သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရန္ကုန္ၿမိဳ႕ေပၚ လွ်ပ္တျပက္ဆႏၵျပမႈ ျပဳလုပ္


ရန္ကုန္ၿမိဳ႕ စမ္းေခ်ာင္းသပိတ္ ျမင္ကြင္း။ (ဧၿပီ ၂၇၊ ၂၀၂၁)

[Zawgyi/Unicode]

စစ္တပ္အာဏာသိမ္း အုပ္ခ်ဳပ္မႈကို ဆန္႔က်င္ၾကတဲ့ လ ွ်ပ္တျပက္ ဆႏၵျပမႈေတြ ဒီေန႔လည္း ရန္ကုန္မွာ ျပဳလုပ္ခဲ့ၾကပါတယ္။ အလားတူ မႏၱေလး၊ ကေလးစတဲ့ တျခားၿမိဳ႕ေတြမွာလည္း ဆႏၵျပပြဲေတြ ႐ွိခဲ့ပါတယ္။ ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕မွာေတာ့ စစ္တပ္ရဲ႕ပစ္ခတ္မႈေၾကာင့္ ေဒသခံ ၁ ေယာက္ ေသဆံုးခဲ့ပါတယ္။ ဒီအေၾကာင္း အျပည့္အစံု ရန္ကုန္က လာတဲ့သတင္းကို မဆုမြန္ ဆက္ၿပီး ေျပာျပပါမယ္။

ရန္ကုန္ၿမိဳ႕ ၿမိဳ႕နယ္ေပါင္းစံုက စစ္အာဏာရွင္ဆန႔္က်င္တဲ့ လူငယ္ေတြ စုေပါင္းထားတဲ့ “ဘာေတြလဲ ရန္ကုန္သားေတြ” အဖဲြ႔က အင္အား ရာနဲ႔ခ်ီပါဝင္တဲ့ ဆႏၵျပလူငယ္ေတြဟာ လံုၿခံဳေရး အေျခအေနေပၚမူတည္ၿပီး လ ွ်ပ္တျပက္ဆႏၵျပမႈေတြကို လုပ္ေနၾကပါတယ္။ ဒီေန႔ စမ္းေခ်ာင္းၿမိဳ႕နယ္ထဲမွာ ေ႐ွာင္တိမ္း ဆႏၵျပခဲ့ၾကရတဲ့ ပံုစံကို သပိတ္စစ္ေၾကာင္းမွာ ပါဝင္တဲ့ လူငယ္တဦးက ဗီြအိုေအကို ခုလိုေျပာျပပါတယ္။

ကေလးၿမိဳ႕က လမ္းေပၚထြက္ လမ္းေလွ်ာက္ လွည့္လည္ သပိတ္ျမင္ကြင္း။ (ဧၿပီ ၂၇၊ ၂၀၂၁)
ကေလးၿမိဳ႕က လမ္းေပၚထြက္ လမ္းေလွ်ာက္ လွည့္လည္ သပိတ္ျမင္ကြင္း။ (ဧၿပီ ၂၇၊ ၂၀၂၁)

“ဒီေန႔ က်ေနာ္တို႔ စီစဥ္ထားတဲ့ ပုံစံကေတာ့ ဒီလိုမ်ိဳး ရပ္ကြက္ထဲကို လွည့္လည္သြားဖို႔ေတာ့ မဟုတ္ဘူး။ ဗားကရာ လမ္းမႀကီးအတိုင္း ခ်ီတက္ဆႏၵျပဖို႔ ျဖစ္တယ္။ ဒါေပမဲ့ မေမွ်ာ္လင့္ထားတဲ့ အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ သူတို႔ဘက္ကေနၿပီးေတာ့ က်ေနာ္တို႔ သတ္မွတ္ထားတဲ့ေနရာကို သူတို႔ ရဲေတြ၊ စစ္သားေတြ အမ်ားႀကီး ႀကိဳေရာက္လာတဲ့ဟာမ်ိဳး ေတြ႕ရတဲ့အတြက္ က်ေနာ္တို႔လမ္းေၾကာင္းေျပာင္းၿပီး ရပ္ကြက္ထဲကို က်ေနာ္တို႔ေ႐ႊ႕ၿပီး သြားလိုက္ရတာ ျဖစ္ပါတယ္။”

သူတို႔ဆႏၵျပရာေနရာေတြမွာ ျပည္သူေတြကလည္း လက္ခုပ္တီးအားေပးတာ၊ အာဏာ႐ွင္ဆန္႔က်င္တဲ့ လက္သုံးေခ်ာင္းေထာင္ျပတာ၊ အတူတူလိုက္ ခ်ီတက္တာနဲ႔ အာဏာရွင္ဆန႔္က်င္ေရး ေႂကြးေၾကာ္သံေတြကို ေႂကြးေၾကာ္ၿပီး ဝန္းရံအားေပးခဲ့ၾကပါတယ္။ ဒီေန႔မွာပဲ သာေကတၿမိဳ႕နယ္က လူငယ္ေတြကလည္း လမ္းေပၚသြားလာေနတဲ့ စစ္ကားနဲ႔ လက္နက္ကိုင္ေတြကို ေရွာင္ၿပီးသာေကတ၊ ေဒါပုံ စုေပါင္းသပိတ္ကို ရပ္ကြက္တြင္း လွည့္လည္ၿပီး ျပဳလုပ္ႏိုင္ခဲ့ပါတယ္။ “ေၾကာက္ေခတ္ကို ေမွာက္ပစ္” ဆိုတဲ့ အင္းစိန္သပိတ္စစ္ေၾကာင္းဟာလည္း လမ္းေပၚထြက္ခ်ီတက္ ဆႏၵျပခဲ့ၾကပါတယ္။

မႏၲေလးၿမိဳ႕မွာလည္း ပုံမွန္ခ်ီတက္ေနၾကျဖစ္တဲ့ သံဃသမဂၢစစ္ေၾကာင္းဟာ ေန႔လယ္ပိုင္းမွာ လမ္းေလွ်ာက္ခ်ီတက္ၿပီး အာဏာရွင္အလိုမရွိေၾကာင္း ဆႏၵျပခဲ့ၾကပါတယ္။ သံဃသမဂၢနဲ႔အတူ ဗကသေက်ာင္းသားသမဂၢဝင္ လူငယ္ေတြကလည္း ပူးေပါင္းဆႏၵျပခဲ့ၿပီး ေအာင္ေအာင္ျမင္ျမင္ လူစုခြဲႏိုင္ခဲ့တယ္လို႔ သပိတ္စစ္ေၾကာင္းမွာ ပါဝင္တဲ့ ဗကသအဖြဲ႕ဝင္တဦးက ေျပာပါတယ္။

“မႏၲေလးက ပုံမွန္ထြက္ေနၾက သပိတ္စစ္ေၾကာင္းေတြကေတာ့ အေျခအေနေပၚ မူတည္ၿပီးေတာ့ ထြက္ေနတာပဲ။ ဒီေန႔ကေတာ့ ဗကသအေနနဲ႔ သံဃသမဂၢကို ပုံမွန္အတိုင္း သြားပူးေပါင္းတယ္။ တပ္ေပါင္းစုအေနနဲ႔ကေတာ့ ဒီေန႔မထြက္ျဖစ္ဘူးရွင့္။ ဆႏၵျပသပိတ္ေတြ ထြက္တိုင္း သူတို႔က လာၿဖိဳခြင္းဖို႔ႀကိဳးစားတယ္။ ဒါေပမဲ့ သူတို႔ ေနာက္က်ၿပီးလာတာတို႔၊ ေနရာအတိအက် မသိတာတို႔၊ ေနာက္က်မွသိေတာ့ ၿဖိဳခြဲလို႔ မရေတာ့ဘူးေပါ့။ ဒါေပမဲ့ မေန႔ကဆိုရင္ေတာ့ တပ္ေပါင္းစုေတာ့ မဟုတ္ဘူး၊ တခ်ိဳ႕အင္အားစုေတြေတာ့ စစ္ေၾကာင္းၿပီးမွ ၿဖိဳခြဲခံရတာရွိတယ္။”

မႏၱေလးမွာလိုပဲ စစ္ကိုင္းတိုင္း ကေလးၿမိဳ႕မွာလည္း တပ္ေတြ ေစာင့္ၾကပ္ေနတဲ့ၾကားက ဆႏၵျပသူတခ်ဳိ႕ ဒီေန႔မနက္ လမ္းေပၚထြက္ ဆႏၵျပခဲ့ၾကပါတယ္။ ညေနပိုင္းမွာလည္း လက္နက္ကိုင္ေတြကို ေရွာင္ၿပီး ေနရာေျပာင္းေ႐ႊ႕ ဆႏၵျပခဲ့ၾကပါတယ္။ ဒီကေန႔ ကေလးၿမိဳ႕က ဆႏၵျပပြဲေတြကေတာ့ ဖမ္းဆီး၊ ပစ္ခတ္ ခံရတာမ်ိဳး မရွိခဲ့ဘဲ ေအာင္ေအာင္ျမင္ျမင္ လုပ္ႏိုင္ခဲ့တယ္လို႔ ကေလးၿမိဳ႕ ဆႏၵျပပြဲေတြမွာ ေန႔စဥ္ပါဝင္ေနသူ တဦးက ေျပာပါတယ္။

“ေနရာေတြ အခ်ိန္ေတြကေတာ့ အားလုံး တသမတ္တည္း မရွိေတာ့ဘူး။ အၿမဲတမ္း ေ႐ႊ႕ေနရတာေပါ့ေနာ္။ သူတို႔က ဒီေန႔ဆိုရင္ ေတာ္ေတာ္ေလးကို သတင္း ခိုင္ခိုင္လုံလုံနဲ႔ေပါ့၊ ေျပာၾကတာေတာ့ သူတို႔နဲ႔ ထိပ္တိုက္ေတြ႕တာနဲ႔ ပစ္ခတ္ၿဖိဳခြဲမယ္၊ ဖမ္းဆီးမယ္ဆိုတာမ်ိဳးေပါ့။ ေနာက္ၿပီးေတာ့ က်ေနာ္တို႔ ခါတိုင္းစုတဲ့ စုရပ္ေနရာမွာကို ႀကိဳၿပီးေတာ့ ေစာင့္ေနတဲ့ အေနအထားမ်ိဳးေတြလည္းရွိတယ္။ ေနရာေတြ အခ်ိန္ေတြ ေျပာင္းၿပီးမွာ ဒီလႈပ္ရွားမႈေတြကို မျပတ္ေအာင္ လုပ္ေနၾကတာေပါ့။”

ဒီေန႔ လံုၿခံဳေရးေၾကာင့္ ဆႏၵျပပြဲေတြ မလုပ္ႏိုင္တဲ့ ကယားျပည္နယ္ ဒီးေမာ့ဆိုၿမိဳ႕မွာေတာ့ စစ္တပ္က ပစ္ခတ္လို႔ ၁ ေယာက္ေသဆံုးခဲ့ပါတယ္။

ၿမိဳ႕ထဲက လြိဳင္ေကာ္-ဒီးေမာ့ဆိုလမ္း တေလွ်ာက္မွာ စစ္တပ္နဲ႔ ရဲေတြ ဝင္မလာႏိုင္ေအာင္ ေဒသခံေတြ တားဆီးထားတဲ့ အတားအဆီးေတြကို တပ္ေတြက လိုက္လံရွင္းလင္းေနစဥ္ ပစ္ခတ္တဲ့အတြက္ တဦးေသဆုံးခဲ့ၿပီး ဒဏ္ရာရသူေတြနဲ႔ ဖမ္းဆီးခံသူေတြ ရွိတယ္လို႔ ဒီးေမာ့ဆို ေဒသခံတဦးက ဗီြအိုေအကို ေျပာပါတယ္။

“ဒီးေမာ့ဆိုမွာေတာ့ ဒီေန႔ ဆႏၵျပတာမရွိဘူး။ စစ္တပ္ကေတာ့ ဂိတ္ေတြ၊ ခံတပ္ေပါ့ေနာ္၊ သဲအိတ္ေတြ၊ ဘာေတြ လုပ္ထားတာေတြ အကုန္လုံးကို ေျမကေလာ္စက္ ဘက္ဖိုးနဲ႔ လာၿပီးေတာ့ ေကာ္ထုတ္သြားတယ္။ လမ္းတိုင္းမွာ ခုခံတပ္ေတြ ေတာ္ေတာ္မ်ားမ်ား မရွိေတာ့ဘူး။ ၿပီးေတာ့ ႐ြာကတေယာက္ အဲဒီလို တားဆီးလို႔ စစ္တပ္က လာလုပ္တာကို တားဆီးလို႔ စစ္တပ္က ပစ္သတ္လိုက္တာ တစ္ေယာက္ ေသသြားတယ္၊ ခုဏကပဲ။ တပ္ေတြကေတာ့ တေန႔ထက္ တေန႔ ပိုပိုေတာ့ မ်ားလာတာေပါ့။”

စစ္ေကာင္စီတပ္ေတြရဲ႕ ပစ္ခတ္ၿဖိဳခြင္းမႈေတြ ရွိေနေပမဲ့ ရတဲ့နည္းနဲ႔ ေန႔စဥ္ခ်ီတက္ဆႏၵျပေနတဲ့ ဖားကန႔္၊ ထားဝယ္၊ ပုဂံ၊ ေညာင္ဦးၿမိဳ႕ေတြမွာ ဒီကေန႔လည္း သပိတ္ေပါင္းစုံက လူရာနဲ႔ခ်ီ ဆႏၵထုတ္ေဖာ္ၾကပါတယ္။ မိုးကုတ္၊ လြိဳင္ေကာ္၊ ျမင္းၿခံ၊ မေကြး၊ ကမၼ၊ စစ္ကိုင္း နဲ႔ မုံ႐ြာတို႔မွာလည္း လူမဲ့သပိတ္၊ ေပ်ာက္ၾကားသပိတ္ေတြ ဆက္ရွိေနပါတယ္။ ဆႏၵျပျပည္သူေတြကို လက္နက္ကိုင္ေတြက စစ္တပ္နဲ႔ ရဲတပ္ဖြဲ႕ အမွတ္အသားမပါတဲ့ ကားေတြကိုအသုံးျပဳၿပီး အရပ္ဝတ္ေတြနဲ႔ ဖမ္းဆီးတာေတြလည္း ရွိေနပါတယ္။

ရန္ကုန္ၿမိဳ႕ေပၚ လွ်ပ္တျပက္ဆႏၵျပမႈ ျပဳလုပ္
please wait

No media source currently available

0:00 0:04:54 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရန်ကုန်မြို့ပေါ် လျှပ်တပြက်ဆန္ဒပြမှု ပြုလုပ်

စစ်တပ်အာဏာသိမ်း အုပ်ချုပ်မှုကို ဆန့်ကျင်ကြတဲ့ လ ျှပ်တပြက် ဆန္ဒပြမှုတွေ ဒီနေ့လည်း ရန်ကုန်မှာ ပြုလုပ်ခဲ့ကြပါတယ်။ အလားတူ မန္တလေး၊ ကလေးစတဲ့ တခြားမြို့တွေမှာလည်း ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။ ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာတော့ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ဒေသခံ ၁ ယောက် သေဆုံးခဲ့ပါတယ်။ ဒီအကြောင်း အပြည့်အစုံ ရန်ကုန်က လာတဲ့သတင်းကို မဆုမွန် ဆက်ပြီး ပြောပြပါမယ်။

ရန်ကုန်မြို့ မြို့နယ်ပေါင်းစုံက စစ်အာဏာရှင်ဆန့်ကျင်တဲ့ လူငယ်တွေ စုပေါင်းထားတဲ့ “ဘာတွေလဲ ရန်ကုန်သားတွေ” အဖွဲ့က အင်အား ရာနဲ့ချီပါဝင်တဲ့ ဆန္ဒပြလူငယ်တွေဟာ လုံခြုံရေး အခြေအနေပေါ်မူတည်ပြီး လ ျှပ်တပြက်ဆန္ဒပြမှုတွေကို လုပ်နေကြပါတယ်။ ဒီနေ့ စမ်းချောင်းမြို့နယ်ထဲမှာ ရှောင်တိမ်း ဆန္ဒပြခဲ့ကြရတဲ့ ပုံစံကို သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ လူငယ်တဦးက ဗွီအိုအေကို ခုလိုပြောပြပါတယ်။

“ဒီနေ့ ကျနော်တို့ စီစဉ်ထားတဲ့ ပုံစံကတော့ ဒီလိုမျိုး ရပ်ကွက်ထဲကို လှည့်လည်သွားဖို့တော့ မဟုတ်ဘူး။ ဗားကရာ လမ်းမကြီးအတိုင်း ချီတက်ဆန္ဒပြဖို့ ဖြစ်တယ်။ ဒါပေမဲ့ မမျှော်လင့်ထားတဲ့ အခြေအနေအမျိုးမျိုးကြောင့် သူတို့ဘက်ကနေပြီးတော့ ကျနော်တို့ သတ်မှတ်ထားတဲ့နေရာကို သူတို့ ရဲတွေ၊ စစ်သားတွေ အများကြီး ကြိုရောက်လာတဲ့ဟာမျိုး တွေ့ရတဲ့အတွက် ကျနော်တို့လမ်းကြောင်းပြောင်းပြီး ရပ်ကွက်ထဲကို ကျနော်တို့ရွှေ့ပြီး သွားလိုက်ရတာ ဖြစ်ပါတယ်။”

သူတို့ဆန္ဒပြရာနေရာတွေမှာ ပြည်သူတွေကလည်း လက်ခုပ်တီးအားပေးတာ၊ အာဏာရှင်ဆန့်ကျင်တဲ့ လက်သုံးချောင်းထောင်ပြတာ၊ အတူတူလိုက် ချီတက်တာနဲ့ အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေကို ကြွေးကြော်ပြီး ဝန်းရံအားပေးခဲ့ကြပါတယ်။ ဒီနေ့မှာပဲ သာကေတမြို့နယ်က လူငယ်တွေကလည်း လမ်းပေါ်သွားလာနေတဲ့ စစ်ကားနဲ့ လက်နက်ကိုင်တွေကို ရှောင်ပြီးသာကေတ၊ ဒေါပုံ စုပေါင်းသပိတ်ကို ရပ်ကွက်တွင်း လှည့်လည်ပြီး ပြုလုပ်နိုင်ခဲ့ပါတယ်။ “ကြောက်ခေတ်ကို မှောက်ပစ်” ဆိုတဲ့ အင်းစိန်သပိတ်စစ်ကြောင်းဟာလည်း လမ်းပေါ်ထွက်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမြို့မှာလည်း ပုံမှန်ချီတက်နေကြဖြစ်တဲ့ သံဃသမဂ္ဂစစ်ကြောင်းဟာ နေ့လယ်ပိုင်းမှာ လမ်းလျှောက်ချီတက်ပြီး အာဏာရှင်အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြပါတယ်။ သံဃသမဂ္ဂနဲ့အတူ ဗကသကျောင်းသားသမဂ္ဂဝင် လူငယ်တွေကလည်း ပူးပေါင်းဆန္ဒပြခဲ့ပြီး အောင်အောင်မြင်မြင် လူစုခွဲနိုင်ခဲ့တယ်လို့ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့ ဗကသအဖွဲ့ဝင်တဦးက ပြောပါတယ်။

“မန္တလေးက ပုံမှန်ထွက်နေကြ သပိတ်စစ်ကြောင်းတွေကတော့ အခြေအနေပေါ် မူတည်ပြီးတော့ ထွက်နေတာပဲ။ ဒီနေ့ကတော့ ဗကသအနေနဲ့ သံဃသမဂ္ဂကို ပုံမှန်အတိုင်း သွားပူးပေါင်းတယ်။ တပ်ပေါင်းစုအနေနဲ့ကတော့ ဒီနေ့မထွက်ဖြစ်ဘူးရှင့်။ ဆန္ဒပြသပိတ်တွေ ထွက်တိုင်း သူတို့က လာဖြိုခွင်းဖို့ကြိုးစားတယ်။ ဒါပေမဲ့ သူတို့ နောက်ကျပြီးလာတာတို့၊ နေရာအတိအကျ မသိတာတို့၊ နောက်ကျမှသိတော့ ဖြိုခွဲလို့ မရတော့ဘူးပေါ့။ ဒါပေမဲ့ မနေ့ကဆိုရင်တော့ တပ်ပေါင်းစုတော့ မဟုတ်ဘူး၊ တချို့အင်အားစုတွေတော့ စစ်ကြောင်းပြီးမှ ဖြိုခွဲခံရတာရှိတယ်။”

မန္တလေးမှာလိုပဲ စစ်ကိုင်းတိုင်း ကလေးမြို့မှာလည်း တပ်တွေ စောင့်ကြပ်နေတဲ့ကြားက ဆန္ဒပြသူတချို့ ဒီနေ့မနက် လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ ညနေပိုင်းမှာလည်း လက်နက်ကိုင်တွေကို ရှောင်ပြီး နေရာပြောင်းရွှေ့ ဆန္ဒပြခဲ့ကြပါတယ်။ ဒီကနေ့ ကလေးမြို့က ဆန္ဒပြပွဲတွေကတော့ ဖမ်းဆီး၊ ပစ်ခတ် ခံရတာမျိုး မရှိခဲ့ဘဲ အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်လို့ ကလေးမြို့ ဆန္ဒပြပွဲတွေမှာ နေ့စဉ်ပါဝင်နေသူ တဦးက ပြောပါတယ်။

“နေရာတွေ အချိန်တွေကတော့ အားလုံး တသမတ်တည်း မရှိတော့ဘူး။ အမြဲတမ်း ရွှေ့နေရတာပေါ့နော်။ သူတို့က ဒီနေ့ဆိုရင် တော်တော်လေးကို သတင်း ခိုင်ခိုင်လုံလုံနဲ့ပေါ့၊ ပြောကြတာတော့ သူတို့နဲ့ ထိပ်တိုက်တွေ့တာနဲ့ ပစ်ခတ်ဖြိုခွဲမယ်၊ ဖမ်းဆီးမယ်ဆိုတာမျိုးပေါ့။ နောက်ပြီးတော့ ကျနော်တို့ ခါတိုင်းစုတဲ့ စုရပ်နေရာမှာကို ကြိုပြီးတော့ စောင့်နေတဲ့ အနေအထားမျိုးတွေလည်းရှိတယ်။ နေရာတွေ အချိန်တွေ ပြောင်းပြီးမှာ ဒီလှုပ်ရှားမှုတွေကို မပြတ်အောင် လုပ်နေကြတာပေါ့။”

ဒီနေ့ လုံခြုံရေးကြောင့် ဆန္ဒပြပွဲတွေ မလုပ်နိုင်တဲ့ ကယားပြည်နယ် ဒီးမော့ဆိုမြို့မှာတော့ စစ်တပ်က ပစ်ခတ်လို့ ၁ ယောက်သေဆုံးခဲ့ပါတယ်။

မြို့ထဲက လွိုင်ကော်-ဒီးမော့ဆိုလမ်း တလျှောက်မှာ စစ်တပ်နဲ့ ရဲတွေ ဝင်မလာနိုင်အောင် ဒေသခံတွေ တားဆီးထားတဲ့ အတားအဆီးတွေကို တပ်တွေက လိုက်လံရှင်းလင်းနေစဉ် ပစ်ခတ်တဲ့အတွက် တဦးသေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေနဲ့ ဖမ်းဆီးခံသူတွေ ရှိတယ်လို့ ဒီးမော့ဆို ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီးမော့ဆိုမှာတော့ ဒီနေ့ ဆန္ဒပြတာမရှိဘူး။ စစ်တပ်ကတော့ ဂိတ်တွေ၊ ခံတပ်ပေါ့နော်၊ သဲအိတ်တွေ၊ ဘာတွေ လုပ်ထားတာတွေ အကုန်လုံးကို မြေကလော်စက် ဘက်ဖိုးနဲ့ လာပြီးတော့ ကော်ထုတ်သွားတယ်။ လမ်းတိုင်းမှာ ခုခံတပ်တွေ တော်တော်များများ မရှိတော့ဘူး။ ပြီးတော့ ရွာကတယောက် အဲဒီလို တားဆီးလို့ စစ်တပ်က လာလုပ်တာကို တားဆီးလို့ စစ်တပ်က ပစ်သတ်လိုက်တာ တစ်ယောက် သေသွားတယ်၊ ခုဏကပဲ။ တပ်တွေကတော့ တနေ့ထက် တနေ့ ပိုပိုတော့ များလာတာပေါ့။”

စစ်ကောင်စီတပ်တွေရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ ရှိနေပေမဲ့ ရတဲ့နည်းနဲ့ နေ့စဉ်ချီတက်ဆန္ဒပြနေတဲ့ ဖားကန့်၊ ထားဝယ်၊ ပုဂံ၊ ညောင်ဦးမြို့တွေမှာ ဒီကနေ့လည်း သပိတ်ပေါင်းစုံက လူရာနဲ့ချီ ဆန္ဒထုတ်ဖော်ကြပါတယ်။ မိုးကုတ်၊ လွိုင်ကော်၊ မြင်းခြံ၊ မကွေး၊ ကမ္မ၊ စစ်ကိုင်း နဲ့ မုံရွာတို့မှာလည်း လူမဲ့သပိတ်၊ ပျောက်ကြားသပိတ်တွေ ဆက်ရှိနေပါတယ်။ ဆန္ဒပြပြည်သူတွေကို လက်နက်ကိုင်တွေက စစ်တပ်နဲ့ ရဲတပ်ဖွဲ့ အမှတ်အသားမပါတဲ့ ကားတွေကိုအသုံးပြုပြီး အရပ်ဝတ်တွေနဲ့ ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG