အစီအစဉ် မရှိသေးဘူး။ နောက်ထပ် ဘယ်လိုသင်တန်းမျိုးကို Certificate ပေးပြီး၊ ဘယ်လိုသင်တန်းမျိုးကို ဒီအတိုင်း တက်လို့ရမလဲဆိုတဲ့ အခြေအနေမျိုးတွေကိုလဲ ဆက်ပြီးလာမယ့် သင်ခန်းစာတွေ ကြေညာတဲ့အခါမှာလဲ တခါတည်း ထည့်သွင်းပြီးတော့ ကြေညာသွားမှာပါ။ ကျနော်တို့က လောလောဆယ်တော့ ဖယ်ဒရယ်တက္ကသိုလ်က ပေးတဲ့သင်ခန်းစာက Website ရှိတယ်။ Website ကို ဝင်ပြီးတော့ Uploaded ထားတဲ့ ဗီဒီယိုင်ဖိုင်တွေ၊ စာဖိုင်တွေ၊ Audio ဖိုင်တွေကို Download ယူနိုင်မယ့် အခြေအနေမျိုးကို ပြင်ဆင်ထားတာ ရှိတယ်။ ဒီဟာကို အထောက်အကူပြုဖို့အတွက် တဘက်က Telegram လို Channel တွေ ဖွင့်ပြီးတော့ Discussion လုပ်လို့ရတာတွေ ရှိတယ်။ အမေး-အဖြေတွေ လုပ်လို့ရတာတွေ ရှိတယ်။ ဒီလို Activities တွေပါမယ်။ နောက်ထပ်တခု ကျနော်တို့ စီစဉ်နေတာကတော့ အင်တာနက် အခက်အခဲရှိတဲ့နေရာတွေ ရှိတဲ့နေရာတွေ ရှိမယ်။ အင်တာနက် မရနိုင်တဲ့ အခြေအနေမျိုးတွေ၊ အခက်အခဲရှိမယ့် အခြေအနေမျိုးမှာ ဒါကို ဘယ်လို ဖြန့်ဝေလို့ရမလဲဆိုတာကို လောလောဆယ်တော့ စီစဉ်နေတယ်။ မီဒီယာတွေကတဆင့် အင်တာနက်မရတဲ့ နေရာတွေကို ဗီဒီယို၊ တီဗီကတဆင့် ဖြန့်ဝေလို့ ရနိုင်အောင်၊ ဒါမှမဟုတ် စာဖိုင်တွေကို ဘယ်လိုမျိုး ကူးပြီးတော့ ဖြန့်ဝေလို့ရမလဲဆိုတာကို ထပ်ပြီးတော့ စီစဉ်နေပါတယ်။

မေး ။ ။ ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေး ပေါ်ပေါက်လာဖို့အတွက်ကို ရည်ရွယ်ချက်နဲ့ Virtual Federal University ကို တည်ထောင်ထားတာဆိုတော့ ဒီတက္ကသိုလ်က လူနည်းစု တိုင်းရင်းသား ကျောင်းသူကျောင်းသားတွေအတွက်ကို ဘယ်လောက်အထိ အထောက်အကူ ဖြစ်မယ်လို့ ပြောနိုင်ပါလဲရှင့်။

ဖြေ ။ ။ လောလောဆယ် တက္ကသိုလ်မှာ ပြင်ဆင်နေကြတဲ့ သင်ခန်းစာတွေက များသောအားဖြင့်တော့ အင်္ဂလိပ်ကို အခြေခံတယ်။ ဒီဟာတွေကို ကျနော်တို့က မြန်မာလို ဘာသာပြန်တာ ရှိတယ်။ လက်လှမ်းမီသမျှ တိုင်းရင်းသား လူမျိုးစုဘာသာစကားတွေအထိ လိုက်ပြီးတော့၊ ဘာသာပြန်ပြီးတော့ ဖြန့်ဝေဖို့ရှိတယ်။ အခု ကရင်လို ဘာသာပြန်ထားတာ ရှိတယ်။ ရခိုင်လို ဘာသာပြန်ထားတာတွေ ရှိတယ်။ နောက်ထပ် ကချင်လို ဘာသာပြန်ထားတာတွေတော့ ရှိတယ်။ ဒီဟာတွေကိုလဲ ဆက်ပြီးတော့ ကြေညာပြီးတော့ ထုတ်လွှင့်သွားဖို့တော့ ရှိပါတယ်။ နောက်ထပ် အားလုံးလက်လှမ်းမီပြီးတော့ ရယူနိုင်တဲ့ အခြေအနေမျိုးဖြစ်အောင်အထိ ဆက်ပြီးတော့ သွားဖို့ရှိနေပါတယ်။ လောလောဆယ်တော့ ပြင်ဆင်နေတဲ့ အခြေအနေပေါ့။

မေး ။ ။ Virtual Federal University ကို နိုင်ငံတကာက တက္ကသိုလ်ဆရာ၊ ဆရာမတွေနဲ့ ချိတ်ဆက်ပြီးတော့ သင်ကြားဖို့လဲ လုပ်နေတာဆိုတော့ အခု ပထမဦးဆုံး ဇွန်လ (၁၁) ရက်နေ့မှာ အမေရိကန် Princeton တက္ကသိုလ်က အမေရိကန်ပါမောက္ခတယောက်က ဦးဆောင်ပြီးတော့ အမေရိကန်နဲ့ မြန်မာတက္ကသိုလ် ဆရာ၊ ဆရာမတွေ ပူးပေါင်းပြီးတော့ သမိုင်းဘာသာရပ်တွေကို စတင်ပြီးတော့ သင်ပေးဖို့ အစီအစဉ်ရှိတယ်လို့ ကြေညာထားတာ တွေ့ပါတယ်။ အဲဒီအစီအစဉ်ကို ရှင်းပြပေးပါရှင့်။

ဖြေ ။ ။ သမိုင်းဘာသာရပ်သင်မယ့် အစီအစဉ်ကတော့ အခုနပြောခဲ့သလိုပဲ Princeton တက္ကသိုလ်ကနေ ကျနော်တို့ Virtual Federal University ကို အကူအညီပေးတဲ့ အနေနဲ့ မြန်မာနိုင်ငံ ဖယ်ဒရယ်ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ထပ်တူရပ်တည်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ဒီဟာကို သင်ပေးတဲ့သဘောမျိုး ဖြစ်တယ်။ လောလောဆယ်တော့ စီစဉ်ထားတဲ့ပုံစံက ကျနော်တို့ Website မှာ ဗီဒီယိုဖိုင်တွေ၊ အသံဖိုင်တွေ၊ စာဖိုင်တွေ တင်ထားတာတွေ ရှိမယ်။ နောက်ပြီး နှစ်ပတ်တစ်ခါ သင်ခန်းစာတွေနဲ့ ပတ်သက်လို့ Telegram Channel မှာ Discussion လုပ်တာတွေ၊ အမေးအဖြေ လုပ်တာတွေကို လုပ်သွားဖို့ရှိတယ်။ လောလောဆယ် သင်ယူလို့ ရနိုင်တဲ့ ပုံစံက (၂) မျိုး ရှိတယ်။ ပထမတစ်မျိုးက Register လုပ်ပြီးတော့ ဝင်ခွင့်စစ်ဆေးပြီးတော့ ဒီသင်တန်းကို တက်ရောက်မယ်။ ပြီးတော့ ဒီကနေ ရထားတဲ့ Certificate ကို အောင်မြင်ကြောင်းပေးမယ်။ ဒီဟာကို ဘယ်လိုစစ်ဆေးပြီးတော့ ပေးမလဲဆိုတာကို သင်ခန်းစာပေးမယ့် ဆရာက ဆက်ပြီးတော့ စီစဉ်မယ့် အခြေအနေရှိတယ်။ နောက်တစ်ခုက သင်တန်း Register မလုပ်ဘဲနဲ့လဲ ဒီသင်ခန်းစာတွေကို လွတ်လွတ်လပ်လပ်၊ Free, Open ရယူနိုင်တဲ့ အခြေအနေမျိုးတစ်ခုကိုလဲ ဖန်တီးထားပါတယ်။

မေး ။ ။ အခုလိုမျိုး အမေရိကန် ဆရာ၊ ဆရာမတွေလည်းပါတယ်ဆိုတော့ အခုလိုမျိုး နိုင်ငံခြားက ဆရာ၊ ဆရာမတွေက သင်ပေးတဲ့အခါမှာ ဘာသာစကား အခက်အခဲတွေ မရှိနိုင်ဘူးလား။ သူတို့ဘက်က ဘယ်လိုမျိုး သင်ပေးမလဲဆိုတာကို ပြောပြပါလားရှင့်။

ဖြေ ။ ။ လောလောဆယ်တော့ သင်တန်းကို တက်ဖို့အတွက် လိုအပ်တဲ့ အရည်အချင်းအနေနဲ့ အင်္ဂလိပ်စာနဲ့ ရေးထားတဲ့ စာတွေကို ဖတ်နိုင်ရမယ်ဆိုတဲ့ အရည်အချင်းကန့်သတ်ထားတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့လဲ ဗီဒီယိုင်ဖိုင်တွေ၊ ဗီဒီယိုင်ဖိုင်တွေကို တင်ဆက်တဲ့အခါမှာ မြန်မာစာတန်းထိုးအနေနဲ့ ထည့်ပြီးတော့ တင်ဆက်သွားဖို့တော့ ရှိတယ်။ ဖြန့်ဝေသွားဖို့ရှိတယ်။

မေး ။ ။ ဒါကတော့ ပထမဦးဆုံး အမေရိကန်က Princeton တက္ကသိုလ်နဲ့ အချိတ်အဆက်လုပ်တဲ့ အစီအစဉ်။ နောက်ကော အခြားနိုင်ငံခြား တက္ကသိုလ်နဲ့ ဒါမျိုး သင်တန်းတွေပေးဖို့ ဘယ်လိုအစီအစဉ်တွေ ရှိသလားဆိုတာကို ပြောလို့ရသလားရှင့်။

ဖြေ ။ ။ လောလောဆယ်ကတော့ ချိတ်ဆက်ထားတဲ့ဟာကတော့ Princeton က Course တစ်ခုကိုတော့ ကြေညာပြီးပါပြီ။ နောက်ပိုင်းမှာ ထပ်ပြီးတော့ နိုင်ငံခြားတက္ကသိုလ်တွေ၊ နိုင်ငံခြားတက္ကသိုလ်မှာရှိတဲ့ ပညာရပ်အစုအဖွဲ့တွေနဲ့ စုဖွဲ့ပြီး သွားဖို့ရှိတယ်။ အဲဒါကိုလဲ လုပ်ငန်းအကောင်အထည်ပေါ်မယ့် အခြေအနေမှတော့ ဆက်ပြီးတော့ ကြေညာသွားမယ်။

မေး ။ ။ အခုလိုမျိုး နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီးတော့ အခုဆိုရင် Princeton နဲ့ ချိတ်ဆက်ပြီးလုပ်တဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး ကျောင်းသူကျောင်းသားတွေဘက်က သူတို့ရဲ့ စိတ်ဝင်စားမှု၊ တုံ့ပြန်မှုက ဘယ်လောက်အထိ စိတ်ဝင်စားကြသလဲ။ တုံ့ပြန်မှု ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ အခု ပထမဦးဆုံးပေးတဲ့ သင်တန်း။ သမိုင်းသင်တန်းအတွက်ကို စိတ်ဝင်စားကြတဲ့ ကျောင်းသားတွေ၊ Register လုပ်ပြီးတော့ တက်ဖို့ကျောင်းသားတွေ ထောင်ဂဏန်းလောက် ရှိတယ်။ နောက်ထပ် Register မလုပ်ဘဲ လေ့လာကြမယ့်လူတွေကလဲ အဲဒီထက်မနည်းဘူးလို့ မြင်တယ်။ သမိုင်းသင်ခန်းစာအတွက် မဟုတ်ဘဲနဲ့ အခြားဘယ်လိုသင်ခန်းစာတွေ ယူလို့ရမလဲ။ ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်လို့ ရမလဲဆိုပြီးတော့ စိတ်ဝင်စားကြတဲ့ ဆရာတွေ၊ ပညာရှင်တွေ၊ ကျောင်းသားတွေလည်း တခြားမှာ ရှိနေသေးတယ်။

မေး ။ ။ အခုလိုမျိုး ကိုညီဇော်တို့ ကျောင်းသားများသမဂ္ဂတွေ ဦးစီးတည်ထောင်တဲ့ Virtual Federal University ဖယ်ဒရယ်တက္ကသိုလ်ကို တက်ချင်တယ်ဆိုရင် ဘယ်လိုမျိုး တက်လို့ရနိုင်မလဲ။

ဖြေ ။ ။ ဒီဟာကတော့ ဘယ်သူတက်ဖို့၊ ဘယ်သူပဲ တက်လို့ရမယ်၊ ဘယ်သူပဲ တက်လို့မရဘူးဆိုပြီးတော့ ကန့်သတ်ထားတာမျိုး မရှိဘူး။ အခုက အရည်အချင်း အကန့်အသတ်မျိုးကိုလဲ အများကြီးမထားထားဘူး။ ဒီမှာတက်မယ်ဆိုရင် တက္ကသိုလ်ဝန်ထမ်း အောင်မြင်ပြီးတဲ့ ကျောင်းသားတွေအတွက်ကို သင်တော်တယ်ဆိုတာမျိုးတော့ ရှိတယ်။ ဒါပေမဲ့လဲ တက္ကသိုလ်ဝန်ထမ်း မအောင်မြင်သေးတဲ့ ကျောင်းသား။ ဒါမှမဟုတ် တက္ကသိုလ်ကျောင်းသား မဟုတ်ဘဲနဲ့ သင်ယူလိုစိတ်ရှိတဲ့ ဘယ်သူမဆို သင်လို့ရနိုင်တယ်ဆိုတာမျိုးတော့ ရှိတယ်။ နောက်ထပ် အသက်အနေနဲ့ Certificate အတန်းတွေ အတွက်ဆိုရင် (၁၈) နှစ်ပြည့်မှ တက်လို့ရတယ်လို့ ကန့်သတ်ထားပေမယ့်လဲ အရည်အချင်း စစ်ဆေးလွှာကို ဖြေတဲ့အချိန်မှာ အသက် (၁၈) နှစ်မပြည့်သေးဘဲနဲ့ အရည်အချင်း ပြည့်မီတယ်ဆိုရင် ခြွင်းချက်အနေနဲ့ အခြေအနေမျိုးတွေလည်း ကျနော်တို့ စီစဉ်ထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံက ကျောင်းသူကျောင်းသားတွေအနေနဲ့ အခုလို တက္ကသိုလ်မှာ Virtual Learning, Online ကနေ သင်ယူရတဲ့ သင်ကြားမှု၊ သင်ယူမှုအပိုင်းနဲ့ ပတ်သက်ပြီးတော့ အတွေ့အကြုံက နည်းတယ်ဆိုတော့ အခုလိုမျိုး ကိုညီဇော်တို့ စပြီးတော့ လုပ်တဲ့ Online ပညာသင်ကြားမှုစနစ်နဲ့ ပတ်သက်ပြီးတော့ ကျောင်းသူကျောင်းသားတွေကို ဘယ်လိုမျိုး ပြောချင်လဲ။ ဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး အခက်အခဲတွေ တွေ့နိုင်တယ်လို့ မျှော်လင့်ထားလဲရှင့်။

ဖြေ ။ ။ လောလောဆယ် အလွယ်ကူဆုံး၊ အရှင်းလင်းဆုံး Platform တွေကနေ တင်ဆက်ဖို့၊ ဖြန့်ဝေဖို့ စီစဉ်နေကြတယ်။ လောလောဆယ် Website က ရှိမယ်။ နောက် Telegram Channel ရှိမယ်။ နောက် လိုအပ်ရင် ထပ်ပြီးဖြည့်လာမယ့် Platform တွေ ရှိမယ်။ ပြီးတော့ ဒီဟာတွေကို အစိမ်းသက်သက်သုံးဖို့ လုပ်မှာမဟုတ်ဘဲနဲ့ ဒီအပေါ်မှာ ရှင်းပြတာမျိုး။ နောက်ထပ်ရှင်းပြတဲ့ ဗီဒီယိုပဲဖြစ်ဖြစ်၊ စာပဲဖြစ်ဖြစ် အဲဒီလိုမျိုးလဲ စီစဉ်သွားဖို့ ရှိပါတယ်။

မေး ။ ။ ဆိုတော့ ကိုညီဇော်တို့အပါအဝင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂတွေက မြန်မာနိုင်ငံမှာ ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ် ပေါ်ပေါက်လာဖို့ ရည်ရွယ်ပြီးတော့ လုပ်နေတာဆိုတော့ တကယ်ပဲ မြန်မာပြည်မှာ ဖယ်ဒရယ်ပညာရေးစနစ်ကြီး လက်တွေ့ပေါ်ပေါက်လာဖို့က မျှော်လင့်ချက် ဘယ်လောက်ရှိပါသလဲရှင့်။

ဖြေ ။ ။ အခုအချိန်က ပညာရေးမှာ ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးတစ်ခုကို ထူထောင်ကြမယ်ဆိုတဲ့ ပထမခြေလှမ်းကို စမ်းလို့ရနိုင်တယ်။ အခုအချိန်မှာ တည်ဆောက်ကြတဲ့ ပညာရေးက အနာဂတ်မှာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတော့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ကြတဲ့အချိန်မှာရှိမယ့် ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးမျိုးနဲ့ ထပ်တူကျမှာတော့ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ အခုအချိန်က တော်လှန်ရေးကာလ ဖြစ်တယ်။ ကြားကာလ ဖြစ်တယ်။ ဒါကြောင့်မို့ အခုအချိန်မှာ ကျနော်တို့က ဖက်ဆစ်လက္ခဏာမပါတဲ့ ပညာရေး။ ပြည်သူ့ဒီမိုကရေစီ ပညာရေးဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့က လုပ်ဆောင်ရမယ်လို့ မြင်တယ်။ ဒီတိုင်းပြည် မလွတ်လပ်တဲ့အချိန်မှာ ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးဆိုတဲ့အရာက ဘယ်လိုမှ ရနိုင်စရာအကြောင်း မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပညာရေးက တိုင်းပြည်ရဲ့ စနစ်နဲ့ တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်ရွေ့လည်းကောင်း သက်ရောက်မှု ရှိနေတယ်။ ဒါကြောင့်မို့ ပညာရေးကဏ္ဍ လွတ်မြောက်ဖို့ဆိုရင် ဒီမိုကရေစီပညာရေး ရဖို့ဆိုရင် တိုင်းပြည်မှာရှိနေတဲ့ စနစ်ကြီးတစ်ခုလုံးကို ဖျက်သိမ်းပစ်မှရမယ်။ အမြစ်ကနေလှန်ပြီး တူးထုတ်ပစ်မှ ရမယ့်အခြေအနေမျိုး ရှိတယ်။ သို့ပေမဲ့လဲ ဒီကြာကာလမှာ ကျနော်တို့အနေနဲ့ လုပ်လို့ရတဲ့ ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးမူဝါဒတွေကို အခြေခံလို့ရတဲ့ ပြည်သူ့ပညာရေးမျိုး ၊ ပြည်သူ့ဒီမိုကရေစီပညာရေးမျိုး စသဖြင့် ကျနော်တို့က ခြေလှမ်းလှမ်းထားလို့ ရနိုင်တယ်။ နောက်အနာဂတ်မှာ ရှိလာမယ့် ဖယ်ဒရယ်ဒီမိုကရေစီတိုင်းပြည် ပေါ်ပေါက်ဖို့အတွက် တိုက်ရမယ့် တိုက်ပွဲနဲ့အတူ ဖယ်ဒရယ်ဒီမိုကရေစီ ပညာရေးအတွက် တပြိုင်တည်း တိုက်ရမှာဖြစ်တယ်။

မစုမြတ်မွန် ။ ။ ကိုညီဇော် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ အခုလိုမျိုး အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက်။

ကိုညီဇော် ။ ။ ဟုတ် .. ကျေးဇူးတင်ပါတယ် အမ။

XS
SM
MD
LG