သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာႏိုင္ငံတြင္း အၾကမ္းဖက္သတ္ျဖတ္မႈ ရပ္ဖို႔ မေလးရွားဝန္ႀကီးခ်ဳပ္ ေတာင္းဆို


ဂ်ကာတာမွာ က်င္းပတဲ့ အာဆီယံေခါင္းေဆာင္မ်ား အစည္းအေဝး။ (ဧၿပီ ၂၄၊ ၂၀၂၁)

(Zawgyi / Unicode)

ျမန္မာႏုိ္င္ငံမွာ စစ္အာဏာသိမ္းမႈ ဆန္႔က်င္ကန္႔ကြက္ၿပီး ဆႏၵျပေနသူေတြကို အၾကမ္းဖက္ႏွိမ္နင္းတာရပ္ဖို႔ အဆိုျပဳခ်က္ကို စစ္ေကာင္စီက လက္ခံတယ္လို႔ မေလးရွားဝန္ႀကီးခ်ဳပ္ Muhyddin Yassin က ေျပာတဲ့အေၾကာင္း မေလးရွားႏုိင္ငံပိုင္ Bernama သတင္းဌာန သတင္းတပုဒ္မွာ ေရးထားပါတယ္။

အင္ဒိုနီးရွားႏုိင္ငံ၊ ဂ်ကာတာၿမိဳ႕ေတာ္၊ အာဆီယံ႐ံုးခ်ဳပ္မွာ ဒီကေန႔က်င္းပတဲ့ ျမန္မာ့အေရး အာဆီယံေခါင္းေဆာင္ေတြရဲ႕ အစည္းအေဝး ေအာင္ျမင္တယ္လုိ႔ မေလးရွားဝန္ႀကီးခ်ဳပ္က ေျပာတဲ့အေၾကာင္းလည္း Bernama သတင္းမွာ ေဖာ္ျပထားပါတယ္။

"က်ေနာ္တို႔ ေအာင္ျမင္ခဲ့ပါတယ္။ ဒီကေန႔အစည္းအေဝးကေန ရလာတဲ့ ရလဒ္ဟာ က်ေနာ္တုိ႔ ေမွ်ာ္လင့္တာထက္ သာလြန္ပါတယ္" လို႔ ဝန္ႀကီးခ်ဳပ္ Muhyddin ကေျပာေၾကာင္း Bernama သတင္းဌာနက ေရးထားပါတယ္။

အေစာပိုင္းတုန္းကေတာ့ ျမန္မာႏုိင္ငံမွာ သတ္ျဖတ္ အၾကမ္းဖက္ေနတာကို ရပ္ဖို႔ မေလးရွားဝန္ႀကီးခ်ဳပ္ Muhyiddin Yassin က ေတာင္းဆိုခဲ့ပါတယ္။

ဖမ္းဆီးထားတဲ့ ႏုိင္ငံေရးအက်ဥ္းသားေတြအားလံုးကုိ ခ်က္ခ်င္းနဲ႔ ႁခြင္းခ်က္မရွိ ျပန္လႊတ္ေပးဖို႔ မေလးရွားက အဆိုျပဳတာကို ျမန္မာဘက္က စဥ္းစားလိမ့္မယ္လုိ႔ ေမွ်ာ္လင့္ေၾကာင္းလည္း ဝန္ႀကီးခ်ဳပ္ Muhyiddin က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------

(Unicode)

မြန်မာနိုင်ငံတွင်း အကြမ်းဖက်သတ်ဖြတ်မှု ရပ်ဖို့ မလေးရှားဝန်ကြီးချုပ် တောင်းဆို

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ပြီး ဆန္ဒပြနေသူတွေကို အကြမ်းဖက်နှိမ်နင်းတာရပ်ဖို့ အဆိုပြုချက်ကို စစ်ကောင်စီက လက်ခံတယ်လို့ မလေးရှားဝန်ကြီးချုပ် Muhyddin Yassin က ပြောတဲ့အကြောင်း မလေးရှားနိုင်ငံပိုင် Bernama သတင်းဌာန သတင်းတပုဒ်မှာ ရေးထားပါတယ်။

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့တော်၊ အာဆီယံရုံးချုပ်မှာ ဒီကနေ့ကျင်းပတဲ့ မြန်မာ့အရေး အာဆီယံခေါင်းဆောင်တွေရဲ့ အစည်းအဝေး အောင်မြင်တယ်လို့ မလေးရှားဝန်ကြီးချုပ်က ပြောတဲ့အကြောင်းလည်း Bernama သတင်းမှာ ဖော်ပြထားပါတယ်။

"ကျနော်တို့ အောင်မြင်ခဲ့ပါတယ်။ ဒီကနေ့အစည်းအဝေးကနေ ရလာတဲ့ ရလဒ်ဟာ ကျနော်တို့ မျှော်လင့်တာထက် သာလွန်ပါတယ်" လို့ ဝန်ကြီးချုပ် Muhyddin ကပြောကြောင်း Bernama သတင်းဌာနက ရေးထားပါတယ်။

အစောပိုင်းတုန်းကတော့ မြန်မာနိုင်ငံမှာ သတ်ဖြတ် အကြမ်းဖက်နေတာကို ရပ်ဖို့ မလေးရှားဝန်ကြီးချုပ် Muhyiddin Yassin က တောင်းဆိုခဲ့ပါတယ်။

ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ မလေးရှားက အဆိုပြုတာကို မြန်မာဘက်က စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ကြောင်းလည်း ဝန်ကြီးချုပ် Muhyiddin က ပြောပါတယ်။

XS
SM
MD
LG