(Zawgyi / Unicode)
စစ္တပ္က အရပ္သားျပည္သူေတြအေပၚ စစ္ဘက္တိုက္ခိုက္ေရးမွာ သံုးတဲ့ လက္နက္ေတြနဲ႔ အသံုးျပဳ တိုက္ခိုက္ေနတာကို ရပ္တန္းကရပ္ဖို႔ ရန္ကုန္ အေမရိကန္သံ႐ုံးက ေမလ ၁၅ ရက္ စေနေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။
အခုသီတင္းပတ္ထဲ ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ စစ္ဘက္တုိက္ခိုက္ေရးမွာသံုးတဲ့ လက္နက္ေတြ အသံုးျပဳၿပီး တိုက္ခိုက္ေနတာ အပါအဝင္ စစ္တပ္က အရပ္သားျပည္သူေတြအေပၚ တိုက္ခိုက္ေနတာကိုၾကည့္ရင္ စစ္အာဏာရွင္အဖြဲ႔ဟာ သူတို႔အာဏာတည္ၿမဲေရးအတြက္ ဘယ္ေလာက္ မိုက္တြင္းနက္မယ္ ဆိုတာကို ဆက္ၿပီး သက္ေသျပေနတယ္လို႔ ရန္ကုန္ အေမရိကန္သံ႐ုံး ေဖ့စ္ဘုတ္စာမ်က္ႏွာမွာ ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ အရပ္သားျပည္သူေတြအေပၚ အၾကမ္းဖက္မႈေတြကို ရပ္တန္႔ဖို႔လည္း စစ္တပ္ကို ေတာင္းဆိုေၾကာင္း ေဖာ္ျပထားပါတယ္။
ျမန္မာႏုိင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္က အရပ္သားအစိုးရကို ျဖဳတ္ခ်ၿပီး စစ္တပ္အာဏာသိမ္းတာကို အေမရိကန္က ျပင္းျပင္းထန္ထန္႐ႈတ္ခ်ၿပီး စစ္ေခါင္းေဆာင္ေတြအေပၚ ပစ္မွတ္ထား အေရးယူမႈေတြ လုပ္ေဆာင္ေနတာပါ။
ကမာၻ႔ႏိုင္ငံေတြအေနနဲ႔လည္း ျမန္မာစစ္တပ္ကို ဖိအားေပးၾကဖို႔ အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီး Antony Blinken က မၾကာေသးခင္က လန္ဒန္မွာ က်င္းပခဲ့တဲ့ G7 စက္မႈထိပ္သီး ၇ ႏိုင္ငံ ေဆြးေႏြးပြဲမွာ တုိက္တြန္းခဲ့သလို စစ္ဘက္တာဝန္ရွိသူေတြ အေနနဲ႔ တာဝန္ခံရေစဖို႔ တိုးျမႇင့္လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း ေျပာၾကားထားတာ ျဖစ္ပါတယ္။
အေမရိကန္ ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာခြင့္ရ Ned Price ကလည္း ျမန္မာစစ္တပ္ဟာ သူ႔ျပည္သူေတြအေပၚ အၾကမ္းဖက္မႈေတြ ရပ္ကိုရပ္တန္႔ရမွာျဖစ္ၿပီး စစ္အာဏာသိမ္းမႈကို လက္မခံတဲ့ ျမန္မာျပည္သူေတြရဲ႕ ဒီမိုကေရစီ ျပန္လည္ေဖာ္ေဆာင္ေရး ႀကိဳးပမ္းမႈေတြကို အေမရိကန္အစိုးရက အားေပးေထာက္ခံေၾကာင္း ေျပာၾကားခဲ့တာပါ။
----------------------
(Unicode)
စစ်သုံးလက်နက်တွေနဲ့ နှိမ်နင်းမှုတွေ မလုပ်ဖို့ မြန်မာအာဏာပိုင်တွေကို အမေရိကန် တောင်းဆို
စစ်တပ်က အရပ်သားပြည်သူတွေအပေါ် စစ်ဘက်တိုက်ခိုက်ရေးမှာ သုံးတဲ့ လက်နက်တွေနဲ့ အသုံးပြု တိုက်ခိုက်နေတာကို ရပ်တန်းကရပ်ဖို့ ရန်ကုန် အမေရိကန်သံရုံးက မေလ ၁၅ ရက် စနေနေ့မှာ တောင်းဆိုလိုက်ပါတယ်။
အခုသီတင်းပတ်ထဲ ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ဘက်တိုက်ခိုက်ရေးမှာသုံးတဲ့ လက်နက်တွေ အသုံးပြုပြီး တိုက်ခိုက်နေတာ အပါအဝင် စစ်တပ်က အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်နေတာကိုကြည့်ရင် စစ်အာဏာရှင်အဖွဲ့ဟာ သူတို့အာဏာတည်မြဲရေးအတွက် ဘယ်လောက် မိုက်တွင်းနက်မယ် ဆိုတာကို ဆက်ပြီး သက်သေပြနေတယ်လို့ ရန်ကုန် အမေရိကန်သံရုံး ဖေ့စ်ဘုတ်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် အရပ်သားပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့လည်း စစ်တပ်ကို တောင်းဆိုကြောင်း ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်က အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်အာဏာသိမ်းတာကို အမေရိကန်က ပြင်းပြင်းထန်ထန်ရှုတ်ချပြီး စစ်ခေါင်းဆောင်တွေအပေါ် ပစ်မှတ်ထား အရေးယူမှုတွေ လုပ်ဆောင်နေတာပါ။
ကမ္ဘာ့နိုင်ငံတွေအနေနဲ့လည်း မြန်မာစစ်တပ်ကို ဖိအားပေးကြဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က မကြာသေးခင်က လန်ဒန်မှာ ကျင်းပခဲ့တဲ့ G7 စက်မှုထိပ်သီး ၇ နိုင်ငံ ဆွေးနွေးပွဲမှာ တိုက်တွန်းခဲ့သလို စစ်ဘက်တာဝန်ရှိသူတွေ အနေနဲ့ တာဝန်ခံရစေဖို့ တိုးမြှင့်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ပြောကြားထားတာ ဖြစ်ပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Ned Price ကလည်း မြန်မာစစ်တပ်ဟာ သူ့ပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ရပ်ကိုရပ်တန့်ရမှာဖြစ်ပြီး စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းမှုတွေကို အမေရိကန်အစိုးရက အားပေးထောက်ခံကြောင်း ပြောကြားခဲ့တာပါ။