သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ႏိုင္ငံေရးအက်ဥ္းသား လႊတ္ေပးေရးေတာင္းဆိုခ်က္ အာစီယံေၾကညာခ်က္ ထဲက ျပဳတ္က်န္ခဲ႔တဲ႔ ပေဟဠိ


ျမန္မာ့အေရး အာဆီယံ အထူးအစည္းအေဝးျပဳလုပ္ေနစဥ္ ဆႏၵျပေနသူမ်ား (April 24, 2021)

[ Zawgyi / Unicode ]


စေနေန႔က က်င္းပခဲ့တဲ့ အာဆီယံေခါင္းေဆာင္ေတြရဲ့ ျမန္မာ့အေရး အထူးအစည္းအေဝး အၿပီးမွာ ထုတ္ျပန္ဖို႔ ေသာၾကာေန႔က ေရးဆြဲထားတဲ့ သေဘာတူညီခ်က္မူၾကမ္းထဲမွာ ႏိုင္ငံေရးအက်ဥ္းသားေတြကို လႊတ္ေပးဖုိ႔ ေတာင္းဆိုတဲ့ အခ်က္တခ်က္လည္း ပါဝင္တယ္လို႔ ဒီေၾကညာခ်က္နဲ႔ပတ္သက္ၿပီး သိရွိတဲ့ သတင္းအရင္းအျမစ္ ၃ ခုကို ကိုးကားၿပီး ရိုက္တာသတင္းမွာ ေဖၚျပထားပါတယ္။

အစည္းေဝးအၿပီး တကယ္တမ္းထုတ္ျပန္လိုက္တဲ့ ေၾကညာခ်က္ထဲမွာေတာ့ ႏိုင္ငံေရး အက်ဥ္းသားေတြ လႊတ္ေပးဖုိ႔ ဆိုတဲ့အခ်က္အတြက္ ေလ ွ်ာ့ေပါ့ေျပာထားတာကို မေမ ွ်ာ္လင့့္္ပဲ ေတြ႔ရသလို ႏိုင္ငံေရး အက်ဥ္းသားေတြ ျပန္လႊတ္ေပးဖို႔ ေသေသခ်ာခ်ာလည္း ထည့္မေျပာထားဘူးလုိ႔ သတင္းအရင္းအျမစ္ ၂ ခုက ေျပာေၾကာင္း ေဖၚျပပါတယ္။

အာဆီယံက ထုတ္ျပန္လိုက္တဲ့ ဘံုသေဘာတူညီမႈထဲမွာ ႏို္င္ငံေရးအက်ဥ္းသားေတြနဲ႔ပတ္သက္ၿပီး အာဆီယံ အေနနဲ႔ ခိုင္ခိုင္မာမာ ရပ္တည္တာမ်ိဳး မျပတဲ့အတြက္ ျမန္မာစစ္တပ္ရဲ့ အာဏာသိမ္းမႈကို ဆန္႔က်င္သူေတြနဲ႔ လူ႔အခြင့္ေရး လႈပ္ရွားသူေတြကို စိတ္ပ်က္ေစသလို အခုက်င္းပခဲ့တဲ့ အစည္းအေဝး သိပ္မရာမထင္ ဘူးလို႔လည္း ေဝဖန္မႈေတြ တိုးလာေနတာပါ။

ျမန္မာႏိုင္ငံက စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္တက္ေရာက္ခဲ့တဲ့ အာဆီယံအစည္းေဝးကေန ထုတ္ျပန္တဲ့ အားလံုး သေဘာတူညီမႈရတဲ့ အခ်က္ ၅ ခ်က္ထဲမွာ ႏိုင္ငံေရးအက်ဥ္းသားေတြ လႊတ္ေပးဖို႔ မပါဝင္ေပမယ့္ ၊ အာဆီယံ အလွည့္က်ဥကၠဌ ဘရူႏိုင္းႏိုင္ငံရဲ့ ထုတ္ျပန္ခ်က္ထဲမွာေတာ့ ႏိုင္ငံေရးအက်ဥ္းသား ေတြကို လႊတ္ေပးဖို႔ ေတာင္းဆိုမႈေတြ ပါဝင္ေနတယ္လို႔ ၾကားသိရေၾကာင္း ရိုက္တာသတင္းမွာ ေဖၚျပထားတာပါ။

ေဖေဖၚဝါရီ ၁ ရက္ အာဏာသိမ္းခဲ့ခ်ိန္ကစၿပီး စစ္တပ္ရဲ့ အဖမ္းဆီးခံရသူ ၃၃၀၀ ေက်ာ္ရွိေနတာျဖစ္ၿပီး အထူးသျဖင့္ ႏိုင္ငံေတာ္အတုိင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္၊ အေရြးေကာက္ခံသမၼတ ဦးဝင္းျမင့္နဲ႔တကြ လႊတ္ေတာ္အမတ္ အေတာ္မ်ားမ်ားလည္း အဖမ္းဆီးခံေနရတာပါ။

အာဆီယံ အထူးအစည္းအေဝး အၿပီးမွာ အာဆီယံေခါင္းေဆာင္တခ်ိဳ႕နဲ႔ သံတမန္ေတြက ျမန္မာႏိုင္ငံက ႏိုင္ငံေရး အက်ဥ္းသားေတြကို လႊတ္ေပးဖို႔ပါ တညီတညြတ္တည္း ေတာင္းဆိုခဲ့ၾကတဲ့ သေဘာမ်ိဳး ေျပာဆိုခ်က္ေတြေၾကာင့္ ဒါနဲ႔ပတ္သက္ၿပီး နားလည္မႈေတြ ရႈပ္ေထြးခဲ့ရတာ ျဖစ္ပါတယ္။

အခုလို ေျပာင္းလဲထုတ္ျပန္ ခဲ့တာအတြက္ အံ့အားသင့္ခဲ့ရေၾကာင္း ေၾကညာခ်က္ မူၾကမ္းဖတ္ရႈရတဲ့ အမည္မေဖၚလိုသူ ၂ ဦးက ရိုက္တာကို ေျပာေပမယ့္ ဘယ္အခ်ိန္မွာ ဘယ္လို ေျပာင္းပစ္ခဲ့တယ္ ဆိုတာကိုေတာ့ ထုတ္မေျပာပါဘူး။ ဒီ ေၾကညာခ်က္မူၾကမ္းကိုေတာ့ ရိုက္တာက ကို္ယ္တိုင္ မေတြ႔ရဘူးလို႔ ဆိုပါတယ္။ ဒါ့အျပင္ ဒီကိစၥနဲ႔ ပတ္သက္ၿပီး ဘရူႏိုင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနကို ဆက္သြယ္ ေမးျမန္းခဲ့ေပမယ့္ အခုထိေတာ့ မတုန္႔ျပန္ေသးဘူးလို႔လည္း ေဖၚျပထားပါတယ္။

[ Unicode ]

နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးတောင်းဆိုချက် အာစီယံကြေညာချက်ထဲက ပြုတ်ကျန်ခဲ့တဲ့ ပဟေဠိ

စနေနေ့က ကျင်းပခဲ့တဲ့ အာဆီယံခေါင်းဆောင်တွေရဲ့ မြန်မာ့အရေး အထူးအစည်းအဝေး အပြီးမှာ ထုတ်ပြန်ဖို့ သောကြာနေ့က ရေးဆွဲထားတဲ့ သဘောတူညီချက်မူကြမ်းထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ တောင်းဆိုတဲ့ အချက်တချက်လည်း ပါဝင်တယ်လို့ ဒီကြေညာချက်နဲ့ပတ်သက်ပြီး သိရှိတဲ့ သတင်းအရင်းအမြစ် ၃ ခုကို ကိုးကားပြီး ရိုက်တာသတင်းမှာ ဖေါ်ပြထားပါတယ်။

အစည်းဝေးအပြီး တကယ်တမ်းထုတ်ပြန်လိုက်တဲ့ ကြေညာချက်ထဲမှာတော့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ဆိုတဲ့အချက်အတွက် လေ ျှာ့ပေါ့ပြောထားတာကို မမေ ျှာ်လင့့််ပဲ တွေ့ရသလို နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ သေသေချာချာလည်း ထည့်မပြောထားဘူးလို့ သတင်းအရင်းအမြစ် ၂ ခုက ပြောကြောင်း ဖေါ်ပြပါတယ်။

အာဆီယံက ထုတ်ပြန်လိုက်တဲ့ ဘုံသဘောတူညီမှုထဲမှာ နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး အာဆီယံ အနေနဲ့ ခိုင်ခိုင်မာမာ ရပ်တည်တာမျိုး မပြတဲ့အတွက် မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်သူတွေနဲ့ လူ့အခွင့်ရေး လှုပ်ရှားသူတွေကို စိတ်ပျက်စေသလို အခုကျင်းပခဲ့တဲ့ အစည်းအဝေး သိပ်မရာမထင် ဘူးလို့လည်း ဝေဖန်မှုတွေ တိုးလာနေတာပါ။

မြန်မာနိုင်ငံက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တက်ရောက်ခဲ့တဲ့ အာဆီယံအစည်းဝေးကနေ ထုတ်ပြန်တဲ့ အားလုံး သဘောတူညီမှုရတဲ့ အချက် ၅ ချက်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ မပါဝင်ပေမယ့် ၊ အာဆီယံ အလှည့်ကျဥက္ကဌ ဘရူနိုင်းနိုင်ငံရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ နိုင်ငံရေးအကျဉ်းသား တွေကို လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ပါဝင်နေတယ်လို့ ကြားသိရကြောင်း ရိုက်တာသတင်းမှာ ဖေါ်ပြထားတာပါ။

ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းခဲ့ချိန်ကစပြီး စစ်တပ်ရဲ့ အဖမ်းဆီးခံရသူ ၃၃၀၀ ကျော်ရှိနေတာဖြစ်ပြီး အထူးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ အရွေးကောက်ခံသမ္မတ ဦးဝင်းမြင့်နဲ့တကွ လွှတ်တော်အမတ် အတော်များများလည်း အဖမ်းဆီးခံနေရတာပါ။

အာဆီယံ အထူးအစည်းအဝေး အပြီးမှာ အာဆီယံခေါင်းဆောင်တချို့နဲ့ သံတမန်တွေက မြန်မာနိုင်ငံက နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့ပါ တညီတညွတ်တည်း တောင်းဆိုခဲ့ကြတဲ့ သဘောမျိုး ပြောဆိုချက်တွေကြောင့် ဒါနဲ့ပတ်သက်ပြီး နားလည်မှုတွေ ရှုပ်ထွေးခဲ့ရတာ ဖြစ်ပါတယ်။

အခုလို ပြောင်းလဲထုတ်ပြန် ခဲ့တာအတွက် အံ့အားသင့်ခဲ့ရကြောင်း ကြေညာချက် မူကြမ်းဖတ်ရှုရတဲ့ အမည်မဖေါ်လိုသူ ၂ ဦးက ရိုက်တာကို ပြောပေမယ့် ဘယ်အချိန်မှာ ဘယ်လို ပြောင်းပစ်ခဲ့တယ် ဆိုတာကိုတော့ ထုတ်မပြောပါဘူး။ ဒီ ကြေညာချက်မူကြမ်းကိုတော့ ရိုက်တာက ကိုယ်တိုင် မတွေ့ရဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘရူနိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနကို ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အခုထိတော့ မတုန့်ပြန်သေးဘူးလို့လည်း ဖေါ်ပြထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG