သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

VOM သတင္း အယ္ဒီတာခ်ဳပ္နဲ႔ သတင္းေထာက္တဦးကို ေခၚယူထိန္းသိမ္း


Voice of Myanmar သတင္းဌာနက အယ္ဒီတာခ်ဳပ္ ကိုေနလင္း ေခၚ ကိုေနမ်ဳိးလင္း။ (မတ္ ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာနိုင္ငံမွာ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းေလာကထဲကသူေတြ ဖမ္းဆီး စစ္ေဆးခံေနရပါတယ္။ ဒီကေန႔ မနက္ပိုင္းကလည္း မႏၱေလးအေျခစိုက္ Voice of Myanmar သတင္းဌာနက အယ္ဒီတာခ်ဳပ္နဲ႔ သတင္းေထာက္တစ္ဦးကို အာဏာပိုင္ေတြ ေမးျမန္းစရာ႐ွိတယ္ဆိုၿပီး ေခၚေဆာင္သြားပါတယ္။ ဒီအေျခအေနနဲ႔ပတ္သက္လို႔ ရန္ကုန္က ေပးပို႔တဲ့သတင္းကို ကိုခင္ေမာင္စိုးမင္း ေျပာျပေပးမွာပါ။

အာဏာသိမ္းအုပ္ခ်ဳပ္ေနတဲ့ န.စ.က စစ္ေကာင္စီက အခုရက္ပိုင္း သတင္းေလာကထဲက သူတခ်ဳိ႕ကို ဖမ္းဆီး စစ္ေဆးေနတာမွာ ဒီေန႔လည္း မႏၱေလးအေျခစို္က္ သတင္းသမား ၂ ေယာက္အဖမ္းခံရပါတယ္။ ျမန္မာႏိုင္ငံသတင္းေတြကို အြန္လိုင္းေပၚမွာ တင္ျပေနတဲ့ Voice of Myanmar သတင္းဌာနက အယ္ဒီတာခ်ဳပ္ ကိုေနလင္းလုိ႔သိၾကတဲ့ ကိုေနမ်ဳိးလင္းနဲ႔ သတင္းေထာက္တစ္ဦးကို အာဏာပိုင္ေတြ ဒီေန႔ မနက္က ေခၚေဆာင္သြားတဲ့အေၾကာင္း ကိုေနလင္းရဲ႕ ဇနီးျဖစ္သူ မဇာနည္မာန္က ဗီြအိုေအကို ေျပာပါတယ္။

“ေခၚတာေတာ့ ဟုတ္တယ္။ ဒါေပမဲ့ သူ႔ကို ဖမ္းလိုက္တာလား ဘာမွန္းမသိေသးတဲ့ အခါက်ေတာ့ သူတို႔ကေတာ့ ညေနက်ပိုင္းက်ရင္ ျပန္ပို႔ေပးမယ္ေပါ့ေနာ္။ ဒီအတိုင္းသူတို႔ ေမးစရာေဆြးေႏြးစရာရွိလို႔ ဆိုၿပီး အဲဒီလိုမ်ိဳးပဲ ေခၚသြားတာဆိုေတာ့ေလ ေသခ်ာေတာ့ မသိ ေသးဘူး ကိုေနလင္းနဲ႔လည္း အဆက္အသြယ္ကလည္း လံုးဝမရေသးေတာ့ေလ ညေနပိုင္း ေလာက္အထိေတာ့ ေစာင့္ၾကည့္မယ္ေပါ့ေနာ္။ ဖမ္းတယ္၊ မဖမ္းဘူးဆိုတာကေတာ့ ညီမလည္း အတည္မျပဳေပးႏိုင္ေသးဘူးရွင့္။”

ကိုေနလင္းနဲ႔ အတူ သတင္းေထာက္တစ္ဦးကို ညေနပိုင္းမွာ ျပန္ပို႔ေပးမယ္ဆုိၿပီး အာဏာပိုင္ေတြက ေျပာဆိုသြားေပမယ့္ ညေန ၆ နာရီ အထိ ျပန္မေရာက္ေသးဘူးလို႔ မဇာနည္မာန္က ေျပာပါတယ္။

ကိုေနလင္းဟာ Voice of Myanmar သတင္းဌာနကို တည္ေထာင္သူလည္းျဖစ္ပါတယ္။ၿပီးခဲ့တဲ့ NLD အစိုးရလက္ထက္ ၂၀၂၀ ခုနွစ္ မတ္လ ၃၀ ရက္ေန႔ကလည္း ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ ဆက္သြယ္တယ္ဆိုၿပီးေတာ့ မႏၱေလးတိုင္းရဲတပ္ဖဲြ႔က အၾကမ္းဖက္တိုက္ဖ်က္ေရး ဥပေဒနဲ႔ တရားစြဲဆို၊ ေထာင္ခ်ခံရၿပီးေနာက္ ၂၀၂၀ ခုနွစ္ ဧၿပီလ ၉ ရက္ေန႔မွာ ျပန္လြတ္ေျမာက္လာခဲ့ပါတယ္။

သူတရားဝင္တည္ေထာင္ၿပီး လည္ပတ္ေနတဲ့ Voice of Myanmar သတင္းဌာနဟာ လက္ရွိ ျမန္မာအတြင္း ျဖစ္ေပၚေနတဲ့ စစ္အာဏာသိမ္းမႈ ေနာက္ပိုင္း ဆႏၵျပပြဲသတင္းေတြကို အြန္လိုင္းမွာ တင္ျပေပးေနတဲ့ သတင္းဌာနတခုျဖစ္ပါတယ္။ စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း သတင္းေထာက္ေတြကို ဖမ္းဆီးတာေတြ သတင္းဌာနေတြကို ဝင္ေရာက္စီးနင္း ႐ွာေဖြတာေတြဟာ မီဒီယာေတြ ရပ္နားသြားေအာင္ ဖိအားေပးေနတာျဖစ္တယ္လို႔လည္း သတင္းမီဒီယာေကာင္စီအဖြဲ႔ဝင္ေဟာင္း ဦးျမင့္ေက်ာ္က သံုးသပ္ပါတယ္။

“က်ေနာ့္အျမင္မွာေတာ့ ဒီ သတင္းဌာနေတြ ရပ္နားသြားေအာင္ လုပ္ေဆာင္ေပးတဲ့ဟာ ဖိအားေပးတဲ့ဟာလို႔ က်ေနာ္ျမင္ပါတယ္။ အခုလည္း တခ်ိဳ႕ Online သတင္းဌာနေတြ ရပ္သြားတာေတြ ရွိတယ္ေလ။ ဥပမာ မံုရြာေဂဇက္ဆိုရင္ ရံုးဝင္စီးခံရၿပီးေနာက္ ရပ္နားဖို႔ ဆံုးျဖတ္လိုက္တာေပါ့ေနာ္။ ေနာက္တစ္ခု နွစ္ေလာက္ေတာ့ ရွိတာေပါ့။ ဒီဟာေတြက ပုဂၢလိက မီဒီယာေတြ ရပ္နားသြားေအာင္ဖိအားေပးတဲ့ သေဘာေပါ့ေနာ္။ က်ေနာ္ေတာ့ အဲဒီလိုယူဆပါတယ္။”

စစ္တပ္က အာဏာသိမ္းၿပီးေနာက္ပိုင္း ဆႏၵျပပြဲေတြမွာ သတင္းယူေနစဥ္ သတင္းေထာက္ေတြ ဖမ္းဆီးခံရတာ၊ သူတို႔ေနအိမ္ေတြထဲ ဝင္ေရာက္ဖမ္းဆီးတာေတြ လုပ္ေနတာမွာ ေဖေဖာ္ဝါရီ ၁ ရက္ကစလို႔ ဒီေန႔အထိ တႏိုင္ငံလံုး မွာ ဖမ္းဆီးျခင္းခံရတဲ့ သတင္းေထာက္ ၈၀ ထက္ မနည္းရွိပါတယ္။

ဒီထဲက အေယာက္ ၃၀ ျပန္လည္လြတ္ေျမာက္လာေပမဲ့ အေယာက္ ၄၀ ေက်ာ္ကေတာ့ တပ္မေတာ္အၾကည္ညိဳပ်က္ေစေအာင္ ေျပာဆိုေရးသားမႈ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၅၀၅ က နဲ႔ အမႈဖြင့္ကာ အက်ဥ္းေထာင္ေတြနဲ႔ စစ္ေၾကာေရး စခန္းေတြမွာ စစ္ေမး ဖမ္းဆီးခံထားရပါတယ္။ ေနာက္ထပ္ အေယာက္ ၂၀ နီးပါးကေတာ့ ဥပေဒပုဒ္မ ၅၀၅ က နဲ႔ ဖမ္းဝရမ္းထုတ္ခံထားရလို႔ ထြက္ေျပး တိမ္းေရွာင္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

VOM သတင်း အယ်ဒီတာချုပ်နဲ့ သတင်းထောက်တဦးကို ခေါ်ယူထိန်းသိမ်း

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းလောကထဲကသူတွေ ဖမ်းဆီး စစ်ဆေးခံနေရပါတယ်။ ဒီကနေ့ မနက်ပိုင်းကလည်း မန္တလေးအခြေစိုက် Voice of Myanmar သတင်းဌာနက အယ်ဒီတာချုပ်နဲ့ သတင်းထောက်တစ်ဦးကို အာဏာပိုင်တွေ မေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်ဆောင်သွားပါတယ်။ ဒီအခြေအနေနဲ့ပတ်သက်လို့ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုခင်မောင်စိုးမင်း ပြောပြပေးမှာပါ။

အာဏာသိမ်းအုပ်ချုပ်နေတဲ့ န.စ.က စစ်ကောင်စီက အခုရက်ပိုင်း သတင်းလောကထဲက သူတချို့ကို ဖမ်းဆီး စစ်ဆေးနေတာမှာ ဒီနေ့လည်း မန္တလေးအခြေစိုက် သတင်းသမား ၂ ယောက်အဖမ်းခံရပါတယ်။ မြန်မာနိုင်ငံသတင်းတွေကို အွန်လိုင်းပေါ်မှာ တင်ပြနေတဲ့ Voice of Myanmar သတင်းဌာနက အယ်ဒီတာချုပ် ကိုနေလင်းလို့သိကြတဲ့ ကိုနေမျိုးလင်းနဲ့ သတင်းထောက်တစ်ဦးကို အာဏာပိုင်တွေ ဒီနေ့ မနက်က ခေါ်ဆောင်သွားတဲ့အကြောင်း ကိုနေလင်းရဲ့ ဇနီးဖြစ်သူ မဇာနည်မာန်က ဗွီအိုအေကို ပြောပါတယ်။

“ခေါ်တာတော့ ဟုတ်တယ်။ ဒါပေမဲ့ သူ့ကို ဖမ်းလိုက်တာလား ဘာမှန်းမသိသေးတဲ့ အခါကျတော့ သူတို့ကတော့ ညနေကျပိုင်းကျရင် ပြန်ပို့ပေးမယ်ပေါ့နော်။ ဒီအတိုင်းသူတို့ မေးစရာဆွေးနွေးစရာရှိလို့ ဆိုပြီး အဲဒီလိုမျိုးပဲ ခေါ်သွားတာဆိုတော့လေ သေချာတော့ မသိ သေးဘူး ကိုနေလင်းနဲ့လည်း အဆက်အသွယ်ကလည်း လုံးဝမရသေးတော့လေ ညနေပိုင်း လောက်အထိတော့ စောင့်ကြည့်မယ်ပေါ့နော်။ ဖမ်းတယ်၊ မဖမ်းဘူးဆိုတာကတော့ ညီမလည်း အတည်မပြုပေးနိုင်သေးဘူးရှင့်။”

ကိုနေလင်းနဲ့ အတူ သတင်းထောက်တစ်ဦးကို ညနေပိုင်းမှာ ပြန်ပို့ပေးမယ်ဆိုပြီး အာဏာပိုင်တွေက ပြောဆိုသွားပေမယ့် ညနေ ၆ နာရီ အထိ ပြန်မရောက်သေးဘူးလို့ မဇာနည်မာန်က ပြောပါတယ်။

ကိုနေလင်းဟာ Voice of Myanmar သတင်းဌာနကို တည်ထောင်သူလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ NLD အစိုးရလက်ထက် ၂၀၂၀ ခုနှစ် မတ်လ ၃၀ ရက်နေ့ကလည်း ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ မန္တလေးတိုင်းရဲတပ်ဖွဲ့က အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေနဲ့ တရားစွဲဆို၊ ထောင်ချခံရပြီးနောက် ၂၀၂၀ ခုနှစ် ဧပြီလ ၉ ရက်နေ့မှာ ပြန်လွတ်မြောက်လာခဲ့ပါတယ်။

သူတရားဝင်တည်ထောင်ပြီး လည်ပတ်နေတဲ့ Voice of Myanmar သတင်းဌာနဟာ လက်ရှိ မြန်မာအတွင်း ဖြစ်ပေါ်နေတဲ့ စစ်အာဏာသိမ်းမှု နောက်ပိုင်း ဆန္ဒပြပွဲသတင်းတွေကို အွန်လိုင်းမှာ တင်ပြပေးနေတဲ့ သတင်းဌာနတခုဖြစ်ပါတယ်။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်တွေကို ဖမ်းဆီးတာတွေ သတင်းဌာနတွေကို ဝင်ရောက်စီးနင်း ရှာဖွေတာတွေဟာ မီဒီယာတွေ ရပ်နားသွားအောင် ဖိအားပေးနေတာဖြစ်တယ်လို့လည်း သတင်းမီဒီယာကောင်စီအဖွဲ့ဝင်ဟောင်း ဦးမြင့်ကျော်က သုံးသပ်ပါတယ်။

“ကျနော့်အမြင်မှာတော့ ဒီ သတင်းဌာနတွေ ရပ်နားသွားအောင် လုပ်ဆောင်ပေးတဲ့ဟာ ဖိအားပေးတဲ့ဟာလို့ ကျနော်မြင်ပါတယ်။ အခုလည်း တချို့ Online သတင်းဌာနတွေ ရပ်သွားတာတွေ ရှိတယ်လေ။ ဥပမာ မုံရွာဂေဇက်ဆိုရင် ရုံးဝင်စီးခံရပြီးနောက် ရပ်နားဖို့ ဆုံးဖြတ်လိုက်တာပေါ့နော်။ နောက်တစ်ခု နှစ်လောက်တော့ ရှိတာပေါ့။ ဒီဟာတွေက ပုဂ္ဂလိက မီဒီယာတွေ ရပ်နားသွားအောင်ဖိအားပေးတဲ့ သဘောပေါ့နော်။ ကျနော်တော့ အဲဒီလိုယူဆပါတယ်။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေမှာ သတင်းယူနေစဉ် သတင်းထောက်တွေ ဖမ်းဆီးခံရတာ၊ သူတို့နေအိမ်တွေထဲ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်နေတာမှာ ဖေဖော်ဝါရီ ၁ ရက်ကစလို့ ဒီနေ့အထိ တနိုင်ငံလုံး မှာ ဖမ်းဆီးခြင်းခံရတဲ့ သတင်းထောက် ၈၀ ထက် မနည်းရှိပါတယ်။

ဒီထဲက အယောက် ၃၀ ပြန်လည်လွတ်မြောက်လာပေမဲ့ အယောက် ၄၀ ကျော်ကတော့ တပ်မတော်အကြည်ညိုပျက်စေအောင် ပြောဆိုရေးသားမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ က နဲ့ အမှုဖွင့်ကာ အကျဉ်းထောင်တွေနဲ့ စစ်ကြောရေး စခန်းတွေမှာ စစ်မေး ဖမ်းဆီးခံထားရပါတယ်။ နောက်ထပ် အယောက် ၂၀ နီးပါးကတော့ ဥပဒေပုဒ်မ ၅၀၅ က နဲ့ ဖမ်းဝရမ်းထုတ်ခံထားရလို့ ထွက်ပြေး တိမ်းရှောင်နေကြပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG