သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တတ္ေျမာက္ဖို႔လိုတဲ့ ပညာေရး


Thinking Classroom Foundation ဆိုတဲ့ ပညာျမႇင့္တင္ေရး ပရဟိတအဖြဲ႔ကို တည္ေထာင္ခဲ့သူ ေဒါက္တာသိန္းလြင္
တတ္ေျမာက္ဖို႔လိုတဲ့ ပညာေရး
please wait

No media source currently available

0:00 0:12:56 0:00
တိုက္႐ိုက္ လင့္ခ္

ႏိုင္ငံေရးေၾကာင့္ ေက်ာင္းသားေတြရဲ႕ ပညာေရးကို ရပ္မသြားေစခ်င္ဘူးလို႔ ပညာေရးတိုးတက္ဖို႔ တစိုက္မတ္မတ္လုပ္ေနတဲ့ ေဒါက္တာသိန္းလြင္က ေျပာလိုက္ပါတယ္။ ေက်ာင္းတက္မွ မဟုတ္ဘဲ၊ တျခားနည္းလမ္းေတြနဲ႔ ပညာကို ရယူႏိုင္တယ္လို႔ Thinking Classroom Foundation ဆိုတဲ့ ပညာျမႇင့္တင္ေရး ပရဟိတအဖြဲ႔ကို တည္ေထာင္ခဲ့သူ ေဒါက္တာသိန္းလြင္ က ေျပာပါတယ္။ ေက်ာင္းျပန္မတက္ရင္ တျခားဘယ္လိုနည္းေတြနဲ႔ ပညာရႏိုင္မလဲဆိုတာကို သိရိွႏိုင္ဖို႔ မစုျမတ္မြန္ က ေဒါက္တာသိန္းလြင္, ကို ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မဂၤလာပါ ေဒါက္တာသိန္းလြင္ရွင့္။ VOA ျမန္မာပိုင္းအစီအစဥ္က ႀကိဳဆိုပါတယ္ရွင့္။ ဆရာေဒါက္တာသိန္းလြင္က ျမန္မာႏုိင္ငံမွာ ပညာေရးျမွင့္တင္ေရးကိစၥေတြကို ႏွစ္ေပါင္းမ်ားစြာ တစိုက္မတ္မတ္ ႀကိဳးစားေနတဲ့လူ ျဖစ္တယ္။ ေနာက္ Thinking Classroom Foundation ဆိုတဲ့ ပညာေရးျမွင့္တင္ေရး ပရဟိတအဖြဲ႔ကို တည္ေထာင္ထားသူလည္း ျဖစ္ပါတယ္။ ဆိုေတာ့ အခုလက္ရိွ ျမန္မာႏုိင္ငံမွာ ျဖစ္ေနတာကေတာ့ ဇြန္လ (၁) ရက္ေန႔မွာ ျပန္ဖြင့္တဲ့ အေျခခံပညာေက်ာင္းေတြနဲ႔ ပတ္သက္လို႔ မိဘေတြက ေက်ာင္းျပန္အပ္ေရး မအပ္ေရးကိစၥက ေတာ္ေတာ္ေလး ေဆြးေႏြးစရာ ျဖစ္ေနပါတယ္။ တခ်ဳိ ႔မိဘေတြက သူတုိ႔သားသမီးေတြကို ေက်ာင္းျပန္အပ္သင့္သလား ဆိုၿပီးေတာ့ စဥ္းစားရခက္ေနတယ္ဆိုေတာ့ ဆရာလိုမ်ဳိး ပညာေရးကိစၥကိုပဲ တစိုက္မတ္မတ္ ေဆာင္ရြက္ေနတဲ့သူတေယာက္အေနနဲ႔ မိဘေတြကို ဘယ္လိုမ်ဳိး အႀကံေပးခ်င္ပါလဲရွင့္။

ေျဖ ။ ။ မဂၤလာပါ။ မိဘေတြအေနနဲ႔ သူတုိ႔ကေလးေတြ ပညာေရးအေပၚ စိုးရိမ္ၾကတယ္ဆိုတာကို က်ေနာ္ နားလည္တယ္။ ဒီေန႔ဒီအခ်ိန္မွာ။ ဘာေၾကာင့္လဲဆုိေတာ့ ကူးစက္ေရာဂါလည္း ရိွတယ္။ ေနာက္ ႏုိင္ငံေရးအက်ပ္အတည္းလည္း ရိွတယ္။ ေနာက္ၿပီး ၿမိဳ ႔ေတြမွာလဲ မတည္မၿငိမ္နဲ႔ ေပါက္ကြဲမႈေတြလည္း ရိွတဲ့အခါၾကေတာ့ မိဘေတြ စိုးရိမ္တယ္ဆိုတာကို က်ေနာ္ နားလည္တယ္။ ေက်ာင္းေတြမွာလဲ ဆရာေတြက မလံုေလာက္ေတာ့ျပန္ဘူး။ တကၠသိုလ္ေတြမွာလဲ တကၠသိုလ္ဆရာ၊ ဆရာမအားလံုးနီးပါးပါပဲ တာဝန္ကေန ရပ္စဲခံရတယ္။ အေျခခံပညာမွာလဲ ေတာ္ေတာ္မ်ားမ်ား တာဝန္ရပ္စဲခံရေတာ့ ေက်ာင္းေတြမွာ ဆရာေတြ မလံုမေလာက္ ျဖစ္သြားေတာ့ မိဘေတြအေနနဲ႔ သူတုိ႔ကေလးေတြကို ေက်ာင္းပို႔ရင္ေကာင္းမလား။ မပို႔ရင္ေကာင္းမလားဆုိတာကို ဒီကာလမွာ ေဝခြဲမရျဖစ္ေနတယ္ဆိုတာကို က်ေနာ္ နားလည္ပါတယ္။ ဒီလိုအေျခအေနမ်ဳိးမွာ က်ေနာ္ကေတာ့ ဘယ္လုိပဲ အက်ပ္အတည္း ရိွေနပါေစ ခေလးေတြ ပညာေရးရသင့္တယ္လုိ႔ ထင္တယ္။ အဲဒီအတြက္ နည္းလမ္းအမ်ဳိးမ်ဳိး ရိွပါတယ္။ ကေလးေတြ သင္ၾကားႏုိင္တဲ့ နည္းလမ္းအမ်ဳိးမ်ဳိး ရိွပါတယ္။ အခ်ဳိ ႔ေက်ာင္းမွာ အဆင္ေျပရင္လဲ အခ်ဳိ ႔လံုၿခံဳစိတ္ခ်ရတဲ့ ေနရာေတြမွာ ကိုယ္နဲ႔ရင္းႏီွးသိကၽြမ္းတဲ့ ဆရာ၊ ဆရာမေတြရိွလို႔ ေက်ာင္းသြားမယ္ဆိုရင္လဲ ျဖစ္ပါတယ္။

တကယ္လုိ႔ မသြားခ်င္ေတာ့ဘူးဆိုိရင္လဲ တျခားနည္းလမ္းေတြ ေရြးခ်ယ္စရာ ရိွပါတယ္။ က်ေနာ္ကေတာ့ အခုလို အက်ပ္အတည္းမွာ သင္ယူမႈကို မရပ္နားေစခ်င္ဘူး။ တကၠသိုလ္ေက်ာင္းသားေတြနဲ႔ အေျခခံေက်ာင္းသူ/သားေတြကို ေဆာင္ရြက္ေစခ်င္တယ္။

ေမး ။ ။ အဓိက အေျခခံပညာေရးဘက္ကို ျပန္ၿပီးေတာ အာရံုစိုက္မယ္ဆိုရင္ေတာ့ ဆရာ ေစာေစာကေျပာခဲ့သလိုပါပဲ မိဘေတြမွာ သူတုိ႔ အဓိကစိုးရိမ္တာကေတာ့ လံုၿခံဳေရးပိုင္းေပါ့။ ႏုိင္ငံေရးအေျခအေန မတည္ၿငိမ္လို႔ လံုၿခံဳေရးပိုင္း စိုးရိမ္ၾကတယ္။ တခ်ဳိ ႔မိဘေတြၾကေတာ့ အၾကမ္းကိစၥ။ ကေလးေတြကို ေက်ာင္းျပန္မအပ္လိုက္ရင္ အတန္းမ်ား ေနာက္က်သြားမလား။ တခ်ဳိ ႔ၾကေတာ့လဲ ဒီႏွစ္ ေက်ာင္းမအပ္လုိ႔ရိွရင္ ေနာင္ႏွစ္ေတြ ေက်ာင္းအပ္တဲ့အခါၾကရင္ အခက္အခဲ ျဖစ္မလား။ ေက်ာင္းျပန္အပ္ခြင့္ ရမလားဆိုတဲ့ စိုးရိမ္မႈေတြလဲ ရိွေနၾကတယ္။ အဲဒီအတြက္ကို ဆရာ့အေနနဲ႔ သူတို႔အတြက္ ဘယ္လိုမ်ဳိး အေျဖရိွႏိုင္မလဲ။

ေျဖ ။ ။ က်ေနာ္တုိ႔ ပညာေရးဘက္ကို တိုက္တြန္းမယ္။ ပညာေရးက႑ ေဆာင္ရြက္တဲ့လူေတြကို တိုက္တြန္းမယ္။ ကေလးေတြ အတန္းေအာင္လက္မွတ္ေပၚမွာ အဓိက မထားဘဲနဲ႔ ကေလးေတြရဲ ႔ ကၽြမ္းက်င္မႈနဲ႔ စြမ္းရည္ေပၚ အဓိကထားဖုိ႔။ ကေလးေတြက ဘယ္ဘာသာရပ္ကို ဘယ္အဆင့္အထိ တက္ၿပီးၿပီ၊ သင္ၿပီးၿပီဆိုရင္ အဲဒီအဆင့္ကေန ဆက္သင္ႏုိင္ေအာင္ ေဆာင္ရြက္ေပးႏုိင္ရမယ္။ ေအာင္လက္မွတ္မပါလို႔ လက္မခံဘူးဆုိတာ ကေလးကို ျငင္းပယ္ရာေရာက္တယ္။ ဆိုေတာ့ အေျခခံပညာ အရြယ္မွာက ဘယ္ႏုိင္ငံမွာမဆို အေျခခံပညာ သင္ရမယ့္အရြယ္က မသင္မေနရ သတ္မွတ္သင့္တယ္။ ႏုိင္ငံတာဝန္ရိွတဲ့လူေတြက ေဆာင္ရြက္ေပးသင့္တယ္။ အဲဒီအတြက္ က်ေနာ္အေနနဲ႔ မိဘေတြကို မစိုးရိမ္ေစခ်င္ဘူး။ က်ေနာ္တိုိ႔လည္း ဝိုင္းတုိက္တြန္းမယ္။ အတန္းေအာင္လက္မွတ္က အဓိက မဟုတ္ဘူး။ စာတတ္သြားဖို႔က အဓိကပဲ။ ေက်ာင္းသားေတြ တက္ေျမာက္သြားဖို႔။ သူတုိ႔ေလ့လာသင္ယူရမယ့္စာကို သူတုိ႔သင္ယူသြားဖို႔၊ တတ္ေျမာက္သြားဖို႔ အဲဒါက ပိုအေရးႀကီးပါတယ္။

ေမး ။ ။ အဓိက အခုျဖစ္ေန ေျပာေန ေဆြးေႏြးေနၾကတာကေတာ့ စစ္အစိုးရအုပ္ခ်ဳပ္ေနခ်ိန္၊ စစ္အုပ္ခ်ဳပ္မႈ၊ စစ္အာဏာသိမ္းထားတဲ့ အခ်ိန္မွာ ကိုယ့္ကေလးေတြကို အစိုးရေက်ာင္းေတြမွာ ေက်ုာင္းျပန္အပ္သင့္သလား။ ေက်ာင္းျပန္ထားသင့္သလားဆုိတဲ့ ကိစၥက မိဘေတြအတြက္ ေတာ္ေတာ္ေလးကို ခက္ခဲတဲ့အေျခအေန ျဖစ္မယ္ထင္ပါတယ္။

ေျဖ ။ ။ က်ေနာ့္အျမင္ကေတာ့ ႏုိင္ငံေရးထက္ကို ပညာေရးအရ ၾကည့္ခ်င္ပါတယ္။ ပညာေရးအရ ၾကည့္မယ္ဆိုရင္ အခုလက္ရိွအေျခအေနမွာ အစိုးရဖြင့္တဲ့ေက်ာင္းေတြကို လႊတ္မယ္ဆိုရင္ စာေကာင္းေကာင္း သင္ႏုိင္မွာ မဟုတ္ဘူး။ လက္ရိွအေျခအေနက ဆရာ၊ ဆရာမ မျပည့္စံုတာနဲ႔ မလံုၿခံဳတာနဲ႔ဆိုရင္ ေကာင္းေကာင္း ပညာသင္ႏုိင္မွာ မဟုတ္ဘူး။ အခ်ိန္သာ ကုန္သြားမယ္။ အတန္္းေတာ့ရသြားမယ္။ ဒါေပမဲ့ ပညာမရဘူးဆိုရင္ ဒါက အက်ဳိးမရိွဘူးလို႔ က်ေနာ္ထင္တယ္။ က်ေနာ့္အေနနဲ႔ ကေလးေတြ စာသင္ယူတာကို အက်ဳိးရိွေစခ်င္တယ္။ တကယ့္ကို သင္ယူတတ္ေျမာက္ေစခ်င္တယ္။ အဲဒီေတာ့ သင္ယူတတ္ေျမာက္တဲ့နည္းနဲ႔ ေဆာင္ရြက္ရင္ေကာင္းတယ္။ ေရြးခ်ယ္စရာေတြက အစိုးရေက်ာင္းေတြသာ မဟုတ္ပါဘူး၊ ပုဂၢလိကေက်ာင္းေတြ ရိွတယ္။ ပုဂၢလိကေက်ာင္းေတြကေတာ့ ေက်ာင္းလခ ေပးရတယ္ဆိုေတာ့ အခက္အခဲ ရိွႏုိင္တာေပါ့။ ပုဂၢလိကေက်ာင္းေတြကိုလည္း က်ေနာ္ ပန္ၾကားပါတယ္။ အခုလို အက်ပ္အတည္းႀကံဳေနရတဲ့ အခ်ိန္မွာ ကူးစက္ေရာဂါ အက်ပ္အတည္း၊ ႏုိင္ငံေရး အက်ပ္အတည္း၊ စီးပြားေရးအက်ပ္အတည္းပါ ႀကံဳေနရတဲ့အတြက္ ပုဂၢလိကေက်ာင္းေတြက အက်ဳိးအျမတ္ကို အဓိကမထားဘဲ၊ ေက်ာင္းသားေတြကို အရည္အေသြးရိွတဲ့ ပညာေတြရေအာင္ ေဆာင္ရြက္ေပးဖို႔ ပုဂၢလိကေက်ာင္းေတြကိုလည္း က်ေနာ္ တုိက္တြန္းပါတယ္။

အဲဒီအျပင္ ရပ္ရြာအေျချပဳေက်ာင္းေတြ ေပၚလာဖုိ႔။ ကိုယ့္ရပ္ရြာမွာရိွတဲ့ ဆရာ၊ ဆရာမေတြနဲ႔ မိဘေတြ ရပ္ရြာက ပညာေရးစိတ္ဝင္စားတဲ့ လူေတြနဲ႔ ညိွႏိႈင္းၿပီးေတာ့ ကိုယ့္ရပ္ရြာမွာ ပညာသင္ၾကားႏုိင္တဲ့ ေနရာေလးေတြ ေဆာင္ရြက္ေပးဖို႔။ ေနာက္တခ်ဳိ ႔မိဘေတြၾကေတာ့ ကိုယ့္အိမ္မွာသင္တဲ့ Home School, Home Education ေတြ လုပ္သင့္တယ္။ မိဘက ကိုယ့္ကေလးေတြကို အိမ္မွာ။ တခ်ဳိ ႔မိဘေတြက သူတုိ႔ကေလးကို သင္ေပးႏိုင္တဲ့ မိဘေတြ ရိွတယ္။ အေတြ႔အႀကံဳ ရိွၾကတယ္။ အဲဒီလို မိဘေတြက သင္ေပးတာ။ သို႔မဟုတ္ မိဘေတြက ရင္းႏီွးတဲ့ ဆရာ၊ ဆရာမေတြကိုေတာ့ ဖိတ္ေခၚၿပီးေတာ့ ကေလးကို သင္ေပးတာ။ အဲဒီေတာ့ ေရြးခ်ယ္စရာ Home School ေလး လုပ္လို႔ရတယ္။ ကေလးကို အျပင္မသြားေစခ်င္ဘူး။ အိမ္မွာက ပိုလံုၿခံဳတယ္ဆိုရင္ အိမ္မွာ သင္ႏုိင္ေအာင္။ Homeschooling, Home Education အေနနဲ႔ လုပ္ေပးခ်င္တယ္။ သို႔မဟုတ္ ေဝးေဝးမသြားဘဲနဲ႔ ကိုယ့္ရပ္ကြက္ထဲမွာ အိမ္နီးနားခ်င္းေတြ၊ သက္တူရြယ္တူ ကေလးေတြစုၿပီးေတာ့ အိမ္မွာစုၿပီးေတာ့ အဲဒီလိုမ်ဳိး ရပ္ရြာအေျချပဳတဲ့ ပညာသင္ဝိုင္းေလးေတြ လုပ္ေပးေစခ်င္တယ္။ ေနာက္ ဘုန္းေတာ္ႀကီးသင္ေက်ာင္းေတြလည္း ရိွတယ္။ အဲဒီမွာလဲ သြားၿပီးေတာ့ သင္ႏိုင္တယ္။ ပုဂၢလိကေက်ာင္းေတြကိုလည္း က်ေနာ္တုိိ႔လည္း ေမတၱာရပ္ခံၿပီး သိပ္ၿပီးေတာ့ စရိတ္စခ မမ်ားေစဘဲနဲ႔ ေက်ာင္းသားေတြ ပညာသင္ယူလို႔ရေအာင္ အဲဒီလို ေဆာင္ရြက္ေပးေစခ်င္ပါတယ္။

အဲဒီအျပင္ အခြင့္အလမ္းေတြလည္း ရိွတယ္။ အင္တာနက္သံုးႏုိင္တဲ့ ေနရာေတြမွာ အြန္လုိင္းနဲ႔ သင္ေပးေနၾကတယ္။ ေၾကာ္ျငာထားတာေတြလည္း Facebook မွာ ေတြ႔တယ္။ ေစတနာရွင္ ဆရာ၊ ဆရာမေတြက သူတုိ႔အခ်ိန္ေပးၿပီးေတာ့ ေက်ာင္းသားေတြအတြက္ အခမဲ့ သူတုိ႔ လုပ္ေပးေနၾကတာ။ အတန္းစံုပဲ ေတာ္ေတာ္မ်ားမ်ားေတြ႔တယ္။ မူလတန္းအရြယ္၊ မူႀကိဳအရြယ္၊ အလယ္တန္း၊ အထက္တန္းအရြယ္၊ တကၠသိုလ္အဆင့္အထိ အြန္လိုင္းနဲ႔ တကၠသိုလ္ပညာရပ္ေတြ ေပးဖို႔၊ ေဆာင္ရြက္ေနတာလည္း ေတြ႔ပါတယ္။ အဲဒီလို အင္တာနက္ အဆင္ေျပတဲ့ ေနရာေတြမွာလည္း အင္တာနက္ကတဆင့္ ေပးလို႔ရတယ္။ အဲဒီ Online Courses ေတြလည္း ယူလုိ႔ရတယ္။ သို႔မဟုတ္ ကိုယ္သင္ယူခ်င္တဲ့ ဘာသာရပ္ကိုလည္း YouTube မွာလည္း ကိုယ္သက္ဆိုင္တဲ့ ဘာသာရပ္အလိုက္ YouTube မွာ ရွင္းျပထားတာေတြ၊ ရုပ္ပံုနဲ႔တကြ ရွင္းျပထားတာေတြ အမ်ားႀကီးရိွတယ္။ ရုပ္ပံုနဲ႔တကြ သင္ယူလုိ႔ရပါတယ္။ ဒါကေတာ့ အင္တာနက္အဆင္ေျပတဲ့ ေနရာေတြမွာေပါ့။

အင္တာနက္က ၿမိဳ ႔ႀကီးေတြမွာေတာ့ အဆင္ေျပႏုိင္တယ္။ ဒါေတာင္မွ မၾကာမၾကာ ပ်က္ေတာက္ခံရတယ္။ ၿမိဳ ႔နဲ႔ေဝးလံတဲ့ ေနရာေတြကေတာ့ အင္တာနက္ ခက္ခဲတယ္။ အဲဒီလို အင္တာနက္ခက္ခဲ၊ မရိွေပမယ့္လဲ သင္ယူမႈကို မျပတ္ေအာင္ လုပ္သင့္တယ္။ အခုနေျပာတဲ့ ရပ္ရြာအေျချပဳတဲ့ စာသင္ဝိုင္းေလးေတြက အင္တာနက္ မလိုဘဲနဲ႔ ဆရာ၊ ဆရာမေတြနဲ႔ မ်က္ႏွာခ်င္းဆိုင္းသင္တဲ့ စာသင္ဝိုင္းေလးေတြ လုပ္ေစခ်င္ပါတယ္။

ေမး ။ ။ ေနာက္တခုကေတာ့ အၾကမ္းမဖက္ အာဏာဖီဆန္ေရး လႈပ္ရွားေနတဲ့ CDM ဆရာ၊ ဆရာမေတြ အမ်ားႀကီးပါဝင္တဲ့အတြက္ေၾကာင့္မို႔ ဆရာ၊ ဆရာမေနရာ ေတာ္ေတာ္ေလး လစ္လပ္ေနပါတယ္။ စစ္ေကာင္စီကလည္း ဒီေနရာေတြမွာ အစားထိုးဖို႔ လုပ္ေနတာေတြ ရိွတယ္။ ဥပမာ မူလတန္းသင့္ဆရာေတြကို ေန႔စားေခၚၿပီးေတာ့ အစားထိုးတာမ်ဳိးေတြ ရိွေနတယ္ဆိုေတာ့ တခုရိွတာက သက္ဆုိင္ရာ ဘာသာရပ္။ အဲဒီလို ဘာသာရပ္ေတြေနရာမွာ ကၽြမ္းက်င္တဲ့ အေတြ႔အႀကံဳရိွတဲ့ ဆရာ၊ ဆရာမေတြေနရာမွာ အခုလို ဆရာ၊ ဆရာမအသစ္ေတြနဲ႔ အစားထုိးခန္႔ၿပီး သင္တဲ့ေနရာမွာ ဘယ္လိုမ်ဳိး ေက်ာင္းသားေတြအတြက္ သက္ေရာက္မႈ ရိွႏိုင္မလဲ။

ေျဖ ။ ။ ဆရာေတြ ထုတ္ပယ္လိုက္တဲ့အတြက္ က်ေနာ္တုိ႔ ပညာေရးက အရမ္းပဲနစ္နာတယ္။ ဆရာသစ္ေတြက ႏွစ္ေပါင္းမ်ားစြာ အေတြ႔အႀကံဳ ရိွထားၿပီ။ ဘာသာရပ္လည္း နားလည္ၿပီး သင္တတ္ၾကၿပီး ေက်ာင္းသားေတြအေၾကာင္းလည္း သိၾကတယ္။ ဒီလိုအေတြ႔အႀကံဳရိွတဲ့ ဆရာေတြကို တာဝန္ရပ္စဲလိုက္ၿပီးေတာ့ အေတြ႔အႀကံဳမရိွေသးတဲ့ ဆရာေတြနဲ႔ အစားထိုးမယ္ဆိုရင္ သင္တဲ့ ဆရာမွာလဲ အခက္အခဲ ရိွတယ္။ ေက်ာင္းသားေတြလည္း အခက္အခဲရိွမယ္။ သင္တဲ့ဆရာကလဲ ဘာသာရပ္မကၽြမ္းက်င္၊ သင္တဲ့နည္းစနစ္ေတြလည္း ေကာင္းေကာင္းမသိေသးဘူးဆိုေတာ့၊ ေက်ာင္းဆရာတေယာက္ျဖစ္ဖို႔ဆိုတာ စာသင္ခန္းထဲ ဝင္ရံုနဲ႔ စာသင္လို႔မရပါဘူး။ ေက်ာင္းဆရာတေယာက္ျဖစ္ဖို႔က အမ်ားႀကီးကို ေလ့လာရတယ္။ အမ်ားႀကီးေလ့က်င့္ပ်ဳိးေထာင္ရတယ္။ ကၽြမ္းက်င္ၿပီးမွ စာသင္ခန္းဝင္ရတယ္။ ဆရာတေယာက္က စာသင္ခန္းထဲေရာက္ရင္ သူသင္ရမယ့္ ဘာသာရပ္ကို ကၽြမ္းက်င္ရံုတင္မကဘူး၊ သင္မယ့္နည္းလမ္းေတြကိုလည္း ကၽြမ္းက်င္ရတယ္။ ကေလးေတြအေၾကာင္းလည္း နားလည္ရတယ္။ ကေလးေတြကို ဘယ္လုိသင္မယ္ဆိုတဲ့ အေျခအေနေပၚ ၾကည့္ၿပီးေတာ့၊ ေဆာင္ရြက္ႏိုင္တဲ့ ဆရာမ်ဳိး ျဖစ္ရမယ္။ အဲဒီလိုမွ ကေလးေတြက သင္ယူတဲ့ ဘာသာရပ္မွာ ထိထိေရာက္ေရာက္ ျဖစ္ႏုိ္င္မယ္။ အေတြ႔အႀကံဳ မရိွေသးတဲ့၊ ဆရာေတြကို ျဖစ္သလို စာသင္ခန္းထဲကို ဝင္ခိုင္းတယ္ဆုိရင္ အခက္အခဲ ရိွႏုိင္ပါတယ္။ အဲဒီလုိမ်ဳိး စာသင္ခန္းမ်ဳိးက တကယ့္ပညာကို မရႏုိင္ပါဘူး။

ေမး ။ ။ အခု ေျပာခဲ့တာေတြကေတာ့ အေျခခံပညာကို အာရံုစိုက္တယ္ေပါ့။ အခုဆက္ၿပီးေတာ့ အဆင့္ျမင့္ပညာ တကၠသိုလ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ၾကည့္မယ္ဆိုရင္ အခုဆိုရင္ Virtual Federal University ဆိုၿပီးေတာ့ ႏုိင္ငံျခားတကၠသိုလ္ေတြနဲ႔ ခ်ိတ္ဆက္ၿပီးေတာ့၊ တျခားမဟုတ္ရင္လဲ တကၠသိုလ္ပါေမာကၡေတြနဲ႔ အြန္လိုင္းေပၚကေန ပညာသင္ၾကားမႈပိုင္းေတြကို လုပ္ေနတာ ရိွလာပါၿပီ။ အခုဆိုရင္ အေမရိကန္ Princeton တကၠသိုလ္ကေနသင္မယ့္ သင္တန္းဆုိရင္ ဇြန္လထဲမွာ စေတာ့မယ္ဆုိေတာ့ ဗမာျပည္မွာက ေျပာမယ္ဆိုရင္ တကၠသိုလ္ေက်ာင္းသူေက်ာင္းသားေတြ အပါအဝင္ သူတုိ႔ေတြက အြန္လိုင္းကေန Virtual Learning ပိုင္းမွာ နည္းနည္းေလး အားနည္းေနပါတယ္ တျခားႏုိင္ငံေတြနဲ႔ ႏိႈ္င္းယွဥ္ရင္ဆိုေတာ့ အဲဒီလို Virtual Learning လုပ္မယ္ အြန္လိုင္းကေန ပညာသင္ၾကားမႈကို ရယူမယ့္ ေက်ာင္းသားေတြအတြက္ကို ဆရာ့အေနနဲ႔ ဘယ္လုိအႀကံျပဳခ်င္လဲ။ ဘယ္လိုမ်ဳိးကိစၥပိုင္းေတြကို အာရံုစိုက္သင့္လဲ။ ဘယ္လုိမ်ဳိး ကိစၥမ်ဳိးေတြကို ဂရုစိုက္ၿပီး သင့္ယူသင့္တယ္လို႔ အႀကံျပဳခ်င္ပါလဲရွင့္။

ေျဖ ။ ။ အခုေျပာတဲ့ Virtual Federal University စတင္ဖို႔ တုိင္ပင္တုန္းက က်ေနာ္လည္းပါပါတယ္။ ႏို္င္ငံျခားမွာ တကၠသိုလ္မွာ သင္ေနတဲ့ ႏုိ္င္ငံသား ဆရာ၊ ဆရာမေတြ၊ ျမန္မာႏိုင္ငံပညာေရးကို ျမွင့္တင္ေပးခ်င္တဲ့ ႏို္င္ငံျခားသား ဆရာ၊ ဆရာမေတြ တုိင္ပင္ၿပီးေတာ့ ေဆာင္ရြက္ၾကတာပါ။ သူတုိ႔နဲ႔ ရန္ကုန္တကၠသိုလ္ ေက်ာင္းသားသမဂၢ၊ အျခား သမဂၢေတြလည္း ပါဝင္ပါတယ္။ ေက်ာင္းသားသမဂၢေတြက တကၠသိုလ္ေတြ ျပန္မတက္ခ်င္ေတာ့ဘူး။ စစ္အစိုးရ အုပ္ခ်ဳပ္မႈေအာက္မွာ တကၠသိုလ္ မတက္ခ်င္ၾကေတာ့ဘူး။ ဒါေပမဲ့ သူတုိ႔ပညာသင္ယူခ်င္ၾကတယ္။ အဲဒီအတြက္ သူတို႔နဲ႔ အဆက္အသြယ္ရိွတဲ့ ဆရာ၊ ဆရာမေတြနဲ႔ တုိင္ပင္ၿပီးေတာ့ ဒီသင္တန္းျဖစ္လာတာပါ။ ဒီသင္တန္းက ဆရာ၊ ဆရာမေတြအားလံုးကလည္း ေစတနာရိွတယ္။ ေက်ာင္းသားေတြကလည္း လုိလိုလားလား ရိွတယ္။ အြန္လိုင္းနဲ႔သင္မယ္။ အခုဆိုရင္ စပါၿပီ။ သမိုင္းဘာသာရပ္ေတြ၊ Critical thinking, Critical writing ဘာသာရပ္ေတြ၊ ဖယ္ဒရယ္အေၾကာင္းေတြ သင္ၾကဖုိ႔ ရိွပါတယ္။ အျခားဘာသာရပ္ေတြလည္း ေက်ာင္းသားေတြ စိတ္ဝင္စားမႈေပၚ၊ ေက်ာင္းသားေတြ လုိအပ္ခ်က္အရ ဆက္ၿပီးေတာ့ တိုးလုပ္သြားဖို႔ ရိွပါတယ္။ အဲဒီအတြက္ ေက်ုာင္းသားေတြကိုယ္တုိင္က လိုလိုလားလား ရိွတယ္။ ဒီတကၠသိုလ္ ထူေထာင္တာလည္း ေက်ာင္းသားေတြကိုယ္တုိင္ပါတယ္။ အဲဒီအတြက္ အရမ္းေကာင္းတယ္။

ေမး ။ ။ သင္ယူမယ့္ ေက်ာင္းသားေတြဘက္ ေစာေစာက က်ေနာ္ေမးသလို အြန္လိုင္းက သင္ရမွာျဖစ္တဲ့အတြက္ေၾကာင့္မို႔ သူတုိ႔နည္းသူတို႔ဟန္နဲ႔ - ေျပာခ်င္တာက စာသင္ခန္းထဲမွာ မဟုတ္ဘူး၊ ကိုယ့္နည္းကုိယ့္ဟန္နဲ႔ ရယူမည့္ ပညာေရးျဖစ္ေတာ့ ေက်ာင္းသားေတြဘက္က ဘာကိုအေလးထားၿပီးေတာ့ ဒီသင္ယူမႈမွာ သင္ယူသင့္တယ္လို႔ ဆရာ အႀကံျပဳခ်င္ပါလဲရွင့္။

ေျဖ ။ ။ အဓိကေတာ့ ေက်ာင္းသားေတြ ဘာကိုေလ့လာခ်င္သလဲ။ ဘာသာရပ္ပိုင္းဆိုင္ရာေပါ့။ သူတုိ႔ေလ့လာခ်င္တဲ့ ဘာသာရပ္ကို အဲဒီတကၠသိုလ္က စီစဥ္တဲ့ ဆရာေတြနဲ႔ ညိွႏိႈင္းရမယ္။ က်ေနာ္တုိ႔ကေတာ့ ဘယ္လို ဘာသာရပ္မ်ဳိး သင္ယူခ်င္သလဲဆိုတာကို ဆရာေတြက စီစဥ္ေပးမွာပါ။ သူတုိ႔မွာ ခ်ိတ္ဆက္ထားတဲ့ ဆရာ၊ ဆရာမေတြ အမ်ားႀကီး ရိွပါတယ္။ ဆိုေတာ့ သင္ယူခ်င္တဲ့ ဘာသာရပ္ကို ေက်ာင္းသားေတြက ေျပာဖို႔လိုတယ္။ သူတုိ႔ ဘာေတြေလ့လာၿပီးၿပီ၊ ဘာေတြထပ္ၿပီးေတာ့ ေလ့လာဖို႔ လိုေသးတယ္ဆိုတာကို ဆရာေတြနဲ႔ တုိင္ပင္ၿပီးေတာ့ လုပ္တယ္ဆိုရင္ ေက်ာင္းသားေတြက လိုအပ္ခ်က္နဲ႔ ကိုက္ညီတဲ့ သင္ယူမႈမ်ဳိး ျဖစ္မွာပါ။

ေမး ။ ။ ေနာက္ဆံုးေမးခ်င္တာက ျမန္မာႏုိင္ငံပညာေရး အေျခအေန။ အရင္ကတည္းက ျမန္မာႏိုင္ငံ ပညာေရးအေျခအေနက အေရွ ႔ေတာင္အာရွမွာ မနည္းရင္ေဘာင္တန္းႏုိင္ေအာင္လို႔ အမီလိုက္ေနရတဲ့ အေျခအေနျဖစ္တယ္။ အခု စစ္အာဏာသိမ္းလိုက္တဲ့ အတြက္ေၾကာင့္ ပညာေရးစနစ္၊ ပညာေရးအဆင့္အတန္းက ဘယ္ေလာက္အထိ ထိခိုက္သြားႏိုင္တယ္လို႔ ဆရာအေနနဲ႔ သံုးသပ္ႏုိင္ပါလဲရွင့္။

ေျဖ ။ ။ အမ်ားႀကီးထိခုိက္မယ္လို႔ ထင္တယ္။ ဘာေၾကာင့္လဲဆိုေတာ့ က်ေနာ္တို႔ႏုိင္ငံမွာ စစ္အာဏာသိမ္းတာ တႀကိမ္မကေတာ့ဘူး။ အခုေက်ာင္းေတြမွာလဲ ဆရာ မလံုေလာက္ဘူး။ ေက်ာင္းသားေတြကလည္း ေက်ာင္းမတက္ေတာ့ဘူးဆိုၿပီး ဆႏၵျပၾကတယ္။ ေၾကညာခ်က္ေတြလည္း ထုတ္ထားတယ္။ ဆရာေတြ အမ်ားႀကီးလည္း အလုပ္ထုတ္္ခံရေတာ့ က်ေနာ္တို႔ ပညာေရးက အေမွာင္ထဲ ျပန္ေရာက္သြားတယ္။ အဲဒါေၾကာင့္ က်ေနာ္က အစိုးရပညာေရးက အားမကိုးေလာက္ေတာ့ဘူး။ တကယ့္ပညာ မရေတာ့ဘူးဆိုရင္ ကိုယ္တုိင္ပညာရေအာင္ ေဆာင္ရြက္ဖို႔ က်ေနာ္က တုိက္တြန္းတာပါ။ ဆရာ၊ဆရာမေတြ၊ မိဘေတြ၊ ရပ္ရြာကပါ ဝိုင္းဝန္းၿပီးေတာ့ ကေလးေတြ ပညာရဖို႔ တကယ့္အရည္အေသြးရိွတဲ့ ပညာပါ။ က်ေနာ္ကေတာ့ အတန္းေအာင္ရံုေလး၊ ဘြဲ႔လက္မွန္ရရံုေလး ပညာကို က်ေနာ္ တန္းဖိုိးမထားပါဘူး။ က်ေနာ္က တကယ္တတ္တာကို တန္းဖိုးထားတယ္။ တကယ္စြမ္းရည္ရိွတဲ့ ပညာ။ တကယ္စြမ္းရည္ရိွတဲ့ ပညာကို က်ေနာ္တို႔ ဝိုင္းဝန္းၿပီးေတာ့ ဆရာေတြ၊ မိဘေတြ ပူးေပါင္းေဆာင္ရြက္ၿပီးေတာ့ က်ေနာ္တို႔ ကေလးေတြ၊ လူငယ္ေတြ ပညာသင္ခြင့္ရိွေအာင္ ေဆာင္ရြက္ေပးေစခ်င္ပါတယ္။

မစုျမတ္မြန္ ။ ။ ေဒါက္တာသိန္းလြင္ အခုလို အခ်ိန္ေပးၿပီး ေျဖၾကားေပးတဲ့အတြက္ အမ်ားႀကီးေက်းဇူးတင္ပါတယ္ရွင့္။

ေဒါက္တာသိန္းလြင္ ။ ။ ဟုတ္ကဲ့ က်ေနာ္လည္း ေက်းဇူးတင္ပါတယ္။


==Unicode==

နိုင်ငံရေးကြောင့် ကျောင်းသားတွေရဲ့ ပညာရေးကို ရပ်မသွားစေချင်ဘူးလို့ ပညာရေးတိုးတက်ဖို့ တစိုက်မတ်မတ်လုပ်နေတဲ့ ဒေါက်တာသိန်းလွင်က ပြောလိုက်ပါတယ်။ ကျောင်းတက်မှ မဟုတ်ဘဲ၊ တခြားနည်းလမ်းတွေနဲ့ ပညာကို ရယူနိုင်တယ်လို့ Thinking Classroom Foundation ဆိုတဲ့ ပညာမြှင့်တင်ရေး ပရဟိတအဖွဲ့ကို တည်ထောင်ခဲ့သူ ဒေါက်တာသိန်းလွင် က ပြောပါတယ်။ ကျောင်းပြန်မတက်ရင် တခြားဘယ်လိုနည်းတွေနဲ့ ပညာရနိုင်မလဲဆိုတာကို သိရှိနိုင်ဖို့ မစုမြတ်မွန် က ဒေါက်တာသိန်းလွင်, ကို ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ဒေါက်တာသိန်းလွင်ရှင့်။ VOA မြန်မာပိုင်းအစီအစဉ်က ကြိုဆိုပါတယ်ရှင့်။ ဆရာဒေါက်တာသိန်းလွင်က မြန်မာနိုင်ငံမှာ ပညာရေးမြှင့်တင်ရေးကိစ္စတွေကို နှစ်ပေါင်းများစွာ တစိုက်မတ်မတ် ကြိုးစားနေတဲ့လူ ဖြစ်တယ်။ နောက် Thinking Classroom Foundation ဆိုတဲ့ ပညာရေးမြှင့်တင်ရေး ပရဟိတအဖွဲ့ကို တည်ထောင်ထားသူလည်း ဖြစ်ပါတယ်။ ဆိုတော့ အခုလက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်နေတာကတော့ ဇွန်လ (၁) ရက်နေ့မှာ ပြန်ဖွင့်တဲ့ အခြေခံပညာကျောင်းတွေနဲ့ ပတ်သက်လို့ မိဘတွေက ကျောင်းပြန်အပ်ရေး မအပ်ရေးကိစ္စက တော်တော်လေး ဆွေးနွေးစရာ ဖြစ်နေပါတယ်။ တချို့မိဘတွေက သူတို့သားသမီးတွေကို ကျောင်းပြန်အပ်သင့်သလား ဆိုပြီးတော့ စဉ်းစားရခက်နေတယ်ဆိုတော့ ဆရာလိုမျိုး ပညာရေးကိစ္စကိုပဲ တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့သူတယောက်အနေနဲ့ မိဘတွေကို ဘယ်လိုမျိုး အကြံပေးချင်ပါလဲရှင့်။

ဖြေ ။ ။ မင်္ဂလာပါ။ မိဘတွေအနေနဲ့ သူတို့ကလေးတွေ ပညာရေးအပေါ် စိုးရိမ်ကြတယ်ဆိုတာကို ကျနော် နားလည်တယ်။ ဒီနေ့ဒီအချိန်မှာ။ ဘာကြောင့်လဲဆိုတော့ ကူးစက်ရောဂါလည်း ရှိတယ်။ နောက် နိုင်ငံရေးအကျပ်အတည်းလည်း ရှိတယ်။ နောက်ပြီး မြို့တွေမှာလဲ မတည်မငြိမ်နဲ့ ပေါက်ကွဲမှုတွေလည်း ရှိတဲ့အခါကြတော့ မိဘတွေ စိုးရိမ်တယ်ဆိုတာကို ကျနော် နားလည်တယ်။ ကျောင်းတွေမှာလဲ ဆရာတွေက မလုံလောက်တော့ပြန်ဘူး။ တက္ကသိုလ်တွေမှာလဲ တက္ကသိုလ်ဆရာ၊ ဆရာမအားလုံးနီးပါးပါပဲ တာဝန်ကနေ ရပ်စဲခံရတယ်။ အခြေခံပညာမှာလဲ တော်တော်များများ တာဝန်ရပ်စဲခံရတော့ ကျောင်းတွေမှာ ဆရာတွေ မလုံမလောက် ဖြစ်သွားတော့ မိဘတွေအနေနဲ့ သူတို့ကလေးတွေကို ကျောင်းပို့ရင်ကောင်းမလား။ မပို့ရင်ကောင်းမလားဆိုတာကို ဒီကာလမှာ ဝေခွဲမရဖြစ်နေတယ်ဆိုတာကို ကျနော် နားလည်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ကျနော်ကတော့ ဘယ်လိုပဲ အကျပ်အတည်း ရှိနေပါစေ ခလေးတွေ ပညာရေးရသင့်တယ်လို့ ထင်တယ်။ အဲဒီအတွက် နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ ကလေးတွေ သင်ကြားနိုင်တဲ့ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ အချို့ကျောင်းမှာ အဆင်ပြေရင်လဲ အချို့လုံခြုံစိတ်ချရတဲ့ နေရာတွေမှာ ကိုယ်နဲ့ရင်းနှီးသိကျွမ်းတဲ့ ဆရာ၊ ဆရာမတွေရှိလို့ ကျောင်းသွားမယ်ဆိုရင်လဲ ဖြစ်ပါတယ်။

တကယ်လို့ မသွားချင်တော့ဘူးဆိုရင်လဲ တခြားနည်းလမ်းတွေ ရွေးချယ်စရာ ရှိပါတယ်။ ကျနော်ကတော့ အခုလို အကျပ်အတည်းမှာ သင်ယူမှုကို မရပ်နားစေချင်ဘူး။ တက္ကသိုလ်ကျောင်းသားတွေနဲ့ အခြေခံကျောင်းသူ/သားတွေကို ဆောင်ရွက်စေချင်တယ်။

မေး ။ ။ အဓိက အခြေခံပညာရေးဘက်ကို ပြန်ပြီးတော အာရုံစိုက်မယ်ဆိုရင်တော့ ဆရာ စောစောကပြောခဲ့သလိုပါပဲ မိဘတွေမှာ သူတို့ အဓိကစိုးရိမ်တာကတော့ လုံခြုံရေးပိုင်းပေါ့။ နိုင်ငံရေးအခြေအနေ မတည်ငြိမ်လို့ လုံခြုံရေးပိုင်း စိုးရိမ်ကြတယ်။ တချို့မိဘတွေကြတော့ အကြမ်းကိစ္စ။ ကလေးတွေကို ကျောင်းပြန်မအပ်လိုက်ရင် အတန်းများ နောက်ကျသွားမလား။ တချို့ကြတော့လဲ ဒီနှစ် ကျောင်းမအပ်လို့ရှိရင် နောင်နှစ်တွေ ကျောင်းအပ်တဲ့အခါကြရင် အခက်အခဲ ဖြစ်မလား။ ကျောင်းပြန်အပ်ခွင့် ရမလားဆိုတဲ့ စိုးရိမ်မှုတွေလဲ ရှိနေကြတယ်။ အဲဒီအတွက်ကို ဆရာ့အနေနဲ့ သူတို့အတွက် ဘယ်လိုမျိုး အဖြေရှိနိုင်မလဲ။

ဖြေ ။ ။ ကျနော်တို့ ပညာရေးဘက်ကို တိုက်တွန်းမယ်။ ပညာရေးကဏ္ဍ ဆောင်ရွက်တဲ့လူတွေကို တိုက်တွန်းမယ်။ ကလေးတွေ အတန်းအောင်လက်မှတ်ပေါ်မှာ အဓိက မထားဘဲနဲ့ ကလေးတွေရဲ့ ကျွမ်းကျင်မှုနဲ့ စွမ်းရည်ပေါ် အဓိကထားဖို့။ ကလေးတွေက ဘယ်ဘာသာရပ်ကို ဘယ်အဆင့်အထိ တက်ပြီးပြီ၊ သင်ပြီးပြီဆိုရင် အဲဒီအဆင့်ကနေ ဆက်သင်နိုင်အောင် ဆောင်ရွက်ပေးနိုင်ရမယ်။ အောင်လက်မှတ်မပါလို့ လက်မခံဘူးဆိုတာ ကလေးကို ငြင်းပယ်ရာရောက်တယ်။ ဆိုတော့ အခြေခံပညာ အရွယ်မှာက ဘယ်နိုင်ငံမှာမဆို အခြေခံပညာ သင်ရမယ့်အရွယ်က မသင်မနေရ သတ်မှတ်သင့်တယ်။ နိုင်ငံတာဝန်ရှိတဲ့လူတွေက ဆောင်ရွက်ပေးသင့်တယ်။ အဲဒီအတွက် ကျနော်အနေနဲ့ မိဘတွေကို မစိုးရိမ်စေချင်ဘူး။ ကျနော်တို့လည်း ဝိုင်းတိုက်တွန်းမယ်။ အတန်းအောင်လက်မှတ်က အဓိက မဟုတ်ဘူး။ စာတတ်သွားဖို့က အဓိကပဲ။ ကျောင်းသားတွေ တက်မြောက်သွားဖို့။ သူတို့လေ့လာသင်ယူရမယ့်စာကို သူတို့သင်ယူသွားဖို့၊ တတ်မြောက်သွားဖို့ အဲဒါက ပိုအရေးကြီးပါတယ်။

မေး ။ ။ အဓိက အခုဖြစ်နေ ပြောနေ ဆွေးနွေးနေကြတာကတော့ စစ်အစိုးရအုပ်ချုပ်နေချိန်၊ စစ်အုပ်ချုပ်မှု၊ စစ်အာဏာသိမ်းထားတဲ့ အချိန်မှာ ကိုယ့်ကလေးတွေကို အစိုးရကျောင်းတွေမှာ ကျေုာင်းပြန်အပ်သင့်သလား။ ကျောင်းပြန်ထားသင့်သလားဆိုတဲ့ ကိစ္စက မိဘတွေအတွက် တော်တော်လေးကို ခက်ခဲတဲ့အခြေအနေ ဖြစ်မယ်ထင်ပါတယ်။

ဖြေ ။ ။ ကျနော့်အမြင်ကတော့ နိုင်ငံရေးထက်ကို ပညာရေးအရ ကြည့်ချင်ပါတယ်။ ပညာရေးအရ ကြည့်မယ်ဆိုရင် အခုလက်ရှိအခြေအနေမှာ အစိုးရဖွင့်တဲ့ကျောင်းတွေကို လွှတ်မယ်ဆိုရင် စာကောင်းကောင်း သင်နိုင်မှာ မဟုတ်ဘူး။ လက်ရှိအခြေအနေက ဆရာ၊ ဆရာမ မပြည့်စုံတာနဲ့ မလုံခြုံတာနဲ့ဆိုရင် ကောင်းကောင်း ပညာသင်နိုင်မှာ မဟုတ်ဘူး။ အချိန်သာ ကုန်သွားမယ်။ အတန်းတော့ရသွားမယ်။ ဒါပေမဲ့ ပညာမရဘူးဆိုရင် ဒါက အကျိုးမရှိဘူးလို့ ကျနော်ထင်တယ်။ ကျနော့်အနေနဲ့ ကလေးတွေ စာသင်ယူတာကို အကျိုးရှိစေချင်တယ်။ တကယ့်ကို သင်ယူတတ်မြောက်စေချင်တယ်။ အဲဒီတော့ သင်ယူတတ်မြောက်တဲ့နည်းနဲ့ ဆောင်ရွက်ရင်ကောင်းတယ်။ ရွေးချယ်စရာတွေက အစိုးရကျောင်းတွေသာ မဟုတ်ပါဘူး၊ ပုဂ္ဂလိကကျောင်းတွေ ရှိတယ်။ ပုဂ္ဂလိကကျောင်းတွေကတော့ ကျောင်းလခ ပေးရတယ်ဆိုတော့ အခက်အခဲ ရှိနိုင်တာပေါ့။ ပုဂ္ဂလိကကျောင်းတွေကိုလည်း ကျနော် ပန်ကြားပါတယ်။ အခုလို အကျပ်အတည်းကြုံနေရတဲ့ အချိန်မှာ ကူးစက်ရောဂါ အကျပ်အတည်း၊ နိုင်ငံရေး အကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်းပါ ကြုံနေရတဲ့အတွက် ပုဂ္ဂလိကကျောင်းတွေက အကျိုးအမြတ်ကို အဓိကမထားဘဲ၊ ကျောင်းသားတွေကို အရည်အသွေးရှိတဲ့ ပညာတွေရအောင် ဆောင်ရွက်ပေးဖို့ ပုဂ္ဂလိကကျောင်းတွေကိုလည်း ကျနော် တိုက်တွန်းပါတယ်။

အဲဒီအပြင် ရပ်ရွာအခြေပြုကျောင်းတွေ ပေါ်လာဖို့။ ကိုယ့်ရပ်ရွာမှာရှိတဲ့ ဆရာ၊ ဆရာမတွေနဲ့ မိဘတွေ ရပ်ရွာက ပညာရေးစိတ်ဝင်စားတဲ့ လူတွေနဲ့ ညှိနှိုင်းပြီးတော့ ကိုယ့်ရပ်ရွာမှာ ပညာသင်ကြားနိုင်တဲ့ နေရာလေးတွေ ဆောင်ရွက်ပေးဖို့။ နောက်တချို့မိဘတွေကြတော့ ကိုယ့်အိမ်မှာသင်တဲ့ Home School, Home Education တွေ လုပ်သင့်တယ်။ မိဘက ကိုယ့်ကလေးတွေကို အိမ်မှာ။ တချို့မိဘတွေက သူတို့ကလေးကို သင်ပေးနိုင်တဲ့ မိဘတွေ ရှိတယ်။ အတွေ့အကြုံ ရှိကြတယ်။ အဲဒီလို မိဘတွေက သင်ပေးတာ။ သို့မဟုတ် မိဘတွေက ရင်းနှီးတဲ့ ဆရာ၊ ဆရာမတွေကိုတော့ ဖိတ်ခေါ်ပြီးတော့ ကလေးကို သင်ပေးတာ။ အဲဒီတော့ ရွေးချယ်စရာ Home School လေး လုပ်လို့ရတယ်။ ကလေးကို အပြင်မသွားစေချင်ဘူး။ အိမ်မှာက ပိုလုံခြုံတယ်ဆိုရင် အိမ်မှာ သင်နိုင်အောင်။ Homeschooling, Home Education အနေနဲ့ လုပ်ပေးချင်တယ်။ သို့မဟုတ် ဝေးဝေးမသွားဘဲနဲ့ ကိုယ့်ရပ်ကွက်ထဲမှာ အိမ်နီးနားချင်းတွေ၊ သက်တူရွယ်တူ ကလေးတွေစုပြီးတော့ အိမ်မှာစုပြီးတော့ အဲဒီလိုမျိုး ရပ်ရွာအခြေပြုတဲ့ ပညာသင်ဝိုင်းလေးတွေ လုပ်ပေးစေချင်တယ်။ နောက် ဘုန်းတော်ကြီးသင်ကျောင်းတွေလည်း ရှိတယ်။ အဲဒီမှာလဲ သွားပြီးတော့ သင်နိုင်တယ်။ ပုဂ္ဂလိကကျောင်းတွေကိုလည်း ကျနော်တို့လည်း မေတ္တာရပ်ခံပြီး သိပ်ပြီးတော့ စရိတ်စခ မများစေဘဲနဲ့ ကျောင်းသားတွေ ပညာသင်ယူလို့ရအောင် အဲဒီလို ဆောင်ရွက်ပေးစေချင်ပါတယ်။

အဲဒီအပြင် အခွင့်အလမ်းတွေလည်း ရှိတယ်။ အင်တာနက်သုံးနိုင်တဲ့ နေရာတွေမှာ အွန်လိုင်းနဲ့ သင်ပေးနေကြတယ်။ ကြော်ငြာထားတာတွေလည်း Facebook မှာ တွေ့တယ်။ စေတနာရှင် ဆရာ၊ ဆရာမတွေက သူတို့အချိန်ပေးပြီးတော့ ကျောင်းသားတွေအတွက် အခမဲ့ သူတို့ လုပ်ပေးနေကြတာ။ အတန်းစုံပဲ တော်တော်များများတွေ့တယ်။ မူလတန်းအရွယ်၊ မူကြိုအရွယ်၊ အလယ်တန်း၊ အထက်တန်းအရွယ်၊ တက္ကသိုလ်အဆင့်အထိ အွန်လိုင်းနဲ့ တက္ကသိုလ်ပညာရပ်တွေ ပေးဖို့၊ ဆောင်ရွက်နေတာလည်း တွေ့ပါတယ်။ အဲဒီလို အင်တာနက် အဆင်ပြေတဲ့ နေရာတွေမှာလည်း အင်တာနက်ကတဆင့် ပေးလို့ရတယ်။ အဲဒီ Online Courses တွေလည်း ယူလို့ရတယ်။ သို့မဟုတ် ကိုယ်သင်ယူချင်တဲ့ ဘာသာရပ်ကိုလည်း YouTube မှာလည်း ကိုယ်သက်ဆိုင်တဲ့ ဘာသာရပ်အလိုက် YouTube မှာ ရှင်းပြထားတာတွေ၊ ရုပ်ပုံနဲ့တကွ ရှင်းပြထားတာတွေ အများကြီးရှိတယ်။ ရုပ်ပုံနဲ့တကွ သင်ယူလို့ရပါတယ်။ ဒါကတော့ အင်တာနက်အဆင်ပြေတဲ့ နေရာတွေမှာပေါ့။

အင်တာနက်က မြို့ကြီးတွေမှာတော့ အဆင်ပြေနိုင်တယ်။ ဒါတောင်မှ မကြာမကြာ ပျက်တောက်ခံရတယ်။ မြို့နဲ့ဝေးလံတဲ့ နေရာတွေကတော့ အင်တာနက် ခက်ခဲတယ်။ အဲဒီလို အင်တာနက်ခက်ခဲ၊ မရှိပေမယ့်လဲ သင်ယူမှုကို မပြတ်အောင် လုပ်သင့်တယ်။ အခုနပြောတဲ့ ရပ်ရွာအခြေပြုတဲ့ စာသင်ဝိုင်းလေးတွေက အင်တာနက် မလိုဘဲနဲ့ ဆရာ၊ ဆရာမတွေနဲ့ မျက်နှာချင်းဆိုင်းသင်တဲ့ စာသင်ဝိုင်းလေးတွေ လုပ်စေချင်ပါတယ်။

မေး ။ ။ နောက်တခုကတော့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားနေတဲ့ CDM ဆရာ၊ ဆရာမတွေ အများကြီးပါဝင်တဲ့အတွက်ကြောင့်မို့ ဆရာ၊ ဆရာမနေရာ တော်တော်လေး လစ်လပ်နေပါတယ်။ စစ်ကောင်စီကလည်း ဒီနေရာတွေမှာ အစားထိုးဖို့ လုပ်နေတာတွေ ရှိတယ်။ ဥပမာ မူလတန်းသင့်ဆရာတွေကို နေ့စားခေါ်ပြီးတော့ အစားထိုးတာမျိုးတွေ ရှိနေတယ်ဆိုတော့ တခုရှိတာက သက်ဆိုင်ရာ ဘာသာရပ်။ အဲဒီလို ဘာသာရပ်တွေနေရာမှာ ကျွမ်းကျင်တဲ့ အတွေ့အကြုံရှိတဲ့ ဆရာ၊ ဆရာမတွေနေရာမှာ အခုလို ဆရာ၊ ဆရာမအသစ်တွေနဲ့ အစားထိုးခန့်ပြီး သင်တဲ့နေရာမှာ ဘယ်လိုမျိုး ကျောင်းသားတွေအတွက် သက်ရောက်မှု ရှိနိုင်မလဲ။

ဖြေ ။ ။ ဆရာတွေ ထုတ်ပယ်လိုက်တဲ့အတွက် ကျနော်တို့ ပညာရေးက အရမ်းပဲနစ်နာတယ်။ ဆရာသစ်တွေက နှစ်ပေါင်းများစွာ အတွေ့အကြုံ ရှိထားပြီ။ ဘာသာရပ်လည်း နားလည်ပြီး သင်တတ်ကြပြီး ကျောင်းသားတွေအကြောင်းလည်း သိကြတယ်။ ဒီလိုအတွေ့အကြုံရှိတဲ့ ဆရာတွေကို တာဝန်ရပ်စဲလိုက်ပြီးတော့ အတွေ့အကြုံမရှိသေးတဲ့ ဆရာတွေနဲ့ အစားထိုးမယ်ဆိုရင် သင်တဲ့ ဆရာမှာလဲ အခက်အခဲ ရှိတယ်။ ကျောင်းသားတွေလည်း အခက်အခဲရှိမယ်။ သင်တဲ့ဆရာကလဲ ဘာသာရပ်မကျွမ်းကျင်၊ သင်တဲ့နည်းစနစ်တွေလည်း ကောင်းကောင်းမသိသေးဘူးဆိုတော့၊ ကျောင်းဆရာတယောက်ဖြစ်ဖို့ဆိုတာ စာသင်ခန်းထဲ ဝင်ရုံနဲ့ စာသင်လို့မရပါဘူး။ ကျောင်းဆရာတယောက်ဖြစ်ဖို့က အများကြီးကို လေ့လာရတယ်။ အများကြီးလေ့ကျင့်ပျိုးထောင်ရတယ်။ ကျွမ်းကျင်ပြီးမှ စာသင်ခန်းဝင်ရတယ်။ ဆရာတယောက်က စာသင်ခန်းထဲရောက်ရင် သူသင်ရမယ့် ဘာသာရပ်ကို ကျွမ်းကျင်ရုံတင်မကဘူး၊ သင်မယ့်နည်းလမ်းတွေကိုလည်း ကျွမ်းကျင်ရတယ်။ ကလေးတွေအကြောင်းလည်း နားလည်ရတယ်။ ကလေးတွေကို ဘယ်လိုသင်မယ်ဆိုတဲ့ အခြေအနေပေါ် ကြည့်ပြီးတော့၊ ဆောင်ရွက်နိုင်တဲ့ ဆရာမျိုး ဖြစ်ရမယ်။ အဲဒီလိုမှ ကလေးတွေက သင်ယူတဲ့ ဘာသာရပ်မှာ ထိထိရောက်ရောက် ဖြစ်နိုင်မယ်။ အတွေ့အကြုံ မရှိသေးတဲ့၊ ဆရာတွေကို ဖြစ်သလို စာသင်ခန်းထဲကို ဝင်ခိုင်းတယ်ဆိုရင် အခက်အခဲ ရှိနိုင်ပါတယ်။ အဲဒီလိုမျိုး စာသင်ခန်းမျိုးက တကယ့်ပညာကို မရနိုင်ပါဘူး။

မေး ။ ။ အခု ပြောခဲ့တာတွေကတော့ အခြေခံပညာကို အာရုံစိုက်တယ်ပေါ့။ အခုဆက်ပြီးတော့ အဆင့်မြင့်ပညာ တက္ကသိုလ်တွေနဲ့ ပတ်သက်ပြီးတော့ ကြည့်မယ်ဆိုရင် အခုဆိုရင် Virtual Federal University ဆိုပြီးတော့ နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ပြီးတော့၊ တခြားမဟုတ်ရင်လဲ တက္ကသိုလ်ပါမောက္ခတွေနဲ့ အွန်လိုင်းပေါ်ကနေ ပညာသင်ကြားမှုပိုင်းတွေကို လုပ်နေတာ ရှိလာပါပြီ။ အခုဆိုရင် အမေရိကန် Princeton တက္ကသိုလ်ကနေသင်မယ့် သင်တန်းဆိုရင် ဇွန်လထဲမှာ စတော့မယ်ဆိုတော့ ဗမာပြည်မှာက ပြောမယ်ဆိုရင် တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ အပါအဝင် သူတို့တွေက အွန်လိုင်းကနေ Virtual Learning ပိုင်းမှာ နည်းနည်းလေး အားနည်းနေပါတယ် တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင်ဆိုတော့ အဲဒီလို Virtual Learning လုပ်မယ် အွန်လိုင်းကနေ ပညာသင်ကြားမှုကို ရယူမယ့် ကျောင်းသားတွေအတွက်ကို ဆရာ့အနေနဲ့ ဘယ်လိုအကြံပြုချင်လဲ။ ဘယ်လိုမျိုးကိစ္စပိုင်းတွေကို အာရုံစိုက်သင့်လဲ။ ဘယ်လိုမျိုး ကိစ္စမျိုးတွေကို ဂရုစိုက်ပြီး သင့်ယူသင့်တယ်လို့ အကြံပြုချင်ပါလဲရှင့်။

ဖြေ ။ ။ အခုပြောတဲ့ Virtual Federal University စတင်ဖို့ တိုင်ပင်တုန်းက ကျနော်လည်းပါပါတယ်။ နိုင်ငံခြားမှာ တက္ကသိုလ်မှာ သင်နေတဲ့ နိုင်ငံသား ဆရာ၊ ဆရာမတွေ၊ မြန်မာနိုင်ငံပညာရေးကို မြှင့်တင်ပေးချင်တဲ့ နိုင်ငံခြားသား ဆရာ၊ ဆရာမတွေ တိုင်ပင်ပြီးတော့ ဆောင်ရွက်ကြတာပါ။ သူတို့နဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ အခြား သမဂ္ဂတွေလည်း ပါဝင်ပါတယ်။ ကျောင်းသားသမဂ္ဂတွေက တက္ကသိုလ်တွေ ပြန်မတက်ချင်တော့ဘူး။ စစ်အစိုးရ အုပ်ချုပ်မှုအောက်မှာ တက္ကသိုလ် မတက်ချင်ကြတော့ဘူး။ ဒါပေမဲ့ သူတို့ပညာသင်ယူချင်ကြတယ်။ အဲဒီအတွက် သူတို့နဲ့ အဆက်အသွယ်ရှိတဲ့ ဆရာ၊ ဆရာမတွေနဲ့ တိုင်ပင်ပြီးတော့ ဒီသင်တန်းဖြစ်လာတာပါ။ ဒီသင်တန်းက ဆရာ၊ ဆရာမတွေအားလုံးကလည်း စေတနာရှိတယ်။ ကျောင်းသားတွေကလည်း လိုလိုလားလား ရှိတယ်။ အွန်လိုင်းနဲ့သင်မယ်။ အခုဆိုရင် စပါပြီ။ သမိုင်းဘာသာရပ်တွေ၊ Critical thinking, Critical writing ဘာသာရပ်တွေ၊ ဖယ်ဒရယ်အကြောင်းတွေ သင်ကြဖို့ ရှိပါတယ်။ အခြားဘာသာရပ်တွေလည်း ကျောင်းသားတွေ စိတ်ဝင်စားမှုပေါ်၊ ကျောင်းသားတွေ လိုအပ်ချက်အရ ဆက်ပြီးတော့ တိုးလုပ်သွားဖို့ ရှိပါတယ်။ အဲဒီအတွက် ကျေုာင်းသားတွေကိုယ်တိုင်က လိုလိုလားလား ရှိတယ်။ ဒီတက္ကသိုလ် ထူထောင်တာလည်း ကျောင်းသားတွေကိုယ်တိုင်ပါတယ်။ အဲဒီအတွက် အရမ်းကောင်းတယ်။

မေး ။ ။ သင်ယူမယ့် ကျောင်းသားတွေဘက် စောစောက ကျနော်မေးသလို အွန်လိုင်းက သင်ရမှာဖြစ်တဲ့အတွက်ကြောင့်မို့ သူတို့နည်းသူတို့ဟန်နဲ့ - ပြောချင်တာက စာသင်ခန်းထဲမှာ မဟုတ်ဘူး၊ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရယူမည့် ပညာရေးဖြစ်တော့ ကျောင်းသားတွေဘက်က ဘာကိုအလေးထားပြီးတော့ ဒီသင်ယူမှုမှာ သင်ယူသင့်တယ်လို့ ဆရာ အကြံပြုချင်ပါလဲရှင့်။

ဖြေ ။ ။ အဓိကတော့ ကျောင်းသားတွေ ဘာကိုလေ့လာချင်သလဲ။ ဘာသာရပ်ပိုင်းဆိုင်ရာပေါ့။ သူတို့လေ့လာချင်တဲ့ ဘာသာရပ်ကို အဲဒီတက္ကသိုလ်က စီစဉ်တဲ့ ဆရာတွေနဲ့ ညှိနှိုင်းရမယ်။ ကျနော်တို့ကတော့ ဘယ်လို ဘာသာရပ်မျိုး သင်ယူချင်သလဲဆိုတာကို ဆရာတွေက စီစဉ်ပေးမှာပါ။ သူတို့မှာ ချိတ်ဆက်ထားတဲ့ ဆရာ၊ ဆရာမတွေ အများကြီး ရှိပါတယ်။ ဆိုတော့ သင်ယူချင်တဲ့ ဘာသာရပ်ကို ကျောင်းသားတွေက ပြောဖို့လိုတယ်။ သူတို့ ဘာတွေလေ့လာပြီးပြီ၊ ဘာတွေထပ်ပြီးတော့ လေ့လာဖို့ လိုသေးတယ်ဆိုတာကို ဆရာတွေနဲ့ တိုင်ပင်ပြီးတော့ လုပ်တယ်ဆိုရင် ကျောင်းသားတွေက လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သင်ယူမှုမျိုး ဖြစ်မှာပါ။

မေး ။ ။ နောက်ဆုံးမေးချင်တာက မြန်မာနိုင်ငံပညာရေး အခြေအနေ။ အရင်ကတည်းက မြန်မာနိုင်ငံ ပညာရေးအခြေအနေက အရှေ့တောင်အာရှမှာ မနည်းရင်ဘောင်တန်းနိုင်အောင်လို့ အမီလိုက်နေရတဲ့ အခြေအနေဖြစ်တယ်။ အခု စစ်အာဏာသိမ်းလိုက်တဲ့ အတွက်ကြောင့် ပညာရေးစနစ်၊ ပညာရေးအဆင့်အတန်းက ဘယ်လောက်အထိ ထိခိုက်သွားနိုင်တယ်လို့ ဆရာအနေနဲ့ သုံးသပ်နိုင်ပါလဲရှင့်။

ဖြေ ။ ။ အများကြီးထိခိုက်မယ်လို့ ထင်တယ်။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ စစ်အာဏာသိမ်းတာ တကြိမ်မကတော့ဘူး။ အခုကျောင်းတွေမှာလဲ ဆရာ မလုံလောက်ဘူး။ ကျောင်းသားတွေကလည်း ကျောင်းမတက်တော့ဘူးဆိုပြီး ဆန္ဒပြကြတယ်။ ကြေညာချက်တွေလည်း ထုတ်ထားတယ်။ ဆရာတွေ အများကြီးလည်း အလုပ်ထုတ်ခံရတော့ ကျနော်တို့ ပညာရေးက အမှောင်ထဲ ပြန်ရောက်သွားတယ်။ အဲဒါကြောင့် ကျနော်က အစိုးရပညာရေးက အားမကိုးလောက်တော့ဘူး။ တကယ့်ပညာ မရတော့ဘူးဆိုရင် ကိုယ်တိုင်ပညာရအောင် ဆောင်ရွက်ဖို့ ကျနော်က တိုက်တွန်းတာပါ။ ဆရာ၊ဆရာမတွေ၊ မိဘတွေ၊ ရပ်ရွာကပါ ဝိုင်းဝန်းပြီးတော့ ကလေးတွေ ပညာရဖို့ တကယ့်အရည်အသွေးရှိတဲ့ ပညာပါ။ ကျနော်ကတော့ အတန်းအောင်ရုံလေး၊ ဘွဲ့လက်မှန်ရရုံလေး ပညာကို ကျနော် တန်းဖိုးမထားပါဘူး။ ကျနော်က တကယ်တတ်တာကို တန်းဖိုးထားတယ်။ တကယ်စွမ်းရည်ရှိတဲ့ ပညာ။ တကယ်စွမ်းရည်ရှိတဲ့ ပညာကို ကျနော်တို့ ဝိုင်းဝန်းပြီးတော့ ဆရာတွေ၊ မိဘတွေ ပူးပေါင်းဆောင်ရွက်ပြီးတော့ ကျနော်တို့ ကလေးတွေ၊ လူငယ်တွေ ပညာသင်ခွင့်ရှိအောင် ဆောင်ရွက်ပေးစေချင်ပါတယ်။

မစုမြတ်မွန် ။ ။ ဒေါက်တာသိန်းလွင် အခုလို အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက် အများကြီးကျေးဇူးတင်ပါတယ်ရှင့်။

ဒေါက်တာသိန်းလွင် ။ ။ ဟုတ်ကဲ့ ကျနော်လည်း ကျေးဇူးတင်ပါတယ်။

မွတ္ခ်က္မ်ားဖတ္ရန္

XS
SM
MD
LG