[Zawgyi/Unicode]
ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းမႈကုိ ဆန္႔က်င္ ကန္႔ကြက္ ဆႏၵျပေနၾကတဲ့အထဲ အၾကမ္းဖက္ ၿဖိဳခြဲမႈေတြ ရွိခဲ့တဲ့ စစ္ကုိင္းတုိင္း၊ တမူးၿမိဳ႕မွာ မေန႔ကညက စစ္တပ္နဲ႔ ေဒသခံေတြအၾကား အျပန္အလွန္ ပစ္ခတ္မႈေတြ ျဖစ္ခဲ့တာေၾကာင့္ CDM လႈပ္ရွားမႈမွာ ပါ၀င္တဲ့ စစ္သားတဦး ေသဆုံးခဲ့ပါတယ္။ အလားတူ ျမင္းၿခံၿမိဳ႕အနီးမွာလည္း စစ္တပ္နဲ႔ ေဒသခံ ကာကြယ္ေရးတပ္ဖြဲ႔ေတြအၾကား အျပန္အလွန္ ပစ္ခတ္မႈေတြ ရွိခဲ့ပါတယ္။ ဒီအေၾကာင္း မႏၱေလးကလာတဲ့သတင္းကုိ ကုိေဇာ္၀င္းလႈိင္က တင္ျပေပးပါမယ္။
မေန႔ဧၿပီ ၂၇ ရက္ညပိုင္းက တမူးၿမိဳ႕လံုၿခံဳေရးအဖြဲ႕နဲ႔ စစ္တပ္တို႔ ၂ ဘက္အျပန္အလွန္ ပစ္ခတ္မႈျဖစ္ပြားခဲ့တာမွာ CDM လုပ္ၿပီး တမူးလံုၿခံဳေရးအဖြဲ႕နဲ႔ ပူးေပါင္းထားတဲ့ စစ္သားတဦးကို စစ္တပ္က ဖမ္းဆီးသြားၿပီး သတ္လိုက္တယ္လို႔ တမူးလံုၿခံဳေရးတပ္ဖြဲ႕၀င္တဦးက ဗီြအုိေအကုိ ေျပာပါတယ္။
“စစ္ေကာင္စီဘက္က မေန႔က ကိုးေသာင္းဆိုတဲ့ ရြာေလးကို တက္လာခဲ့တယ္ေပါ့။ အဲ့ဒီကေန စပစ္ၾကတာ။ က်ေနာ္တို႔ အဖြဲ႕ကေနၿပီး အဲ့ရြာရဲ႕တ၀ိုက္မွာေပါ့ေနာ္ အဲ့ကေနပစ္ခတ္ၾကတာေပါ့။ က်ေနာ္တို႔ တမူးလံုၿခံဳေရး အဖြဲ႕ေတြနဲ႔ အဲ့ဒီမွာ CDM ၀င္ထားတဲ့ စစ္သားတေယာက္ေပါ့ေနာ္။ က်ေနာ္တို႔ အဖြဲ႕သားပါပဲ။ က်ေနာ္တို႔နဲ႔ ပူးေပါင္းလာတယ္။ CDM စစ္သားျဖစ္တယ္။ သူကက်ေတာ့ အဲ့ဒီမွာ ဖမ္းေခၚသြားတာေပါ့။ တိုက္ရင္းခိုက္ရင္းနဲ႔ သူ႔ကို မိသြားၿပီးေတာ့ သူ႔ကို ဖမ္းေခၚသြားၾကတယ္။ စစ္ေကာင္စီဘက္က ဖမ္းေခၚၿပီးက်ေတာ့မွပဲ သူ႔ကိုခ်က္ခ်င္းပဲ တခါတည္း သတ္လိုက္တယ္လို႔ေျပာလို႔ရပါတယ္။ ညတြင္းခ်င္းပါပဲ။”
ၿပီးခဲ့တဲ့ သီတင္းပတ္ အနည္းငယ္အတြင္း တမူးၿမိဳ႕က စစ္အာဏာသိမ္းမႈ ဆန္႔က်င္ေရး ဆႏၵျပသူေတြကုိ လက္နက္ကုိင္တပ္ဖြဲ႔ေတြက အၾကမ္းဖက္ ၿဖိဳခြဲခဲ့တဲ့အတြက္ ေသဆုံး၊ ဒဏ္ရာရသူ အေတာ္မ်ားမ်ား ရွိခဲ့သလုိ ဆႏၵျပသူေတြဘက္က ရရာလက္နက္နဲ႔ ျပန္လည္ ခုခံ တုိက္ခုိက္ခဲ့ၾကတာေၾကာင့္ လုံၿခံဳေရးတပ္ဖြဲ႔၀င္ေတြဘက္လည္း ေသဆုံးသူေတြ ရွိခဲ့တာပါ။
အဲဒီေနာက္ လက္နက္ကုိင္တပ္ဖြဲ႔ေတြက ဆႏၵျပပြဲမွာ ပါ၀င္သူေတြကုိ လုိက္လံ ဖမ္းဆီးမႈေတြ ရွိေနတဲ့အတြက္ ေဒသခံအေတာ္မ်ားမ်ားလည္း အိႏၵိယႏုိင္ငံဘက္ကုိ ထြက္ေျပး တိမ္းေရွာင္တာေတြ ရွိေနပါတယ္။
အလားတူပဲ ျမင္းၿခံၿမိဳ႕အနီးက တလုတ္ရြာမွာဆိုရင္လည္း စစ္တပ္နဲ႔ ေက်းရြာသားေတြ အျပန္အလွန္ ပစ္ခတ္တာေတြ ျဖစ္ခဲ့ပါေသးတယ္။ ဒါနဲ႔ပတ္သက္လို႔ ရြာသား တဦးက အခုလိုေျပာပါတယ္။
“သူတို႔က ၃ နာရီမတ္တင္းေလာက္ေရာက္လာတာေလ။ ဘယ္လိုေတြလည္းဆိုေတာ့ ေသနတ္တခ်က္ပစ္ၿပီးေတာ့ ဒီဘက္ကို ၀င္ခ်လာတာ။ အဲ့ဒီမွာရြာသားေတြက ျပန္လည္ၿပီးခုခံတာနဲ႔ေပါ့ဗ်ာ။ တခ်ိဳ႕ရြာေတြကိုေတာ့ ၀င္ၿပီးၿပီ။ ဒီဘက္ကိုလာတဲ့အေနအထားက အုပ္ခ်ဳပ္ေရးတင္ခ်င္တဲ့သေဘာလည္း ရွိတယ္။ အမွန္ေတာ့ တင္ခ်င္လို႔ေရာက္လာတဲ့အေနအထားေပါ့။ ေလာေလာဆယ္ရြာက ကားထြက္လာတယ္ဆိုရင္ ရြာဘက္က ညီညီညာညာနဲ႔ အျပင္ဘက္မွာ ေစာင့္ေနတဲ့အပိုင္းေတာ့ရွိတယ္။”
၂ ဘက္အျပန္အလွန္ ပစ္ခတ္မႈမွာ ေသဆံုးဒဏ္ရာရတာမရွိဘဲ ေက်းရြာရဲ႕ေနအိမ္အခ်ိဳ႕ကို ၀င္ေရာက္ဖ်က္ဆီးၿပီး ပစၥည္းေတြကိုလည္း ယူေဆာင္သြားပါတယ္။
စစ္အာဏာသိမ္းမႈကုိ ဆန္႔က်င္ ကန္႔ကြက္သူေတြအေပၚ လက္နက္နဲ႔ အႏုိင္က်င့္တာကုိ မခံႏုိင္တဲ့ ေဒသခံေတြက ရရာလက္နက္ေတြနဲ႔ ျပန္လည္ ခုခံ တုိက္ခုိက္ေနၾကတာေၾကာင့္ စစ္တပ္နဲ႔ ရဲတပ္ဖြဲ႔၀င္ အေတာ္မ်ားမ်ားလည္း ေသဆုံး ဒဏ္ရာရမႈေတြ ေနရာအေတာ္မ်ားမ်ားမွာ ျဖစ္ေပၚေနပါတယ္။
[Unicode Version]
တမူးနဲ့ မြင်းခြံအနီး စစ်တပ်နဲ့ ဒေသခံအပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွား
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက် ဆန္ဒပြနေကြတဲ့အထဲ အကြမ်းဖက် ဖြိုခွဲမှုတွေ ရှိခဲ့တဲ့ စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ မနေ့ကညက စစ်တပ်နဲ့ ဒေသခံတွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ခဲ့တာကြောင့် CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ စစ်သားတဦး သေဆုံးခဲ့ပါတယ်။ အလားတူ မြင်းခြံမြို့အနီးမှာလည်း စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေအကြား အပြန်အလှန် ပစ်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ဒီအကြောင်း မန္တလေးကလာတဲ့သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
မနေ့ဧပြီ ၂၇ ရက်ညပိုင်းက တမူးမြို့လုံခြုံရေးအဖွဲ့နဲ့ စစ်တပ်တို့ ၂ ဘက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာမှာ CDM လုပ်ပြီး တမူးလုံခြုံရေးအဖွဲ့နဲ့ ပူးပေါင်းထားတဲ့ စစ်သားတဦးကို စစ်တပ်က ဖမ်းဆီးသွားပြီး သတ်လိုက်တယ်လို့ တမူးလုံခြုံရေးတပ်ဖွဲ့ဝင်တဦးက ဗွီအိုအေကို ပြောပါတယ်။
“စစ်ကောင်စီဘက်က မနေ့က ကိုးသောင်းဆိုတဲ့ ရွာလေးကို တက်လာခဲ့တယ်ပေါ့။ အဲ့ဒီကနေ စပစ်ကြတာ။ ကျနော်တို့ အဖွဲ့ကနေပြီး အဲ့ရွာရဲ့တဝိုက်မှာပေါ့နော် အဲ့ကနေပစ်ခတ်ကြတာပေါ့။ ကျနော်တို့ တမူးလုံခြုံရေး အဖွဲ့တွေနဲ့ အဲ့ဒီမှာ CDM ဝင်ထားတဲ့ စစ်သားတယောက်ပေါ့နော်။ ကျနော်တို့ အဖွဲ့သားပါပဲ။ ကျနော်တို့နဲ့ ပူးပေါင်းလာတယ်။ CDM စစ်သားဖြစ်တယ်။ သူကကျတော့ အဲ့ဒီမှာ ဖမ်းခေါ်သွားတာပေါ့။ တိုက်ရင်းခိုက်ရင်းနဲ့ သူ့ကို မိသွားပြီးတော့ သူ့ကို ဖမ်းခေါ်သွားကြတယ်။ စစ်ကောင်စီဘက်က ဖမ်းခေါ်ပြီးကျတော့မှပဲ သူ့ကိုချက်ချင်းပဲ တခါတည်း သတ်လိုက်တယ်လို့ပြောလို့ရပါတယ်။ ညတွင်းချင်းပါပဲ။”
ပြီးခဲ့တဲ့ သီတင်းပတ် အနည်းငယ်အတွင်း တမူးမြို့က စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လက်နက်ကိုင်တပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့အတွက် သေဆုံး၊ ဒဏ်ရာရသူ အတော်များများ ရှိခဲ့သလို ဆန္ဒပြသူတွေဘက်က ရရာလက်နက်နဲ့ ပြန်လည် ခုခံ တိုက်ခိုက်ခဲ့ကြတာကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်လည်း သေဆုံးသူတွေ ရှိခဲ့တာပါ။
အဲဒီနောက် လက်နက်ကိုင်တပ်ဖွဲ့တွေက ဆန္ဒပြပွဲမှာ ပါဝင်သူတွေကို လိုက်လံ ဖမ်းဆီးမှုတွေ ရှိနေတဲ့အတွက် ဒေသခံအတော်များများလည်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်တာတွေ ရှိနေပါတယ်။
အလားတူပဲ မြင်းခြံမြို့အနီးက တလုတ်ရွာမှာဆိုရင်လည်း စစ်တပ်နဲ့ ကျေးရွာသားတွေ အပြန်အလှန် ပစ်ခတ်တာတွေ ဖြစ်ခဲ့ပါသေးတယ်။ ဒါနဲ့ပတ်သက်လို့ ရွာသား တဦးက အခုလိုပြောပါတယ်။
“သူတို့က ၃ နာရီမတ်တင်းလောက်ရောက်လာတာလေ။ ဘယ်လိုတွေလည်းဆိုတော့ သေနတ်တချက်ပစ်ပြီးတော့ ဒီဘက်ကို ဝင်ချလာတာ။ အဲ့ဒီမှာရွာသားတွေက ပြန်လည်ပြီးခုခံတာနဲ့ပေါ့ဗျာ။ တချို့ရွာတွေကိုတော့ ဝင်ပြီးပြီ။ ဒီဘက်ကိုလာတဲ့အနေအထားက အုပ်ချုပ်ရေးတင်ချင်တဲ့သဘောလည်း ရှိတယ်။ အမှန်တော့ တင်ချင်လို့ရောက်လာတဲ့အနေအထားပေါ့။ လောလောဆယ်ရွာက ကားထွက်လာတယ်ဆိုရင် ရွာဘက်က ညီညီညာညာနဲ့ အပြင်ဘက်မှာ စောင့်နေတဲ့အပိုင်းတော့ရှိတယ်။”
၂ ဘက်အပြန်အလှန် ပစ်ခတ်မှုမှာ သေဆုံးဒဏ်ရာရတာမရှိဘဲ ကျေးရွာရဲ့နေအိမ်အချို့ကို ဝင်ရောက်ဖျက်ဆီးပြီး ပစ္စည်းတွေကိုလည်း ယူဆောင်သွားပါတယ်။
စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ကန့်ကွက်သူတွေအပေါ် လက်နက်နဲ့ အနိုင်ကျင့်တာကို မခံနိုင်တဲ့ ဒေသခံတွေက ရရာလက်နက်တွေနဲ့ ပြန်လည် ခုခံ တိုက်ခိုက်နေကြတာကြောင့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင် အတော်များများလည်း သေဆုံး ဒဏ်ရာရမှုတွေ နေရာအတော်များများမှာ ဖြစ်ပေါ်နေပါတယ်။