[Zawgyi/Unicode]
ခ်င္းျပည္နယ္ မင္းတပ္ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြအၾကား မေန႔ပစ္ခတ္ တိုက္ခိုက္မႈ အၿပီး ညေနပိုင္း ႏွစ္ဘက္အဖြဲ႕ေဆြးေႏြးညိွႏိႈင္းခ်က္ေျပလည္သြားတဲ့အတြက္ ဖမ္းဆီးထားတဲ့ လူငယ္တခ်ိဳ႕ျပန္လႊတ္ေပးခဲ့ပါတယ္။ က်န္ရွိေနေသးတဲ့ ဖမ္းဆီးထားတဲ့ လူငယ္တခ်ိဳ႕ျပန္လႊတ္ေပးဖို႔ အပါအ၀င္ တျခားတခ်က္ေတြ ေဆြးေႏြးသြားမယ္လို႔လည္း ဆိုပါတယ္။ ဗီြအိုေအသတင္းေထာက္ ကိုႏိုင္ကြန္းအိန္ကေနေျပာျပေပးမွာပါ။
ခ်င္းျပည္နယ္၊ မင္းတပ္ၿမိဳ႕မွာ ဧျပီ ၂၇ မေန႔ မနက္အေစာပိုင္းက စစ္ေကာင္စီတပ္ဖြဲ႕ေတြနဲ႔ မင္းတပ္ျပည္သူ႔ ကာကြယ္ေရးအဖြဲ႔အၾကား ပစ္ခတ္မႈ ျဖစ္ပြါးခဲ့ေပမဲ့ ညေနပိုင္းမွာ ႏွစ္ဘက္ေတြ႕ဆုံေဆြးေႏြးရာမွာေတာ့ ည ၁၀ နာရီေလာက္မွာ ေျပလည္သြားခဲ့ပါတယ္။
ႏွစ္ဘက္ညိွႏိႈင္းေဆြးေႏြးခဲ့တဲ့အခ်က္ေတြကိုေတာ့ မင္းတပ္ၿမိဳ႕ကာကြယ္ေရးအဖြဲ႕ေခါင္းေဆာင္တဦးက ဗြီအိုေအကို အခုလိုေျပာပါတယ္။
"ညက သေဘာတူညီထားတဲ့ဟာ က်ေနာ္တို႔ ကေလးေတြ ၇ ဦးကို ျပန္လႊတ္ေပးတယ္။ သူတို႔ဆီက ပိတ္မိေနတဲ့ ဗ်ဴဟာမွဴးနဲ႕ စစ္သားတခ်ိဳ႕ကို က်ေနာ္တို႔ေအာက္ကို ျပန္ဆင္းဖို႕လမ္းဖြင့္ေပးတယ္။ အားလုံးျပန္မရုပ္ေသးဘူး။ နည္းနည္း က်န္ေသးတယ္။ သူတို႔ ၿမိဳ႕အျပင္မွာေပါ့ေနာ္။ ၂ မိုင္အကြာမွာ ရိွေနတယ္။ နည္းနည္း က်န္ေသးတယ္။ အေျမွာက္တပ္ ေတြေတာ့ျပန္ဆုတ္သြားၿပီ။"
ဧၿပီလ ၂၄ ရက္ေန႔က မင္းတပ္ၿမိဳ႕မွာ ဆႏၵျပသူအမ်ိဳးသမီး၊ အမ်ိဳးသား စုစုေပါင္း ၇ ဦးကို စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ဖမ္းဆီးသြားခဲ့ပါတယ္။
ဧၿပီလ ၂၆ ရက္ေန႔က မင္းတပ္ၿမိဳ႕အဝင္ ေဂါက္ကြင္းနားမွာ စစ္ေကာင္စီတပ္ဖြဲ႕ေတြရဲ့ ယာဥ္တန္းကို မင္းတပ္ၿမိဳ႕ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ေတြကေန ပစ္ခတ္တိုက္ခိုက္ခဲ့လို႔ စစ္တပ္ဘက္က က်ဆုံးဒဏ္ရာရရွိခဲ့သလို ယာဥ္ေတြလည္း ပ်က္စီးခဲ့ပါတယ္။
ဒီျဖစ္စဥ္ေတြမွာလည္း မင္းတပ္ၿမိဳ႕ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕တခ်ိဳ႕ ဖမ္းဆီးခံရမႈေတြရွိေနသလို သူတို႔တေတြေတာ့ ျပန္မလြတ္ေသးပါဘူး။
အဖမ္းခံကာကြယ္ေရးတပ္ဖြဲ႔ေတြ ျပန္လြတ္ေျမာက္ေရးနဲ႕တျခားအခ်က္ေတြကို စစ္ေကာင္စီတပ္ဖြဲ႕နဲ႔ မနက္ျဖန္မွ ေဆြးေႏြးမယ္လို႔ ကာကြယ္ေရးအဖြဲ႕ေခါင္းေဆာင္တဦးကေျပာပါတယ္။
"လက္နက္မႈနဲ႔ အဖမ္းခံထားရတဲ့အဖြဲ႕ေတြက က်န္ေသးတယ္။ ၆ ေယာက္က်န္ေသးတယ္။ စစ္တပ္က အႀကီးအကဲနဲ႔ ခရိုင္အုပ္ခ်ဳပ္ေရးမွဴးနဲ႔ မင္းတပ္က သာသနာေရးဆိုင္ရာ အႀကီးအကဲေတြ အားလုံးေပါ့ေနာ္။ ၿမိဳ႕မိၿမိဳ႕ဖေတြအပါအ၀င္ က်ေနာ္တို႔ဘက္က လူငယ္ေတြနဲ႕ ေဆြးေႏြးမယ္။ သူတို႔အရင္ဆုတ္ခိုင္းထားတာက အစိုးရအေဆာက္အဦးေတြမွာ ေနရာယူထားတယ္။ အဲဒါေတြကိုဖယ္ေပးဖို႔ သူတို႔က ေတာင္းတယ္။ က်ေနာ္တို႔ဘက္က ေတာင္းဆိုမွာက လက္နက္မႈနဲ႔ ဖမ္းထားတဲ့သူ ခ်ိဳ႕ယြင္းခ်က္ မရွိျပန္လႊတ္ေပးဖို႕။ စစ္သားေတြေဆးရံုနဲ႔ က်ေနာ္တို႔ ဘဏ္ရံုးေတြမွာ ေနရာယူထားတယ္္ ေထြအုပ္မွာလည္း ေနရာယူထားတယ္။ အဲဒါ သူတို႕ေနရာ၊ သူတို႔တပ္ရင္းထဲကိုျပန္သြားဖို႔။ ညလုံျခံဳေရးကိစၥကို က်ေနာ္တို႔ကပဲ တာ၀န္ယူမယ္။ သူတို႔ဘက္က ထြက္မလာဖို႔။ လက္နက္ကိုင္ၿပီးခါမွ ဘယ္သူမွၿမိဳ႕ထဲကို မသြားဖို႔ အဲဒါျပန္ေတာင္းဆိုမယ္။"
ဒီကေန႔မွာ ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ေခါင္းေဆာင္ေတြကေန မနက္ျဖန္ေဆြးေႏြးမယ့္ အေၾကာင္းအရာေတြကို အခ်င္းခ်င္း တိုင္ပင္ေနၾကတယ္လို႕ဆိုပါတယ္။
ခ်င္းျပည္နယ္ မင္းတပ္ၿမိဳ႕မွာ ဧၿပီလ ၂၄ ရက္ေန႔က ဗိုလ္ခ်ဳပ္ေၾကး႐ုပ္ေရွ႕မွာ စစ္ေကာင္စီအားဆန႔္က်င္ေၾကာင္း စကၠဴသပိတ္လိုက္လံကပ္ၾကတဲ့ အမ်ိဳးသမီး ၄ ဦးနဲ႔ အမ်ိဳးသား ၃ ဦး စုစုေပါင္း ၇ ဦး အဖမ္းခံခဲ့ရၿပီး ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုခဲ့ရာကေန မင္းတပ္ၿမိဳ႕ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ေတြနဲ႔ အစစ္ေကာင္စီတပ္မ်ားအၾကား ဧၿပီလ ၂၄၊ ၂၆ ႏွင့္ ၂၇ ရက္ေန႔တို႔မွာ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္ပြားခဲ့တာပါ။
ဒီတိုက္ပြဲေတြအတြင္း စစ္တပ္ဘက္က ေသဆုံးသူ စုစုေပါင္း ၂၀ ေယာက္ထက္မနည္း ရွိတယ္လို႔ ကာကြယ္ေရး တပ္ဖြဲ႕ဘက္က ေျပာေပမဲ့ သီးျခားအတည္မျပဳနိုင္ေသးပါဘူး။
ဒီတိုက္ပြဲေတြမွာ စစ္ေကာင္စီတပ္ဘက္က ေခတ္မီလက္နက္ လက္နက္ႀကီးေတြနဲ႔ ပစ္ခတ္ႏွိမ္းနင္းခဲ့သလို ျပည္သူ႔ ကာကြယ္ေရးတပ္ဖြဲ႕ေတြဘက္က ရိုးရာတူမီးေသနတ္နဲ႔သာ ခုခံကာကြယ္တိုက္ခိုက္ခဲ့တယ္လို႔ ကာကြယ္ေရး ေခါင္းေဆာင္ေတြကေျပာပါတယ္။
လက္နက္အင္အားမမွ်ေပမဲ့ မင္းတပ္ၿမိဳ႕နယ္ရဲ႕ ခုခံကာကြယ္တဲ့ပုံစံကိုေတာ့ မင္းတပ္ကာကြယ္ေရးအဖြဲ႕ေခါင္းေဆာင္ တဦးကေျပာပါတယ္။
"က်ေနာ္တို႔ မင္းတပ္က အရပ္ ၄ မ်က္ႏွာမွာ ၀င္ေပါက္ေတြေတာ့ ရွိတယ္။ ဒါေပမဲ့အရပ္ ၄ မ်က္ႏွာတခုလုံးမွာ က်ေနာ္တို႔ ကာကြယ္ေရးတပ္ေတြ အားလုံးရွိတယ္။ က်ေနာ္တို႔က ကာကြယ္ေရးတပ္လို႔ ေျပာေပမဲ့လို႔ က်ေနာ္တို႔ထဲမွာ ဘာျဖစ္လဲဆိုေတာ့ ေက်းရြာတိုင္းေက်းရြာတိုင္းမွာ လက္နက္ရွိတဲ့ဟူသမွ် ေလးျမွားရွိတဲ့ဟူသမွ် အကုန္လုံးက ထြက္လာၿပီးကာမွ တသားထဲ၊ တေသြးထဲနဲ႕ လက္ေသတာမ်ိဳးျဖစ္ေနတာ။ အဲဒီလိုမ်ိဳး က်ေနာ္တို႔က အင္အားအရမ္း မ်ားတယ္။"
လက္ရွိမင္းတပ္ၿမိဳ႕အတြင္း ပစ္ခတ္မႈ ျငိမ္သက္ေနေပမဲ့ ျမန္မာစစ္တပ္ကေန မင္းတပ္ၿမိဳ႕နဲ႔ ၂ မို္င္အကြာမွာတဖြဲ႕ရွိေနသလို၊ ပခုကၠဴၿမိဳ႕နယ္၊ ေက်ာက္ထုဘက္မွာလည္း တပ္အင္အားစုေနတာေၾကာင့္ အခ်ိန္မေရြး ပစ္ခတ္မႈ ျဖစ္လာနိုင္တယ္လို႔လည္း ၿမိဳ႕ခံေတြကေျပာပါတယ္။
[Unicode Version]
မင်းတပ်မှာ ညှိနှိုင်းပြီး ဖမ်းခံရသူလူငယ် ၇ ဦး ပြန်လွတ်
ချင်းပြည်နယ် မင်းတပ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေအကြား မနေ့ပစ်ခတ် တိုက်ခိုက်မှု အပြီး ညနေပိုင်း နှစ်ဘက်အဖွဲ့ဆွေးနွေးညှိနှိုင်းချက်ပြေလည်သွားတဲ့အတွက် ဖမ်းဆီးထားတဲ့ လူငယ်တချို့ပြန်လွှတ်ပေးခဲ့ပါတယ်။ ကျန်ရှိနေသေးတဲ့ ဖမ်းဆီးထားတဲ့ လူငယ်တချို့ပြန်လွှတ်ပေးဖို့ အပါအဝင် တခြားတချက်တွေ ဆွေးနွေးသွားမယ်လို့လည်း ဆိုပါတယ်။ ဗွီအိုအေသတင်းထောက် ကိုနိုင်ကွန်းအိန်ကနေပြောပြပေးမှာပါ။
ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ ဧပြီ ၂၇ မနေ့ မနက်အစောပိုင်းက စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ မင်းတပ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့အကြား ပစ်ခတ်မှု ဖြစ်ပွါးခဲ့ပေမဲ့ ညနေပိုင်းမှာ နှစ်ဘက်တွေ့ဆုံဆွေးနွေးရာမှာတော့ ည ၁၀ နာရီလောက်မှာ ပြေလည်သွားခဲ့ပါတယ်။
နှစ်ဘက်ညှိနှိုင်းဆွေးနွေးခဲ့တဲ့အချက်တွေကိုတော့ မင်းတပ်မြို့ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။
"ညက သဘောတူညီထားတဲ့ဟာ ကျနော်တို့ ကလေးတွေ ၇ ဦးကို ပြန်လွှတ်ပေးတယ်။ သူတို့ဆီက ပိတ်မိနေတဲ့ ဗျူဟာမှူးနဲ့ စစ်သားတချို့ကို ကျနော်တို့အောက်ကို ပြန်ဆင်းဖို့လမ်းဖွင့်ပေးတယ်။ အားလုံးပြန်မရုပ်သေးဘူး။ နည်းနည်း ကျန်သေးတယ်။ သူတို့ မြို့အပြင်မှာပေါ့နော်။ ၂ မိုင်အကွာမှာ ရှိနေတယ်။ နည်းနည်း ကျန်သေးတယ်။ အမြှောက်တပ် တွေတော့ပြန်ဆုတ်သွားပြီ။"
ဧပြီလ ၂၄ ရက်နေ့က မင်းတပ်မြို့မှာ ဆန္ဒပြသူအမျိုးသမီး၊ အမျိုးသား စုစုပေါင်း ၇ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသွားခဲ့ပါတယ်။
ဧပြီလ ၂၆ ရက်နေ့က မင်းတပ်မြို့အဝင် ဂေါက်ကွင်းနားမှာ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ယာဉ်တန်းကို မင်းတပ်မြို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေကနေ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်တပ်ဘက်က ကျဆုံးဒဏ်ရာရရှိခဲ့သလို ယာဉ်တွေလည်း ပျက်စီးခဲ့ပါတယ်။
ဒီဖြစ်စဉ်တွေမှာလည်း မင်းတပ်မြို့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တချို့ ဖမ်းဆီးခံရမှုတွေရှိနေသလို သူတို့တတွေတော့ ပြန်မလွတ်သေးပါဘူး။
အဖမ်းခံကာကွယ်ရေးတပ်ဖွဲ့တွေ ပြန်လွတ်မြောက်ရေးနဲ့တခြားအချက်တွေကို စစ်ကောင်စီတပ်ဖွဲ့နဲ့ မနက်ဖြန်မှ ဆွေးနွေးမယ်လို့ ကာကွယ်ရေးအဖွဲ့ခေါင်းဆောင်တဦးကပြောပါတယ်။
"လက်နက်မှုနဲ့ အဖမ်းခံထားရတဲ့အဖွဲ့တွေက ကျန်သေးတယ်။ ၆ ယောက်ကျန်သေးတယ်။ စစ်တပ်က အကြီးအကဲနဲ့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ မင်းတပ်က သာသနာရေးဆိုင်ရာ အကြီးအကဲတွေ အားလုံးပေါ့နော်။ မြို့မိမြို့ဖတွေအပါအဝင် ကျနော်တို့ဘက်က လူငယ်တွေနဲ့ ဆွေးနွေးမယ်။ သူတို့အရင်ဆုတ်ခိုင်းထားတာက အစိုးရအဆောက်အဦးတွေမှာ နေရာယူထားတယ်။ အဲဒါတွေကိုဖယ်ပေးဖို့ သူတို့က တောင်းတယ်။ ကျနော်တို့ဘက်က တောင်းဆိုမှာက လက်နက်မှုနဲ့ ဖမ်းထားတဲ့သူ ချို့ယွင်းချက် မရှိပြန်လွှတ်ပေးဖို့။ စစ်သားတွေဆေးရုံနဲ့ ကျနော်တို့ ဘဏ်ရုံးတွေမှာ နေရာယူထားတယ် ထွေအုပ်မှာလည်း နေရာယူထားတယ်။ အဲဒါ သူတို့နေရာ၊ သူတို့တပ်ရင်းထဲကိုပြန်သွားဖို့။ ညလုံခြုံရေးကိစ္စကို ကျနော်တို့ကပဲ တာဝန်ယူမယ်။ သူတို့ဘက်က ထွက်မလာဖို့။ လက်နက်ကိုင်ပြီးခါမှ ဘယ်သူမှမြို့ထဲကို မသွားဖို့ အဲဒါပြန်တောင်းဆိုမယ်။"
ဒီကနေ့မှာ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တွေကနေ မနက်ဖြန်ဆွေးနွေးမယ့် အကြောင်းအရာတွေကို အချင်းချင်း တိုင်ပင်နေကြတယ်လို့ဆိုပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့မှာ ဧပြီလ ၂၄ ရက်နေ့က ဗိုလ်ချုပ်ကြေးရုပ်ရှေ့မှာ စစ်ကောင်စီအားဆန့်ကျင်ကြောင်း စက္ကူသပိတ်လိုက်လံကပ်ကြတဲ့ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၃ ဦး စုစုပေါင်း ၇ ဦး အဖမ်းခံခဲ့ရပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ရာကနေ မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ အစစ်ကောင်စီတပ်များအကြား ဧပြီလ ၂၄၊ ၂၆ နှင့် ၂၇ ရက်နေ့တို့မှာ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့တာပါ။
ဒီတိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က သေဆုံးသူ စုစုပေါင်း ၂၀ ယောက်ထက်မနည်း ရှိတယ်လို့ ကာကွယ်ရေး တပ်ဖွဲ့ဘက်က ပြောပေမဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဘက်က ခေတ်မီလက်နက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်နှိမ်းနင်းခဲ့သလို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ရိုးရာတူမီးသေနတ်နဲ့သာ ခုခံကာကွယ်တိုက်ခိုက်ခဲ့တယ်လို့ ကာကွယ်ရေး ခေါင်းဆောင်တွေကပြောပါတယ်။
လက်နက်အင်အားမမျှပေမဲ့ မင်းတပ်မြို့နယ်ရဲ့ ခုခံကာကွယ်တဲ့ပုံစံကိုတော့ မင်းတပ်ကာကွယ်ရေးအဖွဲ့ခေါင်းဆောင် တဦးကပြောပါတယ်။
"ကျနော်တို့ မင်းတပ်က အရပ် ၄ မျက်နှာမှာ ဝင်ပေါက်တွေတော့ ရှိတယ်။ ဒါပေမဲ့အရပ် ၄ မျက်နှာတခုလုံးမှာ ကျနော်တို့ ကာကွယ်ရေးတပ်တွေ အားလုံးရှိတယ်။ ကျနော်တို့က ကာကွယ်ရေးတပ်လို့ ပြောပေမဲ့လို့ ကျနော်တို့ထဲမှာ ဘာဖြစ်လဲဆိုတော့ ကျေးရွာတိုင်းကျေးရွာတိုင်းမှာ လက်နက်ရှိတဲ့ဟူသမျှ လေးမြှားရှိတဲ့ဟူသမျှ အကုန်လုံးက ထွက်လာပြီးကာမှ တသားထဲ၊ တသွေးထဲနဲ့ လက်သေတာမျိုးဖြစ်နေတာ။ အဲဒီလိုမျိုး ကျနော်တို့က အင်အားအရမ်း များတယ်။"
လက်ရှိမင်းတပ်မြို့အတွင်း ပစ်ခတ်မှု ငြိမ်သက်နေပေမဲ့ မြန်မာစစ်တပ်ကနေ မင်းတပ်မြို့နဲ့ ၂ မိုင်အကွာမှာတဖွဲ့ရှိနေသလို၊ ပခုက္ကူမြို့နယ်၊ ကျောက်ထုဘက်မှာလည်း တပ်အင်အားစုနေတာကြောင့် အချိန်မရွေး ပစ်ခတ်မှု ဖြစ်လာနိုင်တယ်လို့လည်း မြို့ခံတွေကပြောပါတယ်။