သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္အာဏာသိမ္း ေျပာက္က်ားဆႏၵျပမႈတခ်ိဳ႕ ရွိေနဆဲ


ရန္ကုန္ၿမိဳ႕မွာ ျပဳလုပ္တဲ့ စစ္အာဏာသိမ္းဆန္႔က်င္ ဆႏၵျပပြဲ။ (ေမ ၁၅၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိင္ငံမွာ စစ္တပ္က အာဏာသိမ္းလုိက္တာ ရက္ေပါင္း ၁၀၀ ေက်ာ္လာၿပီ ျဖစ္ေပမယ့္ ႏုိင္ငံတဝန္းက ၿမိဳ႕အေတာ္မ်ားမ်ားမွာ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြကေတာ့ ဒီေန႔အခ်ိန္အထိ ရွိေနဆဲပါ။ စစ္အာဏာသိမ္းမႈကုိ ေန႔စဥ္ရက္ဆက္ ဆန္႔က်င္ ဆႏၵျပေနတဲ့ တနသၤာရီတုိင္း၊ ထားဝယ္ၿမိဳ႕ခံေတြဟာ ဒီကေန႔မွာလည္း အာဏာသိမ္းမႈ ဆန္႔က်င္တဲ့အေနနဲ႔ လမ္းမေတြေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။

အေစာပုိင္းက အၾကမ္းဖက္ ၿဖိဳခြဲမႈေတြ ရွိခဲ့တာေၾကာင့္ အေသအေပ်ာက္ေတြ မ်ားခဲ့တဲ့ မုံရြာ ပင္မသပိတ္စစ္ေၾကာင္း ဒီကေန႔ ဆုိင္ကယ္စီးၿပီး ခ်ီတက္ ဆႏၵျပခဲ့ၾကသလုိ မႏၱေလးၿမိဳ႕က ရတနာပုံတကၠသုိလ္ ေက်ာင္းသားေတြဟာလည္း ခ်မ္းျမသာစည္ဘက္မွာ ဒီကေန႔ ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

စစ္ကုိင္းတုိင္း ဆားလင္းၿမိဳ႕နဲ႔ ယင္းမာပင္ၿမိဳ႕နယ္တုိ႔က စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲေတြကုိ လူေထာင္ခ်ီ ပါဝင္ခဲ့ပါတယ္။ အလားတူပဲ မုိးကုတ္ၿမိဳ႕က ေက်ာင္းသားသမဂၢက ဦးေဆာင္ၿပီး ဒီကေန႔ စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲ ျပဳလုပ္ခဲ့ၾကပါတယ္။

စစ္အာဏာသိမ္းမႈ ဆန္႔က်င္ ဆႏၵျပပြဲေတြ ေန႔စဥ္ျပဳလုပ္ေနတဲ့ ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕ သပိတ္စစ္ေၾကာင္းလည္း ဒီကေန႔မွာ အစဥ္အလာမပ်က္ လမ္းမေတြေပၚ ဆႏၵျပခဲ့ၾကပါတယ္။ ကယားျပည္နယ္၊ ဒီေမာဆုိးၿမိဳ႕မွာေတာ့ ၿမိဳ႕လုံးကၽြတ္သပိတ္ ဒီကေန႔ ဆင္ႏႊဲခဲ့ၾကပါတယ္။

ရန္ကုန္တုိင္း၊ ေရႊျပည္သာၿမိဳ႕နယ္က လူငယ္ေတြ ဦးေဆာင္ၿပီး အသံတိတ္ ဆႏၵျပပြဲ ျပဳလုပ္ခဲ့ၾကသလုိ လႈိင္သာယာၿမိဳ႕နယ္အတြင္းက အလုပ္သမားေတြကလည္း စစ္အာဏာရွင္ဆန္႔က်င္ေရး ဆႏၵျပပြဲ ျပဳလုပ္ခဲ့ၾကပါတယ္။ ဒါ့အျပင္ ဒီကေန႔ ရန္ကုန္ၿမိဳ႕လယ္က ဆူးေလဘုရားအနီး ကားဟြန္းတီးၿပီး စစ္အာဏာသိမ္းမႈကုိ ကန္႔ကြက္ ဆႏၵျပခဲ့ၾကပါတယ္။

ျမန္မာႏုိင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔က စစ္တပ္က အာဏာသိမ္းၿပီးခ်ိန္ကစလုိ႔ အခုခ်ိန္ထိ ေသဆုံးခဲ့သူ အနည္းဆုံး ၇၉၀ ဦး၊ ဖမ္းဆီးခ်ဳပ္ေႏွာင္ခံထားရသူ ၃,၉၈၉ ဦးနဲ႔ ဖမ္းဝရမ္းထုတ္ခံထားရသူ ၁,၆၅၉ ဦးရွိေၾကာင္း ႏုိင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္း (AAPP-B) က ေမလ ၁၅ ရက္ေန႔ ရက္စြဲနဲ႔ ေနာက္ဆုံး ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------

(Unicode)

စစ်အာဏာသိမ်း ပြောက်ကျားဆန္ဒပြမှုတချို့ ရှိနေဆဲ

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာ ရက်ပေါင်း ၁၀၀ ကျော်လာပြီ ဖြစ်ပေမယ့် နိုင်ငံတဝန်းက မြို့အတော်များများမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကတော့ ဒီနေ့အချိန်အထိ ရှိနေဆဲပါ။ စစ်အာဏာသိမ်းမှုကို နေ့စဉ်ရက်ဆက် ဆန့်ကျင် ဆန္ဒပြနေတဲ့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့ခံတွေဟာ ဒီကနေ့မှာလည်း အာဏာသိမ်းမှု ဆန့်ကျင်တဲ့အနေနဲ့ လမ်းမတွေပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။

အစောပိုင်းက အကြမ်းဖက် ဖြိုခွဲမှုတွေ ရှိခဲ့တာကြောင့် အသေအပျောက်တွေ များခဲ့တဲ့ မုံရွာ ပင်မသပိတ်စစ်ကြောင်း ဒီကနေ့ ဆိုင်ကယ်စီးပြီး ချီတက် ဆန္ဒပြခဲ့ကြသလို မန္တလေးမြို့က ရတနာပုံတက္ကသိုလ် ကျောင်းသားတွေဟာလည်း ချမ်းမြသာစည်ဘက်မှာ ဒီကနေ့ ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ဆားလင်းမြို့နဲ့ ယင်းမာပင်မြို့နယ်တို့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို လူထောင်ချီ ပါဝင်ခဲ့ပါတယ်။ အလားတူပဲ မိုးကုတ်မြို့က ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ဒီကနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲတွေ နေ့စဉ်ပြုလုပ်နေတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့ သပိတ်စစ်ကြောင်းလည်း ဒီကနေ့မှာ အစဉ်အလာမပျက် လမ်းမတွေပေါ် ဆန္ဒပြခဲ့ကြပါတယ်။ ကယားပြည်နယ်၊ ဒီမောဆိုးမြို့မှာတော့ မြို့လုံးကျွတ်သပိတ် ဒီကနေ့ ဆင်နွှဲခဲ့ကြပါတယ်။

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်က လူငယ်တွေ ဦးဆောင်ပြီး အသံတိတ် ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြသလို လှိုင်သာယာမြို့နယ်အတွင်းက အလုပ်သမားတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် ဒီကနေ့ ရန်ကုန်မြို့လယ်က ဆူးလေဘုရားအနီး ကားဟွန်းတီးပြီး စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ အခုချိန်ထိ သေဆုံးခဲ့သူ အနည်းဆုံး ၇၉၀ ဦး၊ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၃,၉၈၉ ဦးနဲ့ ဖမ်းဝရမ်းထုတ်ခံထားရသူ ၁,၆၅၉ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP-B) က မေလ ၁၅ ရက်နေ့ ရက်စွဲနဲ့ နောက်ဆုံး ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG