သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံေခါင္းေဆာင္မ်ား အစည္းအေဝး အလွည့္က်ဥကၠ႒ ထုတ္ျပန္ခ်က္


ျမန္မာ့အေရး အာဆီယံေခါင္းေဆာင္မ်ား အစည္းအေဝး တက္ေရာက္ဖုိ႔ ဂ်ကာတာကို ေရာက္ရွိလာတဲ့ ဘ႐ူႏုိင္းဘုရင္ (လယ္)။ (ဧၿပီ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာလူထုရဲ႕ အက်ဳိးစီးပြားအတြက္ ၿငိမ္းခ်မ္းတဲ့အေျဖတခု ရရွိေရး အာဆီယံအဖြဲ႔ဝင္ ႏုိင္ငံေတြအၾကား အခ်က္ ၅ ခ်က္ပါ သေဘာတူညီခ်က္တခု ရခဲ့တယ္လုိ႔ အာဆီယံ အလွည့္က်ဥကၠ႒ ဘ႐ူႏုိင္းႏုိင္ငံရဲ႕ ဒီကေန႔ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

အဲဒီအခ်က္ေတြကေတာ့ အၾကမ္းဖက္လုပ္ရပ္ေတြအားလံုး ခ်က္ခ်င္းရပ္တန္႔ၿပီး သက္ဆိုင္သူအားလံုး အေနနဲ႔ အစြမ္းကုန္ ထိန္းသိမ္းလုပ္ေဆာင္ၾကဖို႔၊ လူထုရဲ႕ အက်ဳိးစီးပြားအတြက္ ၿငိမ္းခ်မ္းတဲ့အေျဖတခု ရရွိေရး သက္ဆိုင္သူအားလံုး အေနနဲ႔ အျပဳသေဘာေဆာင္ ေဆြးေႏြးညႇိႏိႈင္းမႈလုပ္ဖို႔၊ ဒီေဆြးေႏြးညႇိႏိႈင္းမႈ လုပ္ငန္းစဥ္ကို အာဆီယံ အတြင္းေရးမွဴးခ်ဳပ္က အေထာက္အကူျပဳၿပီး အာဆီယံဥကၠ႒ရဲ႕ အထူးသံတမန္တဦးက ကမကထျပဳ ေဖာ္ေဆာင္ေပးဖို႔၊ အာဆီယံ လူသားစာနာမႈ အကူအညီေပးေရး ဌာနကေနတဆင့္ အာဆီယံအေနနဲ႔ လူသားစာနာမႈ အကူအညီေပးဖို႔နဲ႔ သက္ဆိုင္သူအားလံုးနဲ႔ ေတြ႔ဆံုေရး အထူးသံတမန္နဲ႔ ကိုယ္စားလွယ္အဖြဲ႔ ျမန္မာႏုိင္ငံကို သြားေရာက္ဖို႔တို႔ ျဖစ္ပါတယ္။

အင္ဒိုနီးရွားႏုိင္ငံ၊ ဂ်ကာတာၿမိဳ႕ေတာ္က အာဆီယံ႐ံုးခ်ဳပ္မွာ စစ္ေကာင္စီေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လိႈင္ အပါအဝင္ အာဆီယံအဖြဲ႔ဝင္ႏုိင္ငံေတြက ေခါင္းေဆာင္ေတြ ဒီကေန႔ ေတြ႔ဆံု ေဆြးေႏြးၿပီးတဲ့ေနာက္ ဒီသေဘာတူညီခ်က္ေတြ ရတာပါ။

ျမန္မာႏုိင္ငံမွာ ေသဆံုးမႈေတြနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြ အရွိန္ျမင့္လာတာ အပါအဝင္ တိုင္းျပည္အေျခအေနအေပၚ အထူးစိုးရိမ္တဲ့အေၾကာင္းလည္း အာဆီယံ အလွည့္က်ဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏုိင္ငံအေနနဲ႔ ရခိုင္ျပည္နယ္အေရး ကိုင္တြယ္ေျဖရွင္းဖို႔ ဆက္ၿပီး ႀကိဳးပမ္းလုပ္ေဆာင္မႈ အေရးႀကီးတယ္ဆိုတာ အေလးထား ေျပာဆိုခဲ့ၾကတယ္လုိ႔လည္း အာဆီယံ အလွည့္က်ဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္မွာ ပါရွိပါတယ္။

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔မွာ စစ္တပ္က အာဏာသိမ္းယူၿပီးတဲ့ေနာက္ ဖမ္းဆီးထားတဲ့ ႏုိင္ငံေရးအက်ဥ္းသားေတြ အားလံုးကုိ ျပန္လႊတ္ေပးဖို႔ စစ္ေကာင္စီေခါင္းေဆာင္ကို တိုက္တြန္းေျပာဆိုခဲ့တယ္ဆုိတာ အင္ဒိုနီးရွား၊ မေလးရွားနဲ႔ စင္ကာပူ ေခါင္းေဆာင္ေတြက သီးျခားစီ ထုတ္ျပန္ ေျပာဆိုခဲ့ၾကေပမယ့္ အာဆီယံအလွည့္က်ဥကၠ႒ရဲ႕ ထုတ္ျပန္ခ်က္နဲ႔ သေဘာတူညီခဲ့တဲ့ အခ်က္ ၅ ခ်က္ထဲမွာေတာ့ ဖမ္းထားသူေတြကို ျပန္လႊတ္ေပးဖို႔ကိစၥ မပါဝင္ပါဘူး။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

အာဆီယံခေါင်းဆောင်များ အစည်းအဝေး အလှည့်ကျဥက္ကဋ္ဌ ထုတ်ပြန်ချက်

မြန်မာလူထုရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတခု ရရှိရေး အာဆီယံအဖွဲ့ဝင် နိုင်ငံတွေအကြား အချက် ၅ ချက်ပါ သဘောတူညီချက်တခု ရခဲ့တယ်လို့ အာဆီယံ အလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ ဒီကနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီအချက်တွေကတော့ အကြမ်းဖက်လုပ်ရပ်တွေအားလုံး ချက်ချင်းရပ်တန့်ပြီး သက်ဆိုင်သူအားလုံး အနေနဲ့ အစွမ်းကုန် ထိန်းသိမ်းလုပ်ဆောင်ကြဖို့၊ လူထုရဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းတဲ့အဖြေတခု ရရှိရေး သက်ဆိုင်သူအားလုံး အနေနဲ့ အပြုသဘောဆောင် ဆွေးနွေးညှိနှိုင်းမှုလုပ်ဖို့၊ ဒီဆွေးနွေးညှိနှိုင်းမှု လုပ်ငန်းစဉ်ကို အာဆီယံ အတွင်းရေးမှူးချုပ်က အထောက်အကူပြုပြီး အာဆီယံဥက္ကဋ္ဌရဲ့ အထူးသံတမန်တဦးက ကမကထပြု ဖော်ဆောင်ပေးဖို့၊ အာဆီယံ လူသားစာနာမှု အကူအညီပေးရေး ဌာနကနေတဆင့် အာဆီယံအနေနဲ့ လူသားစာနာမှု အကူအညီပေးဖို့နဲ့ သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံရေး အထူးသံတမန်နဲ့ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို သွားရောက်ဖို့တို့ ဖြစ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်က အာဆီယံရုံးချုပ်မှာ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်တွေ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးပြီးတဲ့နောက် ဒီသဘောတူညီချက်တွေ ရတာပါ။

မြန်မာနိုင်ငံမှာ သေဆုံးမှုတွေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ အရှိန်မြင့်လာတာ အပါအဝင် တိုင်းပြည်အခြေအနေအပေါ် အထူးစိုးရိမ်တဲ့အကြောင်းလည်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ရခိုင်ပြည်နယ်အရေး ကိုင်တွယ်ဖြေရှင်းဖို့ ဆက်ပြီး ကြိုးပမ်းလုပ်ဆောင်မှု အရေးကြီးတယ်ဆိုတာ အလေးထား ပြောဆိုခဲ့ကြတယ်လို့လည်း အာဆီယံ အလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းယူပြီးတဲ့နောက် ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ စစ်ကောင်စီခေါင်းဆောင်ကို တိုက်တွန်းပြောဆိုခဲ့တယ်ဆိုတာ အင်ဒိုနီးရှား၊ မလေးရှားနဲ့ စင်ကာပူ ခေါင်းဆောင်တွေက သီးခြားစီ ထုတ်ပြန် ပြောဆိုခဲ့ကြပေမယ့် အာဆီယံအလှည့်ကျဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက်နဲ့ သဘောတူညီခဲ့တဲ့ အချက် ၅ ချက်ထဲမှာတော့ ဖမ်းထားသူတွေကို ပြန်လွှတ်ပေးဖို့ကိစ္စ မပါဝင်ပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG