သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အာဆီယံအစည္းအေဝး ရလာဒ္ေကာင္းထြက္လာမယ္လို႔ ေလ့လာသူေတြ ေမွ်ာ္လင့္မထား


asean flags (asean.org)

{{Zawgyi/Unicode}}

ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းၿပီးေနာက္ျဖစ္ေနတဲ့ ႏိုင္ငံေရးျပႆနာေတြကို အေျဖ႐ွာဖုိ႔ အာဆီယံႏိုင္ငံေတြၾကား ေဆြးေႏြးပြဲကို အင္ဒိုနီး႐ွားႏိုင္ငံ ဂ်ကာတာၿမိဳ႕ေတာ္မွာ နက္ျဖန္က်င္းပမွာပါ။ စည္းေဝးပဲြကို ဗိုလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္တက္မွာျဖစ္ေပမယ့္ အမ်ဳိးသားညီညြတ္ေရးအစိုးရ မပါတာေၾကာင့္ လက္ေတြ႕က်တဲ့ ရလာဒ္ေတြ ထြက္လာမွာမဟုတ္ဘူးလို႔ ေလ့လာသူေတြက သံုးသပ္ေနၾကပါတယ္။ လူ႔အခြင့္အေရးေဆာင္႐ြက္သူေတြကလည္း ေမးခြန္းထုတ္ေနတဲ့ေဆြးေႏြးပြဲနဲ႔ပတ္သက္လို႔ ရန္ကုန္ကလာတဲ့သတင္းကို မခင္ျဖဴေထြးက ေျပာျပထားပါတယ္။

အင္ဒိုနီးရွားႏိုင္ငံ ဂ်ာကာတာမွာ မနက္ျဖန္ က်င္းပမယ့္ ျမန္မာ့အေရး အာဆီယံ ထိပ္သီးအစည္းအေဝးကို အာဏာသိမ္း စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ ကိုယ္တိုင္တက္ေရာက္မွာပါ။

ျမန္မာႏိုင္ငံရဲ႕ အေရးနဲ႔ ပတ္သက္လို႔ အထူးအစည္းအေဝးလုပ္တာျဖစ္ေပမဲ့ အာဆီယံက အေနာက္ႏိုင္ငံေတြလို လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြကို ျပင္းျပင္းထန္ထန္ေျပာဆို ႏိုင္ဖြယ္မရွိဘူးလို႔ ေလ့လာသူေတြက သံုးသပ္ေနပါတယ္။

ဒီအစည္းအေဝးမွာလည္း စစ္ေခါင္းေဆာင္က ျမန္မာအေရး၊ လူအခြင့္အေရးခ်ိဳးေဖာက္မႈေတြနဲ႔ ပတ္သက္လို႔ လက္ရွိ ျပည္တြင္းမွာ လုပ္ေနတဲ့ သတင္းစာရွင္းလင္းပြဲလို ပုံစံမ်ိဳးသာ ေျပာဆိုႏိုင္ဖြယ္ရွိတယ္လို႔ လူ႔အခြင့္အေရးႏွင့္ အာဆီယံအေရး ေဆာင္႐ြက္ေနသူ ဦးေအာင္မ်ိဳးမင္းက VOA ကို ေျပာပါတယ္။

“ပထမ ဦးဆုံးကေတာ့ သူ႔အေနနဲ႔ သြားမလား မသြားမလား ခ်ီတုံခ်တုံ ျဖစ္ေနတဲ့ကိစၥ၊ ခုေတာ့ ေနာက္ဆုံး သြားမယ္လို႔ သတင္းထြက္လာတဲ့ ကိစၥကိုယ္တိုင္က ျပည္ပကို ထြက္ဖို႔အတြက္ ေၾကာက္႐ြံ႕ေနတဲ့ ကိစၥတစ္ခုပါ။ ဒါကေတာ့ အၿမဲတမ္း သမိုင္းေၾကာင္းမေကာင္းတဲ့သူ၊ တကယ့္ကို ေနာက္ေၾကာင္းမရွင္းတဲ့သူေတြမွာ ႀကဳံေတြ႕ရတယ္။ အဲ့ေတာ့ သူကေတာ့ ေသခ်ာတာတစ္ခုက ေသခ်ာေအာင္ သူစီစဥ္သြားမွာေတာ့ ျဖစ္ပါလိမ့္မယ္။ အေစာႀကီးကတည္းကေန သူ႔အေနနဲ႔ ဖိတ္ၾကားမႈလာမယ္ ဒီဖိတ္ၾကားမႈမွာ လုံၿခဳံေရးကိစၥကို အထူးအေလးအနက္ လုပ္ေဆာင္ေပးဖို႔အတြက္ စီစဥ္တဲ့ အာဆီယံေခါင္းေဆာင္ေတြ ႏိုင္ငံေတြနဲ႔ ပတ္သက္ၿပီးေတာ့ သူေသေသခ်ာခ်ာေတာင္းဆိုမွာေတာ့ ေသခ်ာတယ္။ ေနာက္တစ္ခုကေတာ့ သူ႔အေနနဲ႔ ခန္႔မွန္းပါလိမ့္မယ္၊ ဒီကိစၥက ျပင္းျပင္းထန္ထန္နဲ႔ လူ႔အခြင့္အေရးကိစၥေတြကို ေျပာဆိုေထာက္ျပမွာ မဟုတ္သည့္တိုင္ေအာင္ လူ႔အခြင့္အေရးကိစၥကေတာ့ ေျပာမွာေသခ်ာပါတယ္။ ဒါေတြ ေဆြးေႏြးဖို႔အတြက္ အေျဖရွာဖို႔အတြက္ သီးသန္႔ေခၚတာျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ သူ႔အေနနဲ႔ ျပင္ဆင္သြားမယ့္ ကိစၥတစ္ခုကေတာ့ ကြၽန္ေတာ္တို႔ အၿမဲတမ္းၾကားေနရတဲ့ သတင္းစာရွင္းလင္းပြဲလိုေပါ့၊ ဒါေတြ မဟုတ္ပါဘူး၊ ဒါေတြ မလုပ္ပါဘူး၊ ဒါေတြကေတာ့ ဆူပူေသာင္းက်န္းသူမို႔လို႔ ေျဖရွင္းတာျဖစ္တယ္။ သတ္ျဖတ္တာမဟုတ္ပါဘူး။ ေနာက္တစ္ခု ကြၽန္ေတာ္တို႔ ရရွိထားတဲ့ အခ်က္အလက္ေတြက သံသယျဖစ္စရာေတြ၊ မွားယြင္းတဲ့ အခ်က္ေတြဆိုၿပီးေတာ့ သူေျပာဖို႔အတြက္ ျပင္ဆင္မွာေတာ့ ေသခ်ာပါတယ္။ ဒါကေတာ့ သူ႔ရဲ႕ သြားလာမႈ လုံၿခဳံမႈတင္ မကပဲနဲ႔ ေဆြးေႏြးတဲ့ အခ်ိန္မွာ ဒီကိစၥေတြေျပာလာရင္ အေျဖေသခ်ာမေပးဘဲနဲ႔ ခုခံေျပာဆိုမယ့္ ပုံစံေတြ သူျပင္သြားမွာ ေသခ်ာပါတယ္။”

ျမန္မာစစ္တပ္က လူအခြင့္အေရးခ်ိဳးေဖာက္မႈေတြလုပ္လာတာ ၾကာၿပီဆိုေပမယ့္ ခုအခ်ိန္မွာ မွတ္တမ္းေတြ၊ ဓာတ္ပုံ၊ ဗြီဒီယို သက္ေသေတြ အမ်ားႀကီးရွိေနၿပီျဖစ္တာေၾကာင့္ အာဆီယံအေနနဲ႔ ေသခ်ာ ေထာက္ျပေျပာဆိုဖို႔ လိုတယ္လို႔ ဦးေအာင္မ်ိဳးမင္းက သုံးသပ္ပါတယ္။

အာဏာသိမ္း စစ္ေခါင္းေဆာင္ကို လူသားထုအေပၚ က်ဴးလြန္တဲ့ ရာဇဝတ္မႈနဲ႔ စုံစမ္းစစ္ေဆးဖို႔ အျပည္ျပည္ဆိုင္ရာ လြတ္ၿငိမ္းခ်မ္းသာခြင့္အဖြဲ႕ (AI) က အာဆီယံ အဖြဲ႕ဝင္ႏိုင္ငံေတြကို ဒီကေန႔မွာ ေတာင္းဆိုလိုက္ပါတယ္။

အၾကမ္းဖက္တားဆီးေရး ကုလသမဂၢ သေဘာတူညီခ်က္မွာ ပါဝင္တဲ့ အင္ဒိုနီးရွားႏိုင္ငံအေနနဲ႔ အၾကမ္းဖက္ လုပ္ရပ္ေတြကို က်ဴးလြန္ထားသူ အျဖစ္ သံသယရွိခံထားရသူေတြကို သူ႔ေျမေပၚမွာ အေရးယူတာ ဒါမွမဟုတ္ တရားခံလြဲေျပာင္းေပးတာမ်ိဳး လုပ္ဖို႔ ဝတၱရားရွိတယ္လို႔ AI ရဲ႕ ေၾကညာခ်က္မွာ ေရးထားပါတယ္။ အာဆီယံအစည္းအေဝး လာတက္တဲ့ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အပါအဝင္ ျမန္မာအဖဲြ႔ထဲပါလာသူေတြ လူ႔အခြင့္အေရးခ်ဳိးေဖာက္မႈ က်ဴးလြန္ထားတာ စံုစမ္းႏိုင္ဖုိ႔ အိမ္႐ွင္ အင္ဒိုနီး႐ွားမွာလည္း တာဝန္႐ွိတယ္လုိ႔ AI ထုတ္ျပန္ခ်က္မွာ ေျပာထားပါတယ္။

ဖမ္းဆီးထားတဲ့ ႏိုင္ငံေတာ္သမၼတႏွင့္ အတိုင္ပင္ခံ အပါအဝင္ မတရားဖမ္းဆီးထားသူေတြကို ျပန္လြတ္ေပးၿပီး လူထုသေဘာထားအတိုင္း ေတြ႕ဆုံေဆြးေႏြးအေျဖရွာတာမ်ိဳးလုပ္ဖို႔ အာဆီယံက တိုက္တြန္းမယ့္ သေဘာရွိေနေပမယ့္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ကေတာ့ သေဘာတူလက္ခံမယ့္ အေျခအေန မရွိဘူးလို႔ သတင္းစာဆရာ ဦးစည္သူေအာင္ျမင့္က ျမင္ပါတယ္။

“သူက သူ႔သေဘာထားေတြကို စၿပီးေတာ့ အာဏာသိမ္းစဥ္ကတည္းက ေျပာထားၿပီးသား ေနာက္ပိုင္းမွာလည္း သူက ေၾကညာထားၿပီးသား။ ၿပီးခဲ့တဲ့ မၾကာခင္တုန္းက ဆိုရင္ ဗိုလ္ခ်ဳပ္ ေဇာ္မင္းထြန္းက သတင္းစာရွင္းလင္းပြဲမွာေျပာၿပီးသား။ ႏိုင္ငံတကာ အသိုင္းအဝိုင္းေတြက ေျပာတယ္၊ ဘယ္ေလာက္ေျပာေျပာ ဘယ္လိုေျပာေျပာ၊ ေနာက္ အာဆီယံ အသိုင္းအဝိုင္း ဘယ္လို ေျပာေျပာ သူတို႔မွာ ခ်မွတ္ထားတဲ့ လမ္းစဥ္၊ လမ္းျပေျမပုံရွိတယ္။ အဲ့ဒီအတိုင္းပဲ သြားေနတယ္ဆိုတာမ်ိဳး သူက ေျပာထားတယ္။ အဲ့ေတာ့ ကုလသမၼဂ လုံၿခဳံေရး ေကာင္စီက ေတာင္းဆိုတဲ့၊ ကမာၻ႔ႏိုင္ငံေတြက ေတာင္းဆိုတဲ့၊ ေနာက္ျပည္တြင္းက ျပည္သူလူထုႀကီးက ေတာင္းဆိုေနတဲ့ ႏိုင္ငံေတာ္ သမၼတနဲ႔ ႏိုင္ငံေတာ္ အတိုင္ပင္ခံပုဂၢိဳလ္ေတြကို ျပန္လြတ္ေပး ၿပီးရင္ သူတို႔ေတြနဲ႔ ေတြ႕ဆုံ ေဆြးေႏြးေရး လမ္းေၾကာင္းနဲ႔ အေျဖရွာ ၿပီးရင္ ဒီမိုကေရစီလမ္းေၾကာင္းေပၚကို ၿငိမ္းခ်မ္းတဲ့ နည္းနဲ႔ ျပန္သြားဆိုတာကိုေတာ့ သူက လုပ္ေပးလိမ့္မယ္၊ သေဘာတူလိမ့္မယ္လို႔ေတာ့ ကြၽန္ေတာ္ မထင္ဘူး။ သူကေတာ့ သူ႔လမ္းျပေျမပုံအတိုင္းပဲ သူသြားမယ္၊ ထပ္ၿပီး ေဆြးေႏြးစရာရွိရင္လည္း တျခားနည္းနဲ႔ပဲ ေဆြးေႏြးမယ္။ ဒီလူေတြကိုေတာ့ လြတ္ေပးမွာမဟုတ္ဘူးဆိုတာမ်ိဳးပဲ လုပ္လိမ့္မယ္လို႔ ကြၽန္ေတာ္ထင္ပါတယ္။”

ဗုိလ္ခ်ဳပ္မွဴးႀကီးမင္းေအာင္လႈိင္ဟာ ဂ်ာကာတာကိုေရာက္ေနတဲ့ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener နဲ႔လည္း သီးျခားေတြ႕ဆုံမယ္လို႔ ေမ ွ်ာ္လင့္ရပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းမႈေၾကာင့္ ျဖစ္ေနတဲ့ မတည္ၿငိမ္မႈေတြကို ဘယ္လို ေျဖ႐ွင္းမလဲဆိုတဲ့ အာဆီယံ စည္းေဝးပဲြကို အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) ကိုပါ ဖိတ္ၾကားသင့္တယ္လို႔ က်ယ္က်ယ္ျပန္ျပန္႔ တိုက္တြန္းေတာင္းဆိုမႈေတြ ႐ွိေနပါတယ္။

အာဆီယံ အစည္းအေဝးကို စစ္ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္မႈးႀကီး မင္းေအာင္လႈိင္ကို ဖိတ္ၾကားတာက ျပည္သူေတြကို လူမ်ိဳးတုန္းသတ္ျဖတ္ေနတဲ့ အာဏာသိမ္းစစ္တပ္ကို တရားဝင္ အသိအမွတ္ျပဳရာ ေရာက္တယ္လို႔ အာဆီယံအဖဲြ႔ဝင္ႏိုင္ငံေတြက အစိုးရမဟုတ္တဲ့ လူထုအေျချပဳအဖဲြ႔အစည္း ၄၅ ဖဲြ႔က ဒီေန႔ ေၾကညာခ်က္ထုတ္ျပန္ေျပာၾကားခဲ့ၾကပါတယ္။

နက္ျဖန္ ဧၿပီလ ၂၄ ရက္ေန႔မွာ လုပ္မယ့္ ျမန္မာ့အေရး ေဆြးေႏြးပြဲကို ဖိလစ္ပိုင္သမၼတနဲ႔ ထိုင္းဝန္ႀကီးခ်ဳပ္တုိ႔ကေတာ့ မတက္ဘူးလို႔ အသိေပးထားၾကပါတယ္။

.................................................

တိုက္႐ိုက္ လင့္ခ္

{{Unicode}}

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ဖြစ်နေတဲ့ နိုင်ငံရေးပြဿနာတွေကို အဖြေရှာဖို့ အာဆီယံနိုင်ငံတွေကြား ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ နက်ဖြန်ကျင်းပမှာပါ။ စည်းဝေးပွဲကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တက်မှာဖြစ်ပေမယ့် အမျိုးသားညီညွတ်ရေးအစိုးရ မပါတာကြောင့် လက်တွေ့ကျတဲ့ ရလာဒ်တွေ ထွက်လာမှာမဟုတ်ဘူးလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ လူ့အခွင့်အရေးဆောင်ရွက်သူတွေကလည်း မေးခွန်းထုတ်နေတဲ့ဆွေးနွေးပွဲနဲ့ပတ်သက်လို့ ရန်ကုန်ကလာတဲ့သတင်းကို မခင်ဖြူထွေးက ပြောပြထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ မနက်ဖြန် ကျင်းပမယ့် မြန်မာ့အရေး အာဆီယံ ထိပ်သီးအစည်းအဝေးကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် ကိုယ်တိုင်တက်ရောက်မှာပါ။

မြန်မာနိုင်ငံရဲ့ အရေးနဲ့ ပတ်သက်လို့ အထူးအစည်းအဝေးလုပ်တာဖြစ်ပေမဲ့ အာဆီယံက အနောက်နိုင်ငံတွေလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြင်းပြင်းထန်ထန်ပြောဆို နိုင်ဖွယ်မရှိဘူးလို့ လေ့လာသူတွေက သုံးသပ်နေပါတယ်။

ဒီအစည်းအဝေးမှာလည်း စစ်ခေါင်းဆောင်က မြန်မာအရေး၊ လူအခွင့်အရေးချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ လက်ရှိ ပြည်တွင်းမှာ လုပ်နေတဲ့ သတင်းစာရှင်းလင်းပွဲလို ပုံစံမျိုးသာ ပြောဆိုနိုင်ဖွယ်ရှိတယ်လို့ လူ့အခွင့်အရေးနှင့် အာဆီယံအရေး ဆောင်ရွက်နေသူ ဦးအောင်မျိုးမင်းက VOA ကို ပြောပါတယ်။

“ပထမ ဦးဆုံးကတော့ သူ့အနေနဲ့ သွားမလား မသွားမလား ချီတုံချတုံ ဖြစ်နေတဲ့ကိစ္စ၊ ခုတော့ နောက်ဆုံး သွားမယ်လို့ သတင်းထွက်လာတဲ့ ကိစ္စကိုယ်တိုင်က ပြည်ပကို ထွက်ဖို့အတွက် ကြောက်ရွံ့နေတဲ့ ကိစ္စတစ်ခုပါ။ ဒါကတော့ အမြဲတမ်း သမိုင်းကြောင်းမကောင်းတဲ့သူ၊ တကယ့်ကို နောက်ကြောင်းမရှင်းတဲ့သူတွေမှာ ကြုံတွေ့ရတယ်။ အဲ့တော့ သူကတော့ သေချာတာတစ်ခုက သေချာအောင် သူစီစဉ်သွားမှာတော့ ဖြစ်ပါလိမ့်မယ်။ အစောကြီးကတည်းကနေ သူ့အနေနဲ့ ဖိတ်ကြားမှုလာမယ် ဒီဖိတ်ကြားမှုမှာ လုံခြုံရေးကိစ္စကို အထူးအလေးအနက် လုပ်ဆောင်ပေးဖို့အတွက် စီစဉ်တဲ့ အာဆီယံခေါင်းဆောင်တွေ နိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ သူသေသေချာချာတောင်းဆိုမှာတော့ သေချာတယ်။ နောက်တစ်ခုကတော့ သူ့အနေနဲ့ ခန့်မှန်းပါလိမ့်မယ်၊ ဒီကိစ္စက ပြင်းပြင်းထန်ထန်နဲ့ လူ့အခွင့်အရေးကိစ္စတွေကို ပြောဆိုထောက်ပြမှာ မဟုတ်သည့်တိုင်အောင် လူ့အခွင့်အရေးကိစ္စကတော့ ပြောမှာသေချာပါတယ်။ ဒါတွေ ဆွေးနွေးဖို့အတွက် အဖြေရှာဖို့အတွက် သီးသန့်ခေါ်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူ့အနေနဲ့ ပြင်ဆင်သွားမယ့် ကိစ္စတစ်ခုကတော့ ကျွန်တော်တို့ အမြဲတမ်းကြားနေရတဲ့ သတင်းစာရှင်းလင်းပွဲလိုပေါ့၊ ဒါတွေ မဟုတ်ပါဘူး၊ ဒါတွေ မလုပ်ပါဘူး၊ ဒါတွေကတော့ ဆူပူသောင်းကျန်းသူမို့လို့ ဖြေရှင်းတာဖြစ်တယ်။ သတ်ဖြတ်တာမဟုတ်ပါဘူး။ နောက်တစ်ခု ကျွန်တော်တို့ ရရှိထားတဲ့ အချက်အလက်တွေက သံသယဖြစ်စရာတွေ၊ မှားယွင်းတဲ့ အချက်တွေဆိုပြီးတော့ သူပြောဖို့အတွက် ပြင်ဆင်မှာတော့ သေချာပါတယ်။ ဒါကတော့ သူ့ရဲ့ သွားလာမှု လုံခြုံမှုတင် မကပဲနဲ့ ဆွေးနွေးတဲ့ အချိန်မှာ ဒီကိစ္စတွေပြောလာရင် အဖြေသေချာမပေးဘဲနဲ့ ခုခံပြောဆိုမယ့် ပုံစံတွေ သူပြင်သွားမှာ သေချာပါတယ်။”

မြန်မာစစ်တပ်က လူအခွင့်အရေးချိုးဖောက်မှုတွေလုပ်လာတာ ကြာပြီဆိုပေမယ့် ခုအချိန်မှာ မှတ်တမ်းတွေ၊ ဓာတ်ပုံ၊ ဗွီဒီယို သက်သေတွေ အများကြီးရှိနေပြီဖြစ်တာကြောင့် အာဆီယံအနေနဲ့ သေချာ ထောက်ပြပြောဆိုဖို့ လိုတယ်လို့ ဦးအောင်မျိုးမင်းက သုံးသပ်ပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင်ကို လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စုံစမ်းစစ်ဆေးဖို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေကို ဒီကနေ့မှာ တောင်းဆိုလိုက်ပါတယ်။

အကြမ်းဖက်တားဆီးရေး ကုလသမဂ္ဂ သဘောတူညီချက်မှာ ပါဝင်တဲ့ အင်ဒိုနီးရှားနိုင်ငံအနေနဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ကျူးလွန်ထားသူ အဖြစ် သံသယရှိခံထားရသူတွေကို သူ့မြေပေါ်မှာ အရေးယူတာ ဒါမှမဟုတ် တရားခံလွဲပြောင်းပေးတာမျိုး လုပ်ဖို့ ဝတ္တရားရှိတယ်လို့ AI ရဲ့ ကြေညာချက်မှာ ရေးထားပါတယ်။ အာဆီယံအစည်းအဝေး လာတက်တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် မြန်မာအဖွဲ့ထဲပါလာသူတွေ လူ့အခွင့်အရေးချိုးဖောက်မှု ကျူးလွန်ထားတာ စုံစမ်းနိုင်ဖို့ အိမ်ရှင် အင်ဒိုနီးရှားမှာလည်း တာဝန်ရှိတယ်လို့ AI ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

ဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံ အပါအဝင် မတရားဖမ်းဆီးထားသူတွေကို ပြန်လွတ်ပေးပြီး လူထုသဘောထားအတိုင်း တွေ့ဆုံဆွေးနွေးအဖြေရှာတာမျိုးလုပ်ဖို့ အာဆီယံက တိုက်တွန်းမယ့် သဘောရှိနေပေမယ့် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကတော့ သဘောတူလက်ခံမယ့် အခြေအနေ မရှိဘူးလို့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က မြင်ပါတယ်။

“သူက သူ့သဘောထားတွေကို စပြီးတော့ အာဏာသိမ်းစဉ်ကတည်းက ပြောထားပြီးသား နောက်ပိုင်းမှာလည်း သူက ကြေညာထားပြီးသား။ ပြီးခဲ့တဲ့ မကြာခင်တုန်းက ဆိုရင် ဗိုလ်ချုပ် ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲမှာပြောပြီးသား။ နိုင်ငံတကာ အသိုင်းအဝိုင်းတွေက ပြောတယ်၊ ဘယ်လောက်ပြောပြော ဘယ်လိုပြောပြော၊ နောက် အာဆီယံ အသိုင်းအဝိုင်း ဘယ်လို ပြောပြော သူတို့မှာ ချမှတ်ထားတဲ့ လမ်းစဉ်၊ လမ်းပြမြေပုံရှိတယ်။ အဲ့ဒီအတိုင်းပဲ သွားနေတယ်ဆိုတာမျိုး သူက ပြောထားတယ်။ အဲ့တော့ ကုလသမ္မဂ လုံခြုံရေး ကောင်စီက တောင်းဆိုတဲ့၊ ကမ္ဘာ့နိုင်ငံတွေက တောင်းဆိုတဲ့၊ နောက်ပြည်တွင်းက ပြည်သူလူထုကြီးက တောင်းဆိုနေတဲ့ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တွေကို ပြန်လွတ်ပေး ပြီးရင် သူတို့တွေနဲ့ တွေ့ဆုံ ဆွေးနွေးရေး လမ်းကြောင်းနဲ့ အဖြေရှာ ပြီးရင် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို ငြိမ်းချမ်းတဲ့ နည်းနဲ့ ပြန်သွားဆိုတာကိုတော့ သူက လုပ်ပေးလိမ့်မယ်၊ သဘောတူလိမ့်မယ်လို့တော့ ကျွန်တော် မထင်ဘူး။ သူကတော့ သူ့လမ်းပြမြေပုံအတိုင်းပဲ သူသွားမယ်၊ ထပ်ပြီး ဆွေးနွေးစရာရှိရင်လည်း တခြားနည်းနဲ့ပဲ ဆွေးနွေးမယ်။ ဒီလူတွေကိုတော့ လွတ်ပေးမှာမဟုတ်ဘူးဆိုတာမျိုးပဲ လုပ်လိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။”

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ဂျာကာတာကိုရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener နဲ့လည်း သီးခြားတွေ့ဆုံမယ်လို့ မေ ျှာ်လင့်ရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဖြစ်နေတဲ့ မတည်ငြိမ်မှုတွေကို ဘယ်လို ဖြေရှင်းမလဲဆိုတဲ့ အာဆီယံ စည်းဝေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုပါ ဖိတ်ကြားသင့်တယ်လို့ ကျယ်ကျယ်ပြန်ပြန့် တိုက်တွန်းတောင်းဆိုမှုတွေ ရှိနေပါတယ်။

အာဆီယံ အစည်းအဝေးကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို ဖိတ်ကြားတာက ပြည်သူတွေကို လူမျိုးတုန်းသတ်ဖြတ်နေတဲ့ အာဏာသိမ်းစစ်တပ်ကို တရားဝင် အသိအမှတ်ပြုရာ ရောက်တယ်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အစိုးရမဟုတ်တဲ့ လူထုအခြေပြုအဖွဲ့အစည်း ၄၅ ဖွဲ့က ဒီနေ့ ကြေညာချက်ထုတ်ပြန်ပြောကြားခဲ့ကြပါတယ်။

နက်ဖြန် ဧပြီလ ၂၄ ရက်နေ့မှာ လုပ်မယ့် မြန်မာ့အရေး ဆွေးနွေးပွဲကို ဖိလစ်ပိုင်သမ္မတနဲ့ ထိုင်းဝန်ကြီးချုပ်တို့ကတော့ မတက်ဘူးလို့ အသိပေးထားကြပါတယ်။

XS
SM
MD
LG