သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္း ကိုဗစ္တတိယလႈိင္း နဲ႔ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားမ်ား


ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္း (FED) ရဲ႕ အလုပ္သမားေရးဌာန တာဝန္ခံ ကိုမင္းဦး
တိုက္႐ိုက္ လင့္ခ္

ထိုင္းႏိုင္ငံမွာရိွတဲ့ ျမန္မာေ႐ႊ႕ေျပာင္းအလုပ္သမားေတြ အေရးအတြက္ ျမန္မာသံ႐ုံးနဲ႔ အလုပ္သမားအဖြဲ႔ေတြ ပူးေပါင္းေဆာင္႐ြက္မႈဟာ စစ္အာဏာသိမ္းမႈျဖစ္ၿပီးေနာက္ပိုင္း ရပ္ေနတယ္လို႔ ထိုင္းႏိုင္ငံေတာင္ပိုင္းအေျခစိုက္ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္း (FED) ရဲ႕ အလုပ္သမားေရးဌာန တာဝန္ခံက ေျပာပါတယ္။ ထိုင္းႏိုင္ငံမွာ လက္ရွိျဖစ္ေနတဲ့ ကိုဗစ္တတိယလႈိင္းမွာ ျမန္မာေ႐ႊ႕ေျပာင္း အလုပ္သမားေတြ ကူးစက္မႈ အေျခအေန၊ ထိုင္းအစိုးရရဲ႕ ကိုဗစ္ကာကြယ္ေဆးထိုး အစီအစဥ္မွာ ေ႐ႊ႕ေျပာင္းလုပ္သားေတြ ကာကြယ္ေဆးထိုးႏိုင္မယ့္ အလားအလာေတြကို (FED) ရဲ႕ အလုပ္သမားေရးဌာနတာဝန္ခံ ကိုမင္းဦး, ကို မစုျမတ္မြန္က ဆက္သြယ္ေမးထားပါတယ္။

ေမး ။ ။ မဂၤလာပါ ကိုမင္းဦးရွင့္။ ကိုမင္းဦးက ထုိင္းႏုိင္ငံေတာင္ပိုင္းမွာ အေျခစိုက္တဲ့ ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရးေဖာင္ေဒးရွင္း (FED) ရဲ ႔ အလုပ္သမားေရးရာဌာနရဲ ႔ တာဝန္ခံ ျဖစ္ပါတယ္။ ဆိုေတာ့ ထုိင္းႏုိင္ငံမွာေရာက္ေနတဲ့ ေရႊ ႔ေျပာင္းအလုပ္သမားေတြကိုလည္း ပညာေပးအလုပ္ေတြ လုပ္ေနပါတယ္ဆိုေတာ့ အခု ကိုမင္းဦးကို ေမးခ်င္တာက လက္ရိွ ထုိင္းႏုိင္ငံမွာ ျဖစ္ေနတဲ့ ကိုဗစ္တတိယလိႈင္းနဲ႔ ပတ္သက္ၿပီးေတာ့ ေမးခ်င္တာပါ။ ဆိုေတာ့ ထိုင္းႏုိင္ငံမွာ အခုျဖစ္ေနတဲ့ တတိယလိႈင္းက ေတာ္ေတာ္ေလး ကူးစက္မႈအေျခအေန ဆိုးေနပါတယ္။ တေန႔တေန႔ကိုလဲ အတည္ျပဳလူနာသစ္က ေထာင္ေက်ာ္ရိွေနတယ္ဆိုေတာ့ က်ေနာ္ အဓိကသိခ်င္တာကေတာ့ အခုလိုမ်ဳိး ကူးစက္မႈ ရိွေနတဲ့အထဲမွာ ထိုင္းႏုိင္ငံမွာ ေရာက္ေနၿပီးေတာ့ အလုပ္လုပ္ေနၾကတဲ့ ျမန္မာေရႊ ႔ေျပာင္းအလုပ္သမားေတြ ဘယ္ေလာက္ေလာက္ ဒီထဲမွာပါေနတယ္လို႔ ကိုမင္းဦးတို႔ သိထားပါလဲရွင့္။

ေျဖ ။ ။ မဂၤလာပါ။ ထိုင္းႏုိင္ငံ ေရာဂါကာကြယ္ထိန္းခ်ဳပ္ေရး ဗဟိုဌာနကေန အျခားႏုိင္ငံသားေတြ၊ အဲဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ သတင္းအခ်က္အလက္ ထုတ္ျပန္တာ မရိွေတာ့ဘူး။ ဒုတိယကိုဗစ္လိႈင္း အစမွာေတာ့ က်ေနာ္တို႔ စမြတ္ပလာကန္ နဲ႔ စမြတ္ဆာေခါင္ေတြမွာ ျဖစ္တဲ့ကိစၥရပ္ေတြေပါ့။ အဲဒီလိုျဖစ္ၿပီးတဲအခါမွာ နည္းနည္းျပႆနာတတ္တာက အဲဒီလို အသံုးအႏႈန္း၊ တိုင္းတည္လုပ္တဲ့ဟာေတြမွာ ျပႆနာတက္တဲ့အခါၾကေတာ့ သူတုိ႔က ေရႊ ႔ေျပာင္းအလုပ္သမား၊ ဘာညာမခြဲေတာ့ဘူး။ ကိန္းကဏန္းေတြကို အတူတူတြဲၿပီးေတာ့ တင္တယ္။ အခု ထိုင္းႏုိ္င္ငံမွာရိွတဲ့ Migrant Workers Rights Network (MWRN) ေခၚတဲ့ ေရႊ ႔ေျပာင္းအလုပ္သမားကြန္ရက္ကေန ကိန္းကဏန္း တိတိက်က် လိုက္ပါစံုစမ္းတဲ့အခါမွာ ထုိင္းက်န္းမာေရးဝန္ႀကီးဌာနကလည္း မထုတ္ျပန္ဘူး။ ေနာက္ ျမန္မာသံရံုးကို ဆက္သြယ္ၾကည့္တဲ့အခါမွာလဲ အဲဒီကေန ထုတ္ျပန္တာလဲ မေတြ႔ရဘူး။ အဲဒီေတာ့ ကိန္းကဏန္းေတြက သတင္းေတြမွာ ရလာတဲ့ ကိန္းကဏန္းေတြကိုပဲ ခန္႔မွန္းၿပီေတာ့ပဲ ေျပာလို႔ရပါတယ္။ အဲဒီေတာ့ က်ိန္းေသတာကေတာ့ ကိန္းကဏန္းေတြအရဆိုရင္ ေထာင္ကဏန္းရိွတယ္။ ေထာင္ဆိုတာက ႏွစ္ေထာင္သံုးေထာင္ ဝန္းက်င္ေလာက္ ရိွတယ္လို႔ က်ေနာ္တို႔ ခန္႔မွန္းလို႔ရတယ္။ သို႔ေသာ္ ဒီထဲမွာ ဘယ္ႏွစ္ဦးက ကုသမႈ ခံယူၿပီးသြားၿပီ။ ေရာဂါေပ်ာက္သြားၿပီလဲ။ အဲဒါေတြကို က်ေနာ္တို႔ လိုက္ဖို႔ ခက္ေနတယ္။

ေမး ။ ။ အခုနေျပာတဲ့ ေထာင္ကဏန္းရိွတယ္ဆိုတဲ့ ေျပာဆိုခ်က္မွာ ဘယ္အပိုင္းေတြမွာ ရိွတဲ့ အလုပ္သမားေတြက ကူးစက္မႈ မ်ားတယ္ဆိုတာကို သိရပါလားရွင့္။

ေျဖ ။ ။ အထူးသျဖင့္ေတာ့ ေရႊ ႔ေျပာင္အလုပ္သမားေတြမ်ားတဲ့ စက္ရံု၊ အလုပ္ရံုေတြမွာ ျဖစ္တာမ်ားတယ္။ ေနာက္ၿပီး ေစ်းႀကီးေတြ၊ အဲဒီလိုေနရာမ်ဳိးေတြ အမ်ားစုလုပ္တဲ့ ေနရာေတြမွာ ကူးစက္တာမ်ားတယ္။ အဲဒီအခါၾကေတာ့ ကူးစက္တာမ်ားမွန္း သိတယ္။ ဒါေပမဲ့ က်ေနာ္တုိ႔ ကိန္းကဏန္းအေရ ေသခ်ာမသိရဘူး။ ေနာက္တခုရိွတာက ဘာလဲဆိုေတာ့ အခုဟာက ဘယ္ေနရာမွာျဖစ္တယ္။ ဘယ္ေနရာမွာ ကူးစက္မႈမ်ားတယ္ ဆိုလို႔ရိွရင္ သူတုိ႔က လိုက္ၿပီးေတာ့ စစ္လုိက္တယ္။ စစ္တဲ့အခါမွာ ထုိင္းႏုိင္ငံသားေတြကိုပဲ ဦးစားေပးၿပီးစစ္တာ။ ျမန္မာေတြကိုစစ္တာ မဟုတ္တဲ့အခါၾကေတာ့ ျမန္မာေတြၾကားထဲမွာ ဘယ္ႏွစ္ေယာက္ ျဖစ္ေနတယ္ဆိုတာကို တိတိက်က် မသိႏုိင္ဘူး။

ေမး ။ ။ ေစာေစာက ကိုမင္းဦး ေျပာသလို၊ ကိုဗစ္ဒုတိယလိႈင္း ျဖစ္တုန္းကေတာ့ စမုပရာကန္ၿမိဳ ႔ေတြမွာ အလုပ္လုပ္ၾကတဲ့ ပင္လယ္စာ လုပ္ငန္းေတြမွာ လုပ္ၾကတဲ့ ျမန္မာေရႊ ႔ေျပာင္းအလုပ္သမားေတြ ေတာ္ေတာ္ေလး ျဖစ္ခဲ့တယ္။ အဲဒီကေနစၿပီး ကူးစက္တာေပါ့။ အဲဒီအတြက္ေၾကာင့္ ထိုင္းအစိုးရက စည္းကပ္တင္းၾကပ္မႈေတြကို ေတာ္ေတာ္ေလး တင္းတင္းၾကပ္ၾကပ္ လုပ္ခဲ့တယ္။ ဆိုေတာ့ အခုတေခါက္ တတိယလိႈင္းမွာ အဲဒီလို ေရႊ ႔ေျပာင္းအလုပ္သမားေတြအေပၚမွာ စည္းကမ္းကန္႔သတ္မႈေတြ၊ တင္းၾကပ္မႈေတြ ဘယ္ေလာက္အထိ လုပ္ထားတယ္လို႔ ေျပာႏိုင္လဲရွင့္။

ေျဖ ။ ။ ေရႊ ႔ေျပာင္းအလုပ္သမားေတြအတြက္ဆုိၿပီး ထုတ္ျပန္တာမ်ဳိး ရိွတယ္။ ဒါေပမဲ့ အဲဒီလိုမ်ဳိး သီးသန္႔ႀကီးအေနနဲ႔ အရင္ေခါက္ေတြမ်ဳိး ထုတ္ျပန္တာမ်ဳိး မရိွဘူး။ ဒါေပမဲ့ က်ေနာ္တို႔ ဖန္ငမွာေတာ့ က်ေနာ္တို႔ ရိွတာက ျပန္နယ္ထဲမွာ ခရိုင္ ကိုးခု။ အဲဒီခရိုင္ ကိုးခုမွာပဲ ေရႊ ႔ေျပာင္းအလုပ္သမား လူထုေခါင္းေဆာင္ေတြနဲ႔ က်ေနာ္တို႔ NGO အဖြဲ႔ထဲက ဦးစီးဦးေဆာင္လုပ္ၿပီးေတာ့ ျပည္နယ္မွဴးနဲ႔ က်ေနာ္တုိ႔ ညိွႏိႈင္းၾကတယ္။ ညိွႏိႈင္းတဲ့အခါမွာ သူတုိ႔က ေရႊ ႔ေျပာင္းအလုပ္သမားနဲ႔ ပတ္သက္တဲ့ - အထူးသျဖင့္ ကိုဗစ္ကပ္ေရာဂါကိစၥ။ ေနာက္ မွတ္ပံုတင္တဲ့ ကိစၥတို႔ဆိုရင္ က်ေနာ္တိုိ႔ လူထုၾကားထဲမွာ၊ အလုပ္သမားေတြၾကားထဲမွာ ျဖန္႔ေဝေပးဖို႔အတြက္ အကူအညီေတာင္းထားတဲ့ အတြက္ေၾကာင့္မို႔ ခရိုင္ကေန ထုတ္ျပန္းခ်က္ေတြ၊ ခရိုင္ကေန ထုတ္ျပန္ခ်က္ေတြ၊ ဘန္ေကာက္ကေန ထုတ္ျပန္တာေတြကို က်ေနာ္တို႔က ဘာသာျပန္ၿပီးေတာ့ ကြန္ျမဴနီတီထဲမွာ လိုက္ေဝတာေတြ ရိွတယ္။ ေနာက္ အြန္လိုင္းဆိုရွယ္မီဒီယာကေန ျဖန္႔ေဝေပးေနတာေတြ ရိွပါတယ္။ ေျပာရမယ္ဆိုရင္ ဒီတေခါက္မွာေတာ့ ေရႊ ႔ေျပာင္းအလုပ္သမားေတြအတြက္ သီိးျခား၊ ဖိဖိစီးစီးနဲ႔ လုပ္တဲ့ဟာမ်ဳိးကေတာ့ ေလ်ာ့ပါးသြားတယ္လို႔ က်ေနာ္တုိ႔က ျမင္ပါတယ္။

ေမး ။ ။ ကိုမင္းဦး ေစာေစာကေျပာသလို ပညာေရးနဲ႔ ဖြံ႔ၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း (FED) ကလည္း ေရႊ ႔ေျပာင္းအလုပ္သမားေတြကို ကိုဗစ္နဲ႔ ပတ္သက္တဲ့ ပညာေပးေတြကို လုပ္ေပးေနတယ္။ အြန္လိုင္းကေနလည္း လုပ္ေနတယ္ဆိုေတာ့ ဘယ္လိုကိစၥေတြကို လက္ရိွမွာ ဦးစားေပးၿပီးေတာ့ ပညာေပးမႈေတြ လုပ္ေနတယ္ဆိုတာကိုလဲ ေျပာျပပါလားရွင့္။

ေျဖ ။ ။ FED Facebook Social Media တခုရယ္၊ ၿပီးေတာ့ အလုပ္သမားမိတ္ေဆြတို႔ အဖြဲ႔အစည္းေတြက သတင္းအခ်က္အလက္ေတြ၊ အလုပ္သမားေတြ သိသင့္သိထိုက္တဲ့ အခ်က္အလက္ေတြကို မွ်ေဝတာေတြ ရိွပါတယ္။ က်ေနာ္တုိ႔အေနနဲ႔ က်န္းမာေရးနဲ႔ ပတ္သက္တဲ့ ကာကြယ္ေစာင့္ေရွာက္မႈပိုင္းဆိုင္ရာေတြကို တင္ေပတင္ေသာ္ျငားလဲ တခ်ဳိ ႔ကိစၥေတြမွာ စည္းမ်ဥ္းစည္းကမ္းနဲ႔ ပတ္သက္တာေတြ။ ဥပမာဆိုရင္ က်ေနာ္တိုိ႔ ဖန္ငခရိုင္မွာ က်န္ခဲ့တဲ့ (၁၂) ရက္ေန႔က ထုတ္ျပန္လိုက္တာ အဓိကအားျဖင့္ ေရႊ ႔ေျပာင္းအလုပ္သမားေတြအေနနဲ႔ သတ္မွတ္ထားတဲ့ ညဆုိရင္ (၁၁) နာရီ အျပင္ထြက္လို႔ မရဘူးဆိုတဲ့ကိစၥ။ ေနာက္ၿပီးေတာ့ ခရိုင္ေက်ာ္လို႔ မရဘူးဆိုတဲ့ကိစၥ။ အထူးသျဖင့္ေတာ့ ေရႊ ႔ေျပာင္းအလုပ္သမားေတြအေနနဲ႔ ဥပေဒေတြကို မသိလိုက္လုိ႔ အျပစ္ေပးအေရးယူခံရမွာ စိုးရိမ္တာရယ္။ ေနာက္ေရာဂါကူးစက္မႈနဲ႔ ပတ္သက္ၿပီး ေရာဂါေၾကာင့္ ေရာဂါနဲ႔ ပတ္သက္ၿပီး ျပဌာန္းထားတဲ့ ဥပေဒအရ ၿငိ ႔တယ္ဆိုရင္ အဖမ္းအဆီး ခံရၿပီးေတာ့၊ ျပည္ႏွင္ဒဏ္ေပးခံရမွာစတဲ့ ဒီလိုကိစၥရပ္ေတြကို က်ေနာ္တို႔ေတြက ဦးစားေပးၿပီးေတာ့၊ လုပ္ၿပီးေတာ့ ေရႊ ႔ေျပာင္းအလုပ္သမားေတြၾကားထဲမွာ မွ်ေဝမႈေတြ လုပ္ေပးပါတယ္။

ေမး ။ ။ ထိုင္းအစိုိးရ ထုတ္ျပန္ထားတဲ့ ကိုဗစ္ထိန္းခ်ဳပ္ကန္႔သတ္ေရး စည္းကမ္းေတြမွာ ျမန္မာအလုပ္သမားေတြ၊ ထိုင္းတႏိုင္ငံလံုးမွာ ရိွေနတဲ့ ျမန္မာအလုပ္သမားေတြ မျဖစ္မေန သိသင့္တဲ့ အခ်က္ေတြက ဘာလို႔ေျပာလို႔ရပါသလဲရွင့္။

ေျဖ ။ ။ အဓိကအားျဖင့္ WHO က ထုတ္ျပန္ထားတာကိုပဲ သူတုိ႔ျပန္ၿပီးေတာ့ ထုတ္ျပန္တာပဲ။ အားလံုးေပါင္းေတာ့ ေျခာက္ခ်က္လား ရိွတယ္။ နံပတ္တစ္ကေတာ့ ခပ္ခြာခြာေနေပါ့။ သံုးမီတာ ေနရမယ္။ လက္ကို မၾကာခဏ ေဆးရမယ့္ကိစၥ။ ေနာက္ၿပီးေတာ့ ႏွားေခါင္းစည္းဝတ္ထားရမယ့္ကိစၥ။ ၿပီးေတာ့ သူတို႔ရဲ ႔ ေမာခ်နတို႔ ထန္ခ်နတို႔ေခၚတဲ့ Application ေတြကို မိုဘိုင္လ္ဖုန္းထဲမွာ ထည့္ထားဖုိ႔ကိစၥ။ ေနာက္ၿပီးေတာ့ ျဖစ္ႏုိင္မယ္ဆိုရင္ ကိုယ္အပူခ်ိန္ကို မၾကာခဏစစ္ဖုိ႔။ ေနာက္ၿပီးေတာ့ တကယ္လို႔ ကိုယ့္ကိုယ္ကို မသကၤာဘူးဆိုရင္ ဖ်ားနာမႈကို မသကၤာဘူး၊ လကၡဏာထဲက တခုခုကို ျပတယ္ဆုိရင္ ေဆးရံုေဆးခန္္းကို သြားဖို႔ကိစၥ။ ဒီလိုကိစၥေတြကို အဓိကထားၿပီးေတာ့ သိေစခ်င္ပါတယ္။ ေနာက္တခုကေတာ့ ေရာဂါကာကြယ္ထိန္းသိမ္းေရး၊ ကာကြယ္ထိန္းခ်ဳပ္ေရးက ထုတ္ျပန္တဲ့ ဥပေဒေလးကို သိထားေစခ်င္ပါတယ္။

ေမး ။ ။ အခု ထုိင္းႏုိင္ငံမွာ ျဖစ္ေနတဲ့ ကိုဗစ္တတိယလိႈင္းမွာ ေနာက္တခု ဘာျဖစ္လဲဆိုေတာ့ ထိုင္းအက်ဥ္းေထာင္ေတြထဲမွာ ကူးစက္မႈေတြ ျဖစ္ေနတယ္ဆိုၿပီးေတာ့ ထုိင္းအစိုးရက ေျပာပါတယ္။ ဒီကူးစက္မႈ ျဖစ္ေနတယ္လို႔ ထုိင္းအစိုးရေျပာေနတဲ့ အက်ဥ္းေထာင္ေတြထဲမွာ ျမန္မာႏုိင္ငံသားေတြ ရိွလား။ ရိွတယ္ဆိုရင္ ဘယ္ေလာက္ေလာက္ ရိွတယ္လို႔ သိရပါသလဲရွင့္။

ေျဖ ။ ။ ကိန္းဂဏန္းအရေတာ့ တိတိက်က် ျမန္မာႏုိင္ငံသားေတြအေနနဲ႔ ဘယ္ေလာက္ရိွတယ္ဆိုတာကေတာ့ ဟိုတုန္းထဲက ျမန္မာအက်ဥ္းသားေတြနဲ႔ ပတ္သက္ၿပီး အကူအညီေပးဖို႔ ျမန္မာသံရံုးနဲ႔ ပူးတြဲၿပီးေတာ့ လုပ္ခဲ့ဖူးတယ္။ လြန္ခဲ့တဲ့ (၁) နွစ္ေက်ာ္ေလာက္က ရိွၿပီ။ (၂) နွစ္ေလာက္က။ ဒါေပမဲ့ အဲဒါအဆင္မေျပဘူး။ ဘာျဖစ္လို႔လဲဆိုေတာ့ သူတုိ႔က ႏုိင္ငံျခားေရးဝန္ႀကီးဌာနကေန တရားဝင္စာနဲ႔ဆင့္ၿပီးေတာ့ ေတာင္းရမယ္ဆိုေတာ့ က်ေနာ္တုိိ႔ NGO ေတြအေနနဲ႔ တုိက္ရိုက္လုပ္ခြင့္ မရဘူး။ အဲဒီေတာ့ ျမန္မာသံရံုးအေနနဲ႔ ဆက္လုပ္ဖို႔အတြက္ စီစဥ္ထားခဲ့ေပမယ့္ ျမန္မာသံရံုးအေနနဲ႔ ဒီကိစၥေတြကို ဆက္မလုပ္ျဖစ္ခဲ့တဲ့အတြက္ က်ေနာ္တို႔ အလွမ္းေဝးသြားတဲ့အတြက္ အဲဒါနဲ႔ ပတ္သက္ၿပီးေတာ့ မသိရဘူး။ သို႔ေသာ္ ထုိင္းတႏုိင္ငံလံုးမွာ ေထာင္ေပါင္းက (၁၄၃) ေထာင္ ရိွတယ္။ အခု အဓိကျဖစ္တဲ့ ေထာင္ေတြက ဘန္ခြမ္အက်ဥ္းေထာင္ႀကီးအပါအဝင္ အားလံုး (၁၃) ေထာင္။ အဲဒီေထာင္ေတြမွာ ျမန္မာအမ်ားစုရိွတာကေတာ့ ဘန္ေကာက္မွာရိွတဲ့ အထူးေထာင္လို႔ေခၚတဲ့ ရေရာင္၊ ဘန္ခြမ္ကေတာ့ ႏြန္ထပူရီမွာရိွတဲ့ ဝင္းႏိုင္ေဇာ္တုိ႔ရိွတဲ့ ေထာင္။ ၿပီးေတာ့ ဒီမွာဆိုရင္ေတာ့ နရသီဝပ္လို႔ေခၚတဲ့ ႏွစ္ႀကီးသမားေတြထားတဲ့ ေတာင္ပိုင္းကေထာင္။ ေနာက္ ဆုန္ခလာမွာရိွတဲ့ေထာင္ အစရိွသျဖင့္ အဲဒီမွာ အမ်ားဆံုးရိွၿပီးေနာက္ ရေနာင္းေထာင္။ အဲဒီေထာင္ေတြမွာေတာ့ ျမန္မာေရႊ ႔ေျပာင္းအလုပ္သမားေတြ ေတာ္ေတာ္မ်ားမ်ား ရိွတယ္။ ဒါေပမဲ့ အခုေထာင္သားေတြ ျဖစ္တဲ့အထဲမွာ ျမန္မာႏုိင္ငံသား အက်ဥ္းသား ဘယ္ႏွစ္ေယာက္ျဖစ္တယ္ဆိုတာမ်ဳိး သူတုိ႔က မေၾကညာဘူး။ အခုဆိုရင္ တစ္ေသာင္းဝန္းက်င္ ျဖစ္သြားၿပီ။ အေရအတြက္ ကိုးဆယ္ရာခိုင္ႏႈန္း။ တႏုိင္ငံလံုးမွာ။ အမ်ားဆံုးကေတာ့ ရေနာင္၊ မဲ့ေဆာက္၊ ဘန္ခြမ္၊ နရာသီဝပ္ေထာင္ေတြမွာ ရိွတဲ့ ျမန္မာႏုိင္ငံသားေတြအေနနဲ႔ ပိုၿပီးေတာ့ ကူးစက္ဖုိ႔ ရိွႏုိင္တယ္။

ေမး ။ ။ ေနာက္တခုက ကိုဗစ္ကာကြယ္ေဆး ထိုးတာနဲ႔ ပတ္သက္ၿပီးေတာ့ ေမးခ်င္ပါတယ္။ ထုိင္းႏုိင္ငံမွာ ကိုဗစ္ကာကြယ္ေဆး ထုိးမႈေတြ ေမလ (၁၈) ရက္ေန႔တုန္းကဆိုရင္ သံဃာေတာ္ေတြကို စၿပီးေတာ့ ထိုးေပးေနၿပီ။ အဲဒီကေန တဆင့္ခ်င္း တႏုိင္ငံလံုးကို ထိုးေပးမယ့္ အစီအစဥ္ေတြ ရိွတယ္ဆိုေတာ့ အဲဒီလို ထုိင္းႏုိင္ငံက ထုိင္းအစိုးရက ကိုဗစ္ကာကြယ္ေဆး ထိုးေပမယ့္ အစီအစဥ္ထဲမွာ သူတုိ႔ႏုိင္ငံထဲမွာ အလုပ္လုပ္ေနတဲ့ ျမန္မာေတြအပါအဝင္ ေရႊ ႔ေျပာင္းအလုပ္သမားေတြကို ထိုးေပးမယ့္ အစီအစဥ္ပါပါသလားရွင့္။

ေျဖ ။ ။ တကယ့္တကယ္က ကာကြယ္ေဆးထိုးဖုိ႔အတြက္ အြန္လုိင္းကေန မွတ္ပံုတင္ျခင္းကို လုပ္ေဆာင္ႏုိင္ၿပီဆိုတာကို က်ေနာ္တို႔ က်န္ခဲ့တဲ့ ေမလ (၁၄) ရက္ေန႔တုန္းက သိရပါတယ္။ ဆုိေတာ့ အဲဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ ဘယ္လိုမ်ဳိးဆက္ၿပီးသြားတယ္။ ဘယ္လိုိမ်ဳိး အြန္လိုင္းကေန လုပ္ေဆာင္လို႔ ရမလဲဆိုတာကို က်ေနာ္တို႔က စံုစမ္းတာ။ ဒီေန႔ ေမလ (၁၉) ရက္ေန႔မွာ က်ေနာ္တို႔ က်န္းမာေရးဌာနက ဝန္ထမ္းေတြက သြားၿပီးေတာ့ က်န္းမာေရးခရိုင္၊ က်န္းမာေရးဌာန၊ ေဆးရံုတို႔ကို သြားေရာက္စံုစမ္းတဲ့အခါမွာ ထိုင္းႏုိင္ငံသားေတြအတြက္ပဲ ဒီအစီအစဥ္က ရိွပါေသးတယ္ဆိုတာမ်ဳိးပဲ က်ေနာ္တို႔ သိရတယ္။ တကယ္တမ္း တကယ့္တကယ္ ဗဟိုကေန ဘန္ေကာက္က ေၾကညာတုန္းက အဲဒီလိုမဟုတ္ဘူး၊ အားလံုးအတူတူ ခံစားရမယ္။ လူမႈဖူလံုေရးဝင္ထားတဲ့ ေရႊ ႔ေျပာင္းအလုပ္သမားေတြမွန္ရင္၊ ႏုိင္ငံျခားသားေတြမွန္ရင္ ရမယ္လို႔ေျပာတယ္။ ဒါေပမဲ့ တကယ့္တကယ္ လက္ေတြ႔ကေတာ့ အခုဟာက မဟုတ္ဘူးလို႔ ေျပာလို႔ရတယ္။

ေမး ။ ။ အဲဒီမွာ တခု သိခ်င္တာက ေစာေစာက ေျပာခဲ့သလို၊ လူမႈဖူလံုေရးဝင္ထားတဲ့ ေရႊ ႔ေျပာင္းအလုပ္သမားေတြသာ ထိုးခြင့္ရိွမယ္ဆိုရင္ သူတုိ႔ေတြ ထိုးႏုိင္ဖို႔အတြက္ ဘာေတြလုပ္ဖို႔ လိုပါသလဲ။

ေျဖ ။ ။ အခုန က်ေနာ္တုိိ႔ သြားစံုစမ္းတယ္ဆိုတာ တကယ္လို႔ အြန္လိုင္းစနစ္ကေန စာရင္းသြင္းတာ၊ ဘယ္လိုသြင္းရသလဲဆိုတာကို သိၿပီဆိုရင္ က်ေနာ္တို႔က ဒီကေန ဆိုရွယ္မီဒီယာကေနတဆင့္ ျပန္ၿပီိးေတာ့ အလုပ္သမားေတြကို လုပ္တတ္ေအာင္လို႔ အြန္လိုင္းကေန သြင္းလို႔ရေအာင္လို႔ ျပန္မွ်ေဝ ေပးမလုိ႔ပါ။ အဲဒီဟာကို က်ေနာ္တို႔ကိုယ္တိုင္ လုပ္လို႔မရေသးဘူး။ လုပ္လို႔မျဖစ္ဘူးဆိုရင္ ေရႊ ႔ေျပာင္းအလုပ္သမားေတြအေနနဲ႔ ဒါက အခက္အခဲက ျဖစ္မွာေတာ့ က်ိန္းေသၿပီ။ ဘာျဖစ္လုိ႔လဲဆိုရင္ က်န္ခဲ့တဲ့ ၂၀၂၁ ေဖေဖၚဝါရီလက လူသစ္စာရင္းသြင္းတဲ့ကိစၥမွာလဲ ထိုနည္းလည္းေကာင္းပဲ အြန္လိုင္းကေန စာရင္းသြင္းရတယ္။ အဲဒီအြန္လိုင္းစာရင္းသြင္းဖို႔က သာမန္လူေတြအေနနဲ႔ အခုနေျပာတဲ့ technical ပိုင္းဆိုင္ရာ နည္းနည္းပါတယ္။ ေနာက္ ဘာသာရပ္ပိုင္းဆိုင္ရာပါတယ္။ ဘာသာစကားပိုင္း ပါတဲ့အခါၾကေတာ့ ဘယ္လိုမွ အဆင္မေျပႏုိင္ပါဘူး။ ဒါက ေရႊ ႔ေျပာင္းအလုပ္သမားေတြအေနနဲ႔ အြန္လိုင္းကေန သြင္းရမယ္ဆိုရင္ေတာင္မွ အမ်ားစုအတြက္က အခက္အခဲနဲ႔ ႀကံဳေနရအံုးမယ္။

ေမး ။ ။ ဘန္ေကာက္မွာရိွတဲ့ ျမန္မာသံရံုးက အရင္တုန္းကေတာ့ ကိုမင္းဦးတို႔လို အလုပ္သမားေရး ေဆာင္ရြက္ေနသူေတြနဲ႔ တြဲၿပီးေတာ့ ျမန္မာေရႊ ႔ေျပာင္းအလုပ္သမားေတြ အေရးကို ကူညီေဆာင္ရြက္ေပးေနတဲ့ တခ်ဳိ ႔ကိစၥေတြ ရိွပါတယ္ဆိုေတာ့ အခု ကိုဗစ္ကိစၥမွာ ျမန္မာေရႊ ႔ေျပာင္းအလုပ္သမားေတြ သူတုိ႔ေရာဂါျဖစ္ေနသူေတြကို ေဆးကုေပးတာ၊ ေနာက္တခါ ကိုဗစ္ကာကြယ္ေဆး ထုိးမယ္ဆိုရင္လဲ၊ ျမန္မာေရႊ ႔ေျပာင္းအလုပ္သမားေတြ ထုိးႏုိင္ေရးအတြက္ကို ကူညီေပးဖို႔အတြက္ အဲဒီလိုမ်ဳိး လုပ္ငန္းေတြ လုပ္ေပးေနတာ အခု အေျခအေန ဘယ္လိုရိွပါသလဲရွင့္။

ေျဖ ။ ။ အခု တတိယလိႈင္းျဖစ္ၿပီးကတည္းက ဒီလိုကိစၥရပ္ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ျမန္မာသံရံုးကေန ထုတ္ျပန္ခ်က္တခ်ဳိ ႔ ထုတ္တာေတာ့ ရိွတယ္။ ဥပမာ စည္းမ်ဥ္းစည္းကမ္းပိုင္းဆုိင္ရာေတြ၊ အေထာက္အထားပိုင္းဆိုင္ရာနဲ႔ ပတ္သက္ၿပီးေတာ့ လုပ္ငန္းစဥ္ေတြ၊ ေနာက္ဆုတ္သြားတဲ့အေၾကာင္းတို႔။ ဒါမွမဟုတ္ လူသစ္စာရင္းသြင္းတဲ့ကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ လက္ရိွမွာ မည္သူမည္ဝါျဖစ္ေၾကာင္း စစ္ေဆးတာတုိ႔ အလုပ္လုပ္ခြင့္ ပါမစ္အတြက္ စာရင္းသြင္းတာေတြ အဲဒါေတြ ေနာက္ဆုတ္တယ္ဆိုတဲ့ ကိစၥေတြကို ထိုင္းအစိုးရဘက္က ထုတ္ျပန္တာေတြေပၚ မူတည္ၿပီးေတာ့ လိုက္ထုတ္တာေတြေတာ့ ရိွတယ္။ ဒါေပမဲ့ အရင္တုန္းကလို ကိုဗစ္နဲ႔ ပတ္သက္တဲ့ ခံစားခြင့္တို႔၊ ေရႊ ႔ေျပာင္းအလုပ္သမားေတြအေနနဲ႔ လိုက္နာရမယ္၊ လုပ္ေဆာင္ရမယ့္ဟာေတြကို တိတိက်က် ထုတ္ျပန္တာတို႔ လုပ္ႏုိင္တာတုိ႔က ဒီဘက္ပိုင္းမွာ အရမ္းနည္းလာတယ္။ ေနာက္တခုကေတာ့ ေျပာလို႔ရတာက ကိုဗစ္ေၾကာင့္ သူတုိ႔အေနနဲ႔ ခရီးသြားလာခြင့္ေတြ ကန္႔သတ္ထားတာေၾကာင့္ လိုက္ပါလုပ္ေဆာင္ဖို႔ ခက္တယ္ဆိုတာမ်ဳိးေတာ့ ေျပာလို႔ေတာ့ရတယ္။ ဒါေပမဲ့ အဓိကေတာ့ စစ္အာဏာသိမ္းေနာက္ပိုင္းမွာ လည္ပတ္ေနတဲ့ ယႏၱရား ရံုးလုပ္ငန္းစဥ္ အကုန္လံုးက အင္မတန္မွ ကေမာက္ကမ ျဖစ္ကုန္တယ္လို႔ ဒီလိုမ်ဳိး ယူဆလို႔ရတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ဖမ္းဆီးခံေတြ ျပန္ပို႔တဲ့ကိစၥေတြဆိုရင္ မပို႔ႏိုင္ဘူး။ ပို႔ဖို႔အတြက္ အရင္တုန္းကဆိုရင္ နယ္စပ္ကေန ႏွစ္ႏုိင္ငံက ညိွၿပီးေတာ့ပို႔တယ္။ ဒီထဲမွာ ျပန္ပို႔တဲ့ထဲမွာ ေရာဂါျဖစ္တဲ့လူေတြ ပါႏုိင္လား၊ မပါႏုိင္ဘူးလားဆိုတာကိစၥကိုလည္း စီစစ္ဖို႔လိုတယ္။ အခုလက္ရိွ သက္ဆိုင္ရာအာဏာပိုင္ေတြအေနနဲ႔ အဲဒီကိစၥနဲ႔ ပတ္သက္ၿပီးေတာ့ ထဲထဲဝင္ဝင္ လိုက္ပါၿပီး ေဆာင္ရြက္တာတို႔ ေၾကညာခ်က္ထုတ္တာတို႔ မေတြ႔ရဘူး။

မစုျမတ္မြန္ ။ ။ ကိုမင္းဦး ေက်းဇူးအမ်ားႀကီး တင္ပါတယ္ရွင္။ အခုလိုမ်ဳိး အခ်ိန္ေပးၿပီး ေျဖၾကားေပးတဲ့အတြက္။

ေျဖ ။ ။ ေက်းဇူးတင္ပါတယ္။


==Unicode==

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အရေးအတွက် မြန်မာသံရုံးနဲ့ အလုပ်သမားအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်မှုဟာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း ရပ်နေတယ်လို့ ထိုင်းနိုင်ငံတောင်ပိုင်းအခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ရဲ့ အလုပ်သမားရေးဌာန တာဝန်ခံက ပြောပါတယ်။ ထိုင်းနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ကိုဗစ်တတိယလှိုင်းမှာ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ ကူးစက်မှု အခြေအနေ၊ ထိုင်းအစိုးရရဲ့ ကိုဗစ်ကာကွယ်ဆေးထိုး အစီအစဉ်မှာ ရွှေ့ပြောင်းလုပ်သားတွေ ကာကွယ်ဆေးထိုးနိုင်မယ့် အလားအလာတွေကို (FED) ရဲ့ အလုပ်သမားရေးဌာနတာဝန်ခံ ကိုမင်းဦး, ကို မစုမြတ်မွန်က ဆက်သွယ်မေးထားပါတယ်။

မေး ။ ။ မင်္ဂလာပါ ကိုမင်းဦးရှင့်။ ကိုမင်းဦးက ထိုင်းနိုင်ငံတောင်ပိုင်းမှာ အခြေစိုက်တဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (FED) ရဲ့ အလုပ်သမားရေးရာဌာနရဲ့ တာဝန်ခံ ဖြစ်ပါတယ်။ ဆိုတော့ ထိုင်းနိုင်ငံမှာရောက်နေတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကိုလည်း ပညာပေးအလုပ်တွေ လုပ်နေပါတယ်ဆိုတော့ အခု ကိုမင်းဦးကို မေးချင်တာက လက်ရှိ ထိုင်းနိုင်ငံမှာ ဖြစ်နေတဲ့ ကိုဗစ်တတိယလှိုင်းနဲ့ ပတ်သက်ပြီးတော့ မေးချင်တာပါ။ ဆိုတော့ ထိုင်းနိုင်ငံမှာ အခုဖြစ်နေတဲ့ တတိယလှိုင်းက တော်တော်လေး ကူးစက်မှုအခြေအနေ ဆိုးနေပါတယ်။ တနေ့တနေ့ကိုလဲ အတည်ပြုလူနာသစ်က ထောင်ကျော်ရှိနေတယ်ဆိုတော့ ကျနော် အဓိကသိချင်တာကတော့ အခုလိုမျိုး ကူးစက်မှု ရှိနေတဲ့အထဲမှာ ထိုင်းနိုင်ငံမှာ ရောက်နေပြီးတော့ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဘယ်လောက်လောက် ဒီထဲမှာပါနေတယ်လို့ ကိုမင်းဦးတို့ သိထားပါလဲရှင့်။

ဖြေ ။ ။ မင်္ဂလာပါ။ ထိုင်းနိုင်ငံ ရောဂါကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာနကနေ အခြားနိုင်ငံသားတွေ၊ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ သတင်းအချက်အလက် ထုတ်ပြန်တာ မရှိတော့ဘူး။ ဒုတိယကိုဗစ်လှိုင်း အစမှာတော့ ကျနော်တို့ စမွတ်ပလာကန် နဲ့ စမွတ်ဆာခေါင်တွေမှာ ဖြစ်တဲ့ကိစ္စရပ်တွေပေါ့။ အဲဒီလိုဖြစ်ပြီးတဲအခါမှာ နည်းနည်းပြဿနာတတ်တာက အဲဒီလို အသုံးအနှုန်း၊ တိုင်းတည်လုပ်တဲ့ဟာတွေမှာ ပြဿနာတက်တဲ့အခါကြတော့ သူတို့က ရွှေ့ပြောင်းအလုပ်သမား၊ ဘာညာမခွဲတော့ဘူး။ ကိန်းကဏန်းတွေကို အတူတူတွဲပြီးတော့ တင်တယ်။ အခု ထိုင်းနိုင်ငံမှာရှိတဲ့ Migrant Workers Rights Network (MWRN) ခေါ်တဲ့ ရွှေ့ပြောင်းအလုပ်သမားကွန်ရက်ကနေ ကိန်းကဏန်း တိတိကျကျ လိုက်ပါစုံစမ်းတဲ့အခါမှာ ထိုင်းကျန်းမာရေးဝန်ကြီးဌာနကလည်း မထုတ်ပြန်ဘူး။ နောက် မြန်မာသံရုံးကို ဆက်သွယ်ကြည့်တဲ့အခါမှာလဲ အဲဒီကနေ ထုတ်ပြန်တာလဲ မတွေ့ရဘူး။ အဲဒီတော့ ကိန်းကဏန်းတွေက သတင်းတွေမှာ ရလာတဲ့ ကိန်းကဏန်းတွေကိုပဲ ခန့်မှန်းပြီတော့ပဲ ပြောလို့ရပါတယ်။ အဲဒီတော့ ကျိန်းသေတာကတော့ ကိန်းကဏန်းတွေအရဆိုရင် ထောင်ကဏန်းရှိတယ်။ ထောင်ဆိုတာက နှစ်ထောင်သုံးထောင် ဝန်းကျင်လောက် ရှိတယ်လို့ ကျနော်တို့ ခန့်မှန်းလို့ရတယ်။ သို့သော် ဒီထဲမှာ ဘယ်နှစ်ဦးက ကုသမှု ခံယူပြီးသွားပြီ။ ရောဂါပျောက်သွားပြီလဲ။ အဲဒါတွေကို ကျနော်တို့ လိုက်ဖို့ ခက်နေတယ်။

မေး ။ ။ အခုနပြောတဲ့ ထောင်ကဏန်းရှိတယ်ဆိုတဲ့ ပြောဆိုချက်မှာ ဘယ်အပိုင်းတွေမှာ ရှိတဲ့ အလုပ်သမားတွေက ကူးစက်မှု များတယ်ဆိုတာကို သိရပါလားရှင့်။

ဖြေ ။ ။ အထူးသဖြင့်တော့ ရွှေ့ပြောင်အလုပ်သမားတွေများတဲ့ စက်ရုံ၊ အလုပ်ရုံတွေမှာ ဖြစ်တာများတယ်။ နောက်ပြီး ဈေးကြီးတွေ၊ အဲဒီလိုနေရာမျိုးတွေ အများစုလုပ်တဲ့ နေရာတွေမှာ ကူးစက်တာများတယ်။ အဲဒီအခါကြတော့ ကူးစက်တာများမှန်း သိတယ်။ ဒါပေမဲ့ ကျနော်တို့ ကိန်းကဏန်းအရေ သေချာမသိရဘူး။ နောက်တခုရှိတာက ဘာလဲဆိုတော့ အခုဟာက ဘယ်နေရာမှာဖြစ်တယ်။ ဘယ်နေရာမှာ ကူးစက်မှုများတယ် ဆိုလို့ရှိရင် သူတို့က လိုက်ပြီးတော့ စစ်လိုက်တယ်။ စစ်တဲ့အခါမှာ ထိုင်းနိုင်ငံသားတွေကိုပဲ ဦးစားပေးပြီးစစ်တာ။ မြန်မာတွေကိုစစ်တာ မဟုတ်တဲ့အခါကြတော့ မြန်မာတွေကြားထဲမှာ ဘယ်နှစ်ယောက် ဖြစ်နေတယ်ဆိုတာကို တိတိကျကျ မသိနိုင်ဘူး။

မေး ။ ။ စောစောက ကိုမင်းဦး ပြောသလို၊ ကိုဗစ်ဒုတိယလှိုင်း ဖြစ်တုန်းကတော့ စမုပရာကန်မြို့တွေမှာ အလုပ်လုပ်ကြတဲ့ ပင်လယ်စာ လုပ်ငန်းတွေမှာ လုပ်ကြတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တော်တော်လေး ဖြစ်ခဲ့တယ်။ အဲဒီကနေစပြီး ကူးစက်တာပေါ့။ အဲဒီအတွက်ကြောင့် ထိုင်းအစိုးရက စည်းကပ်တင်းကြပ်မှုတွေကို တော်တော်လေး တင်းတင်းကြပ်ကြပ် လုပ်ခဲ့တယ်။ ဆိုတော့ အခုတခေါက် တတိယလှိုင်းမှာ အဲဒီလို ရွှေ့ပြောင်းအလုပ်သမားတွေအပေါ်မှာ စည်းကမ်းကန့်သတ်မှုတွေ၊ တင်းကြပ်မှုတွေ ဘယ်လောက်အထိ လုပ်ထားတယ်လို့ ပြောနိုင်လဲရှင့်။

ဖြေ ။ ။ ရွှေ့ပြောင်းအလုပ်သမားတွေအတွက်ဆိုပြီး ထုတ်ပြန်တာမျိုး ရှိတယ်။ ဒါပေမဲ့ အဲဒီလိုမျိုး သီးသန့်ကြီးအနေနဲ့ အရင်ခေါက်တွေမျိုး ထုတ်ပြန်တာမျိုး မရှိဘူး။ ဒါပေမဲ့ ကျနော်တို့ ဖန်ငမှာတော့ ကျနော်တို့ ရှိတာက ပြန်နယ်ထဲမှာ ခရိုင် ကိုးခု။ အဲဒီခရိုင် ကိုးခုမှာပဲ ရွှေ့ပြောင်းအလုပ်သမား လူထုခေါင်းဆောင်တွေနဲ့ ကျနော်တို့ NGO အဖွဲ့ထဲက ဦးစီးဦးဆောင်လုပ်ပြီးတော့ ပြည်နယ်မှူးနဲ့ ကျနော်တို့ ညှိနှိုင်းကြတယ်။ ညှိနှိုင်းတဲ့အခါမှာ သူတို့က ရွှေ့ပြောင်းအလုပ်သမားနဲ့ ပတ်သက်တဲ့ - အထူးသဖြင့် ကိုဗစ်ကပ်ရောဂါကိစ္စ။ နောက် မှတ်ပုံတင်တဲ့ ကိစ္စတို့ဆိုရင် ကျနော်တို့ လူထုကြားထဲမှာ၊ အလုပ်သမားတွေကြားထဲမှာ ဖြန့်ဝေပေးဖို့အတွက် အကူအညီတောင်းထားတဲ့ အတွက်ကြောင့်မို့ ခရိုင်ကနေ ထုတ်ပြန်းချက်တွေ၊ ခရိုင်ကနေ ထုတ်ပြန်ချက်တွေ၊ ဘန်ကောက်ကနေ ထုတ်ပြန်တာတွေကို ကျနော်တို့က ဘာသာပြန်ပြီးတော့ ကွန်မြူနီတီထဲမှာ လိုက်ဝေတာတွေ ရှိတယ်။ နောက် အွန်လိုင်းဆိုရှယ်မီဒီယာကနေ ဖြန့်ဝေပေးနေတာတွေ ရှိပါတယ်။ ပြောရမယ်ဆိုရင် ဒီတခေါက်မှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေအတွက် သီးခြား၊ ဖိဖိစီးစီးနဲ့ လုပ်တဲ့ဟာမျိုးကတော့ လျော့ပါးသွားတယ်လို့ ကျနော်တို့က မြင်ပါတယ်။

မေး ။ ။ ကိုမင်းဦး စောစောကပြောသလို ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) ကလည်း ရွှေ့ပြောင်းအလုပ်သမားတွေကို ကိုဗစ်နဲ့ ပတ်သက်တဲ့ ပညာပေးတွေကို လုပ်ပေးနေတယ်။ အွန်လိုင်းကနေလည်း လုပ်နေတယ်ဆိုတော့ ဘယ်လိုကိစ္စတွေကို လက်ရှိမှာ ဦးစားပေးပြီးတော့ ပညာပေးမှုတွေ လုပ်နေတယ်ဆိုတာကိုလဲ ပြောပြပါလားရှင့်။

ဖြေ ။ ။ FED Facebook Social Media တခုရယ်၊ ပြီးတော့ အလုပ်သမားမိတ်ဆွေတို့ အဖွဲ့အစည်းတွေက သတင်းအချက်အလက်တွေ၊ အလုပ်သမားတွေ သိသင့်သိထိုက်တဲ့ အချက်အလက်တွေကို မျှဝေတာတွေ ရှိပါတယ်။ ကျနော်တို့အနေနဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကာကွယ်စောင့်ရှောက်မှုပိုင်းဆိုင်ရာတွေကို တင်ပေတင်သော်ငြားလဲ တချို့ကိစ္စတွေမှာ စည်းမျဉ်းစည်းကမ်းနဲ့ ပတ်သက်တာတွေ။ ဥပမာဆိုရင် ကျနော်တို့ ဖန်ငခရိုင်မှာ ကျန်ခဲ့တဲ့ (၁၂) ရက်နေ့က ထုတ်ပြန်လိုက်တာ အဓိကအားဖြင့် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ သတ်မှတ်ထားတဲ့ ညဆိုရင် (၁၁) နာရီ အပြင်ထွက်လို့ မရဘူးဆိုတဲ့ကိစ္စ။ နောက်ပြီးတော့ ခရိုင်ကျော်လို့ မရဘူးဆိုတဲ့ကိစ္စ။ အထူးသဖြင့်တော့ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဥပဒေတွေကို မသိလိုက်လို့ အပြစ်ပေးအရေးယူခံရမှာ စိုးရိမ်တာရယ်။ နောက်ရောဂါကူးစက်မှုနဲ့ ပတ်သက်ပြီး ရောဂါကြောင့် ရောဂါနဲ့ ပတ်သက်ပြီး ပြဌာန်းထားတဲ့ ဥပဒေအရ ငြိ့တယ်ဆိုရင် အဖမ်းအဆီး ခံရပြီးတော့၊ ပြည်နှင်ဒဏ်ပေးခံရမှာစတဲ့ ဒီလိုကိစ္စရပ်တွေကို ကျနော်တို့တွေက ဦးစားပေးပြီးတော့၊ လုပ်ပြီးတော့ ရွှေ့ပြောင်းအလုပ်သမားတွေကြားထဲမှာ မျှဝေမှုတွေ လုပ်ပေးပါတယ်။

မေး ။ ။ ထိုင်းအစိုးရ ထုတ်ပြန်ထားတဲ့ ကိုဗစ်ထိန်းချုပ်ကန့်သတ်ရေး စည်းကမ်းတွေမှာ မြန်မာအလုပ်သမားတွေ၊ ထိုင်းတနိုင်ငံလုံးမှာ ရှိနေတဲ့ မြန်မာအလုပ်သမားတွေ မဖြစ်မနေ သိသင့်တဲ့ အချက်တွေက ဘာလို့ပြောလို့ရပါသလဲရှင့်။

ဖြေ ။ ။ အဓိကအားဖြင့် WHO က ထုတ်ပြန်ထားတာကိုပဲ သူတို့ပြန်ပြီးတော့ ထုတ်ပြန်တာပဲ။ အားလုံးပေါင်းတော့ ခြောက်ချက်လား ရှိတယ်။ နံပတ်တစ်ကတော့ ခပ်ခွာခွာနေပေါ့။ သုံးမီတာ နေရမယ်။ လက်ကို မကြာခဏ ဆေးရမယ့်ကိစ္စ။ နောက်ပြီးတော့ နှားခေါင်းစည်းဝတ်ထားရမယ့်ကိစ္စ။ ပြီးတော့ သူတို့ရဲ့ မောချနတို့ ထန်ချနတို့ခေါ်တဲ့ Application တွေကို မိုဘိုင်လ်ဖုန်းထဲမှာ ထည့်ထားဖို့ကိစ္စ။ နောက်ပြီးတော့ ဖြစ်နိုင်မယ်ဆိုရင် ကိုယ်အပူချိန်ကို မကြာခဏစစ်ဖို့။ နောက်ပြီးတော့ တကယ်လို့ ကိုယ့်ကိုယ်ကို မသင်္ကာဘူးဆိုရင် ဖျားနာမှုကို မသင်္ကာဘူး၊ လက္ခဏာထဲက တခုခုကို ပြတယ်ဆိုရင် ဆေးရုံဆေးခန်းကို သွားဖို့ကိစ္စ။ ဒီလိုကိစ္စတွေကို အဓိကထားပြီးတော့ သိစေချင်ပါတယ်။ နောက်တခုကတော့ ရောဂါကာကွယ်ထိန်းသိမ်းရေး၊ ကာကွယ်ထိန်းချုပ်ရေးက ထုတ်ပြန်တဲ့ ဥပဒေလေးကို သိထားစေချင်ပါတယ်။

မေး ။ ။ အခု ထိုင်းနိုင်ငံမှာ ဖြစ်နေတဲ့ ကိုဗစ်တတိယလှိုင်းမှာ နောက်တခု ဘာဖြစ်လဲဆိုတော့ ထိုင်းအကျဉ်းထောင်တွေထဲမှာ ကူးစက်မှုတွေ ဖြစ်နေတယ်ဆိုပြီးတော့ ထိုင်းအစိုးရက ပြောပါတယ်။ ဒီကူးစက်မှု ဖြစ်နေတယ်လို့ ထိုင်းအစိုးရပြောနေတဲ့ အကျဉ်းထောင်တွေထဲမှာ မြန်မာနိုင်ငံသားတွေ ရှိလား။ ရှိတယ်ဆိုရင် ဘယ်လောက်လောက် ရှိတယ်လို့ သိရပါသလဲရှင့်။

ဖြေ ။ ။ ကိန်းဂဏန်းအရတော့ တိတိကျကျ မြန်မာနိုင်ငံသားတွေအနေနဲ့ ဘယ်လောက်ရှိတယ်ဆိုတာကတော့ ဟိုတုန်းထဲက မြန်မာအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး အကူအညီပေးဖို့ မြန်မာသံရုံးနဲ့ ပူးတွဲပြီးတော့ လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့ (၁) နှစ်ကျော်လောက်က ရှိပြီ။ (၂) နှစ်လောက်က။ ဒါပေမဲ့ အဲဒါအဆင်မပြေဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က နိုင်ငံခြားရေးဝန်ကြီးဌာနကနေ တရားဝင်စာနဲ့ဆင့်ပြီးတော့ တောင်းရမယ်ဆိုတော့ ကျနော်တို့ NGO တွေအနေနဲ့ တိုက်ရိုက်လုပ်ခွင့် မရဘူး။ အဲဒီတော့ မြန်မာသံရုံးအနေနဲ့ ဆက်လုပ်ဖို့အတွက် စီစဉ်ထားခဲ့ပေမယ့် မြန်မာသံရုံးအနေနဲ့ ဒီကိစ္စတွေကို ဆက်မလုပ်ဖြစ်ခဲ့တဲ့အတွက် ကျနော်တို့ အလှမ်းဝေးသွားတဲ့အတွက် အဲဒါနဲ့ ပတ်သက်ပြီးတော့ မသိရဘူး။ သို့သော် ထိုင်းတနိုင်ငံလုံးမှာ ထောင်ပေါင်းက (၁၄၃) ထောင် ရှိတယ်။ အခု အဓိကဖြစ်တဲ့ ထောင်တွေက ဘန်ခွမ်အကျဉ်းထောင်ကြီးအပါအဝင် အားလုံး (၁၃) ထောင်။ အဲဒီထောင်တွေမှာ မြန်မာအများစုရှိတာကတော့ ဘန်ကောက်မှာရှိတဲ့ အထူးထောင်လို့ခေါ်တဲ့ ရရောင်၊ ဘန်ခွမ်ကတော့ နွန်ထပူရီမှာရှိတဲ့ ဝင်းနိုင်ဇော်တို့ရှိတဲ့ ထောင်။ ပြီးတော့ ဒီမှာဆိုရင်တော့ နရသီဝပ်လို့ခေါ်တဲ့ နှစ်ကြီးသမားတွေထားတဲ့ တောင်ပိုင်းကထောင်။ နောက် ဆုန်ခလာမှာရှိတဲ့ထောင် အစရှိသဖြင့် အဲဒီမှာ အများဆုံးရှိပြီးနောက် ရနောင်းထောင်။ အဲဒီထောင်တွေမှာတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ တော်တော်များများ ရှိတယ်။ ဒါပေမဲ့ အခုထောင်သားတွေ ဖြစ်တဲ့အထဲမှာ မြန်မာနိုင်ငံသား အကျဉ်းသား ဘယ်နှစ်ယောက်ဖြစ်တယ်ဆိုတာမျိုး သူတို့က မကြေညာဘူး။ အခုဆိုရင် တစ်သောင်းဝန်းကျင် ဖြစ်သွားပြီ။ အရေအတွက် ကိုးဆယ်ရာခိုင်နှုန်း။ တနိုင်ငံလုံးမှာ။ အများဆုံးကတော့ ရနောင်၊ မဲ့ဆောက်၊ ဘန်ခွမ်၊ နရာသီဝပ်ထောင်တွေမှာ ရှိတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ပိုပြီးတော့ ကူးစက်ဖို့ ရှိနိုင်တယ်။

မေး ။ ။ နောက်တခုက ကိုဗစ်ကာကွယ်ဆေး ထိုးတာနဲ့ ပတ်သက်ပြီးတော့ မေးချင်ပါတယ်။ ထိုင်းနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ထိုးမှုတွေ မေလ (၁၈) ရက်နေ့တုန်းကဆိုရင် သံဃာတော်တွေကို စပြီးတော့ ထိုးပေးနေပြီ။ အဲဒီကနေ တဆင့်ချင်း တနိုင်ငံလုံးကို ထိုးပေးမယ့် အစီအစဉ်တွေ ရှိတယ်ဆိုတော့ အဲဒီလို ထိုင်းနိုင်ငံက ထိုင်းအစိုးရက ကိုဗစ်ကာကွယ်ဆေး ထိုးပေမယ့် အစီအစဉ်ထဲမှာ သူတို့နိုင်ငံထဲမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေအပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေကို ထိုးပေးမယ့် အစီအစဉ်ပါပါသလားရှင့်။

ဖြေ ။ ။ တကယ့်တကယ်က ကာကွယ်ဆေးထိုးဖို့အတွက် အွန်လိုင်းကနေ မှတ်ပုံတင်ခြင်းကို လုပ်ဆောင်နိုင်ပြီဆိုတာကို ကျနော်တို့ ကျန်ခဲ့တဲ့ မေလ (၁၄) ရက်နေ့တုန်းက သိရပါတယ်။ ဆိုတော့ အဲဒီဟာနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုးဆက်ပြီးသွားတယ်။ ဘယ်လိုမျိုး အွန်လိုင်းကနေ လုပ်ဆောင်လို့ ရမလဲဆိုတာကို ကျနော်တို့က စုံစမ်းတာ။ ဒီနေ့ မေလ (၁၉) ရက်နေ့မှာ ကျနော်တို့ ကျန်းမာရေးဌာနက ဝန်ထမ်းတွေက သွားပြီးတော့ ကျန်းမာရေးခရိုင်၊ ကျန်းမာရေးဌာန၊ ဆေးရုံတို့ကို သွားရောက်စုံစမ်းတဲ့အခါမှာ ထိုင်းနိုင်ငံသားတွေအတွက်ပဲ ဒီအစီအစဉ်က ရှိပါသေးတယ်ဆိုတာမျိုးပဲ ကျနော်တို့ သိရတယ်။ တကယ်တမ်း တကယ့်တကယ် ဗဟိုကနေ ဘန်ကောက်က ကြေညာတုန်းက အဲဒီလိုမဟုတ်ဘူး၊ အားလုံးအတူတူ ခံစားရမယ်။ လူမှုဖူလုံရေးဝင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေမှန်ရင်၊ နိုင်ငံခြားသားတွေမှန်ရင် ရမယ်လို့ပြောတယ်။ ဒါပေမဲ့ တကယ့်တကယ် လက်တွေ့ကတော့ အခုဟာက မဟုတ်ဘူးလို့ ပြောလို့ရတယ်။

မေး ။ ။ အဲဒီမှာ တခု သိချင်တာက စောစောက ပြောခဲ့သလို၊ လူမှုဖူလုံရေးဝင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေသာ ထိုးခွင့်ရှိမယ်ဆိုရင် သူတို့တွေ ထိုးနိုင်ဖို့အတွက် ဘာတွေလုပ်ဖို့ လိုပါသလဲ။

ဖြေ ။ ။ အခုန ကျနော်တို့ သွားစုံစမ်းတယ်ဆိုတာ တကယ်လို့ အွန်လိုင်းစနစ်ကနေ စာရင်းသွင်းတာ၊ ဘယ်လိုသွင်းရသလဲဆိုတာကို သိပြီဆိုရင် ကျနော်တို့က ဒီကနေ ဆိုရှယ်မီဒီယာကနေတဆင့် ပြန်ပြီးတော့ အလုပ်သမားတွေကို လုပ်တတ်အောင်လို့ အွန်လိုင်းကနေ သွင်းလို့ရအောင်လို့ ပြန်မျှဝေ ပေးမလို့ပါ။ အဲဒီဟာကို ကျနော်တို့ကိုယ်တိုင် လုပ်လို့မရသေးဘူး။ လုပ်လို့မဖြစ်ဘူးဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ဒါက အခက်အခဲက ဖြစ်မှာတော့ ကျိန်းသေပြီ။ ဘာဖြစ်လို့လဲဆိုရင် ကျန်ခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီလက လူသစ်စာရင်းသွင်းတဲ့ကိစ္စမှာလဲ ထိုနည်းလည်းကောင်းပဲ အွန်လိုင်းကနေ စာရင်းသွင်းရတယ်။ အဲဒီအွန်လိုင်းစာရင်းသွင်းဖို့က သာမန်လူတွေအနေနဲ့ အခုနပြောတဲ့ technical ပိုင်းဆိုင်ရာ နည်းနည်းပါတယ်။ နောက် ဘာသာရပ်ပိုင်းဆိုင်ရာပါတယ်။ ဘာသာစကားပိုင်း ပါတဲ့အခါကြတော့ ဘယ်လိုမှ အဆင်မပြေနိုင်ပါဘူး။ ဒါက ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အွန်လိုင်းကနေ သွင်းရမယ်ဆိုရင်တောင်မှ အများစုအတွက်က အခက်အခဲနဲ့ ကြုံနေရအုံးမယ်။

မေး ။ ။ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးက အရင်တုန်းကတော့ ကိုမင်းဦးတို့လို အလုပ်သမားရေး ဆောင်ရွက်နေသူတွေနဲ့ တွဲပြီးတော့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ တချို့ကိစ္စတွေ ရှိပါတယ်ဆိုတော့ အခု ကိုဗစ်ကိစ္စမှာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ သူတို့ရောဂါဖြစ်နေသူတွေကို ဆေးကုပေးတာ၊ နောက်တခါ ကိုဗစ်ကာကွယ်ဆေး ထိုးမယ်ဆိုရင်လဲ၊ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုးနိုင်ရေးအတွက်ကို ကူညီပေးဖို့အတွက် အဲဒီလိုမျိုး လုပ်ငန်းတွေ လုပ်ပေးနေတာ အခု အခြေအနေ ဘယ်လိုရှိပါသလဲရှင့်။

ဖြေ ။ ။ အခု တတိယလှိုင်းဖြစ်ပြီးကတည်းက ဒီလိုကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးတော့ မြန်မာသံရုံးကနေ ထုတ်ပြန်ချက်တချို့ ထုတ်တာတော့ ရှိတယ်။ ဥပမာ စည်းမျဉ်းစည်းကမ်းပိုင်းဆိုင်ရာတွေ၊ အထောက်အထားပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ လုပ်ငန်းစဉ်တွေ၊ နောက်ဆုတ်သွားတဲ့အကြောင်းတို့။ ဒါမှမဟုတ် လူသစ်စာရင်းသွင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ လက်ရှိမှာ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးတာတို့ အလုပ်လုပ်ခွင့် ပါမစ်အတွက် စာရင်းသွင်းတာတွေ အဲဒါတွေ နောက်ဆုတ်တယ်ဆိုတဲ့ ကိစ္စတွေကို ထိုင်းအစိုးရဘက်က ထုတ်ပြန်တာတွေပေါ် မူတည်ပြီးတော့ လိုက်ထုတ်တာတွေတော့ ရှိတယ်။ ဒါပေမဲ့ အရင်တုန်းကလို ကိုဗစ်နဲ့ ပတ်သက်တဲ့ ခံစားခွင့်တို့၊ ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ လိုက်နာရမယ်၊ လုပ်ဆောင်ရမယ့်ဟာတွေကို တိတိကျကျ ထုတ်ပြန်တာတို့ လုပ်နိုင်တာတို့က ဒီဘက်ပိုင်းမှာ အရမ်းနည်းလာတယ်။ နောက်တခုကတော့ ပြောလို့ရတာက ကိုဗစ်ကြောင့် သူတို့အနေနဲ့ ခရီးသွားလာခွင့်တွေ ကန့်သတ်ထားတာကြောင့် လိုက်ပါလုပ်ဆောင်ဖို့ ခက်တယ်ဆိုတာမျိုးတော့ ပြောလို့တော့ရတယ်။ ဒါပေမဲ့ အဓိကတော့ စစ်အာဏာသိမ်းနောက်ပိုင်းမှာ လည်ပတ်နေတဲ့ ယန္တရား ရုံးလုပ်ငန်းစဉ် အကုန်လုံးက အင်မတန်မှ ကမောက်ကမ ဖြစ်ကုန်တယ်လို့ ဒီလိုမျိုး ယူဆလို့ရတယ်။ ဘာဖြစ်လို့လဲဆိုရင် ဖမ်းဆီးခံတွေ ပြန်ပို့တဲ့ကိစ္စတွေဆိုရင် မပို့နိုင်ဘူး။ ပို့ဖို့အတွက် အရင်တုန်းကဆိုရင် နယ်စပ်ကနေ နှစ်နိုင်ငံက ညှိပြီးတော့ပို့တယ်။ ဒီထဲမှာ ပြန်ပို့တဲ့ထဲမှာ ရောဂါဖြစ်တဲ့လူတွေ ပါနိုင်လား၊ မပါနိုင်ဘူးလားဆိုတာကိစ္စကိုလည်း စီစစ်ဖို့လိုတယ်။ အခုလက်ရှိ သက်ဆိုင်ရာအာဏာပိုင်တွေအနေနဲ့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ထဲထဲဝင်ဝင် လိုက်ပါပြီး ဆောင်ရွက်တာတို့ ကြေညာချက်ထုတ်တာတို့ မတွေ့ရဘူး။

မစုမြတ်မွန် ။ ။ ကိုမင်းဦး ကျေးဇူးအများကြီး တင်ပါတယ်ရှင်။ အခုလိုမျိုး အချိန်ပေးပြီး ဖြေကြားပေးတဲ့အတွက်။

ဖြေ ။ ။ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG