သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေသဆံုးသူစာရင္း AAPP ထုတ္ျပန္ခ်က္ စစ္ေကာင္စီျငင္းဆို


မတ္လ ၁၇ ရက္ေန႔က ရန္ကုန္ၿမိဳ႕ ဆႏၵျပပဲြအတြင္း ေသနတ္ထိမွန္ခဲ့သူ တဦးကို သယ္ေဆာင္ေနတဲ့ ျမင္ကြင္း။ (မတ္ ၁၇၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံမွာ ဆႏၵျပမႈေတြကို လံုျခံဳေရးတပ္ေတြ အၾကမ္းဖက္ႏွိမ္နင္းရာမွာ ဒီေန႔ထိဆိုရင္ လူ ၇၅၅ ဦးေသဆံုးခဲ့တယ္ဆိုတဲ့ AAPP ျမန္မာႏိုင္ငံ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးစာရင္းနဲ႔ ပတ္သက္လို႔ ဒီစာရင္းဟာ မမွန္ကန္ဘဲ ေဖာင္းပြေနတယ္လို႔ ျမန္မာစစ္ေကာင္စီက ေၾကညာေျပာဆိုပါတယ္။

တကယ္တမ္းေသဆံုးသူက ၂၄၀ ဦးျဖစ္ၿပီး သူတို႔ တဦးခ်င္းရဲ႕ မႈခင္းျဖစ္ရပ္ေတြကို အေသးစိတ္ မွတ္တမ္းယူထားတယ္လို႔လည္း ျမန္မာစစ္ေကာင္စီက ေၾကညာပါတယ္။ ေအေအပီပီရဲ႕ စာရင္းေဖာ္ျပခ်က္ဟာ facebook လူမႈကြန္ယက္ကရတဲ့ အခ်က္အလက္ေတြနဲ႔ မမွန္မကန္ ေျပာဆိုမႈေတြကို ကိုးကားထားတယ္လို႔လည္း ေျပာပါတယ္။

ေအေအပီပီ ေျပာခြင့္ရသူကေတာ့ သူတို႔စာရင္းဟာ မိသားစု၀င္ေတြရဲ႕ အတည္ျပဳခ်က္၊ ရပ္ကြက္ေက်းရြာရဲ႕ အတည္ျပဳခ်က္ေတြနဲ႔ ေကာက္ယူထားတာျဖစ္သလို ေသဆံုးသူတဦးခ်င္းရဲ႕ ျဖစ္ရပ္မွတ္တမ္းေတြကိုလည္း ျပဳစုထားတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ ဗြီဒီယို ဓါတ္ပံုသက္ေသအေထာက္အထားေတြပါ ရွိတယ္လို႔ ေျပာပါတယ္။ ဥပမာအားျဖင့္ ထား၀ယ္ၿမိဳ႕က ေသဆံုးသူ ကိုေက်ာ္မင္းလတ္အမႈဆိုရင္ စစ္ေကာင္စီေသမႈေသခင္းထဲမွာ ဆိုက္ကယ္ေမွာက္လို႔ ဦးေခါင္းကို ျပင္းထန္စြာဒဏ္ရာရတယ္လို႔ ေဖာ္ျပေပမဲ့ ဒီျဖစ္ရပ္မွာ စစ္တပ္က ပစ္ခတ္လိုက္တာကို ဗြီဒီယိုမွတ္တမ္းေတြ ကမာၻသိျဖစ္တယ္လို႔လည္း ေအေအပီပီ ေျပာခြင့္ရသူက ဗြီအိုေအကို ေျပာပါတယ္။

ျမန္မာစစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္မွာေတာ့ မႏၲေလးဆႏၵျပပဲြမွာ ေသဆံုးသူ မၾကယ္စင္၊ ေနျပည္ေတာ္ဆႏၵျပပဲြမွာ ေသဆံုးသူ မသြယ့္သြယ့္ခိုင္တို႔အပါအ၀င္ တခ်ိဳ႕ဟာ ဆႏၵျပသူအခ်င္းခ်င္းၾကား ပစ္ခတ္လို႔ ေသဆံုးတာလို႔လည္း ေဖာ္ျပပါတယ္။ ဒါ့အျပင္ ေသဆံုးသူတခ်ိဳ႕ဟာ ႏွလံုးေရာဂါမ်ိဳး မူလအခံေရာဂါ၊ ကိုဗစ္လို ကပ္ေရာဂါေၾကာင့္ ေသဆံုးသူေတြျဖစ္တယ္လို႔လည္း ျမန္မာစစ္ေကာင္စီက ေၾကညာပါတယ္။

ေအေအပီပီ ျမန္မာႏိ္ုင္ငံ ႏိုင္ငံေရးအက်ဥ္းသားမ်ား ကူညီေစာင့္ေရွာက္ေရးအသင္းဟာ သင္းဖဲြ႕ဥပေဒအရ တရား၀င္မွတ္ပံုတင္ထားျခင္းမရွိတဲ့အျပင္ အခုလို မမွန္မကန္ ထုတ္ျပန္မႈေတြအေပၚမွာ စံုစမ္းအေရးယူသြားမယ္လို႔လည္း ျမန္မာစစ္ေကာင္စီက ေၾကညာထားပါတယ္။

ျမန္မာႏိုင္ငံမွာ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းယူၿပီးတဲ့ေနာက္ စစ္အုပ္ခ်ဳပ္မႈ ဆန္႔က်င္ေရးဆႏၵျပပဲြေတြကို စစ္တပ္နဲ႔ ရဲက ပစ္ခတ္ႏွိမ္နင္းလို႔ လူ ၇၅၅ ဦးေသဆံုးခဲ့တယ္လို႔ ေအေအပီပီက ထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

သေဆုံးသူစာရင်း AAPP ထုတ်ပြန်ချက် စစ်ကောင်စီငြင်းဆို

မြန်မာနိုင်ငံမှာ ဆန္ဒပြမှုတွေကို လုံခြုံရေးတပ်တွေ အကြမ်းဖက်နှိမ်နင်းရာမှာ ဒီနေ့ထိဆိုရင် လူ ၇၅၅ ဦးသေဆုံးခဲ့တယ်ဆိုတဲ့ AAPP မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးစာရင်းနဲ့ ပတ်သက်လို့ ဒီစာရင်းဟာ မမှန်ကန်ဘဲ ဖောင်းပွနေတယ်လို့ မြန်မာစစ်ကောင်စီက ကြေညာပြောဆိုပါတယ်။

တကယ်တမ်းသေဆုံးသူက ၂၄၀ ဦးဖြစ်ပြီး သူတို့ တဦးချင်းရဲ့ မှုခင်းဖြစ်ရပ်တွေကို အသေးစိတ် မှတ်တမ်းယူထားတယ်လို့လည်း မြန်မာစစ်ကောင်စီက ကြေညာပါတယ်။ အေအေပီပီရဲ့ စာရင်းဖော်ပြချက်ဟာ facebook လူမှုကွန်ယက်ကရတဲ့ အချက်အလက်တွေနဲ့ မမှန်မကန် ပြောဆိုမှုတွေကို ကိုးကားထားတယ်လို့လည်း ပြောပါတယ်။

အေအေပီပီ ပြောခွင့်ရသူကတော့ သူတို့စာရင်းဟာ မိသားစုဝင်တွေရဲ့ အတည်ပြုချက်၊ ရပ်ကွက်ကျေးရွာရဲ့ အတည်ပြုချက်တွေနဲ့ ကောက်ယူထားတာဖြစ်သလို သေဆုံးသူတဦးချင်းရဲ့ ဖြစ်ရပ်မှတ်တမ်းတွေကိုလည်း ပြုစုထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဗွီဒီယို ဓါတ်ပုံသက်သေအထောက်အထားတွေပါ ရှိတယ်လို့ ပြောပါတယ်။ ဥပမာအားဖြင့် ထားဝယ်မြို့က သေဆုံးသူ ကိုကျော်မင်းလတ်အမှုဆိုရင် စစ်ကောင်စီသေမှုသေခင်းထဲမှာ ဆိုက်ကယ်မှောက်လို့ ဦးခေါင်းကို ပြင်းထန်စွာဒဏ်ရာရတယ်လို့ ဖော်ပြပေမဲ့ ဒီဖြစ်ရပ်မှာ စစ်တပ်က ပစ်ခတ်လိုက်တာကို ဗွီဒီယိုမှတ်တမ်းတွေ ကမ္ဘာသိဖြစ်တယ်လို့လည်း အေအေပီပီ ပြောခွင့်ရသူက ဗွီအိုအေကို ပြောပါတယ်။

မြန်မာစစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာတော့ မန္တလေးဆန္ဒပြပွဲမှာ သေဆုံးသူ မကြယ်စင်၊ နေပြည်တော်ဆန္ဒပြပွဲမှာ သေဆုံးသူ မသွယ့်သွယ့်ခိုင်တို့အပါအဝင် တချို့ဟာ ဆန္ဒပြသူအချင်းချင်းကြား ပစ်ခတ်လို့ သေဆုံးတာလို့လည်း ဖော်ပြပါတယ်။ ဒါ့အပြင် သေဆုံးသူတချို့ဟာ နှလုံးရောဂါမျိုး မူလအခံရောဂါ၊ ကိုဗစ်လို ကပ်ရောဂါကြောင့် သေဆုံးသူတွေဖြစ်တယ်လို့လည်း မြန်မာစစ်ကောင်စီက ကြေညာပါတယ်။

အေအေပီပီ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းဟာ သင်းဖွဲ့ဥပဒေအရ တရားဝင်မှတ်ပုံတင်ထားခြင်းမရှိတဲ့အပြင် အခုလို မမှန်မကန် ထုတ်ပြန်မှုတွေအပေါ်မှာ စုံစမ်းအရေးယူသွားမယ်လို့လည်း မြန်မာစစ်ကောင်စီက ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက် စစ်အုပ်ချုပ်မှု ဆန့်ကျင်ရေးဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲက ပစ်ခတ်နှိမ်နင်းလို့ လူ ၇၅၅ ဦးသေဆုံးခဲ့တယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG