သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္မွာ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးအဖြဲ႔ၾကား တိုက္ပြဲျပန္ျဖစ္


ခ်င္းျပည္နယ္ကာကြယ္ေရးတပ္ဖြဲ႔၏ အမွတ္တံဆိပ္။ (ဓာတ္ပံု - Chinland Defense Force)

[Zawgyi/Unicode]

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ စစ္ေကာင္စီတပ္ေတြနဲ႔ ေဒသခံကာကြယ္ေရးအဖဲြ႔ေတြၾကား ပစ္ခတ္မႈေတြ ျပန္ျဖစ္ေနပါတယ္။ ဖမ္းဆီးခံထားရတဲ့ ဆႏၵျပသူေတြ ျပန္လႊတ္ေပးေရး ညွိႏိႈင္းမႈ ပ်က္သြားခဲ့ၿပီးေနာက္ ခုလို ႏွစ္ဘက္ ျပန္တိုက္ခိုက္ေနၾကတာပါ။ စစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တဲ့အတြက္ ကာကြယ္ေရးတပ္ေတြဘက္မွာ ေသဆံုးဒဏ္ရာရသူေတြ ရွိခဲ့ပါတယ္။ ဒီအေၾကာင္း ဗြီအိုေအသတင္းေထာက္ ကိုနိုင္ကြန္းအိန္က သတင္းေပးပို႔ထားပါတယ္။

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ စစ္တပ္က ဆက္လက္ဖမ္းဆီးထားတဲ့ ဆႏၵျပသူ ၅ ဦးျပန္လႊတ္ေပးေနေရး ညွိႏႈိင္းေဆြးေႏြးေနတာ သေဘာတူမႈမရဘဲ ပ်က္သြားခဲ့ၿပီးေနာက္ ေမလ ၁၂ ရက္ညပိုင္းကေန ဒီေန႔အထိ စစ္တပ္နဲ႔ မင္းတပ္ေဒသခံ ကာကြယ္ေရးတပ္ေတြၾကား အျပန္အလွန္ ပစ္ခတ္ေနၾကပါတယ္။ မင္းတပ္ၿမိဳ႕နား ေက်ာက္ထုၿမိဳ႕ကေန စစ္တပ္ဘက္က လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္တိုက္ခိုက္ေနတယ္လို႔ ေဒသခံကာကြယ္ေရးတပ္ ေခါင္းေဆာင္တဦးက ေျပာပါတယ္။

"က်ေနာ္တို႔ မေန႔ညကစၿပီး တိုက္ပြဲအျပင္းအထန္ျဖစ္ၿပီး အခုက်ေနာ္တို႔ မင္းတပ္ၿမိဳ႕နဲ႔ ၁၈ မိုင္ေလာက္အကြာမွာ ေက်ာက္ထုဆိုတဲ့ၿမိဳ႕ အဲဒီမွာ သူကေလတပ္ရွိတယ္။ အေျမာက္တပ္ရွိတယ္။ သူတို႔ အခုက်ေနာ္တို႔ မင္းတပ္ကို မနက္ အေစာပိုင္းကေနအခုခ်ိန္ထိ အေျမာက္ေတြေတာက္ေလွ်ာက္ပစ္ေနၿပီး သူတို႔အစီအစဥ္နဲ႔ တက္ဖို႔ ၾကိဳးစားေနတယ္။ က်ေနာ္တို႔ ၿမိဳ႕နဲ႔ ၆ မိုင္အေက်ာ္ေလာက္မွာ သူတို႔ မတက္နိုင္ေအာင္ က်ေနာ္တို႔ တိုက္ခိုက္ေနတယ္။ ကာကြယ္ေနတယ္ေပါ့။ တိုက္ပြဲေတာ့ျပင္းထန္ေနတယ္အခုခ်ိန္မွာ။"

ဒီကေန႔ညေန ၃ နာရီအခ်ိန္က သူေျပာခဲ့တာျဖစ္ပါတယ္။ စစ္တပ္က ေက်ာက္ထုၿမိဳ႕မွာ အင္အားျဖည့္ၿပီး မင္းတပ္ကို ထုိးစစ္ဆင္ဖုိ႔ ႀကိဳးစားေနတာကို ကာကြယ္ေရးအဖဲြ႔ေတြက ခုခံတိုက္ခိုက္ေနတယ္လို႔ ဆိုပါတယ္။ ညတုန္းကလည္း မင္းတပ္ၿမိဳ႕တြင္းမွာ ပစ္ခတ္တိုက္ခိုက္မႈေတြ ႐ွိခဲ့တယ္လို႔ မင္းတပ္ၿမိဳ႕ခံက ေျပာပါတယ္။

"ၿမိဳ႕ထဲမွာက်ေတာ့ ညက ဘဏ္ရံုးမွာ ဘဏ္ရံုးမွာ တေနရာရယ္။ ရဲစခန္းမွာ တေနရာရယ္၊ အဲဒီမွာ ပစ္ခတ္ၾကတယ္။"

မေန႔ကနဲ႔ ဒီေန႔ အျပန္အလွန္တိုက္ပဲြေတြအတြင္း မင္းတပ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဘက္က ေသဆံုး ဒဏ္ရာရတဲ့အေျခအေနကိုလည္း ဆက္ေျပာျပပါတယ္။

"က်ေနာ္တို႔ဘက္က လူငယ္ေတြ ၆ ေယာက္ေလာက္ေတာ့ ဗံုးဆံမွန္ၿပီးေတာ့ဒဏ္ရာရသြားတယ္။ တေယာက္ကေတာ့ က်ေနာ္တို႔ PDF ဘက္က က်ဆုံးသြားတယ္ေပါ့ေနာ္။ က်ေနာ္တို႔ဘက္က ကားမိုင္းေၾကာင့္ သူတို႕က်ဆုံးတဲ့ စစ္သားေတြရွိတယ္။ က်ေနာ္တို႔ ပစ္တာေတြနဲ႔ ထိခိုက္တာေတြ ရွိတယ္။ ဒါေပမဲ့ က်ေနာ္တို႔က အတည္ျပဳ မေျပာနိုင္ဘူးေပါ့ေနာ္။"

မင္းတပ္ၿမိဳ႕ထဲမွာ တပ္စြဲထားတဲ့ အမွတ္၂၇၄ တပ္ရင္းအျပင္ ေက်ာက္ထုဘက္က လာတဲ့ စစ္ကူ၊ မတူပီဘက္ကလာတဲ့ စစ္ကူေတြနဲ႔ တိုက္ခိုက္မယ့္ပံုရတဲ့အတြက္ ခုခံတိုက္သြားရမယ္လို႔ ကာကြယ္ေရးတပ္ေခါင္းေဆာင္တဦးက ေျပာပါတယ္။

"ေလာေလာဆယ္ က်ေနာ္တို႔ ဒီဟာတက္မလာနိုင္ေအာင္ထိန္းခ်ဳပ္ထားတယ္။ အေနာက္ဘက္စစ္မ်က္ႏွာမွာလည္း က်ေနာ္တို႔နဲ႔ မိုင္ ၁၀၀ ေ၀းတဲ့ မတူပီကေန ကား ၆ စီးနဲ႔ အခုလာေနတယ္။ ဆိုေတာ့ က်ေနာ္တို႔က ႏွစ္ဘက္ညွပ္ၿပီးမွ အတိုက္ခံရမယ့္ အေနအထားရွိတယ္။"

မင္းတပ္ၿမိဳ႕ အနီးဝန္းက်င္ရွိ ရြာေတြက ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြကလည္း မင္းတပ္ၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးအဖဲြ႔ေတြနဲ႔ ပူးေပါင္းအားျဖည့္ထားတယ္လို႔ သူက ဆိုပါတယ္။ မင္းတပ္ၿမိဳ႕မွာေတာ့ သက္ႀကီးပိုင္းေတြ၊ အမ်ိဳးသမီး၊ ကေလးသူငယ္ေတြ အားလုံးနီးပါး မေန႔ထဲက ေနရပ္ကေန တိမ္းေရွာင္သြားခဲ့ၾကပါတယ္။

မင္းတပ္ၿမိဳ႕ဘက္ ပစ္ခတ္တိုက္ခိုက္မႈ အေျခအေနကို သိရွိဖို႔ တပ္မေတာ္ေျပာခြင့္ရကို ဆက္သြယ္ခဲ့ေပမဲ့ မရခဲ့ပါဘူး။

မင္းတပ္မွာ ဧၿပီလ ၂၄ ရက္ေန႔က ဆႏၵျပသူတခ်ဳိ႕ကို စစ္တပ္က ဖမ္းဆီးခဲ့တာေၾကာင့္ စစ္တပ္နဲ႔ ေဒသခံကာကြယ္ေရးတပ္ေတြ အျပန္အလွန္ ပစ္ခတ္မႈ စတင္ခဲ့တာပါ။ ဧၿပီ ၂၇ ရက္မွာေတာ့ ႏွစ္ဘက္ၾကား ညိွႏိႈင္းမႈေတြ စလုပ္ခဲ့တဲ့အတြက္ ပစ္ခတ္တိုက္ခိုက္မႈေတြ ရပ္ခဲ့ပါတယ္။

ဒါေပမဲ့ မင္းတပ္ကာကြယ္ေရးအဖဲြ႔ေတြဘက္က ေတာင္းဆိုေနတဲ့သူ ၅ ေယာက္ကို စစ္တပ္က ျပန္လႊတ္မေပးတဲ့အတြက္ ေမလ ၁၂ ရက္ေန႔မြန္းလြဲပိုင္းက စၿပီး ႏွစ္ဘက္သေဘာတူထားတဲ့ အပစ္ခတ္ရပ္စဲမႈ ပ်က္ျပယ္သြားခဲ့ၿပီး ညပိုင္းမွာ တိုက္ခိုက္မႈေတြ ျပန္လည္ ျဖစ္ပြားေနတာျဖစ္ပါတယ္။

မင္းတပ္မွာ ညဦးပိုင္းအထိ ပစ္ခတ္မႈေတြရွိေနခဲ့တယ္လုိ႔ ဗီြအိုေအက သတင္းရၿပီး ည ၈ နာရီ ျမဝတီသတင္းမွာေတာ့ မင္းတပ္မွာ စစ္အုပ္ခ်ဳပ္ေရး ထုတ္ျပန္တဲ့အေၾကာင္း ေၾကညာသြားပါတယ္။ မင္းတပ္ၿမိဳ႕ဟာ အေနာက္ေျမာက္တိုင္း စစ္ဌာနခ်ဳပ္ နယ္ေျမထဲမွာ ပါတဲ့အတြက္ တိုင္းမွဴးကို အုပ္ခ်ဳပ္ေရးနဲ႔ တရားစီရင္ေရးဆိုင္ရာ စစ္အုပ္ခ်ဳပ္ေရး (Martial Law) ကို က်င့္သံုးဖို႔ အပ္ႏွင္းလိုက္တဲ့အေၾကာင္း ျမဝတီကေၾကညာသြားတဲ့ စစ္ေကာင္စီအမိန္႔ထဲမွာ ေဖာ္ျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မင်းတပ်မှာ စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးအဖွဲ့ကြား တိုက်ပွဲပြန်ဖြစ်

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးအဖွဲ့တွေကြား ပစ်ခတ်မှုတွေ ပြန်ဖြစ်နေပါတယ်။ ဖမ်းဆီးခံထားရတဲ့ ဆန္ဒပြသူတွေ ပြန်လွှတ်ပေးရေး ညှိနှိုင်းမှု ပျက်သွားခဲ့ပြီးနောက် ခုလို နှစ်ဘက် ပြန်တိုက်ခိုက်နေကြတာပါ။ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တဲ့အတွက် ကာကွယ်ရေးတပ်တွေဘက်မှာ သေဆုံးဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်တပ်က ဆက်လက်ဖမ်းဆီးထားတဲ့ ဆန္ဒပြသူ ၅ ဦးပြန်လွှတ်ပေးနေရေး ညှိနှိုင်းဆွေးနွေးနေတာ သဘောတူမှုမရဘဲ ပျက်သွားခဲ့ပြီးနောက် မေလ ၁၂ ရက်ညပိုင်းကနေ ဒီနေ့အထိ စစ်တပ်နဲ့ မင်းတပ်ဒေသခံ ကာကွယ်ရေးတပ်တွေကြား အပြန်အလှန် ပစ်ခတ်နေကြပါတယ်။ မင်းတပ်မြို့နား ကျောက်ထုမြို့ကနေ စစ်တပ်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ဒေသခံကာကွယ်ရေးတပ် ခေါင်းဆောင်တဦးက ပြောပါတယ်။

"ကျနော်တို့ မနေ့ညကစပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ပြီး အခုကျနော်တို့ မင်းတပ်မြို့နဲ့ ၁၈ မိုင်လောက်အကွာမှာ ကျောက်ထုဆိုတဲ့မြို့ အဲဒီမှာ သူကလေတပ်ရှိတယ်။ အမြောက်တပ်ရှိတယ်။ သူတို့ အခုကျနော်တို့ မင်းတပ်ကို မနက် အစောပိုင်းကနေအခုချိန်ထိ အမြောက်တွေတောက်လျှောက်ပစ်နေပြီး သူတို့အစီအစဉ်နဲ့ တက်ဖို့ ကြိုးစားနေတယ်။ ကျနော်တို့ မြို့နဲ့ ၆ မိုင်အကျော်လောက်မှာ သူတို့ မတက်နိုင်အောင် ကျနော်တို့ တိုက်ခိုက်နေတယ်။ ကာကွယ်နေတယ်ပေါ့။ တိုက်ပွဲတော့ပြင်းထန်နေတယ်အခုချိန်မှာ။"

ဒီကနေ့ညနေ ၃ နာရီအချိန်က သူပြောခဲ့တာဖြစ်ပါတယ်။ စစ်တပ်က ကျောက်ထုမြို့မှာ အင်အားဖြည့်ပြီး မင်းတပ်ကို ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာကို ကာကွယ်ရေးအဖွဲ့တွေက ခုခံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။ ညတုန်းကလည်း မင်းတပ်မြို့တွင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တယ်လို့ မင်းတပ်မြို့ခံက ပြောပါတယ်။

"မြို့ထဲမှာကျတော့ ညက ဘဏ်ရုံးမှာ ဘဏ်ရုံးမှာ တနေရာရယ်။ ရဲစခန်းမှာ တနေရာရယ်၊ အဲဒီမှာ ပစ်ခတ်ကြတယ်။"

မနေ့ကနဲ့ ဒီနေ့ အပြန်အလှန်တိုက်ပွဲတွေအတွင်း မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က သေဆုံး ဒဏ်ရာရတဲ့အခြေအနေကိုလည်း ဆက်ပြောပြပါတယ်။

"ကျနော်တို့ဘက်က လူငယ်တွေ ၆ ယောက်လောက်တော့ ဗုံးဆံမှန်ပြီးတော့ဒဏ်ရာရသွားတယ်။ တယောက်ကတော့ ကျနော်တို့ PDF ဘက်က ကျဆုံးသွားတယ်ပေါ့နော်။ ကျနော်တို့ဘက်က ကားမိုင်းကြောင့် သူတို့ကျဆုံးတဲ့ စစ်သားတွေရှိတယ်။ ကျနော်တို့ ပစ်တာတွေနဲ့ ထိခိုက်တာတွေ ရှိတယ်။ ဒါပေမဲ့ ကျနော်တို့က အတည်ပြု မပြောနိုင်ဘူးပေါ့နော်။"

မင်းတပ်မြို့ထဲမှာ တပ်စွဲထားတဲ့ အမှတ်၂၇၄ တပ်ရင်းအပြင် ကျောက်ထုဘက်က လာတဲ့ စစ်ကူ၊ မတူပီဘက်ကလာတဲ့ စစ်ကူတွေနဲ့ တိုက်ခိုက်မယ့်ပုံရတဲ့အတွက် ခုခံတိုက်သွားရမယ်လို့ ကာကွယ်ရေးတပ်ခေါင်းဆောင်တဦးက ပြောပါတယ်။

"လောလောဆယ် ကျနော်တို့ ဒီဟာတက်မလာနိုင်အောင်ထိန်းချုပ်ထားတယ်။ အနောက်ဘက်စစ်မျက်နှာမှာလည်း ကျနော်တို့နဲ့ မိုင် ၁၀၀ ဝေးတဲ့ မတူပီကနေ ကား ၆ စီးနဲ့ အခုလာနေတယ်။ ဆိုတော့ ကျနော်တို့က နှစ်ဘက်ညှပ်ပြီးမှ အတိုက်ခံရမယ့် အနေအထားရှိတယ်။"

မင်းတပ်မြို့ အနီးဝန်းကျင်ရှိ ရွာတွေက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကလည်း မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းအားဖြည့်ထားတယ်လို့ သူက ဆိုပါတယ်။ မင်းတပ်မြို့မှာတော့ သက်ကြီးပိုင်းတွေ၊ အမျိုးသမီး၊ ကလေးသူငယ်တွေ အားလုံးနီးပါး မနေ့ထဲက နေရပ်ကနေ တိမ်းရှောင်သွားခဲ့ကြပါတယ်။

မင်းတပ်မြို့ဘက် ပစ်ခတ်တိုက်ခိုက်မှု အခြေအနေကို သိရှိဖို့ တပ်မတော်ပြောခွင့်ရကို ဆက်သွယ်ခဲ့ပေမဲ့ မရခဲ့ပါဘူး။

မင်းတပ်မှာ ဧပြီလ ၂၄ ရက်နေ့က ဆန္ဒပြသူတချို့ကို စစ်တပ်က ဖမ်းဆီးခဲ့တာကြောင့် စစ်တပ်နဲ့ ဒေသခံကာကွယ်ရေးတပ်တွေ အပြန်အလှန် ပစ်ခတ်မှု စတင်ခဲ့တာပါ။ ဧပြီ ၂၇ ရက်မှာတော့ နှစ်ဘက်ကြား ညှိနှိုင်းမှုတွေ စလုပ်ခဲ့တဲ့အတွက် ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်ခဲ့ပါတယ်။

ဒါပေမဲ့ မင်းတပ်ကာကွယ်ရေးအဖွဲ့တွေဘက်က တောင်းဆိုနေတဲ့သူ ၅ ယောက်ကို စစ်တပ်က ပြန်လွှတ်မပေးတဲ့အတွက် မေလ ၁၂ ရက်နေ့မွန်းလွဲပိုင်းက စပြီး နှစ်ဘက်သဘောတူထားတဲ့ အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်သွားခဲ့ပြီး ညပိုင်းမှာ တိုက်ခိုက်မှုတွေ ပြန်လည် ဖြစ်ပွားနေတာဖြစ်ပါတယ်။

မင်းတပ်မှာ ညဦးပိုင်းအထိ ပစ်ခတ်မှုတွေရှိနေခဲ့တယ်လို့ ဗွီအိုအေက သတင်းရပြီး ည ၈ နာရီ မြဝတီသတင်းမှာတော့ မင်းတပ်မှာ စစ်အုပ်ချုပ်ရေး ထုတ်ပြန်တဲ့အကြောင်း ကြေညာသွားပါတယ်။ မင်းတပ်မြို့ဟာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေထဲမှာ ပါတဲ့အတွက် တိုင်းမှူးကို အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) ကို ကျင့်သုံးဖို့ အပ်နှင်းလိုက်တဲ့အကြောင်း မြဝတီကကြေညာသွားတဲ့ စစ်ကောင်စီအမိန့်ထဲမှာ ဖော်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG