သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မင္းတပ္အပစ္ရပ္သေဘာတူညီခ်က္ပ်က္၊ ပဋိပကၡဘက္ဦးတည္ေန


ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕။ (ေမ ၂၉၊ ၂၀၁၉)

[Zawgyi/Unicode]

ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ စစ္ေကာင္စီတပ္ဘက္ကေန ဖမ္းဆီးထားတဲ့ လူငယ္ေတြကို ျပန္မလႊတ္ေပးတဲ့အတြက္ မင္းတပ္ကာကြယ္ေရးတပ္ဖြဲ႕နဲ႔ စစ္ေကာင္စီႏွင့္အၾကား အပစ္ရပ္ သေဘာတူညီထားမႈ ဒီကေန႔မွာ ပ်က္ျပယ္သြားၿပီလို႔ ကာကြယ္ေရးတပ္ေခါင္းေဆာင္ေတြက ေျပာပါတယ္။ ဗီြအိုေအသတင္းေထာက္ ကိုႏိုင္ကြန္းအိန္ကေန သတင္းေပးပို႔ထားပါတယ္။

ႏွစ္ဘက္ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြါးအၿပီး ရက္သတၱႏွစ္ပတ္ေက်ာ္အၾကာ ေတြ႔ဆုံေဆြးေႏြးညိွႏိႈင္းေနၾကတဲ့ စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ မင္းတပ္ၿမိဳ႕ ကာကြယ္ေရးတပ္ဖြဲ႕ေတြအၾကား ေဆြးေႏြးမႈ မေျပလည္လို႔ ဒီကေန႔မွာ အပစ္ရပ္သေဘာတူညီခ်က္ ပ်က္ျပယ္သြားၿပီ ျဖစ္ပါတယ္။

ကာကြယ္ေရးတပ္ဖြဲ႔ဘက္က ေတာင္းဆိုတဲ့ ဖမ္းဆီးခံလူငယ္ ၅ ဦး ျပန္မလႊတ္ေပးတဲ့အတြက္ စစ္ေကာင္စီနဲ႔ အပစ္ခတ္ရပ္စဲမႈ ပ်က္ျပယ္သြားၿပီးလို႔ ကာကြယ္ေရးတပ္ေခါင္းေဆာင္တဦးကေျပာပါတယ္။

"ပ်က္ျပယ္သြားၿပီခင္ဗ်။ က်ေနာ္တို႔ ဒီေန႔ ေန႔လယ္ေဆြးေႏြးခ်က္မွာ ၅ ေယာက္ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားတဲ့ဟာ ၄ ေယာက္ပဲ လႊတ္ေပးမယ္။ တေယာက္ကိုေတာ့ မလႊတ္ေပးဘူး။ ၿပီးေတာ့ တရားသူႀကီးလာမွ ဒီကိစၥကို စီစဥ္ရမယ္။ ၿပီးမွ ဆမီးဘက္သြားမယ့္ စစ္ကားေတြ ျပန္ဆင္းလာမယ္။ အဲဒါ လႊတ္ေပးရမယ္ဆိုတဲ့ ေဆြးေႏြးခ်က္ေတြ ရွိတဲ့အတြက္ၾကာင့္ ဒီေန႔ ေဆြးေႏြးခ်က္က မေအာင္ျမင္ဘူး။ ပ်က္ျပယ္သြားၿပီ။"

ၿပီးခဲ့တဲ့အပတ္ေတြတုန္းက ခ်င္းျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ကေန သူတို႔လူ ၆ ေယာက္ဖမ္းထားတာကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ေပမဲ့ တေယာက္ကေတာ့ သူတို႔ လုပ္ငန္းနဲ႔ မပက္သက္လို႔ ၅ ေယာက္သာျပန္လႊတ္ေပးဖို႔ ျပန္လည္ျပင္ဆင္ေတာင္းဆိုခဲ့တာပါ။

စစ္ေကာင္စီနဲ႔ အပစ္ခတ္ရပ္စဲမႈ ပ်က္ျပယ္သြားၿပီ ျဖစ္တာေၾကာင့္ မင္းတပ္ဧရိယာအတြင္းမွာ စစ္ေကာင္စီတပ္ေတြကို ဆက္လက္ ခုခံတိုက္ခိုက္သြားမယ္လို႔ အဆိုပါ ကာကြယ္ေရးတပ္ေခါင္းေဆာင္ကပဲ ဆက္ေျပာပါတယ္။

"ပ်က္ျပယ္သြားၿပီးဆိုေတာ့ စစ္ကား၊ ရဲကားေတြ က်ေနာ္တို႔ ၿမိဳ႕ေပၚ က်ေနာ္တို႔ မင္းတပ္ဧရိယာအတြင္းမွာ ေတြ႔မယ္။ စပစ္ေတာ့မယ္။"

ခ်င္းျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ဘက္ကေန ဧျပီလ ၂၆ ရက္ေန႔က စစ္ေကာင္စီတပ္ဘက္က ဖမ္းဆီးသြားတဲ့ လူငယ္ေတြကို ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့တာ ႏွစ္ပတ္ခန္႔ ၾကာျမင့္ခဲ့ၿပီ ျဖစ္ပါတယ္။

ဒီေန႔ ေတြ႕ဆုံညိွႏိႈင္းမႈမွာ လူငယ္ ၄ ဦးကို ျပန္လႊတ္ေပးဖို႔ မူအားျဖင့္ သေဘာတူေပမဲ့ တျခား လူငယ္တဦးကိုေတာ့ ဥပေဒအေၾကာင္းအရာအရ စိစစ္သြားရမွာမို႔ မလႊတ္ေပးဘူးလို႔ စစ္ေကာင္စီတပ္ဘက္က ေျပာဆိုခဲ့ေၾကာင္း မင္းတပ္ျပည္သူ႔ကာကြယ္ေရးအဖြဲ႕၀င္တဦးကေျပာပါတယ္။

"တေယာက္က်ေတာ့ က်ေနာ္တို႔က ဒလန္ဆိုၿပီးေတာ့ က်ေနာ္တို႔ ျပည္သူဘက္က ေျပာတယ္ေပါ့။ အဲဒီ လူက ေသသြားတဲ့ဟာကို သူတို႔က လူသတ္မႈနဲ႔ မသကၤာလို႔ လာဖမ္းသြားတာ။ က်ေနာ္တို႔အဖြဲ႕ထဲက တေယာက္။ အဲဒါကိုက်ေတာ့ လူေသမႈျဖစ္တဲ့အတြက္ေၾကာင့္ ဥပေဒနဲ႔ စြဲၿပီးသားျဖစ္တယ္။ ဒါေၾကာင့္ သူ႔ကိုေတာ့ျပန္မလႊတ္နိုင္ဘူး။ သူတို႔ကသေဘာမတူဘူး။"

လက္ရွိ မင္းတပ္ၿမိဳ႕မွာ လူအမ်ားအျပား တိမ္းေရွာင္ေနၾကသလို ေဒသတြင္း စစ္ေရးဘက္ကို ျပန္လည္ဦးတည္လာေနတယ္လို႔ သူကဆက္ေျပာပါတယ္။

"က်ေနာ္တို႔ ၿမိဳ႕ထဲမွာ တေယာက္မွ မရွိေတာ့ဘူး ျပည္သူေတြကေတာ့။ သူတို႔က အကုန္လုံးေျပးကုန္ၿပီ။ တျခားရြာဘက္မွာ ေျပးၾကတယ္။ ၿမိဳ႕ထဲမွာ တေယာက္မွ မရွိေတာ့ပါဘူး။ အိမ္ထဲမွာ ပုန္းတဲ့သူလည္း နည္းနည္းပါးပါးပုန္းတာေပါ့။ ဒါေပမဲ့ ေျပးတဲ့သူက အမ်ားဆုံးပဲ။ ႏွစ္ဘက္ၾကားမွာ စစ္ေရးပဋိပကၡဘက္မွာပဲ ဦးတည္လာတယ္။"

အခုလို စစ္ေကာင္စီနဲ႕ မင္းတပ္ၿမိဳ႕ ကာကြယ္ေရးတပ္ဖြဲ႕တို႕အၾကား သေဘာတူညီခ်က္ ပ်က္ျပယ္သြားတဲ့အတြက္ မင္းတပ္ၿမိဳ႕မွာ အခ်ိန္မေရြး ပစ္ခတ္မႈ ျပန္လည္ျဖစ္ေပၚလာနိုင္ၿပီး ျပည္သူေတြအေနနဲ႔ အိမ္တြင္းမွာသာေနဖို႔ ျမန္မာ စစ္တပ္ ၂၇၄ တပ္ရင္း စုေပါင္း႐ုံး၊ ရဲစခန္းစတဲ့ ေနရာေတြအနား သြားလာတာ ေရွာင္ရွားၾကဖို႔ကိုလည္း မင္းတပ္ၿမိဳ႕ ပည္သူ႔အုပ္ခ်ဳပ္ေရးအဖြဲ႕က ထုတ္ျပန္ထားပါတယ္။

ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕မွာ အာဏာသိမ္းစစ္ေကာင္စီနဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕တို႔ ဧၿပီလ ၂၄၊ ၂၆၊ ၂၇ ရက္ေန႔တို႔မွာ တိုက္ပြဲျဖစ္ပြားခဲ့အၿပီး စစ္ေကာင္စီနဲ႔ ျပည္သူကာကြယ္ေရးတပ္ဖြဲ႕တို႔ ေတြ႕ဆုံေဆြးေႏြးျပီးေတာ့ ယာယီအပစ္ခတ္ရပ္စဲထားရာကေန ဒီေန႔မွာ ပ်က္ျပယ္သြားတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မင်းတပ်အပစ်ရပ်သဘောတူညီချက်ပျက်၊ ပဋိပက္ခဘက်ဦးတည်နေ

ချင်းပြည်နယ် မင်းတပ်မြို့မှာ စစ်ကောင်စီတပ်ဘက်ကနေ ဖမ်းဆီးထားတဲ့ လူငယ်တွေကို ပြန်မလွှတ်ပေးတဲ့အတွက် မင်းတပ်ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီနှင့်အကြား အပစ်ရပ် သဘောတူညီထားမှု ဒီကနေ့မှာ ပျက်ပြယ်သွားပြီလို့ ကာကွယ်ရေးတပ်ခေါင်းဆောင်တွေက ပြောပါတယ်။ ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။

နှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွါးအပြီး ရက်သတ္တနှစ်ပတ်ကျော်အကြာ တွေ့ဆုံဆွေးနွေးညှိနှိုင်းနေ

ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့နဲ့ မင်းတပ်မြို့ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား ဆွေးနွေးမှု မပြေလည်လို့ ဒီကနေ့မှာ အပစ်ရပ်သဘောတူညီချက် ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

ကာကွယ်ရေးတပ်ဖွဲ့ဘက်က တောင်းဆိုတဲ့ ဖမ်းဆီးခံလူငယ် ၅ ဦး ပြန်မလွှတ်ပေးတဲ့အတွက် စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်သွားပြီးလို့ ကာကွယ်ရေးတပ်ခေါင်းဆောင်တဦးကပြောပါတယ်။

"ပျက်ပြယ်သွားပြီခင်ဗျ။ ကျနော်တို့ ဒီနေ့ နေ့လယ်ဆွေးနွေးချက်မှာ ၅ ယောက်ပြန်လွှတ်ပေးဖို့ တောင်းဆိုထားတဲ့ဟာ ၄ ယောက်ပဲ လွှတ်ပေးမယ်။ တယောက်ကိုတော့ မလွှတ်ပေးဘူး။ ပြီးတော့ တရားသူကြီးလာမှ ဒီကိစ္စကို စီစဉ်ရမယ်။ ပြီးမှ ဆမီးဘက်သွားမယ့် စစ်ကားတွေ ပြန်ဆင်းလာမယ်။ အဲဒါ လွှတ်ပေးရမယ်ဆိုတဲ့ ဆွေးနွေးချက်တွေ ရှိတဲ့အတွက်ကြာင့် ဒီနေ့ ဆွေးနွေးချက်က မအောင်မြင်ဘူး။ ပျက်ပြယ်သွားပြီ။"

ပြီးခဲ့တဲ့အပတ်တွေတုန်းက ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကနေ သူတို့လူ ၆ ယောက်ဖမ်းထားတာကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပေမဲ့ တယောက်ကတော့ သူတို့ လုပ်ငန်းနဲ့ မပက်သက်လို့ ၅ ယောက်သာပြန်လွှတ်ပေးဖို့ ပြန်လည်ပြင်ဆင်တောင်းဆိုခဲ့တာပါ။

စစ်ကောင်စီနဲ့ အပစ်ခတ်ရပ်စဲမှု ပျက်ပြယ်သွားပြီ ဖြစ်တာကြောင့် မင်းတပ်ဧရိယာအတွင်းမှာ စစ်ကောင်စီတပ်တွေကို ဆက်လက် ခုခံတိုက်ခိုက်သွားမယ်လို့ အဆိုပါ ကာကွယ်ရေးတပ်ခေါင်းဆောင်ကပဲ ဆက်ပြောပါတယ်။

"ပျက်ပြယ်သွားပြီးဆိုတော့ စစ်ကား၊ ရဲကားတွေ ကျနော်တို့ မြို့ပေါ် ကျနော်တို့ မင်းတပ်ဧရိယာအတွင်းမှာ တွေ့မယ်။ စပစ်တော့မယ်။"

ချင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်ကနေ ဧပြီလ ၂၆ ရက်နေ့က စစ်ကောင်စီတပ်ဘက်က ဖမ်းဆီးသွားတဲ့ လူငယ်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့တာ နှစ်ပတ်ခန့် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီနေ့ တွေ့ဆုံညှိနှိုင်းမှုမှာ လူငယ် ၄ ဦးကို ပြန်လွှတ်ပေးဖို့ မူအားဖြင့် သဘောတူပေမဲ့ တခြား လူငယ်တဦးကိုတော့ ဥပဒေအကြောင်းအရာအရ စိစစ်သွားရမှာမို့ မလွှတ်ပေးဘူးလို့ စစ်ကောင်စီတပ်ဘက်က ပြောဆိုခဲ့ကြောင်း မင်းတပ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးကပြောပါတယ်။

"တယောက်ကျတော့ ကျနော်တို့က ဒလန်ဆိုပြီးတော့ ကျနော်တို့ ပြည်သူဘက်က ပြောတယ်ပေါ့။ အဲဒီ လူက သေသွားတဲ့ဟာကို သူတို့က လူသတ်မှုနဲ့ မသင်္ကာလို့ လာဖမ်းသွားတာ။ ကျနော်တို့အဖွဲ့ထဲက တယောက်။ အဲဒါကိုကျတော့ လူသေမှုဖြစ်တဲ့အတွက်ကြောင့် ဥပဒေနဲ့ စွဲပြီးသားဖြစ်တယ်။ ဒါကြောင့် သူ့ကိုတော့ပြန်မလွှတ်နိုင်ဘူး။ သူတို့ကသဘောမတူဘူး။"

လက်ရှိ မင်းတပ်မြို့မှာ လူအများအပြား တိမ်းရှောင်နေကြသလို ဒေသတွင်း စစ်ရေးဘက်ကို ပြန်လည်ဦးတည်လာနေတယ်လို့ သူကဆက်ပြောပါတယ်။

"ကျနော်တို့ မြို့ထဲမှာ တယောက်မှ မရှိတော့ဘူး ပြည်သူတွေကတော့။ သူတို့က အကုန်လုံးပြေးကုန်ပြီ။ တခြားရွာဘက်မှာ ပြေးကြတယ်။ မြို့ထဲမှာ တယောက်မှ မရှိတော့ပါဘူး။ အိမ်ထဲမှာ ပုန်းတဲ့သူလည်း နည်းနည်းပါးပါးပုန်းတာပေါ့။ ဒါပေမဲ့ ပြေးတဲ့သူက အများဆုံးပဲ။ နှစ်ဘက်ကြားမှာ စစ်ရေးပဋိပက္ခဘက်မှာပဲ ဦးတည်လာတယ်။"

အခုလို စစ်ကောင်စီနဲ့ မင်းတပ်မြို့ ကာကွယ်ရေးတပ်ဖွဲ့တို့အကြား သဘောတူညီချက် ပျက်ပြယ်သွားတဲ့အတွက် မင်းတပ်မြို့မှာ အချိန်မရွေး ပစ်ခတ်မှု ပြန်လည်ဖြစ်ပေါ်လာနိုင်ပြီး ပြည်သူတွေအနေနဲ့ အိမ်တွင်းမှာသာနေဖို့ မြန်မာ စစ်တပ် ၂၇၄ တပ်ရင်း စုပေါင်းရုံး၊ ရဲစခန်းစတဲ့ နေရာတွေအနား သွားလာတာ ရှောင်ရှားကြဖို့ကိုလည်း မင်းတပ်မြို့ ပည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အာဏာသိမ်းစစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ဧပြီလ ၂၄၊ ၂၆၊ ၂၇ ရက်နေ့တို့မှာ တိုက်ပွဲဖြစ်ပွားခဲ့အပြီး စစ်ကောင်စီနဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီးတော့ ယာယီအပစ်ခတ်ရပ်စဲထားရာကနေ ဒီနေ့မှာ ပျက်ပြယ်သွားတာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG