သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္တိုက္ပြဲနဲ႔ ကာကြယ္ေရးအဖြဲ႕ ဘာဆက္လုပ္မလဲ


Regime soldiers guarding outside the Public Health Department at Mindat in early May (Photo credit: Chin Human Rights Organization/ Facebook)
တိုက္႐ိုက္ လင့္ခ္

စစ္ေကာင္စီကို လက္နက္ကိုင္ေတာ္လွန္ေနတဲ့ CDF ခ်င္းျပည္သူ႔ကာကြယ္ေရးတပ္ (မင္းတပ္)ကို ေမလ (၁၅) ရက္ေန႔ စေနေန႔က ျမန္မာစစ္တပ္ကေန ေျမျပင္က လက္နက္ႀကီးေတြနဲ႔သာမက ရဟတ္ယာဥ္ေတြနဲ႔ အျပင္းအထန္ ဗုံးႀကဲတိုက္ခိုက္ၿပီး ႏွိမ္နင္းခဲ့ေၾကာင္း CDF တပ္ဖြဲ႕ တာဝန္ရွိသူေတြက ဗြီအိုေအကို ေျပာပါတယ္။

တူမီးေသနတ္ေတြသာရွိတဲ့ ခ်င္းျပည္သူ႔ကာကြယ္ေရးတပ္အေနနဲ႔ လက္နက္အင္အား အဆမတန္ရွိေနတဲ့ ျမန္မာစစ္တပ္ကို ဘယ္လို ခုခံတိုက္ခိုက္ခဲ့သလဲ။ မင္းတပ္က ခ်င္းလူငယ္ေတြ ဘာေၾကာင့္ လက္နက္ကိုင္ေတာ္လွန္ေနၾကသလဲ။ မင္းတပ္ေနာက္ဆုံးအေျခအေန ဘယ္လိုရွိေနလဲ။

CDF ခ်င္းျပည္သူ႔ကာကြယ္ေရးတပ္ (မင္းတပ္) က တာဝန္ရွိသူတဦးျဖစ္တဲ့ ေဒါက္တာေယာမန္ (အမည္ရင္းမဟုတ္)ကို မအင္ၾကင္းႏိုင္က ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး ။ ။ မင္းတပ္မွာ အခုဆိုရင္ ျမန္မာစစ္တပ္က သိမ္းပိုက္လိုက္တဲ့ အေျခအေနလားရွင့္။

ေျဖ ။ ။ အဲဒီလို ေျပာလို႔ရတယ္။ သူတို႔က ၿမိဳ႕ထဲက ပြိဳင့္က်တဲ့ေနရာေတြ အဓိကေနရာေတြ အကုန္လုံးကို ေနရာယူထားလိုက္ၿပီ။ လမ္းသြားလမ္းလာ အကုန္လုံးကို သူတို႔ ပစ္ခတ္ေနတယ္။ ဒီေန႔မနက္အခ်ိန္အထိေပါ့။ ဆိုင္ကယ္နဲ႔ သြားတယ္ျဖစ္ေစ၊ ကိုယ့္ဘာသာကိုယ္ သြားေနသည္ျဖစ္ေစ ေတြ႕သမွ်လူေတြကို ႀကဳံရာမွာ လွမ္းပစ္ေနတဲ့သေဘာရွိတယ္။

ေမး ။ ။ မေန႔က တိုက္ပြဲကေတာ့ ေတာ္ေတာ္ေလး ျပင္းထန္တယ္လို႔ က်မတို႔ ၾကားသိရတယ္ရွင့္။ အဲဒီလိုမ်ိဳး မေန႔က ျမန္မာစစ္တပ္က မင္းတပ္ကို တိုက္ခိုက္တဲ့ အေျခအေနကို ေျပာျပပါအုံးရွင့္။

ေျဖ ။ ။ မနက္ (၇) နာရီေလာက္မွာ ပစ္ခတ္မႈ ရွိလာခဲ့တယ္။ (၇) နာရီခြဲေလာက္မွာ ရဟတ္ယာဥ္ေတြနဲ႔ ေခ်ာင္းအတိုင္း - ေမာင္းေခ်ာင္းအတိုင္း တက္လာတယ္။ လူေတြခ်တယ္။ လက္နက္ေတြခ်တယ္။ မေန႔က ရဟတ္ယာဥ္ အသြားအလာ ဆန္တက္မႈက အႀကိမ္ (၂၀) ေက်ာ္တယ္။ ဟိုက္စကီးေပၚကေနလည္း ပစ္ခတ္မႈေတြ ရွိတယ္။ ဟိုက္စကီးေပၚကေန လက္နက္ႀကီးနဲ႔ ပစ္တယ္။ သံလင္ေစတီနားကို သုံးလုံးက်ကြဲတယ္။ သူက ကုန္ျမင့္ေလးဆိုေတာ့ က်ေနာ္တို႔လူေတြက ကင္းပုန္ယူထားတာ ရွိတယ္။ လုံၿခဳံေရးယူထားတာ ရွိတယ္။ အဲဒီမွာ သုံးလုံးက်တယ္။ ၿပီးေတာ့ (၁၆) မိုင္ဘက္မွာ မတူပီဘက္ကေန ဆင္းလာတဲ့ စစ္ကူေတြနဲ႔ က်ေနာ္တို႔ CDF မွာ တိုက္ပြဲေတြ ျဖစ္တယ္။ အဲဒါကိုလဲ သူတို႔လွမ္းပစ္တာ ဟိုက္စကီးေပၚကေနပဲ လက္နက္ႀကီးနဲ႔ပစ္တာ ႏွစ္လုံးသုံးလုံးေလာက္က်တယ္။ ေနရာအနံွၿမိဳ႕အနံွပဲ တပ္ေတြရွိႏိုင္တဲ့ေနရာေတြ ဘယ္သူမဆို ရွိပါေစ၊ ပစ္ခတ္သြားတာ မေန႔ကတရက္တည္း လက္နက္ႀကီးနဲ႔ပစ္တာ အႀကိမ္ (၆၀) ေလာက္ ရွိမယ္။ ၿမိဳ႕ထဲကိုက်တာ။


ေမး ။ ။ ခ်င္းျပည္သူ႔ကာကြယ္ေရးတပ္အေနနဲ႔ အခုဟာက တျခားတိုင္းရင္းသားလက္နက္ကိုင္ေတြ၊ ဒါမွမဟုတ္ NUG အမ်ိဳးသားညီၫႊတ္ေရးအစိုးရအဖြဲ႕ သူတို႔ဘက္က အကူအညီေကာ ရပါသလားရွင့္။

ေျဖ ။ ။ က်ေနာ္တို႔က ခ်ိတ္ဆက္မႈေတာ့ ရွိတယ္။ အကူအညီကေတာ့ တိတိက်က်၊ ခိုင္ခိုင္မာမာေတာ့ မရေသးဘူး။ အမွန္ေတာ့ ကိုယ္ထူကိုယ္ထအေနနဲ႔ပဲ ကိုယ့္ၿမိဳ႕ကို ကာကြယ္ဖို႔ လက္နက္မကိုင္လို႔မရေတာ့တဲ့ အေျခအေနေရာက္လာလို႔ ကိုယ့္ကိုယ္ကို ကာကြယ္ဖို႔အတြက္ Self-defense အေနနဲ႔ပဲ ဖြဲ႕ထားတဲ့ အဖြဲ႕ငယ္ေလးပဲ။ လက္နက္ႀကီးေတြ တပ္ဆင္ႏိုင္တာတို႔၊ ေမာင္းျပန္ေတြ ကိုင္ႏိုင္တာေတာ့ မရွိေသးဘူး။ က်ေနာ္တို႔ဆီမွာ ခါးခ်ိဳးေသနတ္ေတြ ရွိတယ္။ ႏွစ္လုံးျပဴးေသနတ္ေတြ၊ တူမီး၊ တူေမာင္းေတြ အဲဒီေလာက္နဲ႔ပဲ က်ေနာ္တို႔ ကာကြယ္ႏိုင္တယ္။ ပစ္ခတ္ႏိုင္တယ္။ က်ေနာ္တို႔ၿမိဳ႕ကို ကာကြယ္ထားႏိုင္တယ္။

ေမး ။ ။ ဒီတိုက္ပြဲေတြ ျဖစ္တဲ့အတြင္း CDF ဘက္က ဘယ္ေလာက္အထိ က်ဆုံးပါလဲရွင့္။ အက်အဆုံးေတြ ဘယ္ေလာက္အထိ ရွိခဲ့ပါလဲရွင့္။

ေျဖ ။ ။ က်ေနာ္တို႔ အေရွ႕တပ္ခြဲ အေနာက္တပ္ခြဲ ေပါင္းလိုက္မယ္ဆိုရင္ က်ေနာ္တို႔ဘက္က ငါးေယာက္ေက်ာ္က်တယ္။ ေသနတ္ဆိုတာထက္ ဗုံးဆံေတြမွန္လို႔။ ဒဏ္ရာရသူေတြ အကုန္လုံးကလည္း ဗုံးဆံေတြမွန္လို႔ ဒဏ္ရာရၾကတယ္။ သူတို႔ယွဥ္ပစ္တယ္။ စက္ေသနတ္ေတြ၊ machine gun ေတြ၊ ေမာင္းျပန္ေတြေၾကာင့္ ဒဏ္ရာရတယ္ဆိုတာ မရွိသေလာက္ပဲ။ သူတို႔ဘက္ကေတာ့ (၁၄) ရက္ေန႔ တိုက္ပြဲဆိုရင္ သူတို႔ဘက္က စစ္ကား (၆) စီး တက္လာတယ္။ စစ္ကား (၆) စီးနဲ႔ အင္အား (၆၀) ေက်ာ္။ က်ေနာ္တို႔ စစ္ကား (၆) စီးလုံးကို မီးရႈိ႕လိုက္ႏိုင္တယ္။ လက္နက္တခ်ိဳ႕ပါ သိမ္းလိုက္ႏိုင္တဲ့အဆင့္ ရွိတယ္ဆိုေတာ့ သူတို႔ဘက္ကေတာ့ အဲဒါ အေရွ႕ျခမ္းတိုက္ပြဲပဲ ရွိေသးတယ္။ သူတို႔ဘက္ အနည္းဆုံး ႏွစ္ဆယ္သုံးဆယ္ေက်ာ္ေတာ့ က်မွာပဲ။ အေနာက္ျခမ္း တိုက္ပြဲမွာလဲ သူတို႔စစ္ကား (၆) စီးနဲ႔အျပည့္လာတယ္။ ၿမိဳ႕ကို ေရာက္လာႏိုင္တာ ႏွစ္စီးေလာက္ပဲ ရွိပါတယ္။

ေမး ။ ။ အဲဒီေတာ့ CDF က အဓိကသုံးတဲ့ တူမီးေသနတ္အေၾကာင္းကိုလည္း ေျပာျပပါအုံးရွင့္။

ေျဖ ။ ။ တူမီးေသနတ္ဆိုတာက အဂၤလိပ္ေခတ္ ပထမကမာၻစစ္ေလာက္မွ ေခတ္မမွီတဲ့ ေသနတ္ပါ။ က်ေနာ္တို႔ ၁၈၈၉-၁၈၉၀ ဝန္းက်င္မွာ က်ေနာ္တို႔ နယ္ခ်ဲ႕ၿဗိတိသွ်ေတြကို တိုက္ခိုက္တုန္းက က်ေနာ္တို႔ ခ်င္းဘိုးဘြားေတြ သုံးစြဲခဲ့တဲ့ ေသနတ္မ်ိဳးပါ။ ယမ္းမႈန႔္ကို ေထာင္းရတယ္။ ယမ္းေထာင္းမွ ယမ္းမႈန႔္ကိုရတယ္။ အဲဒီယမ္းမႈန႔္ကို ေသနတ္ေျပာင္းေရွ႕ကေန ထည့္ၿပီးေတာ့ အဲဒီေသနတ္ေျပာင္းဝကပဲ ခဲေတြက်ည္းေတြထည့္ၿပီးတာနဲ႔ ေဘးနားမွာ ကတ္ပ္လို႔ေခၚတဲ့ အရာေလးနဲ႔ ေသနတ္ေျပာင္းဝမွ လက္မနဲ႔ ေမာင္းတန္ကို ေကြးလိုက္တယ္။ အဲဒီမွာ ယမ္းမႈန႔္နည္းနည္းထည့္မယ္၊ ကတ္ပ္နဲ႔ၿပီးမွ ပစ္လိုက္တဲ့အခါ အဲဒီယမ္းေပါက္ကြဲမႈနဲ႔ ေျပာင္းထဲက ယမ္းတြန္းကန္အားနဲ႔ ေရွ႕ကိုထြက္လာတယ္။ Musket ေတြေပါ့။ ေတာလိုက္ေသနတ္မ်ိဳးပါပဲ။ ခ်င္းျပည္နယ္မွာေတာ့ ဒီလိုမ်ိဳး တူမီးေသနတ္ေတြကို ကိုင္ခြင့္ျပဳတယ္။ ယမ္းက ေရစိုသြားရင္ ပစ္လို႔မရေတာ့ဘူး။ တခါတေလ ကတ္ပ္က မေပါက္ရင္ ေသနတ္က မေပါက္ဘူး။ မီးမကူးရင္လဲ ေသနတ္မေပါက္ဘူးေပါ့။ အဲဒီလိုမ်ိဳး အခက္အခဲအမ်ိဳးမ်ိဳးေတာ့ ရွိတာေပါ့။

ေမး ။ ။ အဲဒီေတာ့ အဓိက CDF ေပၚေပါက္လာၿပီးေတာ့ စစ္အာဏာသိမ္းမႈကို ဆန႔္က်င္တဲ့ေနရာမွာ အဓိကလက္နက္နဲ႔ ျပန္ၿပီးေတာ့ ခုခံတိုက္ခိုက္လာရတဲ့ အေၾကာင္းရင္းက ဘယ္အခ်ိန္ကစၿပီး၊ ဘယ္လိုစျဖစ္လာတာလဲရွင့္။

ေျဖ ။ ။ ဧၿပီလ (၂၄) ရက္ေန႔မွာ စတာ။ က်ေနာ္တို႔က ေတာက္ေလွ်ာက္ သပိတ္ေတြလုပ္တယ္။ သူတို႔က တင္းလိုက္၊ က်ေနာ္တို႔က တင္းလိုက္နဲ႔ ဆႏၵျပမႈေတြ ေတာက္ေလွ်ာက္လုပ္လာခဲ့တယ္။ (၂၄) ေန႔မွာ Sticker Campaign “We Support NUG” စာတန္းေလး ကပ္ေနတဲ့အခ်ိန္မွာ က်ေနာ္တို႔လူေတြ (၇) ေယာက္ကို သူတို႔က ကားေတြနဲ႔ ႐ုတ္တရက္ ေရာက္လာၿပီး အကုန္လုံးကို ဖမ္းေခၚသြားတယ္။ ဖမ္းေခၚသြားၿပီးတဲ့ေနာက္မွာ က်ေနာ္တို႔ ခ်က္ခ်င္း ၿမိဳ႕ထဲမွာ လူေတြစုတယ္။ လူေတြစုၿပီးမွ က်ေနာ္တို႔လူေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုတယ္။ ၿမိဳ႕နယ္ရဲမႉးကိုယ္တိုင္ ေရာက္လာတယ္။ သူက ျပန္လႊတ္ေပးပါမယ္လို႔ ေျပာတယ္။ က်ေနာ္တို႔က အတင္းေတာင္းဆိုေတာ့ ခံဝန္ေရးတယ္။ အဲဒီမွာ လက္မွတ္ထိုးတယ္။ ဘာပုဒ္မမွလဲ မစြဲပါဘူး။ ျပန္လႊတ္ေပးပါမယ္ ေျပာတယ္။ ခ်က္ခ်င္းျပန္လႊတ္ေပးပါလို႔ ျပည္သူေတြက အတင္းေတာင္းဆိုေတာ့ အခုဖမ္း၊ အခုခ်က္ခ်င္းလႊတ္ လုပ္လို႔မရပါဘူး၊ ခံဝန္ေရးခိုင္းမယ္။ ခံဝန္မွာ လက္မွတ္ထိုးမယ္၊ နည္းနည္းၾကာပါမယ္။ ျပန္လႊတ္ေပးပါမယ္လို႔ ေျပာတယ္။ အဲဒီေန႔လယ္ (၂၄) ရက္ေန႔ (၁) နာရီ (၂) နာရီဝန္းက်င္ ျဖစ္မယ္။

ဆိုေတာ့ ျပည္သူေတြကလည္း ရဲေတြကို မယုံဘူး။ ခင္မ်ားတို႔ ျပန္လႊတ္ေပးမယ္ဆိုတာကိုလဲ မယုံဘူးဆိုၿပီး၊ ဘယ္ႏွစ္နာရီထား ျပန္လႊတ္ေပးမယ္ မေျပာနဲ႔၊ ဘယ္ႏွစ္နာရီ ေနာက္ဆုံးထား ျပန္လႊတ္ေပးမလဲဆိုတာကို ေမးလိုက္တယ္။ ေမးေတာ့ သူက ေျခာက္နာရီကို ေနာက္ဆုံးထား ျပန္လႊတ္ေပးပါမယ္လို႔ ေျပာတယ္။ ဆိုေတာ့ လိုရင္းေျပာရင္ ေတာင္းဆိုေပးမယ့္ သူတို႔မလႊတ္ေပးဘူး။ အဲဒီ (၂၄) ရက္ေန႔ ညမွာ ပစ္ခတ္မႈေတြ စျဖစ္ေတာ့တယ္။ CDF ကေတာ့ တရားဝင္ ဖြဲ႕စည္းလိုက္တာ (၂၅) ရက္ေန႔မွာ တရားဝင္ဖြဲ႕စည္းေၾကာင္း ေၾကညာလိုက္တယ္။

ေမး ။ ။ အဲဒီေတာ့ CDF က အခု ဘာဆက္လုပ္မလဲရွင့္။

ေျဖ ။ ။ က်ေနာ္တို႔အေနနဲ႔ ေျမျပင္တိုက္ပြဲ ျဖစ္မယ္ဆိုရင္ သူတို႔ေတြ လက္နက္ေတြသာေနပါေစ ရတယ္။ က်ေနာ္တို႔ ယွဥ္ပစ္ႏိုင္တယ္။ က်ေနာ္တို႔မွာ က်ေနာ္တို႔နယ္ေျမ ကြၽမ္းက်င္မႈ၊ က်ေနာ္တို႔ရဲ႕ ေသရဲတိုက္ရဲ စိတ္ဓါတ္ရွိမႈရွိတဲ့ လူငယ္ေတြ ရွိတယ္။ ဒါေပမဲ့ သူတို႔က ေျမျပင္က ဘယ္လိုမွ ေရွ႕မတိုးႏိုင္တာသိေတာ့၊ မေန႔က မနက္ေစာေစာပိုင္းမွာ ရဟတ္ယာဥ္နဲ႔ အႀကိမ္ (၂၀) ေက်ာ္ေလာက္ ပ်ံသန္းလုပ္ၿပီးမွ ၿမိဳ႕လယ္ေခါင္း ၿမိဳ႕ေနာက္ျခမ္း၊ ၿမိဳ႕တြင္းထဲကို သူတို႔တပ္ေတြ၊ လက္နက္ရိကၡာေတြ အကုန္လုံး ေက်ာ္ခ်သြားေတာ့ က်ေနာ္တို႔ရဲ႕ တူမီးေတြ၊ ခါးခ်ိဳးေတြနဲ႔ ရဟတ္ယာဥ္ကို ေငးၾကည့္ေန႐ုံပဲ တတ္ႏိုင္တာေပါ့။

က်ေနာ္တို႔အေနနဲ႔ ၿမိဳ႕တြင္းမွာ သူတို႔ကို တိုက္မယ္ဆိုရင္ ၿမိဳ႕အရမ္းအထိနာသြားမယ္။ ျပည္သူေတြ အထိနာသြားမယ္။ ၿပီးေတာ့ သူတို႔က ဘုရင္ေနာင္လမ္းခြဲ ၂၇၂ တက္သြားမယ့္ေနရာမွာ အဲဒီနားမွာ လူေတြကိုဖမ္းတယ္။ ျပည္သူေတြကို ဖမ္းတယ္။ က်ေနာ္တို႔ ျပည္သူ႔ကာကြယ္တပ္ဘက္က လူတခ်ိဳ႕ကိုလည္း ဖမ္းဆီးတယ္။ ၿပီးေတာ့ တျခားအျပစ္မဲ့ ျပည္သူတခ်ိဳ႕ကို ဖမ္းၿပီးေတာ့ သူတို႔ေတြကို လူသားဒိုင္းလို ေရွ႕ကေန သြားခိုင္းၿပီးမွ ၿမိဳ႕ထဲကို တျဖည္းျဖည္းတိုးဝင္လာၾကေတာ့ က်ေနာ္တို႔အေနနဲ႔ အရမ္းအခက္ေတြ႕တယ္။ ၿပီးေတာ့ က်ေနာ္တို႔ ခံပစ္တယ္ဆိုရင္ ၿမိဳ႕ထဲကို လက္နက္ႀကီးေတြနဲ႔ ဒီထက္ပိုပစ္လာႏိုင္တယ္။ စကစ ၂၇၂ တပ္ရင္းကေန။ အဲဒီလိုမ်ိဳး ၿမိဳ႕အရမ္းအထိနာမွာစိုးလို႔ က်ေနာ္တို႔ နည္းနည္းေရွာင္ေပးလိုက္တယ္။ ဒါေပမဲ့ က်ေနာ္တို႔ အင္အားေတြက ရွိေနေသးတယ္။ နည္းနည္းေတာ့ ဖ႐ိုဖရဲ ဆုတ္ေပးလိုက္ရတာေပါ့။ ခ်က္ခ်င္းႀကီး ေက်ာ္တက္သြားေတာ့။ က်ေနာ္တို႔ သူတို႔ကို မုဆိုးေခ်ာင္းသလို ေခ်ာင္းေနတယ္။ က်ေနာ္တို႔ သူတို႔ကို ျပန္ေမာင္းထုတ္ဖို႔ စစ္တပ္ေတြ အကုန္လုံး အျပည့္အဝ ရွိေနတယ္။ အရင္ကထက္ စိတ္ဓါတ္ေတြ ပိုခိုင္မာလာေသးတယ္။ အရင္က ေသနတ္မကိုင္သူေတြပါ အခုဆိုရင္ ေသနတ္ကိုင္ရေတာ့မယ္၊ ရရာလက္နက္နဲ႔ ျဖစ္တဲ့နည္းနဲ႔ သူတို႔ကို ျပန္တြန္းလွန္တိုက္ခိုက္ရမယ္လို႔ လူတိုင္းစိတ္ထဲမွာ ဝင္သြားၿပီ။

ေမး ။ ။ ဆိုေတာ့ အခု မင္းတပ္မွာ ရွိေနတဲ့ ေဒသခံေတြက ဘယ္ေလာက္အထိ ထြက္ေျပးေနရသလဲရွင့္။

ေျဖ ။ ။ က်ေနာ္နဲ႔ စကားေျပာေနခ်ိန္မွာ ငွက္သံေတြ ဘာသံေတြ ၾကားေကာင္းၾကားႏိုင္မွာပါ။ က်ေနာ္တို႔ ေတာထဲေရာက္ေနတယ္။ ေတာထဲကပဲ အခု ေတာထဲမွာေရာက္ေနတဲ့ (၁) ႏွစ္ (၂) ႏွစ္ ကေလးအ႐ြယ္ေတြ၊ အေဖေတြ၊ အမ်ိဳးသမီးေတြ စုစုေပါင္း (၁၅) ေယာက္၊ အေယာက္ (၂၀) ေလာက္ကို က်ေနာ္တို႔ လမ္းမွာႀကဳံလာလို႔ က်ေနာ္တို႔ သူတို႔ကို အကူအညီေပးေနတယ္။ ၿမိဳ႕ထဲက လူေတြအကုန္လုံးလဲ ေျပာင္းေနၾကတယ္။ သူတို႔က ဘဝသစ္ရပ္ကြက္နားမွာ ေနတဲ့လူေတြ။ ဘဝသစ္နားအထိ စစ္ေကာင္စီတပ္ေတြ လာၿပီးေတာ့ ပစ္ခတ္တာေတြ ရွိတာေၾကာင့္၊ သူတို႔လုံးဝ မလုံၿခဳံလို႔၊ ၿမိဳ႕ေတာၿမိဳ႕ကို ထြက္ေျပးလာတဲ့ အဆင့္အထိ ရွိတယ္။ ဒါက က်ေနာ္တို႔ မ်က္စိေရွ႕မွာတင္ ျဖစ္ပ်က္ေနတာ။ တျခားေနရာေတြမွာ ေျပာတာကို လူေပါင္း (၇၀) ေက်ာ္ ရွိတယ္။ က်န္တဲ့ဟာ တၿမိဳ႕လုံးကပဲ ေျပးလႊာေနၾကတယ္။ နီးစပ္ရာ ေတာေတြေတာင္ေတြထဲမွာ ေနေနရတယ္။ အဲဒီလို ပုန္းေအာင္းေနရတယ္။ က်န္တဲ့လူေတြလဲ ဘုရားတၿပီးေတာ့ ေန႔လားညလားလို႔ အဲဒီလိုမ်ိဳးလဲ က်န္ေနၾကတယ္။

ေမး ။ ။ အခု ဒီလိုစစ္ေဘးဒုကၡသည္ေတြအတြက္ လူသားခ်င္းစာနာမႈ အကူအညီေတြက လိုအပ္ေနတဲ့ေနရာမွာ ဘယ္အရာေတြက အဓိက အေရးတႀကီး လိုအပ္ေနပါလဲရွင့္။

ေျဖ ။ ။ အဓိက အေရးႀကီးဆုံးကေတာ့ စားဖို႔ေသာက္ဖိုးကေတာ့ နံပတ္ (၁) အေရးႀကီးတယ္။ နံပတ္ (၂) ကေတာ့ Shelters ေတြေပါ့။ က်ေနာ္တို႔က တခါမွ အဲဒီလို စစ္ႀကီးသေဘာမ်ိဳး ဘာမွလဲ မျဖစ္ဘူး။ အရမ္းတည္ၿငိမ္ေအးခ်မ္းခဲ့တဲ့ ေနရာဆိုေတာ့၊ ဒါမ်ိဳးေတြနဲ႔ ႀကဳံေလ့ႀကဳံထ မရွိေတာ့ - ဒါက ပထမဦးဆုံး အႀကိမ္ေပါ့။ က်ေနာ္တို႔ ဘာလုပ္ရမွန္း မသိတဲ့ ပုံစံ ျဖစ္ေနတဲ့သေဘာမ်ိဳးေပါ့။ အခု မိုးရာသီေရာက္လာၿပီ။ မိုး႐ြာလာလို႔ ဖ်ားနာတဲ့အခါလဲ သူတို႔ေတြ ဒုကၡေရာက္အုံးမယ္။ ေဆးဝါးအတြက္လည္း ၾကည့္ရအုံးမယ္။ ဒီလမ္းေၾကာင္းေတြေပါ့ - က်ေနာ္တို႔ မင္းတပ္ၿမိဳ႕ကို ဝင္ႏိုင္တဲ့ လမ္းေၾကာင္းက ပခုကၠဴပဲ ရွိတယ္။ အဲဒီက အဓိကရွိတယ္။ ဂန႔္ေဂၚဘက္က ရွိမယ္။ အဲဒီလိုမ်ိဳးပဲ ရွိတယ္။ ဒါေပမဲ့ ဒီလမ္းေၾကာေတြ အကုန္လုံးက (၁၂) ရက္ေန႔ကတည္းက စစ္ေကာင္စီတပ္ေတြက လမ္းေၾကာင္းေတြ အကုန္လုံးကို ပိတ္လိုက္ၿပီေလ။ အဲဒီလိုဆိုေတာ့ အဲဒီမွာလဲ အခက္အခဲေတြက ရွိတာေပါ့။

ေမး ။ ။ မင္းတပ္ကို ျမန္မာစစ္တပ္ကေန အင္အားအလြန္အကြၽံသုံးၿပီးေတာ့ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ႏွိမ္နင္းတဲ့ ကိစၥကို အေမရိကန္နဲ႔ ၿဗိတိန္က သံ႐ုံးေတြကလည္း ေတာ္ေတာ္ေလးကို ကန႔္ကြက္ရႈတ္ခ်ထားတယ္။ ေနာက္ၿပီးေတာ့ NUG အမ်ိဳးသားညီၫႊတ္ေရးအစိုးရဘက္ကလဲ မင္းတပ္ကိစၥနဲ႔ ပတ္သက္လို႔ ႏိုင္ငံတကာကို သူတို႔အကူအညီ ေတာင္းထားတယ္ေပါ့။ အခု မင္းတပ္မွာ ျဖစ္ေနတဲ့ အေျခအေနမွာ ႏိုင္ငံတကာနဲ႔ အကူအညီေတြ ဘယ္လိုပုံစံမ်ိဳး လိုအပ္ေနပါလဲရွင့္။

ေျဖ ။ ။ က်ေနာ္တို႔အေနနဲ႔ ၿငိမ္ေနလို႔ မရေတာ့ဘူး။ က်ေနာ္တို႔က ႏွစ္လေက်ာ္ေက်ာ္ ႐ိုး႐ိုးဆႏၵျပတယ္။ ေနာက္ဆုံး ေ႐ြးခ်ယ္စရာ လမ္းမရွိေတာ့လို႔ လက္နက္ကိုင္လမ္း ေ႐ြးခ်ယ္ၾကတယ္။ CDF ဆိုတာက ၿမိဳ႕ေလးတၿမိဳ႕ကို ကာကြယ္ဖို႔ ဖြဲ႕ထားတဲ့ အဖြဲ႕ေလးပဲ။ က်ေနာ္တို႔မွာ စနစ္တက် လက္နက္အင္အားပိုင္းေတာင္ ေသခ်ာမရွိဘူး။ အဲဒါကို အင္အားအလြန္အကြၽံ။ မေန႔က မင္းတပ္ၿမိဳ႕ရဲ႕ အေျခအေနကို ၾကည့္မယ္ဆိုရင္ ဒုတိယကမာၻစစ္က နာဇီဂ်ာမဏီေတြက စပိန္ႏိုင္ငံတြင္းက ဂါနီကာဆိုတဲ့ ၿမိဳ႕ေလးကို ရက္ရက္စက္စက္ ပစ္ခတ္သလိုပါပဲ၊ အၾကမ္းတမ္းဆုံး အရက္ဆက္ဆုံးအေနနဲ႔ အဲဒီလိုမ်ိဳး ပစ္ခတ္တယ္ဆိုေတာ့ က်ေနာ္တို႔အေနနဲ႔ကေတာ့ သူတို႔ကို အဆုံးစြန္းအထိ ေတာ္လွန္သြားဖို႔ပဲ ရွိတယ္။ ႏိုင္ငံတကာကေတာ့ လက္နက္ကို ပံ့ပိုးဖို႔ကို တြန႔္ဆုတ္ခ်င္ တြန႔္ဆုတ္ေနမယ္။ ဒါေပမဲ့ က်ေနာ္တို႔အေနနဲ႔ေတာ့ ဒါပဲလိုတယ္။ စိတ္ဓါတ္ေတြရွိတယ္၊ လူေတြရွိတယ္။ က်ေနာ္တို႔ ျပန္စကိုစမယ္။ လူေတြစု႐ုံးေနတယ္။ ျပန္ကိုေတာ္လွန္ကို ေတာ္လွန္ေနမယ္။ က်ေနာ္တို႔ ေရေျမ၊ က်ေနာ္တို႔ တစက္မွ အထိပါးမခံႏိုင္ဘူး။ သူတို႔ကို ျပန္ေမာင္းထုတ္မယ္ဆိုတဲ့စိတ္နဲ႔ အဆုံးစြန္းအထိ သြားဖို႔ပဲ ရွိပါတယ္။

မအင္ၾကင္းႏိုင္ ။ ။ ေဒါက္တာေယာမန္ကို ေက်းဇူးအမ်ားႀကီးတင္ပါတယ္ရွင့္။ အခုလို အခက္အခဲေတြၾကားထဲကေန က်မတို႔ VOA ကို အခ်ိန္ေပးၿပီး ေျပာၾကားတဲ့အတြက္ ေက်းဇူးတင္ပါတယ္ရွင့္။


==Unicode==

စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်နေတဲ့ CDF ချင်းပြည်သူ့ကာကွယ်ရေးတပ် (မင်းတပ်)ကို မေလ (၁၅) ရက်နေ့ စနေနေ့က မြန်မာစစ်တပ်ကနေ မြေပြင်က လက်နက်ကြီးတွေနဲ့သာမက ရဟတ်ယာဉ်တွေနဲ့ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်ပြီး နှိမ်နင်းခဲ့ကြောင်း CDF တပ်ဖွဲ့ တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။

တူမီးသေနတ်တွေသာရှိတဲ့ ချင်းပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ လက်နက်အင်အား အဆမတန်ရှိနေတဲ့ မြန်မာစစ်တပ်ကို ဘယ်လို ခုခံတိုက်ခိုက်ခဲ့သလဲ။ မင်းတပ်က ချင်းလူငယ်တွေ ဘာကြောင့် လက်နက်ကိုင်တော်လှန်နေကြသလဲ။ မင်းတပ်နောက်ဆုံးအခြေအနေ ဘယ်လိုရှိနေလဲ။

CDF ချင်းပြည်သူ့ကာကွယ်ရေးတပ် (မင်းတပ်) က တာဝန်ရှိသူတဦးဖြစ်တဲ့ ဒေါက်တာယောမန် (အမည်ရင်းမဟုတ်)ကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး ။ ။ မင်းတပ်မှာ အခုဆိုရင် မြန်မာစစ်တပ်က သိမ်းပိုက်လိုက်တဲ့ အခြေအနေလားရှင့်။

ဖြေ ။ ။ အဲဒီလို ပြောလို့ရတယ်။ သူတို့က မြို့ထဲက ပွိုင့်ကျတဲ့နေရာတွေ အဓိကနေရာတွေ အကုန်လုံးကို နေရာယူထားလိုက်ပြီ။ လမ်းသွားလမ်းလာ အကုန်လုံးကို သူတို့ ပစ်ခတ်နေတယ်။ ဒီနေ့မနက်အချိန်အထိပေါ့။ ဆိုင်ကယ်နဲ့ သွားတယ်ဖြစ်စေ၊ ကိုယ့်ဘာသာကိုယ် သွားနေသည်ဖြစ်စေ တွေ့သမျှလူတွေကို ကြုံရာမှာ လှမ်းပစ်နေတဲ့သဘောရှိတယ်။

မေး ။ ။ မနေ့က တိုက်ပွဲကတော့ တော်တော်လေး ပြင်းထန်တယ်လို့ ကျမတို့ ကြားသိရတယ်ရှင့်။ အဲဒီလိုမျိုး မနေ့က မြန်မာစစ်တပ်က မင်းတပ်ကို တိုက်ခိုက်တဲ့ အခြေအနေကို ပြောပြပါအုံးရှင့်။

ဖြေ ။ ။ မနက် (၇) နာရီလောက်မှာ ပစ်ခတ်မှု ရှိလာခဲ့တယ်။ (၇) နာရီခွဲလောက်မှာ ရဟတ်ယာဉ်တွေနဲ့ ချောင်းအတိုင်း - မောင်းချောင်းအတိုင်း တက်လာတယ်။ လူတွေချတယ်။ လက်နက်တွေချတယ်။ မနေ့က ရဟတ်ယာဉ် အသွားအလာ ဆန်တက်မှုက အကြိမ် (၂၀) ကျော်တယ်။ ဟိုက်စကီးပေါ်ကနေလည်း ပစ်ခတ်မှုတွေ ရှိတယ်။ ဟိုက်စကီးပေါ်ကနေ လက်နက်ကြီးနဲ့ ပစ်တယ်။ သံလင်စေတီနားကို သုံးလုံးကျကွဲတယ်။ သူက ကုန်မြင့်လေးဆိုတော့ ကျနော်တို့လူတွေက ကင်းပုန်ယူထားတာ ရှိတယ်။ လုံခြုံရေးယူထားတာ ရှိတယ်။ အဲဒီမှာ သုံးလုံးကျတယ်။ ပြီးတော့ (၁၆) မိုင်ဘက်မှာ မတူပီဘက်ကနေ ဆင်းလာတဲ့ စစ်ကူတွေနဲ့ ကျနော်တို့ CDF မှာ တိုက်ပွဲတွေ ဖြစ်တယ်။ အဲဒါကိုလဲ သူတို့လှမ်းပစ်တာ ဟိုက်စကီးပေါ်ကနေပဲ လက်နက်ကြီးနဲ့ပစ်တာ နှစ်လုံးသုံးလုံးလောက်ကျတယ်။ နေရာအနံှမြို့အနံှပဲ တပ်တွေရှိနိုင်တဲ့နေရာတွေ ဘယ်သူမဆို ရှိပါစေ၊ ပစ်ခတ်သွားတာ မနေ့ကတရက်တည်း လက်နက်ကြီးနဲ့ပစ်တာ အကြိမ် (၆၀) လောက် ရှိမယ်။ မြို့ထဲကိုကျတာ။


မေး ။ ။ ချင်းပြည်သူ့ကာကွယ်ရေးတပ်အနေနဲ့ အခုဟာက တခြားတိုင်းရင်းသားလက်နက်ကိုင်တွေ၊ ဒါမှမဟုတ် NUG အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ သူတို့ဘက်က အကူအညီကော ရပါသလားရှင့်။

ဖြေ ။ ။ ကျနော်တို့က ချိတ်ဆက်မှုတော့ ရှိတယ်။ အကူအညီကတော့ တိတိကျကျ၊ ခိုင်ခိုင်မာမာတော့ မရသေးဘူး။ အမှန်တော့ ကိုယ်ထူကိုယ်ထအနေနဲ့ပဲ ကိုယ့်မြို့ကို ကာကွယ်ဖို့ လက်နက်မကိုင်လို့မရတော့တဲ့ အခြေအနေရောက်လာလို့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့အတွက် Self-defense အနေနဲ့ပဲ ဖွဲ့ထားတဲ့ အဖွဲ့ငယ်လေးပဲ။ လက်နက်ကြီးတွေ တပ်ဆင်နိုင်တာတို့၊ မောင်းပြန်တွေ ကိုင်နိုင်တာတော့ မရှိသေးဘူး။ ကျနော်တို့ဆီမှာ ခါးချိုးသေနတ်တွေ ရှိတယ်။ နှစ်လုံးပြူးသေနတ်တွေ၊ တူမီး၊ တူမောင်းတွေ အဲဒီလောက်နဲ့ပဲ ကျနော်တို့ ကာကွယ်နိုင်တယ်။ ပစ်ခတ်နိုင်တယ်။ ကျနော်တို့မြို့ကို ကာကွယ်ထားနိုင်တယ်။

မေး ။ ။ ဒီတိုက်ပွဲတွေ ဖြစ်တဲ့အတွင်း CDF ဘက်က ဘယ်လောက်အထိ ကျဆုံးပါလဲရှင့်။ အကျအဆုံးတွေ ဘယ်လောက်အထိ ရှိခဲ့ပါလဲရှင့်။

ဖြေ ။ ။ ကျနော်တို့ အရှေ့တပ်ခွဲ အနောက်တပ်ခွဲ ပေါင်းလိုက်မယ်ဆိုရင် ကျနော်တို့ဘက်က ငါးယောက်ကျော်ကျတယ်။ သေနတ်ဆိုတာထက် ဗုံးဆံတွေမှန်လို့။ ဒဏ်ရာရသူတွေ အကုန်လုံးကလည်း ဗုံးဆံတွေမှန်လို့ ဒဏ်ရာရကြတယ်။ သူတို့ယှဉ်ပစ်တယ်။ စက်သေနတ်တွေ၊ machine gun တွေ၊ မောင်းပြန်တွေကြောင့် ဒဏ်ရာရတယ်ဆိုတာ မရှိသလောက်ပဲ။ သူတို့ဘက်ကတော့ (၁၄) ရက်နေ့ တိုက်ပွဲဆိုရင် သူတို့ဘက်က စစ်ကား (၆) စီး တက်လာတယ်။ စစ်ကား (၆) စီးနဲ့ အင်အား (၆၀) ကျော်။ ကျနော်တို့ စစ်ကား (၆) စီးလုံးကို မီးရှို့လိုက်နိုင်တယ်။ လက်နက်တချို့ပါ သိမ်းလိုက်နိုင်တဲ့အဆင့် ရှိတယ်ဆိုတော့ သူတို့ဘက်ကတော့ အဲဒါ အရှေ့ခြမ်းတိုက်ပွဲပဲ ရှိသေးတယ်။ သူတို့ဘက် အနည်းဆုံး နှစ်ဆယ်သုံးဆယ်ကျော်တော့ ကျမှာပဲ။ အနောက်ခြမ်း တိုက်ပွဲမှာလဲ သူတို့စစ်ကား (၆) စီးနဲ့အပြည့်လာတယ်။ မြို့ကို ရောက်လာနိုင်တာ နှစ်စီးလောက်ပဲ ရှိပါတယ်။

မေး ။ ။ အဲဒီတော့ CDF က အဓိကသုံးတဲ့ တူမီးသေနတ်အကြောင်းကိုလည်း ပြောပြပါအုံးရှင့်။

ဖြေ ။ ။ တူမီးသေနတ်ဆိုတာက အင်္ဂလိပ်ခေတ် ပထမကမ္ဘာစစ်လောက်မှ ခေတ်မမှီတဲ့ သေနတ်ပါ။ ကျနော်တို့ ၁၈၈၉-၁၈၉၀ ဝန်းကျင်မှာ ကျနော်တို့ နယ်ချဲ့ဗြိတိသျှတွေကို တိုက်ခိုက်တုန်းက ကျနော်တို့ ချင်းဘိုးဘွားတွေ သုံးစွဲခဲ့တဲ့ သေနတ်မျိုးပါ။ ယမ်းမှုန့်ကို ထောင်းရတယ်။ ယမ်းထောင်းမှ ယမ်းမှုန့်ကိုရတယ်။ အဲဒီယမ်းမှုန့်ကို သေနတ်ပြောင်းရှေ့ကနေ ထည့်ပြီးတော့ အဲဒီသေနတ်ပြောင်းဝကပဲ ခဲတွေကျည်းတွေထည့်ပြီးတာနဲ့ ဘေးနားမှာ ကတ်ပ်လို့ခေါ်တဲ့ အရာလေးနဲ့ သေနတ်ပြောင်းဝမှ လက်မနဲ့ မောင်းတန်ကို ကွေးလိုက်တယ်။ အဲဒီမှာ ယမ်းမှုန့်နည်းနည်းထည့်မယ်၊ ကတ်ပ်နဲ့ပြီးမှ ပစ်လိုက်တဲ့အခါ အဲဒီယမ်းပေါက်ကွဲမှုနဲ့ ပြောင်းထဲက ယမ်းတွန်းကန်အားနဲ့ ရှေ့ကိုထွက်လာတယ်။ Musket တွေပေါ့။ တောလိုက်သေနတ်မျိုးပါပဲ။ ချင်းပြည်နယ်မှာတော့ ဒီလိုမျိုး တူမီးသေနတ်တွေကို ကိုင်ခွင့်ပြုတယ်။ ယမ်းက ရေစိုသွားရင် ပစ်လို့မရတော့ဘူး။ တခါတလေ ကတ်ပ်က မပေါက်ရင် သေနတ်က မပေါက်ဘူး။ မီးမကူးရင်လဲ သေနတ်မပေါက်ဘူးပေါ့။ အဲဒီလိုမျိုး အခက်အခဲအမျိုးမျိုးတော့ ရှိတာပေါ့။

မေး ။ ။ အဲဒီတော့ အဓိက CDF ပေါ်ပေါက်လာပြီးတော့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့နေရာမှာ အဓိကလက်နက်နဲ့ ပြန်ပြီးတော့ ခုခံတိုက်ခိုက်လာရတဲ့ အကြောင်းရင်းက ဘယ်အချိန်ကစပြီး၊ ဘယ်လိုစဖြစ်လာတာလဲရှင့်။

ဖြေ ။ ။ ဧပြီလ (၂၄) ရက်နေ့မှာ စတာ။ ကျနော်တို့က တောက်လျှောက် သပိတ်တွေလုပ်တယ်။ သူတို့က တင်းလိုက်၊ ကျနော်တို့က တင်းလိုက်နဲ့ ဆန္ဒပြမှုတွေ တောက်လျှောက်လုပ်လာခဲ့တယ်။ (၂၄) နေ့မှာ Sticker Campaign “We Support NUG” စာတန်းလေး ကပ်နေတဲ့အချိန်မှာ ကျနော်တို့လူတွေ (၇) ယောက်ကို သူတို့က ကားတွေနဲ့ ရုတ်တရက် ရောက်လာပြီး အကုန်လုံးကို ဖမ်းခေါ်သွားတယ်။ ဖမ်းခေါ်သွားပြီးတဲ့နောက်မှာ ကျနော်တို့ ချက်ချင်း မြို့ထဲမှာ လူတွေစုတယ်။ လူတွေစုပြီးမှ ကျနော်တို့လူတွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်။ မြို့နယ်ရဲမှူးကိုယ်တိုင် ရောက်လာတယ်။ သူက ပြန်လွှတ်ပေးပါမယ်လို့ ပြောတယ်။ ကျနော်တို့က အတင်းတောင်းဆိုတော့ ခံဝန်ရေးတယ်။ အဲဒီမှာ လက်မှတ်ထိုးတယ်။ ဘာပုဒ်မမှလဲ မစွဲပါဘူး။ ပြန်လွှတ်ပေးပါမယ် ပြောတယ်။ ချက်ချင်းပြန်လွှတ်ပေးပါလို့ ပြည်သူတွေက အတင်းတောင်းဆိုတော့ အခုဖမ်း၊ အခုချက်ချင်းလွှတ် လုပ်လို့မရပါဘူး၊ ခံဝန်ရေးခိုင်းမယ်။ ခံဝန်မှာ လက်မှတ်ထိုးမယ်၊ နည်းနည်းကြာပါမယ်။ ပြန်လွှတ်ပေးပါမယ်လို့ ပြောတယ်။ အဲဒီနေ့လယ် (၂၄) ရက်နေ့ (၁) နာရီ (၂) နာရီဝန်းကျင် ဖြစ်မယ်။

ဆိုတော့ ပြည်သူတွေကလည်း ရဲတွေကို မယုံဘူး။ ခင်များတို့ ပြန်လွှတ်ပေးမယ်ဆိုတာကိုလဲ မယုံဘူးဆိုပြီး၊ ဘယ်နှစ်နာရီထား ပြန်လွှတ်ပေးမယ် မပြောနဲ့၊ ဘယ်နှစ်နာရီ နောက်ဆုံးထား ပြန်လွှတ်ပေးမလဲဆိုတာကို မေးလိုက်တယ်။ မေးတော့ သူက ခြောက်နာရီကို နောက်ဆုံးထား ပြန်လွှတ်ပေးပါမယ်လို့ ပြောတယ်။ ဆိုတော့ လိုရင်းပြောရင် တောင်းဆိုပေးမယ့် သူတို့မလွှတ်ပေးဘူး။ အဲဒီ (၂၄) ရက်နေ့ ညမှာ ပစ်ခတ်မှုတွေ စဖြစ်တော့တယ်။ CDF ကတော့ တရားဝင် ဖွဲ့စည်းလိုက်တာ (၂၅) ရက်နေ့မှာ တရားဝင်ဖွဲ့စည်းကြောင်း ကြေညာလိုက်တယ်။

မေး ။ ။ အဲဒီတော့ CDF က အခု ဘာဆက်လုပ်မလဲရှင့်။

ဖြေ ။ ။ ကျနော်တို့အနေနဲ့ မြေပြင်တိုက်ပွဲ ဖြစ်မယ်ဆိုရင် သူတို့တွေ လက်နက်တွေသာနေပါစေ ရတယ်။ ကျနော်တို့ ယှဉ်ပစ်နိုင်တယ်။ ကျနော်တို့မှာ ကျနော်တို့နယ်မြေ ကျွမ်းကျင်မှု၊ ကျနော်တို့ရဲ့ သေရဲတိုက်ရဲ စိတ်ဓါတ်ရှိမှုရှိတဲ့ လူငယ်တွေ ရှိတယ်။ ဒါပေမဲ့ သူတို့က မြေပြင်က ဘယ်လိုမှ ရှေ့မတိုးနိုင်တာသိတော့၊ မနေ့က မနက်စောစောပိုင်းမှာ ရဟတ်ယာဉ်နဲ့ အကြိမ် (၂၀) ကျော်လောက် ပျံသန်းလုပ်ပြီးမှ မြို့လယ်ခေါင်း မြို့နောက်ခြမ်း၊ မြို့တွင်းထဲကို သူတို့တပ်တွေ၊ လက်နက်ရိက္ခာတွေ အကုန်လုံး ကျော်ချသွားတော့ ကျနော်တို့ရဲ့ တူမီးတွေ၊ ခါးချိုးတွေနဲ့ ရဟတ်ယာဉ်ကို ငေးကြည့်နေရုံပဲ တတ်နိုင်တာပေါ့။

ကျနော်တို့အနေနဲ့ မြို့တွင်းမှာ သူတို့ကို တိုက်မယ်ဆိုရင် မြို့အရမ်းအထိနာသွားမယ်။ ပြည်သူတွေ အထိနာသွားမယ်။ ပြီးတော့ သူတို့က ဘုရင်နောင်လမ်းခွဲ ၂၇၂ တက်သွားမယ့်နေရာမှာ အဲဒီနားမှာ လူတွေကိုဖမ်းတယ်။ ပြည်သူတွေကို ဖမ်းတယ်။ ကျနော်တို့ ပြည်သူ့ကာကွယ်တပ်ဘက်က လူတချို့ကိုလည်း ဖမ်းဆီးတယ်။ ပြီးတော့ တခြားအပြစ်မဲ့ ပြည်သူတချို့ကို ဖမ်းပြီးတော့ သူတို့တွေကို လူသားဒိုင်းလို ရှေ့ကနေ သွားခိုင်းပြီးမှ မြို့ထဲကို တဖြည်းဖြည်းတိုးဝင်လာကြတော့ ကျနော်တို့အနေနဲ့ အရမ်းအခက်တွေ့တယ်။ ပြီးတော့ ကျနော်တို့ ခံပစ်တယ်ဆိုရင် မြို့ထဲကို လက်နက်ကြီးတွေနဲ့ ဒီထက်ပိုပစ်လာနိုင်တယ်။ စကစ ၂၇၂ တပ်ရင်းကနေ။ အဲဒီလိုမျိုး မြို့အရမ်းအထိနာမှာစိုးလို့ ကျနော်တို့ နည်းနည်းရှောင်ပေးလိုက်တယ်။ ဒါပေမဲ့ ကျနော်တို့ အင်အားတွေက ရှိနေသေးတယ်။ နည်းနည်းတော့ ဖရိုဖရဲ ဆုတ်ပေးလိုက်ရတာပေါ့။ ချက်ချင်းကြီး ကျော်တက်သွားတော့။ ကျနော်တို့ သူတို့ကို မုဆိုးချောင်းသလို ချောင်းနေတယ်။ ကျနော်တို့ သူတို့ကို ပြန်မောင်းထုတ်ဖို့ စစ်တပ်တွေ အကုန်လုံး အပြည့်အဝ ရှိနေတယ်။ အရင်ကထက် စိတ်ဓါတ်တွေ ပိုခိုင်မာလာသေးတယ်။ အရင်က သေနတ်မကိုင်သူတွေပါ အခုဆိုရင် သေနတ်ကိုင်ရတော့မယ်၊ ရရာလက်နက်နဲ့ ဖြစ်တဲ့နည်းနဲ့ သူတို့ကို ပြန်တွန်းလှန်တိုက်ခိုက်ရမယ်လို့ လူတိုင်းစိတ်ထဲမှာ ဝင်သွားပြီ။

မေး ။ ။ ဆိုတော့ အခု မင်းတပ်မှာ ရှိနေတဲ့ ဒေသခံတွေက ဘယ်လောက်အထိ ထွက်ပြေးနေရသလဲရှင့်။

ဖြေ ။ ။ ကျနော်နဲ့ စကားပြောနေချိန်မှာ ငှက်သံတွေ ဘာသံတွေ ကြားကောင်းကြားနိုင်မှာပါ။ ကျနော်တို့ တောထဲရောက်နေတယ်။ တောထဲကပဲ အခု တောထဲမှာရောက်နေတဲ့ (၁) နှစ် (၂) နှစ် ကလေးအရွယ်တွေ၊ အဖေတွေ၊ အမျိုးသမီးတွေ စုစုပေါင်း (၁၅) ယောက်၊ အယောက် (၂၀) လောက်ကို ကျနော်တို့ လမ်းမှာကြုံလာလို့ ကျနော်တို့ သူတို့ကို အကူအညီပေးနေတယ်။ မြို့ထဲက လူတွေအကုန်လုံးလဲ ပြောင်းနေကြတယ်။ သူတို့က ဘဝသစ်ရပ်ကွက်နားမှာ နေတဲ့လူတွေ။ ဘဝသစ်နားအထိ စစ်ကောင်စီတပ်တွေ လာပြီးတော့ ပစ်ခတ်တာတွေ ရှိတာကြောင့်၊ သူတို့လုံးဝ မလုံခြုံလို့၊ မြို့တောမြို့ကို ထွက်ပြေးလာတဲ့ အဆင့်အထိ ရှိတယ်။ ဒါက ကျနော်တို့ မျက်စိရှေ့မှာတင် ဖြစ်ပျက်နေတာ။ တခြားနေရာတွေမှာ ပြောတာကို လူပေါင်း (၇၀) ကျော် ရှိတယ်။ ကျန်တဲ့ဟာ တမြို့လုံးကပဲ ပြေးလွှာနေကြတယ်။ နီးစပ်ရာ တောတွေတောင်တွေထဲမှာ နေနေရတယ်။ အဲဒီလို ပုန်းအောင်းနေရတယ်။ ကျန်တဲ့လူတွေလဲ ဘုရားတပြီးတော့ နေ့လားညလားလို့ အဲဒီလိုမျိုးလဲ ကျန်နေကြတယ်။

မေး ။ ။ အခု ဒီလိုစစ်ဘေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေက လိုအပ်နေတဲ့နေရာမှာ ဘယ်အရာတွေက အဓိက အရေးတကြီး လိုအပ်နေပါလဲရှင့်။

ဖြေ ။ ။ အဓိက အရေးကြီးဆုံးကတော့ စားဖို့သောက်ဖိုးကတော့ နံပတ် (၁) အရေးကြီးတယ်။ နံပတ် (၂) ကတော့ Shelters တွေပေါ့။ ကျနော်တို့က တခါမှ အဲဒီလို စစ်ကြီးသဘောမျိုး ဘာမှလဲ မဖြစ်ဘူး။ အရမ်းတည်ငြိမ်အေးချမ်းခဲ့တဲ့ နေရာဆိုတော့၊ ဒါမျိုးတွေနဲ့ ကြုံလေ့ကြုံထ မရှိတော့ - ဒါက ပထမဦးဆုံး အကြိမ်ပေါ့။ ကျနော်တို့ ဘာလုပ်ရမှန်း မသိတဲ့ ပုံစံ ဖြစ်နေတဲ့သဘောမျိုးပေါ့။ အခု မိုးရာသီရောက်လာပြီ။ မိုးရွာလာလို့ ဖျားနာတဲ့အခါလဲ သူတို့တွေ ဒုက္ခရောက်အုံးမယ်။ ဆေးဝါးအတွက်လည်း ကြည့်ရအုံးမယ်။ ဒီလမ်းကြောင်းတွေပေါ့ - ကျနော်တို့ မင်းတပ်မြို့ကို ဝင်နိုင်တဲ့ လမ်းကြောင်းက ပခုက္ကူပဲ ရှိတယ်။ အဲဒီက အဓိကရှိတယ်။ ဂန့်ဂေါ်ဘက်က ရှိမယ်။ အဲဒီလိုမျိုးပဲ ရှိတယ်။ ဒါပေမဲ့ ဒီလမ်းကြောတွေ အကုန်လုံးက (၁၂) ရက်နေ့ကတည်းက စစ်ကောင်စီတပ်တွေက လမ်းကြောင်းတွေ အကုန်လုံးကို ပိတ်လိုက်ပြီလေ။ အဲဒီလိုဆိုတော့ အဲဒီမှာလဲ အခက်အခဲတွေက ရှိတာပေါ့။

မေး ။ ။ မင်းတပ်ကို မြန်မာစစ်တပ်ကနေ အင်အားအလွန်အကျွံသုံးပြီးတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နှိမ်နင်းတဲ့ ကိစ္စကို အမေရိကန်နဲ့ ဗြိတိန်က သံရုံးတွေကလည်း တော်တော်လေးကို ကန့်ကွက်ရှုတ်ချထားတယ်။ နောက်ပြီးတော့ NUG အမျိုးသားညီညွှတ်ရေးအစိုးရဘက်ကလဲ မင်းတပ်ကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာကို သူတို့အကူအညီ တောင်းထားတယ်ပေါ့။ အခု မင်းတပ်မှာ ဖြစ်နေတဲ့ အခြေအနေမှာ နိုင်ငံတကာနဲ့ အကူအညီတွေ ဘယ်လိုပုံစံမျိုး လိုအပ်နေပါလဲရှင့်။

ဖြေ ။ ။ ကျနော်တို့အနေနဲ့ ငြိမ်နေလို့ မရတော့ဘူး။ ကျနော်တို့က နှစ်လကျော်ကျော် ရိုးရိုးဆန္ဒပြတယ်။ နောက်ဆုံး ရွေးချယ်စရာ လမ်းမရှိတော့လို့ လက်နက်ကိုင်လမ်း ရွေးချယ်ကြတယ်။ CDF ဆိုတာက မြို့လေးတမြို့ကို ကာကွယ်ဖို့ ဖွဲ့ထားတဲ့ အဖွဲ့လေးပဲ။ ကျနော်တို့မှာ စနစ်တကျ လက်နက်အင်အားပိုင်းတောင် သေချာမရှိဘူး။ အဲဒါကို အင်အားအလွန်အကျွံ။ မနေ့က မင်းတပ်မြို့ရဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် ဒုတိယကမ္ဘာစစ်က နာဇီဂျာမဏီတွေက စပိန်နိုင်ငံတွင်းက ဂါနီကာဆိုတဲ့ မြို့လေးကို ရက်ရက်စက်စက် ပစ်ခတ်သလိုပါပဲ၊ အကြမ်းတမ်းဆုံး အရက်ဆက်ဆုံးအနေနဲ့ အဲဒီလိုမျိုး ပစ်ခတ်တယ်ဆိုတော့ ကျနော်တို့အနေနဲ့ကတော့ သူတို့ကို အဆုံးစွန်းအထိ တော်လှန်သွားဖို့ပဲ ရှိတယ်။ နိုင်ငံတကာကတော့ လက်နက်ကို ပံ့ပိုးဖို့ကို တွန့်ဆုတ်ချင် တွန့်ဆုတ်နေမယ်။ ဒါပေမဲ့ ကျနော်တို့အနေနဲ့တော့ ဒါပဲလိုတယ်။ စိတ်ဓါတ်တွေရှိတယ်၊ လူတွေရှိတယ်။ ကျနော်တို့ ပြန်စကိုစမယ်။ လူတွေစုရုံးနေတယ်။ ပြန်ကိုတော်လှန်ကို တော်လှန်နေမယ်။ ကျနော်တို့ ရေမြေ၊ ကျနော်တို့ တစက်မှ အထိပါးမခံနိုင်ဘူး။ သူတို့ကို ပြန်မောင်းထုတ်မယ်ဆိုတဲ့စိတ်နဲ့ အဆုံးစွန်းအထိ သွားဖို့ပဲ ရှိပါတယ်။

မအင်ကြင်းနိုင် ။ ။ ဒေါက်တာယောမန်ကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ အခုလို အခက်အခဲတွေကြားထဲကနေ ကျမတို့ VOA ကို အချိန်ပေးပြီး ပြောကြားတဲ့အတွက် ကျေးဇူးတင်ပါတယ်ရှင့်။

XS
SM
MD
LG