သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

"ျမန္မာလူထုအတြက္ အာဆီယံအစည္းအေဝးက်င္းပျခင္းျဖစ္" - အင္ဒို ႏိုင္ငံျခားေရးဝန္ႀကီး


အင္ဒိုနီးရွားသမၼတနဲ႔ ဗီယက္နမ္ဝန္ႀကီးခ်ဳပ္ ( ဧၿပီ ၂၃-၂၀၂၁)

ZAWGYI/UNICODE အင္ဒိုနီးရွားႏိုင္ငံ၊ ဂ်ကာတာၿမိဳ႕မွာ မနက္ျဖန္က်င္းပမယ့္ အာဆီယံညီလာခံဟာ ျမန္မာ့အေရးေဆြးေႏြးဖို႔ျဖစ္တယ္လို႔ အင္ဒိုနီးရွားက အတည္ျပဳေျပာဆိုပါတယ္။
"မနက္ျဖန္မွာ ပထမဆုံး က်င္းပမယ့္အစည္းအေဝးကေန မန္မာႏိုင္ငံျပည္သူျပည္သားေတြအက်ိဳးျဖစ္မယ့္ သေဘာတူညီမႈေတြရႏိုင္မယ္လို႔ အာဆီယံေခါင္းေဆာင္ေတြ ေမ ွ်ာ္လင့္ထားၾကပါတယ္။ ျမန္မာျပည္သူေတြအတြက္ အေရးႀကီးတဲ့တြက္ဒီအစည္းအေဝးကို က်င္းပရတာျဖစ္တယ္ဆိုတာ အင္ဒိုနီးရွားသမၼတက အေလးေပးေျပာၾကားခဲ့ပါတယ္"လို႔ အင္ဒိုနီးရွားႏိုင္ငံျခားေရးဝန္ႀကီး Retno Marsudi ကဒီကေန႔သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုသြားတာပါ။

ဒီလိုသိမ္ေမြ႕တဲ့အေျခအေနကေန ျမန္မာျပည္သူေတြ လြတ္ေျမာက္ႏိုင္ေရး အာဆီယံေခါင္းေဆာင္တြ ကူညီဖို႔ အခိုင္အမာဆုံးျဖတ္ထားတယ္ဆိုတာ အခုလိုလူကိုယ္တိုင္ေတြ႕ဆုံေဆြးေႏြးမႈက ထင္ဟပ္ေစပါတယ္လို႔လည္း ဝန္ႀကီး Marsudi ကေျပာပါတယ္။ မနက္ျဖန္ ဧၿပီ ၂၄ ရက္ေန႔မွာ ဂ်ကာတာစံေတာ္ခ်ိန္ ေန႔လည္ ၁နာရီခြဲမွာ အစည္းအေဝး စတင္မွာျဖစ္ၿပီး အာဆီယံအလွည့္က်ဥကၠဌဘ႐ူႏိုင္းေစာ္ဘြား Hassanal Bolkiah ကအဖြင့္မိန႔္ခြန္းေျပာၾကားမွာျဖစ္ပါတယ္။

အစည္းအေဝးအစီအစဥ္ ၃ ခုထဲမွာ ျမန္မာ့အေရးကို ဒုတိယအစီအစဥ္အျဖစ္ ထည့္သြြင္းထားတာျဖစ္ၿပီး တတိယအစီအစဥ္မွာေတာ့ အာဆီယံေခါင္းေဆာင္ေတြ ရဲ႕အျမင္ေတြ အျပန္အလွန္ဖလွယ္ၾကမွာျဖစ္ပါတယ္။ ညီလာခံကိုညေန ၃ နာရီခြဲမွာ အဆုံးသတ္မွာျဖစ္ေၾကာင္း အာဆီယံသံတမန္တဦးက VOA အင္ဒိုနီးရွားဌာနကိုေပးပို႔လာတဲ့ အစည္းအေဝးအစီအစဥ္မွာေဖာ္ျပထားတာပါ။ ျမန္မာစစ္ေခါင္းေဆာင္ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္ကေတာ့ စေနေန႔မနက္ ၁၁ နာရီေလာက္မွာ ဂ်ကတာကိုလာေရာက္မွာျဖစ္ၿပီး ညေနပိုင္းမွာ ျပန္လည္ထြက္ခြါမယ္လို႔သိရပါတယ္။

အာဆီယံညီလာခံက်င္းပေနခ်ိန္မွာပဲ ဂ်ကာတာကိုေရာက္ရွိေနတဲ့ ကုလသမဂၢအတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ကာ အထူးကိုယ္စားလွယ္ Christine Burgener နဲ႔လည္း ဗိုလ္ခ်ဳပ္မႈးႀကီးမင္းေအာင္လႈိင္တို႔ ညီလာခံေဘးပန္းမွာ သီးျခား ေတြ႕ဆုံမယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။

UNICODE အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ မနက်ဖြန်ကျင်းပမယ့် အာဆီယံညီလာခံဟာ မြန်မာ့အရေးဆွေးနွေးဖို့ဖြစ်တယ်လို့ အင်ဒိုနီးရှားက အတည်ပြုပြောဆိုပါတယ်။


"မနက်ဖြန်မှာ ပထမဆုံး ကျင်းပမယ့်အစည်းအဝေးကနေ မန်မာနိုင်ငံပြည်သူပြည်သားတွေအကျိုးဖြစ်မယ့် သဘောတူညီမှုတွေရနိုင်မယ်လို့ အာဆီယံခေါင်းဆောင်တွေ မေ ျှာ်လင့်ထားကြပါတယ်။ မြန်မာပြည်သူတွေအတွက် အရေးကြီးတဲ့တွက်ဒီအစည်းအဝေးကို ကျင်းပရတာဖြစ်တယ်ဆိုတာ အင်ဒိုနီးရှားသမ္မတက အလေးပေးပြောကြားခဲ့ပါတယ်"လို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကဒီကနေ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားတာပါ။

ဒီလိုသိမ်မွေ့တဲ့အခြေအနေကနေ မြန်မာပြည်သူတွေ လွတ်မြောက်နိုင်ရေး အာဆီယံခေါင်းဆောင်တွ ကူညီဖို့ အခိုင်အမာဆုံးဖြတ်ထားတယ်ဆိုတာ အခုလိုလူကိုယ်တိုင်တွေ့ဆုံဆွေးနွေးမှုက ထင်ဟပ်စေပါတယ်လို့လည်း ဝန်ကြီး Marsudi ကပြောပါတယ်။ မနက်ဖြန် ဧပြီ ၂၄ ရက်နေ့မှာ ဂျကာတာစံတော်ချိန် နေ့လည် ၁နာရီခွဲမှာ အစည်းအဝေး စတင်မှာဖြစ်ပြီး အာဆီယံအလှည့်ကျဥက္ကဌဘရူနိုင်းစော်ဘွား Hassanal Bolkiah ကအဖွင့်မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။

အစည်းအဝေးအစီအစဉ် ၃ ခုထဲမှာ မြန်မာ့အရေးကို ဒုတိယအစီအစဉ်အဖြစ် ထည့်သွင်းထားတာဖြစ်ပြီး တတိယအစီအစဉ်မှာတော့ အာဆီယံခေါင်းဆောင်တွေ ရဲ့အမြင်တွေ အပြန်အလှန်ဖလှယ်ကြမှာဖြစ်ပါတယ်။ ညီလာခံကိုညနေ ၃ နာရီခွဲမှာ အဆုံးသတ်မှာဖြစ်ကြောင်း အာဆီယံသံတမန်တဦးက VOA အင်ဒိုနီးရှားဌာနကိုပေးပို့လာတဲ့ အစည်းအဝေးအစီအစဉ်မှာဖော်ပြထားတာပါ။ မြန်မာစစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ စနေနေ့မနက် ၁၁ နာရီလောက်မှာ ဂျကတာကိုလာရောက်မှာဖြစ်ပြီး ညနေပိုင်းမှာ ပြန်လည်ထွက်ခွါမယ်လို့သိရပါတယ်။

အာဆီယံညီလာခံကျင်းပနေချိန်မှာပဲ ဂျကာတာကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ကာ အထူးကိုယ်စားလှယ် Christine Burgener နဲ့လည်း ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်တို့ ညီလာခံဘေးပန်းမှာ သီးခြား တွေ့ဆုံမယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG