သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ အရေးပေါ် စည်းဝေးနေချိန် မြန်မာနိုင်ငံတွင်း အကြမ်းဖက်နှိမ်နင်းမှုတွေ ဆက်လက်ဖြစ်ပေါ်


ASEAN ရုံးချုပ် - ဂျာကာတာမြို့
ASEAN ရုံးချုပ် - ဂျာကာတာမြို့

[ Zawgyi / Unicode ]

မြန်မာနိုင်ငံတွင်း စစ်တပ်နဲ့ ရဲရဲ့ အကြမ်းဖက်မှုတွေကြောင့် ဒေသတွင်း အာဆီယံ ခေါင်းဆောင်တွေခေါ်ယူတဲ့ ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် တက်ရောက်နေချိန်မှာပဲ ပြည်တွင်းမှာတော့ အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အဖြိုခွဲခံရပြီး အနည်းဆုံး တဦး သေဆုံးခဲ့ရပါတယ်။

အကြမ်းဖက်ဖြိုခွဲမှုတွေကြောင့် ပြည်သူက ပျောက်ကြားသပိတ်တွေ ဆင်နွဲနေကြတာ ဖြစ်ပြီး နေပြည်တော်မှာ ပြုလုပ်တဲ့ ဆိုင်ကယ်သပိတ်အတွင်း စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုကြောင့် အသက် ၅၀ အရွယ် အမျိုးသားတဦး သေဆုံးခဲ့ရတယ်လို့ မျက်မြင်သက်သေတဦးရဲ့ ပြောကြားချက်ကို ကိုးကားပြီး AFP ကပြောပါတယ်။

ရဲတွေက သူ့ကို ညှပ်ဖမ်းထားတုန်း စစ်သားတယောက်က နောက်ကြောကနေ သေနတ်နဲ့ ပစ်ခဲ့တာလို့ ပြောပါတယ်။

အခုလို ဆန္ဒပြတာကို သွေးမြေကျ ဖြိုခွဲခဲ့တာကြောင့် ကုလသမဂ္ဂနဲ့ နိုင်ငံတကာက.ဖိအားပေးမှုတွေ ရှိလာတဲ့နောက်ပိုင်း အာဆီယံက အစည်းအဝေး ကျင်းပဖို့ လုပ်ခဲ့သလို ၊ အစည်းဝေး တက်ရောက်ဖို့ပါ စစ်ခေါင်းဆောင်ကို ဖိတ်ကြားခဲ့တာဖြစ်ပြီး ဒီလို ဖိတ်ကြားတာကို ဒေါသထွက်ကြတဲ့ မြန်မာနိုင်ငံတလွှား ပြည်သူတွေ လမ်းတွေပေါ်ထွက် ဆန္ဒပြခဲ့တာပါ။

ဖေဖေါ်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ ချိန်ကစပြီး မြို့ကြီးတွေ ကျေးရွာတွေ၊ ဝေးလံခေါင်ဖျား ဒေသတွေ တင်မကပဲ နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေမှာပါ စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ နေ့စဉ်လိုလို ပြုလုပ်နေတာ ဖြစ်ပြီး ဒီဆန္ဒပြပွဲတွေကို ဖြိုခွင်းမှုကနေ သေဆုံးသူ ၇၅၀ ကျော် ရှိနေပြီဖြစ်ပါတယ်။

[ Unicode ]







တိုက်ရိုက် လင့်ခ်
XS
SM
MD
LG