သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျပည္တြင္းတည္ၿငိမ္မႈအေပၚ မူတည္ၿပီး အာဆီယံအၾကံျပဳခ်က္မ်ားစဥ္းစားမည္ဟု ျမန္မာထုတ္ျပန္


ဧၿပီလ ၂၄ ရက္ေန႔က က်င္းပခဲ့တဲ့ အာဆီယံ ထိပ္သီးအစည္းအေဝးပဲြ ျမင္ကြင္း။ (ဧၿပီ ၂၄၊ ၂၀၂၁)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံမွာ တရားဥပေဒစိုးမိုးေရးနဲ႔ ရပ္ရြာ ေအးခ်မ္းတည္ၿငိမ္မႈရွိေရး ဦးစားေပး ေဆာင္ရြက္ေနရတဲ့အတြက္ ျပည္တြင္းတည္ၿငိမ္မႈအေပၚ မူတည္ၿပီးမွသာ ႏုိင္ငံအက်ဳိးစီးပြားကိုအေျခခံၿပီး အာဆီယံ ႏုိင္ငံ့ေခါင္းေဆာင္ေတြရဲ႕ အၾကံျပဳခ်က္ေတြကို အေလးထား စဥ္းစားေပးမွာျဖစ္တယ္လို႔ စစ္ေကာင္စီရဲ႕ မေန႔ကရက္စြဲနဲ႔ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဒါဟာျဖင့္ ၿပီးခဲ့တဲ့ ၂၄ ရက္ေန႔က အင္ဒိုနီးရွားနုိင္ငံ၊ ဂ်ကာတာၿမိဳ႕ေတာ္မွာ ျမန္မာ့အေရး အာဆီယံေခါင္းေဆာင္ေတြရဲ႕ အစည္းအေဝးနဲ႔ပတ္သက္ၿပီး စစ္ေကာင္စီဘက္က ပထမဆံုးအႀကိမ္ တရားဝင္ထုတ္ျပန္ခ်က္ပဲျဖစ္ပါတယ္။

အစည္းအေဝးအၿပီး အာဆီယံအလွည့္က်ဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္ထဲမွာပါရွိတဲ့ အခ်က္ ၅ ခ်က္ကိုေတာ့ စစ္ေကာင္စီရဲ႕ ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပမထားပါဘူး။

ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener နဲ႔ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္တို႔ အာဆီယံအစည္းအေဝးအၿပီး ဂ်ကာတာမွာ ေတြ႔ဆံုေဆြးေႏြးခဲ့ၾကတယ္လို႔ ကုလသမဂၢကေျပာလိုက္တဲ့ တရက္ထဲမွာပဲ စစ္ေကာင္စီရဲ႕ထုတ္ျပန္ခ်က္ ထြက္လာတာပါ။

အထူးကိုယ္စားလွယ္နဲ႔ စစ္ေကာင္စီေခါင္းေဆာင္တို႔ ဘာေတြေဆြးေႏြးခ့ဲတယ္ဆိုတာ ကုလသမဂၢဘက္ကေရာ စစ္ေကာင္စီဘက္ကပါ ထုတ္ျပန္တာမရွိပါဘူး။

အာဆီယံအစည္းအေဝးကို တ႐ုတ္ႏုိင္ငံက ႀကိဳဆိုၿပီး ျမန္မာႏုိင္ငံမွာ တင္းမာမႈေလ်ာ့ပါးလာေအာင္ အားလံုးပါဝင္တဲ့ အာဆီယံပံုစံ အစည္းအေဝးကေန လမ္းေၾကာင္း စတင္ေပးလိုက္တာျဖစ္တယ္လို႔ ရန္ကုန္ၿမိဳ႕၊ တ႐ုတ္သံ႐ံုးက သူတို႔ရဲ႕ေဖ့စ္ဘုတ္မွာ မေန႔ကေရးထားပါတယ္။

႐ုရွားအစိုးရကေတာ့ ျမန္မာႏိုင္ငံျပႆနာကို ျမန္မာလူထုကိုယ္တိုင္ ေျဖရွင္းတာမ်ဳိးလိုလားတယ္လုိ႔ တနလၤာေန႔ကေျပာပါတယ္။ ဒါ့အျပင္ အရပ္သားျပည္သူေတြ ေသဆံုးဒဏ္ရာရေအာင္ လုပ္တဲ့လုပ္ရပ္ေတြကို ျပင္းျပင္းထန္ထန္႐ႈတ္ခ်ေၾကာင္း၊ ျမန္မာ့အေရးကို ႐ုရွားက သိပ္ကိုစိုးရိမ္ေနေၾကာင္းနဲ႔ ျမန္မာႏုိင္ငံမွာ ျဖစ္ပ်က္ေနတာေတြကို ေသခ်ာဂရုစိုက္ ေစာင့္ၾကည့္ေလ့လာေနေၾကာင္း ႐ုရွားအစိုးရေျပာခြင့္ရ Dmitry Peskov က သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။

ဒီအေတာအတြင္းမွာပဲ အေမရိကန္သမၼတေဟာင္း Barack Obama က သမၼတဘိုင္ဒန္အစိုးရနဲ႔ သေဘာထားတိုက္ဆိုင္တဲ့ ႏိုင္ငံေတြက ျမန္မာစစ္တပ္အေပၚ ဒဏ္ခတ္အေရးယူမႈေတြ ခ်မွတ္ၿပီး ျမန္မာႏိုင္ငံ ဒီမိုကေရစီလမ္းေၾကာင္းေပၚ ျပန္ေရာက္ေရး အားထုတ္တဲ့လုပ္ရပ္ေတြကို သူ႔အေနနဲ႔ ေထာက္ခံတယ္လုိ႔ တနလၤာေန႔က ထုတ္ျပန္ခ်က္ထဲမွာ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ပြည်တွင်းတည်ငြိမ်မှုအပေါ် မူတည်ပြီး အာဆီယံအကြံပြုချက်များစဉ်းစားမည်ဟု မြန်မာထုတ်ပြန်

မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးရေးနဲ့ ရပ်ရွာ အေးချမ်းတည်ငြိမ်မှုရှိရေး ဦးစားပေး ဆောင်ရွက်နေရတဲ့အတွက် ပြည်တွင်းတည်ငြိမ်မှုအပေါ် မူတည်ပြီးမှသာ နိုင်ငံအကျိုးစီးပွားကိုအခြေခံပြီး အာဆီယံ နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အကြံပြုချက်တွေကို အလေးထား စဉ်းစားပေးမှာဖြစ်တယ်လို့ စစ်ကောင်စီရဲ့ မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါဟာဖြင့် ပြီးခဲ့တဲ့ ၂၄ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်မှာ မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေးနဲ့ပတ်သက်ပြီး စစ်ကောင်စီဘက်က ပထမဆုံးအကြိမ် တရားဝင်ထုတ်ပြန်ချက်ပဲဖြစ်ပါတယ်။

အစည်းအဝေးအပြီး အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်ထဲမှာပါရှိတဲ့ အချက် ၅ ချက်ကိုတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြမထားပါဘူး။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ အာဆီယံအစည်းအဝေးအပြီး ဂျကာတာမှာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ကုလသမဂ္ဂကပြောလိုက်တဲ့ တရက်ထဲမှာပဲ စစ်ကောင်စီရဲ့ထုတ်ပြန်ချက် ထွက်လာတာပါ။

အထူးကိုယ်စားလှယ်နဲ့ စစ်ကောင်စီခေါင်းဆောင်တို့ ဘာတွေဆွေးနွေးခဲ့တယ်ဆိုတာ ကုလသမဂ္ဂဘက်ကရော စစ်ကောင်စီဘက်ကပါ ထုတ်ပြန်တာမရှိပါဘူး။

အာဆီယံအစည်းအဝေးကို တရုတ်နိုင်ငံက ကြိုဆိုပြီး မြန်မာနိုင်ငံမှာ တင်းမာမှုလျော့ပါးလာအောင် အားလုံးပါဝင်တဲ့ အာဆီယံပုံစံ အစည်းအဝေးကနေ လမ်းကြောင်း စတင်ပေးလိုက်တာဖြစ်တယ်လို့ ရန်ကုန်မြို့၊ တရုတ်သံရုံးက သူတို့ရဲ့ဖေ့စ်ဘုတ်မှာ မနေ့ကရေးထားပါတယ်။

ရုရှားအစိုးရကတော့ မြန်မာနိုင်ငံပြဿနာကို မြန်မာလူထုကိုယ်တိုင် ဖြေရှင်းတာမျိုးလိုလားတယ်လို့ တနင်္လာနေ့ကပြောပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူတွေ သေဆုံးဒဏ်ရာရအောင် လုပ်တဲ့လုပ်ရပ်တွေကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်း၊ မြန်မာ့အရေးကို ရုရှားက သိပ်ကိုစိုးရိမ်နေကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို သေချာဂရုစိုက် စောင့်ကြည့်လေ့လာနေကြောင်း ရုရှားအစိုးရပြောခွင့်ရ Dmitry Peskov က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ အမေရိကန်သမ္မတဟောင်း Barack Obama က သမ္မတဘိုင်ဒန်အစိုးရနဲ့ သဘောထားတိုက်ဆိုင်တဲ့ နိုင်ငံတွေက မြန်မာစစ်တပ်အပေါ် ဒဏ်ခတ်အရေးယူမှုတွေ ချမှတ်ပြီး မြန်မာနိုင်ငံ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်ရေး အားထုတ်တဲ့လုပ်ရပ်တွေကို သူ့အနေနဲ့ ထောက်ခံတယ်လို့ တနင်္လာနေ့က ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG